ကမ္ဘာပျက်ကပ်တွင်တစ်စုံတစ်ယောက်နေရာလွတ် စွမ်းအင်ရှိခြင်းသည်ပြဿနာမရှိသော်လည်းမစ်ရှင်တွင်၎င်းသည်စစ်တပ်ကိုဂရုမစိုက်ဘဲအလွဲသုံးစား လုပ်ခဲ့လျှင်……..စစ်တပ်၏စီမံအုပ်ချုပ်သူများက အရူးမဟုတ်ပေ။ကံဆိုးပြီးဘာကိုမှမတွေ့ခဲ့တာကို တော့လက်ခံနိုင်ပေမယ့်တစ်ကြိမ်ပြီးတစ်ကြိမ်ဖြစ် လာခဲ့လျှင်ခရီးသွားအသင်းဖွဲ့ဝင်များကမစ်ရှင်ထမ်းဆောင်နေတဲ့အတောအတွင်းစုဆောင်းရရှိခဲ့သော ပစ္စည်းများကိုမြင်မှာဖြစ်ပြီး………..အဲ့ဒါကကိုယ့် နောက်ကျောမှာကိုယ်ပစ်မှတ်ထားခံရဖို့ပန်းချီဆွဲလိုက်သလိုဘဲ။
တူညီတဲ့တာဝန်ကိုလက်ခံရရှိပြီးတော့သူတို့ကနေရာလွတ်စွမ်းအားရှင်တွေဖြစ်သောကြောင့်သူတို့အခြေစိုက်စခန်းကိုပေးအပ်ရသောပမာဏနည်းနေမယ်ဆိုရင်?အခြေစိုက်စခန်းတွင်သတင်းပေးသူရှားပါးနေတာမျိုးမဟုတ်ပေ။ပြီးတော့နေရာလွတ်စွမ်အားရှင်သည်အရပ်သားတွေထဲဘဲရှိတာမဟုတ်ပေ။ကမ္ဘာပျက်ကပ်တွင်စစ်တပ်ထဲကလူတွေလည်းစွမ်းအားရရှိလာခဲ့သည်။
နေရာလွတ်စွမ်းအားရှင်များသည်ပေါများသည်မဟုတ်သော်လည်းရှားပါးနေတာမျိုးလည်းမဟုတ်ပေ။ စစ်တပ်ထဲတွင်လည်းထိုကဲ့သို့သောစွမ်းအင်နိုးထ လာသောလူတစ်ချို့ရှိသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အခြေစိုက်စခန်းသို့ဝင်ရန်ဂိတ်ကိုမောင်းနှင်ဖြတ်ကျော်ပြီးနောက်လက်နက်ကိုင်စစ်သားများသည်ရိက္ခာထောက်ပံ့ရေးပစ္စည်း များကိုတမင်တကာလျှော့ပေးခဲ့သောကားနှစ်စီးကို လျင်မြန်စွာဝန်းရံထားခဲ့သည်။ကားထဲကလူအားလုံးသည်လျင်မြန်စွာထိန်းချုပ်ခံလိုက်ရသည်။
အပြစ်ရှိတဲ့လူကအသံကျယ်ကြီးဖြင့်အော်ဟစ်ကာ မေးမြန်းလိုက်သည်"မင်းတို့ဘာဖြစ်လို့လူတွေကို လာဖမ်းနေတာလဲ"
အသံကိုကြားတော့သေနတ်ဖြင့်အမျိုးသားရဲ့နားထင်ကိုရိုက်လိုက်သည်"စစ်ဆေးမူမှာပူပေါင်းဆောင်ရွတ်ပေးပါ"
ကားထဲမှာရှိနေသောဖန်ဟောင်သည်ကြောက်ရွံ့ သောအမူအရာဖြင့်သတိပြန်ဝင်လာပြီး"သူတို့တစ်ခုခုရှာတွေ့သွားလို့လား"
"အဲ့ဒီအုပ်စုနှစ်စုကအရမ်းသိသာလွန်းတယ်" ဟဲဇီကျုံးသည်အခြေစိုက်စခန်းတွင်နေရာလွတ်စွမ်းအင်ကိုစစ်ဆေးရန်ကရိယာတစ်ခုတီထွင်ပြီးပြီလို့ သံသယရှိနေသည်။အခြေခံအဆင့်လောက်ဘဲရှိနိုင် လောက်သေးသော်လည်းနေရာလွတ်စွမ်းအင်ရှိတဲ့လူလားဆိုတာကိုတော့စစ်ဆေးလို့ရလောက်သည်။သူ့မှတ်မိတာသာမှန်မယ်ဆိုရင်သူ့အရင်ဘဝတုန်းကနေရာလွတ်စွမ်းအင်စစ်ဆေးရန်နှင့်နေရာလွတ်ထဲမှာရှိတဲ့ပစ္စည်းများကိုမြင်နိုင်တဲ့ကရိယာကိုတီထွင်ဖို့အခြေစိုက်စခန်းသည်အချိန်လေးလလောက်ကြာခဲ့သည်။
"ဇီကျုံး….အဲ့ဒီလူတွေကမလိုက်နာဘူးဆိုရင်အဲ့ဒီလူတွေကိုပစ်သတ်မယ်လို့ထင်လား"သူတို့သည်ငြိမ်းချမ်းသောခေတ်မှဆင်းသတ်လာသောသူများဖြစ်ကြသည်။အစိုးရကလက်လွယ်စပယ်လူတွေအားပစ်ခတ်သတ်ဖြတ်ခြင်းကိုဘယ်သူမှမလိုချင်ပေ။
ဟဲဇီကျုံးကရီခဲ့ပြီး"အရမ်းမစိုးရိမ်ပါနဲ့၊အဲ့ဒီလူတွေက မလိုက်နာခဲ့ဘူးဆိုရင်တောင်သူတို့ကိုမပစ်ခတ်ဘဲ ခေါ်ဆောင်သွားမှာ၊ကိုယ်ထင်တာတော့သူတို့တွေကစစ်တပ်နဲ့မစ်ရှင်ပူပေါင်းလုပ်ဆောင်ခဲ့တာအကြိမ်ရေများလောက်ပြီ၊ဒါပေမယ့်ပစ္စည်းလွဲပြောင်းပေးရမယ့် လုပ်ငန်းစဉ်မှာဒီလိုမျိုးခဏခဏလုပ်နေလို့ဖြစ်မယ်(စစ်တပ်ကိုစားနပ်ရိက္ခာမပေးချင်လို့နေရာလွတ်ထဲ မှာသိမ်းထားပြီးပစ္စည်းတွေကိုဘဲပေးခြင်း)အဲ့တာ ကြောင့်မို့သတင်းပေးခံရပြီးပစ်မှတ်ထားခံရတာဖြစ်မယ်"
နှစ်ယောက်သားအထဲကိုဖြေးညှင်းစွာမောင်းနေခဲ့ပြီး အရှေ့ကလမ်းနှစ်ဖတ်လုံးတွင်ပျံကျစျေးသည်များနှင့်တဲများဖြင့်နေထိုင်သောလူအုပ်ကြီးကပိတ်ဆို့ထားသည်။သူတို့ခက်ခက်ခဲခဲနဲ့ကားကိုမောင်းနေရသည်။
ရုတ်တရက်လူအုပ်ကြီးထံမှအာမေဋိတ်အော်သံကြီး တစ်ခုထွက်ပေါ်လာပြီးလူအများပြားသည်သူ့တို့ရှေ့ ကကားတစ်စီးကိုလက်ညိုးထိုးပြီးအံ့ဩတကြီးဖြင့် အုတ်အတုတ်ကျက်ကျက်စကားများနေကြသည်။ ထိုကားနှင့်ဟဲဇီကျုံးကားကြားတွင်ကားနှစ်စီးရှိ သောကြောင့်ထိုကားထဲကလူတွေသည်ဘယ်သူတွေလဲဆိုတာမမြင်ရပေ။ဒါပေမယ့်လမ်းတစ်ပေါ်ရှိ စကားပြောနေကြသောလူတွေဆီမှစကားသံကို အနည်းငယ်ကြားနိုင်ဆဲဖြစ်သည်။
"…..ကြယ်ပွင့်ဘဲ"
"အဲ့တာက…..overloard"
ကျွတ်ကျွတ်ညံနေသောဝေဖန်ချက်တွေကိုနားထောင်ရင်းဟဲဇီကျုံးရဲ့နှုတ်ခမ်းထောင့်တွေမဲ့ကျသွားသည်။အိုက်လွမ်ရဲ့လှုပ်ရှားမူတွေကမြန်ဆန်လွန်းသည်။ အခြေစိုက်စခန်း၏စီမံအုပ်ချုပ်သူများကတစ်ဦးချင်းကနေအသင်းအဖွဲ့ဖွဲ့စည်းရန်စတင်ခွင့်ပြုလိုက်သောအခါတွင်overloardအဖွဲ့သည်ကမ္ဘာပျက်ကပ်စတင်ကတည်းကဖွဲ့စည်းခဲ့သောအသင်းဟောင်းတစ်သင်းဖြစ်ကြောင်းသူ့ကြားသိခဲ့ရသည်။အစောပိုင်းအသင်းများသည်အခြားအသင်းများနှင့်ဆက်တိုက်ဆိုသလို ပူးတွဲဆောင်ရွတ်ခဲ့သော်လည်းလူနည်းလွန်းခြင်း ကြောင့်အကြောင်းပြချက်အမျိုးမျိုးဖြင့်ကွဲကွာသွား ကြသည်။overloardအသင်းသာဇွဲလုံလရှိမူကြောင့် ဆက်လက်တည်ရှိနေခဲ့တာဖြစ်ပြီးနောက်ပိုင်းတွင် အသင်းကြီးအသင်းငယ်များကိုဆန့်ကျင်တိုက်ခိုက်ခဲ့ကာအခြေစိုက်စခန်းတွင်ပြောပိုင်ဆိုပိုင်ခွင့်အခွင့်အ ရေးများကြီးရရှိခဲ့သည်။
အခုလည်းအတူတူဘဲဖြစ်ပုံရသည်သူတို့ရဲ့ဂုဏ်သတင်းသည်စတင်ပျံ့နှံ့နေပြီဖြစ်သည်။
overloardအသင်းရဲ့ခေါင်းဆောင်သည်အိုက်လွမ်မှန်းဟဲဇီကျုံးသိသော်လည်းကမ္ဘာပျက်ကပ်မတိုင်ခင်ကအိုက်လွမ်ပေါ်ပြူလာဖြစ်အောင်လုပ်ပေးခဲ့သော နောက်ကွယ်ကအမျိုးသားတစ်ယောက်ရှိသည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်တွင်ထိုသူသည်အနုပညာ အသိုင်းအဝိုင်းထဲတွင်နည်းလမ်းပေါင်းစုံသုံးကာ အိုက်လွမ်ကိုကြယ်သုံးပွင့်စတားအဖြင့်အောင်မြင်စွာမြှင့်တင်ခဲ့သည်။အိုက်လွမ်ကကမ္ဘာပျက်ကပ်တွင် overloardအသင်းကိုထိပ်တန်းကြေးစားစစ်သားအဖွဲ့အနည်းငယ်ထဲမှတစ်သင်းအဖြစ်ပြောင်းလဲနိုင်လိမ့်မည်ဟုလည်း၎င်းက မမျှော်လင့်ထားခဲ့ပေ။အဲ့တာ ကတကယ်ကိုမလွယ်ကူခဲ့ပေ။
ဖန်ဟောင်သည်အပြင်ကဆွေးနွေးမူများကိုနားထောင်ရင်းသူ့ရဲ့ပါးစပ်ကိုကာဖို့လက်ကိုမြှောက်လိုက်ပြီး ဝါးသန်းလိုက်သည်။နောက်ထပ်စတားတစ်ယောက်။လူတွေကကမ္ဘာပျက်ကပ်မတိုင်ခင်ကလည်းစတားတွေနောက်လိုက်ဖို့တကယ်ကိုစိတ်အားထက်သန် ကြပေမယ့်လည်းကမ္ဘာပျက်ပြီးသွားတာတောင် အဲ့လိုဖြစ်နေတုန်းဘဲလားဘာကြောင့်မြန်းလဲ?
ပြတင်းပေါက်အပြင်ဘက်ကလူအုပ်ကြီးကိုအမှတ်တမဲ့ကြည့်ရင်းနဲ့လူငယ်လေးတစ်ယောက်ဆီမှာ သူ့အကြည့်တွေကရပ်တန့်သွားခဲ့သည်။ထိုလူငယ် လေးကအလွန်ပိန်ပါးနေပြီးကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းကအရမ်းဝတာမျိုးမဟုတ်တာဖြစ်နိုင်လောက်သည်။ကမ္ဘာပျက်ကပ်တွင်များစွာကြုံတွေ့ခံစားရခဲ့ရပုံပေါ်ပြီးခြောက်သွေ့နေသောမျက်နှာတွင်မျက်လုံးကြီးကြီးလေးတွေသာသိသာသာပေါ်နေသည်။
ဖန်ဟောင်ကထိုလူကိုမသိသော်လည်းထိုမျက်လုံးတွေကိုတော့အနည်းငယ်ရင်းနှီးနေသည်……..အသက်နှစ်ဆယ်ရွယ်လောက်သာရှိသေးသော်လူငယ် လေးသည်အိတ်ကြီးတစ်လုံးကိုကိုင်ထားပြီးစိတ်လှုပ်ရှားမူ၊အံ့ဩတောင့်တမူများဖြင့်…..အရှေ့ကကားကိုကြည့်နေသည်။
သူ့ကကောနောက်ထပ်အနုပညာရှင်စတားတွေကို အားပေးတဲ့သူလား?သူ့ကကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းကအိုက်လွမ်ကိုကြိုက်နှစ်သတ်နေတဲ့ ပရိတ်သက်တစ်ယောက်ဖြစ်လောက်သည်။
ဖန်ဟောင်ကသူ့အကြည့်တွေကိုပြန်ရုတ်လိုက်ပြီး ကားရှေ့မှန်ကိုကြည့်လိုက်မှထိုမျက်လုံးတွေကို ဘာကြောင့်ရင်းနှီးနေမှန်းသဘောပေါက်သွားသည်။
"ကျွန်တော်မျက်လုံး….."
"ဘာဖြစ်လို့လဲ"ဖန်ဟောင်သည်နေရာလွတ်ထဲမှ အသုံးမပြုတာကြာပြီဖြစ်သော်ဖုန်းကိုရုတ်တရက် ထုတ်ယူလိုက်ပြီးဓာက်ပုံရိုက်လိုက်တာကိုဟဲဇီကျုံးတွေ့လိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး၊ကျွန်တော်မျက်လုံးကိုကျွန်တော် ကြည့်နေတာ…"
"ကားထဲမှာမှန်မရှိတာကျနေတာဘဲ"ဟဲဇီကျုံးက ပြုံးလိုက်ပြီးသူ့အပါ်ကနောက်ကြည့်မှန်ကိုလက်ညိုးထိုးပြလိုက်သည်။
ဖန်ဟောင်ကရှက်သွားပြီးကျောမတ်မတ်ထိုင်လိုက်ကာမှန်ထဲမှာသူ့ကိုယ်သူကြည့်လိုက်သည်။"အင်း နည်းနည်းလေးဘဲတူတာပါအရမ်းတော့မတူဘူး"ထိုလူငယ်ရဲ့မျက်နှာကပြည့်ပြည့်လေးမဟုတ်သော ကြောင့်ထိုမျှော်လင့်ထားသည့်အကြည့်ကိုထည့်ပေါင်းထည့်လိုက်ရာသူ့မျက်လုံးများသည်ကြီးမားပြီးရန်စသလိုဆောင့်ကြွားကြွားဖြစ်နေသည်။
"ဇီကျုံးကျွန်တော်မျက်လုံးတွေကအရမ်းကြီးလားဟင်…..ယောက်ျားလေးမျက်လုံးနဲ့ကောတူရဲ့လား"ဖန်ဟောင်ကဟဲဇီကျုံးခုံဘက်သို့လှည့်ပြီးလေးနက် သောအမူအရာဖြင့်ဟဲဇီကျုံးကိုမေးလိုက်သည်။
ဟဲဇီကျုံးကပြုံးပြီးဖန်ဟောင်ကိုကြည့်လိုက်ကာသူ့လက်ကိုမြှောက်လိုက်ပြီးဖန်ဟောင်ပါးလေးကိုဆွဲလိုက်ကာ"ကိုယ့်မျက်လုံးကိုမကြိုက်ဖြစ်နေတာဘယ်သူလေးလဲ"လူတွေကသူ့တို့မျက်လုံးသေးနေတာ မကြိုက်ကြောင်းပြောတာကိုသာသူ့ကြားဖူးသည်။
ဖန်ဟောင်ရဲ့မျက်နှာလေးကနီရဲသွားပြီးသူ့ခေါင်း လေးကိုရှေ့တည့်တည့်ပြန်လှည့်လိုက်ကာ"ကျွန် တော်ကလေးဘဝတုန်းကလူကြီးတွေကျွန်တော်ကိုချစ်စရာလေးလို့ပြောတာအဆင်ပြေပေမယ့်….. ကျွန်တော်ကြီးလာတော့လည်းချစ်စရာ လေးလို့ဘဲပြောနေကြတာ…."အထူးသဖြင့်သူတက္ကသိုလ်တက်တုန်းကလည်းကျောင်းသူတွေနဲ့သူ့အချိန်ပိုင်းဆရာဖြစ်လုပ်တုန်းကအလုပ်ထဲကဆရာတွေကလည်းသူ့ကိုလှောင်ခဲ့ပြီး၊သူ့ကိုယ်သူလည်း ယောက်ျားမပီသဘူးဟုခံစားခဲ့ရသည်။
"ကိုယ်ကတော့မင်းမျက်လုံးလေးတွေကိုကြိုက်တယ်"ဟုတ်တယ်သူ့အမြဲတမ်းကြိုက်နေခဲ့တာဖြစ်သည်။အထက်တန်းကျောင်းမှဘွဲ့ရပြီးကတည်းကအဲ့ဒီမျက်လုံးလေးတွေကသူ့အိမ်မက်ထဲမှာအချိန်တိုင်း ပေါ်လာပြီးအချိန်တော်ကြာတဲ့အထိမေ့လို့မရခဲ့ပေ။
ဖန်ဟောင်သည်သူ့နှလုံးသားထဲကစိုးရိမ်ရှုတ်ထွေးမူတွေပျက်ပြယ်သွားပြီးပြုံးရယ်နေခဲ့သည်။သူ့ကဟဲဇီကျုံးပုခုံးပေါ်ကိုမှီလိုက်ပြီးချစ်စရာကောင်းသော ပါးချိုင့်လေးပေါ်လာပြန်သည်။ဟဲဇီကျုံးကသူ့မျက်လုံးကိုကြိုက်တယ်ဆိုရင်သူ့မျက်လုံးကိုသူ့မကြိုက်တာမျိုးမဖြစ်တော့ပေ!!!အကယ်လို့သူ့ကိုမိန်းမဆန် ပြိးချစ်စရာလေးလို့ခေါ်ကြရင်တောင်ဟဲဇီကျုံးကြိုက်နေသမျှကာလပတ်လုံးအဲ့တာကချစ်စရာကောင်းတယ်လို့ထင်ရင်သူ့ကချစ်စရာကောင်းနေလိမ့်မည်!!!
ခုနလေးကလမ်းတစ်ဖတ်မှာမြင်ခဲ့တဲ့အမျိုးသားက တော့သူ့စိတ်ထဲကထုတ်လိုက်တာကြာပြီဖြစ်သည်။
…………………..
"အစ်ကိုကိုကောင်းကောင်းပြုစုရင်မင်းကိုလည်း သက်တောင့်သက်သာနေနိုင်အောင်လုပ်ပေးမယ်၊ မင်းနစ်နာအောင်မလုပ်ပါဘူး"ယုတ်မာသောကောင်ရဲ့လက်သည်သူ့ရှေ့တွင်ဒူးထောက်နေသာလူ၏ဆံပင်ကိုဆွဲလိုက်ပြီးအထိအတွေ့အပြုအစုမှာခံစားမူ ပြင်းထန်လာကာကျေနပ်သာယာမူဖြင့်မျက်လုံးကို မှေးစင်းထားသည်။
ဆွဲဆောင်ဖျားယောင်းတဲ့အပြုံးကိုပန်ဆင်ထားပြီး သိုက်ကျွင်းသည်အမျိုးသားကိုပြုစုနေသည်။ဒီတစ် ကြိမ်တွင်သူသည်ထိုအမျိုးသား(အိုက်လွမ်)နှင့် အိမ်ဆောင်ကိုအတူမျှဝေရန်လုံလောက်အောင်ကံမကောင်းခဲ့ပေ။ overloard ….overloardအသင်း……သူoverloard လုပ်အသင်းထဲဝင်ချင်တယ်!!!ဒါပေမယ့်သူတွင်စွမ်းရည်ကောဇွန်ဘီတွေကိုတိုက်ခိုက်နိုင်စွမ်းကောမရှိပေ။သူ့နဲ့အတူအခြေစိုက်စခန်းသို့ရောက်လာသောလူ များသေပြီးနောက်သူတို့ရဲ့ကျောပိုးအိတ်ကိုရရှိခဲ့ပြီး အခန်းထဲတွင်တစ်လလောက်နေထိုင်ရန်အစားစာ များကိုလုံလောက်စွာပေးချေခဲ့သော်လည်းသူတွင် ဝင်ငွေမရှိတော့ပေ။သူ့အိမ်မက်ထဲကမင်းသားလေးကိုတွေ့ပြီးမှတော့သူ့ကိုယ်သူဘယ်လိုထိန်းထားနိုင်မှာလဲ။
ကမ္ဘာပျက်ကပ်မတိုင်ခင်ကသူသည်dodder ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ပြီးသူ့မိသားစုနှင့်သူကိုထောက်ပံ့နေသောအသက်မွေးဝမ်းကြောင်းရှိတဲ့အမျိုး သားတစ်ယောက်ကိုသာသူ့မှီခိုအားထားခဲ့ရသည်။ အခုတော့ထိုအမျိုးသားသည်သူ့ကိုခြေတော်တင်ချင်တယ်လို့ပြောနေမှာတော့သူ့ထိုလူကိုခဏလောက် ခြေတော်တင်ခွင့်ပြုလိုက်မယ်…..
နှမြောစရာတစ်ခုကတော့ဟဲဇီကျုံးသည်သေပြီးသားလဲဖြစ်နိုင်ပေမယ့်အကယ်လို့အသက်ရှင်ခဲ့ရင်သူ့ဒီ လောက်ဒုက္ခခံရမှာမဟုတ်ပေ……မဟုတ်ဘူး!!! ကမ္ဘာပျက်ကပ်မှာစွမ်းအင်မရှိတဲ့သာမာန်လူတွေသည်စွမ်းအင်ရှိတဲ့လူနဲ့ဘယ်လိုလုပ်နှိုင်းယှဉ်လို့ရမှာလဲ။အကယ်လို့ဟဲဇီကျုံးအသက်ရှင်နေရင်တောင်သူ့မှာ စွမ်းအားမရှိသရွှေ့အိုက်လွမ်လိုမျိုးတစ်စုံတစ်ယောက်နှင့်မနှိုင်းယှဉ်နိုင်ပေ!!
ကမ္ဘာမပျက်ခင်ကတည်းကသူ့သည်လူပေါင်းများစွာ ကြည့်ရှုအားပေးခဲ့သောstarတစ်ယောက်ဖြစ်ခဲ့သည်။ကမ္ဘာပျက်ကပ်တွင်လည်းသူသည်စွမ်းအားရှင်တစ်ယောက်ဖြစ်နေခဲ့ပြီးအင်အားကြီး သောအသင်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေသည်။ထိုအမျိုးသားသည်ချောမောသောအသားအရေ၊ စွမ်းအင်နှင့်ပြင်းထန်သန်မာသောတိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်ထားသည်။
သိုက်ကျွင်းရှေ့ကအမျိုးသားသည်ကျယ်လောင်အားရသောညီးသံကိုထုတ်လွှတ်နေပြီးအသက်ကိုပြင်းထန်စွာရှုကာသိုက်ကျွင်းကိုဆွဲမလိုက်ပြီးအိပ်ယာပေါ် ပစ်တင်လိုက်ကာဝါးမျိုစားသောက်ရန်အုပ်မိုးလိုက်ကာ"Fuck!!ယောက်ျားလေးတွေကအဲ့လောက် သာယာအောင်လုပ်နိုင်မှန်းသိရင်အရင်ကတည်းက Fuckခဲ့ပါတယ်"
ထေ့ငေါ့နေသောမျက်လုံးများဖြင့်သိုက်ကျွင်းသည်သူ့လက်မောင်းအတွင်းသို့မှီလိုက်ပြီးတောက်လောင်နေသောလူဆီသို့လက်ကိုဆန့်ထုတ်လိုက်ကာ "အစ်ကိုကြီး….မလုပ်ပါနဲ့…နာတယ်"
အထဲကအသံကိုကြားသောအခါဘေးအခန်းကသူ့ရဲ့ ခန္ဓာကိုယ်သည်ကြက်သီးထပြီးတုန်ခါသွားကာစိတ်ပျက်နေသောအမူအရာဖြင့်အသံမလုံသောသစ်သား တံခါးကိုကြည့်လိုက်သည်။သူတို့ဘာလို့ကံအရမ်းဆိုးနေရတာလဲ?တစ်နေ့လုံးအလုပ်များနေခဲ့ပြီးပြန်လာတော့လည်းဒီလိုအရာမျိုးကိုတွေ့လိုက်ရပြန်သည်။
……………………
"သတင်းပို့ပါတယ်၊သတင်းပို့ပါတယ်!!၁၂ကြိမ်မြောက်ဆက်တိုက်သတင်းပို့ခဲ့ပြီးသန္ဓေပြောင်းဇွန်ဘီတွေနဲ့တိရိစ္ဆာန်တွေဝိုင်းခံထားရတာကြောင့်စစ်ကူတောင်းဆိုနေပါတယ်!!!"
"ဘယ်အချိန်တုန်းကသတင်းပို့ခဲ့တာလဲ"ယနေ့ခတ်တွင်အချက်ပြမူစနစ်များပြတ်တောက်သွားသဖြင့် စစ်တပ်ဆက်သွယ်ရေးနည်းစနစ်ပင်လျှင်ကြီးမား သောအနှောင့်အယှတ်များနှင့်နှောင့်နှေးမူများကို တွေ့ကြုံခဲ့ရသည်။
"ညနေခြောက်နာရီလောက်ကပါ"
"ညနေခြောက်နာရီလား၊အခုညကိုးနာရီတောင်ရှိနေပြီ!!ဒီလိုခတ်ခဲတဲ့အချက်ပြမှုကိုအခုမှာဘာလို့ရရတာလဲကွာ"
တာဝန်ထမ်းဆောင်နေသောလူများစွာသည်အခြေစိုက်စခန်းဌာနာချုပ်ဆီသို့လျင်မြန်စွာသွားကြပြီး ချက်ချင်းဆက်သွယ်ရန်အမိန့်နာခံခဲ့သည်။
"ခေါင်းဆောင်သတင်းပို့ပါတယ်!!!အဖွဲ့ဆယ်နှစ်ကိုဆက်သွယ်လို့မရတာငါးနာရီလောက်ရှိပါပြီ လောလောဆယ်အခြေနေအတိအကျမသိရသေးပါဘူး"
"သတင်းပို့ပါတယ်၊ခေါင်းဆောင်ဇွန်ဘီကြွတ်အုပ်စုလိုက်ကြီးအခြေစိုက်စန်းကိုချီတက်လာတယ်လို့အရှေ့ကစုံစမ်းရေးအဖွဲ့ကသတင်းပို့ပါတယ်"
"အရေအတွက်ဘယ်လောက်များလို့လဲ"
"အမြင်နဲ့ခန့်မှန်းရသလောက်တော့အနည်းဆုံး တစ်ထောင်လောက်ရှိပါတယ်တဲ့"
"ဘယ်ဘက်ကနေလာတာတဲ့လဲ၊မီးပစ်တဲ့လက်နက်တွေကိုစစ်သားတွေကိုပေးလိုက်ပြီးရှေ့တန်းမှာတပ်ချထားလိုက်၊ဓာက်ငွေ့ပို့ကွန်ရက်စနစ်တွေကိုဖွင့် ထားလိုက်"
ကမ္ဘာပျက်ပြီးတစ်လအကြာမှာAမြို့ရှိအခြေစိုက်စခန်းသည်ပထမဆုံးအကြိမ်ဇွန်ဘီများဆီမှတိုက်ခိုက်ခံရခြင်းဖြစ်သည်။တိုက်ခိုက်လာသောဇွန်ဘီများမှာ-ဇွန်ဘီကြွတ်များဖြစ်ကြသည်။ထိုအရာများမှာအလွန်သေးငယ်လွန်းသောကြောင့်ဓာက်ငွေ့ပိုက်ကွန်ရက်စနစ်သည်ဟန့်တားနိုင်ခြင်းမရှိပေ။ကြွတ်များသည်ဓာက်ငွေ့ပိုက်ကွန်ရက်စနစ်မှတစ်ဆင့်အနောက်ဘက်ကတပ်ချထားသောစစ်သားများဆီသို့ပြေးသွား ကြသည်။
မီးပစ်လက်နက်ဖြင့်တပ်ချထားသောစစ်သားများသည်ခုံခံကာကွယ်ရန်စတင်ရှင်းလင်းခဲ့ပြီးအပြင်ဘက်ကဇွန်ဘီလှိုင်းကိုမြို့နရံကပိတ်ဆို့ထားပေမယ့်ဇွန်ဘီကြွတ်များသည်လှုပ်ရှားမူအရမ်းမြန်သောကြောင့် မတော်တဆထိခိုက်ဒဏ်ရများရရှိခဲ့သည်။စစ်သားအများပြားသည်အကိုက်ခံလိုက်ရသည်။ဇွန်ဘီရော ဂါကူးစက်ဖြစါပွားခြင်းကိုရှောင်ကြဉ်ရန်အကိုက်ခံရသူအများစုသည်ကိုယ်ကိုသတ်သေခြင်းသို့မဟုတ်သူတို့ရဲ့ရဲဘော်ရဲဘက်များဆီမှပစ်ခတ်ခံလိုက်ရသည်။
"ကျွန်တော်တို့ဒီတိုင်းဆက်သွားလို့မရတော့ဘူး၊ စစ်သားတွေတော်တော်များများကျသွားပြီ"
"အခြေစိုက်စခန်းထဲမှာစွမ်းအားရှင်တွေအများကြီး ရှိတယ်မဟုတ်ဘူးလား၊ဘာဖြစ်လို့အဲ့လူတွေကို အခြေစိုက်စခန်းကိုကာကွယ်ဖို့မခေါ်တာလဲ"
"ငါတို့အရမ်းနောက်ကျသွားပြီးပြီးတော့…"အဲ့လူတွေကိုသူတို့ခေါ်ခဲ့ရင်တောင်အဲ့လူတွေကစစ်သားတွေလိုအမိန့်နာခံဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါကအခြေစိုက်စခန်းရှင်သန်ဖို့အတွက်အရေးကြီးတဲ့ကိစ္စဘဲ?အကယ်လို့ဒီလိုမျိုးအကြိမ်ကြိမ်ဖြစ်နေခဲ့မယ်ဆိုရင်အခြေစိုက်စခန်းကပြိုလဲသွားလိမ့်မယ်"လူတစ်ယောက်ကပြောပြီးနောက်အခန်းထဲမှာတိတ်ဆိတ်သွားသည်။
"ဒါပေမယ့်အဲ့လူတွေကခုခံကာကွယ်ရေးမှာပါဝင်ဖို့ လိုအပ်မယ်ဆိုရင်တောင်……သူတို့ကကျယ်ကျယ် လောင်လောင်လုပ်မှာသေချာပေါက်ဘဲ"
"ဒါပေမယ့်ဒီနည်းအပြင်မရှိတော့ဘူး၊ငါသိသလောက်တော့စွမ်းအားကိုလေ့ကျင့်ထားသောမီးစွမ်းအားရှင်တွေကမီးပစ်လက်နက်တွေကိုနှိုင်းယှဉ်နိုင်တယ်တဲ့၊ပြီးတော့လက်နက်ကိုထမ်းထားရတာမျိုးမဟုတ် တော့သူတို့ရဲ့လှုပ်ရှားမူကိုလည်းသတ်ရောက်မူရှိမှာမဟုတ်ဘူး