no

Font
Theme

' လျိုဖန်က ရှောင်မုချန်နဲ့ ချူးလီရဲ့

သံသယ'

ချင်အင်ပါယာက အင်မတန်ကျယ်ဝန်းကာ အဓိကမြို့တော်မှာ ဧရိယာ အတော်အတန်နေရာရထားပြီး နယ်မြေအား ရှေ့‌၊နောက် ၊တောင်၊မြောက် လေးပိုင်းခွဲခြားထားသည်။ တုံးလင်အိမ်တော်သည် တုံးချိုင်ခရိုင်တွင် တည်ရှိပြီး လူနေထူထပ်သည်။

လှည်းရထားသည် အဓိက လမ်းမကျယ်ပေါ်သို့ မောင်းနှင်လာသည်။ရှန်လျန်က ချီရွှမ်းအား ဖေးယွီအဆောက်အဦးသို့ တိုက်ရိုက်မောင်းသွားခိုင်းမည့်အစား လျိုဖန် အဆောက်အဦးသို့ ဦးတည်စေသည် ။ လျိုဖန် အဆောက်အဦးဟုဆိုသည်နှင့် လူနေအိမ်ဟု ထင်စေလိမ့်မည်။ အမှန်တစ်ကယ်က စီးပွားရေး ဆိုင် တစ်ဆိုင်သာ ဖြစ်သည်။

ထိုဆိုင်က အစုံရောင်းသည်။ ပစ္စည်းများပြုပြင်ပေးခြင်းတော့မရှိ။ အကယ်၍ သင်က သတင်း အချက်အလက် သို့မဟုတ် လူတစ်ယောက်ရဲ့ဘဝကို လိုချင်ပါသည် ဆိုလျှင်လည်း ထိုဆိုင်တွင်ဆွေးနွေးနိုင်သည်။ အိမ်ထောင်ဖက်လဲ ရှာပေးသလို အခြားအလုပ်လည်း လုပ်သေးသည်။ သင်က ဝယ်ရဲရင် ထိုဆိုင်က ရောင်းရဲသည်။ သေချာပေါက် ပစ္စည်းကောင်းတစ်ခုခုကိုရောင်းချင်ပါက တန်ဖိုးငွေလည်း များများရမည်ပင်။ ထိုဆိုင်က ဝယ်လျှင်ဝယ် မဟုတ်လျှင် အခြားဝယ်မယ့် သူကိုရှာပေးခြင်းဖြင့် အကျိုးဆောင်ခယူသည် ။

အရင်ဘဝက ဤသို့သောနေရာမျိုးရှိမည်ဟု ရှန်လျန်မသိခဲ့ပေ။ ချင်ယွင်ရှန်းမှ သူ့အား အရိပ်တပ်ဖွဲ့ ကို ရှာဖွေရန် လျိုဖန်အဆောက်အဦးသို့ ငွေပေးစုံစမ်း ခိုင်းသောကြောင့် သိခဲ့ရခြင်းဖြစ်သည်။

ကံမကောင်းစွာနှင့် ကိုယ်ရံတော်အဖွဲ့က သူတို့၏ သခင်ကို ရှာမတွေ့ခင် လျိုဖန်အဆောက်အဦးက ရုတ်ချည်းဆန်စွာ ပိတ်သွားပြီး ဘယ်တော့မှ ပြန်ဖွင့်မလာတော့ပေ။

"အစ်ကို ဗျ၊ မနက်စောစော ဘာများအလိုရှိလို့ ဒီကိုရောက်နေတာလဲဗျ?"

လျိုဖန်အဆောက်အဦး၏ တတိယမြောက်အထပ်တွင်ဖြစ်သည်။ပိန်ပိန်ပါးပါး လူတစ်ယောက်က အိပ်ချင်မူးတူး ဖြင့်သူတို့ဆီလျှောက်လာသည်။ ဧည့်ဝတ်ပြုနေစဉ်ပင် သန်းဝေနေသေးသည်။သူ့ပုံစံမှာ မနေ့ညက မအိပ်ရသေးသည့်ဟန်။

"ပဉ္စမ အစ်ကိုတော် အာရုံစိုက်သင့်နေပြီနော်၊ ခုချိန်မှ အချစ်မရှိသေးရင် အစ်ကိုသေတဲ့အခါ ဘယ်သူက ငိုပေးမှာလဲ?"

စားပွဲပေါ် ပျင်းတိပျင်းရွဲ ခြေချထိုင်နေသော လူက စနောက်လေသည်။

"မင်းသာ ကောင်မလေးတွေရဲ့ ကြင်နာမှု ရအောင် အရင်လုပ်ပါဦး၊ မင်းလို လူပျိုကြီး က နားလည်မှာလဲ မဟုတ်ပါဘူး၊ သွားစမ်းပါ ငါ စန်းကော(အစ်ကိုသုံး)နဲ့ စကားပြောမလို့"

ချူးလီ သူ့ဆီလျှောက်လာပြီး လှမ်းကန်သည်။ ထို့နောက် ဟော့ဟော့ ဒိုင်းဒိုင်း ဝင်ထိုင်ကာ လ္ဘက်ရည် တစ်ငုံယူသောက်ပြီး စိတ်ကိုလန်းဆန်းစေသည်။ကန်ခံလိုက်ရတဲ့ ရှောင်မှုချန်က ဒေါသမထွက်ပဲ တည်ငြိမ်စွာ ပြန်ပြောသည်။

"လူပျိုကြီး ဟုတ်လား!အဲ့လိုပြောတယ်ပေါ့?အိုး မေ့တော့မလို့! တာ့ကော(အကြီးဆုံးအစ်ကို) လဲ တူတူပဲနော် ၊ သူ့နောက်ကွယ်မှာ ချစ်ရတဲ့ ဝူကော(အစ်ကိုငါး) အတင်းပြောနေတာသိသွားရင် ဘာလာလုပ်မလဲ ကြည့်ရအောင်"

"ထွက်သွားစမ်း! "

ပခုံးပေါ် တွင်‌ သွေး နီရောင်မြေခွေးတစ်

‌ကောင် လဲလျောင်းနေပြီး ခရမ်းတောက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက်၏ အဓိပ္ပာယ်ရှိသည့်အကြည့် ကိုလက်ခံရလိုက်သဖြင့် ရှောင်မူချန် တုန်ရီ သွားသည်။ သူမသေခင်လေး တစ်စုံတစ်ယောက်ကို မေးသွားချင်သည်။ တတိယ အစ်ကိုက အမြဲ စိတ်မကြည်ဖြစ်နေတာလား?လို့ ....သူ့ပခုံးပေါ်က သားရဲလေးကတော့ သေချာပေါက် 'မဟုတ်ဘူး'လို့ ဖြေပေလိမ့်မည်။

"အဲ့‌‌ကော(အစ်ကိုနှစ်) ဆီက သတင်းဘာရသေးလဲ?"

အာရုံစိုက်ရမှာ အလွန်ပျင်းရိနေတဲ့ ဖေးယွမ်ရွှင်းက ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားလျက် ပြတင်းပေါက်နံဘေးတွင်ထိုင်ကာ ပျားပန်းခတ်မျှ ရှုပ်ယှက်နေသော လမ်းမကြီးကိုငေးကြည့်နေသည် ။

အဝေးတစ်နေရာမှ ရထားလုံးတစ်စီးကိုမြင်လိုက်ရချိန်တွင် သူ့နှုတ်ခမ်းတွေ ကော့တက်သွားသည် ။ သူမြင်တာ မမှားဘူးဆိုပါက မောင်းသူမှာ ရှန်လျန်ရဲ့ အစေခံပဲ ဖြစ်ရမည်။

"အနောက်မြောက် အရပ်က စစ်ပွဲ အရမ်းပြင်းထန်နေတယ်၊ ကံကောင်းလို့ပေါ့ကွာ

ရှန်တာ့ရှိနေတော့ ထိန်းချုပ်နိုင်တယ်၊ ဒုတိယ အစ်ကိုပြောတာ သူ ဒီကို လူတစ်ချို့ ပို့လိုက်မယ်တဲ့ ၊သူတို့ကိုနှစ်နည်းနည်းလောက် စောင့်ရှောက်ပေးထားပါတဲ့"

စကားပြောရင်း စီးပွားရေးဘက်ဦးတည်လာသောအခါ ချူးလီ၏ ပြောင်ချော်ချော်မျက်နှာပေးမှာ ပျောက်ကွယ် သွားပြီး ပို့လိုက်မယ့် လူတွေ အကြောင်း ကို လေးနက်စွာ ဆက်ဆွေးနွေးသည် ။သို့သော် သူ့မျက်နှာပေါ်ဝယ် သံသယအချို့ရှိနေကြောင်း ဖုံးကွယ်မထားနိုင်ပေ။သူ့ညီအစ်ကို၊မောင်နှမတွေ အကုန်လုံးက အရည်ချင်းသြဇာရှိတဲ့ နဂါးနဲ့ ထက်မြက်တောက်ပတဲ့ဖီးနစ်တွေလိုပဲ၊ ဒုတိယအစ်ကို ဟော်ရဲ့လင် ဆိုရင် စစ်သည်သန်းပေါင်းများစွာ ကိုအုပ်ချုပ်နေတဲ့ စစ်နတ်ဘုရားတစ်ပါးဖြစ်တယ်၊ သူသာထုတ်မပြောဘူးဆိုရင် ဘယ်သူကမှ စုံစမ်းလို့ရမှာ မဟုတ်။

"ဟုတ်ပြီ...."

ဖေးယွမ်ရွှင်း ပြန်ဖြေပြီး ထရပ်ကာ ပြတင်း

‌ေဘာင်ကို မှီလျက် အောက်ဘက်သို့ကြည့်လိုက်၏။တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်လျန်ကလည်း လှည်းပေါ်မှ ခုန်ဆင်းလာပြီး အပေါ်သို့မော့ကြည့်လာသည်။သို့သော် ဖေးယွမ်ရွှင်းရပ်နေတဲ့ နေရာက အကွယ်မှာမို့ ကပ်သီးလေး လွှဲချော်သွားသည် ။ ရှန်လျန် မည်သူ့ကိုမှ မမြင်လိုက်ပဲ သူ့လူတွေကို လျိုဖန်အဆောက်အဦးထဲ ဦးဆောင်ခေါ်သွားသည်။

"အဲ့တာ ရှန်တာ့ရဲ့ညီ မဟုတ်လား"

ရှောင်မူချန်သည် ရုတ်တရက် ဖေးယွမ်ရွှင်းအနားတိုးကပ်ကာ မှီလိုက်ပြီး မော့ကြည့်သည်။

ရှောင်မူချန်က ရှန်လျန်ကိုမမြင်ဖူးဘူး၊ ဒါပေမယ့် ရှန်တာ့နဲ့ ရှန်အိမ်သားတွေအကုန်လုံးကိုမြင်ဖူးတယ်၊ ဒီလူက ရှန်တာ့နဲ့ရုပ်ချင်းဆင်တာမို့ ရှန်

လျန်ဖြစ်လောက်မှန်းသတိထားမိခြင်းဖြစ်သည်။

"အင်း... ချူးလီ၊ သူလျိုဖန်ကို ဘာလာလုပ်လဲဆိုတာ လူလွှတ်ပြီး စောင့်ကြည့်ထားပေး"

ဖေးယွမ်ရွှင်း ခေါင်းတစ်ချက်ဆတ်ပြပြီးစားပွဲဆီ လျှောက်လာကာ ထိုင်လိုက်သည်။ နယ်မှာ နေတဲ့လူငယ်လေးကအိမ်ပြန်လာတာမှ ရက်အနည်းငယ်ပဲ ရှိသေးတယ် ၊ အပြင် စထွက်တာနဲ့ လျိုဖန်ကို တန်းလာတယ်ပေါ့?

ပတ်ဝန်းကျင်ကို စုံစမ်းထားတာလား?

လျိုဖန်ရဲ့ စီးပွားရေးနောက်ကွယ်ကအရာတွေကို သိထားတာလား?

ဒုတိယ အချက် ကပိုဖြစ်နိုင်တယ် ၊ဒါပေမယ့် သူဘယ်လိုလုပ်သိသွားတာလဲ? ဒီအသေးလေးမှာ လျို့ဝှက်ချက် တော်တော်များတာပဲ။

"ဟိုပစ္စည်းက သူ့ဆီမှာလို့ထင်လား?"

ရှောင်မူချန်ရဲ့အကြည့်တွေ လေးနက်သွားသည်။ချူးလီကတော့ သူ့သုံးသပ်ချက်ကိုကြားပြီးနောက်.. တုန်လှုပ်သွားသည်။

"တစ်ကယ်ကြီးလား"

"ငါ ရှာမတွေ့သေးမချင်း ဘာဖြစ်နိုင်ချေမှ ကောက်ချမချဘူး"

ဖေးယွမ်ရွှင်း ဖြေလိုက်ချိန် သူ့ပခုံးပေါ် လဲလျောင်းနေသော မြေခွေးလေးက မြေပြင်ပေါ် ခုန်ဆင်းသွားသည်။ထို့နောက် ထိုင်ချကာ သွေးနီရောင် အမွေးကို သန့်ရှင်းရေးလုပ်လေသည်။

ရှောင်မူချန်နှင့် ချူးလီမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်တဆိတ်ပင် ခေါင်းလှည့်လိုက်ကြသည်။ရှင်းလင်းစွာပင် သူတို့ ဖေးယွမ်ရွှင်းအမိန့်ကို ဆောင်ရွက်တော့မည်။

ဖေးယွမ်ရွှင်းက ရုတ်တရက်ထရပ်လိုက်သောကြောင့် ရှောင်မူချန်မှာ သံသယကိုမဖုံးကွယ်နိုင်ပဲ ထမေးသည်။

"စန်းကော ဘယ်သွားမလို့လဲ"

တံခါး‌နား ရောက်နေသော ချူးလီပင်ပြန်လှည့်ကြည့်လာသည်။

ဖေးယွမ်ရွှင်းက ခြေလှမ်းပင်မပျက် ပြုံးကာ ပြန်ဖြေသည်။

"တစ်ချက်လောက် သွားကြည့်ကြည့် ရအောင်"

"........."

စန်းကော ကို နတ်ဆိုးတစ်ကောင် ဝင်ပူးသွားတာ မဟုတ်ဘူးမို့လား?

ဒီလူနှစ်ဦးတွင် မေးစရာရှိသည်;

ဒီပစ္စည်းလေး အတွက် လူတစ်ယောက်လုံးကို ကိုယ်တိုင်သွား စောင့်ကြည့်စရာလိုလို့လား?

Words 1367

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment