no

Font
Theme

1.အဆိပ်ထုတ်ခြင်း 2. မြို့စား စိတ်ညစ်ပြီ

မုရုန်မိသားစု၏ စိတ်လှုပ်ရှားမှုများက တည်ငြိမ်သွားရန် ခက်ခဲနေပြီး တစ်နာရီ လောက်ကြာသွားမှ ခံစားချက်တွေ အနည်ထိုင်သွားသည်။

"ရှန်သခင်လေး.. သောချင်အဆိပ်ကို ဘယ်လို ကုသမှာလဲ"

စိတ်ငြိမ်သွားခါမှ အဓိကမေးသင့်သည့်မေးခွန်းကိုမုရုန်ဟိုင် သတိရသွားသည်။

"သခင်လေးက ကျုပ်ဇနီးရဲ့ အဆိပ်က်ုသိနေမှတော့ အဆိပ်ရဲ့သဘောသဘဝကိုလည်း သိပြီးဖြစ်မယ်ထင်ပါတယ်

ကျုပ်မလိမ်ပါဘူး.. ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး မြို့တော်မှာ ကျော်ကြားတဲ့သမားတော် အကုန်ပင့်ခဲ့ပြီးပေမယ့် ဘယ်သူမှ မကုသပေးနိုင်ဘူး ..ရှန်သခင်လေး ဘက်က သေချာ ကုသနိုင်မယ်မလား...နှောင့်နှေးတာမျိုးထပ် မဖြစ်ချင်လို့ပါ"

"သောချင် အဆိပ်ကို သူတို့မကုသနိုင်တဲ့ အချက်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ကျန်နေလို့ပဲ"

မုရုန်ဟိုင်အတွက် ဆုံးဖြတ်ရခက်ခဲမှာ သိနေသည်ကြောင့် စိတ်ထဲ ဘယ်လိုမှ သဘောမထား။

"သောချင်အဆိပ်က ချစ်မိလေ အဆိပ်တက်လေပဲ.. တစ်ခြားတစ်ယောက်ကို မချစ်မိသရွေ့ အဆိပ်က တစ်သက်လုံးကိုယ်ထဲက ရုန်းထလာမှာ မဟုတ်ဘူး...လူအတော်များများက ‌ဆေးစ

ရင် ခန္ဓာကိုယ်က အဆိပ်ပဲကုကြတယ်... မှားတော့ မမှားပေမယ့် တစ်ကယ်တမ်း အချစ်ဆိပ် တက်တာကို ကုသဖို့ သူတို့မေ့နေကြတာ

အဆိပ်က ချစ်တဲ့သူနှစ်ဦးလုံးနဲ့သက်ဆိုင်တယ်.. နှစ်ယောက်လုံးက တစ်ခြားသူတွေ ထပ်ချစ်မိလို့မရဘူး.. အဆိပ်ဖြေဆေးမှာ အရေးကြီးဆုံးပါဝင်ပစ္စည်းက ချစ်ခံရသူရဲ့ သန့်ရှင်းတဲ့သွေးပဲ.."

ဆေးပညာဘက်မှာ တော့ ရှန်လျန်က သူ့ကိုယ်သူ ဆရာကြီးလို့ ခေါင်းစဉ်မတပ်ရဲပေမယ့် အဆိပ်ပညာမှာတော့ ဘယ်သူမှ သူ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူးလို့ပြောရဲသည်။ အတိတ်ဘဝမှာ အဆိပ်ပညာကို ထုတ်သုံးခဲပေမယ့် အစဉ်အမြဲ လေ့လာမပြတ်ခဲ့ပဲ ရှေ့ရက်တွေတုန်းကလည်း သောချင်အဆိပ်ရဲ့သဘာဝက်ုလေ့လာပြီး ဖြေဆေးပေါင်းစုံ ‌စမ်းသပ်‌ဖော်ထုတ်ခဲ့ကြည့်သည်။ တခြားဘာပြဿနာမှ မရှိသရွေ့ မုရုန်ဇနီး၏ အဆိပ်ကို အောင်အောင် မြင်မြင် ကုသပေးနိုင်လိမ့်မည်။

"ဒါဆို ဆေးစာက..."

ရှန်လျန့်စကားက အကျိုးအကြောင်းသင့်၍ မုရုန်တစ်မိသားစုလုံး အပြည့်အဝ ယုံကြည် အားကိုးကြတော့သည်။ သောချင်ကို ကုပေးနိုင်တယ်လို့ ပြောတာ ရှန်လျန် တစ်ဦးတည်းသာ ရှိ၏။ အလုပ်ဖြစ်မဖြစ်က စမ်းကြည့်မှပဲသိလိမ့်မည်။ မုရုန်ယွင်ကို မကယ်နိုင်ခဲ့ရင်တောင် အနည်းဆုံး ကြိုးစားခဲ့ကြသည်မို့ ဖြေသာနိုင်လိမ့်မည်။

"ဒီစာရင်းအတိုင်းလုပ်ပေးပါ နည်းနည်းလေးမှ မမှားစေနဲ့နော်..မီးပေါ်တင်စရာ မလိုဘူး.. ပျားရည်နဲ့ ရောမွှေပြီး ဆေးလုံးလုပ်ရုံပဲ..ဒါဆိုလုံလောက်ပြီ"

ဆေးစာကိုကြိုပြင်ဆင်ထားတဲ့ ရှန်လျန်က မုရုန်ဟိုင်ကိုကမ်းပေးလိုက်သည်။

"ကောင်းပါပြီ"

မုရုန်ယွီက လက်ခံယူလိုက်ပြီး အချိန်မဆွဲပဲ ချက်ချင်းလုပ်ရန် အခန်းထဲကထွက်ခွာသွားသည်။

ရှန်လျန်က လိုအပ်တာ ဆက်ညွှန်ကြားသည်။

"အိမ်တော်မှာ စိတ်ချယုံကြည်ရတဲ့ သမားတော်ရှိလား.. အဆိပ်ကုသရာမှာ ပူးပေါင်းကူညီပေးဖို့လိုပါတယ်.. လဝက်လောက် နေ့တိုင်း အဆိပ်‌ထုတ်ပေးရမှာမလို့ ရှိရင် တစ်ယောက်လောက် ပင့်ဖိတ်ပေးပါဦး.. ကျွန်တော် သူ့ကို နည်းလမ်းပြပေးခဲ့ပြီး နောက်ကျရင် သူ့ကိုလွှဲပေးခဲ့လို့ရတာပေါ့"

မုရုန်ယွင်ရဲ့အဆိပ်က သုံးနှစ်ထိ ပျံ့နှံ့နေခဲ့ပြီးဖြစ်၏။ ဒီသုံးနှစ်မှာလည်း မုရုန်ဟိုင်နဲ့ အတူနေခဲ့ရာ.. သွေးကြောထဲထိ အဆိပ်ကို ဖြန့်ထားခဲ့ပြီးလေပြီ.. တစ်ကြိမ်တည်းနှင့် အဆိပ်ကုန်အောင် ထုတ်ဖို့က ရိုးရိုးရှင်းရှင်းလွယ်ကူသည်မဟုတ်။

"ဟုတ်ကဲ့ပါ.. အန်းအာ သမားတော်ရန်ကို သွားပင့်ခဲ့လိုက်"

"ဟုတ်ကဲ့အဖေ"

ရှန်လျန်မှာကြားသည်နှင့် မုရုန်ဟိုင် ချက်ချင်း မိသားစုသမားတော်အား ခေါ်လာရန် သားငယ်ကို စေခိုင်းလိုက်သည်။ မုရုန်အန်း လည်းတုံ့ဆိုင်းမနေပဲ ထွက်ခွာသွားသည်။ မုရုန်ယွင် ၏ကျန်းမာရေးပြန်ကောင်းလာဖို့ တစ်မိသားစုလုံး အားအင်အပြည့်ဖြင့်တက်ကြွနေကြသည်။

"အဆိပ်လုံးဝထုတ်ပြီးတဲ့ထိ စောင့်ပြီးရင် ဆေးညွှန်းထဲက ဆေးကို လိုအပ်တဲ့ပမာဏအတိုင်း တိုက်ပါ"

"ရှန်သခင်လေးကို အရင်ဆုံး ကျေးဇူးတင်စကားပြောချင်ပါတယ်... အနာဂါတ်မှာ ဘာပဲ စေခိုင်းပါစေ.. မီးပင်လယ်ကို ဖြတ်ရလည်း မုရုန်မိသားစုက ငြင်းပယ်မှာ မဟုတ်ပါဘူး"

မုရုန်ဟိုင်က လေးလေးနက်နက် ကတိသစ္စာစကား ဆိုလေသည်။

ရှန်လျန်လက်ဝေ့ယမ်းလိုက်ကာ ပြုံး၏။

"မုရုန်သခင်မ ပြန်ကောင်းလာမှ ပြောကြတာပေါ့... သခင်ကြီး စိုးရိမ်နေဖို့မလိုပါဘူး ..စည်းစိမ်ချမ်းသာတွေ ကျွန်တော် မမက်မောသလို သခင်ကြီးတို့ရဲ့ဘဝ လည်း ပေးစရာမလိုပါဘူး.. ဆေးကုပေးတဲ့ကိစ္စနဲ့ ခြိမ်းခြောက်တာမျိုး ကျွန်တော်လုပ်မှာ မဟုတ်ဘူး"

"ချီယွဲ့ ! မုရုန်မဒမ် ရဲ့ သွေးခုန်နှုန်းကိုလာစမ်းကြည့်လှည့်"

အထိတ်တလန့်အကြည့်တွေကို လစ်လျူရှုပြီး

ရှန်လျန် က ချီယွဲ့ကို လှမ်းခေါ်လိုက်သည်။ ခုချိန်မှာ ဆေးပင်၊ ဆေးပညာနဲ့ အနီးစပ်ဆုံးသူက ချီယွဲ့ပဲ ဖြစ်သည်။

ဖုရင်ရဲ့ နှလုံးခုန်နှုန်းကိုနေ့တိုင်းစစ်ဆေးဖို့ ကူညီပေးခဲ့သဖြင့် ယခု မတူညီသည့်လူ..မတူညီသည့် သွေးခုန်နှုန်းကိုစမ်းခိုင်းကြည့်အားဖြင့် တန်ဖိုးရှိသော အတွေ့အကြုံများတိုးတက်ရရှိနိုင်ပေမည်။

"ဟုတ်ကဲ့"

ချီယွဲ့ ရှေ့တိုးကာ သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။ တစ်ဖက်သူ၏နှလုံးခုန်နှုန်းက မတည်ငြိမ်ပဲ ရံဖန်ရံခါ ရှင်းလင်း၏။ ရံခါရံခါ မသဲမကွဲလှုပ်ခုန်နေသည်။ ရှန်လျန်၏ ထင်မြင်တွက်ချက်ချိန်နှင့်စာရင် ချီယွဲ့က အချိန်ပိုကြာကြာ စမ်းသပ်ရ၏။ အချိန် အချို့ ကြာပြီးနောက်

ရှန်လျန်နှင့်ထပ် တူညီသည့် အဖြေရသွားသည်။

"သွေးခုန်နှုန်းကို အခြေခံအားဖြင့် ပေါ့ပေါ့လေးခုန်တယ်.. ခပ်ပြင်းပြင်း ခုန်တယ်.. မြန်မြန်ခုန်တယ် စသဖြင့်အမျိုးအစားအများကြီးရှိတယ်။ အသက်ရှူသွင်း၊ ရှုထုတ် တဲ့ လုပ်ငန်းစဉ် နှစ်ရပ်ရှိပြီး အဲ့ဒီ နှစ်ခု ကြားထဲမှာ သွေးက လေးကြိမ်ကနေ ငါးကြိမ်ထိ ခုန်တယ်

ပုံမှန် ပမာဏထက် နည်းသွားသည် ဖြစ်စေ ၊ပိုများသည်ဖြစ်စေ ခန္ဓာကိုယ်မှာ ပြဿနာ ပေါ်နေပြီပဲ.. ပြီးတော့ နှလုံးခုန်နှုန်းကို သေချာ အာရုံစိုက်ထားရမယ်.. လူတစ်ယောက်က အသက်ရှုသွင်း ရှုထုတ် တဲ့ ကြားမှာ သုံးကြိမ် နှလုံးခုန်တယ် ပြီးတော့ ခပ်မြန်မြန် ထပ်ခုန်သွားတယ် ဆိုရင် ခန္ဓာကိုယ်က အပူရှိန်များနေတာ... ဖျား‌နာတဲ့ လက္ခဏာပဲ..ဒါမှမဟုတ် စုစုပေါင်းမှ သုံးကြိမ်ပဲ ခုန်ရင် ယန်ဓာတ်ချို့ယွင်းနေတာ..

မုရုန် မဒမ်ရဲ့ ပြဿနာ ကျတော့ ရှစ်ကြိမ်ခုန်တယ် မြန်လိုက်နှေးလိုက်ဖြစ်ပြီး လိုအပ်တဲ့ ဓာတ်၊ အားအင်ပြတ်လပ်သွားလို့ သွေးကြောရပ်သွားတာ"

မုရုန်မိသားစု သမားတော် ရောက်မလာသေးခင် ဆေးပညာအကြောင်းကို ချီယွဲ့အား ပို့ချပေးနေလေသည်။ ချီယွဲ့ကလည်း သေချာ အာရုံစိုက်ကာ မှတ်သား၏။ ဆရာတပည့်နှစ်ဦးက အလေးအနက် ဆွေးနွေးနေကြသည်က ကြိမ်ဖန်များစွာ အတူလုပ်ဖူးကြသကဲ့သို့ဖြစ်ရာ ဤမြင်ကွင်းအား ယခုမှ မြင်ဖူးသော ယောင်းကွမ်က မယုံကြည်နိုင်ဖွယ် အံ့အားသင့်မိကာ သံသယမျက်လုံးဖြင့်ကြည့်၏။

"အဖေ.. သမားတော် ရောက်လာပြီ"

မုရုန်အန်းသည် ပိန်ပါးသော အသက်40ဝန်းကျင်ရှိ သက်လတ်ပိုင်းလူတစ်ဉီးကို ခေါ်ကာ ရောက်လာသည်။

ချီယွဲ့နဲ့ ရှန်လျန်လည်း ဆွေးနွေးခန်းကိုအချိန်မှီရပ်လိုက်ပြီးနောက်

"ယန်သမားတော် ရောက်လာပြီဆိုတော့ အလုပ်စလိုက်ကြစို့.. သမားတော်ယန်နဲ့ ချီယွဲ့က လွဲရင် ကျန်တဲ့သူတွေ အပြင်ထွက်ပေးပါ"

"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ရှန်သခင်လေးကို ကျုပ်တို့မနှောင့်ယှက်တော့ပါဘူး"

မုရုန်သားအဖ တတွေ လေးလေးစားစားဦးညွှတ်ကာ အခန်းထဲက ထွက်သွားပေး ကြ၏။ ယောင်းကွမ်က နေခဲ့ချင်သော်လည်း ရှန်လျန်၏ အဓိပ္ပာယ်ပါသော အကြည့်ကြောင့် သူလည်း မထွက်ချင်ထွက်ချင် ထွက်သွားပေးရ၏။

"စလိုက်ကြစို့"

အခန်းထဲ သူတို့ သုံးဦးပဲ ရှိမှ ရှန်လျန် အရေးကြီးတာကို အာရုံစိုက်လိုက်သည်။ ချက်ချင်းပဲ ငွေရောင်အပ်ကိုယူကာ အပ်စိုက်ကုသရန် ချီယွဲ့အား မုရုန် မဒမ်၏အဝတ်အစားကို ဖယ်ရှားစေသည်။ ဖိတ်ခေါ်ခံထားရသော ယန်သမားတော်က သံသယဖြင့်ကြည့်သော်လည်း တစ်ခွန်းမှ ဝင်မပြောပေ။ ဒီတိုင်းရပ်ကြည့်နေပြီး မုရုန်မဒမ်၏ အရေးပါသော အစိတ်အပိုင်းများကို ရှန်လျန်မှ တုံ့ဆိုင်းခြင်းမရှိ အပ်ထိုးစိုက်တာ မြင်မှ သူ့မျက်လုံးတွေ ငွေအဝိုင်းပြားအရွယ် ပြူးကျယ်သွားတော့သည်။

"ယန်သမားတော်ဗျ... ခန္ဓာကိုယ်ထဲ ထိုးစိုက်သင့်တဲ့ အမြင့်ကို သေချာ မှတ်ထားပေးပါ"

ပြောလည်းပြော.. များစွာသော အပ်ကို ထိုးစိုက်လိုက်သည်။ ရှန်လျန်၏ အပ်စိုက်နည်းက တစ်ခြားသူတွေနှင့်ကွဲပြား၏။ လူအများက ကုသရာတွင် ဂရုတစိုက်နှင့် ထိုးစိုက်ကြသည်။ မတော်လို့ သေစေနိုင်သည့်နေရာများသို့ မှားယွင်းစိုက်မိလျှင် လူနာ ၏အသက်ဆုံးရှုံးသွားနိုင်သောကြောင့်ပင်။ သို့သော် ရှန်လျန့်ပုံစံ က ဘာမှ စိုးရိမ်တတ်ဟန်မရှိပဲ အသက်ရှုသလို ရိုးရိုးရှင်းရှင်း သာ အပ်စိုက်သွားခဲ့ပြီး ကြော့ရှင်းသေသပ် ချောမွေ့နေ၏။

အတော်လေး ကျွမ်းကျင်တာပဲ!

ထိုအချိန်တွင် ချင်ဖင်းမြို့စား အိမ်တော်၌..

"သခင်.. ထျန်းချွမ်ဆီက သတင်းရောက်ပါတယ်.. ဝမ်ဖေး ( မြို့စားကတော်) က မုရုန်အိမ်တော်ကို သွားပြီး သောချင် အဆိပ်စကုနေပါပြီတဲ့"

ရန်ချွမ်း ရောက်လာတော့ နားနေဆောင်မှာ ဖေးယွမ်ရွှင်းက ရှောင်မုချန်နဲ့ စစ်တုရင်ထိုးနေလေသည်။ သူ့‌တင်ပြချက်ကိုကြားပြီး စစ်တုရင်ရုပ် ကိုင်ထားတဲ့လက်က ရပ်တန့်သွားသည်။ ဖေးယွမ်ရွှင်း၏နှုတ်ခမ်းကပြုံးလျက် လက်ထဲက စစ်တုရင်ရုပ်ကို ရွှေ့မည့်အကွက်ပေါ် ဖြည်းဖြည်းချလိုက်သည်။

"ဒီလောက်ဆိုရပြီ...အဲ့ကောင်လေးက ငါ့ကိုလိမ်တယ်.. ဆေးပညာမသိတဲ့သူက ဘယ်လိုလုပ် သောချင် အဆိပ်ကိုကုပေးနိုင်မတဲ့လဲ"

"မဟုတ်သေးပါဘူး စန်းကော(အစ်ကိုသုံး).. ငါသွားတာမှ ရက်နည်းနည်းပဲရှိ‌သေးတယ်.. မင်းဘယ်တုန်းက ဇနီးရှိသွားတာ‌လဲ"

ရှောင်မုချန် စစ်တုရင်ထဲ စိတ်မဝင်စားနိုင်တော့..သူတို့ညီ‌နောင်တွေထဲ ဘယ်သူမှ လက်မထပ်ကြသေးပေမယ့် လက်ထပ်ဖို့ စိတ်မဝင်စားဆုံးလူက ဝမ်ဖေးရှိနေပြီတဲ့လား.. ရှောင်မုချန် တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး မတုံ့ပြန်နိုင်တော့။

"သူ့ကို လက်တော့ မထပ်ရသေးပါဘူး"

ဒါပေမယ့် ဖေးယွမ်ရွှင်းလိုလူရဲ့မျက်လုံးထဲ ဘယ်လိုလူက ရောက်နိုင်တာလဲ?

"တော်သေးတာပေါ့.. မင်္ဂလာဆောင်ပွဲ ငါမမှီလိုက်ဘူးလားလို့"

ရှောင်မုချန်စိတ်သက်သာရာရသွားပြီး နေထိုင်ရပိုကောင်းလာကာ ထပ်မံ စပ်စု၏။

"ဘယ်သူလဲ သူက.. အရင်က တစ်ခါမှလည်း ပြောသံ မကြားဖူးပါဘူး"

ဖေးယွမ်ရွှင်းရဲ့ လက်ထပ်ခွင့်တောင်းသည့်သတင်းက တစ်မြို့လုံး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပေမယ့် မြို့တော်ကနေ အလုပ်ကိစ္စများစွာနဲ့ခရီးခဏခဏသွား‌‌ေနရတဲ့ ရှောင်မုချန် ဘာမှ မသိတာ မဆန်းချေ။ ညမိုးချုပ်မှ ပြန်ပြန်ရောက်လာပြီး.. မနက်မိုးလင်းလို့ မျက်လုံးပွင့်သည်နှင့် ဖေးယွမ်ရွှင်းဆီ သတင်းပို့ရသည်။

ဒီကနေ့မှာ စစ်တုရင်သာ မကစားခဲ့ရင် သူ့ရဲ့ တတိယခယ်မ ကို သိဖို့ အခွင့်အရေးရှိမှာတောင်မဟုတ်တော့ပေ။

"ရှန်လျန်"

"ရှန်လျန်... ဟုတ်လား

ရှောင်မုချန် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်သွားပြီး တုန်လှုပ်သွားသည်။

"မဖြစ်နိုင်ဘူး စန်းကော.. သူက ရှန်တာ့ရဲ့ညီလေ.. သူ့ညီကို ဘယ်လောက် ကာကွယ်လဲ မသိတာကျလို့! မင်းကို ငရဲပြည်ရောက်အောင် လာရိုက်သတ်လိမ့်မယ်"

E /N*သူတို့က ညီအစ်ကို အရင်း မဟုတ်၊ ဆရာတူညီအစ်ကိုများဖြစ်သည်။ *

ရှန်တာ့က သူ့ညီ ကို အသေချစ်တာ .. ဒီလက်ထပ်ပွဲက နောက်စရာကိစ္စမဟုတ်ဘူးကွ!

"ဒီကောင်ကရော သူ့ကိုကြောက်နေတယ် ထင်လို့လား"

ဖေးယွမ်ရွှင်း မျက်ခုံးပင့်လိုက်၏။ သူ့လေသံနဲ့မျက်နှာပေးက အတော်လေး ဘဝင်မြင့်၏။

ရှောင်မုချန်က လေသံ ပြန်တိုးသွားကာ

"ရှန်တာ့ကိုကြောက်စရာတော့ မလိုပါဘူး.. စန်းကောက လက်တစ်ဖက်နဲ့ အနိုင်ယူနိုင်တာ သိပါတယ်ဒါပေမယ့် အာ့ကောက သူ့ဘက်က ဆိုတာ မမေ့နေနဲ့ဦး"

အသက်နှစ်ဆယ်နဲ့ စစ်နတ်ဘုရား အဖြစ် ကျော်စောတဲ့ ဟော်ရဲ့လင်က ကော တစ်ယောက်ဖြစ်မှန်း လူအတော် များများ မသိကြချေ။ ဟော်ရဲ့လင်က ရှန်တာ့ကို စိတ်ဝင်စားနေပြီး ပိုင်ဆိုင်ဖို့ ကြံစည်နေသူမို့ ဖေးယွမ်ရွှင်းက အလိုအလျောက် ရှန်တာ့အကြောင်း နောကျေသွားတာ ဖြစ်၏။

"......."

ဖေးယွမ်ရွှင်းက ချက်ချင်း မတုံ့ပြန်ပဲ အချိန်တစ်ခုကြာမှ ပြောလာသည်။

"အာ့ကော (အစ်ကိုနှစ်)လည်း ငါ့ကိုအရှုံးပေးစရာမလိုပါဘူး"

ဟော်ရဲ့လင်ရဲ့ ဖြစ်တည်မှုကြောင့်သာ မဟုတ်ရင် သူတို့နှစ်ယောက်ကြား မည်သူကအနိုင်ရမလဲ ခွဲခြားဖို့ မလွယ်ပေ။

"စန်းကော ရေ.. ပြဿနာက နောက်တစ်ခုရှိသေးတယ်နော် ညီနောင်ချင်းမလို့ သတိပေးတာ"

သူ့ရဲ့ မျိုသိပ်မထားနိုင်သည့် ပင်ကိုယ် ဗီဇ အရ စတင် ပေါက်ပေါက်ဖောက်ရန်ပြင်သည်။

ဖေးယွမ်ရွှင်း သူ့အားစိတ်မရှည်လာတော့...

"မင်း ပြောလို့ မပြီးနိုင်သေးဘူးလား!"

"......."

"ငါတွေးနေတာ.. ရှန်တာ့နဲ့ရှန်လျန်က ညီအစ်ကိုတွေဆိုတော့ မင်းနဲ့ သူ့အစ်ကို ချရင် ရှန်လျန်က သူ့အစ်ကိုဘက် ရပ်တည်မှာ စိုးရိမ်လို့ပါကွ"

"....."

အဲ့လိုဆို နှစ်ယောက် တစ်ယောက် ဖြစ်နေပြီး စန်းကောက အခွင့်သာမှာ မဟုတ်။

"ရှောင်ပိုင် လာစမ်း!"

"ဝေါင်း!"

"စန်းကော ဘာလို့ဒီလိုလုပ်တာလဲ.. ကိုယ့်ညီလေးကို အနိုင်မကျင့်ရဘူးလေ!"

သည်းမခံနိုင်တော့တဲ့အဆုံး ဖေးယွမ်ရွှင်း အမိန့်ပေးလိုက်သည်။ ကျားဖြူက လဲလျောင်းနေရာမှ ချက်ချင်းထကာ ခြေသည်းလက်သည်းထုတ် မာန်စွယ် ဖီသည်။ ထို့နောက် လွှားခနဲ အရှေ့ရောက်ချလာသဖြင့် ရှောင်မုချန်ခမျာ တဟုန်ထိုး ထွက်ပြေးရတော့သည်။

သူအမှန်အတိုင်းပြောခဲ့တာပဲကို.. စန်းကောအပေါ် သစ္စာရှိရတဲ့ဘဝက ခက်ခဲလိုက်တာ!

"သခင်.. ယွီဟိုင်ပြန်ရောက်လာပါပြီ လူတစ်ယောက်လည်း သူနဲ့အတူပါလာပါတယ်..."

ကျားနဲ့ လူတစ်ယောက်ဟာ ကြောင်နဲ့ကြွက်ဂိမ်း ကစားနေကြစဉ် ထျန်းရွှမ်က ထူးဆန်းသည့်အမူအရာ ဖြင့် သတင်းပို့လာသည်။

ဖေးယွမ်ရွှင်း နားမလည်ဖြစ်ကာ

"ဘယ်သူပါလာတာလဲ? ယွီဟိုင် ခေါ်လာတာလား"

"သခင်....အဲ့သူက..."

ဘာ အကြောင်းရှိသည် မသိ..ထျန်းရွှမ်က ကြောက်ရွံ့နေပုံရသည်။

"ထျန်းရှု တစ်ချက်သွားကြည့်လိုက်.. ဘယ်သူ့ကို ခေါ်လာလို့ ထျန်းရွှမ် ကတောင် ကြောက်နေရတာလဲ"

ပုံမှန် မဟုတ်သည့် အမူအရာကြောင့် ထျန်းရှုကို ချက်ချင်းအမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့"

တစ်ခဏအကြာတွင် ထျန်းရှု ပဟေဠိ ဖြစ်နေတဲ့ရုပ်နဲ့ ပြန်ရောက်လာသည်။

"ဝါး....ဝါး!"

"ဖွီး..."

မွေးကင်းစကလေးငိုသံက တိတ်ဆိတ်နေသည့် လေထုထဲ ပျံ့နှံ့လာသည်။ ရှောင်မုရန်နဲ့ရှောင်ပိုင်နဲ့ ကြောင်နဲ့ကြွက်ဂိမ်း ရပ်တန့်သွားရုံသာ မက ဖေးယွမ်ရွှင်းပင် လဖက်ရည်ကြမ်း ဆက်မသောက်နိုင် ဖြစ်သွားရ၏။ လှည့်ကြည့်လိုက်သော် ယွီဟိုင်က အနှီးထုပ်လေးပွေ့လျက် ထျန်းရှု ၊ထျန်းချွမ် နဲ့အတူ လျှောက်လာသည်။

"အဲ့တာ ဘာကြီးလဲဟ! "

ဖေးယွမ်ရွှင်း ယွီဟိုင်လက်မောင်းကြား ငိုယိုနေသေးတဲ့ အဖြူလုံးထုပ် ကို စိုက်ကြည့်နေမိသည်။ ဘာတွေဖြစ်လာတာလဲ... အာ့ကော က လူတစ်ယောက်ပို့လိုက်မယ် ကြည့်ထားပေး..ဆိုတာ ဒီကလေးကိုလား...ဘယ်သူ့ကို လာထိန်းခိုင်းနေတာလဲ? သူကိုယ်တိုင်တောင် ကလေးမမွေးရသေးဘူးဟ!

Words 2759

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment