ဖန်ဟောင်စွမ်းရည်တိုးတက်လာတာကို အတည်ပြုပြီးနောက်နေရာလွတ်ထဲကရေကြောင့် သူ့ရဲ့ညစဉ်ညတိုင်းဖျားတဲ့အဖျားသည်အချိန်တို အတွင်းပျောက်ကင်းသက်သာသွားတယ်လို့ ဟဲဇီကျုံးကဒွိဟဖြစ်နေသည်။ဖန်ဟောင်စတင်နိုးထတဲ့levelထက်သူ့စွမ်းအင်နိုးထတဲ့levelကပိုမြင့်သောကြောင့်သူ့စွမ်းအင်အသုံးပြုသောအခါတွင် ထူးခြားသောစရိုက်လက္ခဏများမရှိပေ။
နှစ်ယောက်သားစိတ်လှုပ်ရှားကာတစ်ယောက်ကိုတစ်ယောက်ပွေ့ဖတ်ပြီးအိပ်လိုက်ကြသည်။ဒီတကြိမ် မှာတော့အိပ်ယာမဝင်ခင်ကိုယ်ကာယလေ့ကျင့်ခန်းကိုမလုပ်ခဲ့ကြပေ။အဲ့လိုအရာမျိုးကိုအလွန်အကျွံ လုပ်ခြင်းသည်ခန္ဓာကိုယ်အတွက် မကောင်းသောကြောင့်သူ့တို့ချုပ်တည်းထားရန် လိုအပ်သည်။
နောက်တစ်နေ့မနက်ခင်းတွင်နှစ်ယောက်သား စောစောထပြီးမနက်ခင်းစာကိုစားလိုက်ကာ အလုပ်နေရာသို့သွားခဲ့သည်။
အဲ့တာကပြာတွေကိုလှည်းကျင်းခြင်း၊စုဆောင်းခြင်း၊သယ်ယူပို့ဆောင်ခြင်း၊နှင့်မြေမြှပ်ခြင်းတို့ဖြစ်သည့်တူညီသောအလုပ်များဖြစ်သည်။
နေ့လည်ခင်းအထိသူတို့သည်ကြီးမားသောမီးရှို့ဖျက်ဆီးမူတစ်ခုကိုသန့်ရှင်းရေးလုပ်နေစဉ်တွင်ဟဲဇီကျုံး၏လုပ်ရှားမူများသည်ရပ်သွားပြီးဖန်ဟောင်ကိုကြည့်လိုက်သည်။
ဖန်ဟောင်သည်မသင်္ကာဖွယ်သူ့ကိုစိုက်ကြည့် လိုက်တော့သူ့ခေါင်းရမ်းပြတာကိုသာတွေ့လိုက်ရသည်။အဲ့အစားဟဲဇီကျုံးသည်ပြာတွေကိုနေရာလွတ်ထဲသို့ထည့်ရမယ့်အစားတစ်ဖတ်သို့လှည်းထုတ်လိုက်သည်။သူ့အံ့ဩသွားသည်။
ဒီနေရာကဆွေးနွေးရန်အတွက်သင့်တော်သော နေရာမဟုတ်သောကြောင့်အထူးသဖြင့်သူတို့၏ သေးငယ်သောလုပ်ရှားမူလေးကိုတောင်တွေ့ရှိ သောကြောင့်ကားပေါ်သို့ပြာတွေကိုမတင်ခင်အထိ သည်းခံထားဖို့လိုအပ်သည်။ဖန်ဟောင်သည် အသံတိုးတိုးလေးဖြင့်"ဘာဖြစ်လို့လဲ"လို့မေးလိုက်သည်။
ဟဲဇီကျုံးကသူ့ခေါင်းကိုခါလိုက်သည်။ကားထဲမှာ အသံဖမ်းကရိယာတပ်ဆင်ထားလားဆိုတာကို မသိပေမယ့်သတိထားတာတော့မမှားဘူး "အဆင်ပြေပါတယ်၊ဒီနေ့အိမ်ကိုစောစောပြန်ကြစို့"
ပြဿနာတစ်ခုခုဖြစ်နေတာတော့သေချာသွားပြီ။
ပြာသယ်ယူခြင်းလုပ်ငန်းကိုကားအစီးရေလိုက် တွက်ချက်ခဲ့သည်။ကားတစ်စီးကိုတင်ပြီးတိုင်း တစ်ခေါက်လို့ရေတွက်သည်။လက်ရှိသွားနေတဲ့ အခေါက်အပါအဝင်အသွားအပြန်ကိုမှတစ်ခေါက် ရေတွက်သည်။ထို့ကြေင့်သူတို့သည် ဒီတစ်ကြိမ်ပြီးနောက်ရပ်လိုက်ကာဗီလာသို့ပြန်သွားခဲ့ကြသည်။
မနေ့တုန်းကနေရာလွတ်ထဲမှာမြူတွေထူနေတယ်၊ဒီနေ့ကောဘာဖြစ်မလဲ။နေရာတိုင်းမှာမြူတွေ များနေပြီးဘယ်အရာကိုမမြင်ရတော့တဲ့အထိ ဖြစ်သွားတာမြန်းလား။
စိုးရိမ်ပူပန်စွာဖြင့်အိမ်ပြန်ရောက်ပြီးနောက် ဖန်ဟောင်သည်ဟဲဇီကျုံးကိုစိုးရိမ်တကြီးကြည့်လိုက်သည်။ဟဲဇီကျုံးကနေရာလွတ်ထဲကအခြေနေကို နောက်တစ်ကြိမ်စစ်ဆေးပြီးနောက်ဖန်ဟောင်ကို တောက်ပစွာပြုံးပြလိုက်သည်"ကိုယ်ခဏလောက် နေရာလွတ်ထဲကိုဝင်လို့မရဘူး"
"ဝင်လို့မရဘူး!!"သူ့တို့ပိုင်ဆိုင်တဲ့အရာတွေအကုန်လုံးကနေရာလွတ်ထဲမှာလေ!!သူ့ဝင်လို့မရဘူးဆိုရင်………
"အထဲမှာပြဿနာတစ်ခုခုဖြစ်နေတယ်လို့တော့ မထင်ဘူး"ဟဲဇီကျုံးသည်လက်ရှိနေရာလွတ်ကို စူးစမ်းကြည့်တဲ့အခါကြီးမားတဲ့ပိုးအိမ်ဖြူကြီး ဖြစ်လာပုံပေါ်သည်။ပြီးတော့အဖြူရောင်နှလုံးသားလိုမျိုးဖြည်းညင်းစွာနှင့်ပြင်းပြင်းထန်ထန်ခုန်နေသည်။"ဒီလိုအခြေနေမျိုးကဘယ်လောက်ကြာမလဲ ဆိုတာမသိဘူး၊ဒါပေမယ့်မကြာခင်တော့သိရမယ် ထင်တယ်"
ဖန်ဟောင်သည်အလွန်နောင်တရပြီးသူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ"ကျွန်တော်သိရင်၊ အပြင်မှာလည်းအစားအစာတွေကိုချန်ထားမှာ" ပါဝင်ပစ္စည်းအားလုံးနှင့်ကုန်ချောပစ္စည်းအားလုံး နေရာလွတ်တွင်ရှိနေသည်။
"ရပါတယ်ကိုယ်တို့ကျောပိုးအိတ်တွေထဲမှာရေနဲ့ စားစရာတွေအများကြီးကျန်သေးတယ်မလား"ဟဲဇီကျုံးကပြုံးလိုက်ပြီးနှိမ့်သိမ့်တဲ့အနေဖြင့် သူ့ခေါင်းလေးကိုပုတ်လိုက်သည်။ဒါပေမယ့်လည်းသူ့ပြောသလိုဘဲတကယ်ကိုပြဿနာတစ်ခုဖြစ်သည်။ သူ့တို့နှစ်ဦးသည်မတော်တဆဖြစ်ရပ်များကို ရှောင်ကြဉ်ရန်အပြင်တွင်ရေနှင့်အစားအစာများကို ပိုမိုပြင်ဆင်ထားသင့်သည်။
"အမ်း……….."တိုးတိုးလေးပြန်ဖြေလိုက်ရင်း ဖန်ဟောင်သည်သူတို့ဒီနေ့အလုပ်အတွက်အစားအစာများရရှိခဲ့ကြောင်းကိုသတိရသွားသည်။ "ကျွန်တော်မီးဖိုချောင်ထဲကိုသွားပြီး အစားအစာအချို့သွားပြင်ဆင်လိုက်ဦးမယ်၊ကံကောင်းလို့ကျွန်တော်တို့ဒီနေ့ဆန်တွေခေါက်ဆွဲတွေနဲ့ အသီးအရွတ်တွေအများကြီးရထားလို့ပေါ့"
ဟဲဇီကျုံးကဖန်ဟောင်ကိုမီးဖိုချောင်ထဲသို့သွားခွင့်ပြုလိုက်သည်။ထိုင်ရင်းသူ့လက်ကောက်ကိုချွတ်လိုက် ပြီးသစ်သားမှာထွင်းထားတဲ့ပုံစံကိုစမ်းလိုက်ပြီး သူ့နာမည်ကိုထပ်ခါထပ်ခါထွင်းထုလိုက်သည်။
"ဟဲဇီကျုံး"ဆိုသည့်ရှေးအက္ခရာသုံးလုံးသည်ဗုဒ္ဓ၏ ခေါင်းအနောက်ဘတ်တွင်ထွင်းထုထားသကဲ့သို့ အဲ့နေရာတွင်အမြဲရှိနေသည်။
ယခုခေတ်တွင်ထိုစကားလုံးသုံးလုံးကိုဖတ်နိုင်သူအနည်းငယ်သာရှိသည်။အကယ်လို့တခြားသူတွေမြင်ခဲ့ရင်တောင်ရေးထိုးထားတာကိုသိကြမှာမဟုတ်ဘူး။
အရင်တုန်းကလက်ကောက်ထဲကနေရာလွတ် အသတ်ဝင်လာခြင်းသည်သူ့နာမည်ကို၎င်းပေါ်တွင် ထွင်းထုလိုက်သောကြောင့်ဖြစ်သည်။အကယ်လို့…. တခြားသူ့ရဲ့နာမည်ကိုထွင်ထုခဲ့ရင်ရော..
မီးဖိုချောင်ထဲမှာအလုပ်များနေတဲ့ဖန်ဟောင်ကို စဉ်းစားရင်းဟဲဇီကျုံးကသူ့နှလုံးသားထဲမှာမျှော်လင့်ချက်တွေခပ်မှိန်မှိန်လင်းလာသည်။သူ့တခြားသူတွေကိုဂရုမစိုက်ပေမယ့်ဖန်ဟောင်ကိုတော့အဲ့လိုမဟုတ်ပေ။သို့သော်လည်းနေရာလွတ်ရဲ့လက်ရှိအခြေနေတွင်အလျင်စလိုပြုမှုဖို့မဝံ့ရဲပေ။
နှစ်ယောက်သားရိုးရှင်းတဲ့ညစာ ကိုစားလိုက်သည်။အရင်ကဗီလာမှာမှာကျန်ခဲ့တဲ့ ဆန်နှင့်ခေါက်ဆွဲအပြင်အပြင်မှာကျန်ခဲ့တဲ့နေရာ လွတ်ထဲကတွင်းရေကိုသာဟင်းချက်ဖို့အသုံးပြုခဲ့ပြီး ဖန်ဟောင်သည်ပိုက်ထဲကရေကိုအသုံးမပြုရဲပေ။ ဟဲဇီကျုံးသည်သူ့အရင်ဘဝတုန်းကAမြို့၏ရေ အရင်းမြစ်သည်ပြဿနာရှိလားဆိုတာကိုရောAမြို့၏အခြေနေကိုရောမသိပေ။ဘာဘဲဖြစ်ဖြစ်သူ့အရင် ဘဝကAမြို့ကိုရောက်သောအခါအခြေစိုက်စခန်းသည်ရေသန့်စင်ဆေးပြားများကိုဖြန့်ဖြူးခဲ့ပြီးအားလုံးကိုရေမသောက်ခင်၁၅မိနစ်လောက်ကြိုချက်ပေးရန် ကြော်ညာခဲ့သည်။
ရေများကို၁၅မိနစ်လောက်ကြိုချက်ခြင်းသည် ဘတ်တီးရီယားအများစုနှင့်ဗိုင်းရပ်စ်များကိုသတ်နိုင်သော်လည်းထို့သို့သောစနစ်မျိုးဖြင့်ပင်ရေမဆူမီ ရေသန့်စင်ဆေးပြားများကိုထည့်ရန်အကြုံပြုထားသည်။ကြိုချက်ပြီးအအေးခံပြီးနောက်မှသာ ရေအပေါ်ထပ်အလွှာများကိုသာအသုံးပြုကာ အောက်ခြေရှိအရာများကိုဖယ်ထုတ်ရန်အမိန့်ပေးခဲ့သည်။
ထိုမှတစ်ဆင့်Aမြို့၏ရေအရင်းမြစ်တွင်ထူးဆန်း သောအခြေနေအချို့ရှိနေသည်ကိုသိနိုင်သည်။
ညစာစားပြီးနောက်နှစ်ယောက်သားကုတင်ကြီးပေါ်၌စိုးရိမ်ပူပန်မူများဖြင့်ပွေ့ဖတ်ထားပြီး"မနက်ဖြန်ကျရင်ပြာသယ်တာကိုမလုပ်ရအောင်"နေရာလွတ်က ခုချိန်ထိပြန်ဝင်လို့မရသေးပေ။သူတို့သွားရင်အချို့အချက်များမှလွဲ၍ဘာမှမရရှိနိုင်ပေ။"ထောက်ပံ့ရေး ပစ္စည်းတွေရှာဖို့အပြင်သွားတာပိုကောင်းတယ်"
"အပြင်ထွက်မယ်?:"ဖန်ဟောင်ကနည်းနည်းလေး စိုးရိမ်သွားသည်။"ဒါပေမယ့်နေရာလွတ်ကအခုထိ ဝင်လို့မရသေးဘူး"
"နေရာလွတ်ကဝင်လို့မရရင်တောင်ကိုယ်တို့သုံးဖို့ အစားစာနဲ့ဆေးဝါးတွေစုဆောင်းတာလိုမျိုး တခြား နည်းလမ်းနဲ့ပြင်ဆင်ထားသင့်တယ်" ဟဲဇီကျုံးကအမှန်တော့သိပ်ပြီးမစိုးရိမ်ပေ။ နေရာလွတ်ကိုအသတ်သွင်းခဲ့တဲ့လူဖြစ်သောကြောင့် နေရာလွတ်နှင့်မရှင်းပြနိုင်သောဆက်သွယ်မူရှိနေ တာကိုသူ့ခံစားမိပြီးအခုနေရာလွတ်ကအဆင်ပြေ တာကိုရှင်းရှင်းလင်းလင်းသိသောကြောင့်ပြဿနာ မဖြစ်မှန်းသိသည်။ဒါဟာ……..တိုးတက်ပြောင်းလဲ နေတာဖြစ်သည်။အချိန်မအနည်းငယ်ကြာပြီး နောက်အာကာသသည်လိပ်ပြာတစ်ကောင်သို့ ပြောင်းလဲသွားပြီးပုံမှန်အဖြစ်သို့ပြန်လည်ရောက်ရှိ သွားမည်ဖြစ်သည်။
ဖန်ဟောင်သည်အစီစဉ်ကိုမကျေနပ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။မူလကလူတိုင်းသည်ဒီနည်းလမ်းသစ်ဖြင့်ဘဝကိုရင်ဆိုင်ရပြီး၎င်းတို့သည် ချွင်းချက်မဟုတ်ပေ။
ထောက်ပံ့ရေးပစ္စည်းများကိုရှာဖွေရန်သွားသော်လည်းအခြေစိုက်စခန်းသို့ပြန်ရောက်သောအခါတစ်ချို့တစ်ဝက်ကိုလွှဲပြောင်းပေးဖို့လိုအပ်သည်။အန္တရယ်ကိုရှောင်ကြဉ်ရန်အခြေစိုက်စခန်းထဲမှာနေဖို့ဘဲ သိပြီး လက်တွေ့ကိုမရင်ဆိုင်နိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင်ကမ္ဘာကြီးနဲ့တက်နိုင်သလောက်အမြန်အသားကျလာဖို့အပြင်ထွက်ပြီးစွန့်စားတာက ပိုကောင်းသည်။
ပြီးတော့နေရာလွတ်ရဲ့လုပ်ငန်းစဉ်တွေကအခု ခဏလောက်ရပ်ဆိုင်းနေရင်တောင်အပိုပစ္စည်းတွေကိုစုဆောင်းထားရင်စိုးရိမ်စရာမလိုဘဲနေရာလွတ်ထဲသို့ထည့်နိုင်သည်။
သူတို့နှစ်ယောက်လုံးအိပ်ပျော်နေတဲ့ ညနက်သန်းခေါင်အချိန်မှာထူးဆန်းသော အလင်းရောင်သည်ရုတ်တရက်ကြီးထွက်ပေါ်လာသည်။သူ့ရဲ့လက်ကောက်ဝတ်ကလက်ကောက်မှထွက်ပေါ်လာတဲ့အဖြူရောင်အလင်းတန်းကိုဟဲဇီကျုံးက ကြည့်ပြီးနေရာလွတ်ထဲသို့သူ့ရဲ့စိတ်စွမ်းအင်ဖြင့် အလျှင်အမြန်စူးစမ်းကြည့်လိုက်သည်။
အမဲရောင်ကောင်းကင်ကြီးသည်ကြယ်တွေနဲ့ပြည့် နေပြီးတိမ်လွှာများမှတစ်ဆင့်နေရာလွတ်သည် နေဝင်ဆည်းဆာကိုဖုံးလွှမ်းထားတာကိုသူ့မြင်နိုင်သည်။
လယ်မြေများ၊စမ်းချောင်းများ၊စားကျတ်မြေများ၊ တောင်များ၊သူတို့ယခင်ကနေထိုင်ခဲ့သည့်သေးငယ် သောအဆောက်အအုံများ။
"နေရာလွတ်ကပိုကျယ်လာတဲ့ပုံဘဲ၊ နေ့ကောညကောရှိလာပြီ!!"ဟဲဇီကျုံးက အမြန်စစ်ဆေးခဲ့ပြီးနောက်ကွဲပြားမူကိုရှာတွေ့ခဲ့သည်။
"ပိုကြီးလာတယ်?"ဖန်ဟောင်၏အိပ်ငိုက်ခြင်းမှာ လုံးဝပျောက်ကွယ်သွားပြီးဟဲဇီကျုံး၏လက်ကောက်ကိုအနီးကပ်စိုက်ကြည့်နေသည်။
အဖြူရောင်အလင်းရောင်သည်တလတ်လတ ်တောက်ပပြီးမှိန်သွားသည်။ခဏအကြာတွင် သူ့လက်ကောက်ဝတ်တစ်ဝိုက်တွင်စုစည်းသွားပြီး မမျှော်လင့်ထားစွာဖြင့်လက်ကောက်သည် ပျောက်ကွယ်သွားသည်။
သစ်သားလက်ကောက်ကပျောက်သွားသည်။ အဲ့ဒီနေရာတွင်မွေးရာပါအမှတ်အသားကဲ့သို့ တိမ်ဝင်နေသောအမှတ်အသားသာဟဲဇီကျုံးရဲ့ လက်ကောက်ဝတ်တွင်ကျန်နေသည်။
ထိုအမှတ်အသားသည်အလွန်တိမ်ဝင်ပြီး အရွယ်အစားသည်ဗုဒ္ဓရဲ့ခေါင်းလောက်ဖြစ်ပြီး ၎င်းပေါ်တွင်မထင်ရှားသောစကားလုံးသုံးလုံး ပြောင်းပြန်လှန်ထားသောအရိပ်ယောင်ရှိသည်-ဘုရားခေါင်းပေါ်တွင်ထွင်းထုထားသောသူ့၏နာမည်ဖြစ်လောက်မည်။
ဖန်ဟောင်ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်း ဟဲဇီကျုံး၏အတွေးဖြင့်လုပ်ရှားလိုက်သည်။သူတို့နှစ်ယောက်သည်စပျစ်စင်နှင့်ဝါးအိမ်ရှေ့ကမြေအလွတ်တွင်ပြားပြားဝပ်နေသည်ကိုရုတ်တရက်သိလိုက်ရသသည်။
ဝါးအိမ်သည်ဝါးအပြည့်ဖြင့်မဟုတ်တော့ပေ။ ဝါးဘောင်များအပြင်အဓိကနေရာများတွင်ဝှတ်ထားသောအပြာရောင်အုတ်အချို့လည်းရှိသေးသည်။ဝါးအိမ်ရှေ့တွင်လွတ်နေသောနေရာသည်လည်းပိုကျယ်လာပြီးအိမ်ရဲ့အသွင်ပြင်သည်လည်းပိုကြီးလာသည်။
ဟိုးအဝေးကလယ်မြေတွေ၊တောင်အနောက်ဘတ် မှတောင်တွေဟဲဇီကျုံးတူးထားတဲ့ပင်လည်သည်လည်းပိုကြီးလာသည်။
"ဒီပင်လယ်ကအနည်းဆုံးနှစ်ဆလောက်ကြီးနေသလိုဘဲ"
ယခုအခါနေရာလွတ်တစ်ခုလုံးသည် တောင်တန်းများဖြင့်ဝန်းရံထားသည့်ပြန့်ပြူးသော နေရာလွတ်တစ်ခုလိုဖြစ်နေသည်။ပြန့်ပြူးသော နေရာကိုချောင်းဘေးတွင်နှစ်ဖတ်ခွဲထားပြီးချောင်း၏အခြားတစ်ဖတ်တွင်လယ်မြေအပိုများရှိနေသည်။ပင်လယ်ရေကန်ရှိရာတောင်ဘတ်ဟုယာယီ သတ်မှတ်ထားသောဝါးအိမ်နှင့်မျက်နှာချင်းဆိုင် နေရာသည်အလွန်ပြောင်းလဲသွားသည်။
ဖြူဖွေးနေသောသဲသောင်ပြင်တစ်ခုဖြစ်သေးသော်လည်းပင်လယ်သည်အရွယ်စားတစ်ခုထက်ပို၍ ကြီးလာပြီးကမ်းခြေပေါ်တွင်ငြင်သာသောလှိုင်းလုံးများရိုက်ခတ်နေသည်။ကမ်းခြေအနီးမှာစိုက်ထားတဲ့ အုန်းပင်တွေသည်လည်းပင်လယ်အော်တစ်လျှောက်တွင်ပြန့်ကျဲနေသည်။
ဟုတတယ်ဒီပင်လယ်ရေကန်ဟာအခုပင်လယ်အော်ကြီးဖြစ်သွားပြီ!!အကျယ်အဝန်းကအရင်ကထက်ပိုကျယ်ပြီးပင်လယ်ရေကတောင်ပိုပြီးအသတ်ဝင်လာသည်။
သူတို့နှစ်ဦးသည်ပင်လယ်ကဘယ်လောက်နက်သည်ကိုအတည်မပြုသေးနိုင်သော်လည်းသေချာသည်မှာအဝေးတစ်နေရာတွင်မြူခိုးများဖုံးလွှမ်နေသော ကြောင့်အဝေးကိုမမြင်နိုင်ပေ။
နေရာလွတ်တစ်ခုလုံးကိုဝန်းရံထားသောတောင်များမှာလည်းအလားတူပင်ဖြစ်သည်။အဲ့ဒီနေရာမှာ လည်းတောင်ထိပ်တွင်မြူများရှိနေသဖြင့်သူတို့၏ အမြင်အာရုံကိုပိတ်ဆို့သွားသည်။
တစ်ယောက်ကိုတစ်ယောက်အံဩစွာကြည့်ရင်း မတ်တပ်ထရပ်ကာနေဝင်ဆည်းဆာအောက်တွင် အပြာရင့်ရောင်ရှိသောပယ်လယ်ကိုလေ့လာရင်း ခြံဝင်းထဲသို့လျှောက်လာလိုက်သည်။
"အိမ်လည်းပိုပြီးတော့ကြီးလာတဲ့ပုံဘဲအောက်က ဂိုဒေါင်လည်းဘာတွေပြောင်းလဲသွားမလဲမသိဘူး"ဟဲဇီကျုံးသည်ဖန်ဟောင်လက်ကိုဆုပ်ကိုင်ကာသူ့စိတ်ထဲကစိတ်လှုပ်ရှားမူကိုလျှော့ချလိုက်ပြီး နောက်သို့လှည့်လိုက်သည်။ခြံစည်းရိုးဖြင့်ဝန်းရံထားသောဝင်းငယ်လေး၏ရှေ့တွင်တိတ်တဆိတ်တည်ထားသောကျောက်ရုပ်တုကိုမထင်မှတ်ဘဲတွေ့ရှိလိုက်ရသည်။
အချို့သောစကားလုံးများကိုကျောက်ပြားပေါ်တွင် ထွင်းထုထားသည်။စကားလုံးများကိုထွင်းထုရုန်အ တွက်ဖန်ဟောင်သည်စကားလုံးFontအများကြီးကို လေ့လာခဲ့ရသည်။ထွင်းထုထားတဲ့စာကြောင်း တစ်ချို့မှာလည်းသူ့နာမည်ကိုမထွင်းထုထားဘူး?
နေရာလွတ်ဟင်းလင်းပြင်
အိမ်ထောင်ဦးစီး-ဟဲဇီကျုံး
အိမ်ထောင်ဖက်-
ကျောက်တုံးမှာထွင်းထုထားတဲ့အဓိပ္ပါယ်ကိုသေချာစွာသိမြင်ပြီးနောက်ဟဲဇီကျုံးသည်အိမ်ထောင်ဖတ်ဆိုတဲ့စားလုံးအသေးလေးအော်ကကလွတ်နေတဲ့နေရာကလေးကိုကြည့်ရင်းသူ့စိတ်လှုပ်ရှားလာပြီး ဖန်ဟောင်ကိုလှည့်ကြည့်လိုက်သည်။
ဖန်ဟောင်ကမေးခွန်းမေးချင်တဲ့ပုံစံလေးဖြင့် သူ့ကိုပြန်ကြည့်နေသည်။.ဟဲဇီကျုံးလို့ရင်းနှီးနေတဲ့ စကားလုံးသုံးလုံး(လက်စွပ်မှာနာမည်ထွင်းထုထားတဲ့ဟဲဇီကျုံးဆိုတဲ့တူညီသောစကားလုံးပုံစံ)မှလွဲ၍ သူ့ကျန်တဲ့ဟာများကိုမသိပေ။
သူ့နှလုံးသားနှင့်စိတ်တွေလှုပ်ရှားလာသည်နှင့်အမျှဟဲဇီကျုံးသူ့နှလုံးသားထဲမှာတွေနေမိတဲ့ အိမ်ထောင်ဖတ်၏နေရာတွင်စကားလုံးနှစ်လုံးတစ်ခုပြီးတစ်ခုပေါ်လာသည်ကိုတွေ့လိုက်ုရသည်။
နှစ်ယောက်စလုံးတုန်လှုပ်ခြောက်ခြားသွားကာ အဖြူရောင်အလင်းတန်းကြီး လုံးဝပျောက်ကွယ်မသွားခင်အထိအပြာရောင်ကျောက်တုံးကြီးပေါ်တွင်စကားလုံနှစ်လုံးကိုတစ်ခုပြီးတစ်ခုထွင်းထုနေသည်ကိုပြူကျယ်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။
"မင်းရဲ့ညာဘတ်လက်"ဟဲဇီကျုံးသည်ဖန်ဟောင်၏လက်ကိုရုတ်တရက်ဆွဲလိုက်ပြီးဖန်ဟောင်သည်နားမလည်နိုင်စွာသူ့လက်ကောက်ဝတ်ကိုမြှောက်လိုက်သည်။ကြွေရောင်လက်ကောက်ဝတ်က သေးသွယ်သွယ်လျလွန်းလို့သူ့ဆိတ်လို့တောင်မရနိုင်ဘူး။သူ့လက်ကောက်ဝတ်ရဲ့အတွင်းဘတ်ခြမ်းတွင်မွေးရာပါအမှတ်သားတစ်ခုလိုဖျော့တော့တဲ့အမှတ်သားတစ်ခုရှိနေသည်။ပြီးတော့သူတို့နာမည်တွေရဲ့ အဖြူရောင်အမှတ်သားနှစ်ခုသည်နှစ်ယောက်စလုံးပေါ်တွင်အပြန်အလှန်လေးချင်းကပ်ပေါ်လာသည်။
ဟဲဇီကျုံး၊ဖန်ဟောင်
{T/N-ဖန်ဟောင်ဆီမှဟဲဇီကျုံးနာမည်ပေါ်လာပြီးဟဲဇီကျုံးဆီမှာဖန်ဟောင်နာမည်ပေါ်လာတာပါ}