no

Font
Theme

'ရှန်သခင်ကြီး၏ တာဝန်ယူမှု'

"ကျွန်တော်ကြုံခဲ့ရတဲ့ ကိစ္စတွေက အများကြီး‌လေ...ပြောရရင် စစချင်းအိမ်ပြန်လာတဲ့လမ်းမှာတုန်းက အကြောင်းအရင်းမရှိ ပဲ ဓားပြတွေ လိုက်ဖမ်းတာခံရတယ်၊ တရားခံက အဖွားဝေနဲ့ ရှန်သခင်မ တဲ့၊

ဖေးယွီ အဆောက်အဦးမှာ အဝတ်အစား သွားယူပြီးပြန်လာတုန်းကလည်း ကျွန်တော့ ခြံဝန်းက ဖျက်စီးခံထားရတယ်၊ လုပ်တဲ့သူက အဖေ့ရဲ့ချစ်လှစွာသော သမီးလေး‌...

အခုတစ်ခေါက် အပြင်သွားတဲ့အခါကျတော့ အဖေ့ယောက်ဖ လျိုဝမ်ကျင်းက စစ်သည်တွေခေါ်လာပြီး ကျွန်တော့်လှည်းကို သံသယရှိမှုနဲ့ တားလာပြန်တယ်၊ ဆိုတော့ ...အမတ်ကြီး ဘယ်ကိစ္စကို ပြောချင်တာလဲ ကျွန်တော် တစ်ကယ် မသိလို့ ပါ ..?"

အသက်တစ်ချက်ရှူစာအတွင်း ရှန်လျန် အကုန်ထုတ်ပြောလိုက်ပြီး ရှန်သခင်ကြီးက သူ့အပေါ် ဘယ်လောက်ထိ ရက်စက်ပြီး အဆိပ်ပြင်း မလဲဆိုတာ သူအကဲခတ်ချင်ခဲ့သည်။

"ဘာပြောတယ်!"

ရှန်သခင်ကြီး ဒေါသနှင့်မေးသည်။ သူ ဓားပြတွေအကြောင်း သိပေမယ့် သူ့သားရဲ့ အိမ်ဝန်းဖျက်စီးခံရတာ၊ လျိုဝမ်ကျင်းလုပ်တဲ့ကိစ္စတွေတော့ မသိခဲ့ရ ! ဘာတွေ ဖြစ်ခဲ့တာလဲ?

"တုန်းလင် အမတ်ကြီး....ဒါတွေက အမှန်တရားတွေပါ၊ ပဉ္စမသခင်လေးက ဒဏ်ရာနဲ့ပြန်ရောက်လာတာတောင် သခင်ကြီးက ပါးရိုက်လိုက်လို့ ရက်အတော်ကြာ ယောင်ကိုင်းသွားရတယ်၊ ရှေ့တလော မိုးရွာတဲ့ရက်က သခင်လေး အပြင်ထွက်သေးတယ်၊ အိမ်ကနှစ်ခါလေး အပြင်သွားတာ နှစ်ခါလုံး ပြဿနာ ကြုံရတယ်၊ ခြံဝန်းကိစ္စက သခင်မကြီး ဖြေရှင်းပေးတာကြောင့် မိန်းကလေး၇ က ဖျက်စီးတဲ့သူဆိုတာ သခင်ကြီးမယုံရင် သွားမေးကြည့်လို့ရပါတယ်၊ ပြီးတော့

ရှန်သခင်မရဲ့ အစ်ကို လှည်းလာတားတဲ့ကိစ္စက လမ်းပေါ်မှာ ဖြစ်တာကြောင့် လူတော်တော်များများသိတဲ့ကိစ္စပါ ၊ ပဉ္စမသခင်လေးက မတတ်သာပဲ ပြန်တုံ့ပြန်ခဲ့ရတာကို အပြစ်မတင်ပါနဲ့၊ တစ်ကယ်ဆို သူက ကလေးပဲရှိသေးတာကို.."

ရှန်သခင်ကြီးက ရှန်လျန့်ကိုပဲ အပြစ်အားလုံးပုံချနေချင်တာကြောင့် ချီညီအစ်ကိုသာမက ဖုရင်လည်း သည်းမခံနိုင်ပဲ သူ့ကိုယ်သူပြန်မေးယူရသည်အထိ! ဘယ်လိုအဖေက သူ့သားခံစားနေရတာကို ကြည့်ရက်လို့လဲ?

"... ဒီသခင်ကြီး စုံစမ်းကြည့်လိုက်မယ်၊ ပြောတာ မှားလို့ကတော့ သားအဖဆက်ဆံရေးကိုလစ်လျူရှုတယ်လို့ အပြစ်လာ မတင်လေနဲ့"

ပြောပြီးသည်နှင့် ရှန်သခင်ကြီး လှည့်ထွက်သွားသည်။ ချီရွှမ်းက ဒေါသအရမ်းထွက်နေကာ

"သူ ဘယ်အချိန်တုန်းက သားအဖ ဆက်ဆံရေးကို အလေးထားဖူးလို့လဲ?"

"ဝမ်းမနည်းနဲ့နော်၊ ကျွန်တော်တို့ လျန်လျန့်ကို အမြဲ ချစ်ပေးနေမှာ "

"ဘာဝမ်းနည်းစရာမှ မရှိဘူး၊ အားလုံးပဲ...ကျွန်တော် ခေါင်းကိုက်လာလို့ အရင် နားလိုက်တော့မယ်"

နှုတ်ခမ်းက ဖြူဖျော့လာသဖြင့်အခန်းထဲ လှည့်ဝင်သွားလိုက်သည်။

ချီရွှမ်း၏ ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်ပြီး ချီယွဲ့ စိတ်ဆိုးမာန်ဆိုးပြောသည်။

"လျန်လျန့်ရှေ့အဲ့လို ထပ်မပြောနဲ့၊ အမတ်ကြီးက ဘာပဲဖြစ်ဖြစ် သူ့အဖေလေ၊ ဝမ်းမနည်းပဲရှိမလား၊ အမတ်ကြီးက စိတ်ထွေပြီး သူ့ရှေ့ကရှန်လျန်ကို မမြင်နိုင်ဖြစ်နေတာ"

"ကြည့်ရတာ ငါတို့ တစ်ခြားနည်းပြောင်းရတော့မယ်ထင်တယ်"

ဖုရင်က ရှေ့တည့်တည့်စိုက်ကြည့်ကာ ပြော၏။ လက်ရှိ ယာယီသခင်မ နဲ့ ပြေလည်ဖို့ နည်းလမ်းတွေ ရှန်လျန်ရှာတွေ့ခဲ့ပေမယ့် ၊ အမတ်ကြီးတုံးလင်နဲ့ သားအဖဆက်ဆံရေးကိုပြေလည်ချင်သည့်ရည်ရွယ်ချက်တော့ ရှိဟန်မတူ။

"ဒီကိစ္စ ငါ့တာဝန်ထားလိုက်"

သူပြောပြီးပြီးချင်း အမတ်ကြီးမှာ မြင်ကွင်းကပျောက်ကွယ် သွားပေပြီ။ လူသုံးဦးလုံး၏စိတ်ထဲ

တွင် အံ့ဩနေမှုက ကူကယ်ရာမဲ့စွာဖြစ်ပေါ်နေသည်။

ရှန်လျန်ကသူ့အကြောင်းဆို တော်ရုံ ထုတ်မပြောတတ်သော်လည်း အားလုံးက သူ့အား ဉာဏစွမ်းရည်ပြည့်ဝသည်မှန်းသိထားကြသည်။ သို့ပေမယ့် တစ်ကယ့်တစ်ကယ်တမ်း စကားနိုင်စွမ်းရည်ဆရာတစ်ဆူပင်ဖြစ်နေသည်။

သခင်ကြီးက ပြန် ရောက်ရောက်ချင်း ရှန်လျန့်ကို တိုက်ရိုက်သွားတွေ့တယ်ဆိုတဲ့သတင်းက တုံးလင် အိမ်တော် တစ်ခုလုံးပျံ့နှံ့သွားပြီး လျိုရှုဟန်ရဲ့နှလုံးအိမ်ကို ခြောက်ခြားသွားစေသည်။ နောက်ဆုံးတစ်ခေါက် သူ့ရှေ့မှာတောင် ရှန်လျန်က မဟုတ်တမ်းတရားတွေ ပြောထွက်ခဲ့သေးရာ ယခု သူမသာ မရှိလျှင် သူမအပေါ်ရေညစ်တွေ ပို၍လောင်းချနိုင်သည်မလား?

ထို့ကြောင့် အစေခံနှစ်ယောက်ကိုခေါ်၍ ရှန်လျန့်ခြံဝန်းသို့ အဆောတလျင် လိုက်လာရသည်။ သို့သော် လမ်းတစ်ဝက်မှာတင် ရှန်သခင်ကြီး၏ မှောင် မည်းနေသော မျက်နှာနှင့် တွေ့ဆုံလိုက်ရသည်။

"သခင်ကြီး ရှင့်...ဘာကြောင့် အိမ်တော်ကို ပြန်လာ...."

လျိုရှုဟန်မှာ အခြေအနေမဟန်မှန်းသိလိုက်ရတာကြောင့် မိမိကိုယ်ကို ထိန်းချုပ်ရင်း အပြုံးတပ်၍မေးလိုက်သည်။ ရှန်သခင်ကြီးက ဝုန်းဒိုင်းကြဲ၍သူ့ရှေ့လျှောက်လာပြီး မေး၏။

"ဒီသခင်မေးမယ်၊ ငါ့သားခြံဝန်းဖျက်စီးခံရတဲ့ကိစ္စမှာ ရှန်ရှန် ဘာလုပ်ခဲ့သလဲ"

"သခင်ကြီးရှင့် ချန်အာက ငယ်ပါသေးတယ်၊ ရှောင်ဝူ ကျမကိုရိုက်တဲ့နေ့က သူလည်းအရမ်းစိတ်ဆိုးမိတာနဲ့ အဲ့လိုလုပ်မိ...."

ဒီလောက်ဆိုလုံလောက်ပြီ၊ ဆိုးရွားလိုက်တာ!

လျိုရှုဟန်က ကပျာကယာ ဖြေရှင်းသော်လည်း ရှန်သခင်ကြီးကဖြတ်ပြောလိုက်သည်။

"မနေ့က လျိုဝမ်ကျင်း.. သူ့စစ်သည်တွေခေါ်ပြီး ရှန်လျန်ကို အနိုင်သွားကျင့်တယ်ဆိုတာရော? အမှန်ပဲလား"

".... ကျွန်မ....ကျွန်မ သိပ်နားမလည်...."

သူမ ပျာ သွားပြီး ဘာပြောရမှန်းမသိတော့၊ သူ့အစ်ကိုမှ ရှန်လျန့်ကို သွားစမ်းသပ်တာဟာ ကိစ္စကြီးဖြစ်သွားမယ်မှန်း လုံးဝမထင်ထားမိ။ မောင်နှမ နှစ်ယောက်လုံး နောင်တရလာသည်။

"ကောင်းပြီ! လျိုရှုဟန်၊ မင်းပျိုးထောင်ထားတဲ့ သမီးကောင်းလေးက ကိုယ့်အစ်ကိုရဲ့အိမ်ကိုတောင် ဖျက်စီးရဲနေပြီ၊ မင်းအစ်ကိုကလည်း တုံးလင်အိမ်တော်က သခင်လေးကို လူရှေ့မှာ စော်ကားတယ်! ဒီသခင်က မင်းရဲ့အာဏာကို ပြန်ယူပေးထားရတုန်းက ..မင်းကိုယ်တိုင်ပေးထားတဲ့ကတိကို မေ့ပစ်လိုက်တာလား?"

ရှန်သခင်ကြီး၏ ဒေါသက သူ့နားနှစ်ဖက်မှ အငွေ့ပင် ထွက်လာစေတော့မည်။ မျက်ဝန်းက နီရဲနေပြီး နှစ်နှစ်ဆယ် အိမ်ထောင်သက်တမ်းကိုလည်း သတိမမူမိတော့ချေ။

"ကျွန်မ မမေ့ရဲပါဘူးရှင်၊ ကျွန်မအစ်ကိုကိစ္စက မတော်တဆပါ၊ ချန်အာကလည်းငယ်သေးတော့ ခွင့်လွှတ်နိုင်...."

အမှန်တရားက ဖုံးလို့မရတော့ပြီ၊ လျိုရှုဟန် လွန်စွာ ကြောက်ရွံ့မိ၏။ ဒီနှစ်နှစ်ဆယ်လုံး သခင်ကြီး က သူ့အပေါ်ခံစားချက် တစ်စုံတစ်ရာ မရှိတာကြောင့် သူမဘက်ကသာ တစ်ဖက်သတ် အစီအစဉ်ဆွဲကာ ချုပ်ကိုင်ထားခဲ့ရသည်။

"လမ်းမပေါ်မှာ လူတွေကအများကြီး ၊ရှောင်ဝူ အပြင်တစ်ခါထွက်လိုက်တာနဲ့ မတော်တဆ ဆုံတွေ့သွားကြတယ် ပေါ့? မင်းရူးနေသလား? ပြီးတော့ ရှန်ချန်က လင်ယူလို့တောင်ရနေပြီ၊ ငယ်သေးတယ်လို့ပြောရမှာ မင်းမရှက်ဘူးလား? ကြည့်ရတာ ဒီနှစ်တွေမှာ မင်းကိုငါ အတော်

‌လေးလိုက်လျောထားမိတာပဲ...

ဒီနေ့ဒီအချိန်ကစပြီး မင်းခြံဝန်းထဲကနေ ဒီသခင်ရဲ့အမိန့်မပါပဲ အပြင်လုံးဝခြေချခွင့်မရှိဘူး၊ ပြီးတော့ သခင်မကြီးကိုလည်း ဂါရဝသွားပြုစရာ မလိုတော့ဘူး၊ ဒုတိယ ခယ်မကိုပဲ ဒီတာဝန်လွှဲအပ်လိုက်တော့၊ ရှန်လျန်ကို အနိုင်မကျင့်နဲ့လို့ နောက်ဆုံးတစ်ခေါက်က မင်းကိုသတိပေးထားပြီးသားပဲ၊ သူက သည်းခံချင်စရာ မကောင်းလည်း တုံးလင်အိမ်တော်က သခင်လေးတစ်ယောက်၊ ဒီ ရှန်သခင်ရဲ့သားပဲ"

အိမ်တော်က မထွက်ခွာခင် လျိုရှုဟန်ကို သတိပေးသည့်အကြည့်ဖြင့် စိုက်ကြည့်‌ခဲ့လိုက်သည်။

"သခင်မ!"

လျိုရှုဟန်၏ ခြေထောက်က ပျော့ခွေကာ ထိုင်ကျသွားပေမယ့် ဘေးမှ အစေခံနှစ်ယောက်က အချိန်မှီ ဖမ်းဆွဲ ထားနိုင်ခဲ့သည်။

"ရှန်လျန်...ရှန်လျန်! ငါ့ကိုအသေမသတ်လိုက်ရင် မင်းက လူမဟုတ်တော့ဘူး"

အစေခံနှစ်ဦး၏ အကူအညီဖြင့် လျိုရှုဟန် စိတ်မပါလက်မပါ အိမ်ဘက် ပြန်လှည့်ခဲ့သည်။ သူ့မျက်လုံးတွေကတော့ ရှန်လျန့်ခြံဝန်းအား စူးစူးရဲရဲ စိုက်ကြည့်လျက်။

ဟဲရှန် ခြံဝန်းတွင်ဖြစ်သည်။

"အမေ၊ သခင်ကြီးက အစ်မကို အပြစ်ထပ်ပေးပြန်ပြီလို့ကြားတယ်"

သတင်းရလျှင်ရချင်း ကျောက်လန်နှင့် လုယန်က အမယ်အိုကြီးထံ အပြေးအလွှား အတင်းလာချသည်။ အိမ်ကြီးသခင်က အနိုင်ပိုင်းနိုင်ခဲ့ကြောင်း ကျောက်လန်က ဂုဏ်ယူစွာ ပြောပြသည်။ သို့သော်သူတို့ စိတ်အေးလက်အေးမနေရဲချေ၊ ဆယ်စုနှစ်တစ်ခုကြာအောင် လျိုရှုဟန်၏ အာဏာတည်မြဲခဲ့သည်မို့ အိမ်တော်ရှိ သူမ၏ အမြစ်မှာ မြဲမြံ‌စွာ စီးဝင်နေလောက်ရာ ပေါ့လျော့မိပါက အချိန်မရွေး အကိုက်ခံရနိုင်သည်။

"အိမ်ပြင်မထွက်ရတာ သူနဲ့တန်တယ်၊ သူ့ကိုယ်သူ မင်းသမီးများ ထင်နေလားမသိဘူး?"

လုယန်က အပီဖဲ့သည်။ ရှန်သခင်မ ဖြစ်နေလည်း အဆင့်နိမ့်သည်က နိမ့်သည်ပဲ၊ သူ့ရင်ထဲ အသည်းထဲကကို လျိုရှုဟန်အား အထင်သေးသည်။

"တတိယ ညီမလေး!"

ကျောက်လန်က အထိတ်တလန့်ဖြစ်ကာ တားလိုက်သည်။ လက်ရှိ သူက အိမ်ကိစ္စ စီမံသူမို့ စကားလုံးများပြောဆိုရာတွင် ဆင်ခြင်ရန်လိုအပ်ပေသည်။

"ကျွန်မပြောတာ မှားလို့လား?"

"တော်တော့ ..နှစ်ယောက်လုံးတိတ်တိတ်နေ၊ ငါခေါင်းကိုက်လာပြီ"

သခင်မကြီးက ကြားဝင်ဖျန်ဖြေရင်း နဖူးတစ်ဝိုက်နှိပ်နယ်လိုက်ပြီး နောက် ...ရုတ်တရက် မျက်နှာက လေးနက်သွားသည်။

"နင်တို့က လျိုရှုဟန်ကိုပဲ မြင်နေကြတာ ၊ တစ်

ကယ့်တစ်ကယ်တမ်း တုံးလင်အိမ်တော်ကို ဒီလိုတွေ ဖြစ်အောင် လုပ်တဲ့ အဓိက တရားခံကို မေ့ထားကြတယ်"

ဒါတွေအားလုံးက ရှန်လျန်ကြောင့်ပဲ၊ သူ့အသက်က ၁၅နှစ် ပဲရှိသေးတယ်လို့ မတွေးနဲ့၊ သူက အရမ်းဉာဏ်များတာမို့၊ ခုကစပြီး နင်တို့ ပိုဂရုစိုက်ကြ! "

"အဲ့လောက်လဲ မလိုပါဘူး"

ဟုတ်တယ်မလား?အစ်ကိုကြီးတောင် သူ့သားကို သိပ်ဂရုစိုက်တာမဟုတ်ဘူး၊ ရှန်တာ့က အနောက်မြောက်အရပ်မှာ ...သူ့ညီတစ်ယောက်ထဲ ဘာလုပ်နိုင်မှာမို့လဲ?

ကျောက်လန်က ပါးနပ်သည်။ သခင်မကြီး အရိပ်ပြသည်နှင့် အကောင်မြင်သော်ငြား လုယန်ကတော့ စိတ်ထဲပင်မထည့် ။ ရှန်လျန်ဆိုတာ ရှန်တာ့နောက်မှာ ပုန်းနေတတ်တဲ့ ကလေးတစ်ယောက်၊ လျိုရှုဟန်ရိုက်ခံရတယ်ဆိုတာ အဲ့ဒီအချိန် က ရှန်လျန်ကံကောင်းသွားပြီး ဒေါသထွက်ထွက်နဲ့ အမှတ်မထင် ရိုက်မိတာပဲဖြစ်မည်မို့ လုယန်လုံးဝမကြောက်ပေ။

"တုံးလိုက်တာ!"

သခင်မကြီးက ဒေါသမျက်ဝန်းနှင့်ကြည့်ကာပြောလိုက်သည်။

"နင်သေချာတွေးကြည့်စမ်း! သူပြန်လာတာ ဘယ်နှရက်မှ မရှိသေးဘူး၊ အိမ်တော်မှာ ပြဿနာ ဘယ်လောက်တက်ရပြီလဲ?အားလုံးကတိုက်ဆိုင်ရအောင်..... ဖြစ်တဲ့ကိစ္စက များလွန်းနေတယ်လေ

ငါထင်တာတော့ ဒါတွေ အကုန် သူ့လက်ချက်ပဲ၊ တတိယ ချွေးမလေး ..နင်သူ့ကို သေချာစောင့်ကြည့်ပြီး အနိုင်သွားမကျင့်နဲ့၊ အစီအစဉ် ချပြီးမှ သေချာလုပ်! ကြားလား"

အနောက်ခြံဝန်းက ပြဿနာတွေ ကြုံရပြီးနောက် စုံစမ်းလေ့လာရေးမှာ ဆရာတစ်ဆူ ဖြစ်လာသော သခင်မကြီးဟာ ရှန်လျန်ရဲ့ လုပ်နိုင်စွမ်းတွေကိုအာရုံ ခံစားမိနေ သည်။ ဇနီးနေရာ ပြောင်းလဲသွားသည့်အချိန် သူမ၏အတွေး ပိုသေချာသွားသည်။

ရှန်လျန်သည် လျိုရှုဟန်ထက် ပိုအန္တရာယ် ကြီးသည် ....။

"အမေပြောတာ အရမ်းမှန်တယ် ၊ ကျွန်မလည်း

ရှန်လျန်က မလွယ်ဘူးလို့ ခံစားမိတယ် ၊ သူ့လက်ချက်နဲ့ လျိုရှုဟန်ခံလိုက်ရတာလေ"

သူတို့နဲ့မသက်ဆိုင်ပေမယ့် ဖြစ်ရပ်တွေကို မမေ့ပေ။ အားလုံးကို မှတ်ထားပြီး အခွင့်အရေးရသည့်နေ့.. .. ကလဲ့စားချေရမည်။

"ဟုတ်တော့ဟုတ်ပါတယ် ၊ ဒါပေမယ့် ငါတို့ ဘာလို့ သူ့ကိုကြောက်နေရမလဲ၊ ကျောက်လန် သူ ငါ့ကိုတော့ လာထိမှာ မဟုတ်ဘူး၊ ဘာကြောင့် သူ့ကို သွားဆွသင့်လို့လဲ?"

သူမဘက်မှာ မရှိတာကြောင့် လုယန်က စိတ်မရှည် လက်မရှည်ဖြင့် လက်ခါယမ်းလိုက်သည်။ ရှန်လျန်က သူမရင်ထဲထည့်ရလောက်အောင် နေရာ ရနိုင်လိမ့်မည်မဟုတ်။

"နင်...."

သခင်မကြီး၏ စိတ်အခြေအနေကိုသိသည်ကြောင့် ကျောက်လန်ဆက်မငြင်းခုံတော့ပဲ

"အမေ ၊ ရှန်လျန့်ကို ဒီတိုင်းလွှတ်ထားရင် ပိုအန္တရာယ်များတယ် နော် ၊ ကျွန်မတို့ ပေါင်းပြီး..."

ကျန်သည့်စကားကို ဆုံးအောင်မပြောသော်လည်း လူတိုင်း ဖြည့်တွေးနိုင်သည်။

သခင်မကြီးက လက်ဟန်ပြပြီး တားကာ

"စိတ်မပူနဲ့ ၊လတ်တလော လျိုရှုဟန်တို့ သားအမိ မလှုပ်ရဲဘူး၊ ဒါပေမယ့် သူတို့စိတ်နဲ့ဆိုရင် လုံးဝအလွှတ်ပေးမှာ မဟုတ်လောက်ဘူး ၊ ငါတို့က ထိုင်ပြီး ကျားချင်းကျားကိုက်တာ ကြည့်ရုံပဲ၊ နောက်ကနေ မီးလောင်ရာ လေလေးပင့်ပေးပြီး သူတို့ကြား ဆက်ဆံရေးပိုဆိုးရွားသွားအောင် လုပ်ပေးရမှာ"

"ဒါပေမယ့် အမေ.. ရှန်လျန်ရဲ့ ဓားသွားကနှစ်ဖက်ချွန်နော် ၊ သူတို့ကိုချခိုင်းလိုက်ရင် အိမ်တော်ရဲ့ဂုဏ်သတင်းကျဆင်းသွားမှာ စိုးရတယ်"

"ဘယ်သူကရော မစိုးရိမ်လို့လဲ? "

တတိယမိသားစုမှာ ရှန်ကျင်းဆိုတဲ့သမီးတစ်ယောက်သာရှိသည်။ အနာဂါတ်၏ အိမ်တော်သခင်မနေရာသည် ဒုတိယမိသားစု ကျောက်လန်၏လက်ထဲသာ ရောက်လာမည်ဖြစ်ရာ ကျောက်လန်က အားလုံးကိုတွက်ချက်ထားပြီးဖြစ်သည်။

"အိုး..."

သခင်မကြီးက သက်ပြင်းချသည်။

"သေချာ ‌ပြန်တွေးကြည့်ရင် ရှန်သခင်ကြီးရဲ့နာမည်ဂုဏ်သတင်းက သိပ်မဆိုးရွားတော့ သူ့ကိုအာရုံစိုက်စရာမလိုဘူး၊ ဘာလို့ဆို ငါးရော ဝက်ဝံရော တစ်ခါတည်း မကိုင်တွယ်နိုင်ဘူးလေ၊ ကောလဟာလတွေအားလုံးက ပထမမိသားစုကိုပဲသွားထိခိုက်မှာ၊ နောက်မှ ကျန်တဲ့မိသားစုနှစ်စုက အိမ်တော်ရဲ့ ဂုဏ်သိက္ခာ ကိုပြန်ဆယ်ရမယ်

တစ်ခုတော့မှတ်ထား ပထမမိသားစုရဲ့ရွှံ့ရေထဲကို နင်တို့နှစ်ယောက် ဝင်မပါမိစေနဲ့၊ ရှန်လျန်နဲ့လည်း ဒဲ့ ရင်မဆိုင်နဲ့၊ ဒီသခင်မက အကြီးအကဲအနေနဲ့ သူ့ကို ထိန်းလို့ရပေမယ့် ၊ သူ့ပါးစပ်ပေါက်ကိုတော့ မပိတ်ထားနိုင်ဘူး"

ရှန်လျန် ပြန်မလာခင်ကတော့ အိမ်တော်ရဲ့ကျော်စောမှုတွေကို သူအလေးထားခဲ့ပါတယ်၊ အာဏာသာပြန်ရမယ်ဆိုရင် တော့ ဒီတုံးလင်အိမ်တော်ကိုရေဆိုးရေညစ်ထဲ တွန်းထည့်ရမယ်ဆိုလဲ ဝန်မလေးတော့ချေ။

ရှန်သခင်ကြီးက အိမ်တော်ဦးစီးဖြစ်သည့်နေ့ကတည်းက ဒီနေ့ချိန်ထိ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်ကို သူဝန်ခံပါသည်။ သို့သော်လည်း အာဏာရဖို့အတွက်ဆိုလျှင် အမတ်ကြီးအပေါ် အမှားတွေထောက်ပြရန် ကြိုးစားရလိမ့်ဦးမည် ။ မည်သို့ပင် ဆိုစေ အာဏာသည် လမ်းပေါ်ချရောင်းသော ဂေါ်ဖီထုပ်မှ မဟုတ်ပေပဲ။

"အမေပြောတာ မှန်တယ်၊ သေချာမှတ်ထားပါ့မယ်"

ကျောက်လန်က သခင်မကြီး၏စကားကိုထောက်ခံကာ ချီးမွှမ်းလိုက်သည်။

ရှန်လျန်၏ ခြံဝန်းတွင်ဖြစ်သည်။

‌ယောက္ခမ နှင့်ချွေးမ နှစ်ယောက်တို့၏ စကားဝိုင်းပြီးဆုံးသွားချိန်တွင် အစအဆုံးခိုးနားထောင်နေသော ယောင်းကွမ်က ရှန်လျန်တို့အား ပြေးပြောသည်။

"သူတို့အကြံက ဒီလိုကိုး..."

ချီညီအစ်ကိုက မှင်တက်နေကြသော်လည်း ရှန်လျန်က မအံ့ဩမိပေ။

"အာဏာရချင်တယ်ပေါ့? သူတို့သာ အရည်အချင်းရှိရင် ဒါကိစ္စကြီး မှမဟုတ်တာ!"

တုံးလင်အိမ်တော်ပိုင်ရှင်က သူ့အစ်ကိုမလိုချင်လျှင်တောင် ဆက်ခံရမှာဖြစ်သည်။ သူတစ်ပါးလက်ထဲ အပါခံမည့်အစား ဖျက်ပဲ ဖျက်စီးပစ်လိုက်မည်။

"လျန်လျန် .ဒီရှန်မိသားစုမှာ ဘာကောင်းတာမှ မရှိဘူး၊ နေတာကြာရင် သူတို့လိုချီးဘရိန်းဖြစ်သွားလိမ့်မယ်၊ ကျွန်တော်ထင်တာတော့ အရှင့်သားနဲ့မြန်မြန် လက်ထပ်လိုက်တာက ပိုကောင်းမယ်နော်၊ အဲ့တာမှ ဒီအိမ်ကလူတွေလိုမဖြစ်တော့မှာ"

ရှန်လျန်က သူတို့သခင်၏ အနာဂါတ်ကြင်ယာ‌လောင်း ဖြစ်လာလိမ့်မည်ဟု ကျိန်းသေ သိနေသည့်အလား ကုလားထိုင်ပေါ် ထိုင်နေသော ယောင်းကွမ်က ပြောသည်။ မသိပါက များမကြာမီပင် လက်ထပ်ကြတော့မယောင်ယောင်... ။ ချီညီအစ်ကိုနှင့် ဖုရင်တို့ အတွက်က ဤသို့သော စကားမျိုးကို ကြိမ်ဖန်များစွာ ကြားရပြီးဖြစ်သည်။

"မင်းလက်ထပ်ဖို့ လူကိုလည်း ငါရှာပေးရမလား၊ ဘယ်လိုလဲ?"

ရေနွေးကြမ်းခွက်ကိုချကာ ရှန်လျန် မော့ကြည့်လိုက်ရာ ယောင်းကွမ်က မြေပြင်ပေါ် ပစ်ကျလုမတတ်ထိတ်လန့်သွားရသည်။ သို့သော် ချက်ချင်း ကိုယ်ဟန်မတ်ပြီး လက်ကွေးချည်ဆန့်ချည် လုပ်လိုက်သည်။

"ဝိုး.. ဒီနေ့ ရာသီဥတု အတော်ကောင်းပါလား! မိုးရွာမှာ မဟုတ်ဘူး၊ အပြင်လေး ဘာလေးထွက်လည်ကြရအောင်၊ ကျွန်တော် နေရာကောင်းလေးတွေသိတယ်ဗျ"

မည်သူ့မှ ဂရုမစိုက်စွာပင် စကားလမ်းကြောင်းပြောင်း ချ လိုက်သည်။

ရှန်လျန်ရော တစ်ခြားသူတွေပါ ပါးစပ်အုပ်ကာ ရယ် မောမိတော့သည်။

ချီရွှမ်းတစ်ဦးတည်း တက်ကြွသည်မဟုတ်၊ ယောင်းကွမ်ကလည်း ဉာဏ်ပြေးကာ ဖြတ်လတ်သည်။ အနာဂါတ်မှာ သူတို့ ခြံဝန်းလေးက ပိုပိုပြီး ဆူညံနေတော့မည်။

3019

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment