no

Font
Theme

'ချင်ဖင်းမြို့စား ရောက်ပြီ၊ ကျင်းသခင်လေးလည်း ပါတယ်'

"သူတို့က ကျွန်တော့်ကို အနိုင်ကျင့်ချင်တယ်ပေါ့? အဲ့လောက်လွယ်မလား"

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ အစ်ကိုတို့ ရှောင်ကျိုးလေးက အတော်ဆုံးပဲ"

"ကောကလဲ.."

ညီအစ်ကိုနှစ်ယောက် တွတ်တီးတွတ်တာ လုပ်ပြီးချိန်ထိ ရှန်လျန်ကြည့်နေမိသည်။ နှစ်ယောက်ကြားကဆက်ဆံရေး အရမ်းကောင်းတာကို ငေးရင်း လွမ်းဆွတ်လာမိသည်။

သူ့အစ်ကိုအိမ်မှာရှိတုန်းကလည်း ရှန်ကျိုး အစ်ကိုလို ကာကွယ်ပေးတာမှ သာမန်စောင့်ရှောက်တာ ထက် ပင် ပိုသည်ဟုပြောနိုင်သည်။ နှမျောစရာကောင်းသည်က သူ့အရင်ဘဝမှာ သေဆုံးတဲ့အချိန်ထိ အစ်ကို့ကို တစ်ကြိမ်လေးမှ မတွေ့ခဲ့လိုက်နိုင်ပေ။

ရုတ်တရက် လက်တစ်ဖက်မှ သူ့ခေါင်းကိုပုတ်လိုက်ပြီး အသံဩရှရှက နောက်မှကပ်ပါလာသည်။

"အငယ်လေး၊ ငိုတာက မင်းနဲ့မလိုက်ဘူး"

"ချင်ဖင်းမြို့စား!"

လူတိုင်းအံ့ဩပြီး အထိတ်တလန့်လှည့်ကြည့်ကုန်သည်။ အမျိုးသမီးလေးများ သူ့ကိုမြင်လိုက်သည်နှင့် မျက်လုံးထဲမှ အသဲနှလုံးလေးတွေ ထွက်ကျလာသည်။ 'ကော' များပင် နေရထိုင်ရခက်ကြ၏။ ရှန်လျန်၏အလှက သာမာန်ထက် ထူးကဲ ပြီး အကြည့်ခံသည့်အလှ ဖြစ်လျှင် ဖေးယွမ်ရွှင်း၏ ခန့်ညားမှုသည် ယောင်္ကျားပျိုများအကြား ထိပ်တန်းချောမောမှုပင်။

'ကော'များစွာနှင့် သမီးပျို များစွာက အပြိုင်အဆိုင် သူနှင့်လက်ထပ်ချင်ကြသော်လည်း ကာယကံရှင်က ယခုအချိန်ထိ ဆန္ဒမရှိသည်မှာ နှမျောစရာပင်။

ဝေါင်း!

"အားးးး အား...!"

"ကျားကြီး!"

သားရဲဟိန်းသံက ကောင်းကင်ယံတစ်ခွင် တုန်လှုပ်စေသည်။

ဖေးယွမ်ရွှင်း၏ ရုတ်တရက် ထွက်ပေါ်လာမှု ကြောင့် ရင်တုန်နေကြစဉ် သားရဲဟိန်းသံကြောင့် အားလုံး လန့်ဖြန့်ကုန်ကြသည် ။ ရှန်ရှောင်(၂) တို့ အုပ်စုမှာ မျက်နှာတွေ ဖြူဖျော့ပြီး မလှုပ်မယက် ခပ်တောင့်တောင့် ဖြစ်သွားကြ၏။ သူတို့မျက်လုံးက ဖေးယွမ်ရွှင်း၏ဘေးတွင် ရှိနေသောအရောင်စွန်းထင်းခြင်းမရှိသည့် ဖြူစွတ်နေသည့်ကျားတစ်ကောင် ထံ၌ ကပ်တွယ်လျက်။

အမျိုးသမီးတွေ ကြောက်ရွံ့နေသည်အား လစ်လျူရှုလျက် အဖြူရောင် ကျား၏ ကျောကုန်းကို ဖေးယွမ်ရွှင်းလက်ဆန့်ကာ ပွတ်သပ်ပေးလိုက်သည်။

"ရှောင်ပိုင်တိတ်တိတ်နေလေ"

ရှောင်ပိုင်တဲ့လား? ဘယ်မှာ သေးလို့လဲ ? ဒီလောက်ကြီးတဲ့ ကျားကို!

"အု!"

ကျားကြီးက အသံသေးသေးထုတ်ကာ ဖေးယွမ်ရွှင်းရဲ့လက်နဲ့သူ့ခေါင်းကို တိတ်တဆိတ်ပွတ်နေလေ၏။ အစ်ကို့အကြောင်း အတွေးနွံနစ်နေပြီးရင်ထဲက နာကျင်မှုတွေ ပြေလျော့သွားမှ

သတိပြန်ကပ်ကာ ရှန်လျန်လှည့်ကြည့်မိ၏။

ချင်ဖင်းမြို့စားက ရက်စက် ကြမ်းကြုတ်တဲ့သားရဲတွေကိုနှစ်သက်မှန်း ကြားဖူးပြီး ထို သားရဲများအတွက် ခြံဝန်းကျယ် ပင် ရှင်းလင်းပေးထားသည် ဟူ၏။ ‌သူကြားထားသည်ကအမှန်ဖြစ်ပုံရသည်။

သူမှတ်မိတာမမှားလျှင် နောက်ဆုံးတစ်ကြိမ်တွေ့စဉ်က အနီရောင် မြေခွေးတစ်ကောင်ကို ပွေ့ထားခဲ့တာ ဒီဝတ်စုံနဲ့ပဲမလား?

ဒါပေမယ့် မင်းသမီးကြီးရဲ့အလှူပွဲကို တောဘုရင် ခေါ်လာတာက ပြဿနာ မတက်မှာသေချာရဲ့လား?

ပိုတွေးလေ ခေါင်းကိုက်လေမို့ ရှန်လျန် လက်နှင့်ဖိထားလိုက်ပြီး တရားခံကိုကြည့်လိုက်ရာ သူ့အားပြုံးပြီးကြည့်နေသည်ကိုတွေ့လိုက်ရသည်။

"အငယ်လေး ဘယ်တွေတွေးနေတာလဲ?"

မင်းပဲ ငယ်! အရင်ဘဝ အသက်ပါထည့်ပေါင်းရင် ငါက မင်းထက် အသက်ပိုကြီးတယ် ဟုတ်ပြီလား!

ရှန်လျန် စိတ်ထဲပဲ ပြောရဲပါသည်။ နားထင်အား အနည်းငယ် ဖိပွတ်လိုက်ပြီး ကျားဖြူဆီ အကြည့်လွှဲလိုက်၏။ သားရဲတွေကို ဘာကြောင့် မကြောက်မှန်း သူ့ကိုယ်သူမသိ။ ထိုအစား ကျားဖြူက အရမ်းချစ်ဖို့ကောင်းသည်ဟုမြင်မိသည်။

"ကျုပ်ရဲ့ အိမ်မွေးတိရစ္ဆာန် ကို ချစ်မိသွားတာလား?"

"..........."

စကားကို ကောင်းကောင်း မပြောနိုင်ဘူးလား?

ရှန်လျန် ဒေါသထွက်ကာ တစ်ဖက်လူကိုမောင်းထုတ်ချင်လာသည်။ ဖေးယွမ်ရွှင်း ဒီမှာ ရောက်နေတာ မရိုးရှင်းဘူးလို့ခံစားနေရပြီး သူတစ်ကယ် ဝင်မနှောင့်ယှက်ချင်ပေ။

"ဆိုတော့ ဒီတစ်ယောက်က ဗိုလ်ချုပ်ရှန်ရဲ့ညီငယ်လား"

"အား..... ကျင်းသခင်လေး!"

ရှင်းလင်းပြီးငြိမ့်ညောင်းတဲ့ အသံလေးထွက်ပေါ်လာရာ လိုက်ရှာတော့ အမျိုးသမီးတွေရဲ့ အသံက တစ်ဖန်ဆူညံလာပြန်တယ်။

ဖေးယွမ်ရွှင်းထက်စာရင်တော့ ကျင်းရှီယန်က ချဉ်းကပ်ရလွယ်သည်။ ရောက်ရောက်လာချင်း စိတ်အားထက်သန်တဲ့ တုံ့ပြန်သံတွေကိုကြားသော်လည်း ရှက်ရွံ့သွားခြင်းမဖြစ်ပဲ စွဲ မက်သွားစေမယ့်အပြုံးတစ်ခု ချက်ချင်းပြန်ပေးလိုက်သည်။

ကျင်းသခင်လေးရဲ့နူးညံ့သိမ်မွေ့သည့်အပြုအမူက လူကြိုက်များစေသည်။ မည်သို့ပင်ဆိုစေ ရှန်လျန့်အနေနှင့် ဤယောင်္ကျားသားက ပြဿနာ သယ်လာမည့်သူဖြစ်ရာ လူချင်းရင်းနှီးနေလျှင်တောင် အကွာအဝေးတစ်ခုတော့ ခြားထားသင့်သည်ဟုတွေးမိ၏။

ပုံမှန်လေသံနှင့် ရှန်လျန်ပြန်နှုတ်ဆက်လိုက် သော် လည်း တစ်ဖက်သူက သူ့နှုတ်ဆက်ပုံသည် ပြဿနာရှိနေမှန်း တွေးပင်မတွေးမိ။

အနည်းနှင့်အများ ရှန်လျန့်အကြောင်းနားလည်နေသော ဖေးယွမ်ရွှင်းကသာ ချက်ချင်းရိပ်မိလေသည်။

နှုတ်ခမ်းကအပြုံးမှာ ပိုပိုထင်ရှားးလာပြီး ဒီမတိုင်ခင်က စိတ်မကျေနပ်မှုတွေအကုန် ပျောက်ကုန်သည်။

"ရှန်ဗိုလ်ချုပ်မှာ ဒီလောက်လှတဲ့ ညီလေးရှိမယ်မှန်း မထင်ထားမိဘူး ဒီသခင်လေးကိုစိတ်လှုပ်ရှားလာစေတယ်"

ကျင်းရှီယန်ရဲ့အပြုံးကတောက်ပသည့်အပြင် ကြည့်ကောင်းသည့်ရုပ်ရည်ပါထပ်ပေါင်းပါက ဖေးယွမ်ရွှင်း၏ဘေးနားရပ်နေ လျှင်တောင် သူ့ခန့်ညားမှုက မှေးမှိန်မသွားရာ မြို့တော်တစ်ခွင် ရှိ မိန်းမပျိုများအကြား ရေပန်းစားသည်။

သူပြောလိုက်သည့်စကားကြောင့် အားလုံးက အရှင်လတ်လတ်လူသတ်ချင်သည့်အကြည့်တွေအဖြစ်ပြောင်းလဲသွားတယ်လို့ ရှန်လျန်ခံစားလိုက်ရသည်။

"ကျင်းသခင်လေး မြောက်ပြောနေပါပြီ"

ရှန်လျန် ဆုံးဖြတ်ချက်ချလိုက်၏။ ခုမှ စတွေ့တာတောင် ရန်သူအများကြီး ရှာပေးနေတာ.. ရေရှည် ဆက်ဆံရေးသာရှိလို့ကတော့ သူက တစ်ကမ္ဘာလုံးရဲ့ဘုံရန်သူများဖြစ်သွားမလားမသိသည်ကြောင့် သခင်လေးကျင်းဇီယန်နဲ့ အနာဂါတ်မှာဝေးဝေးနေရန် မသိစိတ်က သံဓိဌာန် ချလိုက်သည်။

"ချင်ဖင်းမြို့စား... ကျင်းသခင်လေး"

ရှန်‌ကျိုးသာ မကူညီခဲ့ရင် ရှန်လျန်က ကိုယ့်ကိုကိုယ် ရုန်းထွက်မှာပါပဲ ၊ ရှန်ကျိုးက သူ့ထက်ခြေတစ်လှမ်းဦးသွားတော့ ရှန်လျန်တိတ်တိတ်လေးနောက်ဆုတ်ပြီး လူရမ်းကားသုံးဦးနဲ့ ဝေးဝေးနေလိုက်တယ်။

ဖေးယွမ်ရွှင်းကလည်းသူ့ကိုပဲ တစိုက်မတ်မတ်ကြည့်နေပြီး ဘယ်သူမှရန်မပြုနိုင်အောင်ကာကွယ်ပေးနေသည့်အခါ ရှန်လျန်မှာ သူ့ဘက်က သုံးယောက်ကို ကြည့်လိုက် ၊ ရှန်ရှောင်တို့သုံးယောက်ကိုကြည့်လိုက်နှင့်နောက်ဆုံး ရွေးချယ်စရာမရှိ ပဲ တစ်ခြားသူတွေကိုပဲ မနာလိုဆက်ဖြစ်နေစေလိုက်တော့သည်။

"ရှန်လျန် မင်း ကျင်းသခင်လေးနဲ့ မြို့စားမင်းကို ရင်းနှီးတာလား"

ရှန်ချင် က ကျင်းရှီယန်ကိုနှုတ်ဆက်နေရာ ရှန်ကျိုးက တိတ်တဆိတ် ရှန်လျန်ဘေးသို့ တိုးကပ်သွားလိုက်သည်။

ရှန်လျန် သူ့အမေးစကားကြောင့် ကျင်းရှီယန်နဲ့ ဖေးယွမ်ရွှင်းကို ထူးမခြားနားစွာ လှမ်းကြည့်လိုက်ပြီး

"ချင်ဖင်းမြို့စားနဲ့ တိုက်တိုက်ဆိုင်ဆိုင် နှစ်ကြိမ်လောက်ဆုံဖူးရုံပါ၊ ကျင်းသခင်လေးကိုတော့ ခုမှ ပထမဆုံး တွေ့ဖူးတာ"

"အဲ့တာကောင်းတယ်..ကောင်းတယ်"

"အန်?"

ရှန်ကျိုး ခုမှ စိတ်သက်ရာရာရပြီး သက်ပြင်းချလိုက်သဖြင့် ရှန်လျန် ဇဝေဇဝါဖြစ်ကာ လှည့်ကြည့်သည်။

ဘာဆိုင်လို့ကောင်းတာလဲ!

သူ့အကြည့်ကိုသတိထားမိပြီး ရှန်ကျိုးရဲ့နားတွေနီရဲလာတော့တယ်။ ရှန်လျန့်အား တစ်စုံတစ်ခုပြောပြရန်တွန့်ဆုတ်နေပြီး ကျင်းရှီယန်ကိုလည်း မဝံ့မရဲခိုးကြည့်လိုက်သေးသည်။

ရှန်လျန် သူ့အကြည့်နောက် လိုက်ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

ငါထင်တာမျိုး ဖြစ်နေလား?ရှန်ကျိုးက ကျင်းရှီယန်ကိုသဘောကျနေတာလား? ပြုံးနေတဲ့ကျားကြီး မှာ ကြွေချင်စရာ ဘာရှိလို့လဲ?

ရှန်လျန် သူ့ကိုယ်သူတော့မေ့နေခဲ့သည်။ အရင်ဘဝက သူလည်း ဟန်ဆောင်အပြုံးချိတ်ဆွဲထားတဲ့ ယောင်္ကျားတစ်ယောက်အပေါ် ကျရှုံးမိခဲ့သေးသည်ပဲလေ။ အတုအယောင်မေတ္တာကနေ ရုန်းမထွက်နိုင်ဖြစ်ခဲ့သည်။ ကျင်းရှီယန်လို ခန့်ညားပြီး လူကြီးလူကောင်းဆန်ကာ ဂရုစိုက်တတ်သည့်သူမျိုးကို ဘယ် ဆယ်ကျော်သက်က မကြွေပဲနေနိုင်မှာတဲ့လဲ?

ရှန်ကျိုးရဲ့နောက်ကျောပြီး ပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။

"မင်းမှာ အချစ်ပြိုင်ဘက်တွေ အတော်များမှာပဲ ကျွတ်ကျွတ်ကျွတ်"

"......."

ဖော်ထုတ်ခံလိုက်ရပြီလား? သူအဲ့လောက်သိသာလား?

ရှန်ကျိုးရဲ့မျက်ဝန်းအိမ်က အံ့ဩမှုကြောင့်ပြူးကျယ်သွား၏။ ကျင်းရှီယန်အပေါ်ထားတဲ့ သူ့စိတ်ကို ရှန်လျန့်ဆီမှာ ဖော်ထုတ်ခံလိုက်ရလို့ သူမစိုးရိမ်‌ပေ။ ထိုအစား နှစ်ပေါင်းများစွာ ကြိတ်ကြိုက်ခဲ့ရသည့်အချစ်ကို မိနစ်ပိုင်းတွင်း တစ်ဖက်က သိသွားသည့်အတွက်သာ အောင့်သက်သက်ခံစားလိုက်ရသည်။ ရှန်ကျိုးခပ်တိုးတိုးပြောလိုက်၏။

"ကျင်းသခင်လေးက လူကောင်းပါ၊ ရှန်လျန် မင်းပြောကြည့်... သူနဲ့ လက်ထပ်ဖို့ ငါ့ဘက်က ဦးအောင် အဖေ့ကို ဟွိုင်ရန်အိမ်တော်ဆီ သွားပြောခိုင်းရင် ကျင်းသခင်လေး သဘောတူမယ်လို့ထင်လား"

"............"

ဒီတစ်ကြိမ် ဆွံ့အသွားရသူက ရှန်လျန်ပဲဖြစ်သည်။ ရုတ်တရက်ကြီး ဘာလို့လက်ထပ်မယ့်အကြောင်း ရောက်သွားရတာလဲ? လင်အန်းအိမ်တော်က သဘောတူမတူ မသေချာပေမယ့် သေချာတာတစ်ခုက ဒီလက်ထပ်ပွဲဖြစ်သွားရင်

ရှန်ကျိုးရဲ့ဘဝက မလွယ်ကူတော့ဘူး ။ ချင်တိုင်းပြည်က အတော်လေးသတင်းပျံ့လွယ်တာကြောင့် လက်ထပ်ဖို့ 'ကော'ဘက်က အရင်စတင်ရတယ်ဆိုရင် အားလုံးရဲ့မေးခွန်းထုတ်စရာဖြစ်လာလိမ့်မယ်။ ချမ်းသာတဲ့မျိုးရိုးကြီးအိမ်က 'ကော'ရဲ့ သိက္ခာ က အနည်းနဲ့အများ ထိခိုက်မိမယ်။

"ရှောင်ဝူက ချင်ဖင်းမြို့စားနဲ့ ရင်းနှီးတာလား"

ရှန်ယန် (၄ယောက်မြောက်)လည်း သူတို့နားချဉ်းကပ်လာတယ်။ ရှန်ရှောင်(၂ယောက်မြောက်)နဲ့ ရှန်ချန်(၇ယောက်မြောက်)လည်း နောက်က ကပ်ပါလာပြီး မယုံနိုင်သလိုထူးထူးဆန်းဆန်း အမူအရာ တွေနှင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ နားနေဆောင်ကို ရှန်ချောင်နဲ့ ရှန်ကျင်းလည်း ရောက်ချလာတယ် ၊အငယ်ဖြစ်တဲ့

ရှန်ဝမ်တော့ မလိုက်လာချေ။ ရှန်မိသားစုရဲ့လူငယ်မျိုးဆက်တစ်ဆက်လုံး တစ်စုတဝေးထဲရှိနေလေပြီ။

"နည်းနည်းပါးပါးပေါ့၊ ကျွန်တော့်ကို ဓားပြတွေလိုက်ဖမ်းတုန်းက တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားတဲ့ မြို့စားမင်းက ဝင်ကယ်ပေးခဲ့တော့ သိသွားကြတာပါ"

ရှန်ရှောင်ကို ပြန်ဖြေပေးလိုက်သည်ကို ကျန်မောင်နှမ နှစ်ဦးလည်းကြားပါသည်။

ရှန်လျန့်နှုတ်ခမ်းထောင့်က ခပ်ထေ့ထေ့အပြုံးရှိနေပြီး ဖေးယွမ်ရွှင်းဘက်က သူတို့ချင်းရင်းနှီးတာကို ဘာကြောင့်ဒီနေ့ဖော်ထုတ်လိုက်လဲဆိုတာ သေချာမသိပေမယ့် သူ့အကြောင်းနှင့်သူရှိမည်ဟု ယုံကြည်သည်။ဖြစ်စေချင်သလို ပူးပေါင်းပေးရန် သူစိတ်မရှိချေ။ သူ့နောက်ဘက်မှာ ချင်ဖင်းမင်းသားရှိနေသဖြင့် ခွေးနဲ့ကြောင်တွေ ကအနိုင်မကျင့်ခင် နှစ်ခါပြန်စဉ်းစားရတော့မည်ပင်။

"အဲ့လိုဖြစ်ခဲ့တာကိုး"

ရှန်ရှောင်တို့မောင်နှမဘက် ဖြတ်ကနဲ ကြည့်ရင်း ရှန်ယန် ခေါင်းငြိမ့်သည်။

ရှန်လျန်က လူသေအလောင်းတွေယူပြန်လာတော့

ရှန်တာ့လို ကိုယ်ခံပညာလဲ မတတ်ပဲ လူဘယ်လိုသတ်လိုက်လဲ ထူးဆန်းနေခဲ့တာ ၊ နယ်မှာ နေခဲ့တာလည်းငါးနှစ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာက အတော်အားနည်းနေတာကို ဓားပြတွေလက်က ကံကောင်းပြီး လွှတ်ခဲ့တယ်ဆိုရင်ပဲဟုတ်လှပြီ၊ အားလုံးကိုသတ်လိုက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ဒါပေမယ့် နောက်ကွယ်က ချင်ဖင်းမြို့စားရှိနေတယ်ဆိုရင်တော့ အားလုံးကိုရှင်းပြပြီးသားဖြစ်သွားပြီ!

ဒီ သောက် မြို့စား!!

ရှန်ယန်ရဲ့တုံ့ပြန်မှုကိုမြင်ပြီး ရှန်ရှောင်စိတ်ပျက်သွားသည်။ သူတို့အစီအစဉ် ပျက်သွားပြီ! ချင်

ဖင်းမြို့စား သာပေါ်မလာရင် ရှန်လျန်ရဲ့ နာမည်ပျက်တာ ကြာလှပြီ၊ အခုတော့ တုံးလင်အမတ်ကြီးနဲ့ သူတို့အမေနဲ့ နာမည်ပျက်ကို အဖတ်ဆယ်ဖို့ ဘယ်လိုလုပ်ရပါတော့မလဲ?

ရှန်ချန်လည်း စိတ်ညစ်နေတယ် ။

သူက မြို့တော်မှာ နံပါတ်တစ် အလှလေးလေ။ အားလုံးရဲ့အာရုံစိုက်မှုကိုအမြဲရနေခဲ့ပြီး ခုတော့ ဘယ်သူမှ သူမကို စိတ်မဝင်စားတော့ဘူး! ဦးနှောက်မရှိတဲ့ ကျန်းမိသားစုရဲ့သမီးကို အသုံးချပြီး ရှန်လျန်ကိုအရှက်ခွဲခိုင်းတာလည်း အဆုံးမှာ ဘာဖြစ်သွားလဲ? ရှန်ကျိုးကရှေ့နေလိုက်ရုံတင်မက ချင်ဖင်းမြို့စားပါ သူ့ဘက်က ပါလိုက်သေးတယ်၊ ဘာကြောင့်လဲ? သူကဘာမို့လို့လဲ? ဒီတိုင်း မွေးအဖေက သေပြီး ဖခင်က ဂရုမစိုက်ခံရတဲ့ မိမစစ် ဖမစစ်ကောင်ပဲလေ.. ဘာလို့အားလုံးက သူ့ကိုကာကွယ်ပေးနေကြတာလဲ?

ဖြစ်နိုင်ရင် ဒီနေရာမှာတင် ရှန်လျန့်အပေါ် ခုန်တက်ပြီး သေအောင်ကိုက်သတ်ပစ်လိုက်ချင်တယ်။

ရှန်ချန်ရဲ့ကောက်ကျစ်တဲ့စိတ်ကို မကျေနပ်စေရုံမက ရှန်ကျင်းလည်း မကျေနပ်ပါချေ။ သူတို့က ရှိသင့်သည့်သိမ်မွေ့မှုတို့နှင့် စာပေ၊လက်မှု၊ပန်းချီအတတ်ပညာအရည်အချင်းအားလုံးကျွမ်းကျင်စွာ တတ်မြောက်ထားပြီးဖြစ်သော်လည်း ဘာကြောင့်လဲ? ဘာကြောင့် သူတို့မှာ ပိုကောင်းသည့်လူတွေနဲ့ တွေ့ဆုံခွင့်၊ ရွေးချယ်ခွင့်နဲ့ သူတို့အနာဂါတ်အတွက် လမ်းခင်းခွင့် မရှိရတာလဲ? ချင်ဖင်းမြို့စားနဲ့ ကျင်းသခင်လေးတို့ဆိုတာ မြို့တော်တစ်ခုလုံးမှာ ချမ်းသာ ကြွယ်ဝပြီး အလားအလာကောင်းတဲ့ ယောင်္ကျားသားတွေဖြစ်တယ်။ ရှန်လျန်က ဒီအရာတွေကို လွယ်လင့်တကူရနေတယ်ဆိုတာ ဖြစ်သင့်ရဲ့ လား !!

"ရှန်လျန်"

မောင်နှမသုံးယောက်သား ဆိုးညစ်တဲ့အတွေးထဲမှရုန်းမထွက်နိုင်ဖြစ်နေကြစဉ် ...

ရှန်ချင်က ရှန်လျန်၏ရှေ့တည့်တည့်၌ရပ်ကာ ကြင်နာစွာပြော၏။

"အစ်ကိုနဲ့ ညီလေးရဲ့အစ်ကိုက သူငယ်ချင်းကောင်းတွေလေ၊ ရှန်ကျိုးလည်း ငါ့ညီကိုအတော် ခင်မင်ပုံပဲ ၊အချိန်ရရင် လင်အန်းအိမ်တော် ဆီလာလည်ပေါ့"

သူငယ်ချင်းရဲ့သွေးသားရင်းဆိုသည့်အချက်နှင့်ပင် ရင်းနှီးသွားပြီးဖြစ်သည်။ မဟုတ်လျှင်တောင် ရှန်ချင်၏ စိတ်နေစိတ်ထားသန့်မှုနှင့် ချစ်ခင်တတ်မှု တို့ကို ရှန်လျန် မြင်တွေ့နိုင်နေပြီးဖြစ်သည်။

"ဟုတ်ကဲ့ အမတ်ကြီးနဲ့ သခင်လေးတို့ ကိုသေချာလေး လာနှုတ်ဆက်ဖို့ အချိန်ပေးပြီးလာခဲ့ပါ့မယ်ဗျ"

"ဟဟဟ သခင်လေး သခင်လေး လို့ခေါ်မနေနဲ့တော့လေ၊ ငါ့ညီစိတ်မရှိရင် ချင်ကော လို့ပဲခေါ်ပေါ့"

ရှန်တာ့ရဲ့ ညီက ဒီလောက်ယဉ်ကျေးပျူငှာမယ်လို့ မထင်ထားမိဘူး၊အဲ့လိုဆိုတော့ ရှန်တာ့ ပါးစပ်က သူ့ညီအကြောင်းပဲချီးမွှမ်းနေတာ မဆန်းတော့ပါဘူးလေ...၊ ရှန်ချင်ဟာ သူ့ သူငယ်ချင်းရဲ့ညီလေးကို အကြောင်းအရင်းတစ်စုံတစ်ရာမရှိပဲ အမြင်ကောင်းရှိသွား‌တော့ သည်။

"ချင်ကော "

ရှန်လျန်က အလိုက်အထိုက်နေတတ်သူမို့ သူ့အစ်ကိုရဲ့သူငယ်ချင်းသာ ဆန္ဒရှိရင် ကောလို့ခေါ်နိုင်ပါသည်။

ရှန်ချင်အား ရှင်းရှင်းလင်းလင်း ပင် ချင်ကော လို့ခေါ်အပြီး တစ်စုံတစ်ယောက်ရဲ့ အပြုံးဟာ ချက်ချင်းတောင့်တင်းသွားသည်။ ပတ်ဝန်းကျင်ရှိလေထုမှာလည်း ရေခဲမှတ်သို့ ကျဆင်းသွားသည်။

ထိုအချင်းအရာကို သတိထားမိသည့်တစ်ယောက်တည်းသော သူမှာ ကျင်းရှီယန် ဖြစ်သည်။ ရယ်ချင်နေသည်ကို နှုတ်ခမ်းနှစ်လွှာစေ့စေ့ ပိတ်၍ အောင့်အီးထားသည်။

သူ့ သူငယ်ချင်းကို ဒီနေရာမှာ ချက်ချင်း မ,

စလိုက်နိုင်တာ ကို မုန်းလိုက်တာဆိုတာကွာ.....

"မြို့စားအရှင်ကိုဂါရဝ ပြုပါတယ်

ရှန်သခင်လေး... ကျင်းသခင်လေး ...

ကျန်းမင်းသားက ရှန်သခင်လေးကို ဖိတ်ခေါ်စေလိုက်ပါတယ်၊ ကျေးဇူးပြုပြီးလိုက်လာပေးနိုင်မလားဗျာ"

ကုန်းကုန်းက ဖေးယွမ်ရွှင်းနဲ့ သခင်လေး နှစ်ဦးကိုဂါရဝပြုရင်း ရှန်လျန့်အား အဓိပ္ပာယ်ပါပါကြည့်လေသည်။

နောက်ဆုံးတော့အချိန်ကျပြီလား?

ရှန်လျန့်မျက်ဝန်းတွေနက်မှောင်သွားသည်။ သူတစ်ကယ် လျိုရှုဟန်ကို ကောင်းကောင်းနားလည်တာပဲ၊ သူ့အရင်ဘဝ ရဲ့အတွေ့အကြုံသာ ရှိမနေရင် သူခုချိနိ ဘာလုပ်ရပါ့မလဲ? ဘယ်သူက လာရှင်းပေးနိုင်မှာလဲ?

Words 2896

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment