ကော.. ကျွန်တော် ကိုယ်ခံပညာ သင်ချင်တယ်'
"ပဉ္စမ သခင်လေးမှာထားတဲ့ဝတ်ရုံတွေပါ၊ စမ်းဝတ်ကြည့်ချင်လား?"
အခြေအနေတွေကရှက်ဖွယ်ကောင်းနေတာမို့ ဝင်ထိန်းတဲ့ အနေနဲ့ အဝတ်တွေ ခပ်သွက်သွက်ယူပြီး လာပြတယ်။ပြုံးပြလိုက်ရင်း သူ့ကိုယ်သူလဲ သတိပေးလိုက်တယ်။
' တုံးလင်အိမ်တော်နဲ့ ရန်စလို့မဖြစ်ဖူး၊ ဒါ စီးပွားရေးလုပ်နေတာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ငွေရဖို့ကိုပဲ အာရုံစိုက်ရမယ်။ ကိုယ့်ဆိုင်ကို ပြဿနာကြားထဲ ဆွဲသွင်းဖို့ဘယ်သူက ဆန္ဒရှိပါ့မလဲ'
"ကောင်းပါပြီ"
ပန်းတိုင် အောင်မြင်သွားပြီ!
ရှန်လျန် ကရှန်ချောင်နဲ့ သိပ်ရင်းနှီးဟန်မပြပဲ ခပ်တန်းတန်းပဲပြောသည်။
"ညီမရှစ် ... အဲ့တာဆို ကော အဝတ်သွားစမ်းဝတ်ကြည့်လိုက်ဦးမယ်"
သူမ လက်ကိုင်ပဝါကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း ခေါင်းငြိမ့်လိုက်တယ်။
"ဟုတ် ကော..."
ချီညီအစ်ကိုနဲ့ရှန်လျန်တို့ ဟာ ဆိုင်ရှင်နဲ့တူတူ အဝတ်လဲခန်းထဲ လိုက်သွားကြတယ်။ဖေးယွီက ချုပ်ပေးတဲ့ ဝတ်စုံက အပြစ်ဆိုရန်မရှိတာမို့ ရှန်လျန် မဝတ်ကြည့်တော့ပဲ ချီညီအစ်ကို နှစ်ယောက်ကိုသာ စမ်းဝတ်ခိုင်းလိုက်တယ်။နောက်ထပ် အဝတ်များစွာကိုမှာယူပြီး ခေါင်းဆောင်းကဲ့သို့သော အဆင်တန်ဆာ များကိုလည်း ယူလိုက်သည်။
"သခင်လေး..ဒီအဝတ်တွေချုပ်ပြီးဖို့ အချိန်တစ်ခုတော့ပေးရမယ်နော်၊ ချုပ်ပြီးသွားရင်တော့ တုံးအိမ်အိမ်တော်ကိုပို့ပေးပါ့မယ်"
သုံးရက်အတွင်း နှစ်ထည်ချုပ်ပြီးခဲ့ပေမယ့် အဝတ်စ အကုန်လုံးချုပ်ပြီးဖို့တော့ စောင့်ရချေမည်။ ကျသင့်ငွေယူပြီးဆိုင်ရှင်မှ အပြုံးလေးဖြင့်ရှင်းပြရာ ရှန်လျန် ခေါင်းငြိမ့်သည်။
"ကောင်းပါပြီ ဒါဆို ကျွန်တော့ခြံဝန်းဆီတိုက်ရိုက်ပို့ပေးနော်၊ တုံးလင်အိမ်တော်က တစ်ခြားသူတွေနား လမ်းကြုံမပေးလိုက်ပါနဲ့"
ရှန်လျန်ထရပ်လိုက်တာနဲ့ ချီယွဲ့တို့လည်း ကိုယ် ဝယ်ယူထားတဲ့ ပစ္စည်းတွေကောက်ယူလိုက်ကြရာ ဆိုင်ရှင်က အပေါက်ဝထိ လိုက်ပို့ပေးသည်။
အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ ရှန်ချောင်လဲ ထိုနေရာမှာ ကြာကြာမနေရဲတော့ပဲ ငိုယိုကာ အိမ်ပြန်သွားသည်။
"လျန်လျန်၊ အချိန်အတော်လင့်နေပြီ ဒါပြီးရင် ပြန်ရအောင်လေ"
သူတို့သုံးဦးသားစီးနှင်းလာတဲ့လှည်းက ဆေး ဝါး တွေ ဝယ်ရန် မြို့တော်ရဲ့ အကြီးဆုံးဆေးဆိုင် ဆီသို့ သွားရာလမ်းတွင်
မထင်မှတ်ထားစွာ ဓားပြတွေ သတ်သေသွားတယ်ဆိုတဲ့ သတင်းကို သူကြားလိုက်ရသည်။
လျိုမိသားစု အပြစ်ကလွှတ်သွားရုံတင်မက ဖေးယွမ်ရွင်းက ဓားပြတွေ ကို ဒီတိုင်းသေဖို့လွှတ်ထားပေးတာကို ရှန်လျန်အံ့ဩမိတယ်။ သေချာပေါက်ပဲ ဒီ စစ်ကြော ရေးမှာ ဖေးယွမ်ရွင်း မပါဝင်မှန်း သူမသိပေ။
"မပြန်သေးဘူး Tyson စားသောက်ဆိုင် ကိုသွားလိုက် ဒီနေ့ညစာ ကိုအပြင်မှာစားမယ်"
လှည်းထဲတွင် ရှန်လျန် မျက်စိမှိတ်ကာ တစ်ဖန်ပြန်မှေးလိုက်သည် ။
တစ်ကယ်လို့ ဖေးယွမ်ရွှင်းက အသုံးမကျဘူးဆိုရင်တောင် ...လျိုဝမ်ကျင်းက မြို့တော်မှာ အဆင့်လေးအရာရှိပဲဖြစ်သေးတာ လူတွေကို လွယ်လွယ်သတ်ဖို့မဖြစ်နိုင်ဘူး၊ သူ....ချင်ယွင်ရှန်းနဲ့ အချိတ်အဆက်မိသွားကြပြီလား?
အရင်ဘဝက ချင်ယွင်ရှန်းနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာသိလိုက်ရတာ...လျိုမိသားစုက သူ့လူတွေဖြစ်နှင့်နေပြီဆိုတာပဲ။ သူတို့ချင်း ဘယ်အချိန် အချိတ်အဆက်လုပ်ကြလဲဆိုတာတော့ သူသေချာမသိပေ ။
"ဟူး....."
သူမျက်မှောင်ကုတ်နေတာ မြင်တဲ့ ချီယွဲ့မှာ လိုက်ကာလေးအသာပင့်မပြီး ချီရွှမ်းကို သွားမယ့်နေရာပြောလိုက်ပြီးသည့်နောက် တိတ်ဆိတ်စွာဖြင့် နေရာမှာ ပြန်ထိုင်နေ လိုက်သည်။
ဒီရက်တွေမှာ ရှန်လျန်တော်တော်ပြောင်းလဲသွားတယ်။ ကိစ္စတော်တော်များများကိုဖုံးကွယ်ထားသလိုပဲ။စစတုန်းက မေးမြန်းရင် သူဖြေချင်တဲ့အရာဆို အမှန်တိုင်းဖြေတယ်၊ မဖြေချင်တဲ့အခါကျရင် ဝေ့လည်ကြောင်ပတ်နဲ့ သူတို့ကိုအရူးလုပ်တယ်၊ အဲ့လိုနဲ့ အကြိမ်ပေါင်းများစွာ ဖြစ်လာတော့ သူတို့လဲ မမေးဖြစ်တော့တာကြောင့် သုံး ယောက်သား ပိုပိုပြီး စိမ်းကားလာတယ်။
Tyson အဆောက်အဦးက မြို့တော်မှာ အတော်အတန်ကြီးမားတဲ့ စားတော်ဆက်ဖြစ်တယ်၊ အဓိကမြို့ကြီး လေးမြို့လုံးမှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားတယ်။
ဆိုင်ထဲဝင်ဝင်ချင်း လူတွေရဲ့အာရုံက အလွန်ရိုးရှင်းလွန်းတဲ့ သူတို့ရဲ့ ဝတ်စားပုံပေါ် ရောက်လာကြပေမယ့် သူတို့ကဂရုစိုက်မနေ ပဲ အခန်းရှိရာဒုတိယထပ်ကို စားပွဲထိုးလေး ရှောင်အာနဲ့လိုက်တက်ခဲ့လိုက်သည်။ မှာထားတဲ့ အစားအသောက်တွေ အားလုံး စားပွဲပေါ်ရောက်လာတဲ့အချိန်ထိ ရှန်လျန်ရဲ့တူက နေရာမရွှေ့သေး။
ဒါပေမယ့် လှည်းပေါ်က အထုပ်အပိုးအိတ်ကို ယူချလာတဲ့အခါမှာတော့....
" ဘာတွေလုပ်နေတာလဲ?"
အိတ်ထဲမှ မီးခိုးရောင် ကုတ်အင်္ကျီရှည်ကို ယူထုတ်လာတာမြင်တဲ့အခါ ချီယွဲ့နဲ့ ချီရွှမ်း သူ့ကို စူးစိုက်ကြည့်လာတယ်။
"လုပ်စရာလေးတစ်ခုရှိလို့၊ အရင်စားထားနှင့်၊ အော်...အထဲကို ဘယ်သူ့မှပေးမဝင်နဲ့ဦး"
အဝတ်အစားလဲလှယ်ပြီး ဆံပင်ကေလဲ ချိန်းလိုက်ကာ မျက်နှာကိုအနည်းငယ် ဖုံးအုပ်လိုက်တယ်။ တစ်ကိုယ်လုံးလုံလုံခြုံခြုံ ဖုံးကွယ်ထားတော့ ချီယွဲ့တို့နှစ်ယောက်လုံးလည်း ထရပ်လိုက်တယ်။
"အပြင်သွားမလို့လား?ကျွန်တော်တို့လဲ တူတူလိုက်ခဲ့မယ်လေ"
ရှန်လျန် အမြန်တားလိုက်ပြီး
"ယွဲ့ကော၊ ရွှမ်းကော... ကောတို့လိုက်လို့မရဘူး၊ ကျွန်တော်တို့နောက်က တစ်ယောက်ယောက်နောက်ယောင်ခံလိုက်နေလားဆိုတာ မသိတာမို့ အရာရာ ဂရုစိုက်ရမယ်၊ ဒီမှာအနားယူရင်းကျွန်တော်ရှိနေ သလို လုပ်ထားပေးပေါ့၊ သွားမယ့်နေရာက မဝေးတာမို့ သိပ်မကြာခင်ပြန်လာခဲ့မယ် "
"ဒါပေမယ့်..."
သူတို့စိတ်ထဲ အဲ့လောက် လွယ်မယ်လို့မထင်မိဘူး။ရှန်လျန်က အရမ်းအားနည်းပြီး အနိုင်ကျင့်လို့ကောင်းမယ့်ပုံစံပေါက်နေတယ်။
သူတို့ပဲသိတဲ့အချက်က ရှန်လျန်က နူးညံ့မနေပဲ ခပ်ကြမ်းကြမ်းလက်တုံ့ပြန် ပြီးဖြတ်ရိုက်တတ်တယ်ဆိုတာ....။
"ဒါပေမယ့်ဆိုတာ မရှိဘူး ၊ဒါ အမိန့်ပဲ!"
ခပ်ပြတ်ပြတ် အသံနဲ့အတူ သူ့မျက်နှာထားမှာ တင်းမာပြီး အကြည့်က ဓားသွားကဲ့သို့စူးရှနေလျက်...
"လျန်...."
နှစ်ယောက်လုံး အမှန်တကယ်ကို ကြောက်ရွံ့သွားကြသည်။ ချီရွှမ်းက တစ်ခုခုထပ်ပြောချင်သေးသော်လည်း ချီယွဲ့၏ ဟန့်တားခြင်းခံရကာ သူ့လို ခေါင်းသာညိတ်စေသည်။ ချီယွဲ့က
"အဲ့ဒါဆို လျန်လျန် လမ်းမှာ ဂရုစိုက်သွားရမယ်နော်"
ကြာလေကြာလေ စိမ်းကားလေ မဖြစ်ရအောင် သူတို့ ရှန်လျန်အပေါ် ယုံကြည်ချက်ပိုထားသင့်သည်။
"အင်း..."
ရှန်လျန် ဘာစကားမှ ထပ်မပြောလေတော့ပဲ ခေါင်းတစ်ချက်ဆတ်သည်။ တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး အလင်းနှင့်အမြန် အပြင်မထွက်ခင်.... ပြင်ပမှ လှုပ်ရှားသံ ရှိမရှိ အကဲခတ်သေး သည်။ ဆက်ဆွဲထားချင်နေသည့် ချီရွှမ်းအား ချီယွဲ့က အတင်းတားသည်။
"ကော..လျန်လျန်က ငယ်သေးတယ်၊ သူတစ်ခုခုဖြစ်..."
"ဘာမှ မဖြစ်ဘူး ရှောင်ရွှမ်း ၊သူ့ကိုသူကာကွယ်နိုင်ပါတယ်၊ ငါတို့လိုက်သွားမှ သူ့ကိုလည်းမကူညီနိုင်ပဲ ဝန်ပိစေလိမ့်မယ်၊ ဒီမှာ ပဲနေပြီး လုပ်နိုင်တာလေး လုပ်ရအောင်"
ဒီစကားက မဖြစ်သင့်သလို ဖြစ်လည်း ဖြစ်သင့်သည်။ ငယ်စဉ်က ကာကွယ်ပေးနိုင်ခဲ့ပေမယ့် အခု လျန်လျန်ကတဖြည်းဖြည်းအရွယ်ရောက်လာခဲ့ပြီဆိုတော့ သူတို့ပိုပြီးအသုံမဝင်ဖြစ်လာတယ်၊ သူတို့ကြောင့်နဲ့ ကျရှုံးရတာမျိုးမဖြစ်အောင် လျန်လျန်နဲ့ အပြိုင် ရင့်ကျက်လာမှ ဖြစ်တော့မယ်။
ချီရွှမ်းကရိုးသားပြီး စိတ်မြန်လက်မြန်ရှိသူဆိုပေမယ့် မိုက်ရူးရဲမဆန်ချေ။ တစ်ကိုယ်လုံး အားပျက်လျက် ထိုင်ချလိုက်ပြီး စိတ်ပျက်သောလေသံဖြင့် ပြောသည်။
"ကော၊ ကျွန်တော် ကိုယ်ခံပညာ သင်ချင်တယ်"
"ဟမ်?"
ချီယွဲ့မျက်ခုံးပင့်ရင်း ကြည့်လာသဖြင့် ခပ်သွက်သွက်ဆက်ပြောသည်။
"ဒါမှမဟုတ် ကွန်ဖူး သင်ရမလား၊ အနည်းဆုံး အန္တရာယ်ကြုံလာရင် သူများကို အားကိုးနေစရာမလိုတော့ဘူး၊ အိမ်ရောက်ရင် လျန်လျန်ကိုပြောကြည့်မယ်၊ တစ်ယောက်ထဲ အမြဲ တမ်း နောက်ကျကျန်မနေခဲ့ချင်ဘူး၊ တစ်ခုခု သင်မှကိုဖြစ်တော့မယ်"
ပင်ပန်းဆင်းရဲဒုက္ခ ခံစားရမှာကိုသူတို့ မမှုပေ။ ထိုအစား ရှန်လျန်၏ စွန့်ပစ်ခြင်းခံရမှာကို ပဲ သူတို့ကြောက်သည်။ ငယ်စဉ်က သုံးဦးသား အချင်းချင်းမှီခိုပြီး တူတူကြီးပြင်းလာကြကာ လျှိ့ဝှက်ချက်ထားသည်ဆိုတာ မရှိခဲ့...
အရေးကြီးဆုံး အရာများပင် ဖွင့်ပြောခဲ့ကြသည်.. ယခုမူ..........…..................။
Words 1511
🍇 Grape