ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အတော်ပင်ရင်းနှီးသော အသံကိုကြားသောအခါတွင်screenပေါ်တွင် ရွှေ့လျားနေသောမစ်ရှင်သတင်းအချက်အလက်များကိုစောင့်ကြည့်နေသည်။သူတို့လှည့်ကြည့်လိုက် တော့သူတို့ရှေ့ကလူသည်သူတို့အဆက်ဆံမလုပ်ချင်သည့်တစ်စုံတစ်ယောက်ဖြစ်နေသည်-ချူးလီလီ
ဟဲဇီကျုံးသည်သူ့အရင်ဘဝတုန်းကသူ့မဖန်းတီးခဲ့သည့်အမျိုးမျိုးသောအခက်ခဲဒုက္ခများကိုမေ့မရနိုင်ပေ။ သိုင်ကျွင်းထက်သူမကိုပိုမမုန်းပေမယ့်အိုက်လွမ်ထက်တော့ပိုမုန်းသည်။ဖန်ဟောင်အနေနဲ့တော့သူတို့ နှစ်ယောက်နောက်ဆုံးကြိမ်ဆုံတုန်းကသူ့မျက်နှာကိုသူ့မကတံတွေးနဲ့တွေးချင်လုနီးပါးဖြစ်ပျက်နေသည်ကိုမှတ်မိသေးသည်။
သူတို့ခံစားနေရတဲ့မသက်သာဖြစ်မူကချူးလီလီရဲ့ ဆန္ဒကိုလုံးဝမသက်ရောက်ပေ။သူမကအံဩစွာကြည့်လိုက်ပြီးဟဲဇီကျုံးရဲ့အင်္ကျီလက်ကိုဆွဲရန်လက် လှမ်းလိုက်သည်။ဟဲဇီကျုံးကမသိစိတ်အရသူ့လက် မောင်းကိုနောက်သို့ဆုတ်လိုက်ပြီးသူ့မလက်ကိုရှောင်လိုက်သည်။သူ့မအောက်ကိုငုံကြည့်ပြီးသူ့မဝမ်းနည်းစွာမျက်ရည်များကိုမသုတ်ခင်ချူးလီလီမျက်နှာသည်တင်းမာသွားခဲ့သည်။
"ဝမ်းကွဲအဆင်ပြေပြေရှိနေတာကိုတွေ့ရတာ ကောင်းလိုက်တာ၊ကျွန်မမိဘတွေက…..ကမ္ဘာစပျက်ကတည်းကဆုံးပါးသွားပြီ"ချူးလီလီသူ့နှလုံးသားထဲမှာစိတ်ပျက်ဝမ်းနည်းမူကိုခံစားလိုက်ရပေမယ့် ပြီးခဲ့တဲ့လတွေကလှိုင်းထန်တဲ့အချိန်တွေကိုကြုံ တွေ့ခဲ့ပြီးနောက်တွင်အကယ်လို့သူမိဘတွေအသက်ရှင်ပြီးစွမ်းအင်နိုးထခဲ့ရင်တောင်မှသူတို့အခုချိန်ထိ အသက်မရှင်နိုင်မှန်းသူမလည်းသိသည်။
တခြားဟာတွေကိုမစဉ်းစားသေးနဲ့ဦးလူတိုင်းသည် ရပ်ကွတ်ထဲကအဆောက်အဦး၏အပေါ်ဆုံးထပ်တွင်ပိတ်မိနေခဲ့ပြီးလွတ်မြောက်ဖို့ရန်အတွက်တခြား အဆောက်အဦးသို့ခုန်ရန်တွန်းအားပေးခံခဲ့ရကာသူတို့ဒီအခက်ခဲကိုဖြတ်ကျော်နိုင်မှာမဟုတ်ပေ။သူမမှာ စွမ်းရည်ရှိသော်လည်းအကန့်အသက်ရှိသည်။သူ့မခုန်ကူးပြီးနောက်မူးဝေချင်ယောင်ဟန်ဆောင်နေချိန်တွင်သူမအမှန်တကယ်မူးဝေနေခဲ့သည်။စွမ်းရည်တွင်ကန့်သတ်ချက်ရှိပြီးစွမ်းရည်အလွန်အကျွံသုံးစွဲခြင်းသည်စိတ်စွမ်းအားကိုကုန်ဆုံးစေနိုင်သည်။အဲ့လို အရာမျိုးကိုအခုချိန်တွင်ကောင်းကောင်းသိသွားပြီဖြစ်သည်။
သူမဟဲဇီကျုံးကိုမစ်ရှင်ခန်းမထဲတွင်မြင်သောအခါတွင်ချူးလီလီသည်အစကသူတို့ကိုမနှုတ်ဆက်ချင် ပေ။သူမသည်၎င်းတို့Aမြို့အခြေစိုက်စခန်းသို့ထွက် ပြေးလာနိုင်ခြင်းကိုအနည်းငယ်အံဩခဲ့သော်လည်းသူမသည်အဓိကအဖွဲ့၏အဖွဲ့ဝင်ဖြစ်သည်။ အားကိုးအားထားပြုရန်ဘာမှမရှိသောသူတို့နှစ် ယောက်ကိုဘာလို့သူမကသိချင်ရမှာလဲ?
သူတို့နှစ်ဦးမစ်ရှင်တွေကိုကြည့်ရန်မလှည့်လာခင်အထိသူ့မအဲ့လိုစဉ်းစားနေခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့လည်ပင်းမှာIDကဒ်တွေဝတ်ဆင်ထားတာကိုတွေ့လိုက်သောအခါ-စွမ်းအားရှင်တွေ!!!
သာမာန်လူနှင့်စွမ်းအားရှင်ကြားကွဲပြားရန်အတွက် IDကဒ်ရဲ့အရောင်တွေမတူပေ။သာမာန်လူတွေရဲ့IDကဒ်ကအဖြူရောင်ဖြစ်ပြီး၊စွမ်းအားရှင်တွေကအပြာရောင်ဖြစ်ကာအခြေစိုက်စခန်း၏စီမံအုပ်ချုပ်သူများကိုအနီရောင်မှအနီရောင်အရင့်ထိသတ်မှတ်ထားသည်။ထို့အပြင်အခြေစိုက်စခန်းသို့ဝင်ရောက်လာချိန်တွင်"အခွန်"ပေးချေရန်ပျက်ကွတ်ခဲ့သည့်လူများအတွက်မီးခိုရောင်ကိုသတ်မှတ်ပေးထားသည်။
မီးခိုရောင်ကတ်ရှိသူများသည်အဖြူရောင်IDကဒ်ကို ရရှိရန်ပစ္စည်းများစုဆောင်းရန်လိုအပ်သည်။အကယ်လို့အခြေစိုက်စခန်း၏စီမံအုပ်ချုပ်သူကတ်ရှိသည့် တစ်စုံတစ်ယောက်ကစွမ်းအားရှိခဲ့လျှင်အနီရောင်ကတ်အပြင်အပြာရောင်ကွင်းတစ်ကွင်းရှိလိမ့်မည်။
အခြေစိုက်စခန်းတွင်မှတ်ပုံတင်ထားသည့်သတင်းအချက်အလက်များအကုန်ပါဝင်သောကတ်ထဲတွင် သံလိုက်တစ်ခုပါရှိသည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်၏ကဒ်သည်အပြာရောင်ဖြစ်ပြီးချူးလီလီကအဲ့တာဘာကိုကိုယ်စားပြုလဲဆိုတာသိသည်။
စွမ်းအားရှင်နှစ်ယောက်၊သူတို့ရဲ့စွမ်းအားကသန်မာသည်ဖြစ်စေမသန်မာသည်ဖြစ်စေ၎င်းတို့သည် ချဲထွင်ချင်တဲ့အသင်းတိုင်းရဲ့ပစ်မှတ်များဖြစ်သည်။သူမတို့အဖွဲ့မှလက်ထောက်ခေါင်းဆောင်မှအကယ်လို့စွမ်းအားရှိတဲ့လူနှစ်ယောက်ကိုအသင်းထဲမှာပါဝင်ဖို့စုဆောင်းနိုင်ခဲ့မယ်ဆိုရင်သူမတို့ကိုကြိုက်တဲ့အရသာခေါက်ဆွဲခြောက်နှစ်ဖာဆုချမယ်လို့ပြောခဲ့သည်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်ကိုမလိုချင်သောသူများသည်အခြားတူညီသောပစ္စည်းများကိုအစားထိုး ရွှေးချယ်နိုင်သည်။
ချူးလီလီရဲ့ဆုံးဖြတ်ချက်သည်ခေါက်ဆွဲခြောက်အတွက်ဘဲမဟုတ်ပေ။ဟဲဇီကျုံးသည်သူ့မရဲ့ဝမ်းကွဲဖြစ်သည်။အကယ်လို့အသင်းထဲမှာသူမရဲ့ကိုယ်ပိုင်ပေါင်းအဖော်ရှိခဲ့လျှင်သူမရဲ့အနာဂတ်လမ်းကြောင်းအတွက်အများကြီးအထောက်အကူပြုသည်။
ဟဲဇီကျုံးသည်ချူးလီလီငိုလို့ပြီးတဲ့အထိစိတ်မရှည်တာကိုသည်းခံထားခဲ့ပြီးနောက်မထူးမခြားပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။"မင်းအခုအဆင်ပြေတယ် မလား၊မင်းအဒေါ်နဲ့ဦးလေးအတွက်ကောင်းကောင်း အသက်ရှင်ပါအဲ့တာဆိုရင်ဦလေးတို့ကောင်းကောင်း အနားယူနိုင်လိမ့်မယ်"သူ့ဦးလေးနှင့်အဒေါ်အမှန်တကယ်သေဆုံးသွားကြောင်းသိလိုက်တာတောင်-တစ်နည်းဆိုရရင်ဇွန်ဘီတွေဖြစ်လာတယ်၊ဟဲဇီကျုံးအနည်းငယ်လွမ်းဆွေးသလိုသာခံစားခဲ့ရသည်။ချူးလီလီအတွက်ကတော့သူတွင်အစတုန်းကအတိုင်းတူညီတဲ့အတွေးရှိနေသေးသည်:အကယ်လို့သူမကသူကိုဘာမှမလုပ်ဘူးဆိုရင်သူကလည်းဒုက္ခပေးမည် မဟုတ်ပေ။ဘာဘဲဖြစ်ဖြစ်သူမသည်သိုက်ကျွင်း၊အိုက်လွမ်တို့နှင့်ကွာခြားသည်-သူမကသူနှင့်သွေးသားတော်စပ်သည်။
အကယ်လို့သူမကသူ့ကိုမရပ်မနားတွက်ချက်ဒုက္ခ ပေးမယ်ဆိုရင်သူကလည်းထိုအရာကိုထည့်သွင်းစဉ်းစားနေတော့မှာမဟုတ်ပေ။