မှောင်မဲ စွတ်စိုနေတဲ့ နံရံတွေဟာ ကြွက်နဲ့ပုရွက်ဆိတ်တွေရဲ့ ပွတ်တိုက်သွားလာမှုကြောင့် အနံ့အသက် ဆိုးဝါးနေသည်။ ချင်အင်ပါယာရဲ့ တော်ဝင်မြို့တော်မှာ အကျဉ်းကျတဲ့ ဆိုးသွမ်းပြီး ခွင့်လွှတ်လို့မဖြစ်နိုင်တဲ့ အပြစ်သားတွေအားလုံးဟာ အသက်ရှင်လျက်နှင့် ပြန်လွှတ်နိုင်ရိုး ထုံးစံမရှိပေ။
နံရံရဲ့ အတွင်းဘက်ဆုံးမှာတော့ တွန့်လိမ်ကောက်ကွေးနေတဲ့ဆံပင်နဲ့ နံရံအား ကျောပေးကာ ထိုင်နေသော လူတစ်ဦးရှိ ၏။ ထိုသူ့မျက်နှာတစ်ပြင်လုံးဖောင်းပြီး ယောင်ကိုင်းနေသော်ငြား နှုတ်ခမ်းထောင့်က အမာရွတ်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်သေးသည်။ ထိုဒဏ်ရာများသည် ခပ်ပြင်းပြင်းအားနဲ့ရိုက်ခံထားရပြီးနောက် ကျန်ရစ်ခဲ့သော လက်စများပင် ဖြစ်သည်။
ဒီလူ၏အချစ်မရှိတော့သော နှလုံးသား တစ်ခုလုံးခြေမွခံထားရပြီး မျှော်လင့်ချက်များပျောက်ဆုံး ပျက်စီးနေဟန် မျက်ဝန်းများ အသက်မဲ့နေသည်။
"မိဖုရား, ဒီဘက် ကိုကြွတော်မူပါ"
အသံနှင့်အတူ ထောင်စောင့်နှစ်ဦးသည် လူတစ်ချို့အား ခေါ်ဆောင်လာကာအကျဉ်းတန်းတစ်လျှောက် ဝင်ရောက်လာသည် ။ရှေ့မှ ဦးဆောင်လာသူက လှပတဲ့ အမျိုးသမီးတစ်ဦးပင်။ဆင်မြန်းလာတဲ့ ဂါဝန်က အဖြူထည်မို့ အောက်ခြေ အနားသပ်များကို ညစ်ပေသွားစေသည်မှာ တိမ်ဖြူဖြူ တွေ ပျယ်လွှင့်သွားသကဲ့သို့။
လူအုပ်စုက နံရံတစ်ခုရှေ့အရောက်တွင် ရပ်တန့်သွားကြသည်။ အထဲမှ လူ၏ မည်သည့်အရာကိုမျှ သတိမပြုမိဟန် ကိုအကဲခတ်၍ ထောင်စောင့်လဲ တံခါးဖွင့်လိုက်သည်။
ထို့နောက် အမျိုးသမီးမှ လက်ကို ယမ်းပြကာ အမိန့်ပေးသည်။
" ပဉ္စမအစ်ကိုတော် ကို နှုတ်ဆက်စကား ပြောမလို့၊ အားလုံးအပြင်ထွက်ကြ"
"မှန်လှပါ"
အမျိုးသမီးနောက်မှ လိုက်လာသော မိန်းမစိုးမှ ထောင်စောင့်လက်ထဲသို့ ရွှေတုံးလေး ထည့်ပေးလိုက်သည်။ အစောင့်နှစ်ယောက်လဲ ခပ်သွက်သွက်ခေါင်းငြိမ့်ပြကာ အရိုအသေပြု၍ ထွက်ခွာသွားသည်။
အစမှ အဆုံးထိ ထိုင်နေသော အမျိုးသားမှာ တုပ်တုပ်မျှ မလှုပ်သည့်အပြင် သူ၏မျက်ခွံပင် ဖွင့်မလာချေ။အမျိုးသမီးသည် ထီမထီဟန်ဖြင့် ရှေ့ဆက်တိုးလိုက်ကာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အထင်မြင်သေးဟန်ဖြင့် ကြည့်လာသည်။အရည်ရွှန်းလဲ့ကာ တောက်ပနေသော မျက်ဝန်းတစ်စုံသည် မောက်မာမှုများ ၊အမုန်းတရားများ ဖြင့် ပြည့်နှက်နေသည်။
"ပဉ္စမအစ်ကိုတော်"
မျှော်လင့်ချက်များပျောက်ဆုံးနေသော မျက်ဝန်းတစ်စုံသည် သူ့အား အထင်သေးဟန်ဖြင့် ဘယ်ထဲကစိုက်ကြည့်နေမှန်း မသိသော ထိုအမျိုးသမီးနှင့်အကြည့်ချင်းဆုံသွားသည် ။
"ပဉ္စမအစ်ကိုတော် တဲ့လား?ငါ့ နန်းတော်မှာ မင်းလို ညီမမျိုး မရှိဘူး"
ထိုနေ့က ချင်ယွင်ရှန်း ရဲ့အဓိကပစ်မှတ်က သူ့ကို။ ဘုရင်မင်းမြတ်ကို အဆိပ်ခတ်ပြီး ကျန်တဲ့တော်ဝင်မင်းသားတွေ ကို မတရားစွပ်စွဲ၍ တရားခံ အဖြစ် အတင်းဖိအားပေးကာ သတ်ပစ်ခဲ့သည်။ သူ့အပေါ် အရမ်းကောင်းတဲ့ နှမငယ်လေး ကလည်း ဒီဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်က ကြိုးကိုင်သူတဲ့လေ။
သူတစ်ကယ် ကန်းပြီး တုံးအ ခဲ့တာပဲ။10နှစ်လုံးလုံး ယုံကြည်လာသမျှ သဲထဲရေသွန်ဖြစ်ကုန်သည် ။ ဒါကြောင့်လည်း ပြောကြတာပေါ့...အရင်းနှီးဆုံးလူတွေက နောက်ကျော ဓားနဲ့ထိုးတတ်တယ်ဆိုတာ။
"ငါ့နန်းတော်တဲ့လား? ဟားဟားဟား"
အမျိုးသမီးက သူမ ပါးစပ်ကို အုပ်ကာ ဟက်ဟက်ပက်ပက် ရယ်သည်။
"ပဉ္စမအစ်ကိုတော် ရယ် ..လူထောင်ပေါင်းများစွာ ရဲ့အထက်က ကြင်ယာတော်ဖြစ်တုန်းလို့ ကိုယ့်ကိုကိုယ်ထင်နေသေးတာလား? သိပ်ရယ်ရတာပဲ။ ကြည့်ရတာ သတင်းမကြားသေးဘူးထင်ပါရဲ့...ရှင့်ရဲ့ အရှင်မင်းကြီးကလေ ဒီနေ့ အမိန့်ချမှတ်လိုက်ပြီ၊ ညီမတော်ကို ဧကရီ အဖြစ်တင်မြောက်ဖို့ ရက်ရွေးခိုင်းတာလေ။ အင်း...အစ်ကိုတော်ကတော့..အရှင်မင်းကြီးအတွက် အမှိုက်လောက်တောင် အသုံးမဝင်တော့ဘူး"
သူ့မျက်နှာပေါ်မှ နာကျင်ရိပ်များကို တွေ့တော့ အမျိုးသမီးက ကျေနပ်စွာပြုံးသည်။သူမ၏ မျက်ဝန်းထဲမှ အမုန်းတရားများကတော့ အတုအယောင်ဟုတ်မနေချေ။
"ဟုတ်လား? ဖောက်ပြန်သူနဲ့ လုယူသူ အချင်းချင်း သိပ်လိုက်ဖက်ပါတယ်"
ရှန်လျန်သည် ရင်ထဲမှ ပျို့တက်လာခြင်းကိုသက်သာစေရန် ခေတ္တ မှိန်း လိုက်ရင်း အတွေးကမ္ဘာထဲ နစ်ဝင်သွားသည်။
သူ့စိတ်တွေ မပြောင်းလဲသေးခင် ပင် ဤ သစ္စာဖောက်မှုကို လက်တွေ့ခံစားခဲ့ရသည်။လွန်ခဲ့တဲ့ ဆယ်နှစ်က သူ ချင်ယွင်ရှန်းကို အကြိမ်ပေါင်းများစွာ မသတ်ရက်ပဲ ချစ်ခဲ့သည်။ သို့သော် သူက မင်းကြီးနဲ့ တော်ဝင်မင်းသား တွေကို သတ်တယ်လို့ စွပ်စွဲခံရတာတင် မကပဲ အဆိပ်ပြင်းတဲ့ ကြင်ယာတော် လို့လည်း ခေါ်ဝေါ်သမုတ်ကြသည်။
နောက်ဆုံးတော့ ချင်ယွင်ရှန်းက သူ့ကိုဘယ်တုံးကမှ မချစ်ခဲ့ဖူးဘူးဆိုတဲ့ အမှန်တရားကို လက်ခံလိုက်ရသည်။ အဲ့ဒီအစား တစ်ခြားတစ်ယောက်ကို အမြဲ ချစ်နေခဲ့ခြင်းပင်။ ဒီလိုဖိအားတွေကြောင့်ပဲ သူ့ဖခင်ကလည်း လူ့လောကကို ကျောခိုင်းသွားခဲ့တယ်။
"ရှင်...."
အမျိုးသမီး စိတ်ရှုပ်ထွေးနေသည်။ သူမကိုရှိသည်ဟုပင် မထင်ပဲ အတွေးနွံထဲရောက်နေမည်ဟု မျှော်လင့်မထားပေ။တစ်စုံတစ်ယောက်အကြောင်း တွေးနေပုံရသည်။ဒါပေမဲ့...ဪ ...သူမ တစ်စုံတခုကို ရိပ်မိပြီး ပြုံးလိုက်ကာ ရှေ့သို့ အသံတိတ် ချဉ်းကပ်လိုက်၍ ပြောသည်။
" ပဉ္စမအစ်ကိုတော်က သူ သေသေရှင်ရှင်
ဂရုမစိုက်တော့ဘူးလား။ အဲ့တာက ဗိုလ်ချုပ် အိမ်တော် ဖြစ်ခဲ့ရင်ရော? တစ်ကယ် ဂရုမစိုက်တော့ဘူးလား"
"မင်းဘာ ကိုဆိုလိုတာလဲ?" ရှန်လျန် မျက်လုံးတွေမှေးကျဉ်းလိုက်သည်။ ဖြစ်နိုင်တာက....
စကားလုံးတွေ ပစ်သွင်းပြီး နောက်ဆုံးတော့ အမျိုးသမီးက နောက်အနည်းငယ် ဆုတ်လိုက်ကာ..
"အမတ်ချုပ်ဝေက သူ့ကိုယ်ပိုင် တပ်သားတွေနဲ့ ပုန်ကန်ဖို့ကြိုးစားလို့လေ။
ဝေပိုင်နက်မှာဆို လူပေါင်း 100ထက်မက ဘူး၊ ကလေးတောင် ကံဆိုးပြီး လွှတ်ချင်မှ လွှတ်လိမ့်မယ်။ အားလုံးက ဘုရင်မင်းမြတ်ရဲ့အမိန့်နဲ့ အသတ်ခံလိုက်ရတယ်"
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး. အဖိုးမှာရှိတယ်လေ...." ရှန်လျန့် စိတ်နှလုံး ကွဲအက်သွားလေပြီ။ ယောင်ရမ်းနေတဲ့ မျက်နှာ ပြင်ပေါ်ဝယ် အထိတ်တလန့်နှင့်။သူ့နောက်ကွယ်က အရိပ်တပ်ကြီးသာ ပြိုလဲသွားတယ်ဆိုရင် သူ့မှာ ဘာအာဏာမှ မကျန်တော့ဘူး။
"ဘာလဲ ?ဝေ အိမ်တော်မှာ အဆိပ်ကျမ်း စာအုပ် တွေ ရှိတာလား" အမျိုးသမီးက
လှောင်ပြောင်သည်။
"အစ်ကိုတော် ရှင်က တစ်ကယ်ကို ရူးတာပဲ။ ရှင့်အဖေက ကျွန်မဦးေလးကိုလက်ထပ်လိုက်တော့ အမတ်ကြီးဝေက ကျွန်မတို့ တုံးလင်အိမ်တော်နဲ့ သဘောတူညီမှု ချိုးဖျက်လိုက်တယ်။
အရှင်မင်းကြီးက အရိပ်တပ်သားတွေကို ဖျက်သိမ်းဖို့ တောင်းဆိုမယ်လို့ သူအိမ်မက်ထဲတောင်ထည့်မက်ထားမှာ မဟုတ်လောက်ဘူး။
အမတ်ကြီးဝေ က အဆိပ်ကျမ်းစာအုပ်ယူထုတ်လာပြီး မင်းကိုပဲအရင် ကယ်တယ်တဲ့လေ။
အစ်ကိုတော် က ဝေနယ်မြေက လူတွေရဲ့ သွေးမြေကျစေတဲ့ တစ်ကယ့်တရားခံပဲ၊ဟားဟားဟား"
"မ..မဟုတ်ဘူး၊ ချင်ယွင်ရှန်းက အဲ့လိုလုပ်မှာမဟုတ်...."
အရာအားလုံး ပြီးဆုံးသွားပြီ။ရှန်လျန် ကူကယ်ရာမဲ့စွာ မည်သည့်စကားမှ ထွက်ကျမလာတော့။တစ်ချိန်တုံးက ချင်ယွင်ရှန်းဆိုတာ သာမာန်မင်းသားတစ်ပါးပဲ၊သူနှင့်လက်ဆက်ပြီးမှသာ မင်းသား လေး အဖြစ်အဆင့်တက်ခဲ့တာ။အဲ့နောက်ပိုင်းမှာ တုံးလင်အိမ်တော်နဲ့ အဖေ က သူ့အတွက် အရိပ်ကိုယ်ရံတော်တပ် ကို ချီးမြှင့်ခဲ့တယ်။အဲ့တုန်းကတော့ ချင်ယွင်ရှန်း အတွက် သူကအရေးကြီးဆုံးအထောက်အပံ့ပေးတဲ့သူဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမတ်ကြီး ဝေက သဘောမကျဘူး
တစ်ခြားဦးရီးတော်တွေရော၊ သူ့အဖိုးပါ မကျန် သူ့ကို သတိပေးခဲ့တယ်။ ချင်ယွင်ရှန်းက ယုံကြည်လို့ရတဲ့သူ မဟုတ်ကြောင်း၊သူ့မျက်စိအောက်မှာ ဘာမှ ဖုံးကွယ်ထားလို့ရမှာ မဟုတ်ကြောင်းကို ။ သူဆယ်နှစ် နီးပါးခန့် ချင်ယွင်ရှန်းကို အကောင်းဆုံး ကူညီထောက်ပံ့ပေးနေခဲ့တယ်။ဒါပေမယ့် ချင်ယွင်ရှန်းက ရာဇပလ္လင်ကို ရယူဖို့ အဓိကလူဖြစ်တဲ့အရှင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံတယ်။ဝေ အိမ်တော်လဲ သေချာပေါက်ချွင်းချက်ဟုတ်မနေခဲ့ပေ။
အစအဆုံးပြန်တွေးကြည့်ပြီးနောက် ရှန်လျန် ဝမ်းနည်းစွာ မျက်ဝန်းတွေပိတ်လိုက်သည်။နောင်တမျက်ရည်များက ပါးရိုးတစ်လျှောက်စီးဆင်းသွားသည်။
သူတစ်ကယ် ကန်းခဲ့သည်ပဲ။ သူ့ရဲ့အမြင်မရှိမှုကြောင့် ဝေအိမ်တော်သာမက ၊အဖိုးရဲ့နယ်မြေမှာနေထိုင်တဲ့ လူရာပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးခဲ့ရသည်။
"အားးးးးးးးးးး"
ရက်စက်တဲ့ အမှန်တရားတွေကြောင့် ပြင်းပြင်းထန်ထန်နာကျင်ခံစားရပြီး သူ့ခေါင်းသူ ဆုပ်ကိုင်ကာ အော်ဟစ် လိုက်မိသည်။သွေးများက သူ့နားစည်အတွင်းမှ စီးဆင်းလာသည်။
"ဩော တစ်ခုကျန်သေးတယ်၊ ပဉ္စမအစ်ကိုတော် မသိလောက်ဘူး။ အကြီးဆုံးအစ်ကိုတော် သေသွားတာက မတော်တဆ မဟုတ်ဘူးနော် ၊ပဉ္စမအစ်ကိုတော်ကြောင့် သေရတာ။တွေးကြည့်ရင် အမလေးနော်..ရှင့်ကြောင့်သေရတဲ့ လူတွေ ဘယ်လောက်တောင် များနေပြီလဲ"
သူပိုနာကျင်လေ ထိုအမျိုးသမီးက ပိုပျော်လေပင်။ နူးညံ့တဲ့နှုတ်ခမ်းနှစ်လွှာထက်ဝယ် ရက်စက်တဲ့အမှန်တရားတွေသယ်ဆောင်ထားလျက်။
"ဘာ...."
ထိုစကားများ ကြားပြီးနောက် သူထရပ်လိုက်ကာ သူမရဲ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ ကြမ်းကြမ်းတမ်းတမ်း ရမ်းခါပစ်လိုက်သည်။
အမျိုးသမီးက ကြောက်လန့်တကြားအော်ဟစ်သည်။ အကြောင်းမှာ ထိုသူ၏ မျက်အိမ် နှင့် နားတွင်း သာမက နှာခေါင်း တွင်ပါ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည် ။
တစ္ဆေ၊သရဲတွေ့ရသကဲ့သို့ အမျိုးသမီးနှင့်ပါလာသော မိန်းမပျိုနှင့် မိန်းမစိုးများပင် အလွန် ကြောက်ရွှံ့ကုန်ကြကာ လှုပ်ရှားဖို့သော်လည်းကောင်း၊အကူညီအော်တောင်းဖို့သော် လည်းကောင်း မေ့လျော့သွားကြသည်။
"ငါ့အစ်ကိုတော် ဘယ်လိုသေဆုံးသွားတာလဲ? မင်းသတ်လိုက်တာလား?"
ရှန်လျန် လုံးဝရူးသွပ်သွားပြီဖြစ်သည်။
သူ့အစ်ကိုတော်ရော ဝေနယ်မြေက လူတွေ အကုန်သေဆုံး၍ သွေးအိုင်ဖြစ်ခဲ့ပြီ။
"လွှတ်စမ်း၊ ငါ့ကိုလွှတ်၊ သူ့ကိုအခုချက်ချင်းအဝေးကို ဆွဲထုတ်စမ်း၊မဟုတ်ရင် မင်းတို့ အကုန်သေရမယ်၊ မြန်မြန်လုပ်"
ထိုအခါမှ ကြောင်အလျက်ရပ်နေသော မိန်းမပျိုများ သည် သူတို့၏ စိတ်လှုပ်ရှားမှုများကိုအလျင်အမြန် သိမ်းဆည်းကာ နောက်လှည့်၍ အော်ဟစ် အကူညီတောင်းကြတော့သည်။
အော်သံများကြောင့် ထောင်စောင့်များ ဝိုင်းရံလာပြီး ကာကွယ်သူက ကာကွယ်၊ ရှန်လျန်အား အဝေးဆွဲခေါ် သူက ခေါ် ဖြစ်ကုန်သည်။
"ရှန်ချန်၊ မင်းငါ့အစ်ကိုတော်ကို သတ်လိုက်တာလား,မင်းးးတစ်ကယ်.."
ဘယ်က ခွန်အားတွေရလာလဲ မသိ၊ အစောင့်များ သူ့ကိုအဝေးသို့ဆွဲ မထုတ်နိုင်ပေ။ အေးစက်စက်လက်က သံမဏိကြိုးသဖွယ်ခိုင်မြဲအောင် ဆွဲကိုင်ထားပြီး အဖြေမရမချင်း ဆက်တိုက်မေးမြန်းနေသည်။
"ဘုန်း...."
ရှန်ချန်၏ပခုံးအား ဆုပ်ကိုင်ထားသော ရှန်လျန့် လက်မောင်းအားမိန်းမစိုးတစ်ဦးက ရိုက်ချသဖြင့် လက်ကျိုးကြေမတတ်ခံစားရမည်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ရှန်လျန် ဘာမှ မတွေးနိုင်ပဲ ခေါင်းမာမာဖြင့်သာ အော်ဟစ်နေဆဲ.....
"မင်းမလား?ငါ့အစ်ကိုတော်ကိုသတ်တာ၊ဟုတ်တယ်မလား မင်းသတ်တာ"
ရှန်လျန် ဟာ မကောင်းဆိုးဝါးနက္ခတ်နဲ့ မွေးဖွားလာသည်ဟု ကျော်ကြားတဲ့ တာအိုဘုန်းကြီးက တွက်ချက် ပေးသည်။သူ့ကိုမွေးပြီးပြီးချင်းပဲ သူ့ဖေဖေက သွေးများစွာဆုံးရှုံးမှုကြောင့် သေဆုံးသွားခဲ့ရသဖြင့် အဖေက သူ့ကို မုန်းပြီး စွန့်ပစ်လိုက်သည်။တုံးလင် အိမ်တော်ရဲ့ သားအကြီးဆုံး၊ သူ့အစ်ကိုတော်က အသက်ငါးနှစ်သာရှိသေးသည်။ အစ်ကိုတော် ရှန်က ငိုယိုရင်း သူ့ကိုကယ်ပေးခဲ့သည်။ပြီးတော့လဲ သူ့ကြောင့်ပဲ အစ်ကိုတော် အသက် ဆယ့်ငါးနှစ်မှာ အိမ်ကဆင်းခဲ့ရသည် ။ နောက်ဆုံး စစ်ပွဲထဲမှာပဲသေဆုံးသွားခဲ့ကာ ရန်သူတွေက နံရံမှာချိတ်ဆွဲပြီး အများမြင်အောင် ပြသခံရသည်။
နှစ်တွေ ကြာတော့ ရှန်လျန်က သူ့အစ်ကိုကြီးသေဆုံးတာဟာ စစ်ပွဲ ရဲ့ အကျိုးသက်ရောက်မှုကြောင့် လို့သာ ရိုးရိုးရှင်းရှင်း သတ်မှတ်လိုက်သည်။ယခု ရှန်ချန်က ပြန်ပြောမှသာအဖြစ်မှန်ကို သိရခြင်းပင်။
သူ့ကြောင့်သေသွားရတာတဲ့၊ ဒီလိုရက်စက်တဲ့ လောကကြီး... ဒီလိုအဖြစ်ပျက် ကြီး ကို ဘယ်လိုအင်အားနဲ့ လက်ခံနိုင်မှာတဲ့လဲ ...ဘယ်လိုလုပ် ...။
"ဘယ်သူက နောက်ထပ် အမွေဆက်ခံမယ့် အစ်ကိုတော် ခေါ်လာခိုင်းလို့လဲ၊ အသုံးမကျတဲ့ အစ်ကိုကြီး၊ ရှင်လဲသွားသေလိုက်တော့၊ မင်းတို့ ငါ့အတွက် သူ့လက်မောင်းကို ဖြတ်ပေးစမ်း"
ရှန်ချန်သည် ငယ်စဉ်ကတည်းက အရာရာကို တွေးမြင်ခဲ့ကာ မနာလိုစိတ်များကြီးစိုးခဲ့ရသည်။ သူမ၏ မျက်နှာပေါ်ဝယ်အလှတရားများမထင်ကျန်တော့ပဲ၊ တစ်ကိုယ်လုံး ညစ်ပတ်ပေရေကာ ဖုန်များကပ်နေသည်။
"အာ.."
"ကောင်းပါပြီ"
လူနှစ်ယောက် ရှေ့တက်လာကာ ရှန်ချန့်လက်မောင်းအားတင်းကြပ်စွာ ဆုပ်ကိုင်ထားသော ရှန်လျန့်လက်ကို ခုတ်ဖြတ်လိုက်ရာ သွေးများစွာ ပန်းထွက်လာသဖြင့် မိန်းမစိုးနှင့် အခြားသူများလဲ ကြောက်ရွှံ တုန်လှုပ်ကုန်သည်။
"ဘုန်း...!"
ခုခံမှု တစ်စုံတစ်ရာ မရှိသဖြင့် ထိုသူတို့၏ အချိန်အတော်ကြာ ရိုက်နှက်ခြင်းခံရပြီး လက်နှစ်ဖက်လည်းဆုံးရှုံးသွားသည်။ထို့နောက် မြေပြင်ပေါ်သို့ အသံကျယ်လောင်စွာ ပစ်လဲကျသွားသည်။တစ်ကိုယ်လုံးသွေးချင်းချင်းနီကာ ဖြတ်ချထားသာ လက်နှစ်ဖက်က ဘေးတွင်လဲလျောင်းလျက်။
ခန္ဓာကိုယ်၏နာကျင်မှုက နှလုံးအိမ်ထဲမှ နာကျင်မှုလောက် မစွမ်းသာပေ။မိမိ၏တုံးအ မှုကြောင့် ကိုယ့်ကိုကိုယ်သာ မုန်းမိသည်။ဒီနေ့မတိုင်ခင်အထိ အဖြစ်မှန်ကို သူလုံးဝ မရိပ်မိခဲ့ပေ။
"ငါ့အစ်ကိုတော်ရဲ့သေဆုံးမှုက ချင်ယွင်ရှန်းနဲ့ ပတ်သက်မှုရှိလား"
နာကျင်မှုနှင့်အမုန်းတရားများ အဆုံးစွန်ထိရောက်သွားသောကြောင့် လက်မောင်း
နှစ်ဖက်က သွေးများတရဟော ယိုစီးနေတာတောင် မည်သို့မျှ မခံစားရတော့ပေ။
"အစ်ကိုကြီးနဲ့ ကျွန်မတို့ရဲ့ ဂုဏ်သတင်း၊အာဏာတွေက မတူဘူးလေ၊သူသာ အသက်ရှင်ဦးမယ်ဆိုရင် အရှင်မင်းမြတ်က ရှင်နဲ့ လက်ထပ်မယ် ထင်လို့လား"
တစ်ကယ်ပဲအဲ့လိုလား?
နှလုံးသားက နာလှပြီထင်နေတာ ခုမှ စူးစူးရှရှ ထိုးဖောက်ခံလိုက်ရတာ။ တစ်ကယ်ကို ပဲ..အစ်ကိုကြီးက ဝေနယ်မြေကသူတွေလိုပဲ သူ့ကြောင့်သေသွားခဲ့ရတာပေါ့။
"အရှင်မင်းကြီးက ကျမကို ဘာလို့ဧကရီ တင်မြောက်လဲ သိလား?ဒါက အဖေ့ကြောင့်လဲ ပါတယ်၊ အဖေက အရှင်မင်းကြီးနဲ့ ရှည်ကြာတဲ့သဘောတူညီမှုတစ်ခု လုပ်ထားလို့ပဲ ။ အချိန်အကြာကြီး သည်းခံပြီးမှ ရှင့်ကို စွန့်ပစ်ပြီး ကျမကိုတော် ကောက်တာ။ဆုံးပါးသွားတဲ့ အစ်ကိုကြီးရှန်က လွဲလို့ ရှင့်ကိုဘယ်သူမှ ဆွေမျိုးလို့မသတ်မှတ်ဖူး။ရယ်ချင်စရာကြီး..ရှင်က တစ်ကယ်ကို ရှန်နယ်မြေက ခွေးလောက်တောင် အဆင့်မရှိဘူး"
သွေးအိုင်ထဲက သူ့ရှေ့မှာ ထပ်လာရပ်တဲ့ချန်ရှန်ကို သူဖြည့်ညှင်းစွာ မော့ကြည့်လိုက်ပြီး...
"ထွီ!"
ပါးစပ်ထဲ အပြည့်ရှိနေတဲ့သွေးတွေက သူမ မျက်နှာတည့်တည့် ထွေးခံလိုက်ရသည်။
"ဘာလို့ခွေးလောက်တောင် အဆင့်မရှိရ မှာလဲ? ငါဘယ်နှကြိမ်ပဲ သေသွားပါစေ၊တုံးလင်အိမ်တော်ရဲ့ သားဖြစ်နေမှာပဲ၊ ချင်ယွင်ရှန်းရဲ့ ကြင်ယာတော်ဖြစ်နေမှာပဲ၊ မင်းကတော့ မယားငယ် အမြှောင်မယားပေါ့။အနောက်မှာပဲထိုင်ခွင့်ရမယ်၊
ဒီနေ့လိုပေါ့ ချင်ယွင်ရှန်းက နှစ်ပေါင်းများစွာ ငါ့အဖိုးကို ဖြုတ်ဖို့ကြံစည်ပြီး ငါ့အချစ်ကိုအသုံးချတယ် ၊ မင်းငါ့ကိုလှောင်ပြောင်သရော်ထားပါ၊သူမင်းကို ဧကရီတင်မြောက်ပြီး တုံးလင် အိမ်တော်ကို ဖျက်ဆီးပစ်မယ့်နေ့ကို ငါသရဲဖြစ်သွားရင်တောင် စောင့်ကြည့်နေမယ်!"
အေးစက်ခက်ထန်တဲ့ မျက်ဝန်းအိမ်ထဲ သွေးမျက်ရည်အပြည့်ဖြင့် ချန်ရှန် အားစိုက်ကြည့်လိုက်သည့် အခိုက်အတန့်သည် နွေးထွေးသိမ်မွေ့သော အရိပ်ယောင်လုံးဝမရှိပေ။
အားလုံးအတွက် နတ်ဆိုးအဖြစ်ပြောင်းလဲခဲ့ပြီးပြီပဲ ၊အခွင့်အရေးတစ်ကြိမ်လောက်ရရင် ဒီချင်နိုင်ငံတစ်ခုလုံးကို သေချာပေါက် ဖျက်စီးပစ်မည်။
ရှန်လျန်က သူမမျက်နှာပေါ် သွေးတွေနဲ့ ထွေးပစ်လိမ့်မယ်လို့ မထင်ထားမိသဖြင့် ဒေါသထွက်သွားကာ..
"ရိုက်ကြစမ်း၊ သူ့ကိုသေအောင်ရိုက်ကြ"
"ကောင်းပါပြီ အရှင်မ"
မိန်းမစိုးနှင့်နောက်လိုက်နောက်ပါများ တစ်ဖန် လှုပ်ရှားရပြန်သည်။ရှန်လျန်အား ထိုး၊ကြိတ်၊ကန်ကျောက်ကြသည်။
ရှန်လျန့် မျက်ဝန်းအိမ် မှာ သွေးမျက်ရည်အပြည့်။
"သူ့မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်"
ရှန်ချန်မှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခုန်နေသော နှလုံး ပင် အပြင်သို့ ခုန်ထွက်လာတော့မယောင်။
"အဖေ့....."
(Tn.အမျိုးသမီးများ လန့်အော်ခြင်း)
အသွားထက်တဲ့ဓားတစ်လက် ပေါ်ထွက်လာသည်မှာ လက်ခနဲ။ထို့နောက် မှာတော့
သွေးများပေစွန်းနေသော အလုံးနှစ်လုံးက မြေပြင်ပေါ်သို့.....။
မျက်လုံးဟောက်ပက်နှင့် ရှန်လျန်မှာ ရှန်ချန် ဘက်ရှိမည့်ဘက်သို့ လှည့်လိုက်ကာ ခံတွင်းတွင် သွေးအပြည့်ဖြင့် ပြောသည်။
"ရှန်ချန် နဲ့ ချင်ယွင်ရှန်း ၊ငါ သရဲဖြစ်သွားရင်တောင် မင်းတို့ သေတဲ့အထိ ငါလိုက်ခြောက် မယ်"
"ဒုန်း..."
အားလုံးပြောပြီးနောက် တစ်ခြားသူများ၏တုံ့ပြန်မှုပင် မစောင့်နိုင်တော့ပဲ ၊မြေပြင်ပေါ်သို့ ရှန်လျန် ဇက်ကျိုးကျသွားတော့သည်။ဦးနှောက်ရှိ သွေးလည်ပတ်မှု
အားလုံး ရပ်တန့်သွားကာ သွေးအိုင်ကြီးအဖြစ်ပြောင်းလဲသွားတော့သည်။
အချိန် နှစ်နာရီ ကြာပြီးနောက်, တော်ဝင် စာကြည့်ဆောင်တွင် ဖြစ်သည်။
"အရှင်မင်းကြီး၊ သေဆုံးမှုသတင်းသစ် ရှိပါတယ်၊ကြင်ယာတော်ရှန်...ကိုယ့်ကိုကိုယ် သတ်သေသွားပါတယ်" မိန်းမစိုးက စာကြည့်ဆောင် သို့ ခပ်သုတ်သုတ် ဝင်လာကာ ပြောသဖြင့် ပြန်တမ်းရေးနေသော ချင်ယွင်ရှန်း အံ့ဩသွားသည်။
စုတ်တံပေါ်မှ မင် များစာရွက်ပေါ် တစ်စက်စက်ကျကုန်မှ ခန့်ငြားချောမောသည့်မျက်နှာပေါ် ဖြတ်ပြေးနေသော ခံစားချက်တစ်စုံတစ်ရာမှာ လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားပြီး မည်သည်မှ မဖြစ်ခဲ့သည့်အတိုင်းပင်။
"ဈာပနပြုလုပ်ဖို့ ပြင်ဆင်ထားလိုက်ပါ"
မည်မျှကြာသွားမှန်းမသိသော အချိန်တွင် ချင်ယွင်ရှန်း ပြန်တမ်း အသစ် တစ်ရွက် ယူလိုက်ပြီး ရှန်ချန်၏ သေဆုံးမှု အကြောင်းအရာအား ကြားရသည့် စကားနှင့် ကွဲပြားစွာ ချရေးလိုက်သည်။
"မှန်လှပါ အရှင်"
မိန်းမစိုးမှာ အကဲခတ်၍သာနေပြီး ဈာပနအားမည်သို့
ပြင်ဆင်ပေးရမည်ကို မမေးဝံ့ပဲ ရိုသေစွာ ဦးညွှတ်၍ နောက်ပြန်ဆုတ်သွားသည်။
စာကြည့်ဆောင်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့ချိန်မှ ချင်ယွင်ရှန်းသည် ကိုင်ထားသော စုတ်တံအားလွှတ်ချလိုက်ပြီး ခုံနောက်သို့ မှီကာ အတွေးနယ်ချဲ့သည်။ ရှန်လျန်.....သူသေသွားပြီလား? ထိုလူရဲ့သေဆုံးခြင်းကို သူတစ်ခါမှ မတွေးထားခဲ့ဖူးချေ။