'မြို့စားက ရှန်လျန်ကို
ကြင်ယာတော်အဖြစ် လက်ထပ်ယူမယ်'
"အခု အနောက်မြောက်အရပ်မှာ တိုက်ပွဲက ပြင်းထန်နေတယ်လို့ ကျွန်တော်ကြားမိတယ်၊ သခင်ကြီးဟွိုင်ရန်က အိမ်တော်သခင်နေရာလွှဲပေးဖို့ သူ့သားကိုစောင့်နေတာ, သူ့သားက ရိက္ခာစုဆောင်းတိုးမြှင့်ရေးမှာ တာဝန်ကျနေတာမို့လား၊ ဒါက ကိစ္စ ငယ်မဟုတ်တော့ အရှင်မင်းသားက ကြားဝင် ဖြေရှင်းပေးနိုင်ရင် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေရလာလိမ့်မယ်"
သခင်ကြီးဟွိုင်ရန်က ပထမ အိမ်ရှေ့စံကိုထောက်ခံတာကြောင့် အိမ်ရှေ့စံ သေလွန်တဲ့အခါ သူလည်းရာထူးကျသွားခဲ့တယ်။ ဒါပေမယ့် လက်ရှိ ဘုရင်ကြောင့် သူ အာဏာ ပြန်ရလာခဲ့ပြီး မြို့တော်မှာပဲ တာဝန်ထမ်းဆောင်နေသည်။
အရင်ဘဝက သူတို့ သားအဖဟာ အနောက်မြောက်စစ်တပ်ရဲ့ ရိက္ခာ အင်အားကို တိုးမြှင့်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး မှာ ကီလိုဂရမ် 100,000 အလေးချိန်ရှိတဲ့ ဆန်ကို ရရှိခဲ့တယ် ၊ဒါပေမယ့် ဆန်တင်ပို့တဲ့အခါ ရေစိုစွတ်နေတာကြောင့် ကီလိုဂရမ် 100,000 ဆန်အလေးချိန် အကုန်လုံးမှိုတက်သွားခဲ့ရတယ်။
ဧကရာဇ်က ဒေါသူပုန်ပြီး တစ်ချို့လူတွေဆို သူတို့ကိုယ်ပေါ် ရေဆိုးရေညစ်တွေနဲ့လောင်းချခဲ့ကြတယ်။ စစ်သားတွေကလည်း သူတို့ကို ရန်သူတွေနဲ့ပေါင်းကြံတယ်၊ ဧကရာဇ်အပေါ် သစ္စာဖောက်တယ် စတဲ့ အကြောင်းအရာပေါင်းစုံနဲ့ အပြစ်တင်ခဲ့ကြတယ်။
အားလုံးဝိုင်းပြောကြတဲ့ စကားလုံးတိုင်းက ကျင်းမိသားစုကို ရင်နာစေပေမယ့် ပြန်မငြင်းခုံတာ ကြောင့် ဧကရာဇ်က စိတ်ရှုပ်ထွေးသွားပြီး တစ်ညထဲနဲ့ ကျင်းမျိုးရိုးစဥ်ဆက်ကို သတ်လိုက်တယ်။ လူပေါင်းထောင်ချီ ဟာ တစ်ညအတွင်းအစုအပြုံလိုက် သေဆုံးသွားခဲ့တယ်။
စစက အဖြစ်မှန်ကိုရှန်လျန် မသိပေမယ့် နှစ်တွေ ကြာသွားမှ ကျင်းမိသားစုကိုလုပ်ကြံတဲ့ ဒီကိစ္စကိုဦးဆောင်ခဲ့သူများမှာ ဧကရာဇ်နဲ့ မင်းသမီးဖြစ်မှန်းသိလိုက်ရတယ်၊ ဧကရာဇ် ချင်ယွင်ရှန်းကို ထိုအချိန်က သူမေးခွန်းထုတ်ခဲ့ပေမယ့် ပြန်ရလိုက်တာက ချင်ယွင်ရှန်းရဲ့ မတူညီတဲ့ တစ်ဖက်ခြမ်းပါပဲ။
မတော်တဆ ဖြစ်သွားတာ မဟုတ်ပဲ လူ လုပ်ကြံခံရတဲ့ကိစ္စ မို့ ဖေးယွမ်ရွှင်းကသာ ဝင်ပါလိုက်မယ်ဆိုရင် ဟွိုင်ရန်အိမ်တော်က ကျင်းမိသားစုကို ကာကွယ်ဖို့ မခက်ခဲ လောက်တော့ဘူး။
"စစ်တပ်ရိက္ခာ ကို တစ်ယောက်ယောက်က တစ်ခုခုလုပ်ဖို့ကြံနေတယ်လို့ ဆိုလိုတာလား"
ဟွိုင်ရန်အိမ်တော်က ဒီ တာဝန်ကို လက်ခံလိုက်တာ မကြာသေးပေ။ အငယ်လေး မည်သို့ ခန့်မှန်းလိုက်သလဲ? မည်သူကရော စစ်ရိက္ခာကို ပြဿနာ တက်အောင် လုပ်ချင်နေသလဲ?
"မြို့စား ရဲ့ လုပ်နိုင်စွမ်းနဲ့ဆို ကျွန်တော်ပြောတာ မှန်လား မှားလား စစ်ဆေးနိုင်ပါတယ်"
ဒီကိစ္စကို ရှန်လျန်ထုတ်ပြောရခြင်းက အကြွေးဆပ်ခြင်းလည်း ဖြစ်သလို .. ကျင်းမိသားစုကို ကယ်တင်ရာလည်းရောက်တယ် ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။
ဧကရာဇ်ရဲ့ အကြံအရ အင်အားကြီး မိသားစုတွေကို တဖြည်းဖြည်းဖြိုခွဲ ပြီး ကျင်းမိသားစုလည်း ကျရှုံးသွားမယ်ဆိုရင် နောက်တစ်ခေါက်ပစ်မှတ်က ဝေမိသားစု ဖြစ်လာနိုင်တယ်မလား?
လက်ရှိဝေမိသားစုကို မထိရဲသေးဘူးဆိုပေမယ့် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်ကိုပြန်လာတဲ့သူ့အတွက် ဝေမိသားစုကို ကာကွယ်ဖို့က အရေးအကြီးဆုံးကိစ္စပဲ။
"လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်မယ် ၊ ဒါနဲ့ ဖုယွင်ရှီးနဲ့ပတ်သက်ပြီး တစ်ကယ်ပဲ ကျုပ်အကူအညီ မလိုအပ်ဘူးလား"
ဖေးယွမ်ရွှင်း အလျော့ပေးလိုက်ရသည်။ ရှန်လျန့် အစီအစဉ်ထဲ သူလည်းပါဝင်ချင်ပေမယ့် ဘယ်လောက်ပဲ ကြိုးစားနေပါစေ..ရှန်လျန်က အရမ်းကာကွယ် လွန်းနေသည်။
"ကျွန်တော် မကြွေး ထပ်မတင်ချင်တော့လို့ပါ"
ရှန်လျန် နည်းနည်းမှ အားမနာပဲ ပြတ်ပြတ်သားသား ပြောသည်။
"ကြည့်ရတာ ဒီမြို့စား တစ်ခြားနည်းသုံးရတော့မယ်ထင်တယ်"
စိတ်ပျက်လက်ပျက် ငြီးငြူရင်း ရုတ်တရက်...မတ်မတ်ထိုင်လိုက်သည်။
"သိပ်မကြာခင်က လူတစ်ယောက်အကြံပေးထားတာရှိတယ် ကျုပ်က မင်းနဲ့ လက်ဆက်လို့ရတယ်တဲ့၊ အဲ့ဒါ အကြံကောင်း ဖြစ်ပုံပဲ"
ရှန်လျန် အံ့အားသင့်သွားပြီး ဖေး ယွမ်ရွှင်း ၏ စိတ်ကိုနားမလည်နိုင်တော့ပေ။ခုလိုပုံစံနှင့် လက်ထပ်ခွင့်တောင်းတာကို အကြံကောင်းတယ်လို့ ထင်နေတယ်ပေါ့!
ရှန်လျန်သည် ဒေါ သထွက်လာကာ
"ခင်ဗျားရဲ့ ဟာသ ကလုံးဝ မရယ်ရဘူး!"
တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ မတွေးထားရသေးပေမယ့် အိမ်ထောင်မပြုမှာတော့ မဟုတ်ပေ။ ဒါပေမယ့် ဖေးယွမ်ရွှင်းက အနာဂါတ်ခင်ပွန်းလောင်း ဖြစ်လာနိုင်တယ်လို့ သေချာပေါက် မတွေးထားမိ ။
တည်ငြိမ်ပြီး ငြိမ်းချမ်းအေးဆေးတဲ့ ဘဝမှာ သူနေချင်သေးတယ်၊ ဘာလို့ ဖေးယွမ်ရွှင်းက အရမ်းလိုက်ကပ်နေတာလဲ? သူနဲ့လက်ထပ်ဖို့က အရမ်း အန္တရာယ်များပြီး နေ့တိုင်း အသက်ကိုခြိမ်းခြောက်ခံနေရလောက်တယ်။
ရှန်လျန့် မျက်နှာ မည်းမှောင်နေတာတွေ့တော့ ဖေးယွမ်ရွှင်း သည် ရင်ထဲက ဆစ်ခနဲ နာကျင်သွားမှုကို လစ်လျူရှုလျက် ရယ် လိုက်သည်။
"ဟား..."
"မြို့စား တစ်ကယ်လို့ စိတ်မရှိရင် ကျွန်တော် အရင်ပြန်နှင့်ပါပြီ"
ထို့နောက်ရှန်လျန် ခပ်မြန်မြန်ထကာ လှည်းပေါ်မှ ခုန်ဆင်းခါနီးတွင်
"ရှန်လျန်.... တစ်ကယ်လို့ အကူအညီ လိုလာရင် ချင်ဖင်းအိမ်ေတာ် ကို လူလွှတ်လိုက်ပါ ၊ မင်းကိုကာကွယ်ပေးမယ်လို့ ရှန်တာ့ကိုကျုပ်ကတိပေးပြီးသားမို့"
"ကျေးဇူးပါ မြို့စားမင်း"
ရှန်လျန် ခေါင်းငြိမ့်ပြကာ လှည်းပါ်မှခုန်ဆင်းပြီး ထွက်သွားသည်။ချီညီအစ်ကိုနဲ့ ထျန်းချွမ်တို့ကိုတွေ့မှ ဖေးယွမ်ရွှင်းအား သူ့နောက်ကို နောက်ယောင်ခံလိုက်နေတာ မလုပ်တော့ဖို့ မပြောခဲ့ရသေးမှန်းသတိပြုမိသွားသည်။ သေသေချာချာ တွေးကြည့်လိုက်ပြီးနောက် ရှန်လျန် နောက်ပြန်မလှည့်မိတော့ပါ။ ဒီနေ့ အတွက် ဖေးယွမ်ရွှင်းနဲ့ စကားထပ်ပြောချင်စိတ်ကို မရှိတော့ဘူးလေ။
"ငါ့ ရုပ်ရည် ကြည့်ကာင်းတာအပြစ်လားကွာအငယ်လေးက ငါနဲ့ လက်မဆက်ချင်ဘူးတဲ့ ?"
ဖေးယွမ်ရွှင်း ပြတင်းပေါက်ငယ်မှတစ်ဆင့် ရှန်လျန့်နာက်ကျောကို ကြည့်နေရင်း လက်မြောက်ပြီး သူ့မျက်နှာ ချောချောကို လည်း ကိုင်ကြည့်လိုက်၏။
တစ်ပြိုက်နက်တည်းမှာပင် အငြင်းခံလိုက်ရခြင်းကြောင့် သူ့စိတ်တွေ မသက်မသာ ခံစားနေရသည်။
လူအုပ်ကြားထဲ ရောနှောကာဖြင့်Tyson အဆောက်အဦးတွင်ထားရစ်ခဲ့သော ရထားလုံးအား ရှန်လျန်တို့ ပြန်လာယူလိုက်သည်။ တုံးလင်အိမ်တော်သို့ ပြန်ရောက်ချိန်တွင် အချိန်အတော်လေး လင့်နေလေပြီ။ ထို့ကြောင့် အိမ်တော် အနောက်ပေါက်တံခါးမှာ ပိတ်သွားပြီဖြစ်သဖြင့် အိမ်ရှေ့ အဓိက ဝင်ပေါက်မှ မောင်းနှင် လာလိုက်သည်။
အိမ်တော်ထိန်းနှင့်တွေ့သော အခါ သူ့ကို အနည်းငယ်အထင်သေးဟန်ဖြင့်နှုတ်ဆက်သော်လည်း ရှန်လျန် အရေးမစိုက်လိုက်ချေ။
သို့သော် ကိုယ်ပိုင်ခြံဝန်းသို့ပြန်ရောက်ချိန် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရှန်လျန့်အမူအရာ ပြောင်းလဲ သွားရပြီး ချီ ညီအစ်ကိုမှာလည်း ဒေါသထွက်သွားသည်။
သူတို့ခြံဝန်းထဲတွင် အဆောက်အဦးသုံးခုရှိပြီး အဓိက အိမ်မကြီးက အခန်းသုံးခန်းနှင့်ဖွဲ့စည်းထားသည်။ ကျန်သည့်အဆောက်အဦးမှာ မီးဖိုချောင်နှင့် ဂိုထောင် ဖြစ်သည်။
မနက်ခင်း အိမ်မှ ထွက်ချိန်ထိ နေရာတိုင်းသပ်ရပ်နေပြီး ညဘက်ပြန်ရောက်ချိန်တွင် အားလုံးရှုပ်ပွနေသည်။ အိမ်တံခါးမှာလည်း အကျယ်ကြီး ပွင့်ဟနေလျက်သား....ကြမ်းပြင်ပေါ်တွင်လည်း ပရိဘောဂ အကျိုးအပဲ့များနှင့် ပစ္စည်းများက ဖရိုဖရဲ ဖြစ်နေသည်။
ခြံဝန်းတစ်ခုလုံးအား သူခိုး ဓားပြတွေ ဝင်မွှေနှောက်သွားသကဲ့သို့ပင်။ လက်စားချေရန် တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိပြုလုပ်ထားမှန်းသိသာသည်။
"တရားလွန်တယ် ၊ သူတို့ ဘယ်လိုလုပ် လုပ်ရက်ရတာလဲ"
ချီယွဲ့ မျက်ဝန်းက နီရဲလာပြီး မျက်ရည်တွေ စီးကျလာတော့သည်။ နယ်မြေခြားမှ ပြန်ရောက်လာတော့ ဒီအိမ်ကို သူတို့အိမ်အဖြစ် သတ်မှတ်ထားပြီးဖြစ်၏ ။အိမ်က ခဏလေး ထွက်သွားလိုက်ရုံနဲ့ ဒီလို ဖျက်စီးခံလိုက်ရပြီ။
"ငါတုံးလင် အမတ်ကြီးကိုသွားရှာမယ်၊ သခင်မက အရမ်းလွန်သွားပြီ"
ချီရွှမ်း ချက်ချင်းပဲ အပြင်ထွက်သွားဖို့လုပ်လိုက်တယ်။ ရုတ်တရက် ...ရှန်လျန်မှ အော်လိုက်သည်။
"နေဦး"
"လျန်လျန်.."
ချီရွှမ်းက မကျေမနပ် ခေါ်သည်။သူတို့ ဒီလိုအနိုင်ကျင့်ခံနေရတာကို ရှန်လျန်က ဘယ်လိုလုပ်သည်းခံနေနိုင်တာလဲ?
"တုံးလင်အမတ်ကြီးကို သွားရှာလဲ အလကားပဲ၊ ဟယ်ရှန်းခြံဝန်းကိုသွားပြီး သခင်မကြီးကိုရှာ၊ရှန်လျန်က လက်ဆောင်အကြီးကြီးပေးစရာရှိတယ်လို့ ပြောပြီး ဖိတ်ခေါ်ခဲ့လိုက်"
ဒေါသတွေ ကိုချုပ်တည်းထားရတာကြောင့် ရှန်လျန့်မျက်နှာ တစ်ခုလုံးနီမြန်း မှောင်မိုက်နေတယ်။
'ငါ့ကို အေးအေးဆေးဆေး ပေးမနေချင်ဘူးဆိုမှတော့၊ မင်းတို့လည်း ကောင်းကောင်းထိုင်နေရမယ်လို့ မမျှော်လင့်လေနဲ့'
"ဘယ်လို?"
"လျန်လျန်..သူ့ကိုမသွားခိုင်းတာ ပိုကောင်းမယ်ထင်တယ်၊ ငါတို့ကို အနိုင်ကျင့်ရတာလွယ်တယ်လို့ သူတို့ထင်သွားရင်ရော?"
ချီယွဲ့ သူ့မျက်ရည်တွေသုတ်ကာ ချီရွှမ်းကို စိတ်လျှော့စေတယ်။
"အိုး...."
ထိုစကားကြောင့် ချီရွှမ်းတွေးမိသွားသည်။ စောနက သူဒေါသရှေ့ထားပြီး မဆင်ခြင်ပဲ ပြေးထွက်သွားတော့မလို့!
"လျန်လျန် ဒေါသမထွက်တော့နဲ့နော်၊ သခင်မကြီးက သခင်မ နဲ့ မတူဘူး ၊သူဒေါသထွက်ရင် အလွှတ်မပေးပဲ နေလိမ့်မယ်"
ချီယွဲ့က ရှေ့တိုးလာပြီး သူ့ပခုံးကို ဖက်သည်။
ရှန်လျန် အေးစက်စက်ပြုံးလိုက်ကာ..
"ကျွန်တော်က ဘာလို့ ဒေါသထွက်ရမှာလဲလေ? တစ်စုံတယောက်က ပြဿနာ ဖြစ်ချင်မှတော့ ဝမ်းသာအားရ ကြိုဆိုပေးရမှာပေါ့"
"ဟင်?"
ချီယွဲ့ က နားမလည်စွာ ကြည့်၏၊ လျန်လျန် သဘောမပေါက်တာပဲလား?
Words 1712
Grape 🍇