no

Font
Theme

အဖြူရောင်အလုံးလေးသည်ဖန်ဟောင်ရဲ့ လက်မောင်းထဲတွင်နေရတာကိုကြိုက်ပုံရသည်။   ဟဲဇီကျုံးကသူ့ကိုမြေကြီးပေါ်ချလိုက်သောအခါထိုအရာလေးသည်ခုန်ပေါက်သွားပြီးဖန်ဟောင်      လက်မောင်းထဲတွင်ပျော်ရွှင်စွာဖြင့်ပွတ်သပ်နေသောကြောင့်သူတို့နှစ်ယောက်လုံးအံ့ဩနေမိသည်။   ကံကောင်းထောက်မစွာဖြင့်၎င်းသည်အန္တရယ်ရှိပုံ         မပေါ်သော်လည်းထိုအရာလေးသည်လူတွေရဲ့ လက်မောင်းထဲတွင်လှဲလျောင်းပွတ်သပ်ရတာကို ကြိုက်နှစ်သတ်ပုံပေါ်သောကြောင့်၎င်းတို့နှစ်ဦးသည်ယာယီဒီတိုင်းထားလိုက်သည်။

အဆောက်အအုံသေးလေး၏တတိယထပ်တွင်ဗုဒ္ဓ ယစ်ပုလ္လင်ရှိတဲ့အခန်းနှင့်အပြင်ဘတ်ကဝရန်တာ မှလွဲ၍အခြားအရာမရှိပေ။နှစ်ယောက်သား အပြာရောင်ဆုတောင်းဖျာနှင့်အမွေးနံသာထွန်းတဲ့ ခွက်တွေကိုတောင်လှန်လျောကြည့်ခဲ့ပေမယ့် အဖြူရောင်အလုံးလေးကလွဲပြီးမရှိပေ။

ဒုတိယထပ်ကိုပြန်ဆင်းလာပြီးသူတို့တစ်ကြိမ်ဝင်ဖူးသည့်စာအုပ်စင်တွေနဲ့ပြည့်နေတဲ့အခန်းကိုဝင်လိုက်သည်။ပတ်ပတ်လည်ကိုခဏလောက်ကြည့်ပြီးနောက်စားပွဲခုံပေါ်တွင်ထင်ရှားနေသောရှေးဟောင်း စာအုပ်တစ်အုပ်ကိုတွေ့လိုက်သည်။

၎င်းကိုသေးငယ်သောတံဆိပ်ပုံစံဖြင့်ရေးထားသောကြောင့်ဟဲဇီကျုံးသည်ခေါင်းစဉ်ကိုအကြမ်းဖျင်းသာခွဲခြားနိုင်သည်။သုံးလေးကြိမ်လောက်အပြန်ပြန် အလှန်ဖတ်ကြည့်ပြီးနောက်နားလည်မူလွဲတာ           မဖြစ်နိုင်ဘူးဆိုတာကိုအတည်ပြုလိုက်သည်။  သူ့ကဖန်ဟောင်ကိုရှက်ရွံ့နေသောအမူအရာဖြင့် ကြည့်လိုက်သည်"ဒီစာအုပ်က…….."

သူ့လက်မောင်းထဲမှာသက်တောင့်သက်သာလေးနဲ့ မှေးနေတဲ့အဖြူရောင်အလုံးလေးကိုကိုင်ထားရင်း ဖန်ဟောင်ကမျက်တောင်တဖျက်ဖျက်ခတ်ရင်းကြည့်နေသည်။

"အကယ်လို့ကိုယ်ထင်တာမှန်မယ်ဆိုရင်ဒီစာအုပ်ရဲ့ ခေါင်းစဉ်က…."ဟဲဇီကျုံးကချောင်းဆိုးလိုက်ပြီး သူ့လည်ချောင်းကိုရှင်းလိုက်ကာ"ရွှမ်းရှော့လျိုဝှတ်သိုင်းကျင့်စဉ်"

သူ့မျက်လုံးတွေကပြူးကျယ်သွားပြီးအဖြူရောင်အလုံးလေးသည်"ပလုပ်"ဆိုသောအသံနှင့်မြေကြီးပေါ် ပြုတ်ကျသွားပြီးဖန်ဟောင်ခြေထောက်ဘေးတွင်     မူးဝေပြီးတော့ယိမ်းခါနေသည်။အဖြူရောင်အလုံး လေး၏မျက်နှာသည်အနီရောင်ပြောင်းပြီးစိတ်ဆိုး နေတာကိုဖန်ဟောင်ကသတိမထားမိဘဲဟဲဇီကျုံးကိုရှက်ရွံ့စွာကြည့်နေသည်။သူ့ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ် နေမိပြီးဘာပြောရမှန်းမသိပေ။

ဟဲဇီကျုံးကခေါင်းကိုငုံ့ပြီးစာရွတ်ကိုလှန်လိုက်သည်။ ပုံတွေပါတဲ့စာမျက်နှာကိုမရောက်သေးခင်အထိ တံဆိပ်တုံးပုံစံဖြင့်ရေးသားထားသောစာသားများက စုပြုံနေပြီးဘာရေးထဲမှန်းကိုသူ့သေချာနည်းမလည်သော်လည်းစာအုပ်အထဲတွင်လူနှစ်ယောက်၏ ကိုယ်လုံးတီးပုံများကိုရေးဆွဲထားတာတွေ့လိုက်ရသည်။ထိုကိုယ်ဟန်အနေထားကသူ့ခန့်မှန်းတာ မမှားကြောင်းအတည်ပြုပေးခဲ့သည်။

ဖန်ဟောင်ကဟဲဇီကျုံးဘေးနားမှာရပ်နေတာဖြစ်ပြီး       သူ့လည်းထိုပုံတွေကိုမြင်နေရသည်။ရှက်ရွံ့နေပြီး    ခေါင်းကိုငုံထားသည်။သူတို့နှစ်ယောက်ကအတူတူ နေပြီးပြီဖြစ်သော်လည်းရှက်ရွံ့ဖွယ်ကောင်းသောအရာများကိုပြုလုပ်တဲ့အခါတိတ်တဆိတ်လုပ်ကြပြီး     ညစ်ညမ်းစာအုပ်များ၊ရုပ်ရှင်များကိုအတူတကွကြည့်တာကြမတူဘူးလေ!!!

တစ်ယောက်တည်းဒီလိုအရာမျိုးကိုဘယ်နှကြိမ်ဘဲ ကြည့်ကြည့်တခြားသူ့နဲ့ကြည့်ရတာလောက် ရှက်စရာမကောင်းပေ။အထူးသဖြင့် သူ့အချိန်ကြာကြီးcrushလာပြီးအခုမှချစ်သူဖြစ်လာတဲ့လူနဲ့ကြည့်ရတဲ့အခါမျိုးလောက်ရှက်စရာကောင်းတာမရှိဘူး!!!

စာမျက်နှာတစ်မျက်နှာပြီးတစ်မျက်နှာလှန်ပြီးနောက်နောက်ပိုင်းစာမျက်နှာအများစုသည်စာသားများ ပါသည့်ရုပ်ပုံများဖြစ်သည်။အမျိုးမျိုးသောကိုယ်ဟန်နှင့်အနေထားမျိုးစုံတစ်ချို့သောညစ်ညမ်းစာအုပ် များတွင်ပင်မတွေ့နိုင်လောက်သောအရှက်မဲ့သောပုံများပါသည်။

စာအုပ်တစ်ဝက်လှန်လောက်ပြီးတဲ့အခါဆွဲထားတဲ့ပုံသည်ယောက်က်ျားလေးနှင့်မိန်းကလေးပုံကနေ ယောက်ျားလေးအချင်းချင်းပုံသို့ရုတ်တရက် ပြောင်းသွားသည်။

"အဲ့အချိန်တည်းကဒီလိုမျိုးယောက်က်ျားလေးချင်း ချင်းနှစ်ကိုယ်တူကျင့်ကြံတာမျိုးရှိတာလား?" ဒီစာအုပ်ကိုဘယ်အချိန်တုန်းကထုတ်ဝေခဲ့မှန်း              ဖန်ဟောင်မသိသော်လည်းတံဆိပ်တုံးအက္ခရာလေးများဖြင့်ရေးသည့်ရာစုနှစ်ကဖြစ်လောက်သည်။ ဟိုရှေးခတ်တုန်းကအရမ်းပွင့်လင်းခဲ့တာလား။ ယောက်ျားလေးနဲ့မိန်းကလေးနှစ်ကိုယ်တူကျင့်ကြံတာကထားလိုက်တော့ယောက်ျားလေးချင်းချင်း တောင်နှစ်ကိုယ်တူကျင့်တယ်ဆိုတော့!!???

ဟဲဇီကျုံးကသူ့ပါးလေးကိုဆွဲလိုက်ပြီးပုံဆွဲထားတာကိုကြည့်ကာကိုယ်ဟန်ပုံစံအနေထားများနှင့် အထက်ကရှင်းပြလမ်းညွှန်ချက်များကပါအရှေ့မှာဆွဲထားတဲ့ယောကျာ်းလေးနဲ့မိန်းကလေးလိုမျိုးပုံစံ           အနေထားနဲ့ဆင်တူကြောင်းကိုအတည်ပြုလိုက်သည်။စာအုပ်ပြီးခါနီးတွင်မိန်းကလေးအချင်းချင်းအတွဲ                 ဖြစ်သွားသည်။

နှစ်ယောက်သားနောက်ထပ်ပြောစရာစကားမဲ့သွား ပြန်သည်ဒီအချိန်မှာသူ့တို့ရဲ့ထိတ်လန့်အံ့ဩသွားတဲ့ ခံစားချက်ကိုဖော်ပြရန်စကားလုံးတောင်ရှာမတွေ့ တော့ချေ။

………..ပန်းချီကားတွေကြောင့်သူတို့စိတ်တွေလုံးလုံးလျားလျားကြီးကိုရှုပ်ထွေးသွားသည်။အခုနက ရှက်နေတဲ့အရှက်တရားတွေတောင် ပျောက်ကွယ်သွားသည်။သူတို့(မိန်းကလေးအချင်းချင်း)တွေအတွက်ကောအဲ့လိုဘဲလွယ်တာလား????

အဖြူရောင်အလုံးလေးသည်သူ့ကိုယ့်သူနှိမ့်သိမ်ရန် နှင့်ဖတ်ထားရန်အတွက်ဖန်ဟောင့်လက်မောင်းထဲကိုပစ်ဝင်လိုက်သည်။ပြတင်းပေါက်အပြင်ဘတ်က ကောင်းကင်ကြီးအလင်းရောင်ထွက်စပြုနေတာကို   ဟဲဇီကျုံးကသတိထားမိလိုက်သည်။နေရာလွတ်   မြှင့်တင်ခြင်းကြောင့်သူတို့အကြာကြီးမအိပ်လိုက်ရ ပေမယ့်ပြန်မအိပ်တော့ဖို့ဆုံးဖြတ်လိုက်သည်။

"ကိုယ်စာအုပ်အချို့သွားရှာလိုက်ဦးမယ်၊ဒီစာအုပ်က    ဘာတွေပြောထားတာလဲဆိုတာကိုအတိအကျသိ ရအောင်လို့"ဟဲဇီကျုံးသည်ထိုသေးငယ်သောတံဆိပ်တုံးပုံစံအက္ခရာများကိုရှာရန်သူ့မှာရှိတဲ့ တရုတ်အက္ခရာသင်ကြားခြင်းကိုအထူးပြုတဲ့စာအုပ်အချို့ကိုရှာလိုက်သည်။

သူ့အချိန်တော်ကြာလေ့လာခဲ့သော်လည်းသူ့က အသုံးများတဲ့အက္ခရာနဲ့ဆက်စပ်နေတဲ့ရှေ့ဟောင်းအက္ခရာများကိုသာသိပြီးပိုမိုရှုပ်ထွေးသောအက္ခရာ များကိုမသိပေ။

မျက်နှာကိုအရှေ့နဲ့နောက်မခွဲခြားနိုင်လောက်အောင်သူ့ကိုယ်ပေါ်မှာထပ်ခါထပ်ခါပွတ်သပ်နေတဲ့ ဖက်ထုပ်လိုအဖြူရောင်အလုံးလေးကိုကိုင်ကာ ဖန်ဟောင်ကခေါင်းညိတ်လိုက်သည်။"ဟုတ်ကဲ့ ကျွန်တော်မနက်စာသွားပြင်လိုက်ဦးမယ်"

ဟဲဇီကျုံးကမြေအောက်ထပ်ဂိုဒေါင်ဆီဝင်လိုက်ပြီး    သူ့သယ်လာတဲ့စာအုပ်များကိုရှာဖွေလိုက်သည်။    ထို့နောက်သူသည်နောက်ဆုံးအကြိမ်စာအုပ်စတိုးမှ စုဆောင်းထားသောစာအုပ်များကြားတွင်လှန်လှောရှာဖွေလိုက်သည်။တံဆိပ်တုံးအက္ခရာနဲ့သက်ဆိုင်သည့်စာအုပ်အနည်းငယ်ကိုရှာဖွေတွေ့ရှိပြီးနောက်သူ့ကခုနကတွေ့ခဲ့တဲ့စာအုပ်၏လျိုဝှတ်ချက်များကို ဘာသာပြန်ရန် ဒုတိယထပ်စာကြည့်တိုက်အခန်းသို့ ပြန်သွားလိုက်သည်။

ဖန်ဟောင်သည်မီးဖိုချောင်သို့သွားကာခဏလောက် ဘာစားရမလဲစဉ်စားနေမိသည်။

"ထုပ်ထားတဲ့ဝမ်တန်တွေရှိတယ်ပြီးတော့ ဟိုတစ်ခေါက်ကလုပ်ထားတဲ့ဘန်းမုန့်တွေလည်းရှိတယ်"အစားအသောက်တွေမပုပ်သိုးစေတဲ့သို့လှောင်ခန်းရှိတာကောင်းလိုက်တာ။ချက်ထားတဲ့ဟင်းတွေကိုထည့်လိုက်ရင်ပြန်ထုတ်လိုက်တဲ့အခါလည်း ချက်ထားတုန်းကအတိုင်းဘဲဖြစ်နေတာ!!!

ခဏလောက်တွေးပြီးတော့ဖန်ဟောင်ကအပြာရောင်စူပါးမားကတ်ခြင်းတောင်းကိုဆွဲပြီးတော့ထွက်လာ      လိုက်သည်။အဆောက်အအုံနောက်မှာရှိတဲ့ကြက်၊ဘဲ၊နွား၊သိုးတွေမွေးမြူထားတဲ့စားကျတ်မြေထဲကို ကြက်ဥကောက်ဖို့သွားလိုက်သည်။

နေရာလွတ်ထဲမှရရှိသောဥများ၊တရုတ်နံနံများနှင့် ကြက်သွန်နီများဖြင့်ဝမ်တန်အိုးကြီးတစ်အိုးကိုပြုလုပ်ပြီးနောက်ဖန်ဟောင်သည်နေရာလွတ်ကိုထိန်းချုပ်နိုင်ပြီးမြေအောက်ထပ်ဂိုဒေါင်ထဲမှပစ္စည်းတွေကိုလည်းတိုက်ရိုက်ထုတ်ယူနိုင်ကြောင်းသိလိုက်ရသည်!!!

ပန်းကန်လုံးများ၊တူများ၊ဇွန်းများကိုထုတ်ယူပြီးနောက်စားပွဲပေါ်ကိုတင်လိုက်ကာဖန်ဟောင်သည်ဟဲဇီကျုံးကိုပြောပြရန်လေ့လာနေတဲ့ဆီသို့ပျော်ရွှင်စွာဖြင့်အလျင်စလိုပြေးသွားလိုက်သည်။

ဟဲဇီကျုံးဘေးတွင်ဖွင့်ထားသောစာအုပ်အနည်းငယ်ရှိနေပြီးမှတ်စုစာအုပ်တစ်အုပ်လည်းရှိသေးသည်။သူ့သည်ထရပ်ကာအောက်ထပ်သို့ဆင်းလာသောအခါ ဖန်ဟောင်တက်လာတာကိုတွေ့လိုက်ရသည်။

"စီနီယာစကားလုံးတွေကိုရှာကြည့်တာဘယ်လိုလဲ"

"စာအုပ်ရဲ့ခေါင်းစဉ်ကိုတော့ကိုယ်ဘာသာပြန်ပြီး ရေးထားတယ်၊ကိုယ်ဘာသာပြန်ပြီးရင်အတူတူ လေ့လာကြတာပေါ့"ဟဲဇီကျုံးကအဲ့တာကိုတွေးလိုက်ပြီးရှင်းပြလိုက်သည်။"အဲ့ဒီစာအုပ်က….အတွင်းအားအတွက်ဘဲ"

"အတွင်းအားလား၊ဒီအခန်းထဲကစင်ပေါ်ကစာအုပ်တွေအကုန်လုံးကသိုင်းကျင့်ကြံရေးစာအုပ်တွေလား"ဖန်ဟောင်ကအနည်းငယ်အံ့ဩသွားသည်။

ဟဲဇီကျုံးကပြန်ပြောလိုက်သည်"ဖြစ်နိုင်တယ်၊အကုန်လုံးတော့မဟုတ်ဘူး၊စင်ပေါ်မှာဆေးစာအုပ် တစ်ချို့ကိုလည်းတွေ့တယ်"

နှစ်ယောက်သားမနက်စာကိုအမြန်စားပြီးနေသည်။နှစ်ယောက်သားစားနေတုန်းအဖြူရောင်အလုံးလေးသည်စားပွဲပေါ်ကိုရုတ်တရက်ကြီးခုန်တက်လာကာ     ကြီးမားစိုရွှဲနေသောမျက်လုံးဝိုင်းဝိုင်းကြီးတွေဖြင့် သနားချင်စဖွယ်မျက်လုံးလေးမှိတ်တုပ်မှိတ်တုပ်ဖြင့် ဖန်ဟောင်ရဲ့ပန်းကန်လုံးကိုကြည့်နေသည်။အဆုံးတွင်ဖန်ဟောင်ကမနေနိုင်တော့ဘဲဝမ်တန်တစ်ခုယူကာဇွန်းသေးသေးလေးထဲထည့်လိုက်သည်။

ထို့နောက်အဖြူရောင်အလုံးလေးသည်ခုန်တက်လာ ပြီးဝမ်တန်ပေါ်တွင်သူ့ခန္ဓာကိုယ်ကိုဖိလိုက်ကာ ဇွန်းလေးကို"ပူချိ"ဆိုသောအသံလေးဖြင့်မြိုလိုက်သည်။

ထိုကဲ့သို့လှုပ်ရှားပြီးနောက်အဖြူလုံးလေးသည်ဇွန်း   ပေါ်တွင်ရှိနေသေးပေမယ့်ဝမ်တန်ကတော့မရှိတော့ပေ။

ဝမ်တန်ကိုစားပြီးနောက်သူ့ကလှည့်လိုက်ပြီးစားပွဲ ပေါ်ကိုဖုတ်ခနဲပြုတ်ကျသွားသည်။ဖန်ဟောင်သည်အစာအဆိပ်သင့်တယ်လို့ထင်ပြီးပျာယာခတ်နေ တုန်းထိုအရာလေးသည်ဟောင်တောင်ဟောက်နေသည်။

"အိပ်ပျော်သွားတာဖြစ်မယ်….အိပ်ပါစေ၊ကိုယ်တို့ လုပ်စရာရှိတာဘဲလုပ်ကြတာပေါ့"

အဖြူရောင်အလုံးလေးကိုအခန်းထဲကအိပ်ယာပေါ်တင်လိုက်ပြီးစောင်ခြုံပေးလိုက်ကာနှစ်ယောက်သား စကားလုံးများကိုလေ့လာရန်ပြန်သွားလိုက်သည်။ဟဲဇီကျုံးက"ရွှမ်းရှော့လျိုဝှတ်သိုင်း"ကိုလေ့လာနေတုန်းဖန်ဟောင်သည်စာအုပ်စင်ပေါ်ကနေသူနားလည်နိုင်လောက်မည့်ရှေးဟောင်းစာအုပ်များကို  လှန်လှောကြည့်နေသည်။သေးငယ်သောတံဆိပ်တုံး  အက္ခရာပုံစံကိုမနားလည်ပေမယ့်သူ့ကသာမာန်   ရိုးရာအက္ခရာကိုတော့ဖတ်တက်သည်။

တစ်ယောက်ကဘာသာပြန်နေပြီးနောက်တစ်ယောက်ကစာအုပ်များကိုလှန်လှောကြည့်နေသည်။                သူတို့ဗိုက်ဆာသောအခါမြေအောက်ဂိုဒေါင်ကနေ တစ်ခုခုကိုတိုက်ရိုက်ယူပြီးစားလိုက်သည်။သူတို့    သဲလွန်စရပြီးမီးမဖွင့်ခင်အထိဖြစ်သည်။

"ဒါကကျင့်ကြံခြင်းတစ်မျိုးဘဲ၊လေ့ကျင့်တာကို"Qi"လို့ခေါ်တယ်၊အဲ့တာကအတွင်းအား     ကျင့်ကြံခြင်းလိုဘဲအခန်းထဲကတခြားသိုင်းစာအုပ်တွေနဲ့တွဲပြီးကျင့်ကြံလို့ရတယ်"ဟဲဇီကျုံးသည်        အရင်ဆုံးအနှစ်ချုပ်ကိုဦးစားပေးဘာသာပြန်ခဲ့သည်။ယောက်ျားလေးအချင်းချင်းကျင့်ကြံတာကိုတော့     ဘာသာပြန်ပြီးပြီ……….အဟွတ်၊အဟွတ်ခွန်အားတိုးစေရန်သင်ယူပြီးအသုံးချလို့ရသည်။ပန်းတိုင်နှစ်ခုကိုရောက်ဖို့ကောင်းမွန်သောနည်းလမ်းတစ်ခုဘဲ…………

ဖန်ဟောင်သည်ဖတ်လို့လွယ်သောစာအုပ်လေးကို တောက်ပသောမျက်လုံးလေးဖြင့်ကိုင်ထားပြီး ဟဲဇီကျုံးကိုပြလိုက်သည်။"ဒါကဆေးဖတ်ဝင်တွေ အကြောင်းမိတ်ဆက်ထားပြီးဖြစ်တက်တဲ့ရောရဂါတွေအတွက်ကုသနည်းတွေရှိတယ်ပြီးတော့ဒီစာအုပ်တွေကကိုယ်ခံပညာလျိုဝှက်ချက်တွေဖြစ်လောက်တယ်!!"ဤစာအုပ်များတွင်အမှန်တကယ်ပင်        ကိုယ်ခံပညာလျိုဝှက်ချက်တွေရှိလိမ့်မယ်လို့မမျှော်လင့်ထားပေ။အစတုန်းကတော့သူသည်ကုသရေး စွမ်းအားအသုံးပြုသူဖြစ်သောကြောင့်ပြင်းထန်သောတိုက်ခုက်ရေးစွမ်းရည်မရှိပေ။အရင်တုန်းကဇွန်ဘီတွေကိုတိုက်ခိုက်ဖို့အတွက်ကြေးပိုက်တွေနဲ့သံတုတ်တွေကိုဘဲ အသုံးပြုနိုင်ခဲ့သည်။ အခုသူ့အားထုတ်မယ်ဆိုရင်သူ့တစ်ခုခုတော့လုပ်နိုင်လောက်တယ်!!!

စိတ်လှုပ်ရှားမူကြောင့်သူတို့နှစ်ယောက်သည်          ဖန်ဟောင်ရှာတွေ့ထားတဲ့စာအုပ်ပုံဆီသို့ကြည့်လိုက်တော့ပုံမှန်တရုတ်အက္ခရာနှင့်ရိုးရာတရုတ်အက္ခရာ  များဖြင့်ပြည့်နေသောကြောင့်သူတို့မူးနောက်သွားသည်။

ညလယ်ကြီးတွင်နိုးထကာအဆင့်မြှင့်တင်ထားတဲ့ နေရာလွတ်၏မီးအလင်းရောင်ဖြင့်အလုပ်လုပ်ပြီး   နေ့ခင်းဘတ်တွင်စာအုပ်များကိုလှန်လှောရှာဖွေခြင်း ဖြင့်အလုပ်ရှုပ်နေသည်။စိတ်လှုပ်ရှားလွန်းသောစုံတွဲသည်အချိန်ကိုမေ့ကာစာကြည့်ခန်းထဲရှိစားပွဲခုံပေါ် တွင်တစ်ယောက်ကိုတစ်ယောက်အိပ်နေကြသည်။

ခါး၊လည်းပင်းနဲ့လက်မောင်းတွေကောနာနေသည်။

မျက်လုံးမဖွင့်ခင်မှာသူ့ခန္ဓာကိုယ်ကနာကျင်မူတွေ ကြောင့်နိုးလာသည်။

ဟဲဇီကျုံးသည်သူ့မျက်လုံးကိုခက်ခက်ခဲခဲနဲ့ဖွင့်လိုက် ပြီးသူ့ပါးစပ်၊နှာခေါင်းနှင့်ပါးပြင်တွင်ပျော့ပျောင်းနူးညံသောဆံပင်အချို့နှင့်ထိနေသည်။သူ့ရင်ဘတ်နှင့်  ခန္ဓာကိုယ်သည်နွေးနေပြီးဖန်ဟောင်သည်သူ့ဘေး နားမှာထိုင်နေပြီးရင်ဘတ်ကိုကုတင်အဖြစ်အသုံးပြုကာအိပ်ပျော်နေသည်။

သူ့ကရှုပ်ပွနေတဲ့ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သူ့ဘယ်ရောက်နေမိမှန်းမသိသေးခင်ကြီးမားရွန်းလဲ့နေသောမျက်လုံးနှစ်လုံးကြောင့်အံ့အားသင့်သွားသည်။

အဖြူရောင်အလုံးလေးသည်စားပွဲပေါ်တွင်ရှိနေပြီး ကြီးမားသောမျက်လုံးလေးတွေကပေကလတ်ပေကလတ်လုပ်နေသည်။ဖန်ဟောင်ခေါင်းပေါ်သို့ရောက် အောင်သုံးလေးကြိမ်လောက်ခုန်လာပြီးဟဲဇီကျုံးကို မျက်နှာချင်းဆိုင်ကြည့်နေသည်။

ဒီအရာလေးကမနေ့ကသူတို့တွေ့ခဲ့တဲ့…………     အဖြူရောင်ဖက်ထုပ်လုံးလေးမလား။

"အောက်ဆင်းအောက်ဆင်း"နာကျင်နေသောလက်ချောင်းများဖြင့်အဖြူရောင်အလုံးလေးကိုညင်သာစွာ ပုတ်ထုတ်လိုက်သည်။ကံမကောင်းစွာဖြင့်သူတို့တွင်       မတူညီသောအမြင်တွေရှိနေသည်။ဆင်းရမယ့်အစားထိုအရာလေးသည်သူ့လက်ချောင်းများကို ပျော်ရွှင်စွာဖြင့်ပွတ်သပ်နေသည်။သူ့ကအဲ့တာကို   ကိုင်ပြီးအောက်ကိုချဖို့ကြိုးစားသောအခါထိုအရာ လေးသည်ဟဲဇီကျုံးလက်မောင်းထဲသို့ခုန်ဝင်လာပြန်သည်။

ဘာဖြစ်လို့ဒီကောင်စုတ်လေးကိုအိမ်ကပါပီလေးသို့မဟုတ်ကြောင်လေးအနေဖြင့်မွေးဖို့စဉ်းစားမိပါ့လိမ့်!!?ကွဲပြားသောထိတွေ့မူနှင့်အသွင်အပြင်မှလွဲ၍ ထိုကလူတူမြူတူတူအမူရာသည်အိမ်မွေးတိရစ္ဆာန်   များနှင့်မတူပေ။

ဖန်ဟောင်မနေ့ကပြောတာကိုစဉ်စားရင်းထိုအရာ လေးသည်တကယ်ကိုသူ့ကိုအမေလို့ထင်နေပုံရသည်။ထိုအချိန်တွင်ဟဲဇီကျုံးထူးဆန်းသောခံစားချက်     ကြီးကိုခံစားမိသွားသည်……အဲ့တာဆိုဒီအကောင် လေးကငါကိုအဖေလို့ထင်နေတာလား

ဒါဆိုဒီအဖြူလုံလေးကသူနဲ့ဖန်ဟောင်ရဲ့မျိူးနွယ်လို့ ယူဆလို့ရတာလားဒါမှမဟုတ်မွေးတဲ့သူကဖန်ဟောင်လား??????

ဟားဟားအကြိမ်ကြိမ်ရီပြီးနောက်ဟဲဇီကျုံးသည်   အဖြူရောင်အလုံးလေးကိုငုံ့ကြည့်လိုက်သောအခါ စေးကပ်တဲ့အညိုရောင်သကြားလုံးလေးလို သူ့ရင်ဘတ်ပေါ်မှာလှဲလျောင်းနေတဲ့အမူရာကို နည်းနည်းလေးကြာမှသဘောပေါက်သွားသည်။{{[ဟဲဇီကျုံးရင်ဘတ်ပေါ်မှာဖန်ဟောင်အိပ်သလိုမျိုး သူ့ကလိုက်အိပ်တာပါဟားဟားအူးယားစရာဖက်ထုပ်လေး]]]

ထို့အချိန်တွင်ဟဲဇီကျုံးလက်မောင်းထဲတွင်အိပ်ပျော်နေသည့်ဖန်ဟောင်သည်သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမူကြောင့်နိုးလာသည်။သူ့ကသူ့မျက်လုံးကိုပွတ်ပြီး ပတ်ပတ်လည်ကိုကြည့်ကာသူ့ခေါင်းကိုမော့လိုက်သည်"စီနီယာ ………ဘယ်အချိန်ရှိနေပြီလဲ"

အိပ်ချင်မူးတူးဖြစ်နေသောမျက်နှာလေးကိုကြည့် ကာဟဲဇီကျုံးကခေါင်းကိုငုံ့ပြီးဖန်ဟောင်နဖူးလေးကိုနမ်းလိုက်ကာ"နေ့လည်ခင်းလောက်တော့ရောက်ပြီ ကိုယ်လည်းနာရီကိုမကြည့်ရသေးဘူး"

"မနက်စာစားမယ်"

လူနှစ်ယောက်ဆေးကြောဖို့မထခင်မှာမာတောင့်မာတောင်ကုလားထိုင်ပေါ်တွင်အိပ်ပျော်ခဲ့သည်။ နေရာလွတ်ထဲကရေချိုးခန်းထဲကရေပူစမ်း ရေစိမ်ကန်လေးသည်ပင်ပန်းနွမ်းနယ်မူတွေနဲ့ နာကျင်မူတွေကိုပျောက်ကင်းစေမှန်းသိသောကြောင့်ဟဲဇီကျုံးသည်ရေပူစမ်းကန်ထဲသို့ဖန်ဟောင်ကို ဆွဲခေါ်သွားသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment