no

Font
Theme

'ချင်ယွင်ရှန်း နဲ့ ရှန်ချောင် ကို ထိပ်တိုက်ရင်ဆိုင်မယ်'

မြေပြင်ပေါ်သယ်ခေါ်လာပြီးနောက် ဖေးယွမ်ရွှင်း သူ့အပေါ်ဝတ်ရုံကို ချွတ်ကာ ရှန်လျန့် တစ်ကိုယ်လုံး လွှမ်းခြုံထားပေးလိုက်သည်။ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ရှန်လျန့်ဆံပင်စည်းကြိုးကပြေလျော့သွားကာ ပခုံးပေါ်ကျသွားသည်။ ဆံစတစ်ချို့မှာတော့ ပါးပြင်ပေါ်တွင်ကျဆင်းလျက်.... လူအားလုံးက ရှန်ချောင်ကိုသာ အာရုံစိုက်နေကြရာ ရှန်လျန်၏ ရှက်ရွံ့ဖွယ် ဖရိုဖရဲအနေအထားက အာလုံးရဲ့အကြည့်မှ လွှတ်မြောက်သွားသည်။ ရှန်လျန့်ကို ကယ်ဆယ်ပေးလိုက်သည့်သူက အေးစက်စက်နှင့် အာဏာလွှမ်းမိုးတတ်သည့် ဖေးယွမ်ရွှင်းဖြစ်မှန်း လူအတော်များများ သတိမပြုမိကြချေ။

အားလုံးတော့ မဆိုလို.... ဘုရင့်သားတော်များက သူတို့နှစ်ယောက်ကိုတိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် ဖေးယွမ်ရွှင်း၏ အမူအရာက အေးစက်နေကာ ရှန်လျန်လည်း မျက်နှာ မကောင်းချေ။ ဖေးယွမ်ရွှင်းနဲ့ သူက ပုံမှန်သိကျွမ်းသည့်ဆက်ဆံရေးသာဖြစ်၍ သူ့ကိုကယ်လိုက်ခြင်းသည် ဖေးယွမ်ရွှင်းပေါ် ဖိအားအတော် သက်ရောက်သွားစေနိုင်သည်။

ရှန်ချောင်!

အားလုံးရဲ့အကြည့်တွေကနေ မုန်တိုင်းထန်နေတဲ့မျက်ဝန်းတွေ ကိုဖုံးကွယ်ဖို့ ကိုယ်ငွေ့နွေးနွေး ရှိတဲ့ ဖေးယွမ်ရွှင်းရဲ့အင်္ကျီကို လွှမ်းခြုံထားရင်း

ရှန်လျန် ခေါင်းငုံ့ထားလိုက်သည်။

သူ့ကို စပစ်မှတ်ထားမယ့်သူက ရှန်ချောင်လို့ မထင်ထားခဲ့ဘူး၊ ကောင်းတယ်..သိပ်ကောင်းတယ်! ကျောက်လန်က သူ့ကိုအနိုင်ကျင့်ဖို့နဲ့ အကျဉ်းအကြပ်ထဲ တွန်းပို့ဖို့မစောင့်နိုင်တော့ဘူးထင်တယ်၊ သူ့သမီးနဲ့ ဒီလောက်ထိ လုပ်ခိုင်းတယ်ဆိုတော့... ကြည့်ကြသေးတာပေါ့..အနိုင်ကျင့်ခံရတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ!

အနီးဆုံးမှာ ရှိနေတဲ့ ဖေးယွမ်ရွှင်းက သူ့ရဲ့စိတ်အခြေအနေကို ခံစားမိတာကြောင့် ရေထဲက တက်လာတဲ့ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

နက်ရှိုင်းတဲ့မျက်ဝန်းတွေက ခြေရာကောက်မိသွားသည်။ ပါးနပ်သူမို့ ရှန်လျန်ရေထဲ ကျအောင် တွန်းလိုက်တဲ့သူဟာ ရှန်ချောင်ဖြစ်မည်မှန်း ခန့်မှန်းမိလိုက်သည်။‌ သေအောင် ရိုက်သတ်မယ်ဆိုရင်တောင် ဒီကိစ္စက တမင်ကြံစည်ထားတာ မှန်း လက်မခံလို့မရပေ။ မသိစိတ်ကနေ အလိုအလျောက် ရှန်လျန့်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။ ရှန်လျန်က တွန်းချသူကို တစ်ပါတည်း ရေထဲ ဆွဲချလာတာကြောင့် ရှန်ချောင်ပါ ပြုတ်ကျလာတာပဲ ဖြစ်မည်။

"မင်းရဲ့ဆံပင်ရေစို‌နေတယ်၊ ခြောက်အောင် သုတ်လိုက်ဦး"

နှစ်ဦးသား ကောက်ချက်ချနေကြစဉ် သူတို့အနားသို့ လူတစ်ယောက် ချဉ်းကပ်လာသည်ကိုသတိမပြုမိကြ။ အဖြူရောင် လက်ကိုင်ပုဝါလေး ကမ်းပေးလာတဲ့သူရဲ့ ရင်းနှီးနေသည့်အသံကြောင့် ရှန်လျန် တောင့်ခဲသွားကာ ဖြည်းဖြည်းချင်း‌မော့

ကြည့်မိ၏။

ရည်မွန်ပြီး ချောမောကြည့်ကောင်းတဲ့မျက်နှာကိုမြင်လိုက်ရသည့်တစ်ခဏ၌ အရင်ဘဝက သူသေခါနီးအချိန်ထိ နာကျည်းမုန်းတီးခဲ့ရခြင်း အရိပ်များ သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ သူက သည်းခံနိုင်တယ် သန်မာတယ် ဆိုရင်တောင် ဒီလူကိုတော့ နည်းနည်းမှ အောင့်အီးသည်းခံနိုင်ခြင်းမရှိတာကို ကိုယ့်ကိုကိုယ် သိလိုက်ရတယ်...

ချင်ယွင်ရှန်း!

ဒီလူ ဘယ်လိုလုပ်.....

ချင်ယွင်ရှန်းလည်း မတုံးအချေ။ ရှန်လျန်၏ မုန်းတီးနေတဲ့အကြည့်တွေကသူ့ကို နှုတ်ဆက်နေတာကို ချက်ချင်း ဖမ်းမိလိုက်ပြီး ကြောင်အ သွားရသည်။ သူတို့နှစ်ယောက်က ခုမှ ပထမဆုံးတွေ့ဖူးတာ ပါ ၊ အဲ့ဒီ မုန်းတီးတဲ့အကြည့်တွေက ဘယ်ကရောက်လာရတာလဲ?

သူသေချာပင် မကြည့်ရသေးခင် ရှန်

လျန်၏အကြည့်တွေက ပြောင်းလဲပြီးရေလိုတည်ငြိမ်သွားတာကို တွေ့လိုက်ရသည်။

မတိုင်ခင်က အမုန်းတရားတွေ ရဲ့ခြေရာကို အနည်းငယ်သော်မျှ ရှာမတွေ့တော့ချေ။တစ်ချိန်တည်းမှာပင် ရှန်လျန် ဦးညွှတ်လိုက်ကာ

"ကျေးဇူးအများကြီး တင်ပါတယ် ..ကျွန်တော် မျိုး အရှင့်သားကို အနှောင့်ယှက် မပေးဝံ့ပါဘူး"

အမုန်းတရားတွေကို ဖိနှိပ်လိုက်ပြီး ရှန်လျန် ပြတ်ပြတ်သားသား ငြင်းပယ် လိုက်တယ်။ ချင်ယွင်ရှန်းရဲ့ လက်ကိုင်ပုဝါက တစ်ချိန်လုံး သူ့ရှေ့မှာ ဆန့်တန်းထားလေရဲ့ ..

"ပဉ္စမသခင်လေး!"

ယောင်းကွမ်ရဲ့ အကူအညီနဲ့ နောက်ဆုံးတော့ ချီယွဲ့ ဟာ လူအုပ်ထဲက ထွက်လာနိုင်ခဲ့သည်။ သူ့ကိုယ်ပိုင်ပုဝါလေးထုတ်ပြီး ရှန်လျန့်မျက်နှာအနှံ့ ရေသုတ်ပေးကာ စိုနေတဲ့ဆံပင်ကိုလည်း နှံ့နှံ့စပ်စပ်သုတ်ပေးတော့သည်။ သူ့ရဲ့အပြုအမူက နေရခက်‌တဲ့အခြေအနေကနေ ချင်ယွင်ရှန်းကို လွှတ်မြောက်စေလိုက်မှန်း သတိမထားမိလိုက်။

ရှန်လျန်၏ နာကျည်းမုန်းတီးမှုတွေနှင့် ချင်ယွင်

ရှန်း၏ ရုတ်တရက်ထွက်ပေါ်လာသော စေတနာတွေ အားလုံးကို ဘေးလူဖြစ်တဲ့ ဖေးယွမ်ရွှမ်းက အကုန် ဖမ်းမိလိုက်သည်။ ချောမော ထက်မြက်တဲ့ မျက်နှာ က ပိုမိုအေးစက်ခက်ထန်လာသည်။ ချင်ယွင်ရှန်းရဲ့ အပြုအမူကို သဘောမကျသလို ရှန်လျန်၏ စိုးရိမ်ပူပန်နေသည့် အကြည့်ကြောင့် သူပိုပြီး မကျေမနပ်ဖြစ်လာသည်။

နှစ်ယောက်ကြား တစ်ခုခုတော့ ရှိနေမည်မှန်း သူ့ ဆဌမအာရုံကပြောနေသည်။

ထို့အပြင် သံမဏိကိုယ်ရံတော်တပ်သားတွေက

ရှန်လျန်၏ မွေးဖွားစဉ်မှ ယခုအရွယ်ထိ ဖြစ်ပျက်သမျှအလုံးစုံကို စုံစမ်းပြီးဖြစ်ရာ ရှန်လျန်သည် သေချာပေါက် ချင်ယွင်ရှန်းနဲ့ အဆက်အဆံလုပ်ဖူးခြင်းမရှိခဲ့ချေ။သို့ဆိုလျှင် ရှန်လျန်၏ မူမမှန်သည့်အနေအထားက ဘာကြောင့်ဖြစ်မလဲ?

စဉ်းစားပေမယ့် သင့်လျော်တဲ့ အဖြေ မရတဲ့ ဖေးယွမ်ရွှင်းဟာ သူ့ရဲ့ဖီးနစ်မျက်ဝန်းတွေကို ရှန်လျန့်ဆီမှာပဲ ကျောက်ချထားလိုက်တယ်။ ဒါမှ ဒီကောင်လေးရဲ့ အရာအားလုံးကို သူမြင်နိုင်မှာဖြစ်တယ်..

"အင့်..ဟင့်.. ကော ... ဝူကောက ညီမကိုရေ

ထဲဆွဲချတာ ဟင့်..ဟင့်"

တစ်ဖက်မှာတော့ ရှန်ချောင်ဟာ ရှန်ယန်ရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး အော်ဟစ် ငိုကြွေးနေလေတယ်။ သူမရဲ့ ငိုကြွေးနေမှုကြောင့်လူတိုင်းက ရှန်လျန့်ကို လှည့်ကြည့်ရာ ခရမ်းရောင် ဝတ်ရုံအား ကပိုကရိုလွှမ်းခြုံထားသူကိုမြင်လိုက်ကြရသည်။

အကြည့်တွေ သူ့ဆီရောက်လာတော့ ရှန်လျန် ‌မျက်လုံးပင့်လိုက်၏။ သူ့ပုံစံက ဖရိုဖရဲဖြစ်နေပေမယ့် နူးညံ့ကာ လှပနေဆဲပင်။ လူထုသာမက ကျန်းဦးရီး‌တော်နဲ့ အခြားမင်းသားတွေပါ ငေးကုန်သည်။ အမျိုးသမီး ၊အမျိုးသားတွေအားလုံး ကိုယ်စီ အလှတရားတွေရှိသော်လည်း ရှန်လျန့်အလှ က သူတို့ကိုမှင်သက်စေသည်။ ပြစ်မျိုးမှဲ့မထင် လှပပြီး ရင်သပ်ရှုမောဖွယ်ပင်။

"တစ်ယောက်ယောက်က ကျွန်တော့်ကို တွန်းလို့ ကျွန်တော်လည်း ပြန်ဆွဲထားလိုက်တာ "

ရှန်ချောင်အား ရေထဲဆွဲချခြင်းကို ရှန်လျန်မငြင်းလိုက်ပဲ တရားခံဖက် စကားပြန်ပုတ်ပေးလိုက်ရာ အားလုံး၏အကြည့်က ရှန်ချောင်ဆီသို့ တစ်ဖန်ပြန်ရောက်သွားသည်။ သို့သော် သူမက ရေထဲတွန်းချလိမ့်မယ်လို့ မယုံသည့်သူက အတော်များသည်။ ရှန်ချောင်သည် ‌မြို့တော်တစ်ခုလုံးမှာ အရည်အချင်း၊ ရုပ်ရည်၊ လူနေမှု ဘာတစ်ခုမှ ပြောစရာမရှိ၊ သူမ ဘယ်လိုလုပ် ဒီလိုရက်စက်နိုင်ပါ့မလဲ? ပြီးတော့ ရှန်လျန်ကသူ့အစ်ကိုလေ!

"မဟုတ်တာမပြောနဲ့၊ ညီမ မလုပ်ဘူး! ဝူကော ညီမတို့ ချင်း ရန်ငြိုးမှမရှိတာ..ဘာလို့ညီမကို ဒုက္ခပေးချင်ရတာလဲ?"

ရှန်ချောင်ကသူ့တစ်ကိုယ်လုံး ရေစိုနေတာကိုသတိမထားမိပဲ ရှန်ယန်ရဲ့ပွေ့ဖက်မှုအောက်က ပြေးထွက်လာလိုက်တယ်.. အထည်စက ပါးလွှာ ပြီး ရေပါစိုနေသောအခါ ဂါဝန်စက အသားမှာ ကပ်နေပြီး ကောက်ကြောင်းက ပြည့်ပြည့်စုံစုံပေါ်နေတယ်၊ လက်ရှိ ဒီမှာ ရှိနေတဲ့ လူအများစုက လက်မထပ်ရသေးချေ။ ‌အမျိုးသား များက သူမရဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး အသက်ရှူမြန်လာကြသည်။ တပ်မက်စွာကြည့်နေတဲ့ လူတွေအထဲ မင်းသားကျန်းလည်း သေချာပေါက်ပါဝင်ပေသည်။ ပြီတီတီအကြည့်များက သူမရဲ့ရင်အစုံမှ ‌ခါးသွယ်သွယ်ဆီသို့... ထိုမှတစ်ဆင့် တင်ပါး...ခြေအစုံ... သို့သော် သူမရဲ့အာရုံအလုံးစုံက ရှန်လျန့်ဆီရောက်နေသည်ကြောင့် ရေစိုနေ

သည့်ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး သတိမမူမိ‌သေး

ပေ။

သူမ သတိမမူမိပေမယ့် ရှန်လျန် က သတိထားမိပါသည်။ လျိုရှုဟန်၏ အကြံတွေကိုတွေးကြည့်ရင်း ရှန်လျန်...သူ့ စိတ်ထဲ ကိုယ်ပိုင်အစီအစဉ်တစ်ချို့ တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။

"အစ်ကိုလည်း သိချင်တယ်.. အစ်ကိုတို့ချင်းဘာရန်ငြိုးမှ မရှိပဲ မြစ်ရေထဲတွန်းချတော့ရော ဘာကောင်းကျိုးတွေများရသွားမှာတဲ့လဲ?"

"ညီမ မလုပ်ခဲ့ဘူးလို့! အစ်ကိုကသာ ညီမကိုရေထဲ ဆွဲချတဲ့သူပဲ"

ရှန်ချောင့်အထင် သူမကိုယ်သူမ ကောင်းကောင်းချေပနိုင်သည်ပေါ့! သူမ၏ပျာယာခတ်နေမှုက လူတိုင်း၏အမြင်မှပြေးမလွှတ်ချေ။ ဒီတစ်ကြိမ်တော့ ရှန်လျန့်ဘက်ရပ်တည်ရန် မည်သူမှ ရှေ့ထွက်မလာကြ..ဖေးယွမ်ရွှင်း ပင် ဝင်မပါချေ။ ဒါကရှန်လျန်၏ မိသားစုတွင်းကိုယ်ပိုင်တိုက်ပွဲ ဖြစ်သည်။ အပြင်လူတွေ ဝင်ပါရန်မသင့်တော်‌ချေ။

"အဲ့လိုဆိုတော့လည်း တစ်မျိုးပြောင်းပြောရတော့မှာပေါ့၊ ညီမလေးပြောသလို အစ်ကိုတို့ချင်း ရန်ငြိုးမရှိဘူးလေ၊ ဒါဆို အစ်ကိုက အကြောင်းပြချက်မှမရှိပဲ ညီမကို ဘာလို့မြစ်ရေထဲ ရုတ်တရက်ကြီး ဆွဲချ တာလဲ? တစ်ခြားသူတွေက တုံးလင်အိမ်တော်ရဲ့မိသားစုအခြေအနေသိပ်မကောင်းတာပဲသိကြတာ...ဒါပေမယ့်တုံးလင်မိသားစုဝင်တိုင်းက အစ်ကိုအိမ်ပြန်ရောက်ကတည်းက အချိန်အကြာကြီး နာလန်မထူနိုင်သေးမှန်း သိကြတယ်...အဖွားတောင်မှ အစ်ကို့ကိုသေချာအနားယူဖို့ပြောထားတာ..အခုသုံးလလောက်ကြာသွားပြီဆိုတော့ ကျန်းမာရေးက အဆိုးကြီး မဟုတ်တော့ဘူးဆိုပေမယ့်လည်း ရန်ငြိုးမရှိသူကို အစ်ကို့အသက်နဲ့ရင်းပြီးမြစ်ထဲ တူတူဆွဲချပါ့မလား? ဂရုမစိုက်မိရင် နောက်တစ်ခါ ပြန်ဖျားပြီး အသက်သေဆုံးသွားနိုင်တယ်၊ အစ်ကိုက အဲ့လောက်ထိ မိုက်မဲပါ့မလား"

ဘာသက်သေမှမရှိပေမယ့် အမှန်တရားက ဖုန်းကွယ်ဖို့မရအောင် ရှင်းလင်းနေတယ်.. အဲ့ဒီအပြင်ရှန်လျန့်စကားတွေက ယုတ္တိရှိတယ်.. ဘဝနဲ့ရင်းပြီး ရူးမိုက်မယ်လို့ ဘယ်သူမှ မထင်ဘူးလေ..ဒါပေမယ့် ရှန်ချောင့်ဘက်ကကြည့်ရင်တော့ ကိစ္စက နည်းနည်းရှုပ်ထွေးသွားပြီ....

"ဒါ..ဒါဆို အစ်ကိုလူမှားဆွဲတာ ဖြစ်မယ်"

ရှန်လျန့်ကို ချောက်တွန်းပြီး အကျိုးအမြတ်မယူနိုင်တော့ဘူးဆိုတော့ စကားလမ်းကြောင်းပြောင်းလိုက်ရပြီး အသံက အားသိပ်မပါတော့ချေ။

ရှန်ချန်နဲ့ ရှန်ယန်သည် အခြေအနေ စောင့်ကြည့်နေရာမှ ရှန်ချောင့်ကိုယ်ပေါ်မှ မခွာသောကျန်းမင်းသား၏ တဏှာ မျက်လုံးကို သတိပြုမိသွားသည်။

ရှန်လျန်၏အလှက အမှန်တစ်ကယ် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ကြောင်း မည်သူမှမငြင်းနိုင်ချေ။ မူလ စီစဉ်ထားသည်က မင်းသားကျန်း သတိထားမိသွားစေရန်ပင်...နည်းလမ်းရှာပြီး ရှန်လျန့်ကို လူရှေ့သူရှေ့ ဆွဲထုတ်မည်၊ မင်းသမီးကြီးရဲ့ ရှန်လျန့်အပေါ် အကောင်းမြင်စိတ်ကိုလည်းဖျက်စီးမည်ပေါ့!

မင်းသားကျန်းရဲ့အကျင့်အရ သူ့လက်သည်းရှေ့ရောက်လာတဲ့ ရှန်လျန့်ကို ဘယ်နည်းနဲ့မှ အလွှတ်ပေးမှာ မဟုတ် ၊ ရှန်လျန့်ရဲ့ လူပျိုစင် ဘဝဆုံးရှုံးလိုက်ရရင် ဘယ်သူက သူ့ကိုထပ်လိုချင်ဦးမလဲ? ဒီလိုဆို သူတို့မိခင်ရဲ့နာမည်ဂုဏ်သတင်းကိုပြန်အဖတ်ဆယ်နိုင်လိမ့်မည်... စီစဉ်ထားသည့်အတိုင်းဖြစ်လာဖို့ တုံးလင်အမတ်ကြီးကလည်း မင်းသားကျန်းဆီ ရှန်လျန့်အလှကို ပိုပိုသာသာလေးချီးကျူးထားရသေးသည်။ မျှော်လင့်ထားသည့်အတိုင်း မင်းသားကျန်းက စိတ်ဝင်စားခဲ့သော်လည်း... ယခုတော့

ယခုတော့ ရှန်ချောင်ကြောင့် အားလုံးပျက်စီးသွားရပြီ၊ ဒီအရူးမကတော့! မင်းသားကျန်းရဲ့အာရုံက ထိုကောင်မလေးဆီရောက်သွားပြီ၊ ရှန်လျန့်ဘက် အကြည့်တစ်ချက်တောင်မစွန့်ကြဲတော့....။

"အမ်း..မှားဆွဲတာ ဖြစ်နိုင်ပါတယ်..ဒါပေမယ့် ရှန်ချောင် ပြောကြည့်ပါဦး .... ညီမလေးရဲ့ လက်က တိုက်တိုက်ဆိုင်ဆိုင် အစ်ကို့ရဲ့ခါးနား ရှိနေပြီး အစ်ကိုကလည်း အနီးဆုံးလူကိုဆွဲလိုက်တာပဲလေ"

ရှန်လျန် အသာအယာ ပြုံးရင်း ရှန်ချောင်ရဲ့အကြည့်ကိုရင်ဆိုင်လိုက်တယ်။ သူ့အပြုံးက အစစ်အမှန်မဟုတ်ကြောင်း ခေါင်းပါတဲ့သူတိုင်းမြင်နိုင်လေသည်။

ရှန်ချောင် ကြက်သီးတွေပါ ထလာပြီး မသိစိတ်‌ဖြင့် နောက်နှစ်လှမ်းဆုတ်လိုက်မိသည်။ ထိုအပြုအမူက တရားခံက သူမ ပါဟုဝန်ခံသလိုဖြစ်သွားပြီး လူအားလုံးဟာကဲ့ရဲ့ ရှုံ့ချတဲ့အကြည့် ဖြင့်ကြည့်ကြတော့သည်။

ရက်စက်တဲ့အပြုအမူကို နားလည်ပေးလို့ရပေမယ့် တွေးတတ်ဖို့တော့လိုမည်။ သူမရဲ့အပြစ်က ထင်ရှားနေတာကြောင့် လူရှေ့ထွက်ပြီး ကာကွယ်ပေးရန်မူ မလုပ်သင့်ပေ!

အခြေအနေ မဟန်တာကြောင့် ရှန်ယန် သူ့အပေါ်အင်္ကျီချွတ်ပြီး ရှန်ချောင်ကိုပတ်ပေးလိုက်သည်။ သူ့ညီမကို ဖက်ထားရင်း ရှန်လျန့်ကိုပြောသည်။

"တိုက်ဆိုင်သွားတာပဲဖြစ်မှာပါ၊ ရှောင်ဝူ ပြဿနာ ကြီးအောင်မလုပ်တော့နဲ့! ကံကောင်းလို့ မင်းရော ချောင်အာရော ဘာမှ မဖြစ်တာ"

ရှန်ယန် သူ့ညီမကို ချစ်သော်လည်း ဒီအချိန်မှာ ငြိမ်းချမ်းရေးယူဖို့ကိုပဲရွေးချယ်လိုက်ရသည်။ သို့သော် သူ့စကားက ချောင်အာ ကသာ အပြစ်ကင်းစင်သည့်ဟန် ။

"အစ်ကို၄ ရဲ့စကားက ဟိုလိုလို ဒီလိုလိုနဲ့နော်၊ ကျွန်တော်က မှားတဲ့သူလဲ မဟုတ်ဘူး၊ ဘာလို့ ပြဿနာ ကြီးအောင်လုပ်တယ် ဖြစ်ရတာလဲ"

ရှုံးစေချင်တယ်ပေါ့?အိပ်မက်မက်နေလိုက်!

ရှန်လျန်သည် ကိစ္စသေးသေးလေးတွေကိုစိတ်ထဲ ထည့်တတ်သူ မဟုတ်သော်လည်း တစ်ယောက်ယောက်က သူ့ကိုဒုက္ခပေးချင်နေလျှင် ကျား၊ မ ရွေးပြီး ခွင့်လွှတ်ပေးနေမည်မဟုတ်ပါ ။

"ရှောင်ဝူ..အစ်ကိုတို့အားလုံးက မိသားစုဝင်တွေ၊ ချောင်အာက ဒီလို လုပ်မယ်လို့ အစ်ကို မထင်ဘူး နားလည်မှုလွဲတာ ဖြစ်မှာပါ"

ပြောနေစဉ် သူ့အမူအရာက မည်းမှောင်နေပြီး 'မိသားစုဝင်တွေ' ဆိုသည့်စကား၌ အံကြိတ်ကာ ဖိပြောသည်။

" ရှန်မိန်းကလေးလိုလှပထက်မြက်တဲ့သူက သူတစ်ပါးအပေါ် မကောင်းတဲ့အတွေး မရှိဘူးလို့ ဒီမင်းသားလည်း ယုံကြည်တယ်"

ထိုစဉ် မင်းသားကျန်းရဲ့အသံက ကြားဝင်လာသည်။

ခုမှ လူအားလုံးသတိထားမိသွားသည်က မင်းသမီးကြီးရဲ့ အပျော်စီးလှေပေါ်မှာ ပြဿနာ ဖြစ်နေပြီး မင်းသားကျန်းနဲ့ မင်းသားငယ်တွေ အားလုံးလည်း ဒီလှေပေါ်မှာ ရှိနေသည်။ မည်သူမှားသည် မှန်သည်ကို သူတို့ဆုံးဖြတ်ပေးလိမ့်မည်သာ....။

Words 2583

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment