'လက်တုံ့ပြန်ရလို့ ကျေနပ်'
တစ်ဖက်၌ သခင်မကြီး၊ ကျောက်လန်နဲ့လုယန်တို့ဟာ သူတို့ရဲ့သမီးပျိုလေးများက ဖျက်စီးခံလိုက်ရပြီဆိုတာ မသိပါ။ ရှန်လျန်က သတို့သားလောင်းရှိရက်နဲ့ သူဖုန်းစားနှစ်ယောက်နဲ့အတူ ပျော်မွေ့နေသည်ဟု အထင်ရှိကာ အိမ်ထောင်ရေးဖောက်ပြန်မှုကိုဖမ်းဆီးဖို့ရာ လူအုပ်ကိုဦးဆောင်၍ တစ်ဖက်ခြံဝန်းသို့ ချီတက်ခဲ့ကြသည်။
ရှန်လျန်၏ သူတို့အပေါ် လေးစားမှုကင်းမဲ့ခြင်းအား အကြောင်းပြလျက် တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိပဲ တုံမေ့ခြံဝန်းရှိ ပင်မနားနေဆောင်သို့ တိုက်ရိုက် ဝင်လာသည်။
နားနေဆောင်က တိတ်ဆိတ်လျက်ရှိ၏။ လှုပ်ရှားသံ တစ်စုံတရာ မကြားရသည့်အပြင် စောင့်ကြပ်နေသည့် အစေခံများလည်းမရှိရာ သခင်မကြီးတို့ စိတ်ကျေနပ်နေ၏။ လေ့ကျန်းနဲ့ ယောင်းကွမ်ကို ရှန်ဟွေးက ပထုတ်ထားခြင်းဖြစ်နိုင်၏။ တသီတတန်းပါလာသည့် အစေခံများရှိနေခြင်းကြောင့် မဟုတ်လျှင် ချက်ချင်းပဲ အခန်းတံခါးကန်ဖွင့်ကာ ကုတင်ပေါ်က ညစ်ညမ်းသည့်မြင်ကွင်းကို ဖော်ထုတ်လိုက်ချင်၏။
"တံခါးသွားခေါက်ချေ"
သခင်မကြီးက အလိုမကျဟန် အမူအရာလုပ်ထားသော်လည်း စိတ်လှုပ်ရှားခြင်းနှင့် ရွံရှာမှုက်ုဖော်ပြသည့် မျက်ဝန်းများက လိမ်မရ။ သူဖုန်းစားနှစ်ဦးရဲ့ တစ်ပြိုင်နက်တည်း စော်ကားခြင်းခံရသည်က လွန်စွာ စက်ဆုပ်ဖွယ် ကောင်း၏။
အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း သူမ လက်ထဲ တွင်သာ။
"ဟုတ်ကဲ့"
အခြွေရံက ရှေ့တိုးကာ တံခါးခေါက်၏။ တစ်ခဏ စောင့်နေသော်လည်း အထဲမှ ဘာအသံမှ မကြားရရာ နောက်တစ်ကြိမ် ထပ်ခေါက်၏။ ဒီတစ်ကြိမ် အားထည့်ကာ ခပ်ပြင်းပြင်း ခေါက်လိုက်သော်လည်း ထူးမခြားနားပင်။ လူတိုင်းရဲ့ အမူအရာက ထူးဆန်းသွား၏။ ရှန်လျန်က အိပ်ပုတ်ကြီးတာလား ၊ သခင်မကြီးကို ဂရုမစိုက်လို့ တံခါးမဖွင့်တာလားပဲ။
ကျောက်လန်နဲ့ လုယန်က အထဲကအဖြစ်အပျက်တွေကို သိထားတာကြောင့် စိတ်ထဲက အူမြူးနေတာကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည်။ အခန်းထဲက လှုပ်ရှားမှု မရှိလေ..ရှန်လျန် အတော်လေး ပင်ပန်းလေ ဖြစ်လိမ့်မည်။ ပွဲကတော့ကြည့်ကောင်းပြီ။
"ဘယ်လိုဖြစ်တာလဲ? တံခါး ဖွင့်လိုက်ကြ"
သခင်မကြီးက ဟန်ဆောင်မနေတော့ပဲ အစောင့်နှစ်ယောက်ကို ရှေ့တက်ကာ တံခါးဖွင့်စေသည်။
"ကျွီ..."
"ဟမ်?"
တံခါးဖွင့်သံက သူတို့ရှေ့မှ လာသည် ထင်သော်လည်း နောက်တစ်စက္ကန့်မှာပင် ရှန်လျန်က လေ့ကျန်း၊ ယောင်းကွမ်နဲ့ အတူ ဘေးအခန်းထဲမှ ထွက်လာသည်။ သူ့ကိုမြင်သော် မိန်းမကြီးသုံးယောက်က သရဲတွေ့သလို ထိတ်လန့်သွားကြ၏။
"အမေ၊ ဒုတိယအဒေါ်၊ တတိယအဒေါ်၊ ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ"
ထူးဆန်းတဲ့ အခြေအနေကို ဘာတစ်ခုမှ မရိပ်မိသည့်အလား၊ ရှန်လျန် ပုံမှန်အတိုင်း သိမ်သိမ်မွေ့မွေ့ ပြုံးနေ၏။ မနက်ခင်း ၏ လန်းဆန်း လှပသည့် အပြုံးပင်။
"နင်...ဘာလို့ ဟိုဘက်အခန်းမှာ ရှိနေတာလဲ"
သခင်မကြီးက စိတ်ရှုပ်ထွေးသွားပြီး ရှန်လျန်ရဲ့ လည်တိုင်ကို အကဲခတ် လိုက်၏။ ဖြူဖွေး ချောမွေ့နေဆဲဖြစ်ပြီး အရိပ်အယောင် မမြင်ရချေ။
"မနက်စာစားချိန်ပဲ ရှိသေးတယ်၊ တရားနာသွားတော့ မလို့လားဗျ၊ တစ်ကယ်လို့ အဖွားတို့ သွားမယ်ဆိုရင်လည်း ရှန်လျန် လိုက်ခဲ့ပါ့မယ်"
အရမ်းအံ့အားသင့်နေကြပုံ ပေါ်သော်လည်း ရှန်လျန်က မမြင်ချင်ယောင်ဆောင်နေ၏။ လုယန်က ဒေါသမထိန်းနိုင်တော့ပဲ အော်၏။
"ဘယ်သူက ခေါ်နေလို့လဲ? ပြီးတော့မင်းကဘာလို့ အခန်းထဲမရှိနေတာလဲ"
"ဗျာ.."
ရှန်လျန်က ပိတ်ထားဆဲဖြစ်တဲ့ အခန်းကို အေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
"ကျွန်တော် အဲ့ဒီအခန်းမှာ နေမှန်း အဒေါ် ဘယ်လိုသိလဲ၊ တစ်ယောက်ယောက်နဲ့ စောင့်ကြည့်ခိုင်းထားတာလား"
"ငါ..."
လုယန် ရင်ထိတ်သွားသည်။
"ကြားထားတဲ့ သတင်းတွေ အတိုင်း မင်းက တစ်ကယ်ပဲ လူကြီးတွေကို မရိုသေတတ်ဘူးဆိုပေမယ့် ငါတို့က မင်းကိုဂရုမစိုက်ပဲနေလို့မရဘူး၊ မင်းက 'ကော'ဖြစ်တဲ့ အတွက် ညရေးညတာ မကောင်းတဲ့ လူတွေနဲ့ ကြုံရင် ဘဝပျက်သွားနိုင်တယ်၊ အဲ့လိုဖြစ်သွားရင် ခဲအိုကို ငါတို့ ဘယ်လိုရှင်းပြရမလဲ"
ဦးနှောက် မရှိဆုံး လုယန် ပြောတဲ့စကားဖြစ်တာကြောင့် မထုတ်ပြောသင့်သည့် စကားတွေကို မစဉ်းစားနိုင်ပဲ ဇွတ်ပြော၏။
"အဲ့လိုလား"
ရှန်လျန်က အဓိပ္ပာယ် ပါပါကြည့်ပြီး ခပ်ဟဟရယ်၏။
"တတိယအဒေါ်ကို ပင်ပန်းစေမိပါပြီ၊ မနေ့ညက ကျွန်တော် သတိမထားမိပဲ အိပ်ရာ စိုအောင် လုပ်မိသွားတယ်၊ ညကြီးမင်းကြီး ဦးဇင်းတွေကိုဒုက္ခမပေးချင်တာနဲ့ ဘေးအခန်းမှာ ပြောင်းအိပ်လိုက်တာပါ"
"ဘယ်လို!"
မိန်းမသုံးဦးက တညီတညာတည်း ထိတ်လန့်တကြား ထအော်တာကြောင့် အနားကလူတိုင်း ဘယ်နေရာကမှားနေမှန်း နားမလည်ကြ၊ သဘောပေါက်တဲ့ ရှန်လျန်ကသာ အများနည်းတူ မသိယောင်ဆောင်နေခြင်း၊ ထိုအခိုက်လေထုက ထူးဆန်းလာသည်။ သခင်မကြီးတို့ဘာကြောင့် စိတ်ရှုပ်ထွေးနေမှန်း မသိသော်ငြား မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ တွေးရင်း မျက်ခုံးလှုပ်နေကြသည်။
"ပဉ္စမ သခင်လေး အခန်းထဲမှာ တစ်ယောက်ယောက် ရှိနေသလိုပဲ"
ရုတ်တရက် ယောင်းကွမ်က တိတ်ဆိတ်မှုကို ဖ်ြိုခွင်းလိုက်သည်။မိန်းမကြီး သုံးဦးမှာ ငေးမောတွေးတောနေရာမှ အသိပြန်မဝင်လာသေး၊ ကျောက်လန်နဲ့ လုယန်က ထိုအခိုက် တစ်စုံတစ်ခုကိုတွေးမိသွားသည်။ ဘာကြောင့်ရယ်မသိ မနက်ခင်း အခန်းပြန်ပြီး အဝတ်လဲလှယ်စဉ်က အစေခံပြောတာကြား၏။ သူတို့သမီးတွေရဲ့အခန်းထဲက ဘာလှုပ်ရှားသံမှ မကြားရဘူးဟူ၏။ ထိုအချိန်က ရှန်လျန်၏ ဖောက်ပြန်မှုကို လက်ပူးလက်ကြပ်ဖမ်းရန်သာ စိတ်ထဲ ရှိနေပြီး များများစားစား မတွေးပဲ လောလောနဲ့ ထွက်လာခဲ့မိ၏။ ယခု ရှန်လျန်က သူတို့ရှေ့တည့်တည့် ရပ်နေသောအခါ ရုတ်တရက်ကြီး မကောင်းသည့်ခံစားချက်ရလိုက်သည်။
"ဘယ်လိုလုပ်ရှိမှာလဲ"
"မဟုတ်ဘူး ..မဝင်နဲ့!"
ရှန်လျန်က မယုံသင်္ကာဖြစ်၏။ ကျောက်လန်က ပျာယီးပျာယာဖြင့် ကျယ်လောင်စွာ တား၏။ သခင်မကြီးလည်း ခွန်အားမရှိတော့သလို တုန်လှုပ်နေရာ အခြွေရံများက ထိန်း,မထားပေးရ၏။
" နင် ရောက်ပြီဆိုမှတော့ ငါတို့သွားကြရအောင်"
အထဲမှာ ဘယ်သူနဲ့ပဲရှိနေပါစေ၊ သူတို့ ကြံစည်ထားတာတွေ မပေါ်အောင် တားရမည်။ မည်သူ့ကိုမှ ဝင်ရန်ခွင့်မပြုနိုင်ပါ။
သေလိုက်ပါတော့! အရိုင်းအစိုင်းကောင် ...အစကတည်းက ရိပ်မိနေလို့ အခန်းလဲအိပ်ခဲ့တာပေါ့?
အခြေအနေက အပြောင်းအလဲမြန်တာကြောင့် ဂရုတစိုက်တွေးတောရန် မမှီတော့ပြီ၊ အထဲက သူဖုန်းစားနှစ်ဦးကို မြန်နိုင်သမျှ အမြန်ဆုံး ပထုတ်ရမည်။
"ဒီအခန်းထဲ ဘယ်လိုလုပ် လူရှိနိုင်မှာလဲ? မနေ့ည ကျွန်တော် အခန်းလဲ အိပ်ခဲ့တယ်ဆိုပေမယ့် ညဘက်ကြီးလေ၊ စောင့်ကြည့်နေတဲ့သူ မရှိရင် ကျွန်တော် မရှိတာ သိမှာ မဟုတ်ဘူး"
ခုမှ တားချင်တယ်ပေါ့! အရမ်းနောက်ကျသွားပြီ။
ရှန်လျန် က ဖော်ထုတ်ချင်စိတ်အပြည့်ဖြင့်..
"အစောင့်တွေ ဘာလုပ်နေတာလဲ? အထဲဝင်ပြီး ရှိတဲ့လူ ဆွဲထုတ်ခဲ့ကြ"
"ဟုတ်ကဲ့"
ရှန်လျန်က သခင်လေးတစ်ယောက်အနေနဲ့ မနေ့က သူ့ရဲ့အရှိန်အဝါတွေကို ထုတ်ပြခဲ့တာကြောင့် အစောင့်တွေက သူ့အမိန့်ကိုမနာခံပဲ မနေရဲ။ အမြန် ရှေ့တက်ပြီး တံခါးဖွင့်ကာ ဝင်လိုက်ကြသည်။
"ရပ်စမ်း!"
သခင်မကြီးရဲ့ဟန့်တားသံက နောက်ကျသွားလေပြီ။ အစောင့်များက အခန်းထဲ ဝင်သွားပြီဖြစ်ကာ ထိုခဏ၌ မျက်နှာနီနီဖြင့် ကသုတ်ကရက် နောက်ပြန်ဆုတ်ကြ၏။ နောက်ဆုံးမှ ဝင်တဲ့ လူလည်း သူတို့နည်းတူ ချက်ချင်းပြန်လှည့်လာရာ လူတိုင်းကို ပဟေဠိဖြစ်စေသည်။
"ဘာဖြစ်လို့လဲ"
"အဲ့တာက...."
အစောင့်က မည်သို့ဖြေရမယ် မသိ၊ ရှန်လျန့် အကြည့်က နက်ရှိုင်းသွားပြီး ယောင်းကွမ်ကို မျက်ရိပ်ပြ၏။
"မင်းသွားကြည့်လိုက်"
"ဟုတ်ကဲ့"
ယောင်းကွမ် အခန်းထဲ ဝင်၏။ ထို့နောက် ပြန်လာပြီး လက်သီးဆုပ်သဏ္ဍာန်ပြုကာ သတင်းပြန်ကြား၏။
"သခင်လေး အမျိုးသမီးတစ်ဦး အိပ်ရာပေါ်မှာ ရှိနေပါတယ်၊ ပြုကျင့်ခံထားရပုံပဲ၊ သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်တော့ ရှစ်ယောက်မြောက်သခင်မလေးနဲ့ အတော်ဆင်တယ်!"
"ဘာပြောတယ်"
ထိုစကားကို ကျောက်လန်ကြားသော် ထိတ်လန့်တကြား အခန်းထဲ ပြေးဝင်သွားသည်။ သခင်မကြီးက နေရာမှာတင် တောင့်တင်းလျက် ရပ်နေမိပြီး တွေတွေကြီး ငေးငိုင်နေသည်။
သူတို့ပုံစံက သံသယဝင်စရာကောင်းတာကြောင့် ကျန်လူများကို သိချင်စိတ်ဖြစ်လာစေသည်။
ဘုရားကျောင်းဝန်းရှိ ဧည့်သည်နားနေဆောင်များမှာ သာမာန်အပြင်အဆင်များသာဖြစ်ရာ နယ်နမိတ်ကျယ်ဝန်းသော်လည်း ပရိဘောဂများများစားစားမရှိ ။ တစ်ချက်ကြည့်ရုံနှင့် အခန်းတစ်ခုလုံးအား ရှင်းရှင်းလင်းလင်း မြင်ရကာ အောက်သိုးသိုး အနံ့က လှိုင်လှိုင်ထနေသည်။
ကုတင်ကြီးပေါ်ဝယ် အဝတ်အစား ကင်းမဲ့သော အမျိုးသမီး တစ်ဦး ရှိ၏။ ဖြူဝင်းအိစက်သော ခန္ဓာကိုယ်က သေလူကဲ့သို့ တုပ်တုပ်မလှုပ်ပဲ လဲလျောင်းနေသည်။ ခန္ဓာကိုယ် တစ်ခုလုံးက နေရာအနှံ့ ခရမ်းရောင်အကွက်များ ပြည့်နှက်နေသည်သာမက နောက်ကျောဘက်မှာပါ ကြာပွတ်ရာ အစင်းကြောင်းကြီးကြောင့် လူတိုင်းကို ထိတ်လန့် အံ့ဩမိစေသည်။ ဘေးဘက်မှာတော့ သွေးစွန်းနေသည့် ကြာပွတ်က နှစ်ပိုင်းပိုင်းလျက်၊ သိသိသာသာပင် တမင်ဖြတ်တောက်ခံထားရသည်နှင့်မတူပါ။
ကြမ်းပြင်ပေါ်မှာလည်း ဖြဲစုတ်ခံထားရသည့် အဝတ်အပိုင်းအစများ ပြန့်ကျဲလျက် ၊ခြုံစောင်က အခန်းထောင့်တစ်နေရာ၌ ပုံလျက်သား ကျနေသည်။
စားပွဲပေါ်ရှိ ရေနွေးကရားအိုးလည်း ကျိုးပဲ့နေပြီး၊ အခန်းတစ်ခန်းလုံး ဓားပြဝင်မွှေသွားသလို မွစာကြဲ ပျက်စီးနေသည်။
"အား........."
"အား!"
အမျိုးသမီး အများစုက တိတ်တိတ်လေး ကြည့်ရှုမနေနိုင်ပဲ ကြောက်ရွံ့ထိတ်လန့်စွာ အော်သည်။ ထိပ်ဆုံးက ပြေးဝင်လာတဲ့ ကျောက်လန်က နှုတ်ခမ်း တစ်ခုလုံး တဆတ်ဆတ်တုန်လာပြီး ကုတင်ပေါ်က မိန်းကလေးဆီကို မယုံရဲစွာ လက်လှမ်းလိုက်သည်။
"ချောင်အာလား"
ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားရ၏။ အရှက်တကွဲအကျိုးနည်း ဖြစ်ရပြီ၊ သမီးဖြစ်သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မိခင်တစ်ဦးအနေနဲ့ မမှတ်မိပဲ ဘယ်ရှိလိမ့်မလဲ? မယုံကြည်နိုင်စွာ ရှန်ချောင်အား ဖက်ပွေ့ကာ ရှိုက်ကြီးတငင် ငိုယိုသည်။
"ချောင်အာ.. တစ်ကယ်ပဲ ချောင်အာလား"
အဖွားအိုက တုန်တုန်ရီရီနှင့်မေးရာ လုယန်က အေးစက်စွာဖြင့်..
"ဟုတ်တယ် သူပဲ"
"ဖူး...."
"သခင်မကြီး"
"အမေ!"
အဖွားအိုက ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်သည်။ ကူညီထိန်းမပေးထားသည့် လုယန်နဲ့ အခြွေရံလည်း ပျာယာခတ်စွာ အမြန် ကူညီပေးလိုက်ရသည်။
"သမားတော်သွားရှာ၊ သမားတော် ပင့်ခဲ့ကြ"
ဖြူဖျော့လျက် သွေးအန်ထားသော သခင်မကြီးကို ကူတွဲပေးထားလျက် လုယန် အော်သည်။
ကံမကောင်းစွာနှင့် လူတိုင်းက ငေးငိုင်နေကာ ပစ္စပ္ပုန်ကာလသို့ မရောက်လာကြသေး၊ ။ အဖွားအိုက တစ်ကိုယ်လုံး တုန်ရီလျက် ဖြူဖျော့ကာ နှလုံးသွေးအန်ထုတ်လိုက်ရသေးသော်ငြား ခေါင်းမာမာနဲ့ အကြည့်က အေးစက်နေဆဲပင်။ ဒီလောက်ခေါင်းကြောမာတာ အကူအညီ မလိုလောက်ပါဘူး။
"ချောင်အာ.. ငါ့ရဲ့ ချောင်အာလား၊ သမားတော် ဘယ်မှာလဲ မြန်မြန်သွားရှာလေ"
ရှုပ်ပွ ညစ်ပေနေသော ကုတင်ပေါ်ဝယ် ကျောက်လန်ကသူ့သမီးကို ဖက်ကာရှုံးပွဲချ အော်ငိုနေသည်။ အခြွေရံက ခုမှ အသိဝင်လာပြီး အမြန်နောက်ပြန်လှည့်ကာ သမားတော်ရှာရန် ပြေးထွက်သွားသည်။
"ဘာဖြစ်တာလဲ"
ထိုစဉ် ရှန်ဟွေးက အခန်းထဲ ဝင်လာသည်။ အခန်းထဲက အခြေအနေကိုမြင်သော် အလင်းတစ်ချက်လက်သွားပြီး သံသယဖြင့် ရှန်လျန့်ဘက် လှည့်ကြည့်လိုက်မိသည်။
"မင်းကို သတ်လိမ့်မယ်၊ မလာနဲ့၊ အဖွားကိုခေါ်ပြီး အခန်းပြန်ပို့လိုက်"
သူတို့သေချာ စီစဉ်ထားပေမယ့် ဘယ်လိုလုပ် ဒီလိုဖြစ်လာလဲ မသိပေမယ့် လုယန်က ဒေါသထွက်မနေ။
"ဟုတ်ကဲ့"
ရှန်လျန်က သူ့ကို အဖတ်မလုပ်တာ တွေ့သော် ရှန်ဟွေးခပ်မြန်မြန် တုန်ရီနေတဲ့ အဖွားအိုကို ကူတွဲပြီး ပြန်ရန် ပြင်၏။ ထိုစဉ်...
"တုံးလင်အိမ်တော်ရဲ့ သခင်မကြီးက ဘယ်တစ်ယောက်လဲ"
"မင်းကရော ဘယ်သူလဲ"
အသံမာမာနဲ့ လူတစ်ချို့ကြောင့် လုယန် ဗြုန်းစားအော်ပစ်လိုက်သည်။
"ကျုပ်တို့က တော်ဝင်မင်းသားကြီးရဲ့အနီးကပ် ကိုယ်ရံတော်တွေပဲ၊မနေ့ညက ရှန်ချန်နဲ့၊ ရှန်ကျင်းဆိုတဲ့ မိန်းကလေးနှစ်ဦးက စတုတ္ထမင်းသားရဲ့ အိပ်ရာပေါ်တက်ခဲ့တယ်၊ သူတို့ကိုလာပြန်ခေါ်ဖို့ လူလွှတ်ပေးပါ"
မင်းသားကြီးက အတော်လေး မောက်မာတာပဲ!
ထိုလူတွေက သူတို့အား အဖတ်မတန်သလို ဆက်ဆံသည်။ အခန်းထဲကို တစ်ချက်ဝေ့ကြည့်ကာ ချက်ချင်းပဲ မျက်နှာအမူအရာပြောင်းလဲသွားသည်က သိသာ၏။
"ဘာပြောတယ်"
သမီးရဲ့ နာမည်ကိုကြားလိုက်ရရာ လုယန် ရင်ထိတ်ပြီး စူးစူးဝါးဝါးအော်သည်။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကျင်းအာက တုံးလင်အိမ်က သခင်မလေးလေ၊ သူဘယ်လိုလုပ်..."
လုယန်က သိပ်မစဉ်းစားတတ်တာတောင် မထိမ်းမြားခင် အိပ်ရာပေါ်တက်တာက အနာဂါတ်မှာ အထင်သေးခံရမယ်ဆိုတာ သိသေး၏။ သူ့သမီးက အလွယ်လမ်းရွေးချယ်သွားမယ်လို့ မယုံကြည်နိုင်ဖြစ်နေ၏။
"မဖြစ်နိုင်ဘူးတဲ့လား၊ ဒီလို မဖြစ်ချင်လည်း တော်ဝင်မင်းသားအားလုံးအပါအဝင် မြို့စားမင်းကိုယ်တိုင် လက်ပူးလက်ကြပ်မိတာ"
တတိယသခင်မရဲ့ ဆက်ဆံရေးက ဆိုးဝါးတာကြောင့် မင်းသားကြီးရဲ့ ကိုယ်ရံတော်တွေဟာလည်း ယဉ်ကျေးမနေချေ။ ပြောသင့်တာပြောပြီးသည်နှင့် လှည့်ပြန်သွားကြသည်။
"မဖြစ်နိုင်ဘူး..."
လုယန် အာခေါင်ခြစ်အော်သည်။ တခြားသူတွေကို ဂရုမစိုက်အားတော့ပဲ သူ့သမီးက ထိုအခန်းထဲမှာ တစ်ကယ်ရှိမရှိ စစ်ဆေးရန် မစောင့်နိုင်တော့ သလို ဝုန်းဒိုင်းပြေးသွားသည်။
"အစ်ကိုသုံး၊ ဖွားဖွားကြီးကို ပြန်ပို့ပြီး သမားတော်ပင့်ပေးလိုက်ဦး၊ ကျန်တဲ့သူတွေလည်း ဖွားဖွားကို ပြုစုဖို့တူတူ လိုက်သွားကြ "
လုယန်က ထွက်သွားသည်။ ကျောက်လန်က ရှန်ချောင်ကို ဖက်ပြီး ငိုနေဆဲဖြစ်ရာ သခင်မကြီးလည်း ဘာဆက်လုပ်ရမယ်မသိ ဒီတိုင်းရပ်နေမိသည်။ အခြွေရံတွေလည်း ဦးဆောင်မယ့်သူ မရှိတာကြောင့် ကြောင်ငေးကာ ရပ်နေကြသည်မှာ ရှန်လျန် အမိန့်မပေးခင်အထိပင်။ ရှန်ဟွေးက အဖွားကို ကူတွဲပြီး ထွက်ခွာသွားသည်။ အခြွေရံများက ရူးသွပ်စွာ ငိုယိုနေတဲ့ ကျောက်လန်ကိုကြည့်ပြီး သူတို့လည်ပင်းတွေ အေးခနဲ ဖြစ်လျက် ခပ်သုတ်သုတ် ပြန်သွားသည်။
"ဒါတွေက..."
ရှန်လျန် တစ်ခွန်းမှ မပြောပေမယ့် မျက်နှာပေါ်က မဲ့ပြုံးက အရာအားလုံးကို ရှင်းပြနေသယောင်။ ဝမ်းနည်းနေတဲ့ ကျောက်လန်က ရုတ်ချည်း ခေါင်းမော့ကာ...
"မင်းပဲ၊ အဲ့တာ မင်းလုပ်တာ ဟုတ်တယ်မလား! ငါ့သားကိုလည်း မင်းပဲ ဖျက်ဆီးတာ ၊ခုငါ့သမီးလည်း မင်းကြောင့် ဖျက်ဆီးခံလိုက်ရပြီ၊ မင်းကို အသေ သတ်မယ် မကောင်းဆိုးဝါးကောင်!"
ချောင်အာက အလိုလိုနေရင်း ရှန်လျန့်အခန်းထဲ ရောက်နေစရာအကြောင်းမရှိ၊ ရှန်လျန့်အပြင် ဒုက္ခပေးချင်တဲ့ တခြားလူလည်း မရှိ။
ရှန်လျန်ဆိုတဲ့ကောင်ကို အပိုင်းပိုင်းဆွဲစုတ်ပြီး အရေခွံလှန်ကာ ပြာပဲကျန်တဲ့အထိ မီးလောင်တိုက်သွင်းပစ်မည်။
2649 words
🍇 Grape