' မြို့စားဘက်က ဖိတ်ခေါ်ပြီ၊
ဖေးနဲ့ရှန် ထိပ်တိုက်တွေ့ကြပြီ'
ဆေးတိုက်နည်း အညွှန်းကိုရှင်းပြပြီးနောက် ရှန်လျန် ဟာ ချီညီအစ်ကိုနဲ့အတူ ဖုမိသားစုအိမ်မှ ထွက်လာခဲ့တယ်။
(TN. ရှေ့ပိုင်းမှာ ချီရွှမ်းက ဆေးစာရရခြင်း ပြေးထွက်သွားတယ်ဆိုပြီး ခုက ဘယ်လိုပြန်ရောက်လာတာလဲ မသိဘူး ဒီတိုင်းပဲ tran ထားလိုက်ပါတယ်)
ရင်းလမ်းကြားထဲ ပြန်ဝင်လာတာနဲ့ လူတစ်ယောက်က သူတို့လမ်းကိုလာပိတ်ရပ်တယ်။အဲ့လူက တစ်ခါက သူတို့နဲ့ အဆက်အဆံ ရှိဖူးတဲ့ ထျန်းချွမ်ဖြစ်တယ်။
"ရှန်သခင်လေးကို မင်းသားက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
လက်ညွှန်ပြရာ နေရာကို ရှန်လျန် ကြည့်လိုက်တော့.. မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ရထားလုံးကို တွေ့လိုက်ရတယ်။
"ခများတို့ နောက်ယောင်ခံလိုက်နေတာလား"
မဟုတ်ရင် ဘာလို့ ဒီလောက်တိုက်ဆိုင်နိုင်ပါ့မလဲ? ဟုတ်တယ်မလား?
စင်ယော်တောင် မျက်ခုံးနှစ်ဖက်က မြင့်တက်သွားပြီးနောက် စိုးရိမ်သွားမိသည်က
'အရိပ်တပ်ဖွဲ့ ကို သတိထားမိသွားပြီလား'
"ပဉ္စမ သခင်လေး"
မင်းသားက ဖိတ်ခေါ်တယ်လဲ ကြားရော ချီညီအစ်ကိုဟာ ထျန်းချွမ်ကိုတလှည့် မရင်းနှီးစွာကြည့်ပြီး ရှန်လျန်ကို တလှည့် စိုးရိမ်စွာ ပြန်ကြည့်သည်။
'ဒီလူတွေသိပ်တော်တယ်ဆိုရင် ဒုက္ခ ပဲ ၊ ဒီနေ့သူတို့ပြုလုပ်ခဲ့တာတွေက များတော့ အကုန်ပေါ်သွားရင် ဘာမှ ကောင်းတာမရှိဘူး'
"ရှန်သခင်လေးက သံသယရှိတယ်ဆိုရင် မြို့စားဆီ လူကိုယ်တိုင်သွားမေးနိုင်ပါတယ်"
ထျန်းချွမ်က သူ့ရဲ့ ရှည်လျားတဲ့ အရပ်နဲ့ အားလုံးရှေ့မှာ မားမားမတ်မတ် ကာရပ်ထားလေတယ်။
"ကောတို့ ဒီမှာ ပဲ ခဏစောင့်နေလိုက်ပါ"
ချီညီအစ်ကို အားပြောပြီးသည်နှင့် ရထားလုံးဆီသို့ ဦးတည်လိုက်သည်။
ချင်ဖင်းမြို့စားနဲ့ စစ်နတ်ဘုရား ဟော်ရဲ့လင် က ရင်းနှီးမှန်းသူသိသည်။ သူ့အစ်ကို ကိုကာကွယ်ဖို့ လေ့ကျန်းတို့ကိုစေလွှတ်လိုက်ပြီးပေမယ့် ချင်ဖင်းမြို့စားကိုယ်တိုင်က သူ့ကိုတံခါးဖွင့်ပေးလာတယ်ဆိုတော့ သူ့ဘက်ကလည်း မိတ်ဆွေ ဖြစ်ဖို့ဝန်မလေးပေ။
"မလှုပ်နဲ့...."
အသံကြောင့်ပြန်လှည့်ကြည့်လိုက်သောအခါ
ချီညီအစ်ကို အား ခြေတလှမ်းမှ မရွေ့နိုင်အောင် တားထားတဲ့ ထျန်းချွမ်ကိုတွေ့လိုက်ရသည်။ သုံးဦးသား အပြင်းအထန် အကြည့်ချင်းတိုက်ခိုက်နေကြပေမယ့် ထျန်းချွမ်က နည်းနည်းလေးမှ မဖြုံပေ။ အကြောင်းမူ သူ့သခင် ဖေးယွမ်ရွှင်း၏ အကြည့်အား မည်သူမှ လိုက်မမှီ၍ဖြစ်သည်။
ရထားလုံးထဲရှိ ဖေးယွမ်ရွှင်းသည် တန်ဖိုးကြီး ခရမ်းရောင်ဝတ်ရုံရှည်ကို ဆက်ဝတ်ထားဆဲဖြစ်ပြီး အိမ်မွေးသားရဲ ကို တော့ ယူမလာပေ။
သူ့ကို ပထမဆုံးစတွေ့ခါစလိုပဲ ပျင်းတိပျင်းရွဲနှင့် ထိုင်နေပြီး သူ့ရှေ့မှာတော့ အရွယ်အစားခပ်ငယ်ငယ် လက်ဖက်ရည်အိုးနှင့်ခွက် အစုံလိုက် ကိုတွေ့မြင်ရသည်။ ရှန်လျန်လှည်းထဲသို့ ဝင်သွားချိန်တွင် မြင်ရသည်က လက်ဖက်ရည်ပူပူကို ခွက်ထဲ လောင်းထည့်နေသည့်မြင်ကွင်းဖြစ်သည်။
သူ့ကိုယ်ဟန်လှုပ်ရှားပုံက တည်ငြိမ်ပြီး ကြော့ရှင်းကာ ကြည့်ကောင်းသည်မှာ အလွန်ညှို့ယူဖမ်းစားနိုင်သည့်ပန်းချီကား တစ်ချပ်၏အလှတရား လိုပင်....။
ရှန်လျန်က အသံမထွက်၊ မနှောင့်ယှက်ပဲ ဝင်ထိုင်လိုက်ပြီး ဖေးယွမ်ရွှင်း ပြီးသည်အထိစောင့်နေလိုက်၏။
လက်သွယ်သွယ်က အကြောစိမ်းများ ထင်သာနေလျက် ဟွမ်းချန်ချန် လက်ဖက်ရည်အား ကောက်ကိုင်ကာ ရှန်လျန့်အား အေးစက်စက်ကြည့်လာသည်။ ထို့နောက် ဖေးယွမ်ရွှင်း၏ နှုတ်ခမ်းထောင့်က အပေါ်သို့တွန့်ကွေးသွားကာ
"ဒီမြို့စား ကြည့်ကောင်းရဲ့လား"
"အမ်?"
ဒီလူ ဘဝင်ရူးရူးနေတာလား?
"ဒီတလော နေရထိုင်ရတာ အဆင်ပြေလား?"
အတည်ပေါက်မေးနေပုံကြောင့် ရှန်လျန်ဆွံ့အ သွားသည်။
'နေပါဦး ငါတို့ချင်း ရင်းနှီးလို့လား!'
"နေထိုင်ရတာ အဆင်ပြေပါတယ်၊ မြို့စားမင်းက သတိရပေးတာပဲ"
လဖက်ရည်ခွက်ငယ် အား ချထားလိုက်ရင်း အကြည့်အောက်ပို့ ထားလိုက်သည်။
"ဟဟ...."
သူ့ပြန်ဖြေပုံကြောင့် ဖေးယွမ်ရွှင်း ရယ်မိသွားသည်။
"လျန်လျန်က ဒေါသထွက်နေတယ်ပေါ့?"
' လာပြန်ပြီ ခေါ်ပုံက လျန်လျန်တဲ့! ငါတို့က သိပ်ကိုရင်းနှီးနေလို့လား'
ရှန်လျန် မျက်ဆံ လည်လိုက်ပြီး နောက်.. ခေါင်းပြန်မော့ကာ..
"နောက်က တကောက်ကောက် လိုက်ကြည့်ခံနေရတာ ကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး၊ ပြီးတော့ ...တစ်ကယ်ဆို ကျွန်တော်တို့ချင်းလဲ ရင်းနှီးကြတာ မဟုတ်ပဲနဲ့ လျန်လျန်လို့ မခေါ်ပဲ
ရှန်လျန် လို့ပဲခေါ်တာ ပိုကောင်းပါတယ်"
ကံကောင်းစွာနဲ့ လှည်းထဲ သူတို့နှစ်ယောက်ပဲရှိလို့ပေါ့! လျန်လျန်လို့ တရင်းတနှီးခေါ်နေသံ ကိုသူများကြားရင် မြို့စားနဲ့သိကျွမ်းပါတယ်ဆိုပြီးတလောကလုံး ဟိုးလေးတကျော်ကျော် ဖြစ်ရဦးမယ်။ သူ့နာမည် ပျက်ရတာကို မမှုပေမယ့် ၊သူ့အစ်ကို ကိုထိခိုက်လာမှာမျိုးတော့ မဖြစ်စေလိုပေ။ လက်ရှိမှာ အစ်ကိုကြီးကိုလူဘယ်လောက်များများက ရန်ပြုချင်နေလဲ သူလဲ မပြောနိုင်ဘူး။ ညီဖြစ်သူက အရာရာ သတိထားမှ အစ်ကိုကြီးအတွက်လဲ ထိခိုက်မှမရှိစေမှာ ဖြစ်တယ်။
" ကျုပ်က နောက်ယောင်ခံလိုက်တာ မဟုတ်ဘူး၊ ကာကွယ်စာင့်ရှောက်ပေးတာပါ"
ခုလိုထုတ်ပြောရတာ အနည်းငယ် ရှက်မိပေမယ့် ဖေးယွမ်ရွှင်း ဂရုမစိုက်ပါ။
"ကျုပ် နားမလည်ဘူး၊ ပိုက်ဆံ ရှာပြီး တာနဲ့ အဲ့ဒီ ပညာရှိလေးဆီ ဘာလုပ်ချင်လို့သွားတာလဲ?"
"ကျွန်တော် ဘာလုပ်ချင်လဲ ဆိုတာ မြို့စားမင်းနဲ့ မဆိုင်ဘူး ထင်တယ်နော်"
ရှန်လျန် ဒီလူအပေါ် ဒေါသမထွက်ချင်ပေမယ့် စည်းကျော် လာလို့ သည်းမခံ နိုင်ဖြစ်မိသည်။
"မဆိုင်ပါဘူး ၊ တစ်ကယ်လို့ မင်းက ထီးနန်းကိုလိုချင်တယ်ဆိုရင်တော့ ခုကတည်းက နောက်ဆုတ်ဖို့ ကျုပ် အကြံပေးလိုက်မယ်။ ပလ္လင်က မင်းအတွက်မဟုတ်ဘူး ဒါပေမယ့်..."
စကားကို တစ်ဝက်တပျက် ဖြတ်လိုက်ကာ သူ့၏ စူးရှထက်မြက်သော ဖီးနစ်မျက်ဝန်းတစ်စုံက သွယ်လျသော ခန္ဓာကိုယ်အပေါ် စုံချည်ဆန်ချည်ဝေ့ဝဲကြည့်ပြီး နောက် နတ်ဆိုးဆန်ဆန် ..ပြုံးလိုက်သည်။
"ဒါပေမယ့် မင်းက ဒုတိယ နေရာ ရချင်တယ်ဆိုရင်တော့ အဆင်ပြေတယ်"
ဒုတိယနေရာ? အဲ့တာငါ့အတွက်ကောင်းတာလား?
ရှန်လျန် ဘာပြန်ပြောရမှန်းမသိပေမယ့် ရုပ်အမူအရာကိုတော့ ခပ်တန်းတန်းနေနေဆဲပင်။
"မင်းကြီးဖြစ်ဖြစ် ကြင်ယာတော်ဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားဘူး၊ မြို့စားမင်း ဒီအကြောင်း ဆက်ပြောနေမယ်ဆိုရင် ရှန်လျန့်ကို အရင်ပြန်ခွင့်ပြုပါ"
ပြောပြီးပြီးချင်း ထပြန်ရန် ပြင်လိုက်သည်။
"အဲ့တာဆိုလဲ ဓားပြတွေအကြောင်း ပြောကြတာပေါ့"
ရှန်လျန် စိတ်အေးသွားပြီး တည်တည်ငြိမ်ငြိမ် ပြင်ထိုင်လိုက်သည်ကိုမြင်သော အခါ ဖေးယွမ်ရွှင်း ပြုံးလိုက်၏။
"မင်းလဲ ကြားမှာပါ၊ ဓားပြတွေအားလုံးအဆိပ်သောက်ပြီး သတ်သေကုန်ပြီတဲ့"
"အဲ့တာ သူအသုံးမကျလို့လေ"
ရှန်လျန် ခပ်တိုးတိုး အပြစ်တင်တယ်၊ သူ့အသံက သာမန်လူဆို ကြားလိမ့်မည် မဟုတ်၊ ဖေးယွမ်ရွှင်းက တော့ မတူပေ၊ သိုင်းပညာအဆင့်မြင့်သူဖြစ်သည့်အတွက် ရှင်းရှင်းလင်းလင်း ကြားရကာ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။
"အငယ်လေး...မင်းက ကျုပ်ကို စွပ်စွဲ ရဲတယ်ပေါ့လေ?"
ရုတ်တရက် ဖေးယွမ်ရွှင်း သူ့လက်ညိုးကိုကွေးကာ ရှန်လျန့်နဖူးအား တောက်လိုက်လေသည်။
ရှန်လျန် အူကြောင်ကြောင်ဖြစ်နေပုံကို ရယ်လိုက်ရင်း
"ကျုပ်ကို အပြစ်တင်လို့တော့မရဘူးလေ၊ ဓားပြတွေကို သွမ့်မင်းသားက ကိုင်တွယ်တာ၊ ရဲမက်တွေ နဲ့ စစ်ဆေးရေးမှူးတွေအကုန် သွမ့်မင်းသားရယ် တရားရုံးရယ်က ချုပ်ကိုင်ထားတာ"
သူတို့လက်ထဲ ရောက်သွားလို့ကတော့ ဘယ်သူမှ ပြေးမလွတ်ဘူး ၊မြို့တော်ထိ သွေးချောင်းစီးပြီပဲ"
"ဘာလို့လဲ"
ရှန်လျန် သဘောမပေါက်သော်လည်း တစ်စုံတစ်ခုကို သတိပြုမိသွား၏။
သူ့မျက်ဝန်းထဲက ထက်မြက်မှုကိုတော့ မဖုန်းကွယ်ထားလိုက်နိုင်ပေ။
ချက်ချင်း ခန့်မှန်းမိသွားပြီပေါ့! တော်တော် ဉာဏ်ထက်တဲ့ ချာတိတ်ပဲ! ဖေးယွမ်ရွှင်း စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်ပြီး ထုတ်မေးလိုက်သည်။
"ခန့်မှန်းမိတာ ရှိလား ပြောပြပါဦး"
"........"
မြို့စားက သူ့ကို စမ်းသပ်နေတာလား?
ရှန်လျန် အတွေးလွန်ရင်း ခေါင်းငုံ့ထားမိသည်။
"အားလုံးက ဘုရင်မင်းမြတ်ကြောင့် ဖြစ်မယ်ထင်တယ်"
ချင်နိုင်ငံတော်က နှစ်ပေါင်းရာချီ တည်တံ့ခဲ့ပြီးနောက်... တော်ဝင်မိသားစုတွေဟာ သူတို့ရဲ့ စည်းစိမ်ချမ်းသာအတွက် နိုင်ငံတော်ရဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ခဲ့တယ် ။ ဒါကြောင့် တစ်တိုင်းပြည်လုံး အဖက်ဖက်ကချို့ယွင်းလာတယ်၊ ဘုရင်ဘယ်နှ ဆက်ရောက်ရောက် တိုင်းပြည်ဥပဒေကို မထိန်းချုပ်နိုင်ခဲ့ဘူး။
ဧကရာဇ်ဟာ တစ်ခြား အင်အားကြီးတဲ့ရန်သူ တိုင်းပြည်တွေလို သူ့နိုင်ငံကိုလည်း သန်မာစေချင်ခဲ့တယ်။ ဒါပေမယ့် အဲ့လို ဖြစ်အောင် နောက်ကွယ်က လူတွေ ဘယ်လောက်သေတယ်၊ မိသားစုတွေ ဘယ်လောက်ကွဲကွာ ကြတယ်ဆိုတာ သူသတိမမူမိဘူး။
အခြေအနေတွေက ပရမ်းပတာ ဖြစ်ပြီး ကြားထဲက ချင်ဖင်းမြို့စားက အင်အားကြီးလာခဲ့တယ်။
အစောပိုင်းမှာ မြို့စားချင်ဖင်းရဲ့ သံမဏိတပ်ဖွဲ့ကိုမင်းကြီးက ဘာလို့ ဖိအားပေးဖို့ မတွေးခဲ့လဲ ဆိုတာတော့ ထူးခြားတဲ့အချက်တစ်ချက်ပဲ။
အိမ်ရှေ့စံ အရိုက်အရာ လောင်း မင်းသားက အသေစောသွားတာတော့ လက်မခံနိုင်စရာပါပဲ၊
ဖေးယွမ်ရွှင်းရဲ့ ဂုဏ်သတင်း ၊အာဏာ ကျော်စောအောင် သူက ဘာကိစ္စ ကူညီပေးရမှာလဲ? သူ့အတွက် ကြည့်ပေးစရာအကြောင်းက်ုမရှိတာ။
ခုလက်ရှိ မင်းကြီးမှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်နေပေ မယ့် အရည်အချင်းမပြည့်ဝပေ။ တော်ဝင်မှူးမတ်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် လုပ်သင့်သည်။
"မှန်တယ်၊ အခုတလော အခြေအနေတွေကြောင့် ကျုပ်လဲ အကျဉ်းကြပ်ထဲရောက်နေတယ်၊ နာမည် ပြောင် ပေါင်းစုံပေးခံနေရတယ်"
ဘာလို့မှန်းမသိ သူ..ရှန်လျန့်ရှေ့မှာ အနေခက်တာမျိုးမရှိပဲ သက်တောင့်သက်သာနဲ့ သူပြောချင်တဲ့အကြောင်းအရာတွေ ထုတ်ပြောနေနိုင်တယ်၊ ဒါပေမယ့် သူပြောတဲ့စကားတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ရှန်လျန့်ဆီက စကားတွေ ထွက်လာအောင် အစ်အောက်ထုတ်နေတာလည်း ပါတယ်။
ရှန်လျန်က လူရည်လည်စွာနဲ့ စကားတစ်ခွန်းမှ ထုတ်မပြောဖြစ်ပေ။ ဖေးယွမ်ရွှင်းနှင့် သူက မရင်းနှီးကြ၊ ရင်းနှီးသည်ထားဦး .. ကိုယ့်ကိုကိုယ်တောင် မနည်း ကာကွယ်နေရတာ ၊အခြားသူကို ဂရုစိုက်ပေးရန် သူ မအားလပ်ပေ။
တစ်ခဏ အကြာတွင် ဖေးယွမ်ရွင်း ထပ်ပြောသည်။
"ဖုယွင်ရှီးက မင်းအတွက် ဘယ်လောက်စိတ်ချရလို့လဲ?"
ရှန်လျန် ခေါင်းမော့ကာ သူ့ရဲ့မျက်နှာ ချောချောကိုကြည့်လိုက်တယ်။
'ဖြေစရာလား၊ ဘာကိစ္စ ဖေးယွမ်ရွှင်းကို အကုန်ပြောပြရမှာလဲ'
"ရှန်တာ့က ကျုပ်ရဲ့ လူလို့ ပြောရင် မင်းယုံမလား?"
"မယုံဘူး"
ရှန်လျန်မျက်မှောင်ကြုံ့ရင်း ပြန်ငြင်းဆိုသည်။ အရင်ဘဝက ဖေးယွမ်ရွှင်းတစ်ခါမှ ပေါ်မလာဖူးဘူး၊ ဒါပေမယ့် အခု သေချာပြန်တွေးကြည့်တော့ သူ...အရိပ်ကိုယ်ရံတော်အဖွဲ့ တံဆိပ်ပြားမရခင်အချိန်က အန္တရာယ် ကြုံရတိုင်း အမြဲ လွတ်မြောက်ခဲ့တယ်၊ ဒီလူက ကာကွယ်ပေးနေတာ ဖြစ်နိုင်မလား?
မဖြစ်နိုင်လောက်ပါဘူး၊ ပေါ်တင် လာပြောလိုက်လည်း ရတာကို နောက်ကွယ်က တိတ်တဆိတ် ကာကွယ်နေစရာလိုလို့လား?
သူ့အစ်ကို ရှန်တာ့က ဖေးယွမ်ရွှင်း ရဲ့လူဆိုရင် ဘာလို့လျိုရှုဟန်သတ်လို့ သေရတာလဲ? ချင်ယွင်ရှန်းလောက် မတော်ပေမယ့် လျိုရှုဟန်က ဖေးယွမ်ရွှင်းကို ကျော်ပြီး လုပ်နိုင်စရာအကြောင်းမရှိဘူး။
"ချာတိတ်က အရမ်း ကာကွယ်နေတာပဲ!"
ဖေးယွမ်ရွှင်း မတတ်နိုင်စွာ ပြုံးမိသည်။
"သူစိမ်းဆီက အန္တရာယ်တွေအတွက် ကြိုပြင်ဆင်ထားစေချင်တယ်၊ ဟုတ်ပါတယ် ရှန်တာ့ကဟော်ရဲ့လင် ရဲ့လူပါ၊ ကျုပ်က ဟော်ရဲ့လင်နဲ့ အတော်လေးရင်းနှီးတယ်လေ၊ အဲ့တာကြောင့် အကူအညီလာတောင်းထားတာလေးရှိတယ်...မြို့တော်ကို တစ်ယောက်ယောက်လာမှာ မို့ စောင့်ရှောက်ပေးထားပါတဲ့လေ၊ဒါပေမယ့် အခုကြည့်ရတာ မင်းကို ဒုက္ခ ပေးမယ့်သူရှိမှ ဝင်ပါရတော့မယ်ထင်တယ်"
သူ့အစ်ကိုရဲ့တောင်းဆိုပေးထားမှုကြောင့်ရှန်လျန် ရင်ထဲ နွေးသွားသည်။
"အဲ့တာ တစ်ကယ်လား?"
"မညာပါဘူး"
"မြို့စားအရှင် ဒီအကြောင်းကျွန်တော့ကိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
ရှန်လျန် အမှန်တစ်ကယ် စိတ်ရင်းဖြင့်ကျေးဇူးတင်ပြီး ဦးညွှတ်လိုက်မိ၏။
ဖေးယွမ်ရွှင်း မျက်ခုံးပင့်လိုက်မိပြီး ရှန်တာ့အပေါ်သူ့ရဲ့သဘောထား ပြောင်းလဲသွားသည်။
"တစ်ကယ်လို့ မြို့စားမင်း အဆင်ပြေရင်လေ...
အစ်ကို့ဆီစကား ပါးပေးနိုင်မလား၊ ဒီလိုပါ...
စစ်ပွဲမှာ မျက်စိမပါလို့ ရန်သူကိုလဲ သတိထားပါ ကိုယ့်လူကိုယ်လည်း သတိမလွတ်ပါစေနဲ့ လို့"
ဒီ အကူအညီတောင်းမှုကြောင့် ဖေးယွမ်ရွှင်းဆီမှာ အကြွေးတင်သွားမယ်ဆိုရင်လည်း သူဂရုမစိုက်ပါ၊ အစ်က်ုကြီး လုံခြုံဖို့က အဓိကပေမို့၊ ဖေးယွမ်ရွှင်းကလည်း လူဆိုးတော့ ဟုတ်ဟန်မတူပါ။
"အနောက်မြောက်ဘက်က ရန်သူတွေရဲ့ သူလျှိုရှ်ိ
နေတယ်လို့ ထင်လို့လား"
ဖေးယွမ်ရွှင်း သူ့ကို လေးလေးနက်နက် ကြည့်လာသည်။ ခေါင်းဆောင်တွေ ဘယ်အချိန်မဆို စိုးရိမ်သင့်တာက သူလျှိုပဲ ၊ ဘယ်တော့မှ မမေ့သင့်တဲ့အနီးကပ်ရန်သူပေါ့။
"ထင်တာမဟုတ်ဘူး၊ သူလျှိုရှိတာ သေချာတယ်"
သူ့အကြည့်ကို မရှောင်ဖယ်ပဲ ရှန်လျန် တည်တည်ငြိမ်ငြိမ်ပြန်ဖြေသည်။
"တစ်ယောက်ယောက်က ကျွန်တော့ အစ်ကို ကို ဒုက္ခ ပေးချင်နေတာ သေချာတယ်၊ အရှင်..ဒီအကြောင်းကို ဗိုလ်ချုပ်ဟော်ဆီ အတတ်နိုင်ဆုံးမြန်မြန်လေး သတင်းပို့ပေးမယ်လို့မျှော်လင့်ပါတယ်"
အရိပ်တပ်သားတွေကို စေလွှတ်ထားပေမယ့် ဖေးယွမ်ရွှင်းက ကူညီရင် ပိုထိရောက်မည်၊ မြို့တော်နဲ့ အနောက်မြောက်အရပ်၏ ခရီးလမ်းက ဝေးသည်
လေ။ သူ့အစ်ကိုက ဉာဏ်ကောင်းတာကြောင့် အရင်ဘဝက အန္တရာယ်ကို ကျော်ဖြတ်နိုင်မှာပါ။
"မင်း ဘယ်က သတင်းတွေ ရလာလဲ ကိုယ်တော် မသိပေမယ့် ၊ ဒီစကားကို ယုံယုံကြည်ကြည်နဲ့ တဆင့်ပြောပြပေးလိုက်ပါမယ်၊ ကိုယ်တော့ဆီ အကြွေးတစ်ခု တင်သွားပြီနော်"
ဓားပြတွေ အကြောင်း၊ သွေးနီရောင် ကျောက်အကြောင်းပြောပြတုန်းက သူ့ဆီ ဘာအကြွေးမှ မတင်ပါလား? အရေးကြီးတာက အကြောင်းအရာလေ ..ဖြစ်လာမယ့်ရလဒ်နဲ့မှ မဆိုင်တာ၊ စာနာ ကြင်နာ တတ်သလိုနဲ့ မကောင်းဆိုးဝါးစိတ်တွေ ပေါ်နေတယ်။
"........."
ဒီလူ ယဉ်ကျေးမှုဆိုတာ မသိတာလား?
ရှန်လျန် ငြင်းမနေတော့ပဲ ခေါင်းငြိမ့်လိုက်သည်။ အကြွေးတစ်ကြိမ်တင်သွားတာကို ကပ်သပ်ပြောနေသေးတယ်။
"ဒါနဲ့ အရှင်နဲ့ ဟွိုင်ရန်အိမ်တော်က သခင်လေး ကျင်းရှီရန်က သူငယ်ချင်းကောင်းတွေလို့ ကျွန်တော်ကြားတယ်"
"မင်းက တော်တော် သိထားတာပဲ"
ဖေးယွမ်ရွှင်း ခေါင်းငြိမ့်ကာ ပြုံးသည်။
ချာတိတ် က အကြွေးလေးတစ်ခုတောင် မတင်ချင်တော့ဘူးလား?
Words 2621
Grape 🍇