ကမ္ဘာပျက်သုန်းပြီးနောက်အဲဒီမြို့သည်စစ်တပ် အကူညီဖြင့်အရွယ်စားမျိုးမျိုးရှိတဲ့အခြေစိုက်စခန်းတွေတည်ထောင်ပြီးလျှင်မြန်စွာတုံ့ပြန်နိုင်ခဲ့သည်။
ဒါပေမယ့်မရေတွက်နိုင်သောမြို့များသည်လုံးဝ ပျက်စီးခဲ့ပြီးအချိန်ကြာကြီးမတည်ရှိနိုင်ခဲ့ပေ။
အဲဒါကFမြို့မှာလည်းဖြစ်ပျက်ခဲ့သည်။အခြေစိုက် စခန်းတစ်ခုတောင်မတည်ထောင်နိုင်ခဲ့ပေ။
အခြားသောအခြေစိုက်စခန်းများပြိုကျမှု သတင်းများကိုလည်းအချိန်နဲ့အမျှမျှဝေပေးခဲ့သည်။အဲ့တာတွေနဲ့ယှဉ်ရင်Aမြို့ကအခြေစိုက်စခန်းပိုပြီး တည်ငြိမ်သည်။
ဟဲဇီကျုံးကကမ္ဘာကြီးကိုမကယ်တင်နိုင်သလို သီးသန့်နေထိုင်ရန်လည်းမစီစဉ်ထားပေ။အနည်းဆုံးကတော့သူကသတင်းအချက်လတ်တွေရရှိရန်အခြေစိုက်စခန်းမှာနေထိုင်ချင်သည်။အကယ်လို့ အခြေစိုက်စခန်းကသူတို့နှစ်ယောက်နေထိုင်ရန် အတွက်မသင့်လျော်ရင်တော့သူကဖန်ဟောင်ကိုခေါ်ပြီးနေရာလွတ်ထဲမှာနေထိုင်မှာဖြစ်သည်။အဲ့တာကနည်းနည်းအထီးကျန်သော်လည်းအေးဆေးတဲ့ နေထိုင်မှုပုံစံဖြစ်သည်။
"ဒါဆိုNမြို့ကိုခရီးသွားရင်ကျွန်တော်တို့ဘယ်နေရာကိုသွားမလဲ"ဖန်ဟောင်ကဂရုတစိုက်မေးလိုက်သည်။သူအမြဲတမ်းဟဲဇီကျုံးNမြို့ကိုသွားချင်တာက လုပ်စရာတစ်ခုခုရှိတယ်လို့ခံစားရသည်။
"အမ်းပင်လယ်စာသွားဝယ်ပြီးလျှောက်သွားမယ် လေ"ဟဲဇီကျုံးကမေးစေ့ကိုပွတ်သတ်လိုက်ပြီး မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်။သူ့ပစ္စည်းတွေ ဝယ်ဖို့ဘဲသွားတာမဟုတ်ဘူးလား?
လေယာဉ်ကကောင်းကင်ကြီးညို့မှိုန်းနေတာကို သတိမထားမိပေ။
နေ့တိုင်းနေ့လည်နောက်ပိုင်းမှသာဟဲဇီကျုံးရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်းအားကအပြည့်အဝပြန်လည် ကောင်းမွန်လာသည်။ဒီရက်တွေမှာဗိုင်းရက်စ်က နေရာတိုင်းမှာပျံ့နှံ့နေပြီးခရီးသည်များသည် လေယာဉ်ပေါ်မတက်မီသူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုစစ်ဆေးရသည်။အဖျားရှိခဲ့လျှင်သူတို့ကလေယာဉ် ပေါ်မှဆင်းဖို့ချက်ချင်းတောင်းဆိုပြီးဆေးရုံကိုပို့ လိုက်သည်။
သူကညတိုင်းနှစ်နာရီလောက်အပူချိန်နိမ့်အဖျားသာရှိသော်လည်းသူမျက်နှာနဲ့အားမာန်နှစ်ခုလုံးကအလွန်ဆိုးရွှားသည်။အကယ်လို့လေယာဉ်ဝန်ထမ်းများကမြင်လျှင်သူတို့ကိုလေယာဉ်ပေါ်ကဆင်းဖို့တောင်းဆိုခံရနိုင်သည်။
"စီနီယာခဏလောက်ထပ်အိပ်လို့ရသေးတယ်လေယာဉ်ဆင်းရင်ကျွန်တော်နှိုးပေးမယ်လေ"ဖန်ဟောင်ကဟဲဇီကျုံးကိုစိုးရိမ်စွာကြည့်နေသည်။သူ့အခု အဆင်ပြေသွားပေမယ့်လည်းသူ့မျက်နှာကတော့ ကြည့် ရတာသိပ်အဆင်မပြေးသေးပုံပေါ်သည်။
"အဲ့တာဆိုငါထပ်အိပ်လိုက်ဦးမယ်"လေယာဉ်က လေးနာရီကြာအောင်ပျံသန်းမှာဖြစ်သည်။ဟဲဇီကျုံးမနေ့ညကလုပ်ရတဲ့ကိစ္စကြောင့်အရမ်းကိုပင်းပန်း နေတာဖြစ်သည်။ပင်လယ်စာတွေကိုထည့်ရန်အလိုငှာသူနေရာလွတ်ထဲမှာကျွင်းကြီးတစ်ခုတူးရန်တွင်းတူးစက်ကိုတမင်သတ်သတ်မောင်းနှင်ခဲ့တာဖြစ် သည်။
အဲ့တာကလွယ်ကူတဲ့အလုပ်မဟုတ်ဘူး၊အထူးသဖြင့်ဟဲဇီကျုံးကအရင်တုန်းကဒီလိုပစ္စည်းမျိုးကို ဘယ်တုန်းကမှထိခဲ့ဘူးတာမဟုတ်ပေ။အကယ်လို့ နေရာလွတ်ကိုတခြားသူသိလည်းဘာမှမဖြစ်ဘူးဆိုရင်သူတကယ်ကိုအဲဒီစက်မောင်းဖို့သူကိုငှားချင် သည်။
ဟဲဇီကျုံးကိုစောင်ခြုံပေးပြီးသောအခါဖန်ဟောင်ကဟဲဇီကျုံးကိုမှီးရင်းဖျက်မနက်မိုးလင်းကမထွက်ခင် မှာဖန်ဟောင်ကိုကားအဆင့်သင့်ပြင်ဖို့အတွက်အရင်အောက်ထပ်ကိုဆင်းခိုင်းလိုက်သည်။ကမ္ဘာပျက်ကပ်ဖြစ်ရင်အိမ်ကိုအပြေးအလွှားသွားဖို့မလိုအောင်သူကအိမ်ထဲကပစ္စည်းအားလုံးကိုနေရာလွတ်ထဲသို့ထည့် ပစ်လိုက်သည်။စွမ်းအင်သုံးစွဲမှုကအလွန်များသွား သောကြောင့်အိပ်ပြီးပြန်အားဖြည့်ရန်လိုအပ်သည်။ဟဲဇီကျုံးကိုစောင်ခြုံပေးပြီးသောအခါဖျက်ခနဲပြုံးလိုက်ပြီးသူမျက်လုံးတွေကိုပိတ်လိုက်သည်။
တစ်ညကုန်ဆုံးပြီးနောက်Fမြို့၏အလင်းရောင်က စတင်ထွက်ပေါ်လာပြီးချူးလီလီသည်ပြီးခဲ့တဲ့ရက် အနည်းကအဆင်မပြေမှုကိုသည်းခံကာဟဲဇီကျုံး အိမ်သို့သွားပြန်သည်။ဒါပေမယ့်ဘာအသံမှကို မကြားရပေ။မနေ့ကဒီနေရာမှာလူတွေရှိ နေသေးပေမယ့်လည်းဒီနေ့တစ်ယောက်မှမရှိတော့ဘူးလား။
ဖုန်းကိုထုတ်လိုက်ပြီးသည်နှင့်မနေ့ကဟဲဇီကျုံးရဲ့ ဖုန်းနံပါတ်ရေးမှတ်ရန်မေ့သွားသည်ကိုတွေ့ရတော့သူမအံ့အားသင့်သွားသည်။အဲဒီအမှားကသူမကိုစိတ်တိုသွားစေပြီးဟဲဇီကျုံးတံခါးကိုကန်လိုက်တာနဲ့ မတော်တဆသူ့ခြေကျင်းဝတ်ကိုလှည်သွားစေပြီး ထော့နဲ့ထော့နဲ့ဖြင့်ဓာက်လှေကားဆီကိုသွားလိုက်ရသည်။
သူမတကယ်ဘဲနောက်အပတ်ထိစောင့်ရမှာလား?အိမ်အတွက်လုပ်ထုံးလုပ်နည်းတွေကိုအများကြီး လုပ်ခဲ့ရသည်။အဲဒီယုတ်မာတဲ့ဟဲဇီကျုံးတမင်လုပ် တာနေမယ်!!အိမ်မှာသူတို့မိသားစုကိုအမေကအမြဲတမ်းဆူပူကြိမ်းမောင်းနေတာကအံ့ဩစရာတော့မဟုတ်ဘူး။
ပင်လယ်ပြာ၊ရွှေရောင်ကမ်းခြေ။
နေဝင်ချိန်ရှုခင်းကိုနှစ်ယောက်သားဘေးချင်း ကပ်ရပ်ပြီးတော့ကြည့် နေခဲ့သည်။
"လေလေးကကောင်းလိုက်တာ"ဖန်ဟောင်ကအသတ်ပြင်းပြင်းရှုပြီးမျက်လုံးမှိတ်လိုက်သည်။ နှစ်ယောက်စလုံးကအင်္ကျီလက်တို၊ဘောင်းဘီတိုနှင့်ကမ်းခြေဖိနပ်ကိုဝတ်ဆင်ထားသည်။သူတို့က အရောင်ကလွဲပြီးအဝတ်စားစတိုင်လ်ကတူညီကြသည်။
သူတို့နှစ်ယောက်ကဘေးချင်းကပ်ရပ်နေပြီး တစ်ယောက်ကရှည်ပြီးတစ်ယောက်ကပုသည်။ တစ်ယောက်ကချောမောခန့်ညားပြီးတော ့နောက်တစ်ယောက်ကသိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့ လေးနဲ့ချစ်စရာကောင်းသည်။နေဝင်ချိန်အောက်မှာသူတို့နှစ်ယောက်ကအရမ်းလိုက်ဖတ်နေသည်။ခရီးသွားရာသီမဟုတ်လို့သူတို့နေရာမှာခရီးသွားဧည့်သည်များအများကြီးမရှိပေ။ဒါမှမဟုတ်လည်း ကမ္ဘာပေါ်မှာသူတို့နှစ်ယောက်ထဲရှိတယ်လို့အထင် မှားနေတာဖြစ်နိုင်သည်။
"မင်းကြိုက်သလောက်ကစားလို့ရတယ်"ဟဲဇီကျုံးကသက်တောင့်သတ်သာပြုံးလိုက်ပြီး"အနည်းဆုံး တော့ငါတို့သောကြာနေ့အထိဒီမှာဘဲနေမယ်လေ"
"ကျွန်တော်တို့မနက်ဖြန်ဘယ်သွားကြမလဲ" ဖန်ဟောင်ကဟဲဇီကျုံးနောက်လိုက်ပြီးပျော့ပျောင်း သောသဲသောင်ပြင်ပေါ်တွင်ခြေလှမ်း လှမ်းလိုက်သည်။
"ငါမနက်ခင်းအစောလောက်ကားငှားချင်တယ်၊ ပြီးတော့ငါးစျေးကိုလျှောက်ပတ်သွားမယ်လေ၊နေ့လည်ခင်းစာစားပြီးရင်တော့ရေငုပ်ကြတာပေါ့"
"ရေငုပ်မယ်!?ကျွန်တော်တစ်ခါမှမငုပ်ဖူးဘူး!!" ဖန်ဟောင်မျက်လုံးလေးများကတောက်ပလာသည်။ရုတ်တရက်တစ်ခုခုကိုစဉ်းစားမိပြီးသူနည်းနည်းစိတ်ဓာက်ကျသွားသည်။ "အဲဒါက.အရမ်းစျေးကြီးမှာလား"
ဟဲဇီကျုံးကသူလက်ကိုမြှောက်လိုက်ပြီးသူ့ခေါင်း လေးကိုပုတ်လိုက်ပြီးနူးညံ့မှုနှင့်ပျော့ပျောင်းမှုသူလက်ကိုရပ်ဖို့ခဲယဉ်းအောင်လုပ်နေသည်။ "မင်းငါကိုပြန်ပေးဖို့စောင့်နေမယ်၊အာပြီးတော့ဒီမှာပင်လယ်စာတွေဘယ်လိုပြင်ဆင်ကြလဲဆိုတာကိုလေ့လာနိုင်တာဘဲ၊အိမ်ပြန်ရောက်ရင်ငါကိုချက်ကျွေး ပြီးတော့အကြွေးဆပ်လို့ရတယ်နော်"
"တကယ်ကျေးဇူးပါ"ဖန်ဟောင်မျက်လုံးလေးက တောက်ပလာပြီးနေဝင်ဆည်းဆာအောက်မှာပြန်တုံ့ပြန်လိုက်သည်၊"ကျွန်တော်ပိုက်ဆံရှာနိုင်တဲ့ထိစောင့်ပါ၊ကျွန်တော်စီနီယာကိုတောင်တက်ဖို့ခေါ်သွားပေးမယ်!!!!"
"ဟုတ်ကဲ့ပါဗျ၊စောင့်ပေါ့မယ်"နှစ်ယောက်သား ကမ်းခြေသို့လျှောက်သွားပြီးဘေးချင်းကပ်ထိုင်လိုက်သည်။
ကမ်းခြေပေါ်မှာလမ်းလျှောက်နေရင်းနဲ့ဟဲဇီကျုံးကပင်လယ်ထဲသို့သူ့လက်ကိုနှစ်လိုက်ကာ"ခိုးယူခြင်း"ပင်လယ်ရေအနည်းငယ်ကိုခိုးယူလိုက်သည်။အခု အသစ်တူးထားတဲ့နေရာလွတ်ထဲက"ပင်လယ်တွင်း"ကတစ်ဝက်ပြည့်သွားသည်။မနက်ဖြန်ရေငုပ်မှကျန်တဲ့ရေကိုထပ်ထည့်ဖို့သူစဉ်းစားလိုက်သည်။
သူပင်လယ်စာအရှင်အချို့ကိုဝယ်ပြီးတော့တွင်းထဲ မှာအသတ်ရှင်နိုင်လားကိုကြည့်ရမည်။အကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်သူ့အောက်ဆီဂျင်ထောက်ပံ့ဖို့ရန် ပန့်(ငါးမွေးရင်သုံးတဲ့အောက်ဆီဂျင်ပန့်)ကိုအသုံးပြုနိုင်သည်။ဒါပေမယ့်အဲ့လောက်ကြီးတဲ့တွင်းအတွက်ကဘယ်လောက် အောက်ဆီဂျင်ပေးသင့်လဲ?
ကမ်းခြေပေါ်ကအိမ်လေးအားလုံးသည်မြေပြင်မှ အနည်းငယ်ကွာဟသည့်ဗီလာအသေးလေးများ ဖြစ်ကြသည်။သူ့တို့နှစ်ယောက်ကနှစ်ယောက်ခန်း ကိုငှားလိုက်သည်။ပင်လယ်စာကိုညစာအဖြင့်စားပြီးနောက်နှစ်ယောက်စလုံးအနားယူကြသည်။
နောက်တစ်နေ့မနက်ခင်းအစောတွင်ဟဲဇီကျုံးသည်အပူချိန်နိမ့်အဖျားဖျားပြီးနောက်ခြေကုန်လက်ပန်းကျစွာဖြင့်မျက်လုံးကိုဖွင့်ကြည့်လိုက်ရာသူ့ခေါင်းအုံးဘေးကတစ်ဖတ်မှာလှဲလျောင်းနေတဲ့လူတစ် ယောက်ရှိတာကိုသတိပြုမိကာသူ့နဖူးပေါ်မှာလည်းတာဝါတစ်ခုရှိနေသည်။
"စီနီယာနိုးပြီလား"ဖန်ဟောင်ကအိပ်ချင်မူးတူးဖြင့်သူမျက်လုံးများကိုပွတ်လိုက်သည်။
"မင်းဘာဖြစ်လို့ဒီမှာအိပ်နေတာလဲ"ဟဲဇီကျုံးက အနည်းငယ်ရှုပ်ထွေးနေသေးပြီးတာဝါကိုဖယ်လိုက်သည်။
"ဟမ်!အာ..ကျွန်တော်စီနီယာကောင်းကောင်းအိပ်မပျော်မှာဆိုးလို့"ဖန်ဟောင်ကခုမှသေချာနိုးသွားပြီးတာဝါကိုယူရန်အမြန်သွားခဲ့သည်။
"အဲဒါဆိုမင်းကောင်းကောင်းမအိပ်ရသေးဘူးလား" မေးနေစရာကိုမလိုပေ။ဖန်ဟောင်ကသူ့အပူချိန်နိမ့်အဖျားနေချိန်၌စိတ်မသတ်မသာဖြစ်နေတာကို ဟဲဇီကျုံးသိသည်။ဖန်ဟောင်သည်သူ့အရင်ဘဝကဲ့သို့ပင်ဖျားနေတာကိုသိပြီးနောက်တစ်ညလုံး ငတုံးလေးလိုသူကိုပြုစုစောက်ရှောက်လိမ့်မည်။
ဖန်ဟောင်ကခေါင်းညိမ့်လိုက်သည်။
"ငါအဖျားကအဆင်ပြေပါတယ်"ဟဲဇီကျုံးသူကို အပြစ်မတင်ချင်ပေမယ့်လည်းသူ့(ဟဲဇီကျုံး) အခြေနေကနည်းနည်းထူးခြားသည်။သူဒါကို ဆက်လုပ်နေမယ်၊တစ်ညလုံးငါကိုဂရုစိုက်နေမယ်ဆိုရင်သူ့ကောင်းကောင်းအနားယူရမှာမဟုတ်ဘူး၊သူကိုဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ။ကမ္ဘာကြီးက အနာဂတ်မှာဖရိုဖရဲဖြစ်လာတော့မည်။အကယ်လို့ နှစ်ယောက်လုံးကကောင်းကောင်းအနားမယူရင်ဇွန်ဘီများနှင့်အနတရယ်ရှိသောလူတွေနဲ့ရင်ဆိုင်ရရင်ဘယ်လိုလုပ်မလဲ?။
"ငါအကယ်လို့ဒီလိုမျိုးတစ်နှစ်ဒါမှမဟုတ်နှစ်ဝက် လောက်အဖျားတက်နေရင်ဘယ်လိုလုပ်မလဲ?မင်းဆက်ပြီး.."
"အဲဒါဆိုလည်းကျွန်တော်စီနီယာကိုတစ်နှစ်ဘဲဖြစ်ဖြစ်နှစ်ဝက်ဘဲဖြစ် ဖြစ်စီနီယာကိုဂရုစိုက်မှာဘဲ!!!"ဖန်ဟောင်မှမှုန်ဝါးဝါးအသံတိုးတိုးလေးဖြင့်ပြောလိုက်ပြီးသူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်နီးမြန်းသွားသည်။သူ ပြောလိုက်တာကိုပြန်သတိထားမိပြီး နောက်မျက်နှာကဖြူဖျော့သွားပြန်သည်။သူကသူ့ ခေါင်းလေးကိုအမြန်ငုံ့လိုက်ပြီးထပြီးထွက်သွားချင်ခဲ့သည်။ဒီစကားတွေပြောဖို့ကတအားစောလွန်းသေးသည်။သူတို့အခုပြန်တွေတာတောင်မကြာသေးဘူး။အထက်တန်းတုန်းကလိုဘဲသူစကားတွေကစီနီယာကိုကြောက်လန့်စေရင်သူဘယ်လိုလုပ်မလဲ။
ဟဲဇီကျုံးကသူ့လက်လေးကိုအမြန်ဆွဲလိုက်ပြီး၊သူသိတယ်၊သူအမြဲတမ်းသိနေခဲ့သည်။အကယ်လို့သူခံစားချက်တွေကိုမလက်ခံချင်ရင်သူ့အရှေ့ကိုတောင်ပေါ်လာခဲ့မှာမဟုတ်ဘူး။
ဒါပေမယ့်သူပြန်လည်မွေးဖွားချိန်မှာတော့ဟဲဇီကျုံးကသူ့အနာဂတ်မှာဘယ်သူနဲ့အချိန်အတူကုန်ဆုံးချင်လဲဆိုတာကိုဆုံးဖြတ်ပြီးသွားပြီ။
"ဒီကိုလာခဲ့"စိုးရိမ်ထိတ်လန့်စွာခံစားနေရတဲ့လူကိုဟဲဇီကျုံးကသူဘတ်ကိုဆွဲလိုက်သည်။ဟဲဇီကျုံးရုတ်တရက်ကြီးဘာပြောရမှန်းမသိပေ။ငါလည်းမင်းကို ကြိုက်တယ်လို့ပြောလိုက်သင့်လား?အဲဒါကရုတ်တရက်ကြီးဖြစ်သွားမလား။သူအရင်ကတည်းကလိမ်မပြောတက်ပေ..။
"စီနီယာမှတ်မိလားမသိပေမယ့်ကျွန်တော်ကစားကွင်းမှာတုန်းကလည်းဝန်ခံသေးတယ်"ဖန်ဟောင်အသံကတုန်ယင်နေပြီးအရမ်းကြောက်ရွံ့နေသည်။ပြီးတော့အဲ့ဒီချိန်တုန်းကလည်းကောင်းတဲ့ထင်မြင်ချက်ကိုမချန်ထားနိုင်ခဲ့ဘူး။ပြီးတော့ခုဟဲဇီကျုံးက ယောက်ျားလေးကိုကြိုက်လားဆိုတာလဲအတည်မ ပြုနိုင်သေးဘူး။မနေ့ကသူ့ဝမ်းကွဲပြောတာမှန်လား မမှန်ဘူးဆိုတာကိုဘယ်သူသိမှာလဲ။အဲ့အချိန်တုန်းကသူမက ဒေါသတအားထွက်နေပြီးသူ့လုပ်ကြံပြီးပြောတာဟုတ်မဟုတ်ကိုခန့်မှန်းရခတ်သည်။
ဒါပေမယ့်တစ်ပတ်ကျော်အောင်အတူနေပြီးတဲ့ နောက်မှာဟဲဇီကျုံးရဲ့သူ့အပေါ်သဘောထားကို ပြောင်းလဲအောင်လုပ်ခဲ့သည်။အစကတော့သူ တဖြေးဖြေးနဲ့နည်းနည်းချင်းစီသူတို့နှစ်ယောက် ကြားမှာရှိတဲ့မရေရာသောအခြေနေကိုထိန်းသိမ်း သွားပြီးဖြေဖြေးချင်းသူ့ဘဝတစ်ခုလုံးကိုသဘာဝကျကျဝင်ရောက်ချင်တာဖြစ်သည်။
ဒါပေမယ့်လည်းသူအနည်းငယ်စိုးရိမ်ပြီးကြောက်ရွံ့ နေတုန်းဖြစ်သည်။ဟဲဇီကျုံးရဲ့ရုပ်ရည်သွင်ပြင်ကတ ခြားသူတွေကိုဆွဲဆောင်နိုင်တာသေချာသည်။ ဖန်ဟောင်ရုတ်တရက်ကြီးမစောင့်ချင်တော့ဘူး စောင့်လည်းမစောင့်ရဲတော့ဘူး။ဟဲဇီကျုံးသူကိုမနှစ် မြို့တာမဟုတ်ဘူးဆိုတာတော့သူသိသည်။ပြီးတော့ကောင်းမွန်တဲ့ခံစားချက်အချို့တောင်ရှိ သေးသည်။
သူကစာရွတ်လိုပါးလွှာတဲ့စည်းလေးကိုဖောက်ပြီး တော့သူနဲ့အတူရှိချင်သည်။
"မှတ်မိတယ်"ပြန်လည်မွေးဖွားတုန်းကအဲဒီနှစ်ရဲ့ မှတ်ဉာဏ်ကိုဇာတ်ကားဟောင်းတစ်ခုလိုပင်သူ့ရဲ့ စိတ်ထဲမှာပြန်လည်ပြသခဲ့သည်။သူဘယ်လိုလုပ်မေ့နိုင်မှာလဲ?
"ကျွန်တော်.ခုလည်းအဲ့တုန်းကနဲ့တူတူဘဲ"ဖန်ဟာင်ကရုတ်တရက်သူ့လက်ကိုမြှောက်လိုက်ပြီးဟဲဇီကျုံးကိုစိတ်လှုပ်ရှားစွာနှင့်ကြည့်လိုက်သည်။"ကျွန်တော်ကျွန်တော်ပြန်လာပြီးအိမ်ရှာတဲ့ချိန်မှာစီနီယာကိုတွေ့မယ်လို့မမျှော်လင့်ထားဘူး"
"မင်းဘာလို့Fမြို့ကိုပြန်လာခဲ့တာလဲ"
"အာ..?"
"ဘွဲ့ရပြီးတော့ဘာလို့Fမြို့ကိုပြန်လာခဲ့တာလဲ"
ဖန်ဟောင်မျက်လုံးကိုမှိတ်ထားပြီးပါးစပ်ကိုဖွင့်လိုက်ရင်း"ကျွန်တော်F မြို့ကိုရောက်ရင်စီနီယာကိုထပ်တွေ့ခွင့်ရမယ်ထင်လို့"
သူ့တွက်ကြောင့်နဲ့သူဘဝကိုရင်းနှီးမြုပ်နှံခဲ့တယ်။ သူ့လက်မောင်းခွန်အားတွေရုတ်တရက်တိုးလာပြီးဖန်ဟောင်သည်နွေးထွေးသောပွေ့ဖတ်မှုထဲသို့ ပစ်ထည့်ခံရသလိုခံစားလိုက်ရသည်။သူလက်မောင်းကိုဆုပ်ကိုင်ထားပြီးသူ့နောက်ကျောဖတ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖတ်ထားသည်။
"ငတုံးလေး"ဖန်ဟောင်ဘေးမှာသူ့ရှိဖို့ထိုက်တန်ရဲ့ လား၊အကယ်လို့သူသာပြန်မမွေးဖွားခဲ့ဘူးဆိုရင် ဖန်ဟောင်သေခဲ့တာတကယ်ကိုအချင်းနှီးဖြစ်သွားလိမ့်မည်။
"စီ..စီနီယာ."
"ငါမင်းကိုမကြိုက်ခဲ့ရင်ကော"ဖန်ဟောင်က ကြက်သေသေသွားပြီးဟဲဇီကျုံးရဲ့ရင်ဘတ်ထဲကသဲသဲကွဲကွဲမကြားရသောအသံထွက်ပေါ်လာနေသည်။"ဒါဆိုကျွန်တော်မပြောတော့ပါဘူး"မပြောပေမယ့်လည်းသူကိုမြင်နိုင်တွေ့နိုင်တဲ့နေရာမှာနေမှာကို ဟဲဇီကျုံးသိသည်။တိတ်တဆိတ်လေးနေပြီးသူကို ဘဲကြည့်နေမှာ။အခုသူဒီလိုပြောရတဲ့အကြောင်းရင်းကလည်းဟဲဇီကျုံးနဲ့သူကြားမှာထူးခြားမှုလေးရှိလာ ပြီကိုခံစားရလို့ဖြစ်သည်။
ငတုံး၊တကယ့်ငတုံးလေးဘဲ။သူတကယ်ကြီးကို အရမ်းတုံးတဲ့လူတွေကိုမကြိုက်ဘူး၊အရင်တုန်းကလည်းဖန်ဟောင်ကသူကိုကြိုက်တယ် တောင်မဖွင့်ပြောဘဲနဲ့သူရှေ့မှာသေသွားသည်။
"ချိန်းတွေ့ကြရအောင်"
ဖန်ဟောင်သည်သူ့နှလုံးခုန်သံကိုကျယ်လောင်စွာ ကြားနေရသည်။"တကယ်တကယ်လား?..."
"ဒီလိုကိစ္စမျိုးကလိမ်စရာလား"သူလက်မောင်းထဲမှာရှိတဲ့လူကအရမ်းပိန်ပြီးသူဖတ်လိုက်တဲ့ခါ လက်တစ်ဆုပ်ဘဲရှိတယ်လို့သူ့ခံစားရသည်။သူမှာ သိပ်လည်းအသားမရှိဘူး။"အစားများများစား"
"အာ?"ဟဲဇီကျုံးရဲ့စကားလမ်းကြောင်းကလျှင်မြန် စွာပြောင်းသွားပြီးဖန်ဟောင်သည်ခဏလောက်မတုံ့ ပြန်နိုင်ခဲ့ပေ။
"များများစား၊မင်းဘယ်လောက်ပိန်နေလဲကြည့်ဦး"ဟဲဇီကျုံးကလက်ဖြင့်သူ့ပုခုံးလေးကိုညှစ်လိုက်သည်။
ဖန်ဟောင်သည်စိတ်ကောက်သွားကာရှက်ရွံ့သွား သည်။