no

Font
Theme

နေ့လည်ပိုင်းကနေညနေပိုင်းအထိဟဲဇီကျုံးဟာ အင်တာနက်ကနေမရေတွက်နိုင်အောင်orderတင် ခြင်း၊သတင်းအချက်လတ်များကို စစ်ဆေးပြီးတူညီရာစု၍printထုတ်ခဲ့ခြင်းကြောင့်A4စာရွတ်များကုန်သွားသည်။


"A4စာရွတ်ဝယ်ရမယ်"ဟဲဇီကျုံးသည်သူ့ဖုန်းမှတ်စုထဲတွင်ရေးပြီး နောက်ရေးချိုးခန်းတွင်းသို့မောပန်းစွာဝင်သွားသည်။


နောက်တစ်နေ့မနက်ခင်းအစောတွင်မှာထားတဲ့ ပစ္စည်းတွေဒီနေ့မ ရောက်ကြောင်းကိုအတည်ပြုပြီးနောက်ဟဲဇီကျုံး သည်ဖန်ဟောင် ဟိုတယ်လ်သို့ထွက်လာခဲ့သည်။


ဖန်ဟောင်လက်ထဲကlaptopနှင့်အလတ်ဆိုဒ်အိတ်ကိုကြည့်ပြီးတော့ဟဲဇီကျုံးသည်ဖန်ဟောင်ကသူ့မှာပစ္စည်းအများကြီးမရှိဘူးလို့ပြောတာကိုသတိရသွားသည်။တကယ်အများကြီးမရှိဘူးပဲ။


"စူပါမားကတ်ကိုအရင်သွားရအောင်၊ငါလည်း ဝယ်စရာရှိတယ်"ဖန် ဟောင်ရဲ့အိတ်ကိုယူပြီးတော့ကားနောက်ခန်းထဲထည့်လိုက်သည်။ဟဲဇီကျုံးကနောက်ဆုံးမှာတော့အရင်ဘဝကဖန်ဟောင်နဲ့အတူရှိနေရတဲ့ခံစားချက်ကိုပြန်လည်ရရှိခဲ့ပြီးပေါ့ပေါ့ပါးပါးစကားပြောခဲ့သည်။


ဟဲဇီကျုံး၏အမူရာသည်ဖန်ဟောင်ကိုစိတ်အေးလက်အေးဖြစ်စေခဲ့ပြီးသူ့ကပြုံးကာခေါင်းညိတ်လိုက်သည်။ဘယ်ဘတ်ပါးမှာပါးချိုင့်လေးထပ်ပေါ်လာခဲ့ ပြီးသူကနာခံစွာဖြင့်ဟဲဇီကျုံးနောက်လိုက်သွားကာ ခရီးသည်ထိုင်ခုံပေါ်တက်လိုက်သည်။


"မင်းဘာလို့အိမ်မပြန်တာလဲ၊မင်းအိမ်ကအလုပ်နဲ့အရမ်းဝေးလို့လား"ဟဲဇီကျုံးကကားမောင်းနေရင်းနဲ့ မေးလိုက်သည်။


ဖန်ဟောင်ရဲ့အပြုံးကအေးခဲသွားပြီး "သူ့တို့အကုန်လုံးကSမြို့မှာ"


"အာ?"ဟဲဇီကျုံးကအံ့ဩသွားသည်။ဖန်ဟောင်က ဒီကမလို့ဘွဲ့ရပြီးနောက်မှာအလုပ်လုပ်ဖို့ပြန်လာတာလို့ထင်နေခြင်းဖြစ်သည်။


ဖန်ဟောင်ကအပြုံးလေးနှင့်ရှင်းပြခဲ့သည် "ကျွန်တော်အထက်တန်းစီနီယာနှစ်မှာအဖေကသူ့အလုပ်ကိုSမြို့ကိုပြောင်းခဲ့တာအဲဒီကတည်းကသူတို့အဲ့မှာနေတာ"


သူတို့?


ဖန်ဟောင်ရဲ့စကားကတစ်ခုခုရှိခဲ့ပုံရကာဟဲဇီကျုံးကိုပဟေဠိဖြစ်စေပေမယ့်လည်းသူတို့နှစ်ယောက်က မနေ့ကမှတွေ့ဆုံခြင်းဖြစ်ပြီးမေးရန်မသင့်တော်ပေ။


"မင်းဘယ်မှာတက္ကသိုလ်တက်ခဲ့တာလဲ၊မင်းဒီမှာအလုပ်ရှာတွေ့ပြီမလား"


"တက္ကသိုလ်ကတော့Mမြို့မှာတက်ခဲ့တာအလုပ်က တော့."ဖန်ဟောင်ရဲ့မျက်နှာကနီလာပြီးအသံတိုးတိုးလေးဖြင့်"ကျွန်တော်ရှာနေတုန်း.."


ရှာနေတုန်း?သူ့အလုပ်တစ်ခုမှမတွေ့ဘဲနဲ့Fမြို့ကို လာခဲ့တာလား။သူ့ရဲ့မိသားစုကSမြို့မှာတက္ကသိုလ်တက်ခဲ့တာကMမြို့မှာပြီးတော့အခုဟိုတယ်လ်မှာ နေနေတာအဲ့ဆိုFမြို့မှာသူ့အိမ်မရှိဘူးပေါ့။ဟဲဇီကျုံးကဘယ်လိုဘဲစဉ်းစားကြည့်ကြည့်သူ့Fမြို့ကိုမလာသင့်ဘူး။


ဖန်ဟောင်ကသူကြောင့်Fမြို့ကိုလာခဲ့တာလို့ ဟဲဇီကျုံးကမတွေးဝံ့ပါ ဘူး။ဖန်ဟောင်ကသူ့ကိုအမြဲတမ်းကြိုက်ခဲ့ရင်တောင်သူ့Fမြို့မှာရှိနေဆဲဆိုတာကိုမသေချာနိုင်ဘူး။ပြီး တော့သူ့တို့နှစ်ယောက်ကြားမှာလည်းထူးထူး ခြားခြားဆက်ဆံရေးမရှိဘူး။ဒီလောက်နည်းတဲ့ အခွင့်အရေးတွက်နဲ့သူ့ဒီကိုလာခဲ့တယ်ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ။


ဖန်ဟောင်ကိုကြည့်ဖို့သူခေါင်းကိုလှည့်လိုက်တော့နီရဲနေတဲ့နားရွတ်လေးနဲ့ဖြူဖွေးပြီးသန့်ရှင်းနေတဲ့ လည်ပင်းလေးကိုသာမြင်လိုက်ရ ပြီးသူ အာခေါင်ခြောက်သွားသည်။


"ဟုတ်လား၊ငါလည်းအလုပ်ထွက်ထားတာအလုပ်တူတူရှာရအောင်"


ဟဲဇီကျုံးရဲ့စကားကသူ့တို့နှစ်ယောက်ကြားကကိုးရိုးကားရားဖြစ်မှုကိုရပ်တန့်သွားစေသည်။ဖန့်ဟောင်ကအံ့အားသင့်သွားပြီး "အလုပ်ထွက်တယ်!?စီနီယာကဘာလို့အလုပ်ထွက်လိုက်တာလဲ"


"အလုပ်ကဖိအားများလွန်းတယ်၊သက်တောင့်သက်သာဖြစ်မယ်အလုပ်ပဲလုပ်ဖို့စီစဉ်ထားတယ်၊ထွက်စာကိုအတည်မပြုရသေးခင်တစ်လ လောက်အိမ်မှာဘဲအနားယူမယ်လေ"


နှစ်ယောက်သားစကားပြောရင်းစူပါမားကတ်ထဲ မောင်းဝင်လာသည်။ကားတံခါးကိုဖွင့်လိုက်တာနဲ့ ဟဲဇီကျုံးဟာစနစ်တကျထုပ်ပိုးထားတဲ့ဧရာမချောကလတ်တာဝါတိုင်များကြောင့်အံ့ဩသင့်သွားသည်။


ဒီနေ့ကဖေဖော်ဝါရီ၁၄ချစ်သူများနေ့ဆိုတာကို မေ့သွားသည်။


ဖန်ဟောင်ကိုကြည့်လိုက်တော့သူ့မျက်နှာကတော် တော်လေးနီရဲနေတာကိုမြင်လိုက်ရပြီးသူ့ခေါင်းကိုငုံ့ ပြီးဘဲသူ့(ဟဲဇီကျုံး)နောက်လိုက် လာသည်။မနေ့ကသူ(ဟဲဇီကျုံး)ဖုန်းဆက်တော့ အရမ်းကိုစိတ်လှုပ်ရှားနေတာအံ့ဩစရာမရှိတော့ဘူး။


နှစ်ယောက်သားရွှေချောကလတ်တောင်ကိုဖြတ်ပြီးတော့ဆိုင်ခန်းတွေဘတ်လျှောက်သွားသည်။သူ့တို့ နှစ်ယောက်ခုမှပြန်တွေ့တာဆိုတော့ချောကလတ် ဝယ်ပေးတာမသင့်တော်ဘူးထင်တယ်။


အိတ်ကြီးအိတ်ငယ်တွေနဲ့ကားထဲတွင်ပြည့်နေသည်။ဟဲဇီကျုံးကဖန် ဟောင်လိုအပ်မယ်ထင်တဲ့ပစ္စည်းတော်တော်များ များကိုဖန်ဟောင်အားနှစ်ခုစီဝယ်ဖို့တိုက်တွန်းခဲ့သည်။သူဖန်ဟောင်ပိုက်ဆံကုန်မှာကိုထည့်မစဉ်စား တာမဟုတ်ဘူး။ဒါပေမယ့်သူ့(ဖန်ဟောင်)အနာဂတ်တွက်ဒီပစ္စည်းတွေကိုပြင်ဆင်ထားဖို့သေချာစေချင်သည်။မတ်လဆိုရင်ကမ္ဘာပျက်ကပ်ကဖြစ်တော့မှာ ပစ္စည်းတွေများများရှိလေကောင်းလေဘဲ။


သူတို့နှစ်ယောက်တစ်မနက်လုံးလှည့်ပတ်သွားခဲ့ပြီးအနီးနားကFastfoodဆိုင်မှာနေ့လည်စာစားခဲ့သည်။ဖန်ဟောင်ကဖိတ်ကြားခြင်းဖြစ် ပြီးဖန်ဟောင်ရဲ့အိမ်တက်ပွဲအဖြစ်မှတ်ယူနိုင်သည်။


ရပ်ကွတ်ထဲကိုပြန်မောင်းလာခဲ့ပြီးသူ့ပစ္စည်းတွေကိုသယ်ဖို့ကူညီပေးသည်။အိမ်ထဲကိုဝင်ပြီးနောက်အလွတ်နီးပါးဖြစ်နေသောအခန်းကိုကြည့်ကာမျက်ခုံးကြုံမိသွားသည်။


ဖန်ဟောင်ကအခန်းကိုပရိဘောဂအပြည့်အစုံနဲ့ပြင်ထားတယ်လို့ပြောခဲ့သည်။ဒါပေမယ့်ဧည့်ခန်းမှာတီဗွီဗီရိုတစ်ခု၊ခေတ်ဟောင်းCRTတီဗွီတစ်လုံး၊ပျက်ဆီးယိုယွင်းနေသောဆိုဖာတစ်ခုံ၊သစ်သားကော်ဖီစားပွဲတွေဘဲရှိပြီးတခြားပရိဘောဂများမရှိပေ။


ဒီရပ်ကွက်အတွင်းမှာရှိတဲ့အဆောက်အအုံတော် တော်များကစီးပွားဖြစ်ငှားတဲ့နေရာပြောင်းရွှေ့အိမ်တွေမှန်းသိသည်။ဖန်ဟောင်ငှားတဲ့တစ်ခုကလည်းနေရာပြောင်းရွှေ့အိမ်ဖြစ်သည်။ပရိဘောဂတွေကအရင်အိမ်ပိုင်ရှင်ရဲ့ပရိဘောဂဟောင်းတွေဖြစ်နိုင်သည်။ဒါပေမယ့်လည်းဒါကတော့မဟောင်းလွန်းဘူးလား!?မူလပိုင်ရှင်သည်သားသမီးများနှင့်အတူနေပြီးပရိဘောဂဝယ်ဖို့ကပ်စည်းနဲတဲ့အဘွားကြီးလို့သံသယဖြစ်မိသည်။အဲဒါကြောင့်မလို့ဒီလိုရိုးရိုးရှင်းရှင်းဘဲအလှဆင်ထားတာပေါ့။


"ဒီအိမ်ရှင်ကအဘိုးကြီးဒါကြောင့်အရင်အိမ်က ပရိဘောဂကိုသုံးလိုက်တာ"တံခါးကိုမဝင်ခင်က သူ့အိမ်အသစ်ကဘယ်လိုပုံစံမျိုးလဲဆိုတာကို မေ့သွားပြီးမျက်နှာပူပူနဲ့ရှင်းပြလိုက်ရသည်။


ဖန်ဟောင်ကိုကြည့်ပြီးတော့ဟဲဇီကျုံးကအထုပ်တွေချလိုက်ပြီးမီးဖိုချောင်ကိုဝင်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့်မီးဖိုချောင်မှာတော့ kitchen setတစ်ခုလုံးကိုအသစ်တပ််ဆင်ထားသည်။ ရေခဲသေတ္တာ ကလည်းအဟောင်းဖြစ်သည်။


ရေးချိုးခန်းကိုကြည့်လိုက်ပြန်သည်။ရေးချိုးတဲ့ showerပိုက်ခေါင်း လေးကလွဲပြီးဘာမှမရှိပေ။အိမ်သာကလည်းစျေးအသက်သာဆုံးအမျိုးအစားဖြစ်ပြီးတစ်ကြိမ်တည်းနဲ့အပြီးအပိုင်သန့်စင်ရန်လုံးဝမဖြစ်နိုင်ပေ။


သူ့မျက်လုံးထဲတွင်ရှုပ်ထွေးသောအကြည့်တစ်ခုပေါ်လာသည်။မနေ့ကအေးဂျင့်နဲ့သဘောတူခဲ့သောမြင်ကွင်းကိုတွေးကြည့်ရင်ဖန်ဟောင်အိမ်ငှားဖို့သဘောတူခဲ့ခြင်းက၁၀၀မှာ၉၀ရာခိုင်နှုန်းလောက်ကသူ ကြောင့်ဖြစ်နိုင်သည်။ထိုက်တန်ရဲ့လား။


ဟဲဇီကျုံးဟာအချစ်တွက်အသက်ရှင်ပြီးသေဆုံးတဲ့လူကိုမမြင်ဘူးတာတော့မဟုတ်ပေ။ အဲ့လိုလုပ်တဲ့သူတွေကိုကောလိပ်နှင့်အထက်တန်းကျောင်းမှာတုန်းကသူမြင်ဖူးသည်။လမ်းခွဲလိုက်တဲ့အခါသေချင်ပြီးတစ်ဖတ်လူမရှိရင်အသက်မရှင်ချင် ဖူးဆိုတဲ့အမူရာမျိုးဖြစ်ပေါ်လာသည်။ဒါပေမယ့်လည်းခွဲပြီးတော့နှစ်လသုံးလလောက်ကြာသောအခါတွင်သူတို့ကစစ်မှန်တဲ့လူနဲ့တွေ့ဆုံပြီဆိုပြီးဆက်ဆံရေးအသစ်ကိုပြန်လည်စတင်ကြသည်။


ဒါပေမယ့်နှစ်အတော်ကြာတဲ့အထိသူအတွက် အသက်စွန့်နိုင်တဲ့ဖန် ဟောင်လိုတစ်စုံတစ်ယောက်ကတော့.ဒါဟာတကယ်ကိုပထမဆုံးအကြိမ်ဖြစ်ပြီးဒီလိုမျိုးသူနဲ့တစ်ကြိမ်သာတွေ့ဆုံသေးသည်။


"ငါအိမ်ကိုဘဲသွားကြရအောင်"ပြောပြီးနောက် ဟဲဇီကျုံးခန္ဓာကိုယ်သည်ရုတ်တရက်ပေါ့ပါးသွား သလိုခံစားရပြီးသူမျက်နှာပေါ်တွင်စိတ် အေးသွားသည့်အပြုံးတစ်ခုပေါ်လာကာမြေကြီးပေါ်ကပစ္စည်းတွေကိုသယ်လိုက်ပြီး "ဒီမှာမင်းဟာဘာမှမရှိဘူးမဟုတ်လား၊လာသွားမယ်"ဖန်ဟောင်ကသူ့ကိုပစ္စည်းတွေဝယ်ဖို့ခေါ်တယ် ဒါဆိုသူငှားထားတဲ့အိမ်မှာသူပိုင်တဲ့ပစစည်းတစ်ခုမှမရှိလောက်ဘူး။


"ဟမ်?ဟမ်?!"ဖန်ဟာင်အံ့ဩနေတာကို အပြစ်မတင်ပါနဲ့ဟဲဇီကျုံးဘာကိုဆိုလိုမှန်းတောင်မသိလိုက်ပါဘူး။


"ဒီရက်ပိုင်းတွေမှာငါပစ္စည်းဝယ်ဖို့အပြင်ထွက်ရမယ်၊ပြီးတော့ငါအင်တာနက်ပေါ်ကနေလည်းပစ္စည်းများ ကြီးဝယ်ထားသေးတယ်နေ တိုင်းတောင်လက်ခံရရှိကြောင်းလက်မှတ်ထိုးရ မလားမသိဘူး"ဟဲဇီကျုံးကပစစည်းတွေကိုအိမ် တံခါးဝဆီသို့သယ်သွားရင်းနဲ့ပြောလိုက်သည်။


"သွားမယ်လေ၊ငါအိမ်မှာခဏလောက်လာနေ"ဘာဘဲဖြစ်ဖြစ်ကမ္ဘာပျက်ကပ်ကအကြာခင်ဖြစ်တော့မှာမို့ဒီအိမ်ကိုပြန်လာမလာကအရေးမကြီးတော့ဘူး။


ဖန်ဟောင်ကအံအားသင့်ပြီးလန့်သွားကာမိန်းမောတွေဝေစွာဖြင့်ဟဲဇီကျုံးအပြင်ထွက်တော့လိုက်သွား ပြီးတံခါးကိုသော့ခတ်ကာဓါက်လှေကားကိုစီးပြီးဆန့်ကျင်ဘတ်အဆောက်ဦး(ဟဲဇီကျုံးတိုက်ခန်း)ရဲ့ ကားပါကင်မှာကားရပ်တာကိုစောင့်နေသည်။ကားထဲမှအရာအားကိုသယ်သွားဖို့ကူညီပြီးနောက်မှသူ အာရုံတွေပြန်ရောက်လာသည်။


{{{ခုနကသူဘာပြောလိုက်တာလဲ?သူအိမ်ဆီသွားမယ်?နေရမယ်!!ရက်အနည်းငယ်လောက်!!!!!


ဖန်ဟောင်ရဲ့အသားရေကမူလကအရမ်းဖြူပေမယ့်လည်းအခုတော့ လုံးဝကိုနီတာရဲလေးဖြစ်နေသည်။နေဦးအရမ်းမြန်လွန်းနေတယ်၊သူနည်းနည်းရှုပ်ထွေးနေသည်။ စီနီယာရဲ့အဓိပ္ပါယ်ကအတူနေဖို့?!သူဒုတိယအကြိမ်တောင်မဝန်ခံရသေးဘူးလေ။တူတူနေဖို့ခေါ်တာကအရမ်း မြန်လွန်းမနေဘူးလား!!!!!!


ဟဲဇီကျုံးအိမ်ကဧည့်သည်ခန်းထဲမဝင်ခင်ထိ(စိတ်လှုပ်ရှားမျှော်လင့်) ဖြစ်ပြီးအဆုံးမှာတော့အဲဒါကဧည့်သည်ခန်းချည်းဘဲဖန်ဟောင်ကအနည်းငယ်ပျောက်ဆုံးသွားသလို ခံစားရပြီးသက်ပြင်းတစ်ချက်ချသည်။သို့သော်သူသည်လျင်မြန်စွာအားအင်တွေပြန်ရလာသည်။


သူကဒီတိုင်းဘဲပြောတာ!!စီနီယာကတွေ့တာမကြာသေးတဲ့လူနဲ့အိပ်ယာပေါ်မှာလူးလိမ့်ပြီးအတူနေချင်မယ့်လူစားမျိုးမဟုတ်ဘူး။သူ့တို့ နောက်ဆုံးတွေ့ခဲ့တာခြောက်နှစ်ခွဲလောက်ရှိပြီ ဆိုပေမယ့်သူကစက်ဆုပ်ဖွယ်ကောင်းတဲ့မြင်းထီး (one_night standနေတဲ့)လိုလူမျိုးဖြစ်လာ မယ့်သူမဟုတ်ဘူး။သူကအရင်တိုင်းဘဲ!!!


ဘာဘဲဖြစ်ဖြစ်သူအိမ်တံခါးဝသို့ဝင်လာပြီးနောက်မှာတော့မာစတာအိပ်ခန်းရှိကုတင်ပေါ်ကိုတက်နိုင် သည့်လူတစ်ယောက်ဖြစ်လာဖို့ကြိုး ကြိုးစားစားလုပ်ရမယ်}}}


ဖန်ဟောင်သည်တိက်တဆိတ်လက်သီးဆုပ်ပြီး ကြောင်နက်နဲ့တူသောမျက်လုံးလေးကအလင်းတန်းကဲ့သို့တောက်ပနေသည်။ဟဲဇီကျုံးကသူ့အိမ်မှာနေဖို့ဘာကြောင့်ဖိတ်တာလဲဆိုတော့သူငှားထားတဲ့အိမ်ကဆိုးဝါးတဲ့အခြေနေတွေကိုတွေ့ပြီးနောက်မှာကိုယ်ချင်းစာတရားတွေပြည့်လျှံလာပြီးစီနီယာကသူ့အတွက်စိတ်မကောင်းဖြစ်လို့ဘဲဖြစ်မည်။


"ဟိုဟာ.စီနီယာကျွန်တော်အိမ်ငှားခပေးမယ်လေ"ဟဲဇီကျုံးအိမ်တွင်နေဖို့ဖုံးကွယ်ထားသောရည်ရွယ်ချက်နဲ့ဆုံးဖြတ်ခဲ့သော်လည်းသူ့အားအခွင့်ကောင်းမယူချင်ပေ။အထူးသဖြင့်အခုသူတို့နှစ်ယောက်ကထူး ခြားတဲ့ဆက်ဆံရေးမဟုတ်သောကြောင့်သူ့ကအခုလိုလုပ်ဖို့အနေအထားမရှိဘူး။


ဟဲဇီကျုံးအံ့အားသင့်သွားသည်။ကမ္ဘာကြီးအဆုံးသတ်နဲ့နီးလာပြီဖြစ်သောကြောင့်သူသည်ဤကမ္ဘာကြီးတွင်ငှားခပေးရသေးသည်ကိုလုံးဝမေ့သွားကာ"မင်းငှားခဘယ်လောက်ပေးလိုက်ရလဲ"


"တစ်လကိုနှစ်ထောင်နှစ်ရာပေးရတယ်တစ်လစာကိုစရန်ပေးပြီးသုံးလ စာကြိုသွင်းရတာ"


ဟဲဇီကျုံးမျက်ခုံးတွန့်သွားသည်။လေးလငှားခကယွမ်ရှစ်ထောင်ရှစ်ရာ၊ယွမ်ရှစ်ထောင်ရှစ်ရာကပစ္စည်းအများကြီးဝယ်ဖို့လုံလောက်သည်။ဒါပေမယ့်လည်းဖန်ဟောင်ကစာချုပ်မှာလက်မှတ်ထိုးပြီးပြီငွေပြန်ယူရန်အခတ်ခဲဖြစ်မှာကိုသူစိုးရိမ်သည်။


"အဲ့ဆိုကျွန်တော်စီနီယာကိုတစ်လနှစ်ထောင်ပေး မယ်လေအဆင်ပြေလား"သူဒီထက်ပိုပြီးတော့မပေးချင်တာမျိုးမဟုတ်ပေမယ့်လည်းသူ မှာတကယ်ပိုက်ဆံအများကြီးမရှိပေ။သူ့မိဘတွေနဲ့အဆက်အသွယ်ဖြတ်ပြီးကတည်းကတကကသိုလ် လေးနှစ်လခကိုပေးရန်လုံလောက်ရုံ မျှသာဖြစ်ပြီးသူမှာစားဖို့တောင်ပိုက်ဆံအများကြီးမရှိပေ။ပိုက်ဆံစုဖို့တကယ်ခက်ခဲသည်။သူဒီထက်ပိုပြီးပေးရင်အချိန်တိုတွင်းအလုပ်မရှာနိုင်ပါကသူ့ တကယ်မွဲသွားမှာစိုးရိမ်သည်။


"မလိုပါဘူး"အိမ်တစ်အိမ်ကိုငှားခနှစ်ထောင်နှစ်ရာသူ့ကအခန်းတစ်ခန်းဘဲငှားပြီးတော့ဘယ်လိုလုပ် အဖိုးအခနေနဲ့နှစ်ထောင်ကိုယူရမှာလဲ။ပြီး တော့သူကိုဒီမှာနေခွင့်ပေးရတာကလဲငှားဖို့မဟုတ်ဘူး။


သူ့မျက်လုံးများတွင်ရှုပ်ထွေးသောစိတ်ခံစားမှုအရိပ်ယောင်ပေါ်လာသည်။ဖန်ဟောင်အနေနဲ့အခုချိန်မှာသူခံစားချက်တွေကိုနားမလည်နိုင်ဘူးဆိုတာကိုဟဲဇီကျုံးသိသည်။သူနဲ့အတူခြောက်လလောက်နာကျင်စရာတွေကိုမကြုံဖူးသေးတော့သူ့မပြောနိုင်ဘူး:::::;အရင်ဘဝတုန်းကမင်းကငါလက်မောင်းတွေထဲမှာသေခဲ့တာကြောင့်လို့ပြီးတော့ငါမင်းကိုအရမ်းကြိုက်နေတာကိုသိခဲ့ရလို့လို့၊အဲဒါကြောင့်မို့အတူနေကြရ အောင်လို့?!


ဖန်ဟောင်ကသေချာပေါက်သူကိုရူးနေတယ်လို့ထင်သွားလိမ့်မည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment