no

Font
Theme

'စစ်မှန်သော တရားဝင်ဇနီး'


"ရှန်သခင်လေး တချို့စကားတွေက သက်သေ ရှိမှ ပြောရတယ်ဗျ၊ ကျုပ်ညီမ ရှုဟန်က လက်ရှိတုံးလင်အိမ်တော်ရဲ့ သခင်မကြီးဖြစ်နေသေးတယ်နော်၊ မမှီမကမ်းနဲ့ တုံးခုရင် ဘာဖြစ်တတ်လဲ သိလား"


လျိုဝမ်ကျင်းက တန်ပြန် တိုက်စစ်ဖွင့်လိုက်သည်။ သို့သော်....


"ဟားဟားဟား"


ရှန်တာ့က ကျယ်လောင်စွာ အော်ရယ်သည်။ ရှန်လျန်လည်း နှာမှုတ်လျက်...


"သခင်မကြီးဆိုပဲ?လျိုဝမ်ကျင်း ခင်ဗျားရဲ့ ခွေး မျက်လုံးကိုဖွင့်ပြီး သေချာကြည့်စမ်းပါ၊ ဒီနေရာမှာ ဘယ်သူကသာ တရားဝင်ဇနီးလည်း ဆိုတာ!"



လျိုဝမ်ကျင်းက အစွမ်းအစလည်း မရှိပဲ လျိုရှုဟန်ကို ကာကွယ်‌‌ချင်နေသေးတယ် ..အိပ်မက်ထဲမှာပဲရမယ်!


ဒီလူ့လောက် မျက်နှာပြောင်တဲ့သူကို တစ်ခါမှ ..မတွေ့ဖူးပေါင်၊ ဝေကျစ်ချန် တစ်ယောက်လုံးထိုင် နေတာကို လျိုရှုဟန်က တရားဝင် ဇနီးပါလို့ ပြောရဲ သေးတယ်၊ လျိုဝမ်ကျင်းကိုတောင် သူတို့က သတိပေးနေရမယ်ဆိုရင် တခြားလျိုမိသားစုဝင် တွေဆို တွေးတတ်မှာကိုမဟုတ်။


"ရှန်လျန် စကားပြောမရိုင်းနဲ့ ၊ ချမှတ်ထားတဲ့ ဥပဒေကို မင်းဆန့်ကျင်လို့မရဘူး"


ခွေးမျက်လုံးတဲ့! လူအများရှေ့ သူ့ကို ခွေးနဲ့ နှိုင်းရဲတယ်!


လျိုဝမ်ကျင်းရဲ့ အကြည့်ထဲ ကြမ်းကြုတ်မှုတွေ ဖြတ်ကနဲ ပြေးသွားကာ ထိုဒတင်္ဂ အရှင်လတ်လတ် လူသတ်ချင်စိတ်ဖြစ်သွား၏။ 


"ဘယ်စည်းကမ်းကို ချိုးဖောက်မိလို့လဲ လျိုဝမ်ကျင်း? တရားခုံရုံးက လူတွေခေါ်လာခဲ့လေ... ကျုပ်မြို့စားမင်းကြည့်ရအောင်... ဘယ်သူက ကတော်လောင်း ကို ထိရဲလဲလို့!"


တိတ်ဆိတ်နေခဲ့တဲ့ ဖေးယွမ်ရွှင်းက ရှန်လျန့်ကိုထိလာတဲ့အခါမှာတော့ ပြင်းပြင်းထန်ထန် ကာကွယ်သည်။ 


"ကျုပ် မလုပ်ရဲပါဘူး"


ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ကျိန်ဆဲကာ ပြဿနာနှစ်ထပ်ကွမ်း ရှာမိသည့်အတွက် လျိုဝမ်ကျင်း မျက်နှာ ပျက်နေသည်။ ဦးညွှတ်ပြီး တောင်းပန်လိုက်ရသည်။ ဖေးယွမ်ရွှင်းက သူသွားရှုပ်လို့ရသည့် လူမှ မဟုတ်ပဲ၊ ရှန်လျန့် ပါးစပ်က အဆိပ်ပြင်းနေရင်တောင် မြို့စားမင်းရှေ့ ဘာမှ သွားလုပ်လို့ရမှာ မဟုတ်ဘူး။


 "မလုပ်ရဲဘူးဟုတ်လား? ကျုပ်က ဘာလဲဆိုတာ ခင်ဗျားသိသေးတဲ့ ပုံပဲ၊ မှတ်ထားစမ်း! ရှန်လျန်က ကျုပ်ရဲ့ အနာဂါတ်ဇနီးလောင်း... သူ့အပေါ် မလေးစားတဲ့ စကားတွေထပ်ကြားလို့ကတော့ ခင်ဗျားရဲ့ လျှာ အပြတ်ပဲ!"


ဇနီးကိုကာကွယ်တဲ့ အရှိန်အဝါက ပေါ့သေး‌သေးမဟုတ်၊ ဖြစ်လာမယ့် အကျိုးဆက်ကို တစ်ခါထဲ အပြတ် ကြေငြာသည်။ ပြောရင် ပြောတဲ့အတိုင်းလုပ်မယ့်ရုပ်ကို လူတိုင်းမြင်နိုင်သည်။ 


"မြို့စားမင်း ရှေ့လတုန်းက အမဲလိုက်ထွက်သွားတယ်လို့ကြားပါတယ်၊ ဘယ်လို အကြောင်းကြောင့် ရှန်သခင်လေးတို့နဲ့အတူ ပြန်ရောက်လာတာပါလဲ"


လျိုဝမ်ကျင်းက ဒေါသတွေ ပြန်မျိုချသည်။ ဒေါသထွက်သည့် အလျောက် ပြောဆိုမရသဖြင့် ပြုံးပြီး စကား ပြောနေရသည်။ ဒီလို တော်ရုံ မဟုတ်တဲ့ အရှိန်အဝါကြောင့်ပဲ ဧကရာဇ်တောင် မနာလို ဖြစ်နေရတာ၊ ဖခင်ရဲ့ မေးခွန်း‌ေကြာင့် ဖေးယွမ်ရွှင်းက သူ့အ‌ေဖဘက် ကြည့်လာသည်။ 


ချက်ချင်း မဖြေပဲ ပျင်းတိပျင်းရွှဲ ဟန်ပြောင်းကာ..


"ဇနီးလေး ဘယ်သွားသွား သူ့နောက်လိုက်ရတာ ကျုပ်သဘောကျတယ်၊ ဘာလဲ? ကျုပ်လုပ်သမျှ ခင်ဗျား လိုက်ထိန်းချုပ်ချင်တာလား"


"မလုပ်ရဲပါဘူး၊ မြို့စားမင်းက ဧကရာဇ်ရဲ့ တူတော်ပါ၊ စကားအဖြစ် မေးရုံတင်ပါ၊ ကျုပ်မထိန်းချုပ်ရဲပါဘူး"


လျိုအကြံပေးရဲ့ မေးခွန်းက အပိုင်း၁နဲ့ တင် ဇာတ်သိမ်းသွားသည်။ သူတို့တွေ စကား ပြောနေစဉ်အတွင်း ဝေမိသားစုရဲ့စိတ်တွေ ပြန်တည်ငြိမ်သွားသည်။ ရှန်တာ့ ဘယ်အချိန်ကတည်းက စစ်ထဲ ဝင်ပြီး စစ်ဗိုလ်ထိ ဖြစ်သွားလဲ သူတို့မသိသလို၊ ထိုသို့ဖြစ်အောင် အခြေအနေဖန်တီးပေးတဲ့ လျိုမိသားစုဝင်တစ်ဦးချင်းစီတိုင်းကို သေချာမှတ်ထားမိသည်။ လျိုအကြံ ပေး အမတ်၊ လျိုဝမ်ကျင်း၊ လ်ျုရှုဟန်၊ ရှန်ရှောင်...ကြောက်ရွံ့ခြင်းကင်းတဲ့ လူတွေပဲ!



"ရှန်ရွေ့ထင် ခုချက်ချင်း မသေချင်ရင် ငါ့ရှေ့ လာစမ်း!"


ဆေး‌ေသာက်ပြီး သက်သာစပြုလာတဲ့ ရှန်ရွေ့ထင်သည် ကန်နိုးခံလိုက်ရသလို လန်းဆန်းသွားပြီး တစ်ကိုယ်လုံးတုန်ကာ ထရပ်လိုက်သည်။ သို့သော် သူ့ကိုယ်သူ ကောင်းကောင်း မရပ်နိုင်သေးသဖြင့် ရှန်ကျီက ဖေးမသည်။ ပါးစပ်နဲ့ ရင်ဘတ်တစ်‌ေလျှာက် သွေးပေ နေဆဲ ရှန်ရွေ့ထင်က ရှေ့ကိုတလှမ်းချင်းလျှောက်သည်။ ထိုအချိန်ထိ ဝေကျစ်ချန်ကို သူတစ်ချက်မှ လှည့်မကြည့် ဖြစ်သေးပါ၊ အသက်ရှင်လျက်ပြန်လာတဲ့ ကျစ်ချန်ဟာ နှလုံးသားအပေါက်နဲ့ ပြန်လာတာဖြစ်မည်။ 


"ယောက္ခထီး"

"မခေါ်နဲ့၊ ယောက္ခထီးလို့ ခေါ်ရအောင် မင်းရဲ့သမက်တာဝန်တွေ ဘယ်လောက်ပြည့်မှီခဲ့လို့လဲ"


ရှန်ရွေ့ထင်ကရှန်ကျီကို ဘေးတွန်းလိုက်ကာ ဒူး ထောက်သည်။ ယောက္ခထီးကြီး ပြောတဲ့ စကားကမှန် နေရာ ရှန်ရွေ့ထင် တခွန်းမှ ခွန်းတုံ့မပြန်နိုင်။ မှန်၏။ သူ့မှာ ဘာအရည်အချင်းမှ မရှိ၊သူ ဘာ ကြောင့် ဘာမှ မစုံစမ်းခဲ့မိသလဲ? ဆယ့်ငါးနှစ်လုံးလုံး ‌‌‌‌‌‌‌‌ကျစ်ချန်က ဒီခြံဝန်းထဲမှာပဲ ရှိနေခဲ့သည်တဲ့။



ဖိုးဖိုးဝေမှာ ထုံပေပေ ဒူးထောက်နေတဲ့သူ့ကို ကြည့်လေ ပိုဒေါသထွက်လေပင်။ သူ့ရဲ့ လူသတ်ချင်သည့်စိတ်ကို မြင်သည့် ဝေသခင်မက ဝင်ထိန်းသည်။


"ရှန်ရွေ့ထင် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အမှန်တရားကို ငါသိချင်တယ်"


"အဖေ"


ရှန်ရွေ့ထင် မျက်ရည်ဝေ့သည်။ ဟိုစဉ်က သူနဲ့ ကျစ်ချန်ကို ယောက္ခထီးကြီး ကန့်ကွက်ရာတွင် အဖေယွဲ့ ကသာ ဆက်ဆံရေး ပြေပြစ်ခဲ့တာဖြစ်သည်။ ယခု သူ့အပေါ် အေးစက်တဲ့ သဘောထား ရှိနေရတာဟာ သူ ကျစ်ချန် အပေါ် မကောင်းခဲ့လို့ပဲ မဟုတ်လား?အချစ်ဆုံးသားကို သူ့ဆီ ယုံယုံကြည်ကြည်အပ်ခဲ့ပေမယ့် ထိုယုံကြည်ခြင်းကို သူကိုယ်တိုင်ဖျက်ခဲ့မိသည်။ ကျစ်ချန်က နှစ်အကြာကြီးနှိပ်စက်ခံခဲ့ရသည်။


"ရှန်ရွေ့ထင် မင်းငါ့ကို ဘယ်လိုကတိ ပေးခဲ့လဲ မှတ်မိလား၊ ငါသိပ်မှားသွားတယ်၊ အဲ့ဒီအချိန်က ငါတစ်ကယ် ကန်းခဲ့တာပဲ၊ မင်းက ငါ့သားနဲ့ မတန်ဘူး၊ မင်းက ဝေမိသားစု သမက်မဖြစ်ထိုက်ဘူး"





ဝေသခင်မဆီက အကြင်နာမဲ့ သွေးအေးတဲ့ စကားလုံးတွေ ထွက်ကျလာတာ အံ့ဩစရာမဟုတ် ချေ။ စိတ်ရှည်ပြီး ကြင်နာတတ်ကာ အရင်ချိန်က သူ့သားဘာလုပ်လုပ် အလိုလိုက်ခဲ့သည်။ သားဖြစ်သူက ရှန်ရွေ့ထင်နဲ့ ရည်ငံ‌ေတာ့လည်း လက်ထပ် စေခဲ့သည်။ အားလုံးက သားလေး ပျော်ရွှင်နိုင်ဖို့အတွက်သာ ရည်ရွယ်သည်။ ယခုလို မိသားစုတကွဲတပြားပျက်စီးနေတာမျိုး မဖြစ်စေချင်သလို ၊သားဖြစ်သူ နာကျင်ရတာမျိုး၊မြေးတွေ ဒုက္ခရောက်တာမျိုးပို၍ပင် မဖြစ်‌ေစချင်။ 


ရှန်ရွေ့ထင်ရဲ့ ချွေးစေးတွေ လည်ပင်း တလျှောက် စီးဆင်းသွားသည်။ တစ်ချိန်တည်းမှာပဲ သွေးတပွက်အန်ချင်စိတ်ကိုဖိနှိပ်ကာ မြေပြင်မှာပြား နေ‌ေအာင်ဝပ်တွားလိုက်ပြီး ကပျာကယာဆိုသည်။ 


"အဖေယွဲ့ ကျုပ် မှားသွားပါတယ်၊ ကျုပ်မှားသွားတာပါ၊ ကျုပ်ရဲ့ အပြစ် တွေပါ"


အသက် လေးဆယ်အရွက်လူကြီးက ကလေးတစ်‌ေယာက်လို ငိုယိုကာအမှားဝန်ခံသည်။ ယောက္ခမ‌ေကာင်းတစ်ဦးကို ဆုံးရှုံးရတာမနှ‌ေမျှာဘူးဟုဆိုလျှင် လိမ်ရာကျမည်။ သူနှမျှောတာပေါ့.. အားလုံး သူ့အမှားပဲ။



"ဖိုးဖိုး ကျွန်တော့်လူတွေနဲ့ အကြောင်းစုံ ပြောပြပါ့မယ်"


ရှန်လျန်က အဖိုးတို့ကို တလေးတစားဆိုသည်။ လက်ရှိမှာ လျိုလူကြီးတွေ ကာကွယ်ချင်နေတဲ့ လ်ျုရှုဟန်ကို အရင်စီရင်ချင်သည်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ မြင်သွားစေချင်သည်။ 


"ကောင်းပြီ"


ဝေသခင်မ ခေါင်းငြိမ့်သည်။ တခ်ျန်တည်းမှာပဲ ခင်ပွန်းနဲ့ သားတွေကို ဝင်မနှောင့်ယှက်တော့ရန် အရိပ်အကဲပြလိုက်သည်။ လျန်လျန်က သူကျေနပ်တဲ့ အဖြေတစ်ခု ပေးမယ်လို့ ယုံသည်။ သားအတွက်ဂလဲ့စားချေသည့်ကိစ္စမှာတော့ တရားခံကိုအကြိမ်တရာ၊ တထောင် တသောင်း ပြန်ပေးဆပ်စေမည်။ 


"ယွမ်ရှောင်း"


လျိုမိသားစုစီ တစ်ချက်ကြည့်ကာ ရှန်လျန် နာမည်တခု ခေါ်သည်။ 


"ပဉ္စမ သခင်လေး"


ယွမ်ရှောင်း ထရပ်ကာ ထူးသည်။ ရှန်လျန်က အရိပ်ပြသဖြင့် ယွမ်ရှောင်းက သဘောပေါက်စွာ လူတ်ုင်းဘက် မျက်နှာလှည့်သည်။ထို့နောက် ဖြည်းဖြည်းချင်း ပြောပြသည်။ 


"ရှေ့လအနည်းငယ်က သခင်မကြီး သေ ဆုံးတာ မရိုးသားမှုတစ်ခုခုရှိမှန်း သခင်လေးက သတိထားမိသွားပါတယ်၊ သေဆုံးစဉ်က သခင်မရဲ့ ရုပ်ကလာဘ်ကို နောက်ဆုံးမြင်တဲ့သူကလည်း လျိုအမျိုးသမီးကလွဲ မရှိပါဘူး၊ သခင်လေးက ကျွန်‌ေတာ့်ကို သခင်မ မီးဖွားစဉ် သွေးထွက်လွန်ပြီး နောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ စုံစမ်းဖို့ တာဝန်ပေးခဲ့ပါတယ်၊အဲ့ဒီနောက် ကျွန်တော်ရှာတွေ့တဲ့အချက်က သခင်မအတွက် အလုပ်လုပ် ပေးတဲ့သူအကုန် ဒီအိမ်မှာ မရှိတော့ပါဘူး၊ ပိုထူးဆန်းတာက သူတို့က မောင်းထုတ်ခံရတာပါ၊ တချို့က ရုတ်တရက် သေဆုံးပြီး တချို့က ပျောက်ဆုံးသွားတာ အစအနရှာ မတွေ့ပါဘူး၊ ဆက်စုံစမ်းတော့ သခင်မ မီးဖွားတဲ့နေ့မှာပဲ တုံးချန်ဘက်က လူတစ် ယောက် ကိုယ်ဝန်နဲ့ သေဆုံးသွားတာ ရှိပါတယ်၊ ချက်ချင်း မြေမြှုပ်ခဲ့ပြီး သူ့မိသားစုက နယ်ပြောင်းသွားခဲ့တယ်လို့ သတင်းကြားတာနဲ့ ကျွန်တော်သွားစုံစမ်းခဲ့ပါတယ်၊ 



ရွာသားတွေပြောပုံအရ ကိုယ်ဝန်သည် သေဆုံးတဲ့ညမှာပဲ လျိုမိသားစုရဲ့ လှည်းယာဉ် ရောက်လာတာ တွေ့တယ်လို့ ဆိုပါတယ်၊ သခင်မ တစ်ကယ် မသေတာ ဖြစ်နိုင်ပြီး၊ လူချင်းလဲတာ ဖြစ်မယ်လို့ ကျွန် တော် တွက်ဆပြီး သခင်လေးနှစ်ယောက်ကို အပြေး ပြောပြခဲ့ပါတယ်၊ ရှေ့ဆယ်ရက်က သခင်မရဲ့ ဂူကို တိတ်တဆိတ်တူးကြည့်ခဲ့မိတဲ့အတွက်ကို‌ေတာ့ ဒီငယ်သားအနူးအညွတ် တောင်းပန်ပါတယ်၊အရိုးစုကို စစ်ဆေးတဲ့ အခါမှာ သခင်မနဲ့ ကိုက်ညီမှုမရှိတာ ၁၀၀ရာနှုန်း သေချာသွားခဲ့တာပါ၊ သခင်မ မသေဆုံးပါဘူး"


ယွမ်ရှောင်းက ခဏနားပြီးမှ ဆက်ပြောသည်။ 


"အဲ့ဒီ‌ေနာက် လျိုရှုဟန်ကို မျက်ခြေမပြတ်ထောက်လှမ်း‌ေနခဲ့ရာက ထင်းသို လှောင်ခန်းမှာ ဝင်ပေါက်တစ်ခု ရှိသေးတာ သိလိုက်ရပါတယ်၊သခင်မက အဲ့ဒီအခန်းမှာ ဖွက်ခံထားရတာပါ"


ယွမ်ရှောင်းက တချို့ကိုထိန်ချန်ကာ ပေြာသည်။ ဒီလောက်ဆို လူတိုင်းဇာတ်လမ်းကို သိသွားနိုင်ပြီဖြစ်၏။ ဘယ်သူဘာလုပ်ခဲ့လဲဆိုတာ ရှင်းလင်း နေပြီ။ 



"အတင့်ရဲတဲ့ ကောင်မ"


ဖြန်း!!!


ရှန်ရွေ့ထင် ဘယ်ကအားတွေရှိလာလဲ မသိ ထကာ လျုရှုဟန်ကို လဲကျသည်ထိ အားကုန်သုံးပြီးရိုက်သည်။ နှုတ်ခမ်းထောင့်မှ သွေးတွေ စီးကျလာသည်။ 


"ရှုဟန်!"


"အမေ!"


"အား...မလုပ်ပါနဲ့"


ရှန်ရွေ့ထင်က ထိုမိန်းမ၏ ဝမ်းဗိုက်ကိုပြင်းပြင်းထန်ထန် ကန်သည်။ လျိုရှုဟန် နာနာကျင်ကျင် အော်ရင်းက သူ့အပေါ်ရက်စက်တဲ့ ရှန်ရွေ့ထင်ကို မော်ကြည့်မိ၏။ ဒီလူ သူ့ကို မချစ်ခဲ့ဖူးဘူးလား? ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ?


လ‌ျိုဝမ်ကျင်းနဲ့ ရှန်ရှောင်က ကူညီဖို့ ရှေ့တိုးလာသည်။ 


"ရှန်ရွေ့ထင် တော်တော့!"


ဆက်ကန်နေတာ မြင်တော့ လျိုဝမ်ကျင်းက ကြားဖြတ်ကာ ဝင်ကာသည်။ ထိုအချိန်ကို အမိအရ အခွင့်အရေးယူပြီး ရှန်ရှောင်က မိခင်ကိုထူမ ပေးသည်။



ရှန်ရွေ့ထင်ရဲ့ မျက်နှာက အမုန်းတရားပြည့်နှက်လျက်...


"လျိုဝမ်ကျင်း ကျုပ်က ဒီအိမ်ရဲ့ သခင်၊ ဒီအဆိပ်ပြင်းတဲ့ မိန်းမကို ကျုပ်ဆုံးမနေတာ ၊အိမ်တွင်းရေး ခင်ဗျားဝင်မပါနဲ့၊ တုံးလင်အိမ်ထဲ ဝင်လာပြီးရင် သူသေသေ ရှင်ရှင် ဒီအိမ်နဲ့ပဲ ဆိုင်တယ်"


"မင်းနဲ့ ယူပြီးရင်တောင် သူက ကျုပ်ညီမပဲ၊ ညီမကိစ္စ အစ်ကိုနဲ့ ဆိုင်တယ်"


လျိုဝမ်ကျင်းနဲ့ ရှန်ရွေ့ထင် မျက်နှာချင်းဆိုင်ကာ စစ်ထိုးသည်။ ရှန်ရွေ့ထင်က အကြင်နာကင်းစွာ..


"မဟုတ်ဘူး၊ သူနဲ့ကျုပ်က ဘာမှ မဆိုင်ဘူး၊ အစကတည်းက မပျော်မယားပဲ၊ ဇနီးနေရာ ယူချင်ရင် ကျုပ် သေမှပဲရမယ်၊ ဧကရာဇ်နဲ့ ခြိမ်းခြောက်လည်း ကျုပ်က နေရာမ‌ေပးနိုင်ဘူး ရှင်းလား!"


"မင်း!"


"သခင်ကြီး၊ ကျွန်မ သခင်မကို မဖမ်းထားပါဘူး၊ ကျွန်မ မလုပ်ဘူး၊ အဲ့တာ သခင်မကြီး လုပ်တာ၊ သခင်မကြီးက သူ့လက်၊ခြေ တွေ ချိုးပစ်တာ၊ ကျွန်မက ဒီတိုင်း သူ့ကို စောင့်ကြည့်ထားဖို့ တာဝန် ပေးခံရတာပါ"


လျိုရှုဟန်က ငိုယ်ုရင်း အရူးလို အော်ကာ ရှင်းပြသည်။ ပြဿနာအကုန် သခင်မကြီးထံ လွှဲချသည်။ 


"တိတ်စမ်း! လျှာရိုးမရှိတိုင်း ပြောတယ်၊ အမေက နင့်အပေါ် ဘယ်လောက်ကောင်းခဲ့သလဲ"


ရှန်ရွေ့ကျန်းက မိခင်ထိတော့ ထကာ ဆဲဆိုသည်။ 


"ဝူး ဝရူး"


ဝေကျစ်ချန်က စိတ်လှုပ်ရှားစွာ ဖြင့် အသံ ထွက်လာသည်။ 


‌အရူး တွေ ..သူ စကားမပြောနိုင်ပေမယ့် ကန်းနေတာ မဟုတ်ဘူး!ဒါပေမယ့် ပြောပြလို့လည်းမရ၊ စာရေးပြလည်းမရနဲ့ ဒုက္ခ တွေ့နေသည်။ လျိုရှုဟန်က သူ့ကို ရှေ့ထားပြီး လူတိုင်းကို အယုံသွင်းသွားမှာ စိုးသဖြင့် ကူကယ်ရာမဲ့ နေရသည်။ ရှန်တာ့နဲ့ ဝေမိသားစုမှာလည်း ကျစ်ချန်က အမှန်တရားကိုမပြောပြနိုင်သဖြင့် ဘာကိုယုံရမလဲ ဆန်းစစ်‌ေနရသည်။ 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment