ညီအစ်ကိုချင်းပြန်လည်ဆုံ တွေ့
"အဲ့လိုဖြစ်သင့်တာပဲလေ.. ခင်ဗျားကိုလည်း ထပ်မကြည့်ချင်တော့ဘူး၊ စေ့စပ်တာကိုလည်း ဖျက်သိမ်းမယ်"
တာ့ကောလည်း နေကောင်းပြီ၊ ရှောင်ယွီလည်း မစိုးရိမ်ရတော့ဘူး၊ ယွမ်ရွှင်းစစ်တိုက်သွားတာကလည်း ဟော်ရဲ့လင်နဲ့ဆိုတော့ စိတ်ချရ၏။ စိတ်အေးအေးချမ်းချမ်းနဲ့ နေနိုင်ပြီဆိုတော့ ရှန်လျန်၏ စနောက်ချင်တဲ့စိတ်ကလေးက ပေါ်လာသည်။
"အဆိုးလေး!"
ဖေးယွမ်ရွှင်းက သူ့နှာဖျားကို ထိကာ ပြောသည်။
"ကျောက်ချင်က ဟယ့်ချင်ဖုန်းလက်အောက်က စစ်သူကြီးပဲ၊ သူက ချူးတိုင်းပြည်မှာ ထိပ်တန်းနာမည်ရှိတဲ့သူဆိုပေမယ့် သူ့အစား ဟယ့်ချင်ဖုန်းကိုလုပ်ကြံတာက ပိုမကောင်းဘူးလား၊ ဟယ့်ချင်ဖုန်း သေမှ စစ်ပွဲက ဦးဆောင်သူကင်းမဲ့ပြီး စိတ်ဓာတ်အင်အားကျသွားမှာ"
"စစ်ပွဲရဲ့သဘောတရားကို ကျွန်တော် သဘောပေါက်ပါတယ်"
ရှန်လျန်က စွေစောင်းကြည့်လိုက်ပြီး..
"ဒါပေမယ့် ချူးက ကျွန်တော်တို့ချင်ပြည်ကိုမမှီ ပေမယ့် ဟယ့်ချင်ဖုန်းက ဗိုလ်ချုပ်ဖြစ်သလို ချူးဘုရင်ရဲ့သားမက်ဆို တော့ သွားမထိတာကောင်းတယ်၊ ချူးပြည်ကို မတွက်ဆထားပဲနဲ့ အတင်းဝင်တိုက်ဖို့ကလည်း ဒီနှစ်မှာ ကျွန်တော်တို့ ရေဘေး ဒုက္ခကြောင့် တိုင်းပြည်အထိနာထားသေးတယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရဘူး၊ စစ်ပွဲကြီးဖြစ်ရင် ဆုံးရှုံးနိုင် ချေမြင့်တဲ့သူက ချင်တိုင်းပြည်ပဲ၊ အဓိကရုဏ်းမဖြစ်နိုင်တဲ့ အခြေအနေအတွင်းမှာပဲ အနိုင်ယူကြရအောင်"
"လျိုဝမ်ကျင်းက ဟိုဘက်နိုင်ငံရဲ့ သူလျှိုလို့ ထင်လား"
ဖေးယွမ်ရွှင်း ရုတ်တရက် ဖောက်မေးသည်။ အစ်ကိုနှစ်နဲ့ စကား ပြောကြည့်ပြီးနောက်မှာ တိုက်ဆိုင် နေတဲ့ အချက်တစ်ချို့ရှိနေမှန်း သတိထားမိသည်။ ရှန်တာ့ အဆိပ်ခတ်ခံရပြီးတာနဲ့ အချိန်ကိုက် ချင်တိုင်းပြည်က အလစ်ဝင်တိုက်ခံရသည်။ ရှန်တာ့၏ အသက်ကို စိုးရိမ်နေရတာကြောင့် မဟုတ်ရင် ၊ကုသမှုနှောင့်နှေးသွားရတာကြောင့် မဟုတ်ရင် ၊ရှန်တာ့ရဲ့ တိုက်ခိုက်မှုအင်အားနဲ့ ရန်သူက အဖမ်းခံနေရတာ ကြာလောက်ပြီဖြစ်၏။
"သူလျှိုက ရှိတယ်၊ လျိုဝမ်ကျင်းတော့ မဟုတ်ဘူး၊ ချင်ယွင်ရှန်းပဲ၊ တာ့ကော မိတဲ့အဆိပ်က စတုတ္ထမင်းသားအိမ်တော်က လာတာ၊ ဒီတစ်ကြိမ် ချင်ယွင်ရှန်း ဆပ်ရမယ့်သွေးကြွေးတစ်ခု ထပ်တိုးသွားပြီ"
ချင်ယွင်ရှန်းရဲ့ လက်ငှားလူသတ်နှုန်းက စံထားရသည်။ နှစ်ပေါင်းများစွာ လျိုဝမ်ကျင်းက နောက်လိုက်ဖြစ်နေသဖြင့် သတိထားမိသွားခြင်းဖြစ်သည်။ လျိုဝမ်ကျင်းက ရှန်တာ့ကိုသတ်ပြီး ချင်ယွင်ရှန်းအတွက် လမ်းဖောက်ပေးတာဖြစ်နိုင်သည်။
"ချင်ယွင်ရှန်းလား"
ထင်မှတ်မထားတာကြောင့် ဖေးယွမ်ရွှင်း မျက် မှောင်ကြုံ့ကာ တွေးသည်။ ချင်တိုင်းပြည်ကို ဘိုးဘေးတွေ ဘယ်လောက်ထိ ကာကွယ် စောင့်ရှောက်ခဲ့ကြသလဲ သိတာတောင် ချင်ယွင်ရှန်းက လူမျိုးခြားဆီပေးပစ်ချင် နေတာလား။
"တာ့ကောကို မေးကြည့်ရင် အသေးစိတ်သိရလောက်တယ်၊ ယောင်းကွမ် ငါစစ်ဆေးခိုင်းထားတဲ့ ကိစ္စအခြေအနေ ဘယ်လိုရှိလဲ"
ရှန်လျန် အတည်ပြု ဖြေကြားလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ မေးမြန်းသည်။ ယောင်းကွမ်က အရိုအသေပေးကာ ပြန်ဖြေသည်။
"ဝမ်ဖေးထင်တဲ့ အတိုင်းပါပဲ၊ လျိုဝမ်ကျင်းက လျိုအိမ်မှာ မရှိပါဘူး၊ သတင်းပို့ဖို့အမြန်ပြန်လာတာမို့ သူမြို့တော်ထဲမှာရှိနေလားဆိုတာ ဆက်မစုံစမ်းခဲ့ရပါဘူး"
"ထားလိုက်တော့ လျိုအိမ်မှာ မရှိဘူးဆိုတဲ့ အချက်က သက်သေပြဖို့ မလုံလောက်ဘူး"
လက်ခါယမ်းလိုက်ပြီး ရှန်လျန် ခြေ တစ်လှမ်းလှမ်းသည်။
"တာ့ကောဆီ သွား တွေ့ရအောင်၊ သူ့အဆိပ်က ပျက်ပြေသွားပြီဆိုရင် တောင် နလန်ထူဖို့ တစ်ပတ် လောက် အချိန်ယူရဦးမှာ၊ အားအင်ကုန်ခမ်းရမယ့် အလုပ် တွေ ရှောင်ရမယ်၊ လေး၊ငါးလလောက် အသား ပြန်တက် အောင် လုပ်ရဦး..... အာ.. ဘာလို့ ပွေ့တာလဲ"
ရှန်လျန့်စကား မဆုံးသေးခင် ဖေးယွမ်ရွှင်းက ရုတ်တရက် ကောက် ပွေ့သဖြင့် ရှန်လျန် ကြောက်အားလန့်အားဖြင့် သိုင်းဖက်လိုက်ရသည်။ လက်သီးဆုပ်ဖြင့် ယွမ်ရွှင်းပခုံးကို ထုကာ ဘာကြောင့် ပွေ့ချီလဲ မေးသည်။
"လျန်လျန့် ဒဏ်ရာက မသက်သာ သေးဘူး လေ၊ သွား မယ်ဆိုရင် ကိုယ်သယ် ပွေ့သွားပေးမယ်၊ အပွေ့ မခံချင်ရင် ဒဏ်ရာ သက်သာတဲ့ အထိ အိပ်ရာ ပေါ်မှာပဲ လိမ်လိမ်မာမာ ထိုင်နေရမယ်၊ ဘယ်လိုလဲ" ိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိ
တင်းတင်းကြပ်ကြပ် ပွေ့ချီထားပုံအရ ဖေးယွမ်ရွှင်း နောက် နေဟန်မတူ။
အရေးပေါ်အ ခြေအနေ တွေမှာ အလိုလိုက်ထားပေမယ့်လည်း အားလုံး ဖြေရှင်းပြီးချိန်မှာ တော့ လုပ်ချင်ရာ လုပ်ခွင့် မပြုနိုင်ပါ။
"........"
မြို့စားမင်းက တစ်ကယ်ကြီး ပွေ့လျက်သား ပုံစံနဲ့ ယောက်ဖကို သွား တွေ့ မလို့လား?
ရှန်လျန် နှာေခါင်းရှုံ့လိုက်သည်။ တခဏခန့် စဉ်းစားပြီးမှ..
"အဲ့ဒါဆိုရင်လည်း မြို့စားမင်းရဲ့ သဘောအတိုင်းပါခင်ဗျာ၊ အခု ကျွန် တော် မျိုးရဲ့ အစ်ကိုတော်ဆီ ပို့ပေးလို့ရမလားခင်ဗျာ"
"လိမ်မာရင် ဖြစ်ချင်တာ ဖြစ်စေရမယ်"
ဖေးယွမ်ရွှင်းက ငုံ့ကြည့်ပြီး အလိုက်သင့်ပြန် ဖြေသည်။ ထို့နောက် ရှေ့ဆက်လျှောက်သည်။ ယောင်းကွမ်က နေရစ်ခဲ့ကာ ပြတင်းပါက်မှ ခုန်ကျော်၍ ပျောက်ကွယ်သွား၏။ လျန်လျန့်ကို စောင့်ရှောက်မယ့် အ တော်ဆုံး ကိုယ်ရံ တော်ရှိ နေမှတော့ သူ့ကို မလိုအပ်တော့ပြီ။
ပင်မအိပ်ခန်းကျယ်ထဲတွင် လင်းခါနီးမှ မှေးခနဲဖြစ်သွား သော ရှန်တာ့သည် နှစ်ခြိုက်စွာ အိပ်မော မကျနိုင်ပဲ အစောပိုင်းက ခရာသံကြာင့် နိုးနှင့် နေပြီဖြစ်၏။သူမေ့မျော နေတဲ့ရက်အ တောအတွင်း ချူးတွေသည် တင်အန်းမြို့ကို စီးနင်းဖို့ ကြံစည် ကြောင်း ကြား သော် မျက်နှာပျက်သွားခဲ့သည်။ ဟော်ရဲ့လင်အတွက်လည်း အားနာမိသည်။ ရဲ့လင်က ထုတ်မ ပြော ပေမယ့် တစ်ယောက်တည်း ဘယ်လောက် ခက်ခဲခဲ့မလဲ ဆိုတာ တေ ေျေျေျေျေျေေျေျေျေျေျေျကြည့်ရုံနဲ့ သိနိုင်သည်။
"ဘာလို့ အဲ့သလို ကြည့်နေတာလဲ၊ မင်းအဆင် ပြေရင် ငါ့အတွက် အားလုံး အိုခေတယ်"
ညီသုံးနဲ့ ဗျူဟာအကြောင်း ဆွေးနွေးကြည့်ပြီး နောက်မှာ ရန်သူရဲ့ ပျော့ကွက်ကို ပိုဖိအားပေးလာနိုင်သည်။ တစ်ဦးတည်း တိုက်ခိုက်လျှင် တောင် ချင်ပြည်က အသာစီးရ ခဲ့သည်။ သာသာယာယာနဲ့ တပ်ပြန်သိမ်းလာပြီးနောက်မှာ ရှန်တာ့ ကိုဆေးတိုက်ဖို့ အစား ကျွေးဖို့ လုပ်မှ မျက်တောင်မခတ်တမ်း အကြည့်ခံ နေရသဖြင့် ဟော်ရဲ့လင် ငိုရမလို ရယ်ရမလိုဖြစ်သွား၏။ လောင်ကုန်းက လှည့်စားရတာလွယ်သလို၊ နှလုံးသားလည်း ပျော့ ပြောင်း၏။ အတွေးက တသမတ်တည်း သွားသဖြင့် တခါတရံ ကူကယ်ရာမဲ့ရ၏။
"ရဲ့လင် ..ငါလည်း စစ်တိုက်... ဖေးယွမ်ရွှင်း မင်းကို ဘယ်သူက လျန်လျန့်ကို ပေး ပွေ့လို့လဲ အခု အောက်ချလိုက်စမ်း!"
ဇနီးဖြစ်သူနဲ့ စကား ပြောရန်ပြင်စဉ် မျက်လုံး ထောင့်မှ ဖေးယွမ်ရွှင်းက အရွယ်ေရာက်ပြီးသား လူတစ်ဦးကို ပွေ့လာမှန်း မြင်လိုက်ခြင်းဖြစ်သည်။ထိုလူငယ်က ဘယ်သူမှန်း သိသွားတာနဲ့ ရှန်တာ့ ပူထူကာ ထအော် တော့သည်။
ဟော်ရဲ့လင်က နဖူးတင် ပေါ် လက်တင်ကာ သက်ပြင်းချ၏။ မနေ့ညက စိတ်အေး စေရန် နားချခဲ့ရသမျှ လောင်ကုန်းက အကုန် မြောင်းထဲ လွှင့်ပစ်လိုက်ပုံ ရသည်။ ပိုပိုပြီး တုံးအ လာတော့တာ ပင်။
"ကျုပ်မပွေ့ရင် ဘယ်သူ ပွေ့မှာလဲ"
ယောက်ဖ၏ ဒေါသကို မမှုစွာ ဖေးယွမ်ရွှင်းက ရှန်လျန့်ကို ကုတင်စွန်းမှာ ဖြည်းဖြည်း ချပေးသည်။
"သူ့အစ်ကို ငါရှိ သေးတယ်"
"တာ့ ကော"
ရှန်တာ့ရဲ့ ဒေါသက ညီလေးရဲ့ ခေါ်သံ အောက်မှာ ပျောက်ဆုံးသွားခဲ့သည်။ စူးရဲသည့် အကြည့်ဖြင့် ရှန်လျန့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးသော် မျက်လုံးက တဖြည်းဖြည်း ရဲလာသည်။ နှုတ်က အလွာ်တကူ နာမည် ခေါ်ရန် ခက်နေသည်။
"လျန်.. လျန်.."
အစ်ကိုရင်း၏ ခေါ်သံက တခြားသူများ အကြိမ်တစ်ထောင် ခေါ်သံထက် နားဝင်ချိုသည်။
"ကော..."
ရှန်လျန် ငိုလျက် အစ်ကို့ခါးကို လွမ်းမောတမ်းတစွာဖက်သည်။ ဘယ်ဘက်ပခုံးနားက ပြတ်ရှဒဏ်ရာကို မထိမိ အောင် ရှောင်ရန်လည်း မမေ့ပါချေ။
"ကော.. ကောကာ.. တာ့ကော"
ဘာမှ မဖြစ်တာ တော်သေးသည်။ နောက်ကျသွားမှာ စိုးရိမ်လွန်းလို့ ခရီးပြင်းနှင်းလာစဉ်တစ် လျှောက်လုံး တစ်ရက်ကိုနှစ်နာရီပင် ပြည့်အောင် မအိပ်ရဲခဲ့၊ ယွမ်ရွှင်းက အတင်းတိုက်တွန်းမှာ စိုးလို့ ၊ခရီးစဉ် နှေးဖင့်မှာစိုး၍ သိပ်ပင် မခေါ် မပြောဖြစ်ခဲ့သည်အထိ ၊ ရောက်ရာက်လာချင်း အိပ်ရာ ပေါ်မှာ အသိမရှိပဲ မေ့မျော နေတဲ့ အစ်ကိုကိုတွေ့ တော့ အားတင်းထား သမျှ သဲထဲရေသွန်ဖြစ်သွားသလို၊ အသက်ရှူပင် ရပ်မတတ် ထိတ်လန့်ခဲ့ရသည်။
ယခုတော့ ဘာမှ မဖြစ်ပဲ အိပ်ရာ ပေါ် ထိုင် နေနိုင်သဖြင့် အလွန် ပျော်ရွှင်မိသည်။ ဒီဘဝမှာ အရင်ကလို အမှားမျိုး ထပ်မလုပ် တော့ ပေမယ့် အတိတ်၏ သွေးကြွေးကတော့ တောင်းကို တောင်းရမည်။
"လျန်လျန် ညီလေး"
ညီအစ်ကိုနှစ်ဦး အပြန်အလှန်ဖက် နေကြရင်း မျက်ရည် တ ဝေ့ဝေ့။ ငါးနှစ် ငါးနှစ် တောင်ရှိခဲ့ပြီ၊ ညီလေးက ကာကွယ်ပေးမယ့် မိသားစုနဲ့ ကြီးပျင်းရမည့်အချိန်တွင် သူက ဘာမှ မလုပ်ပေးနိုင်ခဲ့၊ ညီလေးက အရွယ် ရောက်လို့ တောင် အစ်ကို့ကို ပြန်ကယ်ပေး နေပြီ၊ရှန်တာ့ ကိုယ့်ကိုကိုယ် အပြစ်တင် နေမိသည်။ သူသာ လုံ လောက် အောင်သန်မာခဲ့ရင် ညီ လေးက ဒုက္ခ တွေ ခံစားရမှာမဟုတ်။
ဟော်ရဲ့လင်က ဘေးက နေ ဖေးယွမ်ရွှင်းကို အကြည့်ဖြင့် မေးခွန်းထုတ်သည်။ ထို့ နောက် စိတ်ဆိုးမာန်ဆိုးနဲ့ မျက်ဆံတစ်ပတ်လည်ပစ် လိုက်သည်။ ညီသုံးက ဘယ်လို စီမံနေတာလဲ၊ လျန်လျန့်ကို ငိုအောင် ထားတယ်၊ စိတ်ထဲက နေ ပြစ်တင်ရင်း ဖေးယွမ်ရွှင်းအတွက် ဖယောင်းတိုင်ကြို ထွန်း ပေးထားလိုက်သည်။
ဆရာတူညီအစ်ကို နှစ်ယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကုတင် ပေါ်မှာ ငိုနေကြတဲ့ ညီအစ်ကိုတွေကို လွှတ်ထားလိုက်သည်။ အချိန် အတော်ကြာမှ အငိုတိတ်သွားကြသည်။
ရှန်တာ့ အနေနဲ့က ငါးနှစ်သာလျှင် ရှန်လျန်နဲ့ မတွေ့ရခြင်း ဖြစ် သော်လည်း ရှန်လျန့်အတွက်မူ နှစ်ဘဝစာ မတွေ့ရခြင်းဖြစ်သည်။ ထို့အပြင် အစ်ကိုက ရက်ရက်စက်စက် အသတ်ခံရသည့် မြင်ကွင်းကို ပြန်မြင်ပြီး ရှန်လျန့်မျက်ရည်က တရဟော သွန်ချ နေသည်မှာ တော်တော် နဲ့ မရပ်နိုင်။
"လျန်လျန် မငိုတော့နဲ့၊ တိတ်တိတ်.... ခေါင်း မော့ပါဦး မျက်နှာ လေး ကောကော ကြည့်ရ အောင်"
ရှိုက်ကြီး တငင်ငိုနေတဲ့ ညီငယ်ကို ချော့ မော့သည်။ ကိုယ်တိုင်က အားမရှိသူမို့ လျန်လျန့်ကို ဆွဲထူရန်ကား မဖြစ်နိုင်ရာ စိတ်ငြိမ်ငြိမ်ထားပြီး ချော့ရတော့သည်။
"ကော..."
ရှန်လျန်က ခေါင်း မော့ပြီး မျက်ရည်သုတ်သည်။ ဖေးယွမ်ရွှင်းက ကြည့် မနေ နိုင်စွာ လက်ကိုင်ပဝါ ကမ်းပေးလာသည်။ ယခုမှပဲ ရှန်လျန့်ရုပ်က အငိုမျက်လုံး အပြုံးမျက်နှာ အဖြစ် ပြောင်းလဲ သွားသည်။
အလွန်ချစ်စရာ ကောင်းတာမို့ ဖေးယွမ်ရွှင်းက အသည်းယားလျက် ခေါင်းကို အသာထိပုတ်လိုက်သည်။ဒါကိုမြင် တော့ ရှန်တာ့က နှာမှုတ်သည်။ ဂေါ်ဖီထုပ်က အရွယ် ရောက်လာတာ သတိမမူမိ၍ ဘေးအိမ်က ဝက်တူးတာ ခံလိုက်ရသည်။
"မင်းကတော့လေ.."
ဟော်ရဲ့လင်က ရှန်တာ့ ဘေးမှာ လာရပ်သည်။ ပုံမှန်ဆိုရင် ရှန်တာ့က တည်ကြည်ပြီး အားကိုးရတဲ့ ယောင်္ကျားတစ် ယောက်ပါ၊ ယောက်ဖကို မနာလိုဖြစ်နေသည့် မြင်ကွင်းသစ် ကြောင့် ရဲ့လင်အား ရယ်ချင်စိတ် ဖြစ် စေသည်။
"ငါ... ဘာဖြစ်လဲ၊ ဝံပုလွေ ရိုင်းတစ် ကောင်က ငါ့ညီကို အရိုးအသားပါမကျန် စားပစ်လိုက်မှာကို စိုးရိမ်တယ် လေ"
ရှန်တာ့က ရှန်လျန့်လက်ကို ဆွဲကိုင်ပြီး လေး လေးနက်နက် ပြောသည်။
"လျန်လျန်က ကြီးလာတော့ ကော ကော တောင် သိပ်မမှတ်မိ တော့ဘူး၊ ဒါပေမယ့် တွေးထားတာထက် အများကြီး ပိုချောလာတာပဲ"
"ကော လည်း အရမ်းခန့်ညား ကြည့်ကောင်းပါတယ်နော် ၊ အင်အားလည်း ကြီးတယ်"
ရှန်လျန် ကျေနပ်စွာ ခေါင်းငြိမ့်ပြီး ပြန်ချီးကျူးရန် မတုံ့ဆိုင်းခဲ့ချေ။စိတ်ထဲမှာ အစ်ကိုသာလျှင် အချောမောဆုံးဖြစ်ပြီး မြို့စားမင်းက ဒုတိယပင်။ ယခုအခိုက်အတန့် လေးမှာ ပေါ့။
"နှုတ်က ချိုလိုက်တာမှ ပျားသကာလိုပဲ၊ ငယ်ငယ်ကလိုပဲ မပြောင်းလဲဘူး"
ညီအစ်ကို အပြန်အလှန်ချီးကျူးနေစဉ် စိတ်မသက်မသာဖြစ်သံ ထွက် ပေါ်လာသည်။
"ဘယ်မှာ အင်အားကြီးလို့လဲ၊ ကိုယ်သာ လုပ်နိုင်စွမ်းရှိရင် တိတိကို ခုချိန်ထိ ဒုက္ခ တောထဲထားခဲ့ပါ့မလား"
စွန့်ပစ်ခံရတဲ့ ညီ လေး အပေါ် ရှန်တာ့ဟာ အမြဲ အကြွေး တင် နေသလို ခံစားခဲ့ရသည်။ ပါပါး သေဆုံး သွားတဲ့ နောက် အဖေဖြစ်သူက ဂရုမစိုက်သဖြင့် အစ်ကိုကြီးက အဖရာ ဖြစ်သင့်ခဲ့ သော်လည်း လက်တွေ့မှာ မကာကွယ် ပေးနိုင်ခဲ့၊ အကောင်းဆုံး တွေ မဖန်တီး ပေးနိုင်ခဲ့ပဲ ငါးနှစ် ကြာသွားသည်။ လျန်လျန်က ကြီးပြင်းခဲ့သည့်အလျောက် ဆေးပညာကို တဖက်ကမ်းခတ်ကျွမ်းကျင်ကာ မိုင် ထောင်ချီခရီးနှင်လာပြီး အစ်ကို့ကို လာရောက် ပြုစုသည်။ ကြမ်းတမ်းစွာ နေ ထိုင် နိုင်သည်ကို ကြည့်လျှင် ဘဝအားကောင်းမွန်စွာ ရှင်သန်ရမည့်အစား ခက်ခက်ခဲခဲ နေထိုင်ရမည်ကို သိနိုင်သည်။
"အဲ့လို မဟုတ်ပါဘူး ကောရယ်"
ရှန်လျန်က အစ်ကို့ရဲ့ နောက် ကျောကို ပုတ်ကာ နှစ်သိမ့်သည်။
"အဲ့လို မတွေးပါနဲ့၊ ကောက ကျွန် တော့အတွက် အကောင်းဆုံး မိသားစုပါ၊ ကော ကြောင့်သာ မဟုတ်ရင် ကျွန် တော်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ကောလည်း စစ်မြေပြင်ကို လာစရာမလိုဘူး၊ ကျွန် တော်ကပဲ ကောကို ဒုက္ခ ရောက် စေ ခဲ့တာ၊ ကော ကျွန်တာ့်ကို ယုံ ...အခုချိန်ထိ အနိုင်ကျင့်ခဲ့တဲ့သူအကုန်လုံး ပြန် ပေးဆပ် စေရမယ်"
ရှန်လျန်ရဲ့ မျက်ဝန်းက အမဲလိုက်မယ့် ကျားတ ကောင်လို စူးရဲ နေပြီး လေသံက မာလာသည်။ လူတွေ ဘယ် လောက်ထိ ရက်စက်တတ်လဲ၊ ရွံမုန်းစရာ ကောင်းလိုက်သလဲ ဆိုတာ မမေ့တဲ့အပြင် အတိတ်ဘဝရဲ့ သင်ခန်းစာကို စိတ်ထဲ မှတ်ထားပြီး လက်စားပြန် ချေမည်။ ဘုရားက အသစ်ပြန်စဖို့ အခွင့် အရေး ပေးမှ တော့ ထိုလူ တွေ အားလုံးကို တန်ပြန် နာကျင် စေမည်။
"လျန် လျန်"
ရှန်တာ့က မျက်ဝန်းမို့မို့ကို အသာတို့ထိပြီး အံ့အားသင့်စွာ ငေးရင်း သူ့သဘောထားကိုထောက်ခံသည်။
"ကောင်းပြီ၊ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့သူတွေ အားလုံးကို လက်စားချေကြမယ်"
ညီလေး မည်မျှ နာကျင်ခံစားခဲ့ရလဲ အသေးစိတ်မသိသာ်ငြား ဤအခိုက်အတန့်မှာ ရှန်တာ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်သည်။ ထိုလူ တွေ သူတို့ကို အနိုင်ကျင့်ခဲ့တဲ့အတွက် နောင်တရ စေရမည်။
"ငါလည်း ပါမယ်"
ရဲ့လင်က ရှန်တာ့ပခုံး ပေါ်လက်တင်သည်။ သူ့လူကိုထိရင် သူ့ကိုထိတာနဲ့ အတူတူပင်။ ရှန်မိသားစုထဲ မကောင်းဆိုးဝါး ဘယ်လောက် ရှိနေ မလဲ သူလည်း မြင်ချင်သည်။
"လျန်လျန် ကြိုက်တာလုပ်၊ ကိစ္စ ဘယ်လောက် ကြီးကြီး.. ကိုယ် မင်း နောက်မှာ ရှိတယ်"
ဖေးယွမ်ရွှင်းလည်း နောက်ကျကျန်ခဲ့မည့်သူမဟုတ်၊ ရှန်လျန့်ကို ကူညီထောက်ပံ့ ပေးချင်သည်။ အချိန် အတော်များများ တူတူ ဖြတ်သန်းခဲ့ပြီး နောက်မှာ လျန်လျန့်အ ပေါ် သူ့ရဲ့ သဘောထားက ပိုမို လေးနက်ကာ နက်ရှိုင်းလာသ
ည်။ တစ်ဘဝလုံး ချစ်မြတ်နိုးပြီး တူတူလက်တွဲသွားချင်သည်။ အပျော်ရွှင်ရဆုံး ဇနီးအဖြစ်နဲ့ ကမ္ဘာ မြေပြင် ပေါ်မှာ အချစ်ခံရဆုံး ကော တစ်ယောက် ဖြစ် အောင်ထားမည်။