' မြို့စားက လက်ကို သန့်ရှင်းခိုင်းတယ်'
လျိုဝမ်ကျင်းရဲ့ ပြဿနာ ရှာခံရပြီးနောက်မှာ
ရှန်လျန်တို့ ဈေးဆက်ဝယ်ရန် စိတ်မပါတော့ချေ။ ထို့ကြောင့် ဖုရင် ကိုသွားခေါ်ပြီး အိမ်တူတူပြန်ရန်လာစဉ် သူတို့၏ လှည်းထဲတွင် ထင်မှတ်မထားသော ဧည့်သည်ကိုတွေ့လိုက်ရသည်။ လျိုဖန်ကျွိက လူတွေဟာ ဒီတစ်ခေါက်တော့ တတိယထပ်ဆီ သူတို့ကို တိုက်ရိုက် ခေါ်ဆောင်သွားတယ်။
တတိယထပ်မှာ စောင့်နေတဲ့သူက ဖေးယွမ်ရွှင်းပင်။
"မြို့စားအရှင်"
စိတ်ထဲ မည်မျှ မပျော်မရွှင် ဖြစ်နေစေကာမူ ရှန်လျန် ဦးညွှတ်ကာ လေးစားသမှုပြလိုက်ပါသည်။
"ကျွန်တော်မျိုး လာတွေ့ပါတယ်"
နောက်က ပါလာတဲ့ ချီယွဲ့နဲ့ ချီရွှမ်း တို့လည်း မတ်တပ်မထကြသေးပဲ ဒူးထောက်နေကြကာ
"ဒီငယ်သားတို့ အရှင့်ကို လာတွေ့ပါတယ်"
ဘယ်လို မျိုးရှက်စရာ အခြေအနေကြီးလဲ? အရင်က မတွေ့ဖူးကြလို့လား ၊အဲ့လောက်ကြောက်စရာ လိုလို့လား?
ရှန်လျန်က ရှက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် မျက်မှောင်ကြုံ့မိ၏။ တစ်ခွန်းမှတော့ မပြောမိပေ။ ချီညီအစ်ကိုက မြို့တော်ပြင်ပမှာ အသက် ဆယ့်တစ်၊ ဆယ့်နှနှစ် လောက်တည်းက သွားနေခဲ့ရပြီး ငါးနှစ်လုံးလုံး လယ်သမားနဲ့ အစေခံတွေလောက်သာ တွေ့မြင်ခဲ့ရတာဆိုတော့ တော်ဝင်မျိုးရိုးနဲ့ ဆုံတဲ့အခါ တုန်လှုပ်နေတာ မဆန်းတော့ချေ။
" ထပါ....ထျန်းချွမ် သူ့တို့ကိုခေါ်ပြီး အပြင်မှာ စောင့်နေ"
ဖေးယွမ်ရွှင်းက လက်ဝေ့ယမ်းကာ တည်တည်ငြိမ်ငြိမ် အမိန့်ပေးသည်။
"လာ..ထိုင်လေ ၊ ဒီမြို့စားမင်းအပေါ် အရမ်းယဉ်ကျေးနေသလိုပဲနော်? "
ခင်ဗျားက မြို့စား ဖြစ်နေလို့ပေါ့၊ မဟုတ်လို့ကတော့...
ဖေးယွမ်ရွှင်းရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ရှန်လျန် ဝင်ထိုင်လိုက်သည်။
"လျိုဖန်အဆောက်အဦးက ကျုပ်အပိုင်ပါ "
ခင်ဗျားဟာ မဟုတ်ရင် ဘာကိစ္စ ကျွန်တော်က ဒီရောက်နေရမှာလဲ?
ရှန်လျန်နှုတ်ဆိတ်နေရင်းတွေးမိသည်။ ဖေးယွမ်ရွှင်းက ဒီဆိုင်အကြောင်း လေးလေးနက်နက် တွေးတောပြီး ဆိုင်ပိတ်ပစ်လိုက်တာ အံ့ဩစရာမရှိတော့ဘူး၊ တွေးကြည့်လိုက်မှ ဖေးယွမ်ရွှင်း စစ်ထွက်တဲ့အချိန် .. ပိတ်လိုက်တာ ဖြစ်မယ် ။
"ကြည့်ရတာ အားလုံးသိပြီးသား ထင်တယ်"
မျက်ခုံးပင့်လျက် ဖေးယွမ်ရွှင်း သူ့အား ပြုံးစစနှင့်ကြည့်သည်။ ရုတ်တရက် စူးရှတဲ့မျက်ဝန်းက ချူးလီဆီ အကြည့်ရောက်သွားပြီး
"မင်းကဘာလို့ ဒီမှာ ရှိနေသေးတာလဲ? လုပ်စရာ မရှိဘူးလား? အချိန်ဖြုန်းဖို့ ဒီသခင် မတောင်းဆိုထားဘူးနော်"
" အဲ့လို မဟုတ်ပါဘူး စန်းကော၊ လျန်လျန် ဒီကိုလာတာ ရှားတော့ သူနဲ့စကားလေး နည်းနည်းပါးပါး ပြောချင်လို့ပါ"
ရှန်လျန့်ကို အထဲ ခေါ်လာပေးတဲ့ ချူးလီက ရုတ်ချည်းပင် ရှန်လျန်၏ လက်ကိုဆွဲ ကိုင်ကာ လက်ဖမိုးကိုပွတ်သပ်သည်။
"လျန်လျန်က တစ်နေ့ပြီးတစ်နေ့ ကျန်းမာ လှပလာတာပဲ၊ အဲ့နေ့ပြီးတော့ မင်းကို လွမ်းနေတာ သေမတတ်ပဲ၊ ရက်နည်းနည်းလောက်ပဲ မတွေ့ရတာ နှစ်အများကြီးဖြတ်သန်းလိုက်ရသလိုပဲ၊ မင်းရော ကိုယ့်အပေါ် ဘယ်လိုမြင်လဲ ဟင်!"
"........"
သိသိသာသာပင် သူ ခုလို ဆက်ဆံခံရမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ရှန်လျန် ကြောင်အမ်းနေမိသည်။
ဖေးယွမ်ရွှင်းက ဒေါသထွက်လွန်း၍ မျက်နှာက မဲမှောင်နေသည်။ အရှက်မရှိတဲ့ သူကိုမြင်ဖူးပေမယ့် ဤမျှလောက် လယ်ဗယ် တစ်ခုရောက်နေတဲ့ အရှက်မရှိဆုံးသူကို မတွေ့ဖူးခဲ့။
"ထန်းရှု !"
ဖေးယွမ်ရွှင်း အံကြိတ်ကာ ခေါ်သည်။ ထျန်းရှု က ချက်ချင်း အနားရောက်လာကာ
"ဟုတ်ကဲ့ အရှင်"
"သူ့လက်ကို ငါ့ အတွက် ဖြတ်ပေးစမ်း"
"အမိန့်အတိုင်းပါ"
"ဟင့်အင်း..မလုပ်ပါနဲ့ ၊မဖြတ်ပါနဲ့၊ ခုလွှတ်ပေးပါ့မယ် နော်?"
ချူးလီမှာ အကြောက်လွန်ပြီး ရှန်လျန့် လက်ကို လွှတ်ချလိုက်ကာ နောက်သို့ သုံးပေလောက် ဆုတ်သွားသည်။ ထျန်းရှုက အမှန်တစ်ကယ် ရှေ့တိုးမလာပေမယ့်ပေါ့..။ ဖေးယွမ်ရွှင်းနဲ့ သူ့ညီအစ်ကိုတွေကြား ဆက်ဆံရေး ဘယ်လိုရှိလဲဆိုတာ သံမဏိကိုယ်ရံတော်အဖွဲ့က အသိဆုံးပင်။
"စန်းကောကို ကြည့်ပါဦး လျန်လျန်၊ သူ့ညီနဲ့ သူငယ်ချင်းတွေကို အဲ့လို အနိုင်ကျင့်တတ်တယ်၊ ဒီလိုလူမျိုးကို မကြိုက်မိစေနဲ့နော်"
သူ့လက်ကိုဖြတ်ခံရတော့မည့် ဒုက္ခမှ ကယ်တင်ပြီးနောက် ပါးစပ်နှင့် တစ်ဖန် တိုက်ခိုက်ပြန်သည်။ ရှန်လျန့်အား တိကျခိုင်မာတဲ့ သက်သေနှင့်တကွ ရှင်းပြသဖြင့် ဖေးယွမ်ရွှင်းမှာ ဒေါသထွက်လာလေသည်။ သို့သော် ရှန်လျန် ဝင်ပြောလိုက်သည်က ..
"မြို့စားမင်းက ကျွန်တော် ကြိုက်လို့ရတဲ့သူ ဖြစ်နိုင်ပါတယ်၊ လူတစ်သောင်းရှိရင် အတွေးပေါင်း တစ်သောင်းရှိနိုင်တာပဲလေ၊ ဇနီးကို ချစ်မြတ်နိုးဖို့ကသာ အဓိကပဲ၊ ဆိုင်ရှင် ချူးရော ဘယ်လိုထင်လဲ?"
"ခင်ဗျာ?"
ခုလိုပြောလာမယ်လို့ မထင်ထားမိသဖြင့် ချူးလီမှာ ခေတ္တခန့် ဘာပြန်ဖြေရမှန်းမသိချေ။
"လျန်လျန် ပြောတာ ကောင်းတယ် ၊ ကိုယ့်ကို တစ်ကယ် သဘောကျနေတာပဲ၊ ဘယ်လိုလဲ ဝမ်ဖေး ဖြစ်ဖို့ မစဉ်းစားတော့ဘူးလား"
ချူးလီ မတုံ့ပြန်ခင် ဖေးယွမ်ရွှင်း အရင်ပြောသည်။ ထို့နောက် ချူးလီဘက် လှည့်ကာ
"ဆွဲထုတ်သွားလိုက်!"
"အမိန့်အတိုင်းပါ"
ဒီတစ်ခါတော့ ထျန်းရှု ယဉ်ကျေးမနေတော့ပဲ ချူးလီရဲ့ သွေးကြောကို နှိပ်လိုက်ပြီး လက်ဝေ့ယမ်းခေါ်လိုက်ရာ ထျန်းဟိုင် ရောက်လာသည်။ နှစ်ဦးသား ချူးလီ၏ ဝမ်းနည်းပက်လက်ဖြစ်နေသော မျက်နှာအား လစ်လျူရှုပြီး ဆွဲထုတ်သွားသည်။
နောက်ဆုံးတော့ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွား
လေပြီ။
" ရော့ !လက် သုတ်လိုက်ပါ"
ဖေးယွမ်ရွှင်း က သူ့အား တစ်ရှူးစို ကမ်းပေးသဖြင့်ရှန်လျန် လှမ်းယူကာ သူ့လက်ကို သုတ်လိုက်သည်။
"မြို့စားအရှင်ကျွန်တော့ကို ဒီမှာ ခေါ်တွေ့ရတဲ့ အကြောင်းရင်းက ဘာများပါလဲ? "
အစောပိုင်းက ချူးလီ က သွေးနီရောင် ကျောက်နဲ့ပတ်သက်ပြီးပြောစရာရှိတယ် ဆိုပြီး သူတို့လှည်းကိုတားတာဟာ အကြောင်းပြချက်သက်သက်ပဲ ဖြစ်လိမ့်မည်။
"ဘာဖြစ်လို့လဲ? အကြောင်းရင်းမရှိရင် တွေ့လို့မရဘူးလား"
ရှန်လျန်၏ နှုတ်ခမ်းသေးသေးလေးကနေ စိတ်ရှုပ်စရာတွေထုတ်ပြောမလာခင် ဖေးယွမ်ရွှင်းက သူ့မျက်ခုံးကိုပင့်လျက် ဦးစွာ ပြောလိုက်သည်။
"ဟွိုင်ရန်အိမ်တော်ကို ကျုပ် စစ်ဆေးပြီးပြီ၊ တစ်ကယ်ကို ကိစ္စ တစ်ခုခုရှိနေတာ တွေ့တယ် ၊ သခင်ငယ်လေး က ဒီအကြောင်းတွေ သိမှတော့ နောက်ကွယ်က ကြိုးကိုင်သူကိုလည်းသိမှာပဲ၊ ရှန်လျန်....ဒီအကြောင်းကို ကိုယ်က လွဲလို့ တစ်ခြားဘယ်သူ့ကိုမှ ထုတ်မပြောပါနဲ့ ၊တစ်ချို့အရာတွေက ကိုယ်တိုင် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ဖေးယွမ်ရွှင်းဆိုတဲ့ သူက အလေးအနက်ထားတယ်ဆိုတာ တစ်ကယ်ကိုရှားပါးဖြစ်ရပ်ပင်။
"နားလည်ပါပြီ"
သူတို့ချင်း မကြာခဏတွေ့ဆုံပြီးနောက် ဖေးယွမ်ရွှင်း သတိထားမိသည်မှာ ရှန်လျန်က ရှန်မိသားစုသာမက တော်ဝင်မိသားစုကိုပါ ပုန်ကန်နေလေသည်။ အကြောင်းအရင်းကို မသိရသော်လည်း သူခန့်မှန်းရင် လွဲခဲသည်။ ရှန်လျန့်မျက်ဝန်းက အေးတိ အေးစက်နှင့် ရေပြင်လို တည်ငြိမ်နေသော်လည်း စိတ်တွင်းက သွေးဆာ နေသော သားရဲဖြစ်ကာ အခွင့်အရေးရသည်နှင့် ဝါးမျိုရန်အသင့်ဖြစ်နေသည်။
ကပ်သပ်ပြောရမည်ဆိုလျှင် သူတို့နှစ်ဦး၏စရိုက်က ထပ်တူညီလုနီးပါးဖြစ်ပြီး ရန်သူအား အခွင့်အရေးလုံးဝပေးမည့်သူများ မဟုတ်ကြချေ။
Words 1309
Grape 🍇