no

Font
Theme

' ကလေးကို ပြုစုစောင့်ရှောက်မယ် '

"သူက.. ကျွန်တော့ အစ်ကို ကို အရမ်းချစ်တာပဲလား"

ဒီစကားက မေးခွန်းမဟုတ်ပဲ အတည်ပြုခြင်းဖြစ်သည်။ ဟော်ရဲ့လင်က ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အလောင်းကို တစ်ယောက်ထဲ သယ်ပြန်လာပေးတာကို ပြန်မှတ်မိလိုက်၏။ သူကိုယ်တိုင်လည်း ဒဏ်ရာများစွာနဲ့ အိပ်ယာထဲ လပေါင်းများစွာ လဲသွားခဲ့ရသည်။ တစ်ခြားတစ်ယောက်ကို မချစ်ရင် ခုလို ဘယ်လုပ်ပေးနိုင်ပါ့မလဲ...

"အင်း.. ‌ဒုတိယအစ်ကိုက ချစ်လွန်းလို့ ကန်းနေတာလေ.. ဆရာနဲ့ သူ့ညီအစ်ကိုပြီးရင် သူ့နှလုံးသားထဲမှာ ရှိတဲ့တစ်ဦးတည်းသောလူက မင်းအစ်ကိုပဲ"

ရှန်လျန့် ကိုငေးရင်း ဖေးယွမ်ရွှင်း ခေါင်းငြိမ့်၏။ အစ်ကိုနှစ် သာမချစ်ရင် သူလည်း ရှန်တာ့နဲ့ တွေ့ဆုံပြီး လျန်လျန့်ကို စောင့်ရှောက်ခွင့်ရခဲ့မှာ မဟုတ်ပေ။

"သူတို့ ဘာလို့ ရုတ်တရက် ကြီး ကလေးကိုပြန်ပို့တာလဲ? သူတို့ ဒုက္ခရောက်...."

ရှန်တာ့ ရဲ့သေဆုံးမှုကို ပြန်တွေးမိပြီး ရှန်လျန် ပျာယာခတ်သွားသည်။

ဖေးယွမ်ရွှင်းက သူ့လက်ကို အလျင်စလိုဆုပ်ကိုင်ပြီး..

"မဟုတ်ဘူး သူတို့ အဆင်ပြေတယ်.. တိုက်ပွဲအခြေအနေက နည်းနည်းပြင်းထန်နေလို့ ကလေးက်ုပြုစုဖို့အချိန်သိပ်မပေးနိုင်တော့ ရိုအာ ရှိနေတာကို ထုတ်ပြမိသွားနိုင်တယ်လေ... ဒါကြောင့် ကိုယ်တို့ဆီ ပို့လိုက်တာ"

တစ်ကြိမ် နှစ်ကြိမ် ကြုံဖူးထားတာမလို့ ရှန်လျန်က ရှန်တာ့တစ်ခုခု ဖြစ်မှာကို သေမလောက်အောင် ကြောက်ရွံ့မှန်း ဖေးယွမ်ရွှင်း ပြောနိုင်သည်။ ဖြစ်နိုင်ခြေတွေကို တွေးပြီး ရှန်လျန့်စိတ်အလုံးစုံက ဒီထဲပဲ တဝဲလည်လည် တွေးနေတယ်.. မသိရင် သူက တစ်ခုခုဖြစ်လာတော့မှာကို ကြိုသိနေတဲ့အလား... သူ့ကိုဖုံးကွယ်ထားတဲ့အရာတွေ အများကြီးရှိနေတာပဲ!

"ဘာမှ မဖြစ်လို့ တော်သေးတာပေါ့.. တော်သေးတာပေါ့"

အရင်ဘဝရဲ့ စိတ်ဒဏ်ရာက အရိုးထဲထိ အမာရွတ်ကျန်နေလေသည်။သူ့စိတ်က သန်မာသင့်သလောက် မသန်မာသေးချေ။

"ဒုတိယအစ်ကိုနဲ့ ရှန်တာ့က သာမာန်လူမှ မဟုတ်တာ တော်ရုံ ဘယ်သူက ဒုက္ခပေးနိုင်မှာလဲ.. ပြီးတော့ ကိုယ့်လူတွေကိုလည်း အနောက်မြောက်နယ်စပ်ဆီ စေလွှတ်ထားပြီးပြီ... ထူးခြားဖြစ်ရပ် မရှိရင် ရန်သူကို အောင်နိုင်ပြီး လအနည်းငယ်အတွင်း ပြန်လာနိုင်တော့မှာ"

"ကောင်းလိုက်တာ... ကောကော မှာလည်း ချစ်ရတဲ့သူရှိပြီး ..သားပါ မွေးထားနိုင်ပြီ"

ရှန်လျန်က သူ့ခေါင်းကို ဖေးယွမ်ရွှင်းရဲ့ပခုံးပေါ်လှဲမှီလိုက်ပြီး..

"ကလေးကို ကျွန်တော်စောင့်ရှောက်ပေးမယ် ဒီမှာပဲ ထားခဲ့လိုက်တော့"

ကလေးက သူ့အစ်ကိုရဲ့သားမှန်း သိပြီဆိုမှတော့ အဝေးကို ပို့လို့ ဘယ်ဖြစ်မလဲ..အခြေအနေတွေ ပိုခက်ခဲမယ်ဆိုပေမယ့် ရန်သူတွေကို သွေးကြွေးတောင်းရမှာက သူ့ကိစ္စ .. တာ့ကောနဲ့မရီးပြန်လာတဲ့ထိ ကလေးကိုစောင့်ရှောက်ပေးရမှာက ကိုယ်ပိုင်တာဝန်ဖြစ်သည်။ အစ်ကိုတို့ ချောချောမွေ့မွေ့နဲ့ သားလေးဆီ ပြန်လာဖို့ပဲ လိုတော့သည်။

"သေချာလား.. ‌အကြောင်းပြချက် မရှိပဲ ကလေးရောက်လာတာကို ရှန်မိသားစုသိသွားရင်

ရိုအာက မင်းရဲ့ အားနည်းချက် ဖြစ်သွားလိမ့်မယ်.. မင်းကိုတိုက်ခိုက်ဖို့ သူက အကောင်းဆုံးလက်နက်ပဲ"

ဖေးယွမ်ရွှင်းက စိုးရိမ်စွာကြည့်ရင်း လေပြေအေးနဲ့ ပြောပြသည်။ကလေးကို ဂရုစိုက်စေချင်လို့ ရှန်လျန့်ဆီ ခေါ်လာတာ မှန်ပေမယ့် တစ်ကယ့် ရည်ရွယ်ချက်က ချင်ဖင်း အိမ်တော်ဆီ ရှန်လျန် နေ့တိုင်း လာလည်ဖို့ လိုချင်တာ ဖြစ်ပြီး ကလေးကိုထားခဲ့ရန် မဟုတ်ပေ။

ဒီမှာထားခဲ့ရင် ရှန်လျန့်အတွက် အတော်လေး ဒုက္ခရောက်စေမှာ မဟုတ်လား...

မနာလိုစိတ်ကနေ မကောင်းဆိုးဝါးစိတ်ပြောင်းလဲတတ်သည်။ တုံးလင်အိမ်တော်မှာ ထိုမကောင်းဆိုးဝါးအသိုက်က အချိန်ကြာမြင့်စွာ လွတ်လွတ်လပ်လပ် လျှောက်ပြေးနေကြရာ ရှန်လျန့်ဆုံးဖြတ်ချက်က အလွန်အန္တရာယ်ရှိသည်။ သူစိုးရိမ်နေတာ ကို မြင်ပြီး ရှန်လျန်ပြုံးလိုက်သည်။

"ဒါဘာမှားလို့လဲ.. ကျွန်တော့ နာမည်က ရှန်လျန် ဖြစ်နေမှတော့ အေးအေးချမ်းချမ်း လွှတ်ပေးထားခံရဖို့ မဖြစ်နိုင်ဘူး ဒီကိစ္စကို အဖေနဲ့ သေချာဆွေးနွေးရမယ်"

"သူ့ကို ကလေးအကြောင်းပြောပြမလို့လား"

ဖေးယွမ်ရွှင်း သုန်မှုန်သွားသည်။ အစ်ကိုနှစ် စာထဲမှာ ရေးထားတာ ကလေးအကြောင်း ရှန်သခင်ကြီးအပြင် ဘယ်သူမှ မသိစေဖို့ အထူးတလှယ် မှာ ကြားထားသည်။

"ကျွန်တော်က အရူးလား"

ရှန်လျန် ခပ်ထေ့ထေ့ရယ်ပြီး အေးစက်စက်အလင်းတစ်ချက်က မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။

"သူက ကျွန်တော်တို့ အဖေဖြစ်ဖို့ ဘာအရည်အချင်းရှိလို့လဲ ..ရိုအာအကြောင်း သိဖို့ ပိုလို့တောင် အရည်အချင်း မရှိဘူး.. ပါပါးကိုလည်း ချစ်ဖို့ မတန်ဘူး"

ရှန်သခင်ကြီးကိုမုန်းသည်။ လျိုရှုဟန်နဲ့ တစ်ခြားသူတွေကိုလည်း မုန်းသည်။ ဒီလူအိုကြီးက သူတို့ညီအစ်ကိုကို အစထဲက ဂရုစိုက်ရင် ဘဝကြီးက ခုလို ခက်ခဲနေပါ့မလား.. လျိုရှုဟန်နဲ့ ဒုတိယ ၊တတိယ မိသားစုက ဘယ်လိုလုပ်ဒီတိုင်းထိုင်ကြည့်နေနိုင်တာလဲ....ရှန်သခင်ကြီးက ကိုယ့်ကိုကိုယ် တုံးလင် အိမ် အရှင်သခင်ဂုဏ်ပုဒ်ကိုသာ သိသည်။

"ဝမ်းမနည်းပါနဲ့ မင်းမှာ ရှန်တာ့ တစ်ယောက်လုံးရှိပါသေးတယ်"

ပြီးတော့ ကိုယ်‌ ရော ရှိတယ်လေ!

ဖေးယွမ်ရွှင်း ရင်ကွဲသွားသည်။ ဆွေမျိုးတွေရဲ့ နွေးထွေးမှုမရပဲ အေးစက်စက် ဆက်ဆံခံရမှုတွေကို ကြိမ်ဖန်များစွာကြုံတွေ့ခဲ့ရသူလေးဟာ အသက်ဆယ့်ငါးနှစ်နဲ့ ဉာဏ်နီဉာဏ်နက် ထုတ်တတ်နေပြီ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချ‌နေနိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးတတ်နေပြီတဲ့လေ...ဒီလိုတွေ ဖြစ်လာဖို့ တွန်းအားပေးခံခဲ့ရတယ်။

"အင်း.. ကျွန်တော်ဝမ်းမနည်းပါဘူး.. တာ့ကောရယ် ရိုအာရယ် ခင်ဗျားရယ် ရှိရင် လုံလောက်ပါပြီ"

ဖေးယွမ်ရွှင်း ရဲ့ခါးတဝိုက်ကို ပထမဆုံးအကြိမ်ဖြင့် ရှန်လျန့်ဘက်က စ ဖက် လိုက်သည်။ သွယ်လျတဲ့ ကိုယ်လေးက ဖေးယွမ်ရွှင်းကိုရစ်ပတ်ထားသည်။ ဘယ်လောက်သန်မာတဲ့ လူဖြစ်ပါစေ အားနည်းချက် ကိုယ်စီတော့ရှိကြမှာပင်။ ထိုအခိုက်အတန့် ရှန်လျန်က သူ့အရာအားလုံးကို ဖေးယွမ်ရွှင်းဆီ ဖွင့်ချပြခဲ့သည်။

တစ်ဖက်လူက သူ့ကိုချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ.. ကျန်တဲ့ဘဝတစ်လျှောက်လုံး အတူတူ ဖြတ်သန်းသွားမယ့်လူဆိုတာတော့ ရှန်လျန်သိသွားသောကြောင့်ပင်။

ရှန်လျန် ဖက်လာလိမ့်မည်ဟု ဖေးယွမ်ရွှင်း ထင်မထားမိရာ တစ်ခဏလောက် မှင်သက်နေပြီးမှ လက်မြောက်ကာ တင်းတင်းကြပ်ကြပ် ပြန်ဖက်တွယ်လိုက်ပြီး လက်ဖဝါးက ရှန်လျန့်ကျောပြင် ပေါ် အုပ်စိုးထားသည်။

"သခင်ကြီးနဲ့ ဆွေးနွေးဖို့ ဘယ်လိုတွေးထားတာလဲ..ကျုံးလင်ခြံဝန်းက ပင်မခြံဝန်းနဲ့ ဒီခြံဝန်းရဲ့ကြားမှာ ရှိပြီး ရိုအာကလည်း ငါးလပဲရှိသေးတာဆိုတော့ ဖုံးထားဖို့မဖြစ်နိုင်ဘူး"

ဖေးယွမ်ရွှင်းက ရွေးချယ်စရာမရှိ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်၏။ အစ်ကိုနှစ်ရဲ့ကိစ္စလည်းဖြစ်ပြီးရှန်လျန် ခက်ခဲနေမှာ ကိုလည်း လစ်လျူရှုမထားနိုင် မျောက်မီးခဲကိုင် ဖြစ်နေ၏။

"သူ့ကိုဘယ်လို လုပ်ရမလဲ တွေးနေတာ.... အတင်းတွန်းအားပေးလာရင် ကျုံးလင် ခြံဝန်းကို လူမနေတဲ့အိမ်ဖြစ်အောင် လုပ်ပေးလိုက်မယ်"

ရှန်လျန် ခေါင်းပြန်မော့ပြီး ဘေးမှာ ထိုင်လိုက်သည်။ အေးစက်စက်‌မျက်ဝန်းတွေက ရက်စက်မှုအရိပ်အယောင်တွေ ဖြစ်ပေါ်လာ၏။ တူလေးကို ကာကွယ်ပေးနိုင်မယ်ဆိုရင် လျှို့ဝှက်ဖဲက်ု ဖော်ထုတ်လိုက်ဖို့လည်း ဝန်မလေးပေ။ အရိပ်ကိုယ်ရံတော်တပ်သားရဲ့ အကောင်းဆုံးအရည်အချင်းက သတင်းအချက်အလက် ယူရုံပဲမဟုတ်၊ တိတ်တဆိတ်သတ်ဖြတ်လုပ်ကြံခြင်းလည်းပါ၏။

သူ့ဆုံးဖြတ်ချက်ကို ဖေးယွမ်ရွှင်းပင် ထိတ်လန့်ပြီး စူးစူးနစ်နစ်စိုက်ကြည့်သည်။ ထို့နောက် ပြုံးကာ

"ကောင်းပါပြီကွာ.. မင်းဘာပဲလုပ်ချင် လုပ်ချင် ကိုယ် ဖြည့်စည်းပေးမယ်.. မနက်ဖြန်ကျရင်

ထျန်းရှုနဲ့ယောင်းကွမ် ခေါင်းဆောင်တဲ့ အဖွဲ့ကို မင်းအမိန့်တိုက်ရိုက်နာခံဖို့ လွှတ်ပေးလိုက်မယ်"

သူ့မှာ တစ်ခြားဘာမှ မရှိပေမယ့် အစောင့်အရှောက်လိုချင်ပါက တုံးလင် တစ်အိမ်တော်လုံးပြည့်အောင် ဖြည့်ပေးနိုင်သည်။ သို့သော်...

"မဟုတ်ဘူး.. ကျွန်တော့်လူတွေရှိတယ်"

ရှန်လျန်က ငြင်းပယ်လိုက်၏။ ဖေးယွမ်ရွှင်း၏ သံသယအကြည့်တွေ အောက်မှာ လေသံတိုးတိုးနဲ့ ပြောလိုက်၏။

"ကျွန်တော်က တုံးလင်အိမ်တော်က ဖြစ်သလို ဝေကျစ်ချန်နဲ့ သား ဆိုတာ ခင်ဗျားမေ့နေတာလား.. အဖိုးက ပါပါးအတွက် အဖိုးတန်တဲ့ အမွေ တွေ ပေးထားခဲ့တယ် ၊ ခုတော့ ထုတ်သုံးရမယ့်အချိန် ကျပြီပေါ့.. ပါပါးမှာ အခွင့်အရေးမရှိခဲ့ပေမယ့် ကျွန်တော့်မှာ ရှိတယ်"

အဆိပ်နဲ့ ဆေးကျမ်းအပြင်.. အရိပ်ကိုယ်ရံတော်တပ်သားတွေဟာ ဝေမိသားစုရဲ့ အကြီးမားဆုံး အသက်ကယ်လျှို့ဝှက်ဖဲ ပင်။ ထိုဝှက်ဖဲ ကိုထုတ်ပြီး ဝေမိသားစုအာဏာ ဘယ်လောက် ကြီးလဲ လူတွေက်ုပြသရန်အချိန်ရောက်ပြီ။

"... အရိပ် တပ်သားတွေလား"

ဖေးယွမ်ရွှင်းမျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး အလွန်လေးနက်လာသည်။ အရိပ်တပ်သားရှိတာ လျှို့ဝှက်ချက်မဟုတ်ပေမယ့် ထိုသူတွေက ဝေထင်ရဲ့ဇနီးဖြစ်သူ ကျန်းဟိုင်ရဲ့ ကိုယ်ပိုင်အစောင့်အရှောက်တွေဖြစ်ပြီး ဝေမိသားစုရဲ့ အသေခံတပ်သားတွေပင် ။

အစပိုင်း အရေအတွက် မများပေမယ့် နောက်ပိုင်း ဘယ်လောက်ထိ ဖြန့်ကျက်ထားနိုင်ပြီလည်းဆိုတာ ဘယ်သူမှ မသိချေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်နတ်ဘုရားလင်လင်စုံတွဲရဲ့ အာဏာကရုတ်တရက် ကြီးမားလာပြီး ရန်သူတွေဟာ သူတို့ဖိအားအောက်မှာ နေခဲ့ကြရသည်။ သို့သော် ထိုစုံတွဲ ဆုံးပါးသွားပြီးနောက် အရိပ်တပ်သားဟာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့၏။

လူတိုင်းက စိတ်ဝင်စားမိကြပေမယ့် အရိပ်တပ်သားက ခြေရာ ခံမရအောင် ဝိဉာဉ်လို ပျောက်ကွယ်နေခဲ့သည်။ တစ်ချို့တွေက လင်လင် စုံတွဲ သေဆုံးပြီးထို အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟုလည်းဆိုကြ၏။

တစ်ချို့ကလည်း ချင်အင်ပါယာရဲ့ နေရာတိုင်းမှာ ဖြန့်ကျက်ထားပြီး ဧကရာဇ် ကိုဆန့်ကျင်ရန် ဝေမိသားစုက အချိန်ကောင်းစောင့်နေသည်ဟု ပြောကြ၏။

အရိပ်ကိုယ်ရံတော် တပ်သားအကြောင်း ဖေးယွမ်ရွှင်း သိသည်က သူ့ဆရာ ရွှယ်ဖုန်းကြောင့် ဖြစ်သည်။ နှင်းထူထူလွှမ်းတဲ့ နေရာမှာ နေထိုင်တဲ့ သူ့ဆရာရဲ့ နောက်ကြောင်းကို ပြန်လိုက်ရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကိုပြန်‌သွားရလိမ့်မည်။ ကျန်းဟိုင် ရှိစဉ်က လူတိုင်းရဲ့ နှလုံးသားကို ယူထားနိုင်ပြီး သူ့အလှမှာ လွှမ်းမိုးခံရသည့် လူတွေထဲ သေချာပေါက် သူတို့ ဥသျှောင်ဆရာသခင် ရွှယ်ဖုန်းလည်းပါသည်။

ဆရာက ကျန်းဟိုင်ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် ဆိုလည်းမမှားပါချေ။ ကျန်းဟိုင်၏ ကိုယ်တစ်ခြမ်းဟုပင်ဆိုနိုင်သည် အထိ ရင်းနှီးလေသည်။ သို့သော် ကျန်းဟိုင်နဲ့ သူ့ခင်ပွန်းတို့ ကမ္ဘာတစ်ခုလုံးအုတ်အော်သောင်းနင်း ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား မင်္ဂလာပွဲကျင်းပသည့်နေ့ပြီးနောက် သူ့ဆရာသည် လူသူဝေးရာသို့ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။ သို့လောသို့လော အကြောင်းတွေကြောင့် ဆရာ

ရွှယ်ဖုန်းရဲ့ မျိုးဆက် တပည့်တိုင်းက နှစ်ပေါင်းများစွာက စစ်နတ်ဘုရား စုံတွဲအကြောင်း ကြားသိကြရသည်။

ထို့အပြင် ကပ်သပ်ပြောရရလျှင် ဖေးယွမ်ရွှင်းက

အဖွဲ့ ခေါင်းဆောင်မဟုတ်သေးချေ။

ပုံမှန်ဆိုလျှင် ကိစ္စကြီးများကို ဆရာက လက်ရှိခေါင်းဆောင်ကိုသာ ပြောပြခွင့်ရှိသော်လည်း ဖေးယွမ်ရွှင်း၏ ထူးခြားသော လက္ခဏာကို မြင်တွေ့ပြီး ပြောပြထားခြင်းပင်။

ထို့ကြောင့်လည်း ဆေးကျမ်း၊ အဆိပ်ကျမ်းနှင့် အရိပ်တပ်သားတို့၏ တည်ရှိမှုအကြောင်းကို‌ ဖေးယွမ်ရွှင်းမှ သိနေရခြင်းဖြစ်၏။

"ခင်ဗျားဘယ်လိုသိလဲ"

ရှန်လျန် ကြောင်သွားသည်။ ဝေမိသားစုကလွဲရင် တစ်ခြားအပြင်လူ က သိပ်မသိကြချေ။ အရင်ဘဝက ချင်ယွင်ရှန်း သိသွားရခြင်းမှာ ရှန်လျန် ရူးရူးမိုက်မိုက်ဖြင့် ထုတ်ပြောလိုက်ခြင်းကြောင့်ဖြစ်၏။

"ဆိုလိုတာ.. အရိပ်ကိုယ်ရံတော်က လျန်လျန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလား"

ရှန်လျန့်အမူအရာကိုကြည့်ပြီး ဖေးယွမ်ရွှင်း အတည်ပြုလိုက်နိုင်၏။ ရှန်လျန်က တည်ငြိမ်အေးဆေးနေကာ ဆိတ်ဆိတ်နေခြင်းဖြင့်ဝန်ခံ၏။ လျန်လျန်က ထင်မထားတဲ့ ဝှက်ဖဲကို ကိုင်ထားတာပဲ...သူ့သံမဏိတပ်သားတွေအကြောင်းသိ‌နေတာ မဆန်းတော့ပါဘူး.. ပြီးတော့ သူ့လူတွေ လျန်လျန့်နောက်ကြောင်း မရှာ နိုင်တာလည်း မဆန်းတော့ဘူး။

ဖေးယွမ်ရွှင်းက အတွေးပွားနေပြီး သူဘာတွေစဉ်းစားနေလည်း ရှန်လျန် သိပေမယ့် မငြင်းလိုက်ပါ။ နောက်ဆုံးတော့ လူတိုင်းမသိသည့်အချက်တွေ အားလုံးသိသွားပြီပဲလေ။

"ဟုတ်တယ်"

အရိပ်တပ်သားကိုထုတ်သုံးဖို့ ဆုံးဖြတ်ပြီးမှတော့ ဖေးယွမ်ရွှင်းကိုကြာရှည် ဖုံးကွယ် ထားရန်

မတွေးထားချေ။ မြို့စားမင်းနဲ့ စပတ်သက်ကတည်းက ဒီလူရဲ့ သဘောထားကို အနည်းနဲ့ အများ သဘောပေါက်နေပါပြီ ။ သူက

ချင်ယွင်ရှန်းနဲ့ ကွာခြားသည့်အပြင် ဟော်ရဲ့လင်ရဲ့ လျို့ဝှက်ချက်ကိုပါ ထိန်ချန်မထားပဲ ဖွင့်ဟပြောသည့်သူဖြစ်၏။

ဒါဟာ ဖေးယွမ်ရွှင်းက သူ့ကို အပြင်လူလို့ မသတ်မှတ်ထားသည်မှာ ရှင်းလင်း၏။ သူ့အစ်ကိုနဲ့ ဟော်ရဲ့လင်က တူတူရှိနေပြီဆိုမှတော့ လျို့ဝှက်ချက်တွေ အားလုံး ထုတ်မပြောလျှင် တစ်ဖက်လူအပေါ် မကောင်းရာ ကျလိမ့်မည်။

"ဒါဆို မင်းရဲ့ဆေးပညာက ဆေးကျမ်းထဲက သင်ထားတာလား"

ရှန်လျန်ရဲ့ သူ့အပေါ် ပွင့်လင်းမှု ကြောင့် ဖေးယွမ်ရွှင်း၏ အပြုံးက ပိုကြီးလာသည်။အရိပ်တပ်သားအကြောင်း ထပ်မေးမနေတော့ !

"‌ဆေးကျမ်းအကြောင်းသိနေမှတော့ ဝေမိသားစုနဲ့ ပတ်သက်မှု တစ်ခုခုရှိတယ်ထင်တယ်"

ရှန်လျန် က သူ့ရဲ့စင်ယော်တောင်မျက်ခုံးကို ပင့်ပြီး မငြင်းလိုက်ပေ။ မုရုန်မဒမ်ကိုဆေးကုပေးတဲ့သတင်းကို ယောင်းကွမ်က သေချာပေါက် သတင်းသွားပို့မှာပဲလေ... ဖေးယွမ်ရွှင်းက ဆေးကျမ်းအကြောင်းမသိရင်တော့ တစ်ခြား အကြောင်းပြချက် ပေး၍ရသေး၏။ ခုတော့ ပေါက်ကရဆင်ခြေ ပေးနေရန်မလိုတော့ပြီ။

"ဝေမိသားစုနဲ့ အဆက်အသွယ်မရှိသလို ဝေမိသားစုဝင်တစ်ယောက်မှ ဘာမှ မပြောပြပါဘူး၊

ဝေမိသားစုဝင်တွေက အပြင်လူကို ဆေးကျမ်း၊ အဆိပ်ကျမ်းနဲ့ အရိပ်တပ်သားအကြောင်းလုံးဝမဟတာကိုတော့ စိတ်သာချ! ကိုယ်က ကိုယ့်ဆရာပြောပြလို့သိတာ...."

ဟု အစချီ၍ ရှန်လျန့်ခေါင်းကို အသာအယာ ပုတ်ရင်း ရွှယ်ဖုန်း အကြောင်း ပြောပြလေတော့သတည်း......

Words 2486

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment