no

Font
Theme

'လျိုမိသားစု၏ မျက်နှာအား ဖြတ်ရိုက်ခြင်း'

"သခင်မ ....."

"ဖယ်စမ်း!"

ထိုလူတစ်အုပ်စုလုံး၏ အမူအယာမှာ ခက်ထန်နေသဖြင့် တစ်စုံ တစ်ခုဖြစ်တော့မည်မှန်းအာရုံခံစားမိကာ ချီယွဲ့ က တားဆီးရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော် စကားတစ်လုံးပင် မပြောရသေးမှီ လျိုရှုဟန်၏ ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းခံလိုက်ရသည် ။

"ရှန်လျန်!"

စားပွဲကိုဖြတ်ကျော်ပြီး ရှန်လျန့်ရှေ့ရပ်လိုက်သော လျိုရှုဟန်မှာ အံကြိတ်ပြီး စိုက်ကြည့်သည်။

"နင်လုပ်လိုက်တာမလား"

အစောပိုင်းသူပြောခဲ့သော စကားကြောင့် သူမမိသားစုဆီသို့ သတင်းစုံစမ်းရန်လူလွှတ်ခဲ့ရာ ၊ ပြီးခဲ့တဲ့ညက မင်းသမီးယွဲ့ဟွားရဲ့မြေးငယ်အား မင်းသားက ကယ်ခဲ့ပြီး၊ ဓားပြစခန်းတစ်ခုလုံးကို ဖြိုခွဲခဲ့ကြောင်းသိရသည်။ အဓိက အချက်မှာ ဓားပြခေါင်းဆောင်ကိုပင် အရှင်ဖမ်းမိသည်ဟုဆို၏။ တစ်ချက် စုံစမ်းလိုက်သည်နှင့် အကြောင်းအရာပြည့်စုံစွာ သိလိုက်ရသည်။ အရာအားလုံးကို လျိုမိသားစုက လုပ်ခဲ့တာကြောင့်၊ မကာကွယ်ပေးနိုင်ရုံတင်မက လျိုရှုဟန်ကိုပါ ပြဿနာ တက်စေသည်။

သတင်းကြားကြားချင်း ချက်ချင်းတွေးမိသူမှာ

ရှန်လျန် ဖြစ်သည်။ မကြာခင်ကမှ တုံးလင်အိမ်တော်ပြန်ရောက်လာသူက လျိုမိသားစု တစ်ခုခုဖြစ်မှန်း ဘယ်လိုသိလဲ? ဒီဓားပြကိစ္စက သူနဲ့သေချာပေါက် ‌ပတ်သက်နေရမည်။

သေချာပြန်တွေးကြည့်လေ..မူမမှန်လေပင်။ သေပြီးသားအလောင်းကောင်တွေကို မြို့ထဲ အလွယ်တကူ သယ်ဆောင်လာနိုင်သည်တဲ့၊ အဲ့လောက်အများကြီးကို ဘယ်လို သတ်လိုက်သည်လဲ? သခင်လေးသုံးယောက်နဲ့ ပိန်ပါးပါးအစေခံတွေကလေ? ဓားပြတွေအများကြီးကို?

သူမ အကြောင်းတွေ ဖော်ထုတ်ခံလိုက်ရတယ်ဆိုရင်တောင် သူမဂရုစိုက်နေမည်မဟုတ်...။ ရင်ထဲက ဒေါသကလည်းထွက်ထွက်နဲ့ လူတစ်ချို့ကို ဦးဆောင်ခေါ်လာလိုက်ပြီး ရှန်လျန်က အသင့်တော်ဆုံးပစ်မှတ်ဖြစ်တာမို့ ကုလားမနိုင်၊ ရခိုင်မဲ တော့သည်။

"ရှန်သခင်မ ဘာအကြောင်းပြောနေတာလဲ? ကျွန်တော်ဘာမှ နားမလည်ဘူး?"

လ္ဘက်ရည်ခွက်ကို အသာချကာ ‌ပြုံးလျက် ခေါင်းမော့ကြည့်သည်။ သူမ မကြာခင်ရောက်လာမယ်လို့ သူကြိုခန့်မှန်းမိပြီးသားပင်။ သူမ အစက အဆုံးသူ့အား မျက်စိထဲမထည့်ပဲ၊ ရှန်တာ့နောက်မှာ အမြဲပုန်းကွယ်နေတဲ့ကလေး တစ်ယောက်လို့ပဲမြင်နေတာ ဆိုတော့ တစ်ကယ်နှစ်ထောင်းအားရဖြစ်မိသည်။ သူ့အားရန်ရှာတော့မည်ဆိုတာ သေချာနေပြီ။

"ခွေးတိရစ္ဆာန်! မသိချင်ယောင်ဆောင်မနေနဲ့၊ လျိုမိသားစုကို ရှင်တစ်ခုခုလုပ်လိုက်တာ"

လျိုရှုဟန် မပြောရသေးခင် ရှန်ချန်က ဝင်အော်သည်။ ရှန်လျန်နှင့်ချီယွဲ့ကလွဲရင် ဒီနေရာမှာ ရှိနေသော လူအားလုံးက သူတို့အစေခံများ ဖြစ်တာကြောင့် ..သူမရဲ့ မနာလိုစိတ်တွေ ပုန်းကွယ်မနေတော့ပဲ ပွင့်ထွက်လာကုန်သည်။ အသက်အားဖြင့် လည်း ဆယ့်လေးနှစ်သာရှိသေးသဖြင့် စိတ်ရှည် ၊သည်းခံနိုင်မှု မရှိသေးပေ။

"အိုး? လျိုမိသားစုက တစ်ခုခုဖြစ်သွားလို့လား? အဲ့လိုဆိုရင်တော့ ဝမ်းသာ စရာပဲ"

တောက်ပတဲ့အပြုံးတစ်ပွင့်ဖြင့် သူ့စိတ်အခြေအနေ ကောင်းနေသည်။ လျိုမိသားစု ဖျက်စီးခံလိုက်ရသည်ဖြစ်စေ၊ မပျက်စီးသေးသည်ဖြစ်စေ လက်ရှိအနေအထားက အနည်းငယ်တော့ အခက်တွေ့သွားရန် သူလုပ်နိုင်ခဲ့သည်လေ။ ဖေးယွမ်ရွှင်း က ဘဲတွေမောင်းထုတ်တာလောက်ကို မလုပ်နိုင်ဘူးလို့ သူလည်းမထင်ထားခဲ့ပေပဲ...။

"ရှင် ! "

သူ....ကျေနပ်ပီတိဖြစ်နေလေသည်!

ရှန်ချန်ဆက်မပြောနိုင်ပဲကြောင်တောင်တောင် ဖြစ်သွားသည်။လျိုရှုဟန်က သူမ သမီးကိုတားဆီးလိုက်ကာ သူ့အား တင်းမာစွာ စိုက်ကြည့်လာပြီး ပြောသည် ။

"ကြည့်ရတာ ဒီကိစ္စက တစ်ကယ်ပဲ မင်းနဲ့ ပတ်‌သက်ပုံပဲ၊ ဘယ်လိုများလုပ်လိုက်တာလဲ?"

ပြီးခဲ့တဲ့နှစ်တွေတုံးက တိုင်းပြည်အစွန်ဖျားမှာ နေခဲ့တဲ့သူ၊ အစေခံတွေကလည်း သူမဆီကို လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး သူ နယ်အစွန်အဖျားကနေ တစ်ဖဝါးမှမခွာခဲ့ကြောင်း မပြတ်သတင်းပို့တယ်၊ ရှန်တာ့ ကလည်း နယ်စပ်ဖက်ရောက်နေတာ ရှန်လျန်ကို ဘယ်နည်းနဲ့မှ မကူညီနိုင်လောက်ဘူး။ အဲ့တာဆို ဘယ်လိုလုပ် ဒီလောက်ထိ စီမံနိုင်တာလဲ?အရေးကြီးဆုံးက မင်းသမီးယွဲ့ဟွားရဲ့မြေးငယ်က ဓားပြလက်ထဲ ရှိနေတာ သူဘယ်လိုသိလဲ? သူမ(လျိုရှုဟန်)ရဲ့ အစ်ကိုပြောပုံအရ ပြီးခဲ့တဲ့ညက ချက်ချင်းပဲ ဧကရာဇ်က ဓားပြစခန်းထိသွားပြီး အနည်းငယ်မျှပင် တွန့်ဆိုင်းခြင်းမရှိ ရှင်းလင်းပစ်ခိုင်းရာ ‌မင်းသားငယ် အဲ့စခန်းမှာရှိတာကို သိနေ ကြောင်း သေချာသည်။

ှန်လျန်က ဓားပြစခန်းရှိရာ ခေါ်သွားတာ ဖြစ်နိုင်လား? မင်းသားငယ် လွှတ်မြောက် အောင်စီစဉ်ပေးခဲ့တာလား?

ဒါမှမဟုတ် ဝေမိသားစုက လှုပ်ရှားခဲ့တာများလား?

ဆက်စပ်တွေးကြည့်လေလေ လျိုရှုဟန်မှာ ပိုမို တုန်လှုပ်ခြောက်ခြားလာသည်။ ဟင့်အင်း...မဖြစ်နိုင်ဘူး၊ ဝေကျစ်ချန်သေဆုံးသွားကတည်းက၊ ဗိုလ်ချုပ်ဝေက အနောက်တောင်ဘက်နယ်တစ်ဝိုက်ကို ကြီးကြပ်လာတာ၊သူသာ တစ်ကယ်လှုပ်ရှားချင်ရင် မကောင်းဆိုးဝါး နှစ်ကောင်ကို ဒီလောက်နှစ်တွေအများကြီး လွှတ်ထားပေးပါ့မလား?

"ကျွန်တော် ပြောပြမယ်လို့ ထင်နေတာလား"

သူထရပ်ပြီး သူမရှေ့လျှောက်သွားကာ အေးစက်စက်ပြောသည်။

"မင်း..မကောင်းဆိုးဝါးလေး!"

"ပဉ္စမ သခင်လေး!"

လျိုရှုဟန် ဒေါသထွက်ကာ သူ့အား ပါးရိုက်လေသည်။ ချီယွဲ့က သူမကိုစူးစိုက်ကြည့်နေ ပြီးတားရန်ပြင်သဖြင့် အစေခံနှစ်ယောက်က ဝိုင်းချုပ်ထားသည်။

"ဖြန်း....."

ကျယ်လောင်သော ပါးရိုက်သံကြောင့် လူတိုင်းအသက်ရှုသံကိုအောင့်ထားမိကြပြီး တအံ့တဩဖြင့်ပါးစပ်ဟောင်းလောင်းဖြစ်သွားကြသည်။

ပါးရိုက်ခံရသူမှာ လျိုရှုဟန်ဖြစ်သည်။

အားပြင်းပြင်းနှင့်ရိုက်ခံရတာကြောင့် မျက်နှာကချက်ချင်းရဲတက်လာသည်။

" ကျွန်တော်က ခင်ဗျားသဘောအတိုင်း လုပ်ခွင့်ပြုမယ်လို့ ထင်နေတာလား?"

"ရှန်လျန်!"

"ခွပ်!"

ရှန်လျန် ပြောရင်း သူ့လက်ကိုပြန်မရုတ်နိုင်သေးခင်... နေဗီပြာရောင် အရိပ်တစ်ရိပ်ပေါ်လာကာ ထိုးသံတစ်ချက်ထွက်လာသည်။

ဒီတစ်ကြိမ်တော့ ရှန်လျန် ထိုးခံရခြင်းဖြစ်သည်။

ပိန်ပါးသော ကိုယ်ခန္ဓာမှာ အ‌တန်ကြာ ယိမ်းထိုးသွားပြီး မြေ‌ပြင်ပေါ် လဲကျလုမတတ် ဖြစ်သွားသည်ကိုကြည့်လျှင် လက်အား မည်မျှ ပြင်း သည်ကိုသိနိုင်သည်။

"အမေကိုတောင် ပြန်ရိုက်ရဲအောင် ဘယ်သူကမြှောက်ပေးလိုက်တာလဲ ပြောစမ်း!"

ရောက်ရှိလာသူမှာ ခက်ထန်ကာ အတော် မာကြောပုံရသည်။လျိုရှုဟန်ရှေ့ ကာရပ်ပြီး ဒေါသမျက်နှာဖြင့်ရှန်လျန့်အား စိုက်ကြည့်သည်။

"ပဉ္စမ သခင်လေး!"

သတိပြန်ဝင်လာပြီးနောက် ချီယွဲ့ အတင်းရုန်းကာ သူ့ဆီပြေးလာသည်။ သို့သော် ရှန်လျန်က အဝေးသို့ တွန်းထုတ်လိုက်ကာ လက်မြှောက်ပြီး ယောင်လာသော သူ့ပါးသူ ထိကိုင်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သွေးစများအား သုတ်ပစ်ကာ နီရင့်ရင့်မျက်ဝန်းများဖြင့် ထိုလူအားမော်ကြည့်သည်။

"ဒီမိန်းမက ဘယ်လိုအမေမျိုးမို့လဲ? မယားငယ် ပဲလေ၊ ကျွန်တော့ ဖေဖေကသာ တုံးလင်အိမ်တော်ရဲ့ သခင်... အဖေ့ရဲ့ ခင်ပွန်းအစစ်ပဲ"

ရှေ့မှ လူကြီးက သူအရမ်းမုန်းတီးတဲ့ တစ်စုံတစ်ယောက်...။ ကြေကွဲဖွယ်ရာ ဖြစ်ပျက်ခဲ့သော်လည်း ဒီလူက သူ့သွေးရင်းအဖေ။ ကျန်တဲ့ဘဝတစ်လျှောက်လုံး နာကျည်းပြီး အငြိုးတကြီး လက်စားချေသင့်တဲ့သူတစ်ယောက်။

ခု ပြန်စတွေ့တာနဲ့ အပြေးလာပြီး သူ့ကို ထိုးတယ်တဲ့ ၊ ရှန်လျန့်ရင်ထဲ ခံစားရခက်လေသည်။

သူ့အဖေအရင်း က အရမ်းမုန်းနေရလောက်တဲ့အထိ သူဘာအမှားများလုပ်ခဲ့မိလို့လဲလေ?

Words 1328

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment