'ကိုယ်ရံေတာ်နှစ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု'
ညက တဖြည်းဖြည်းနက်လာသည်။ ရှန်လျန်က စားဖ်ိုဆောင်မှ ညစာလာပို့တာနဲ့ တစ်ပြိုင်နက် ထျန်းရှုကိုအမိန့်ပေးလိုက်သည်။ ထျန်းရှုက ရှန်ဟွေးစားမယ့် ဟင်းခွက်တွေထဲ ဆေးခတ်လိုက်သည်။ ရှန်ဟွေးက ယနေ့ညမှာ ထူးထူးခြားခြား စားချိုနေပြီး ပုံမှန်မဟုတ်တာမျိုး သတိမထားမိခဲ့၊ စားသောက်ပြီးတာနဲ့ စိတ်အေးလက်အေးနားမနေရဲပဲ ရှန်လျန် အခန်းထဲမှာ ရှိနေတာသေချာစေဖို့ တစ်ခေါက် သွားစစ်ဆေးသည်။
အချိန်သုံးနာရီခန့်ကြာပြီးနောက် ရှန်ဟွေးက ဆေးအာနိသင်အစွမ်းပြနေပြီဟု တွက်ဆလျက် ထင်းသိုလှောင်ရုံမှာ ဖမ်းဆီးထားသော လူနှစ်ဦးကို သူကိုယ်တိုင် ရှန်လျန့်အခန်းဆီ ဆွဲခေါ်ခဲ့သည်။ အခန်းအပြင်ဘက်မှာ လေ့ကျန်းနဲ့ ယောင်းကွမ် မရှိတာသေချာ အောင် အကဲခတ်ပြီးတာနဲ့ ရှန်လျန့်အခန်းတံခါးကို ခပ်သွက်သွက် ဖွင့်၊ မုဒိမ်းကောင်နှစ်ယောက်ကိုကြိုးဖြည်ပြီး အထဲ တွန်းလွှတ်လိုက်သည်။
"တောင်းပန်ပါတယ် ဝူတိ၊ ငါ့အနာဂါတ်အတွက် မင်းအပေါ် အမှားလုပ်ရုံပဲ တတ်နိုင်တယ်"
ရှန်ဟွေးက အချိန်ဆွဲမနေတော့ပဲ အပြင်ဘက်ကနေ သော့ပိတ်လိုက်သည်။ လေ့ကျန်းနဲ့ ယောင်းကွမ်တို့ အိပ်တဲ့ ဘေးအခန်းကိုလည်း သော့ခတ်လိုက်သေးသည်။ အားလုံးလုပ်ပြီးသည်နှင့် စိတ်ချလက်ချ ထွက်ခွာသွားသည်။
မတတ်သာလို့လုပ်ရတာလား? မုန်းလို့လုပ်တာလား?
ထောင့်တစ်နေရာမှာ ပုန်းကွယ်နေတဲ့ ရှန်လျန်တို့လူစုက ရှန်ဟွေးထွက်သွားပြီး တစ်ခဏအကြာ၌ ထွက်ပေါ်လာသည်။ လေ့ကျန်း၊ထျန်းရှုနဲ့ ယောင်းကွမ်က ရှန်လျန် အမိန့်ပေးစရာမလိုအောင် အခန်းတံခါးသော့ ဖျက်လိုက်ကြသည်။ ထို့နောက် သံမဏိ တပ်သားတွေက နူနာဝဲစွဲနေတဲ့လူနှစ်ဦးကို ချုပ်နှောင်ပြီး ခေါ်ထုတ်သွားသည်။
"ရှန်ဟွေး အခန်းထဲ ပြန်ရောက်ရင် ဒီဆေး အငွေ့မှုတ်ထည့်ပေးလိုက် ထျန်းရှု၊ ပြီးတာနဲ့ ရှန်ချန်နဲ့ ရှန်ကျင်းကို သွားခေါ်ခဲ့၊ အမှားအယွင်းမရှိတာသေချာအောင် အခန်းရှေ့မှာ စောင့်ကြပ်နေဦး"
ရှန်လျန်က ဝတ်ရုံ အိတ်ကပ်ထဲကနေ ဝါးချောင်းငယ်လေးတစ်ခု ကမ်းပေး၏။
"ဒီထဲက ဆေးငွေ့ က သူထမင်းစားတုန်းက မိထားတဲ့ ရမ္မက်ကြီးဆေး အစွမ်းထက်လာအောင် နှိုးဆွပေးမှာ၊ ဒါကြောင့် အစထဲက ကြိုမပေးတာ"
"နားလည်ပါပြီ"
ဝါးချောင်းက်ိုယူပြီး ထျန်းရှု ပျောက်ကွယ်သွားသည်။ လေ့ကျန်းက မနေနိုင်တော့ ပဲ မေး၏။
"သခင်.. ကျန်းမင်းသားနဲ့ ရှန်ေချာင်ကို သွားခေါ်ရတော့ မလား?"
ယောင်းကွမ်လည်း သိချင်နေသည် ။ ရှန်လျန်က ခေါင်းငြိမ့်၏။
"အချိန်ကျပြီ လေ့ကျန်း သွားတော့"
"ဟုတ်"
"ကျွန်တော် ဘာလုပ်ပေး ရမလဲ"
လေ့ကျန်း အလုပ်စလုပ်တော့မှာ မြင်တော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ယောင်းကွမ်က ပိုပြီး အလျင်လိုလာသည်။ ရှန်လျန်က ရယ်မောလျက် ခေါင်းတယမ်းယမ်း။
"ငါစိတ်ပြောင်းသွားပြီ ၊ရှန်ချောင်ကို ခက်ခက်ခဲခဲသွားမဖမ်းတော့နဲ့၊ ပိုလွယ်တဲ့ နည်းလမ်းရှိတယ် ၊မင်းလုပ်မလား? အစေခံဟန်ဆောင်ပြီး ယွမ်ရွှင်းက ဒီညငါ့အခန်းမှာ ရှိမယ့်အကြောင်း သွားပြောလိုက်၊ သူ့ခြေနဲ့သူ လာပလေ့စေ၊ အစောင့်နှစ်ယောက် မြင်သွားလည်း မတားနဲ့၊ ကျောက်လန်ဆီ သတင်းသွားပို့ပါစေ၊ အများဆုံး အချိန် နာရီဝက်ပဲ ရမယ်နော် ဘယ်လိုလဲ သွားမလား?"
"........"
ယောင်းကွမ် စိတ်တွေ ရှုပ်ထွေးသွားသည်။ အစီအစဉ်က ဘာကိစ္စအရင်ထဲက မပြောင်းပဲ ခုမှ ထပြောင်းရတာလဲ? သူ့ကို အရှက်ရစေချင်လို့လား?
"မလုပ်နိုင်ဘူးလား"
ရှန်လျန် မျက်ခုံးပင့် ကာ ခပ်ထေ့ထေ့ကြည့်၏။
"လုပ်ရဲတယ်၊ ဒီလောက်လေးကို"
ယောင်းကွမ် ပြန်ဖြေပြီး ထွက်ခွာသွားသည်။ ရှန်လျန်က အရိပ်တပ်သားနှစ်ဦးနဲ့အတူ အခန်းထဲ ဝင်သွားလိုက်ပြီး စိတ်ကြွဆေးဖယောင်းတိုင်ထွန်းသည်။ ထို့နောက် ဘေးအခန်းထဲ ဝင်ကာ လက်ဖက်ရည်ငှဲ့လျက် ပွဲကြည့်ရန် စောင့်နေသည်။
"ငါဘာဖြစ်တာလဲ"
အခန်းထဲ ပြန်ရောက်ပြီး သိပ်မကြာ.. ရှန်ဟွေး နှုတ်ခမ်းခြောက်လာသည်။ ခန္ဓာကိုယ်က ပူသထက် ပူလာပြီး မရိုးမယွ ခံစားနေရ၏ ။ ခေါင်းက ရီဝေနေပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သည့်အချိန်၌ အနောက်ဘက်ဆီမှ တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ သံမဏိတပ်သားနှစ်ဦးက ရှန်ချန်နဲ့ ရှန်ကျင်းကို ချီခေါ်လာပြီး ကုတင်ပေါ် မြန်မြန်ပစ်တင်ကာ အဝတ်တွေပါ တစ်ခါတည်းဆွဲဖြဲသည်။ ငယ်ရွယ်ကာ လှပသည့် မိန်းမပျိုနှစ်ဦးကို လစ်လျူရှုကာ နှစ်ဦးလုံးက ဘာမှ မခံစားရသယောင်၊ တစ်ယောက်က ခပ်သွက်သွက် လုပ်ဆောင်ပြီး ၊ကျန်တစ်ယောက်က ရှန်ဟွေးကို စောင့်ကြည့်သည်။
"အင်း..ဟင်း..."
ညည်းသံကြားသဖြင့် ရှန်ဟွေး ခေါင်းကြည်ကြည်ထားပြီး လှည့်ကြည့်လိုက်ရာ ကိုယ်လုံးတီး အမျိုးသမီး နှစ်ဦး သူ့အိပ်ရာပေါ် ပက်လက်လှဲနေသည်အား မြင်လိုက်ရသည်။ရှန်ဟွေးသည် အပူကြွနေပြီးသား ခန္ဓာကိုယ် ရမ္မက်နောက်လိုက်ပြီး အသိစိတ်ပျောက်ကာ မျက်လုံးထဲ လိုချင်တပ်မက်စိတ်ဖြင့် ပြည့်နှက်သွားသည်။
"မလုပ်ပါနဲ့....."
ရှေ့ဆင့်နောက်ဆင့် သတိဝင်လာကြတဲ့ ရှန်ကျင်းနဲ့ ရှန်ချန်က ရုန်းချင်ပေမယ့် တစ်ကိုယ်လုံးအားမရှိသလို ပျော့ခွေနေရာ မျက်ရည်များဖြင့် ရှန်ဟွေးပြုသမျှ နုရတော့၏။
တစ်ချိန်တည်းမှာပဲ ယောင်းကွမ်၏စွမ်းဆောင်ရည်ကြောင့် ဖေးယွမ်ရွှင်းဟာ ရှန်လျန့်အခန်းမှာ တစ်ညတာကုန်ဆုံးမည့်အကြောင်းသတင်းရခဲ့သည်။ ကျောက်လန်တို့ ဖွားဖွားအခန်းထဲ စုဝေးနေသည်အား အခွင့်ကောင်းယူလျက် တစ်ယောက်ထဲ အမြန်ပြေးထွက်လာခဲ့သည်။
နေ့ခင်းက ရှန်လျန် အိပ်သည့် နားနေဆောင်က ဘယ်မှာမှန်း သိထားတာကြောင့် တဟုန်ထိုးပြေးသွားသည်။
"ရှန်လျန် အပျက်ကောင်!"
ဖယောင်းတိုင်မီးကြောင့် အခန်းတစ်ခုလုံးကို ရှင်းရှင်းထင်းထင်း မြင်ရသည်။ ဖောက်ပြန်သူကို စောင့်ဖမ်းသည့် တရားဝင်ဇနီးဟန်ဖြင့် တံခါးကို ဝုန်းဒိုင်းကြဲကန်ဖွင့်ကာ ပြေးဝင်ပြီးနောက် မည်သူ့ကိုမှ မတွေ့ရာ အခန်းမှားဝင်မိသလားဟု ထင်ယောင်ထင်မှား ဖြစ်သွားသည်။ ထို့ကြောင့် အပြင်ထွက်ပြီး ဆက်ရှာမည်အပြု ရုတ်ချည်း သူ့ခန္ဓာကိုယ်က အားနည်းသွားပြီး ရှိန်းတက်လာသည့် ခံစားချက်မျိုးရသည်။ တစ်ခဏအတွင်း ဝမ်းဗိုက်အောက်ဘက်ခြမ်းက မရိုးမယွဖြစ်လာသည်။
"အလှလေး... ကိုယ် ရောက်လာပြီလေ"
တိုက်ဆိုင်စွာပင် ကျန်းမင်းသား ရောက်ချလာကာ စိတ်လှုပ်ရှားဟန်ဖြင့် လက်ဖဝါးအချင်းချင်း ပွတ်သပ်လျက် အတူပါလာသော ကိုယ်ရံတော်နှစ်ဦးကို ထွက်သွားစေပြီး အခန်းထဲ ဝင်သည်။
"ဟင့်အင်း... ကယ်ကြပါ... မလုပ်..."
ထိတ်လန့်စိုးရွံ့သည့် အော်ဟစ်သံထွက်ပေါ်လာပြီးနောက် များမကြာမီ ရက်ရက်စက်စက် ရိုက်နှက်သံပါ တစ်ပါတည်း ပါ၏။ တစ်ဖက်ခန်းမှာ ထိုင်ကာ ရေနွေးကြမ်းသောက်နေသည့် ရှန်လျန်ကတော့ မတုန်မလှုပ်၊ တာဝန်ပြီး၍ ပြန်ရောက်လာသည့် လေ့ကျန်းက သူ့နောက်မှာ တိတ်တဆိတ် ရပ်နေသည်။ နားနေဆောင်က ပျဉ်ထောင်အိမ်များဖြစ်ရာ အသံမလုံပေ။ ထို့အပြင် ကိုယ်ခံပညာထက်မြက်သူများအဖို့ နားစွမ်းရည်ကောင်းမွန်ရာ တစ်ဖက်ခန်းက လှုပ်ရှားမှုအကုန် အတိုင်းသားကြားနေရ၏။
လေ့ကျန်း၏ နားဖျားက တဖြည်းဖြည်း နီရဲလာကာ ညအမှောင်ထဲမှာတောင် ဖုံးကွယ်လို့ မရနိုင်ခဲ့၊ ယောင်းကွမ်သည်လည်း နေရခက်ပြီး မျက်နှာ တစ်ပြင်လုံးရဲတွတ်ကာ မျောက်ဖင်နီလို ဖြစ်နေသည်။
တစ်ကယ်တမ်း ယောင်းကွမ်က တော်ရုံ မျက်နှာပြောင်သည့် လူစားမျိုးဖြစ်သော်လည်း ယခုလို တိုက်ရိုက်ပြကွက်တွင် ဘေး၌ လေ့ကျန်းလည်း ရှိနေသေး၏။ ထို့အပြင် မင်းသားစုတ်၏ ပါးစပ်မှ ထွက်သာ ညစ်ညစ်ညမ်ညမ်း စကားများကြောင့် ဖြူစင်သည့် သူ့ကို အရှက်ရစေသည်။
ကျေနပ်သည့် ငြီးတွားသံနှင့် မြင်းရိုင်းလို လှုပ်ခါသံက ဆက်လက်ထွက်ပေါ်နေသည်။ ထိုတင်မက တဖြန်းဖြန်း နှင့် ကြာပွတ် ရိုက်သံက ရှန်လျန့်လို သာမာန်လူပင် ကြားနိုင်သည်။ တစ်ဖက်ခန်းက ဘီလူးသရဲစီးသလို ပြည့်ပြည့်ဝဝကြမ်းတမ်းနေမှန်း ပြေးမကြည့်ပဲ သိနိုင်သည်။
အစမှ အဆုံး ရှန်လျန်က အလွန်အမင်း တည်ငြိမ်နေပြီး လိပ်ပြာမလုံ မဖြစ်ပေ။ လူတိုင်းကောင်းကောင်း အနိုင်ကျင့်ခံရသင့်၏။ သူမနေရာမှာ သူဖြစ်ခဲ့ရင် နူနာရောဂါနဲ့ လူနှစ်ယောက်ရဲ့ ရက်ရက်စက်စက် ဖျက်ဆီးခြင်း ခံရမှာ၊ တစ်ကယ်ဆို အရင်ဘဝကတည်းက သူ့ဘက်က စပြီး အနိုင်ကျင့်ခဲ့တာမျိုးမရှိပဲ သခင်မကြီး၊ ဒုတိယနဲ့ တတိယမိသားစုတို့ ပူးပေါင်းကြံစည်ပြီး သူ့ကိုဝိုင်းအနိုင်ကျင့်တာ၊ ဒါကို သူ့ဘက်က လက်စားပြန်မချေသင့်ဘူးလား ။
တစ်ဖက်ခြံဝန်းကျယ်၌....
"အမေ... ခုချိန်ဆို လုပ်ငန်းစနေပြီ ထင်တယ်"
ရှန်လျန်က ပြည်တည်နာ အပြည့်နဲ့ နူနာရောဂါသည်နှစ်ယောက် ရဲ့စော်ကားခြင်းခံနေရပြီဟု အထင်ရောက်လျက် အမျိုးသမီးတစ်သိုက်မှာ သွေးနထင်ရောက်နေတော့၏။ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်ကြ။ အထူးသဖြင့် အလှမှာ ပြိုင်စံရှားကျော်ကြားတဲ့ ရှန်လျန့်အား မနာလို ဖြစ်နေတဲ့ လုယန်ပင်။ ရှန်လျန် ဘဝပျက်လေ သူမ ပိုပျော်လေ ဖြစ်သည်။ အမျိုးသမီးများ၏ မနာလို မိစ္ဆရိယ စိတ်က လွန်စွာ ကြောက်မက်ဖွယ်ကောင်း၏။
"အင်း ရှန်ဟွေး ဘာသတင်းမှ မပို့ဘူးဆိုတော့ အေးအေးဆေးဆေး ပြီးသွားတယ်ထင်တယ်"
သခင်မကြီးက အိပ်ရာပေါ် ကိုယ်တစ်ဝက်ဖြင့် နောက်ကျောမှီထိုင်ထားသည်။ လုယန်ကဲ့သို့ အပျော်တွေ တရားလွန်ထုတ်ဖော်မပြပဲ ထိုအစားလက်ထဲက ပုတီးတစ်ပတ်ပြည့်အောင် စိပ်နေသည်။
"ဒီညကျော်သွားရင် ချင်ဖင်းကတော်ဆိုတဲ့ သူ့အဆင့်က ဘယ်လောက်ထိကျသွားမလဲ အရမ်း သိချင်နေပြီ"
ကျောက်လန်က စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ ဝင်းပနေသည်။ ဒီညက အစပဲရှိသေး၏။ နောက်တစ်ရက်ရောက်တာနဲ့ အရင်ဆုံး ဖောက်ပြန်လို့ နာမည်ပျက်မည်။ ပြီးပါက ကိုယ်ဝန်မဆောင်နိုင်တော့တဲ့ သတင်း ပျံ့မည်၊ ပြီးရင် ချင်ဖင်းမြို့စားဘက်က စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်းမည်၊ထိုအခါ ရှန်လျန်ရဲ့ ကံကြမ္မာက အလုံးစုံ ပျက်စီးသွားလိမ့်မည်ဖြစ်၏။
"သတင်းပျံ့သွားရင် ဂယက်အကြီးကြီး ထမှာပဲ"
တိရစ္ဆာန်လေး လမ်းပေါ် ထွက်လိုက်တာနဲ့ လူတိုင်းရဲ့ ရိုက်နှက် တံတွေးထွေးခံရမှာကို အရမ်းမြင်ချင်နေပြီ။
"ရင်ဖုန်းတံတားကျိုးသွားပြီဆိုတော့ မြို့တော် ပြန်ရောက်ဖို့က စောင့်ရဦးမယ်"
"တုံးလိုက်တာ!"
ကျောက်လန်ပြော၍ မပြီးသေးခင် သခင်မကြီး၏ ဟန့်ခြင်းခံလိုက်ရ၏။သူမအား စူးစူးရဲရဲ စိုက်ကြည့်ပြီး...
"သတင်းပျံ့သွားတာနဲ့ ငါတို့လုပ်မှန်း လူတိုင်းသိသွားမှာပါ့၊ နောက်တစ်ရက် မနက်ကို ကောင်စုတ်လေးက တစ်ပြိုက်နက်တည်း လူနှစ်ယောက်ခေါ်ပြီး ဘုရားကျောင်းမှာ ပျော်ပါးနေတယ်လို့သတင်းလွှင့်လိုက်၊ ငွေကုန်မှာ မကြောက်နဲ့၊ ငါတို့မြို့တော်ပြန်မရောက်ခင် သတင်းပျံ့နေတာအကောင်းဆုံးပဲ၊ ဆေးစွဲနေတာလည်း ကြာပြီဖြစ်ပြီး စေ့စပ်ထားသူရှိရက်နဲ့ တစ်ခြားလူတွေခေါ်ပြီး ပျော်ပါးတဲ့အပြင် သန္ဓေ မဆောင်နိုင်တဲ့အကြောင်း လူတိုင်း သိပါစေ၊ အဲ့တာမှ သူ့ရဲ့တဏှာကြီးတဲ့စရိုက်က ပေါ်လွင်ပြီး လူတိုင်း ယုံသွားကြမှာ၊ ငါတို့ကိုလည်း သံသယမဝင်တော့ဘူးပေါ့"
အစီအစဉ်ချထားတဲ့ အတိုင်း အလိုက်သင့်လိုက်ပါစီးမျောသွားရုံသာရှိ၏။ ခက်ခက်ခဲခဲ လမ်းဖောက်နေရန် မလိုအပ်တော့ပြီ။ ချင်ဖင်းမြို့စားက ပိုပြီး ကာကွယ်ပေးလေ ရှန်လျန့်ကို မြန်မြန်သေဖို့ တွန်းအားပေးလေပင်။ အနာဂါတ်မှာ ရှန်လျန် အိမ်ပြင်ထွက်ပြီး လူတောမတိုးဝံ့အောင် လုပ်မည်။ တုံးလင်အိမ်တော်မှာ တိတ်တိတ်ဆိတ်ဆိတ်နေဖို့ရွေးချယ်မလား၊ ဒီတိုင်းသေလိုက်မလား? အဲ့ဒီအချိန်ရောက်မှ ကောင်းကောင်း အနိုင်ကျင့်ပေးမယ်ကြည့်ထား!
"ကျွန်မ သဘောပေါက်ပါပြီ၊ အမေပြောသလို လုပ်လိုက်ပါ့မယ်"
ကျောက်လန်က ကိုယ့်ကိုကိုယ် ပေါ့ပေါ့တန်တန် တွေးမိသွားသည်ဟုခံစားလိုက်ရ၏။ နောက်တစ်ရက်အတွက် မှာကြားရန် ထွက်သွားလိုက်သည်။ လုယန်က အပြုံးချိုချိုလေးဖြင့် ယောက္ခမ၏ကုတင်စွန်းထိတိုးကပ်ကာ လက်မောင်းကိုအသာအယာနှိပ်နယ်ပေးလိုက်သည်။
"အမေ... ရှောင်ကျင်းရဲ့ အခြွေရံပြောပြတာ ကြားတာလေ... နေ့လည်က စတုတ္ထမင်းသားနဲ့ ရှောင်ကျင်းတို့ ချိန်းတွေ့ကြတယ်တဲ့၊ ဟိုကောင်စုတ်လေး က်စ္စပြီးရင် ရှောင်ကျင်းရဲ့ လက်ထပ်ပွဲကိုစီစဉ်ပေးကြမလား အမေ"
သမီးအတွက် သူမ အလွန်ဂုဏ်ယူမိသည်။ ရှန်လျန့်ကိုဖယ်ထုတ်ပြီးတာနဲ့ သူမသမီးက စတုတ္ထမင်းသား၏ကြင်ယာတော်နေရာ တက်နိုင်တော့မည်၊ ရှန်မျိုးနွယ်၏ တတိယမိသားစုက အနာဂါတ်မှာ မော်ကြွားနိုင်တော့မည်။
"ဒါပေမယ့် ရှန်ချန် အဲ့ဒီကောင်မလေး လည်း စတုတ္ထမင်းသားနဲ့ တွေ့ဆုံစကားပြောဖြစ်တယ်တဲ့ "
အဖွားအိုက စိတ်ညစ်ညစ်နဲ့ နဖူးပေါ်လက်တင် စဉ်းစားသည်။ ပြီးနောက် လေးလေးနက်နက်ပြော၏။
"စတုတ္ထမင်းသားက ရှန်ချန်ကို ပိုပြီး သဘောကျပုံပဲ၊ ဒါပေမယ့် မင်းသားက နှစ်ယောက်လုံးကို တော်ကောက်ချင်ရင် ရှန်ချန်က ဝါကြီးသွားမှာ၊ ဒါဆို ငါတို့ ရှောင်ကျင်းက ကိုယ်လုပ်တော်ဖြစ်သွားမှာပဲ"
" ရှန်ချန်က ရှန်ကျင်းထက် ဝါကြီးပြီး အရည်အချင်းလည်း ပြည့်စုံတယ်၊ ကြင်ယာတော်အဖြစ်တော်ကောက်ခံရမှာ သိသာတယ်၊ ဒါပေမယ့်အမေ... ရှန်ကျင်းက မင်းသားကို ဘယ်လောက်ထိ ကြိုက်လဲ အမေသိတာပဲ.. သူကိုယ်လုပ်တော် ဖြစ်ချင်မှာ မဟုတ်ဘူး"
"ငတုံးမလေး... လျိုရှုဟန် တရားဝင်ဇနီးဖြစ်အောင် ဘယ်သူလုပ်ပေးထားတာမို့လဲ? ဒီအမေသာ မကူညီပေးခဲ့ရင် ရှန်ရွေ့ထင်ရဲ့ ဇနီး ဖြစ်လာမယ်တဲ့လား"
လုယန် စိတ်ထဲ အလွန် မနာလိုဖြစ်ရင်း ယောက္ခမလက်ကို ကိုင်ကာ ချွဲလိုက်သည်။
"အမေ ကူတွေးပေးပါဦး၊ ရှောင်ကျင်းက အဲ့အပျက်မ ဖိနှိပ်တာ ခံရတော့မယ်"
"မပူနဲ့ ၊ အရင်ကတည်းက ငါစဉ်းစားထားပြီးသား"
သခင်မကြီးက ချွေးမငယ်လက်ကို အသာအယာပုတ်ပေးကာ အဓိပ္ပာယ်ရှိရှိပြုံး၏။ လျိုရှုဟန်က တောင်ပံပေါက်ပြီး သူ့လက်ထဲက ပျံထွက်သွားချင်နေတယ်... အဲ့လောက်မလွယ်ဘူး ၊ သူက အမြင့်ကိုတင်ပေးနိုင်သလို ဘာမှ မကျန်တော့တဲ့အထိလည်း ရိုက်ချပစ်နိုင်တယ်။
2424words
Grape 🍇