'ဝမ်ရယ်ဒေါသထွက်ပြီ'
"သူတို့ဒီလိုလုပ်မယ်မှန်း အစကတည်းက ရိပ်မိထားတာလား"
ဖေးယွမ်ရွှင်း မျက်မှောင်ကြုံ့နေသည်။ ဘာကြောင့်ရယ်မသိ ရှန်လျန်က အရေးကြီးသည့် အချက်ကို ဖုံးကွယ်ထားသလ်ု ခံစားရသည်။
"ကြိုတင်ကာကွယ်ထားရုံတင်ပါ၊ သူတို့က ကျွန်တော့်ကို ဆေးတိုက်ပြီး ကိုယ်ဝန်မဆောင်နိုင်အောင် လုပ်တာလေ၊ အရင် ရန်လာစတာ၊
ခုလည်း ဆေးနဲ့ ထပ်လုပ်ပြီး ကျွန်တော့်ဘဝကို ဖျက်ဆီးခိုင်းတယ်၊ သူတို့လမ်းကြောင်းအတိုင်း လျှောက်မိသွားရင် ပထမဆုံး ကျွန်တော့်ခန္ဓာက်ုယ်က စုတ်ပြတ်သွားမယ်၊ ဒုတိယ ..အဖတ်ဆယ်မရအောင် နာမည်ပျက်သွားမယ်၊ ကျွန်တော်က 'ကော'တစ်ယောက်ဖြစ်ပြီး ကလေးမမွေးနိုင်ဘူးဆိုရင် ဘဝဆုံးပြီလေ"
သေချာတာပေါ့ သူ့မှာ အသိလေးနည်းနည်းရှိတာကြောင့် အရင်ဘဝက ကြုံဖူးခဲ့တယ်ဆိုတာ ဘယ်ထုတ်ပြောမလဲ?
"ဘာ! သူတို့ မင်းကို သန္ဓေတားဆေးတိုက်တာလား? ဘယ်အချိန်တုန်းကလဲ?"
ရှန်လျန်က အကြောင်းအရာကို ကြိုသိတဲ့အကြောင်းမပေါ်စေဖို့ပဲ ဂရုစိုက်မိပြီး သန္ဓေတားဆေးတိုက်ခံရတာကို ဖေးယွမ်ရွှင်း မသိဘူးဆိုတာ မေ့သွားသည်။
ဖေးယွမ်ရွှင်းရဲ့ ဒေါက ကချက်ချင်း မုန်တိုင်းထန်လာပြီး.. ထျန်းရှု ၊ယောင်းကွမ်နဲ့ လေ့ကျန်းဘက်ကို ခက်ခက်ထန်ထန် လှည့်ကြည့်သည်။ ရှန်လျန် မသိလိုက်ဘာသာနဲ့ အနည်းငယ် တုန်သွားသည်။ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ ပါးစပ်ကြောင့် ကိုယ့်ကိုကိုယ် ဆူပူလိုက်သည်။
"အဟမ်း.. အဲ့တာကလေ သူတို့ မအောင်မြင်သွားပါဘူး၊ ဟယ်ရှန်းခြံဝန်းက ပြန်ထွက်လာတာနဲ့ အပ်စိုက်ပြီး ဆေးမပျံ့သွားအောင် တားလိုက်နိုင်တယ်၊ ကျွန်တော့်အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း အကုန်အန်ထုတ်လိုက်ပြီး ဆေးသောက်လိုက်တာ၊ ဘာမှ မဖြစ်တော့ဘူး"
ဖြစ်ပျက်ခဲ့တာကို ပြန်ပြောင်းပြောပြရင်း အင်္ကျီအနားစကို ဆွဲစုပ်နေမိသည်မှာ မတရားခံရသူလ်ိုလို၊ ဘာကြောင့်ရယ်မသိ ထိုသူရှေ့မှာဆို သူက အားနည်းသွားသည်ဟု ခံစားရ၏။
"ဘာမှမဖြစ်တော့တာနဲ့ ကျုပ်ကို ဖုံးကွယ်ထားတယ်ပေါ့? ပြောပြစရာမလိုတော့ဘူးပေါ့?"
ဖေးယွမ်ရွှင်းမှာ ဒီလိုကိစ္စကြီးကို ဖုံးကွယ်ခံထားရခြင်းေကြာင့် ဒေါသတကြီး ရိုက်ပစ်လိုက်ချင်သည်။ဒီနေ့ မတော်တဆ ထုတ်မပြောမိရင် သူဘယ်တော့မှ သိရတော့မှာလဲ? အငယ်လေးက အမှီခိုကင်းပြီး ကိုယ့်ကိုကိုယ် စီစဉ်တယ်၊ မတိုင်ပင်ဘူး၊ပြောလည်း မပြောပြဘူးဆိုတော့ သူနဲ့ တူတူ ကျန်တဲ့ ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့ဆန္ဒရှိတာရော ဟုတ်ရဲ့လား?
"ခင်ဗျားက ရေဘေးဒုက္ခသည်တွေကိုကူညီကယ်တင်ပေးနေရတာလေ.. ကိစ္စကြီး မဟုတ်တော့ တကူးတကဖြစ်နေ..."
"မင်းနဲ့ ပတ်သက်သမျှက ကိစ္စကြီးပဲ!"
အားပြင်းတဲ့ အကြည့်တွေအောက်မှာ ရှန်လျန် ပိုပိုပြီး အားနည်းလာသည်။ စကားဖော့ပြောပေမယ့် ဖေးယွမ်ရွှင်းက ပြင်းပြင်းထန်ထန် ဆူပူဆဲ၊ ဒေါသက ပြေလျော့မသွားပဲ တိုးမြဲတိုးလာသည်။
"အပြင်မှာ သွားစောင့်နေကြ"
ထောင့်နားကပ်ကာ ထိတ်လန့်နေတဲ့ ထျန်းရှုတို့လူစုအား အရင် အပြင်ထွက်ခိုင်းလိုက်၏။ မီးဝင်းဝင်းတောက်နေတဲ့ ဖေးယွမ်ရွှင်းဆီ မသွားခင် ရှန်လျန် အရင်ဆုံး မျက်စိမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ စိတ်ကိုလုံလုံလောက်လောက် ပြင်ဆင်ပြီးမှ အနားတိုးသွားသည်။
"ဝမ်ရယ်...."
"ဖြန်း!"
"လာမထိနဲ့!"
ရှန်လျန့်လက်က အညှာတာကင်းမဲ့စွာ ရိုက်ထုတ်ခံလိုက်ရသည်။ ဖေးယွမ်ရွှင်းက ကလေးဆန်စွာ သူ့ကိုနောက်ကျောပေးထားသည်။ ရှန်လျန့်လက် ဖွေးနုနုလေးက ရိုက်ပုတ်ခံလိုက်ရခြင်းကြောင့် ရဲတက်လာသည်။ ရှန်လျန်က လက်ရဲရဲလေးကို ရှေ့ထိုးပြလိုက်ပြီး..
"ဝမ်ရယ်လုပ်လို့ ကြည့်ပါဦး နီသွားပြီ... စိတ်မကောင်းမဖြစ်ဘူးလား"
လက်နီနီလေးဖြစ်အောင် အားထည့်ရိုက်မိသွားသည့်အတွက် သံသယမရှိ စိတ်မကောင်းဖြစ်မိသော်လည်း ဖေးယွမ်ရွှင်း နောက်လှည့်မကြည့်ရန် ကိုယ့်ကိုကိုယ် အားတင်းထားသည်။
"ဘာအတွက် စိတ်မကောင်းဖြစ်ပေးရမှာလဲ? မနာဖူးလို့လား"
ဒီတစ်ကြိမ်တော့ ဘာမှားမှန်း သိအောင် လုပ်ပေးရမည်။
"ဝမ်ရယ်...."
နောက်ဘက်ကနေ ဖက်ပွေ့ပြီး ချော့ရန် ကြိုးစားလိုက်ရသည်။
"ဝမ်ရယ်...ယွမ်.. ကျွန်တော် မှားသွားပါတယ်၊ နောက်တစ်ခါကျရင် ကိစ္စသေးသေးကြီးကြီး မဖုံးထားတော့ပါဘူး၊ ဒေါသမထွက်ပါနဲ့တော့ ဟုတ်ပြီလား"
နှစ်ယောက်ကြား တင်းမာနေတဲ့အခြေအနေကို ရှန်လျန်က ချွဲချွဲနွဲ့နွဲ့ဖြင့် နာမည်အတိုကောက် ခေါ်ပြီး ချော့လိုက်မှ မြို့စားမင်းရဲ့ မျက်နှာကြောက ပြေလျော့လာသည်။
"ဘာက်ု နောက်တစ်ခါလဲ?"
မျက်ခုံးပင့်ကာ စူးရဲစွာကြည့်လာတာကြောင့် ရှန်လျန် ခေါင်းတခါခါလုပ်ပြလိုက်ရသည်။
"ဟင့်အင်း ဟင့်အင်း နောက်တစ်ခါ မရှိတော့ဘူး၊ ဝမ်ရယ်ကပဲ ခွင့်လွှတ်ပေးပါနော် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်လေ၊ ယွမ်ယွမ်က အကောင်းဆုံးပဲ!"
ချော့ခံရသည့် ဖေးယွမ်ရွှင်းက ခေါင်းဆက်မမာနိုင်တော့ပါ။
"ကောင်းလိုက်တာ ယွမ်ယွမ် နောက်ဆိုရင် ကျွန်တော် ယွမ်ရွှင်းလို့ ခေါ်မယ်နော်"
ဟူး... ယိုအာကို ချော့ရတာမှ ပိုလွယ်သေးတယ်။ပင်ပန်းလိုက်တာ....
ရှန်လျန်စိတ်ထဲ တွေးပဲတွေးရဲသည်။ သူ့မိသားစုက ဝမ်ရယ်၏ဒေါသကြောင့် ထုတ်တော့ မပြောရဲ။
"မခေါ်နဲ့"
"ဟင်?"
ရှန်လျန် နားမလည်နိုင် ဖြစ်သွားသည်။ ဖေးယွမ်ရွှင်းက သူ့ရဲ့ အူကြောင်ကြောင်မျက်နှာလေးကို ကူကယ်ရာမဲ့စွာဖြင့် ဆွဲညှစ်သည်။
"ခေါ်ချင်ရင် ခင်ပွန်း၊ ယောင်္ကျားလို့ခေါ်၊ ဘာလို့နာမည်တပ်ခေါ်မှာလဲ၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်ခါ ကိုယ်မသိအောင် ဖုံးကွယ်ထားကြည့်၊ ဘယ်လိုအပြစ်ပေးမလဲ စောင့်ကြည့်နေ"
"နားလည်ပါပြီဗျာ"
တစ်ကြိမ်ထဲနဲ့မှတ်သွားပါပြီ၊ ချော့ရတာ ပင်ပန်းတယ်၊ဒုတိယအကြိမ် ဆိုတာ မရှိဘူး။
"ကိုယ့်ကိုကျိန်ဆဲနေတာလား"
အတွေထဲနစ်နေသည့် သူ့အား ဖေးယွမ်ရွှင်းက အကဲခတ်သလိုကြည့်နေရာ ရှန်လျန် ကြောက်လန့်ပြီး လက်တစ်ခါခါဖြင့်...
"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဝမ်ရယ်က ကျွန်တော့်အပေါ် အရမ်း... ကောင်းတယ်လို့တွေးနေတာပါ"
ဘာကြောင့်ရယ် မသိ ဖေးယွမ်ရွှင်းနဲ့ တွေ့ကတည်းက ကိုယ့်ကိုကိုယ် လစ်လျူရှုသည့်အကြိမ်ရေက များလာသည်။
"ခုမှသိလား?"
ဖေးယွမ်ရွှင်းက ထိုဖြေရှင်းချက်ကြားမှ ကျေကျေနပ်နပ်လက်ခံသည်။ ထို့နောက် ရှန်လျန့်လက်ကိုဆွဲယူကာ..
"နာသွားလား? ဘာလို့အဲ့လောက်ထိ မိုက်မဲရတာလဲ?ကိုယ်ဒေါသထွက်တဲ့အချိန်ဆိုရင် ဝေးဝေးနေ... စိတ်ပြေမှ အနားကပ်လာခဲ့ သိပြီလား"
သန္ဓေတားဆေးအကြောင်း ဖုံးကွယ်ခံထားရတာကြောင့် ခေါင်းတခုလုံးထိုးကိုက်တော့မတတ် ဒေါသထွက်သွားတာဖြစ်သည် ။ သူဂရုအစိုက်ဆုံး၊အရင်းနှီးဆုံး၊အယုံကြည်ဆုံးလူသားလေး တစ်ခုခုဖြစ်သွားမှာကို တွေးပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်သွားရတာပင်။
"စတာ၊ အဲ့လောက်ကြီး မနာပါဘူး"
လက်နောက်ဆုတ်လိုက်ပြီး ခုံတစ်ခုံယူကာ ဘေးမှာ ထိုင်သည်။ တစ်ဖက်လူ၏ပခုံးပေါ် မှီလိုက်ပြီး
"ဆေးခတ်ခံရတဲ့နေ့ကလေ သူတို့မအောင်မြင်သွားပါဘူး၊ ခင်ဗျားကလည်း ဝမ်ယွဲ့မြို့မှာ အလုပ်ရှုပ်နေတော့ သတင်းမပို့ဖြစ်တာပါ၊ တမင်မပြောပြချင်လို့ မဟုတ်ပါဘူး၊ ယွမ်.. ကျွန်တော်တို့က စေ့စပ်ထားပြီးသားလေ၊ ပြီးတော့ ဘဝတစ်လျှောက်လုံး တူတူလက်တွဲနေထိုင်သွားကြမယ့်သူတွေ၊ယောင်းကွမ်လဲ ရှိတာပဲ၊ တစ်ခုခုဖြစ်ရင် သေချာပေါက် ခင်ဗျားဆီ အရင်လာရှာမှာပါ၊ ၊ ကျွန်တော့်တစ်ဘဝလုံးစာ အတွက် ရည်ရွယ်ထားတဲ့သူက ခင်ဗျားတစ်ယောက်ထဲဆိုတာ ယုံပေးပါ"
ရင်ဘတ်ထဲက လာတဲ့ စကားက ကျောက်တုံးနှလုံးသားကို အရည်ပျော်ကျစေခဲ့သည်။
"ကိုယ်သိပါတယ်၊ ကိုယ့်အပေါ် နည်းနည်းလောက် မှီခိုပေးစေချင်လို့ပါ၊ ဝန်ထုပ်ဝန်ပိုးကိုတစ်ယောက်ထဲ မသယ်ပါနဲ့ ကိုယ်တောင်းဆိုတာပါ"
မှီထားသူရဲ့နောက်ကျောဘက်ကနေ ဖက်ပွေ့ပေးထားရင်း ဆိုသည်။ တစ်ချို့စကားတွေက အကုန်ထုတ်ပြောစရာမလိုပဲ နားလည်ပေမယ့် တစ်ချို့စကားတွေက်ုတော့ ရှင်းရှင်းလင်းလင်းဖြစ်စေရန် ထုတ်ပြောပေးရသည်။ ဒါမှ ဆံဖြူသွားကျိုးတဲ့အထိ ပြဿနာမရှုပ်တော့မှာဖြစ်သည်။
"အွန်းပါ"
ရှန်လျန် သဘောပေါက်ပါ၏။ အနာဂါတ်မှာ ပိုပြီး မှိီခိုတတ်ဖို့ ကြိုးစားပါမည်။
"ညနက်လာပြီ၊ စီစဉ်ထားတဲ့အတိုင်း လုပ်ကြရအောင်"
ပြတင်းပေါက်ကို ကျော်ပြီး ကောင်းကင်ကိုကြည့်ကာ ဖေးယွမ်ရွှင်း သတိပေး၏။ ခုချိန်မှာ အရေးကြီးသည့်အရာက ပြန်ပေးဆပ်စေဖို့ပင်။ ထိုလူတွေက ယုတ်မာသောနည်းလမ်း သုံးရဲမှတော့ တန်ပြန်သင်ခန်းစာ ပေးမှဖြစ်မည်။
"ဟုတ်ပြီ"
ရှန်လျန်က ငယ်သားတို့ကိုအခန်းထဲ ခေါ်ဝင်လိုက်ပြီး ပုလင်းငယ် တစ်လုံးထုတ်ကာ ထျန်းရှုကိုပေး၏။
"ရှန်ဟွေးရဲ့ညစာထဲ ထည့်ခတ်လိုက်၊ပြီးရင် ရှန်ချန်နဲ့ ရှန်ကျင်းကို သူ့အခန်းထဲ ပို့ဖို့စီစဉ်လိုက်"
"ဟုတ်ကဲ့"
ထျန်းရှုက စောဒကမတက်ပဲ ဆေးပုလင်းကိုယူသည်။ ရှန်လျန်က နောက်ထပ် တစ်ပုလင်း ထုတ်လိုက်ပြီးမပေးခင် ဖေးယွမ်ရွှင်းအား တစ်ချက်ချောင်းကြည့်သေး၏။
"ဒီ အစွမ်းထက်တဲ့ စိတ်ကြွရူးသွပ်ဆေးကျတော့ ချင်ယွင်ရှန်းကို ခတ်နိုင်ဖို့ နည်းလမ်းရှာလိုက်၊ အချိန်ကျရင် ထျန်းရှုက ဖျက်စီးခံလိုက်ရပြီဖြစ်တဲ့ ရှန်ချန်နဲ့ ရှန်ကျင်းကို ချင်ယွင်ရှန်းရဲ့ အိပ်ရာပေါ်တင်ပေး၊ မိုးလင်းတာနဲ့ အခွင့်အရေးရှာပြီး လူဖမ်းဖို့ သတင်းဖြန့်၊ဘုန်းတော်ကြီးတွေက ချင်ယွင်ရှန်း ... မိန်းကလေးတွေနဲ့ အချိန်အကြာကြီး မရှိခဲ့မှန်းဖော်ထုတ်နိုင်သွားမှာပဲ၊ အိပ်ရာပေါ်တက်ချင်တဲ့ သာဓကတွေ များတာကြောင့် ချင်ယွင်ရှန်းက သူတို့ကို လက်ထပ်မှာ မဟုတ်ဘူး"
ပြဿနာထဲ ရှန်ဟွေးကို ဆွဲမထည့်ချင်ပေမယ့် ရန်လာစမှတော့ သူ့ကိုရက်စက်တယ်လို့ အပြစ်မတင်လေနဲ့!
"ဟိုဘက်က အခြေအနေဘယ်လိုလဲ"
ကိုယ်တိုင်က ပြဿနာ ရှာနေရင် နောက်ဘက်က ယ်ိုပေါက်ကို ဂရုစိုက်အားမှာ မဟုတ်၊ ရှန်ချောင် ဖျက်စီးခံလိုက်ရပြီးမှ သိသွားခဲ့ရင်လည်း တရားခံ မဖမ်းမိမချင်း ဖုံးကွယ်ထားမှာ သေချာသည်။
"အကုန်အဆင်ပြေတယ်ဗျ၊ မင်းသားကျန်း ဘာမှ မရိပ်မိပါဘူး၊ သခင်မကြီးတို့ ဖမ်းမိဖို့ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ဘက်က မထုတ်ပြောမချင်း အေးဆေးပဲ၊ သူတို့ကတော့ ဖုံးကွယ်ထားချင်ရင် ခဏပဲရမယ်၊ မကြာခင် ကျွန်တော်တို့ကြောင့် ဖော်ထုတ်ခံရမှာပဲ"
ရှန်လျန်လှောင်ရယ်လိုက်သည်။ မကြာခင် ရှန်ချောင်ရဲ့ အခြေအနေကြောင့် အားလုံး ရင်ကွဲပက်လက်ဖြစ်ကြတော့မည်။
"အင်း အဲ့ဒီနည်းလမ်းလဲ ကောင်းပါတယ်၊ ဒါပေမယ့် ချင်ကျန်းကို ဒီအခန်းထဲထိ ခေါ်လာပြီး ရှန်ချောင်ကိုပါ ခေါ်ထည့်မယ့်အစား၊ တုံးလင်အိမ်ကအစောင့်တွေကို နည်းနည်းပါးပါး ကိုင်တွယ်ပြီး ရှန်ချောင့်အခန်းထဲ ချင်ကျန်းမင်းသားကို တိုက်ရိုက်ထည့်လိုက်ရင်ရော? အဲ့လိုဆို နောက်ကွယ်က ကြိုးကိုင်သူရှိမှန်းသိမှာ မဟုတ်ဘူး"
ဖေးယွမ်ရွှင်းက သူ့အကြံကိုပြောပြလာသော်လည်း ရှန်လျန်က တခါတည်း ငြင်းသည်။
"မရဘူး၊ ရှန်ချောင်က ရုန်းမှာလေ၊ သူ့အခန်းထဲ အသံတွေထွက်လာရင် ကျောက်လန်သ်ိသွားပြီးအစီအစဉ်ပျက်နိုင်တယ်၊ စိတ်မပူနဲ့ ကျွန်တော်နည်းလမ်း တွေးထားပြီးပြီ၊ သူတို့ ဖော်ထုတ်နိုင်မှာမဟုတ်ဘူး"
"ကောင်းပြီ ဒါဆို ကိုယ်အရင်ပြန်နှင့်မယ်၊ ယောင်းကွမ် ! တစ်ခုခုဆို ငါ့ဆီချက်ချင်းအကြောင်းကြား"
သူ့ရဲ့ယုံကြည်ချက်အပြည့်ရှိမှုကြောင့် ဖေးယွမ်ရွှင်း ဝင်မရှုပ်တော့ပေ။ ရှန်လျန့်ရက်စက်မှုက အာပလာမဟုတ်တာ သေချာသည်။
"ဟုတ်ကဲ့!"
ထျန်းရှုနဲ့အတူ ပြတင်းပေါက်မှခုန်ကျော်ထွက်သွားသူကို ရှန်လျန် နှုတ်ဆက်လိုက်သည်။ ဖေးယွမ်ရွှင်းက နားနေဆောင်ဆီ မပြန်ပဲ ထင်းထားရာသိုလှောင်ခန်းဆီသွားသည်။ လူယုတ်မာ နှစ်ကောင်ကို ပူးကပ်ချည်နှောင်ထားပြီး မျက်စိအမြင်အာရုံကိုလည်း ဖုံးထားသည်။ ဖီနစ်မျက်ဝန်းတစ်စုံက ထိုလူတွေကိုမြင်တာနဲ့ ဝင်းခနဲ မီးတောက်သည်။ လျန်လျန့်ကို စော်ကားချင်တဲ့ ခွေးသူတောင်းစားတွေပေါ့လေ....။
"ထျန်းရှု၊ လျန်လျန် ပြောတာ လုပ်ပြီးသွားရင် ဒီလူနှစ်ယောက်ကို ကျောက်လန်နဲ့ လုယန်ရဲ့ အိပ်ယာပေါ် သွားပစ်လိုက်"
ဒါ.... သခင့်ဟာက မဟုတ်သေးဘူးနော်?ထျန်းရှု တွန့်သွား၏။ ယနေ့ သူမပျော်တော့ပါ။ ဘေးချင်း ခြံကပ်ရပ်ကို သူ့အိပ်ရာ ၊ကိုယ့်အိပ်ရာ ပစ်တင်နေကြသည်။ ကျောက်လန်နဲ့ လုယန်ပါ ခံရပြီဆိုမှတော့ တရားခံက ဖမ်းလို့လွယ်ပြီပေါ့!
"ငါသိတယ်"
ဖေးယွမ်ရွှင်း စိတ်ညစ်ပြီး ကိုယ့်ကိုကိုယ် စိတ်ထိန်းချုပ်နိုင်ဖို့ အသက်ပြင်းပြင်းရှူသည်။
"ခဏနေ သူတို့ ဒီနှစ်ကောင်ကို လျန်လျန့်အခန်းဆီပို့လာရင် ကြိုးတုပ်ပြီး တောင်ခြေပို့လိုက်၊ကိစ္စတွေပြီးမှ သူတို့အတွက် လက်ဆောင်ကြီးကြီးပြင်ပေးမယ်"
"နားလည်ပါပြီ"
ထျန်းရှု ထပ်ပြီး မငြင်းဆန်ရဲတော့ချေ။
ထို့နောက်နှစ်ယောက်သား အမှောင်ထုထဲ တိတ်တဆိတ် ပြန်လည် ပျောက်ကွယ်သွားသည်။
2326 words
Grape 🍇
(Tn. မိသားစုချင်း ပေးစားကုန်ပြီ)