'လျို့ဝှက်ချက် တွေ့ရှိ'
စစ်ဗျူဟာ အတည်ပြုပြီးတာနဲ့ ရှန်လျန်က ရှောင်ယွီ့ဆီ ကျန်းမာရေးအခြေအနေ မေးမြန်းရန်သွားခဲ့သည်။ ထိုညမှာပဲ ကျန်းဟိုင်က အခြေအနေသွားရောက် ထောက်လှမ်းသော လေ့ကျန်း..ပြန် လာကြောင်း သတင်းပို့သည်။ ကျောက်ချင်က မြို့တံခါးမှာ စောင့်ရှောက်ရန်တာဝန်ကျမှန်း သိရသဖြင့် အစီအစီအတိုင်း ရှန်တာ့ နာမကျန်းဖြစ်၍ သေဆုံးသည့်သတင်းလွှင့်လိုက်သည်။ ဟော်ရယ့်လင်က သွေးအန်ပြီး မေ့လဲသွားသဖြင့် တပ်စုမှူးများမှ အလျင်အမြန် မြို့တံတိုင်းထိပ်မှာ အလံဖြူထောင်ရသည်။
စစ်သည်အပေါင်းမှ ဝမ်းပန်းတနည်းငိုကျွေးသံက အလွန်အမင်း စစ်မှန်သည်။
ချူးစစ်တပ်က မေျှာ်မှန်းထားသကဲ့သို့ ထောင်ချောက်ထဲ တည့်တည့်ကျသည်။ နောက်တစ်ရက် နေ့လည်ခင်းတွင် ချူးစစ်တပ်က ချူးတိုင်းပြည်၏ နယ်စပ်၌ တပ်စုနေကြပြီဖြစ်သည်။ နောက်နှစ်ရက်ခန့်ကြာ သော် ဟယ့်ချင်ဖုန်း ဦးဆောင်သော စစ်သည်အပေါင်းက ချင်တိုင်းပြည်၏ နယ်စပ်ကို စတင်ကျူးကျော်လာသည်။ ကျောက်ချင်က အစာအိမ်ပြဿနာကြောင့် စစ်သည်တစ်သိန်းနဲ့အတူ မြို့ကိုစောင့်ကြပ်ရင်း နေခဲ့သည်။
ထျန်းဟိုင်နဲ့ ထျန်းရွှမ်က စစ်သည်ရှစ်သောင်းအား ဦးဆောင်လျက် ရှေ့တန်းတက်သည်။ ဟော်ရယ့်လင်ကို မမြင်သဖြင့် ချူးစစ်သည်များ၏ စိတ်ဓာတ်အင်အားမှာ အဆမတန် တက်ကြွလာပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်ကြတော့သည်။
သို့သော် ရန်သူတပ်၏ ရဲရင့်ခြင်းမှာ ကြာရှည်မခံလိုက်ရရှာ၊ တိုက်ပွဲစပြီး နာရီဝက်ခန့်ကြာသော် အိပ်ရာထဲ လဲနေပါသည့် စစ်သူကြီး ဟော်ရယ့်လင်က စစ်သည်ရှစ်သောင်းနဲ့အတူ ဘွားခနဲ ဟယ့်ချန်ဖုန်းရှေ့ ပေါ်ထွက်လာသည်။
ဗြုန်းစားကြီး ဖြစ်သွားသော်လည်း ဟယ့်ချန်ဖုန်းက မတုန်လှုပ်ပဲ မြို့စောင့်ကျန်ခဲ့သည့် ကျောက်ချင်ကို တပ်ကူေပးပါရန် အချက်ပြစေသည်။ တပ်ကူမရောက်လာပဲ ကျောက်ချင်၏ သေဆုံးခြင်းသတင်းသာေရာက်လာသည်။ ချူးနယ်စပ်မှာ ကာကွယ်မည့် ဦးစီးချုပ်မရှိတော့သဖြင့် စစ်သည်တို့ ဆောက်တည်ရာမဲ့ကုန်သည်။ ရှေ့တန်းစစ်သည်တို့လည်း တပ်ပြန်ဆုတ်သူက ဆုတ်နှင့် ကသောင်းကနင်းဖြစ်ကုန်သည်။ မည်သို့ပင်ဆ်ုစေ တစ်နေ့နှင့်တည တိုက်ခိုက်ခဲ့သည့် စစ်ပွဲက လမ်းမကြီးတစ်ခုလုံးကို သွေးအိုင်ဖြစ် စေခဲ့သေးသည်ပင်။ စစ်သည်ငါးသောင်းထက်မနည်း ချင်တိုင်းပြည်၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ နှမြောစရာကောင်းသည်က ဟယ့်ချန်ဖုန်းမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ဖမ်းဆီးရမိခဲ့ခြင်းမရှိပါ။
ဒီစစ်ပွဲကြီး ပြီးသွားတဲ့ နောက် ချူးတိုင်းပြည်လည်း စစ်အင်အား ဆုတ်ယုတ်သွားမည် ဖြစ်သဖြင့် အနည်းဆုံးတစ်နှစ်၊နှစ်နှစ်အတွင်း ချင်တိုင်းပြည်အား ရန်စကျူးကျော်ခြင်းပြုရဲေတာ့မှာ မဟုတ် ချေ။
ဟော်ရယ့်လင်က ညတွင်းချင်း မြို့တော်သို့ လူလွှတ်ကာ သတင်းပို့စေသည်။ စစ်ပွဲအောင်နိုင်သဖြင့်စစ်သည်တို့ အောင်ပွဲခံရန် ရက်အနည်းငယ်အတွင်း မြို့တော်ရောက်မည့် အကြောင်းနှင့် ရှန်တာ့၏ ကျန်းမာရေးအခြေအနေအရ မြို့တော်သို့ အမြန်ဆုံးပြန်လာပါမည့် အကြောင်း သတင်းပါးစေသည်။
လှလှပပအောင်နိုင်ခဲ့ပြီးနောက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် စစ်သည်အပေါင်းအား ဟော်ရယ့်လင်က ဆုလာဘ်ချီးမြှင့်သည်။ ဒဏ်ရာ အနည်းငယ် သက်သာသဖြင့် လှုပ်ရှားသွားလာနိုင်တဲ့ ရှန်တာ့လည်း အတူ လိုက်ချီးမြှင့်၏။
ရှန်လျန်သာလျှင် ဖေးယွမ်ရွှင်း၏ ချုပ်ချယ်မှု အောက်မှာ တနေကုန် ကုတင်ေပါ်က မဆင်းခဲ့ရပါ၊ ပွန်းပဲ့ဒဏ်ရာက အတော်လေး သက်သာပြီ ဆိုသော်ငြား ပိုမိုပွတ်တိုက်ခံရသည့် ပေါင်ရင်းတဝိုက်၌ အရာလေး ကျန်နေသေးသည်ကို ဖေးယွမ်ရွှင်းက လျှောက်သွားရန်ခွင့်မပြုချေ။
"ဝမ်ရယ်..ကျွန်တော်မျိုးတို့ မြို့တော် မပြန်မချင်း ဒီလိုပဲ နေနေရတော့မှာလား"
အိပ်ရာပေါ်မှာ ပျင်းစရာကောင်းစွာ ဒူးကွေးလျက် ဘေးတစောင်းလဲလျောင်းနေခဲ့သည်။ တင်းအန်းမြို့ကို ရောက်နေတာ ခုနှစ်ရက်မြောက်ရှိပြီဖြစ်သည်။ မြို့ထဲ လျှောက်သွားဖို့ မပြောနှင့် အိမ်ဝန်းထဲပင် သေချာပတ်မကြည့်ဖူးသေးပါ။ ဖေးယွမ်ရွှင်းက အနီးကပ်ကြီး သူ့အား စောင့်ကြည့်နေခဲ့သည်။ မသိလျှင် သူကပဲ ခြေကျိုး၊ လက်ကျိုး ဘာမှ မလုပ်နိုင်သလိုလို။
"တင်းအန်း တစ်မြို့လုံး သွေးစီးကြောင်းတွေ ပေနေတာ၊ လေထဲကနေတောင် အနံ့ရတယ် မဟုတ်လား? ဘာကြည့်ကောင်းချင်စရာမှ မရှိဘူး၊ လျန်လျန့် ဒဏ်ရာ ပျောက်သွားတာနဲ့ ကိုယ် ကိုယ်တိုင် တခြားမြို့တွေ လိုက်ပတ်ပြပေးမယ် ဟုတ်ပြီလား၊ ခုတော့ မလှုပ်နဲ့ဉီး"
ဖေးယွမ်ရွှင်းက ပြုံးလျက် ချော့မော့၏။
"သွားလည်ချင်လို့ ပြောနေတာမဟုတ်ဘူးလေ၊ အခန်းပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက် လေကောင်းေလသန့်ရှူချင်ရုံပဲ ၊ အခန်းထဲမှာ လှောင်ပိတ်ခံထားနေရတာကို အခုက!"
ရှန်လျန် နားနှစ်ဖက်အုပ်ကာ ခေါင်းခါရမ်းလိုက်ပြီး စိတ်ဖိစီးစွာပြောသည်။ အစကတော့ တာ့ကော အခန်းဆီ ပွေ့ပွေ့ချီသွားခံရပေမယ့် ဘာမှမခံစားမိခဲ့၊ နောက်ပိုင်း တာ့ကောတောင် အိပ်ရာထဲကထွက်ပြီး လျှောက်သွားနေပြီ၊ သူ့ကျတော့ နည်းနည်းလေး ပွန်းတာကို ဘယ်မှ မသွားရဘူးဆိုေတာ့...
"ကိုယ်မင်းကို အဖော်လုပ်ပေးတာပဲလေ"
ဒီရက်ထဲ တဖဝါးမှ အနားကခွာခဲ့တာ မဟုတ် ။
"အဖော်လုပ်ပေးတာလို့ ခေါ်လို့လား"
အကျယ်ချုပ်ကျနေတာကြီးကို!
ရှန်လျန် လေပူ မှုတ်ထုတ်လိုက်သည်။ ကုတင်ပေါ် ပျင်းပျင်းနဲ့ လူးလိမ့်နေခဲ့ပြီးနောက်...
"ဝမ်ရယ် ဒီတလော ဘာမှလုပ်စရာ မရှိဘူးလား"
ကျွန်တော် ကူညီပေးချင်တယ်လေ!
သူတစ်ကယ်ပျင်းရိနေတာ မြင်တော့ ဖေးယွမ်ရွှင်း စာရွက်စာတမ်းတွေပစ်ချပြီး ကုတင်စွန်းမှာ လာထိုင်သည်။ လက်က လျန်လျန့်ခါးပေါ် အသာလေး တင်သည်။
"အငယ်လေးက ကိုယ်ခံအားကလည်း မကောင်း၊ ဒဏ်ရာလည်း မသက်သာသေးတာကို ဂျီကျနေတာ၊ ကိုယ့်ကို စိတ်ဆင်းရဲစေချင်လို့လား ပြောကြည့်"
"ဒဏ်ရာက ပျောက်နေပြီ၊ ကိုယ်ခံအားကတော့ တစ်ရက်နှစ်ရက်အတွင်း ပြောင်းလဲသွားမှာမှ မဟုတ်တာ"
ရှန်လျန်က သူ့ကိုယ်သူ ဖေးယွမ်ရွှင်းဆီ ပစ်ဝင်လိုက်သည်။
"နောက်နှစ်ရက်ဆို အိမ်ပြန်လို့ရပြီ မလား၊ တာ့ကောနဲ့ မရီးက မြို့တော် ရောက်ရင် ဘယ်လိုဆက်လုပ်ကြမှာတဲ့လဲ၊ လင်လင်နှစ်ယောက် တွယ်ကပ်နေပုံနဲ့ ခွဲနေကြမယ်လို့ တော့မထင်ပါဘူး၊ မရီးက တုံးလင်အိမ်မှာ တခါတည်းလိုက် နေမှာများလား? ဧကရာဇ် သဘောတူမှာမပြောနဲ့ ၊အပြင်လူတွေတောင် အုတ်အော်သောင်းနင်းဖြစ်ကုန်မှာ၊ ပြီးတော့ လျှို့ဝှက်ချက်သိသွားပြီးနောက်မှာ ဧကရာဇ်က အပြစ်ပေးတဲ့ အနေနဲ့ ရာထူးသိမ်းသွားရင်ရော"
"ဒါကတော့ သူတို့ကို လျန်လျန် ကိုယ်တိုင် မေးကြည့်လိုက်တာပိုကောင်းမယ်၊ ကိုယ်က သူတို့ဗိုက်ထဲက သံကောင်မှ မဟုတ်တာ၊ အကုန်ဘယ်သိပါ့မလဲ"
သူ့နှာသီးဖျားကို အသာလေး ပွတ်ဆွဲပြီး ဖေးယွမ်ရွှင်းက တင်ပါးကို ပုတ်သည်။ ထို့နောက် ဘေးမှာ ဝင်အိပ်ကာ လက်မောင်းပေါ် ခေါင်းအုံးစေသည်။ ရှန်လျန်က နာခံစွာ လက်လျှိုစေခဲ့သဖြင့် ဖေးယွမ်ရွှင်း၏ရင်ခွင်ထဲ တန်းရောက်သွားသည်။
"ဒီတိုင်းမှန်းကြည့်ကြည့်ပါဆို"
"အစ်ကိုနှစ်ရဲ့အကြောင်း ကိုယ်သိရသလောက်က တော့ သူမကြိုက်တဲ့ ကိစ္စဆို သေတောင်မလုပ်ဘူး၊ ဧကရာဇ်က သဘောမတူကြည့်ပါလား၊ ထိပ်တိုက်ချမယ့်လူမျိုး၊ ခုဆို စစ်ပွဲကြီး အောင်နိုင်လို့ တိုင်းပြည်ဂုဏ်ဆောင်တဲ့ ကိစ္စကြီးပြီးမြောက်ထားတာ၊ အနည်းဆုံး သုံးနှစ်လောက် နယ်စပ်က ငြိမ်းချမ်းနေမှာလေ ၊ ဧကရာဇ်က အစ်ကိုနှစ်ကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရဲမှာ မဟုတ်ဘူး၊ ဘာလို့ဆို စစ်သည်သုံးသိန်းရဲ့ စိတ်ကို ထိန်းချုပ်ထားနိုင်တာ သူမှ မဟုတ်တာ၊
စစ်သူကြီးဆိုတာ တော်ရုံ သတ်ဖြတ်တတ်ရုံနဲ့မရဘူး၊ လေးစားထိုက်တဲ့ ပုဂိ္ဂုလ်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရတာ၊ သန်မာလာပြီးသားသူပဲ၊ ဒါကို အစ်ကိုနှစ်ကလည်း နိုင်ပွဲအခါခါနဲ့ သက်သေပြခဲ့ပြီးပြီ၊ ခုချိန်မှ 'ကော'ဆိုတာ ပေါ်သွားရင်တောင် စစ်သည်သုံးသိန်းက အရမ်းကန့်ကွက်မှာ မဟုတ်ပါဘူး၊ နိုင်ငံ့တပ်သားဖြစ်ဖို့ ကော တွေလည်း ဝင်လို့ရတယ်ဆိုပြီး ဥပဒေတောင် ထွက်ချင်ထွက်လာဦးမယ်၊ ဧကရာဇ်က ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ စစ်အင်အားက သူမှ မပိုင်တာ"
"လောင်စန်းက အစ်ကို့အကြောင်း တော်တော် သိနေတယ်ပေါ့"
အသံကြားရာဆီ နှစ်ဦးသားလှမ်းကြည့်မိကြသည်။ ဟော်ရယ့်လင်နဲ့ အတူ ရှန်တာ့လိုက်ဝင်လာတာမြင်တော့ ဖေးယွမ်ရွှင်းက အပြစ်ကင်းစင်စွာ ပြုံးပြသည်။ သူ့ခြေထောက်ကြားထဲ တိုးဝှေ့နေခဲ့တဲ့ ရှန်လျန်မှာ တော့ ကပျာကယာနဲ့ ဘေးဘက် ရွှေ့ပြီး ထထိုင်သည်။ မဟုတ်လျှင် အစ်ကိုက ဝမ်ရယ့်ကို ပြဿနာရှာေနဦးမည်။ အုံ့မိုင်း နေသည့် ရှန်တာ့မျက်နှာက ခုမှ ပြန်လည်ကြည်လင်လာသည်။
"တစ်ကယ် အကုန်ဖွင့်ချပြမလို့လား"
ရှန်တာ့ရဲ့ အူတိုနေသောမျက်နှာအား လစ်လျူရှုလျက် ဖေးယွမ်ရွှင်း မေးသည်။ ဟော်ရယ့်လင် မချပြခင် သူနဲ့ လျန်လျန် အမြန်ဆုံး လက်ထပ်ပွဲလုပ်မှဖြစ်တော့မည်။
"ဘယ်အချိန်မှ ချပြမလဲဆိုတာတော့ မြို့တော်ပြန်ရောက်မှ လောင်ကုန်းနဲ့ တိုင်ပင်လိုက်ဦးမယ်၊ လက်ထပ်ထားတဲ့ ခင်ပွန်းအပြင် တစ်နှစ်ပြည့်ခါနီး သားငယ်လေးပါရှိတဲ့ အကြောင်း တစ်ခါတည်း ကြွားပစ်မယ်"
"ဘုရင်အိုကြီး ဒေါသထွက်ပြီး မသေရင် ကံကောင်း"
ဖေးယွမ်ရွှင်း ရယ်သည်။ သူနဲ့လျန်လျန်တို့ မိသားစု ပေါင်းစည်းမယ့်ကိစ္စနဲ့တင် ဧကရာဇ် ခေါင်းကိုက် နေပြီ ဝေမိသားစုကလည်း မြို့တော်ပြန်လာဦးမယ်၊ ထိပ်တန်းစစ်သူကြီးကလည်း တမိသားစုထဲ ဖြစ်သွားဦးမယ်ဆိုရင် ချင်တိုင်းပြည်မှာ အင်အားအကြီးဆုံးမိသားစုဖြစ်လာလိမ့်မည်။ ဒေါသထွက်လွန်းလို့ ညည နန်းသိမ်းခံရမှာ စိုးတဲ့စိတ်နဲ့ ဧကရာဇ် စက်တော်ခေါ်လို့ ရပါ့မလားလေ....
"လက်ထပ်ထားတဲ့ သက်သေမရှိရင် တောင် ဧကရာဇ်က သဘောမတူမှာ စိုးရိမ်စရာတော့မရှိဘူး၊ မရီးမှာ အကောင်းဆုံးသက်သေရှိထားပြီးသားပဲ၊စကားမစပ် လက်ထပ်ပွဲ ရော လုပ်ပြီးပြီလား"
ဘုရင်အိုကြီး ဒေါသထွက်ပြီး သေသေ ၊မသေသေ ကလေးမွေးထားတဲ့ မိဘနှစ်ပါးကိုတော့ ခွဲပစ်ရန် မသင့်ေတာ်လှ။
"ငါ့ဘဝမှာ အပြည့်စုံဆုံး လက်ထပ်ပွဲကို ကျင်းပခဲ့ပြီးပါပြီ"
ဟော်ရယ့်လင်က ရှန်တာ့လက်ကို အပြုံးနဲ့အတူ ဆုပ်ကိုင်သည်။ သူ့အတွက် တော့ ဘယ်နေရာမှာ ဘယ်လို မင်္ငလာဆောင်ရမယ်ဆိုတာမျိုးက အရေးမကြီးပေ။ နှစ်ယောက်စလုံးက လေးလးနက်နက်နဲ့ ကောင်းကင်၊မြေကြီးကို သုံးကြိမ်တိုင်တိုင် ကန်တော့ခဲ့ကြပြီး ရှန်တာ့ပေးတဲ့ ကတိနဲ့တင် သူ့အတွက် လုံလောက် နေပြီပင်။
"မင်းက ဒီထက်ပိုပြီး ထိုက်တန်တယ်"
ရှန်တာ့တွင် မတူညီတဲ့ သဘောထားရှိ နေသည် ။ဟော်ရယ့်လင်အား အကောင်းဆုံးတွေပဲ ပေးချင်သည်။ သေးငယ်တဲ့ လက်ထပ်ပွဲမျိုးနဲ့ ပြီးသွားတာမျိုးမဖြစ်စေချင်ပါ။
"ဟုတ်တယ် မရီး ပွဲကြီးကြီးလုပ်ကိုလုပ်ရမယ်၊ ဘာလို့ဆိုရင် ကျွန်တော်ဒီကိုလာတော့ လမ်းမှာ အဖိုးတို့နဲ့ တွေ့ခဲ့တယ်၊ သူတို့ကလည်း အစ်ကိုနဲ့ မရီးတို့ရဲ့ မင်္ငလာပွဲကို တက်ချင်နေကြတာ"
ညီအစ်ကိုနှစ်ဦးပြန်လည်ဆုံတွေ့တဲ့အချိန်မှာ ပြောစရာအကြောင်းအရာတွေ များပေမယ့် ဝေမိသားစုနဲ့ပတ်သက်ပြီး မပြောဖြစ်ကြပေ။ ရှန်လျန်က ဝေမိသားစုနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိလဲ ဆိုတာ ရှန်တာ့ မသိတာလည်းပါမည်။
"အဖိုး ..သူ ကျန်းမာရဲ့လား"
ရှန်တာ့ အနည်းငယ် တုံ့ဆိုင်းနေပေမယ့် စိတ်လှုပ်ရှားနေဟန်လည်း ရှိသည်။ မိခင်ရဲ့မိသားစုဝင် တွေကို အမြဲလိုလို ဆက်သွယ်ချင်ခဲ့ပေမယ့် ဝေမိသားစုနေထိုင်နေတဲ့ အိမ်တော်က အဆိပ်တွေနဲ့ ဝန်းရံနေတာကြောင့် သာမာန်လူ ခိုးဝင်ပြီး အသက်ရှင်လျက် ပြန်ထွက်လာဖို့ မလွယ်ချေ။ အတော် လေး ကြိုးစားပမ်းစား အကြိမ်ကြိမ်ဆက်သွယ်ပြီးနောက်မှာလည်း ပြန်စာမရခဲ့ဖူးသဖြင့် ဆလက်လက်မကြိုးစားဖြစ်တော့ပါ၊ ယခု ညီငယ်မှ လူကိုယ်တိုင်ဆုံတွေ့ခွင့်ရခဲ့သဖြင့် သူလည်း မေးမြန်းဖို့ရာ စိတ်လှုပ်ရှားေနမိသည်။
"အင်း အဖိုးတို့နှစ်ယောက်လုံး ကျန်းမာကြတယ်၊ တာ့ကော ကျွန်တော်တို့ ပြန်ရောက်ရင် သူတို့ဆီ သွားလည်ကြမယ်နော်"
အတိတ်ဘဝက ချင်ယွင်ရှန်းကို မထောက်ခံတဲ့ ဝေမိသားစုဟာ ညသန်းခေါင်မှာ ရုတ်တရက်ဖမ်းဆီးခံလိုက်ရသည်။ ရှန်လျန်က မိသားစု တစ်ဦးချင်းစီကို ခိုးခိုးတွေ့ဖို့ကြိုးစားခဲ့ရပြီး ကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့ရတာမျိုးလည်း မရှိခဲ့ရာ ယခုဘဝမှာ တော့ ရခဲ့တဲ့ နောင်တေတွကို ပြန်ပြင်ဆင်ချင်သည်။ ဧကရာဇ်က ဖိအားပေးရင်တောင် မိသားစုဝင်တွေကို သူ့ရဲ့တောက်ပတဲ့ဘဝကိုပြပြီး အသိအမှတ်ပြုခံချင်သည်။
"ကောင်းပြီ၊ ကောတို့ပါးပါးလည်း ကောတို့ကို အဖိုးတို့နဲ့ တွေ့စေချင်မှာပဲ"
ရှန်လျန်နဲ့ သဘောထားချင်း တူညီသဖြင့် ရှန်တာ့ ကန့်ကွက်ရန်မရှိ၊ ကန့်ကွက်ချင်သည့်သူက ဧကရာဇ်သာ ဖြစ်လိမ့်မည်။
"ဒါဆို ကျွန်တော်တို့...."
ရှန်လျန်က ဝမ်းသာစွာ ပြုံးရယ်သည်။ထိုစဉ် လေ့ကျန်း၊ ကျန်းဟိုင်နဲ့ ဒဏ်ရာသက်သာလာပြီဖြစ်တဲ့ ရှောင်ယွီတို့ သုံးဦးက မျက်နှာ မကောင်းစွာနှင့် သူတို့ရှေ့ ရောက်လာသဖြင့် ရှန်လျန် မျက်ခုံးတွန့်လိုက်မိသည်။
"တစ်ခုခုဖြစ်လို့လား"
"ပြဿနာကြီး မဟုတ်ပါဘူးသခင်"
အချိန်ကောင်းလေးကို လေ့ကျန်းက မပျက်စီးစေချင်ေသာ်လည်း ပြောစရာရှိတာ ပြောရမှာပင်။
"ယွမ်ရှောင်းဆီက သတင်း၃ခု ရောက်လာပါတယ်၊ ပထမတစ်ချက်က လျိုရှုဟန်ရဲ့ အိမ်ဝန်းထဲမှာ လျှို့ဝှက်ဝင်ပေါက်တစ်ခု တစ်ကယ် ရှိပါတယ်၊ သခင် နယ်စပ်သွားတယ်ဆိုတဲ့ သတင်းပျံ့သွားတဲ့ညက လျိုရှုဟန် နာရီဝက်လောက်ပျောက်သွားတယ်တဲ့၊ လျှို့ဝှက်ဝင်ပေါက်ထဲ ဝင်သွားတာပဲဖြစ်လိမ့်မယ်၊ ထင်ကြေးအရပေါ့၊ အနီးကပ်သွားကြည့်ဖို့ကျ တော့ အဲ့ဒီဝင် ပေါက်နားမှာ အိပ်အိပ်စားစား နေရာက မခွာတဲ့ အစေခံအိုကြီး တစ်ယောက်ရှိလို့ပါ၊ ကျွန်တော်တို့လူတွေ အပြင်ကနေပဲ ပုန်းလျှိုးကွယ်လျှိုး စောင့်ကြည့်ခဲ့ရပါတယ်၊ သူတို့ပြောပုံအရ လျိုရှုဟန်က ဝင်ပေါက်ကနေထွက်လာတော့ အရမ်း ပျော်ေနပုံ ပေါက်တယ်တဲ့၊ ကိစ္စ ကောင်းနဲ့ ကြုံတွေ့လာရသလိုပဲလို့ သိရပါတယ်"
လေ့ကျန်းက အခြေအနေကို သုံးသပ်ရင်း တင်ပြသည်။
"အဲ့လိုလား"
ရှန်လျန် ရဲ့ အပြုံးတွေက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ငါ့အစ်ကို အဆိပ်မိတယ်ဆိုပြီး ကြိတ်ဝမ်းသာနေတာ နေမှာေပါ့၊ တခြားဘာရှိ သေးလို့လဲ! တာ့ကော ရော သူ့အိမ်ထဲ လျှို့ဝှက်တံခါးရှိတာသိထားလား"
နဂိုက ထိုအိမ်ဝိုင်းကို ပါးပါးပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ရှန်တာ့က နှစ်အနည်းငယ် နေခဲ့ဖူးသဖြင့် မေးမြန်းကြည့်လိုက်ခြင်းဖြစ်သည်။
"ပါးပါး ဆုံးပြီးကတည်းက ကောက အရှေ့ခြံဝန်းမှာ ပြောင်းနေလိုက်တာ၊ အနောက်ဆောင်ဘက် ခြေဦးလှည့်ရင်တောင် တိတိရဲ့ခြံဝန်းဆီပဲ တည့်တည့်လာတာဆိုတော့ အဲ့ဒီခြံဝန်းထဲ တစ်ခါမှ မရောက်ဖြစ်တော့ဘူးလို့ ပြောလို့ရတယ်"
ရှန်တာ့ ခေါင်းယမ်းသည်။ ပါးပါးဆုံးတော့ သူ့အသက်က ငါးနှစ်သာရှိသေးသည်။ကလေးသဘာဝ ပြေးလွှားစပ်စုချင်ပေမယ့် သားကြီး ဖြစ်တဲ့အလျောက် စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်တရားနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကြောင့် စိတ်ကို ချုပ်တည်းထားရသည်။
"ဒါပေမယ့် သူပြောပုံအရ အဲ့ဒီမိန်းမမှာ လျို့ဝှက်ထားတာရှိကို ရှိလိမ့်မယ်"
ဟော်ရယ့်လင်နဲ့ ဖေးယွမ်ရွှင်းတို့ အကြည့်ချင်းဆုံရင်း စိတ်ထဲ သဘောတူလိုက်ကြသည်။အရိပ်တပ်သားတွေရဲ့ ထောက်လှမ်းရေးက မှန်ကန်သည်ဟု ခံစားရသည်။ သို့ဆိုလျှင် မေးစရာရှိတာက ဘာကိစ္စကများ လျိုရှုဟန်ကို အရမ်းဝမ်းသာစေတာလဲ။
"ဗိုလ်ကြီးရှန်... အဲ့ဒီနှစ်က တုံးလင်သခင်လေး တစ်ကယ်ပဲ ဆုံးပါးသွားတာ အတည်ပြုခဲ့လား"
ကျန်းဟိုင်က ရှ
န်တာ့ကို ဦးတည် မေးသည်။ သူပြောလိုက်မှ လေးယောက်လုံး အတွေးနက်ကုန်သည်။
"ဘာကိုဆိုလိုတာလဲ?"
ရှန်တာ့ စိတ်ထဲ ထိတ်ခနဲ ဖြစ်ကာ ထရပ်မိလိုက်သည်။
khin
1 year ago
waiting .. for new update