no

Font
Theme

နှစ်ယောက်သားစက်ရုံထဲသို့ဝင်သွားလိုက်ပြီးကျန် နေသေးသောဇွန်ဘီတွေကိုသုတ်သင်ပစ်လိုက်သည်။စက်ရုံရဲ့တံခါးလည်းပွင့်နေပြီးလုံခြုံရေးအခန်းထဲ တွင်လည်းလုံခြုံရေးအစောင့်တောင်မရှိပေ။အသတ်ရှင်နေသောသူများသည်အခြေနေကိုသတိထားခဲ့မိ ပြီးထရပ်ကားများဖြင့်အဝေးကိုမောင်းပြေးသွားသည်ဟုခန့်မှန်းခဲ့သည်။ဒီလိုမျိုးကောက်ချက်ချပြီး သူဘယ်လိုလုပ်ဒီနေရာကိုရောက်လာခဲ့တာလဲ?-ခြံဝင်းထဲတွင်အိမ်သာသုံးစက္ကူတစ်ပုံတစ်ခေါင်းကြီးကိုမြေကြီးပေါ်တွင်ပစ်ချထားပေမယ့်စက်ရုံတစ်ခု လုံးတွင်ကားအနည်းငယ်ရှိနေဆဲဖြစ်သည်။ ထွက်ပြေးသွားသူများသည်ကမ္ဘာပျက်ကပ်ထဲတွင် အိမ်သာသုံးစက္ကူများသည်အသုံးမဝင်ဘဲနေရာယူတယ်လို့ထင်သောကြောင့်ဖြစ်နိုင်သည်။

လူတွေကအသုံးမဝင်ဘူးနေရာအများကြီးယူတယ်လို့ထင်တဲ့အရာများသည်ဟဲဇီကျုံးအတွက်တော့ အများကြီးအဖိုးတန်သည်။လိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေစောင့်ကြည့်ရေးအခန်းထဲက hard diskကိုဖြုတ်ပြီးမှသာပစ္စည်းများကိုလျင်မြန်စွာ နေရာလွတ်ထဲသို့ပစ်ထည့်ခဲ့သည်။

ဟဲဇီကျုံးသည်အိပ်သာသုံးစက္ကူများကိုနေရာလွတ်ထဲတွင်တောင်လို ပုံထားလိုက်ပြီးစူးစမ်းကြည့်လိုက် သောအခါနေရာလွတ်ထဲတွင်နေရာတွေအများကြီး ကျန်သေးကြောင်းတွေ့လိုက်ရသည်။စက္ကူစက်ရုံရဲ့ အလုပ်ရုံထဲကိုပတ်သွားလိုက်ပြီးစက္ကူပြုလုပ်တဲ့ ကရိယာတွေပါယူရင်ကောင်းမလားလို့စဉ်းစားနေမိသည်-ဘယ်လောက်တောင်ပျင်းရိလိုက်လဲ။အခြား လူရဲ့ထုတ်လုပ်ရေးပစ္စည်းတွေကိုစုဆောင်းဖို့ဘယ်သူကစဉ်းစားမိမှာလဲ။အကယ်၍စက်ပစ္စည်းတပ်ဆင်ရေးလမ်း ကြောင်းကိုမသိဘူးဆိုရင်အသုံးမဝင်ပေ-စက္ကူပျော့ဖတ်များပြုလုပ်ခြင်းနှင့်အခြောက်ခံခြင်း အတွက်စက်ပစက်ပစ္စည်းကရိယာတစ်ခုလိုအပ်ပြီးအမျိုးမျိုးသောစက်ပစ္စည်းကရိယာများလည်းလိုအပ်သေးသည်။ထို့အပြင်အိမ်သာသုံးစက္ကူကိုလည်းရရှိ မှာမဟုတ်ဘူး….

ဟဲဇီကျုံးသည်သူ့နှလုံးသားကိုစွဲလမ်းစေသော  ဒီနေရာမှအဝေးသို့သူ့ချစ်သူအားခေါ်သွားရမည်ကို နောင်တရနေသည်။

နေရာလွတ်ထဲကမြင်ကွင်းသည်အံ့ဩစရာကောင်းသည်-အိမ်သာသုံးစက္ကူသည်တောင်လိုပုံနေပြီး လူနှစ်‌ယောက်တစ်သတ်လုံးသုံးဖို့လုံလောက်သည်!! အဆင့်မြှင့်တက်သွားပြီးနောက်နေရာလွတ်ရဲ့ အကျယ်အဝန်းသည်တိုးလာခဲ့တာကံကောင်းသည်။နေရာလွတ်ထဲကအရာများကိုလေထဲတွင်လွှင့်အောင်လုပ်ပြီးဘယ်နေရာမှာမဆိုစုပုံထားနိုင်သောကြောင့်ပိုအဆင်ပြေသည်မဟုတ်ရင်သူ့တို့ဒီလောက်အများကြီးဘယ်လိုလုပ်ထည့်နိုင်ပါ့မလဲ။

ဖန်ဟောင်ကအစတုန်းကသတိမထားမိပေမယ့် နေရာလွတ်ထဲကနေမဖွင့်ရသေးတဲ့ရေနှစ်ဘူးကို ထုတ်ယူလိုက်သောအခါအထဲထဲကတစ်ပုံတစ်ပင် ကြီးစုပုံထားတဲ့အိမ်သာသုံးစက္ကူတောင်ကြီးကို မြင်ပြီးလန့်ဖျတ်သွားသည်။

"ဇီ…ဇီကျုံး…."အိမ်သာသုံးစက္ကူတွေအများကြီးဘဲ….အကုန်လုံးတောင်သုံးနိုင်ပါ့မလား?အဲ့ဒါက ဆေးဝါးလည်းမဟုတ်ဘူး၊အခြေစိုက်စခန်းရဲ့စျေးကွတ်ထဲမှာအလားအလာ(အခြားသူတွေနဲ့ပစ္စည်းလှဲလှယ်ဖို့)ရှိတဲ့ပစ္စည်းမဟုတ်ဘူးမလား?ဂိုဒေါင်တစ်လုံးကလူနှစ်ယောက်အတွက်လုံလောက်ပြီဟုသူထင်ခဲ့ ပေမယ့်……ကြည့်ရတာဇီကျုံးကစက်ရုံထဲမှာရှိနေတဲ့အိမ်သာသုံးစက္ကူတွေအကုန်လုံးကိုယူမယ့်ပုံဘဲ။

ဟဲဇီကျုံးကအရှက်ပြေနှစ်ခါလောက်ချောင်းဟန့် လိုက်ပြီးအတည်ပေါက်ကြီးနဲ့ပြောလိုက်သည်"မစိုးရိမ်ပါနဲ့၊ဖြေးဖြေးချင်းချင်းသုံးလို့ရတာဘဲ၊နောက်ပိုင်း ကျရင်ကုန်သွားလိမ့်မယ်"

ဖန်ဟောင်သည်ဟဲဇီကျုံးရဲ့စကားများနှင့်ဆုံးဖြတ်ချက်များကိုချွင်းချက်မရှိယုံကြည်ခဲ့သော်လည်းသူ့ကိုယ်သူ့ခေါင်းညိတ်ဖို့တွန်းအားပေးလိုက်ပြီးနှုတ်ခမ်း ထောင့်လေးတွေနှစ်ခါလောက်တွန့်သွားပြီးမရီဘဲမ နေနိုင်ခဲ့ပေ။သူ့စီနီယာရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်ရမယ်….ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ၊ ကျိုးကြောင်းမဆီလျော်သည်ဖြစ်စေ။

သူ့အရင်ဘဝကသူ့မသေခင်တွင်သေခါနီးထိအရိုက်ခံရရင်တောင်သေအောင်အသန့်ကြိုက်သော တစ်စုံတစ်ယောက်သည်အိမ်သာသုံးစက္ကူပျက်လပ်ခဲ့ရပြီးသူ့ရဲ့ဆုံးဖြတ်ချက်သည်အတိတ်ဘဝက အမည်းစက်ပုံရိပ်ကြီးမှလာကြောင်းဝန်ခံရန် ဆန္ဒမရှိပေ။တည်ငြိမ်ချင်ယောင်ဆောင်ပြီးသူ့က အိမ်သာသုံးစက္ကူစက်ရုံရဲ့ပတ်ပတ်လည်ကိုလျှောက်သွားနေသည်။

နှစ်ယောက်သားသူတို့လိုအပ်နိုင်လောက်တဲ့အခြားအရာများကိုစုဆောင်းရန်အကောင်းဆုံးကြိုးစားခဲ့ ကြသည်။ဓာက်ဆီစည်ပိုင်း၊ဒီဇယ်၊အရေးပေါ်မီးအိမ်နှင့်အခြားအရာများကိုစက်ရုံဘေးရှိဂိုဒေါင်အသေး လေးမှစုဆောင်းခဲ့ပြီးကျေနပ်မူဖြင့်စက်ရုံရဲ့ဂိတ်မှ မောင်းထွက်သွားလိုက်သည်။

……………………………………………….

"ခုန်လိုက်!!ခုန်!!"လူအချို့သည်ရပ်ကွတ်အတွင်းမှ  အဆောက်အအုံပေါ်တွင်မက်တပ်ရပ်နေကြသည်။လူအချို့သည်ဘေးမှာရှိတဲ့အဆောက်အအုံပေါ်သို့ ခုန်ကူးပြီးသွားပြီဖြစ်သည်။ဒါပေမယ့်ဒါဟာမြင့်မားတဲ့အမြင့်မှာရှိပြီးအောက်တွင်လည်းယိုင်တိယိုင်တိုင် လျှောက်နေပြီးသူ့တို့ရဲ့အစာအိမ်ကိုဖြည့်ဖို့အတွက် ပါးစပ်တွေဖွင့်ပြီးစောင်နေတဲ့မရေမတွက်နိုင်သော ဇွန်ဘီတွေအများကြီးရှိနေသည်။ဒါကလူတွေရဲ့သတ္တိကိုစမ်းသပ်တဲ့အရာတစ်ခုနဲ့တူသည်။

ချူးလီလီသည်လွယ်အိတ်ကိုလက်မောင်းထဲမှာပိုက် ပြီးရပ်ကွက်အတွင်းမှထွက်ပြေးသူများ၏နောက်သို့လိုက်ခဲ့သည်။ကမ္ဘာပျက်တဲ့မနက်ခင်းပိုင်းတွင် သူ့မကိုအမြဲချစ်ခင်ကြသောမိဘများသည်ဇွန်ဘီများ ၏ပထမဆုံးအသုတ်တွင်ပါဝင်ခဲ့သည်။အကယ်၍ သူ့အလျင်အမြန်တုံ့ပြန်ပြီးအခန်းထဲမှာပုန်းမနေခဲ့ ဘူးဆိုရင်သူမလည်းဘဲဇွန်ဘီဖြစ်လာလိမ့်မည်!!!

သူမဒုတိယထပ်မှာနေခဲ့တာကံကောင်းသည်။အောက်ကိုခုန်ချဖို့ကအန္တရယ်များသော်လည်းဇွန်ဘီဖြစ်သွားတဲ့သူ့မိဘတွေဆီကနေတံခါးကိုရိုက်ချိုးပြီး အဖွင့်ခံရတာထက်စာရင်ပိုကောင်းသည်။

ခုန်ကူးသွားသောလူအချို့သည်အချိန်အတော်ကြာတဲ့အထိဘယ်သူမှဖြတ်မကျော်လာရဲတာကိုမြင် တော့အသံတိုးတိုးလေးဖြင့်ပြောကာတိတ်တဆိတ်လှည့်ထွက်သွားကြသည်။ဝဝတုတ်တုတ်လူကြီး ကသူတို့လှည့်ထွက်သွားတာမြင်တော့သူတို့ကသူကိုနောက်မှာထားရစ်ခဲ့မှာကိုစိုးရိမ်သွားသည်။သူ့က ရုတ်တရက်အော်လိုက်ပြီးခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်ကာအရှေ့သို့ပြင်းပြင်းထန်ထန်ပြေးသွားပေမယ့်သူ့ကဘယ်တုန်းကမှအားကစားမလုပ်ခဲ့သောကြောင့်လှုပ်ရှားမူကိုဟန်ချက်ညီအောင်မထိန်း ချုပ်နိုင်ဖြစ်ကာတဝက်လောက်အထိဘဲခုန်နိုင်ခဲ့ပြီး အော်ဟစ်ကာအောက်သို့ပြုတ်ကျသွားသည်။

ဇွန်ဘီများကလက်ကိုမြှောက်ပြီးပါးစပ်ကိုဖွင့်ကာသူတို့အပေါ်ကပြုတ်ကျလာတဲ့အစာကိုစောင့်နေသည်။ ထိုလူသည်မြေကြီးပေါ်သို့မပြုတ်ကျခင်ဇွန်ဘီအုပ်စု ကြီးဆီသို့ဆိုက်ဆိုက်မြိုတ်မြိုတ်ရောက်သွားပြီး တစ်မိနစ်တောင်မပြည့်သေးခင်တွင်ဇွန်ဘီအဖြစ်သို့ ပြောင်းရန်အခွင့်အရေးတောင်မရလိုက်ဘဲတစ်စဆီ ဆွဲဖြဲခံလိုက်ရသည်။

ချူးလီလီ၏မျက်နှာသည်အခြားဘက်ပေါ်ကလူများကိုကြည့်ရင်းဖြူဖျော့နေသည်။သူ့အရင်အောက်ကို ငုံ့ကြည့်လိုက်ပြီးနောက်စိတ်မကောင်းဖြစ်စွာဖြင့် ဘေးကိုကြည့်လိုက်သည်။မဟုတ်ဘူး!!မဟုတ်ဘူး!!ငါအသတ်ရှင်ချင်တယ်!!အသတ်ရှင်ရမယ်!!

"မြက်၊မြက်၊မြက်"သူ့မအိမ်မှာရှိတုန်းကဒက်ဖဒိလ် ပန်းအိုးထဲမှာမတော်တဆပေါက်စေခဲ့တဲ့အကြောင်းကိုစဉ်စားရင်းအရင်တုန်းကချုးလီလီသည်သူ့မကို မကောင်းဆိုးဝါးတစ်ကောင်လိုဆက်ဆံခံရမည် ကြောက်သောကြောင့်သူ့မရဲ့စွမ်းရည်ကိုမဖော်ထုတ်ရဲခဲ့ပေ။နောက်ပိုင်းတွင်ရပ်ကွက်ထဲကစွမ်းရည်ရှိတဲ့လူတွေဆီကနေမီးလုံးတွေပစ်လွှင့်နိုင်စွမ်းရှိသည်ကို မြင်မှသူ့မကလဲအလားတူစွမ်းရည်ရှိခဲ့မှန်းသဘော ပေါက်ခဲ့သည်။

ဒါမေယ့်လည်းသစ်ပင်တွေကိုကြီးထွားနိုင်တဲ့စွမ်းရည်ကဘယ်လိုလုပ်အသုံးဝင်မှာလဲ!!သူတို့မှာအစား စာမရှိသောအခါအပင်တွေကိုကြီးထွားစေတာထက်ပိုပြီးတခြားအကျိုးသတ်ရောက်မူမရှိတဲ့ပုံဘဲဟုတ်တယ်မလား?ဝှတ်ဖဲအဖြစ်သူ့မဖုန်းကွယ်ထားရတဲ့အကြောင်းရင်းဖြစ်ကာဒါပေမယ့်အခုတော့……

ကံကောင်းစွာဖြင့်ဒီနေရာသည်တော်တော်လေး ဟောင်းနွမ်းနေပြီးအဆောက်အအုံတော်တော်များ များရဲ့ခေါင်းမိုးပေါ်တွင်ပေါင်းပင်များရှိနေသည်။၎င်းတို့ကအလွန်သေးငယ်သော်လည်းသူမရဲ့ဘဝကို ကယ်တင်နိုင်သည်။

မြတ်ဓါးတစ်ချောင်းကိုဆွဲထုတ်ကာလက်ထဲတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီးအစိမ်းရောင်သစ်ကိုင်းများနှင့်သစ်ရွှတ်များသည်ရုတ်တရက် ကြီးထွားလာခဲ့ပြီးအစိတ်အပိုင်းတစ်ခုသည်သူ့မခါးတွင်တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားကာကျန်တစ်ပိုင်းသည်ဆန့်ကျင်ဘတ်အဆောက်အဦးခေါင်မိုးဆီသို့ကြီးထွားလာသည်။

"ဖမ်းလိုက်!!လှမ်းဖမ်းလိုက်!!"

ဆန်ကျင့်ဘတ်တွင်ရှိသည့်သူများသညအစပိုင်းတွင်အံ့ဩနေကြပြီးတစ်ဖတ်မှာရှိသည့်အမျိုးသမီးသည်စွမ်းအားရှင်ဖြစ်မှန်းသတိထားမိသွားသောအခါ သူတို့အလျင်အမြန်သွားနေရာမှရပ်လိုက်ကြသည်။ အဆောက်အဦးပေါ်သို့အရင်ဆုံးခုန်ကူးလာကြသူ များသည်ကောင်းမွန်သောခန္ဓာကိုယ်ရှိပြီးစွမ်းရည် ပိုင်ဆိုင်ထားသူများဖြစ်ကာတခြားလူများ၏ထောက်ပံ့မူနှင့်သူတို့၏ကိုယ်ပိုင်စွမ်းရည်ဖြင့်ခုန်ကူးလာကြသည်။ကျန်ရှိနေသောလူအများစုသည်အရင်က ထွက်ပြေးခဲ့တုန်းကဝန်ထုပ်ဝန်ပိုးများဖြစ်သည့် အသတ်ကြီးသူများ၊အမျိုးသမီးငယ်များနှင့်ကလေး များဖြစ်ကြသည်။

သူတို့အရည်အချင်းတွေကိုပြသပြီးခေါင်းဆောင်ကာ တစ်ဖက်ကလူတွေကိုမကယ်ချင်ရင်တောင်သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ?

ဒါပေမယ့်ဒီမိန်းမကကွဲပြားသည်အနည်းဆုံးတော့ သူမတွင်စွမ်းအားရှိသည်။

ကမ္ဘာပျက်ကပ်တွင်စွမ်းအင်များသည်ဘယ်လိုအသုံးဝင်မှန်းကောင်းကောင်းမသိသော်လည်းသူမသည် "စွမ်းအားရှင်"တစ်ဦးဖြစ်သလိုသူတို့အဖွဲ့ထဲကလူ လည်းဖြစ်သည်။

ဆန့်ကျင်ဘတ်ကလူများသည်သူ့မလက်ထဲကမြတ်ပင်ကိုလှမ်းဆွဲလိုက်သည်ကိုမြင်သောအခါချူးလီလီကပျော်ရွှင်သွားသည်။သူ့မပတ်ဝန်းကျင်ကလူတွေ မတုန့်ပြန်နိုင်ခင်မှာသူမကခုန်ချလိုက်သည်။

အစိမ်းရောင်အပင်သည်ဒန်းတစ်ခုရဲ့ကြိုးတစ်ချောင်းနဲ့တူပြီးသူမရဲ့သေးသွယ်ကျစ်လစ်သောကိုယ်လုံးကိုယ်ပေါက်လေးကိုဆန့်ကျင်ဘတ်ဆီသို့ခေါ်ဆောင်သွားနေသည်။ဆန့်ကျင်ဘတ်ကနံရံဆီကိုမရိုက်မိခင်  သစ်ရွတ်အနည်းငယ်သည်ကြီးထွားလာပြီးသူ့မ တဖတ်နံရံနဲ့ဖန်တွေကိုတိုက်မိခြင်း၏အရှက်ရမူကို ရှောင်ကြဉ်ရန်ပိတ်ဆို့ကာကွယ်ထားပေးသည်။

အပေါ်ကလူများသည်မူးဝေအားနည်းပြီးပင်ပန်းနွမ်းနယ်နေတဲ့ချူးလီလီကိုအမြန်ဆွဲတင်လိုက်သည်။ အပေါ်ကနေဆွဲတင်လိုက်လို့အော်လိုက်တဲ့တစ်စုံတစ်ယောက်ရဲ့အသံကိုကြားသောအခါချူးလီလီရဲ့ မျက်လုံးသည်ကြယ်လေးတွေပြည့်နေသလို တောက်ပနေသည်။သူ့မရဲ့မျက်လုံးတွေကိုတမင်တကာပိတ်ထားလိုက်ပြီးသူ့မကိုဆွဲတင်လိုက်တဲ့လူရဲ့လက်မောင်းထဲကိုလဲကျသွားသည်။တိုက်နံပါတ်၁၂ မှာနေတဲ့အမျိုးသားဖြစ်ပြီးသူ့ကချောမောတယ်လို့သူမအမြဲတွေးခဲ့ပေမယ့်သူနဲ့ဆုံဖို့အခွင့်အရေးမရှိခဲ့ ပေ။သူ့ကအမြန်နှုန်းစွမ်းအားနိုးထတဲ့သူဖြစ်ပြီးအရင်ဆုံးခုန်ကူးသွားတဲ့သူဖြစ်သည်။

ဒါကငှက်နှစ်ကောင်ကိုကျောက်တုံးတစ်တုံးနဲ့ပစ်ဖို့ အခွင့်ကောင်းဘဲ။သူ့ကိုအမြဲဒုက္ခပေးသောမယားရှစ်ယောက်ကိုဖယ်ရှားနိုင်ပြီးငါးအကြီးကြီးတစ်ကောင်ကိုဖမ်းမိသည်။

မူးဝေနေသောချူးလီလီကိုကြည့်ပြီးသူတို့သည် အကာအကွယ်လိုအပ်နေသော"ဝန်ထုပ်ဝန်ပိုး"လူ များကိုပြန်ကြည့်ဖို့ဆန္ဒမရှိတော့ဘဲနောက်မှကျိန်ဆဲနေသောသူများကိုလျစ်လျူရှုပြီးနောက်ကိုပြန်မကြည့်ဘဲလှည့်ထွက်ကာလှေကားဆီသို့လျှောက်သွားလိုက်သည်။ဆန့်ကျင်ဘတ်ကလုံခြံရေးတံခါးတွင် ဇွန်ဘီများနှင့်ပြည့်နေပြီဖြစ်သည်။သိပ်မကြာခင်မှာဘဲထိုလူများသည်ဇွန်ဘီများ၏ဝါးမျိုခြင်းသို့မဟုတ် ငတ်သေသွားလိမ့်မည်။ဘာဘဲဖြစ်ဖြစ်သူတို့ရဲ့ ဆွေမျိုးများသည်ကမ္ဘာပျက်ကပ်စတင်ကတည်းက သေးဆုံးသွားကြပြီဖြစ်ပြီးမည်သို့ပင်ဖြစ်စေထိုလူ များသည်သူတို့ရံဖန်ရံခါမှဆုံတက်သည့်အိမ်နီးချင်း များဖြစ်သည်။

"အစ်ကိုကြီးရေကုန်သွားပြီ"သိုက်ကျွင်းကဂိုဒေါင်ရဲ့ ထောင့်မှာထိုင်နေခဲ့ပြီးယောက်ျားတစ်ယောက်ရဲ့ လက်မောင်းကိုဆုပ်ကိုင်ထားကာလွှတ်ဖို့ဆန္ဒမရှိပေ။

"ရေဆာနေသေးတယ်!!ဒီနေ့ရေအများကြီးသောက်ထားပြီပြီလေရေဆာနေသေးရင် သေးသာသောက်လိုက်တော့"အမျိုးသားသည်စိတ်မရှည်စွာဖြင့်လက်မောင်းကိုခါလိုက်ပြီးမက်တပ်ရပ် ကာသူ့နဲ့သိပ်မဝေးတဲ့လူအနည်းငယ်ဆီသို့လျှောက်သွားလိုက်သည်။

သိုက်ကျွင်းသည်သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့လူစုကိုခါးခါးသီးသီးစိုက်ကြည့်လိုက်ပြီးသူ့နှုတ်ခမ်းကို သပ်လိုက်သည်။ကမ္ဘာပျက်က်ဖြစ်ပွားတဲ့နေ့သည် သူ့ဝတုတ်သူဌေးကြီးနဲ့‌ဂေးပါတီပွဲကိုသွားနေတဲ့ အချိန်ဖြစ်သည်။

ပါတီပွဲမှာရှိတဲ့လူအုပ်ကြီးသည်မနက်အစောပိုင်းထိဆက်လက်ပျော်မြူးနေကြပြီးဒီလိုခမ်းနားကြီးကျယ်သောပွဲများကိုမကြုံတွေ့ဖူးသောသိုက်ကျွင်းသည် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့သည်။သူသည်ကြီးမားသော"ဂိမ်းများကို"ရင်ဆိုင်ရန်မရှက်ဘဲသူဌေးတွေဆီက နေမျက်နှာရအောင်လုပ်ခဲ့သည်။

ဒါပေမယ့်ဘယ်သူကဒီလိုမျိုးကိုစိတ်ကူးယဉ်ဖူးမှာလဲ။တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖတ်ထားကြဆဲလူများသည်ညရောက်တော့စတင်ပြီးအချင်းချင်း ကိုက်ဖြတ် စားသောက်နေကြသည်။

ကံကောင်းစွာဖြင့်ထိုအချိန်တွင်လူတစ်ချို့သည်ဇွန်ဘီများဖြစ်မလာကြပေ။ဒါပေမယ့်သူကိုပါတီပွဲ ခေါ်လာသောသူဌေးကြီးသည်ဇွန်ဘီဖြစ်သွားသည်။

အသက်ရှင်နေသေးတဲ့လူများသည်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။သူတို့ထွက်ပြေးလွတ်မြောက်     လာသော်လည်းဘာမှမကျန်တော့ဘူး။ဒီလူတွေရဲ့ ကားပေါ်သူတက်နိုင်ခဲ့ပေမယ့်သူတို့သည်သူ့ကို သေးသေးလေးတောင်မျက်လုံးထဲမထည့်ခဲ့ပေ(ဂရုမစိုက်ခဲ့ပေ)။ဟဲဇီကျုံးနဲ့ဆိုပြောမနေနဲ့ဝတုတ် သူဌေးကြီးနဲ့တောင်နှိုင်းယှဉ်လို့မရပေ။

သူတို့ရဲ့ကားနောက်ခန်းထဲတွင်ရေသန့်ဘူးတွေနဲ့ ဘီယာဘူးတွေအများကြီးရှိသေးတာကိုသူသိသည်။ ထိုလူများသည်အစတုန်းကသူတို့ကြိုက်နှစ်သတ်တဲ့ "အရာများ"ကိုပါတီပြီးသွားရင်သူတို့ရဲ့နိုင်ငံသို့ သယ်ဆောင်သွားလိုကြသည်။ထိုကြောင့်ထိုလူများသည်ကားထဲတွင်အစားအစာနဲ့သောက်စရာတွေ အများကြီးဝယ်ထားခဲ့ကြသည်။အခုတော့ထိုအရာသည်သူတို့ရဲ့ဘဝကိုမတော်တဆကယ်တင်သွားခဲ့သည်.။

ဒါပေမယ့်ဂိုဒေါင်ထဲမှာပုန်းနေတာတစ်လကျော်သွားပြီ။သူတို့ကိုကယ်ဆယ်ရန်အတွက်ဘယ်သူကိုမှလည်းဆက်သွယ်ရန်နည်းလမ်းမရှိသလို…..

"ဒါကဒီလိုအလုပ်လုပ်တာမဟုတ်ဘူး"

"ဒီနေ့ရေဒီယိုကနေကြားခဲ့တယ်၊တစ်နိုင်ငံလုံးပြိုလဲ သွားပြီးAမြို့မှာတော့လုံခြုံတဲ့အခြေစိုက်စခန်းရှိ တယ်တဲ့"

"Fမြို့မှာကကော"

"Fမြို့ရဲ့စစ်တပ်အင်အားကAမြို့နဲ့ဘယ်ယှဉ်နိုင်ပါ့မလဲ"

"Fuck!!!ငါတို့Fမြို့ကိုမလာခဲ့သင့်ဘူး၊ငါသာAမြို့ကအိမ်မှာသာရှိနေခဲ့ရင်ငါလုံခြုံရေးဇုန်ထဲကိုရောက်နေလောက်ပြီ"

"မင်းမိသားစုကဒီလိုအရာမျိုး(ဇွန်ဘီအဖြစ်ပြောင်းလဲခြင်း)မဖြစ်လာဘူးလို့အာမခံနိုင်လို့လား"

"မင်းဘယ်သူ့ကိုလာပြီးကျိန်ဆဲနေတာလဲ၊ငါအဖေက စစ်တပ်ပိုင်တယ်၊သူသာပြောင်းလဲသွားရင် မင်းမိသားစုဆိုစဉ်းတောင်မစဉ်းစားနဲ့"

တစ်စုံတစ်ယောက်ကသူ့ခေါင်းကိုလှည့်လိုက်ပြီးဇွန်ဘီဖြစ်ခြင်းမဖြစ်ခြင်းကတစ်စုံတစ်ယောက်အဖေရဲ့ နောက်ခံနဲ့မဆိုင်ကြောင်းကိုမထီမဲ့မြင်ပြုပြီးသရော်လိုက်သည်။ဒါပေမယ့်အုပ်စုထဲကလူများထဲတွင်သူသည်ကြီးမားသောနောက်ခံရှိတဲ့လူတစ်ယောက် ဖြစ်သည်။အကယ်လို့သူ့မိသားစုကလူတွေက စစ်သားတွေနဲ့ဘေးကင်းတဲ့နေရာကိုပြောင်းရွှေ့သွားနိုင်ခဲ့ရင်လူတိုင်းကဘေးကင်းတဲ့ဧရိယာကိုသွားပြီး ကြရင်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရလိမ့်မည်။ သူကိုစိတ်အနှောင့်အယှတ်ဖြစ်အောင်လုပ်ဖို့မလို သေးဘူး။

နောက်ထပ်တစ်ယောက်ကအကြုံပြုလိုက်သည်။ "Aမြို့ကိုထွက်ပြေးဖို့ကြိုးစားကြည့်ရင်ကော"

လူအများသည်တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်လိုက်ကြသည်။"ဖုန်းတွေကဆက်လို့မရဘူး၊     ဂြိုလ်တုဖုန်းနဲ့တောင်ဆက်လို့မရဘူး၊ငါတို့ဘာသာ ငါတို့နည်းလမ်းရှာမှရမယ်"

သူတို့အားလုံးသည်ဇွန်ဘီအုပ်လိုက်ကြီးကြားမှ ထွက်ပြေးလာခဲ့ကြတာဖြစ်သည်။သူတို့သည် မာနကြီးပြီးမရိုးဖြောင့်သောလူများဖြစ်သောကြောင့် ဇွန်ဘီတွေကိုကားနဲ့ဖြတ်တိုက်ခြင်းကဲ့သို့သော ဒီလိုအခြေနေမျိုးနဲ့လိုက်လျောညီထွေဖြစ်တာပိုလွယ်သည်။သာမာန်လူတွေနဲ့ယှဉ်ရင်သူတို့မှာဖိအား လုံးဝမရှိပေ။ယခုလက်ရှိတွင်ဂိုဒေါင်ပတ်ပတ်လည်တွင်ဇွန်ဘီအနည်းငယ်သာကျန်တော့ပြီးသူတို့မှာ ကားလည်းရှိသည်။တံခါးကိုဖွင့်ပြီးအပြင်ကိုမောင်းထွက်နိုင်သရွှေ့တော့သူတို့Aမြို့ကိုမောင်းသွားနိုင်သည်။

"ကားထဲမှာကောဆီအလုံလောက်ရှိရဲ့လား"

"ဂိုဒေါင်ထဲမှာကားနှစ်စီးထက်ပိုပြီးရှိတယ်မလား၊ငါတို့အဲ့ကနေဓာက်ဆီတွေကိုမျှထုတ်လိုက်မယ်ဆိုရင်Aမြို့ကိုမောင်းသွားဖို့အတွက်လုံလောက်တယ်"

"ပြီးတော့လမ်းမှာလည်းဓာက်ဆီဆိုင်ရှိတယ်"

"okayကံကောင်းချင်တော့ငါဒီတစ်ခါအပြင်ထွက် လာတုန်းကပစ္စတိုပါပါခဲ့တယ်"

သိုက်ကျွင်းကအသတ်ပြင်းပြင်းရှုထုတ်လိုက်သည်။သူ့နောက်သို့ပြန်မလှည့်ခင်ထိုလူကိုမြင်တော့ ထောက်ခံလျက်ထိုလူကိုအလျင်အမြန်မှီလိုက်သည်။အကယ်လို့ထိုသူကသူ့ကိုစိတ်ဆိုးပြီးကန်ခဲ့ရင်တောင်သူစိတ်ထဲလုံးဝမထားပေ။

အနည်းဆုံးတော့သူတို့လုံခြုံရေးဇုန်ကိုမရောင်ခင်အထိသူ့ကိုနောက်မှာမထားခဲ့အောင်စိတ်အနှောင့်အယှတ်မပေးမိအောင်နေရမည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment