no

Font
Theme

ရူးနှမ်းစွာ မတန်မရာ မှန်း

"ယောင်္ကျား...."

လူတိုင်း ထိတ်လန့်ကာ ကြောင်အ နေစဉ် ပထမဆုံး အသိဝင်လာသူကတော့ ကျောက်လန်ဖြစ်သည်။

"သမားတော်... မြန်မြန် သမားတော် သွားခေါ်စမ်း"

သွေးဖုံးလွှမ်းနေတဲ့ လက်ကို အုပ်ကိုင်ပေးရင်း ကျောက်လန် ရဲ့မျက်ရည်က ဆည်ကျိုးသလ်ုကျဆင်းလာသည်။ ရှန်လျန်က တစ်ကယ် ရက်စက်သည်။ ရှန်ရွေ့ချင်ရဲ့ သွေးလွှတ်ကြောတည့်တည့် အပေါက်ဖြစ်သွားအောင် လုပ်ခဲ့သည်။

ခုမှ သတိဝင်လာတဲ့ ရှန်ရွေ့ထင်က ရှန်လျန့်ကို တမျိုးတမည်ကြည့်လိုက်သည်။ ပါးစပ်ဖွင့်ကာ တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းသွားပြီးနောက် မပြောဖြစ်လိုက်တော့ပေ။သို့နှင့် တစ်ခန်းလံုးတိတ်ဆိတ်သွားရပြန်၏။ သမားတော် ရောက်လာသောအခါ ဆေးအိတ်ကိုဖွင့်လျက် ရှန်ရွေ့ချင်အား ချက်ချင်း ကြည့်ရှုပေးသည်။ တစ်ခါမှ ဒဏ်ရာမရဖူးသည့် ရှန်ရွေ့ချင်က နဖူးပေါ်နှင့်နားထင်တစ်ဝိုက်တွင် ချွေးစေးထွက်လျက် ခန္ဓာကိုယ်က မသိမသာ တုန်နေသည်။

"ခဲအို.. ရှန်လျန်က အတော်လေး မနာခံတတ်ဘူးဆိုတာ တွေ့တယ်မလား၊ ခဲအိုကိုဂရုမစိုက်ပဲ ရှေ့မှာတင် သူ့ဦးလေးကို အချွန်နဲ့ထိုးရဲတယ်၊ ခဲအို မျှမျှတတ မဆုံးဖြတ်ပေးနိုင်ရင် ကျွန်မ တရားရုံးမှာ ဗုံတီးပြီး အမှုဖွင့်ပစ်မယ်"

ကျောက်လန်က လင်ကိုစိုးရိမ်တာ တစ်ဖက် သမီးကိုပွေ့ဖက်ထားရတာက တစ်ဖက်နဲ့ အလွန်ဗျာများနေရသည်။ ကောင်စုတ်လေးက အနိုင်ကျင့်လွန်းသည်။ နည်းနည်းမှခွင့်မလွှတ်ပေးနိုင်ပါ။

ရှန်ရွေ့ထင်က မျက်မှောင်ကြုံ့ပြီး အကြပ်ရိုက်နေသည်။ ရှန်လျန်က နှာမှုတ်လိုက်ပြီး....

"ဗုံတီးပြီး အမှုဖွင့်ချင်တာလား... သွားလေ.. ရှန‌ေချာင်ကျွန်တော့အခန်းထဲ ရောက်နေရတဲ့ ကိစ္စကိုအသာထား၊ မနက်စောစောစီးစီး အဒေါ်တို့အားလုံး တောက်တောက်ပြောင်ပြောင်တွေဝတ်ပြီး ကျွန်တော့်အခန်းရှေ့ရောက်လာတဲ့ ရည်ရွယ်ချက်ပဲ ကျွန်တော်ကသိချင်တာ၊ အိပ်ရာလာနှိုးပေးတာလို့ မဖြေနဲ့နော်၊ ကျွန်တော်က မရိုသေရာကျသွားမှာပေါ့၊ ပြီးတော့ မ်ြု့တော်တောင် ပြန်မရောက်သေးဘူး၊ ကျွန်တော် တစ်ညပျော်ပါးတယ်ဆိုတဲ့ကောလဟာလက ပျံ့နေပြီ၊ အကုန်လုံးက ဆက်စပ်မှုမရှိဘူးလို့ ပြောရင် အရူးပဲ ယုံလိမ့်မယ်၊ အဖွားကလည်း ရုတ်တရက်ကြီး တစ်မိသားစုလုံးကို ဘုရားကျောင်းမှာ ဆုတောင်းဖို့ ခေါ်သွားတယ်တဲ့၊ စဉ်းစားဉာဏ်ရှိသူတိုင်း မူမမှန်တာကို သတိပြုမိမှာပဲ၊ ကောင်းပြီလေ.. တရားရုံး သွားချင်တယ်ဆိုမှတော့ သွားကြတာပေါ့၊ ကျွန်တော် အဆုံးထိပူးပေါင်းပေးမယ်"

ရှန်လျန်က ခုချိန်မှာ ရှန်ရွေ့ချင် အတွက် တူးနက်နက်တူးပေးရဲသည်။ ယခုချိန်မှာ ယောက္ခမက သတိလစ်မေ့မျောနေရာ ကိစ္စများ အဆုံးအဖြတ်ပေးနိုင်သည့်သူက ရှန်ရွေ့ထင်သာရှိသည်။ ကျောက်လန်က စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ပေမယ့် တစ်ကယ်တမ်း တည်ငြိမ်သည်။ ရှန်ရွေ့ထင်က သူ့ခင်ပွန်းကို မကြည်မှန်းသိတာကြောင့် ခင်ပွန်းဖြစ်သူ၏ နောက်ကျောကို ဓားနဲ့ မထိုးရဲ။

"ကောင်းပြီလေ.. ငါတို့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းကြတာပေါ့"

ကျောက်လန် မျက်လုံးပြူးကျယ်နေပြီး ရှန်ရွေ့ထင်ကိုတစ်လှည့် ရှန်လျန်ကို တစ်လှည့်ကြည့်ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း

"ဟင့်အင်း... မသွားဘူး၊ သမီး မသွားဘူး"

ရင်ခွင်ထဲက ရှန်ချောင်က ရုတ်တရက်ကြီး ခံစားချက် ပြင်းထန်လာပုံရသည်။ အမေ မှားလား ၊မှန်လား မသိပေမယ့် အတွေးထဲမှာ သူအနိုင်ကျင့်ခံရတဲ့ကိစ္စကို တရားရုံးမှာ တိုင်းသိပြည်သိ ဖွင့်ထုတ်ရမှာမျိုး မလုပ်ချင်ပါ၊ ဤအခိုက်အတန့်နှလုံးသားထဲက အကြောက်တရားက ထိန်းချုပ်၍ မရ‌နိုင်တော့။

"ချောင်အာ..."

သမီးကို အားမလို အားမရစွာ ဒေါသထွက်မိသော်လည်း တုန်ရီရှက်ရွံနေသည်ကိုတွေ့ပြန်တော့လည်း ရင်ကွဲပက်လက် နာကျင်လျက် ‌ဆူပူချင်သမျှ ပြန်မျိုချပြီး ထွေး‌ဖက်ပေးလိုက်တော့သည်။

"တော်ကြတော့!"

ရှန်ရွေ့ထင် အော်လိုက်သည်။

"ရှန်လျန်က ရှန်ချောင်ကို ပျက်စီးအောင် လုပ်တယ် ထင်နေရင် သက်သေရှာလာခဲ့၊ ရှန်ချောင် မင်းက ရှန်လျန့်အခန်းထဲ ဘာသွားလုပ်တာလဲ"

ဟုတ်တယ် သူတို့ ဒါမသိသေးဘူး။

ထိုမေးခွန်းကြောင့် လူတိုင်း ရှန်ချောင့်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ တရားခံကတော့ မိခင်ကိုဖက်လျက် စကားတစ်ခွန်းမှ မဟပဲ တုန်ရီနေသည်။

"သခင်ကြီး သူမပြောပြချင်ဘူးဆိုမှတော့ ညဘက် အလှည့်ကျတဲ့ သူ့အခြွေရံနဲ့ အစေခံတွေကိုမေးကြည့်ရင်ရော၊ လူတစ်ယောက်လုံး လေထဲကနေ အခန်းထဲ ရောက်လာစရာအကြောင်းတော့မရှိဘူးလေ၊ လှည့်ကွက်တစ်ခုခုရှိနိုင်တယ်"

ရှန်လျန်က သွေးနီရောင်ဆံထိုးကိုခေါင်းမှာ ပြန်ထိုးလိုက်ပြီး ထိုင်ခုံမှာ ပြန်ထိုင်သည်။ သူမြောက်ပေးတဲ့စကားကြောင့် လှည့်ကြည့်လာတဲ့ ရှန်ချောင်ကို ပြန်စိုက်ကြည့်ပေးလိုက်သည်။ နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေက ခံစားချက်အပြည့်နှင့်ဖြစ်၏ တစ်ဦးက မုန်းတီးမှုအပြည့်၊ ကျန်တစ်ဦးက ရက်စက်ခြင်းများဖြင့် တလက်လက် တောက်နေသည်။

"မနေ့က သူ့ကို စောင့်ရှောက်ပေးဖို့ ဘုရားကျောင်းလိုက်သွားတဲ့ အစောင့်နဲ့ အစေခံတွေ သွားခေါ်လာခဲ့"

ရှန်ရွေ့ထင်က နားထင်ဖိရင်း ရှန်ကျီကို စေခိုင်းလိုက်သည်။ ထို့နောက် ရှန်ချောင်တို့ သားအမိ နောက်ဘက်ကိုကြည့်ပြီး...

"ရှန်ချောင်ရဲ့ အခြွေရံက ဘယ်တစ်ယောက်လဲ"

"သခင်ကြီး!"

နှစ်ဦးလုံးဒူးထောက်ပြီး ကြောက်ရွံနေကြသည်။ ရှန်ရွေ့ထင် မျက်မှောင်ကြုံ့မိသည်။ များမကြာခင်မှာပဲ အစောင့်နဲ့ အစေခံအချို့ကို ရှန်ကျီ ခေါ်လာသည်။

"မနေ့ညက မင်းတို့ မမလေး အခန်းထဲက ထွက်သွားတာ တွေ့တဲ့သူရှိလား၊ ငါသတိပေးထားမယ်နော်... ဒီက်စ္စက ပေါ့ပျက်ပျက်ပြောလို့မရဘူး၊ လိမ်ပြောမယ်ဆိုရင် မင်းတို့အသက်ရော မင်းတို့မိသားစုကိုရော ချမ်းသာမပေးဘူး၊ ဒါကြောင့် သေချာ စဉ်းစားပြီး အမှန်အတိုင်းဖြေကြ"

အခြွေရံနှစ်ဦးက ချက်ချင်းမဖြေသေးတာကြောင့် တခြားအစေခံတွေဘက် လှည့်ကြည့်လိုက်သည်။ စကားလုံးတိုင်းက ခြိမ်းခြောက်နိုင်စွမ်းအပြည့်ဖြစ်ပြီး ပြောသည့်အတိုင်း စီရင်မည့်ပုံပင်။

"သခင်ကြီး အသက်ချမ်းသာပေးပါ"

အစေခံနဲ့ အစောင့်တွေလည်း ဒူးထောက်ကာ အသနားခံကြသည်။ အစောင့်နှစ်ဦးသာ တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာကြည့်လျက် မတ်မတ်ကြီးရပ်နေသည်။ ရှန်ရွေ့ထင်လည်း သတိပြုမိသွားပြီး လေးလေးနက်နက် မေးသည်။

"ရတယ်ပြော၊ မင်းတို့ အမှန်အတိုင်းပြောသရွေ့ ဘာမှ မထိခိုက်စေရဘူး၊ ကတိပေးတယ်"

"သခင်ကြီး"

ထိုနှစ်ယောက်က ရှန်ချောင့် မိခင်ကို အထိတ်ထိတ်အလန့်လန့်ကြည့်လိုက်ရင်းမှ တစ်ဦးကခေါင်းအောက်ထိ အောက်မတတ်ငုံ့ထားရင်း အရင် ပြော၏။

"မနေ့ညက ညနက်ပိုင်းမှာ ရှစ်ယောက်မြောက် သခင်မလေးက တုံမေ့ခြံဝန်းထဲ တစ်ယောက်ထဲ ပြေးဝင်သွားတာ တွေ့လိုက်ပါတယ်"

စကားမဆုံးခင် ကျောက်လန် တွေးမိသည်က သမီးက ဘာလို့ ညလယ်ခေါင်ကြီး တစ်ယောက်ထဲ ပြေးထွက်သွားမှာလဲ?

"သခင်ကြီး ကျွန်တော် လုံးဝ မလိမ်ပါဘူး၊ အမှန်အတိုင်းပြောတာပါ၊ ‌သခင်မ‌လေးဆိုတာ သေချာပါတယ်"

သူခပ်သွက်သွက်ပြောပြီးတာနဲ့ ကျန်တစ်ယောက်လည်း ဖြည့်ပြောလာသည်။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ မြင်တော့ မမလေးကိုသွားတားပါတယ်၊ ဒါပေမယ့် မမလေးက တုံ့မေ့ခြံဝန်းမှာ တစ်ခုခုလုပ်စရာရှိတယ်ဆိုပြီး ကျွန်တော်တို့ကို အကြောင်းမကြားဖို့ တိတ်တိတ်လေးနေဖို့ အမိန့်ပေးပါတယ်"

"သခင်ကြီး၊ အသက်ချမ်းသာပေးပါ၊ ကျွန်တော့်စကားထဲ အမှားတစ်ခွန်းမှ မပါတာ ကျိန်းသေပါတယ်"

အစောင့်နှစ်ဦးလုံး ဒူးတစ်ဖက်စီထောက်လိုက်ကြသည်။ အမူအရာနဲ့ လေသံက ခိုင်မာနေတာကြောင့် လိမ်ပြောပုံမရသော်လည်း ကျောက်လန် မယုံနိုင်သေးပဲ မာန်မဲလိုက်သည်။

"မင်းတို့လိမ်ပြောနေတာ၊ ရှန်လျန်က မင်းတို့ကို ငွေပေးပြီး ငါ့သမီးကို ဖျက်စီးခိုင်းတာမလား"

"ဒုတိယသခင်မ..."

ရှန်ရွေ့ထင် မယုံမှာ စ်ုးတာကြောင့် အစောင့်နှစ်ဦးက ပျာပျာသလဲလဲ ရှင်းပြရန်ပြင်စဉ် ရှန်ရွေ့ထင်မှ...

"တိတ်စမ်း .. သူပြောသလို ဟုတ်မဟုတ် ရှန်ချောင်နဲ့ အခြွေရံကိုမေးကြည့်မယ်"

တစ်ချိန်ထဲမှာပဲ ဘာကိစ္စမဆို သူ‌လုပ်တယ်လို့ပဲ စွပ်စွဲခံရသည့် ရှန်လျန့်ခံစားချက်ကို နားလည်သယောင်ယောင်ရှိသွားသည်။ ဒါကြောင့်လည်း ရှန်လျန်က ဘယ်သူ့အပေါ်မှ တရင်းတနှီးမရှိတဲ့အပြင် ယဉ်ကျေးချင်စိတ်ပါ မရှိတာကိုး...

"ခဲအို ဒါဘာသဘောလဲ? ခု ကျွန်မ သမီးက တစ်ညတာပျော်ပါးဖို့ သွားတယ်လို့ သံသယဝင်နေတာလား"

ကျောက်လန် ဆောက်တည်ရာမရ ဖြစ်လာသည်။

"ရှန်လျန့်အပေါ် အကြွေးတင်နေလို့ တစ်ချိန်လုံး သူ့ဘက်က ကာကွယ်ပေးချင်နေတာလား"

"မင်း...."

ရှန်ရွေ့ထင် ဒေါသထွက်ပြီး အသက်ရှူမြန်လာသည်။ ကိုယ့်ညီရဲ့ဇနီးဖြစ်နေလို့ပေါ့၊ မဟုတ်ရင် အစကတည်းက နှုတ်မစောင့်စည်းလို့ နပန်ကျင်းပစ်လိုက်ပြီ။

"ဟုတ်တယ်၊ သမီးက ပျော်ပါးဖို့သွားခဲ့တာ၊အဲ့တာ ဘယ်သူနဲ့ လဲ သိလား"

တစ်ယောက် အားနည်းချက် တစ်‌ယောက် ဖိနှိပ်နေကြစဉ် ရှန်ချောင်က ရုတ်တရက် မျက်နှာနီနီနဲ့ ရူးနှမ်းစွာ ပြောလာသည်။ လူတိုင်းရဲ့ အံ့ဩတကြီးမျက်လုံးတွေအောက်မှာပဲ ရှန်လျန့်ဘက်လှည့်ပြီး လှောင်ရယ်လိုက်သည် ။

"အဲ့တာ နင့်ရဲ့သတို့သားလောင်းပဲ၊ ချင်ဖင်းမြို့စားမင်းလေ.. အစ်ကိုငါး သူကအိပ်ရာပေါ်မှာ ဘယ်လောက် အပြုစုကောင်းလဲ နင် မသိသေးဘူးမလား ဟားဟား"

ရှန်ချောင် ရူးနေပြီ!

လူတိုင်းထိုသို့တွေးလိုက်ကြပြီး ရှန်လျန့်ကိုကြည့်ကြပြန်သည်။ ထူးဆန်းစွာပဲ ရှန်လျန့်အမူအရာက ဘာမှ မပြောင်းလဲခဲ့၊ သို့ပေမယ့် သူ့အကြည့်ရဲ့နောက်ကွယ်က တစ်စုံတခုကိုဖုံးကွယ်ထားခဲ့သည်။ ထိုအရာမှာ သူ ချက်ချင်းပဲ ဓားဆွဲထုတ်ပြီး ထိုးသတ်ပစ်ချင်စိတ်ပဲ ဖြစ်သည် ။

"မင်း ယောင်္ကျားတစ်ယောက်နဲ့ ပျော်ပါးခဲ့တာ လူတိုင်း သိပြီးသားပဲ၊ တကူးတက အသေးစိတ်ပြောပြနေစရာမလိုဘူး၊ ငါ့သတို့သားလောင်းနဲ့ ဖြစ်ခဲ့တယ်ဆိုတာတော့ မင်းရဲ့အပြောပဲ ရှိတာပါ"

ရှန်လျန်က ထရပ်ပြီး ဆင်ခြေပေးလာတာမို့ ရှန်ချောင် ဝက်ဦးနှောက်နဲ့ ရူးရူးနှမ်းနှမ်း ပြုံးလိုက်သည်။

"ငါ့ပါးစပ်က ပြောရုံ ဘယ်ဟုတ်ပါ့မလဲ၊မြို့စားမင်းက ငါ့ကိုခေါ်ခဲ့တာပဲ.. မနေ့ညက ငါ့အခြွေရံလာပြောပြတာမို့ နင်အတည်ပြုနိုင်တယ်"

"ဪ အဲ့လိုလား"

မျက်ခုံးပင့်ပြီး ကြမ်းပြင်မှာ ဒူးထောက်ကာ တုန်ရီနေဆဲ ဖြစ်တဲ့ အခြွေရံနှစ်ဦးကို ရှန်လျန် ငုံ့ကြည့်လိုက်သည်။

"မင်းတို့ သက်သေပြနိုင်လား.. သေချာစဉ်းစားနော်.. လိမ်ညာပြောတာ ငါဖမ်းမိရင် အနိမ့်ဆုံးအပြစ်က သေဒဏ်ပဲ"

"ကျွန်မတို့..."

နှစ်ယောက်လုံး ကူကယ်ရာမဲ့စွာ တဆတ်ဆန်တုန်နေသည်။

"ရှန်လျန် ငါ့အခြွေရံတွေကို လာမခြိမ်းခြောက်နဲ့"

ရှန်ချောင်က ရှေ့မှာ ပိတ်ကာပေးပြီး လှည့်ပြောလိုက်တယ်။

" မြို့စားမင်းဘက်ကစပြီး ငါ့ကိုတောင်းဆိုတာလို့ကျယ်ကျယ်ပြောပြလိုက်ကြ! စိတ်မပူနဲ့၊ နင်တို့က ငါပိုင်တဲ့အခြွေရံ.... ငါ့ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ ထိလို့မရဘူး"

သူတစ်ယောက်ထဲကပဲ အပြစ်ပေးခွင့်ရှိတယ်လို့ ဆိုလိုချင်တာပင်။

အခြွေရံနှစ်ယောက်က သဘောပေါက်သည်။ သခင်မလေးရဲ့ အာမခံစကားကြောင့် အားတက်ပြီး အချင်းချင်း ကြည့်ကာ ဝန်ခံလာသည်။

"ဟုတ်...ဟုတ်ပါတယ်၊ မနေ့ညက မြို့စားမင်းက မမလေးနဲ့တွေ့ဖို့ ချိန်းတာပါ၊ ဒုတိယသခင်မ စိုးရိမ်နေမှာစိုးလို့ မပြောပြဖို့ ကျွန်မတို့ကို အမိန့်ပေးခဲ့တာပါ"

တစ်ကယ်လား?

အားလုံးက ကြောင်အမ်းနေကြသည်။ ရှန်ချောင်ပြောသလိုဆို သွားပျော်ပါးတာ ဖြစ်ပြီး သူများ ကြံစည်တာမဟုတ်ဘူး ဖြစ်နေတယ်၊ ဒါပေမယ့် ညသန်းခေါင် တစ်‌ယောက်ထဲ သွားရသလား? ဘယ်လောက်ပဲ မြို့စားမင်းကို နှစ်သက်တယ် ပြောပြောလေ.. ပြီးတော့ ရှန်ချောင်ရဲ့ ပျော့ခွေစုတ်ပြတ်နေပုံကြောင့် နတ်ဘုရားပုံစံနဲ့ တည်ကြည်ခန့်ညားတဲ့ မြို့စားမင်းက တစ်ကယ်ပဲ သားရဲကောင်လို ရက်စက် ရမ်းကားတတ်တာလား ဆိုတာ အတွေးပွားစရာပင်။

"အဓိပ္ပာယ် မရှိတဲ့စကားတွေ"

သူတို့ဝမ်ရယ်က ဒီလိုလူစားမဟုတ်ဘူး၊ ယောင်းကွမ်က ရှေ့ထွက်လိုက်ချင်ပေမယ့် ရှန်လျန်က တားလိုက်သည်။

"သခင်လေး သူတို့က ဝမ်ရယ်ကို ပမာမခန့်ပြောနေ..."

"အလျင်မလိုဘူး၊ အမှားက အမှန်ဖြစ်မလာသလို၊ အမှန်တရားကလည်း ဖုံးကွယ်ထားလို့မရဘူး ဆိုတဲ့ စကားလည်း ရှိတာပဲ၊ ဝမ်ရယ်ရဲ့ ဖြူစင်မှုကို ငါပြန်ယူပေးမယ်"

ထိုစကားပြောလိုက်စဉ် ရှန်လျန်က ယောင်းကွမ်ကိုမကြည့်ပဲ ခေါင်းမော့မလာတဲ့ အစေခံနှစ်ယောက်ကို စူးစူးရဲရဲ ကြည့်သည်။

"နင့်လူက ပိုင်ရှင်ရှိသွားပြီ၊ ခုဆို နင်က တစ်ဖက်သတ်ဖြစ်နေပြီလေ မရှက်တတ်ဘူးလား"

အပေါ်စီးက ဖြစ်နေတာကြောင့် ရှန်ချောင် ဆက်ပြီး ရွဲ့နေသည်။

"နင်က အမှန်တရားကို လက်မခံနိုင်ဖြစ်နေမယ်လို့ မထင်ထားဘူး၊ ချင်ဖင်းမြို့စားက နင်ရဲ့ သတို့သားလောင်းဆိုပေမယ့် အခုချိန်မှာ ငါ့လူဖြစ်နေပြီ၊ ပြောမရဘူး ခုချိန် ငါ့ဗိုက်ထဲမှာ ဝမ်ရယ့် မျိုးဆက်လေး ရှိချင်ရှိနေနိုင်တယ်၊

အဟင်း... အနာဂါတ်မှာ အိမ်တော်ထဲ ဝင်ရင်အစ်ကို ညီမကို ဂရုစိုက်ပေးရမယ်နော်"

အားလုံးမှားနေမှန်း ရှန်ချောင် ရှင်းရှင်းလင်းလင်းသိသည်။သို့သော် မျက်နှာက ပြုံးပြီး လက်က ဝမ်းဗိုက်ဆီ ထိထားလိုက်သည်။ သူ့နှုတ်က ပြောသလို ဖေးယွမ်ရွှင်းနဲ့ ဖြစ်ခဲ့တာမို့ ကလေးက ဖေးယွမ်ရွှင်းရဲ့ ကလေး ဖြစ်ကိုဖြစ်ရမည်။

2374words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
BiBi26

1 year ago

ပါးဖြတ်ရိုက်မဲ့အခန်းတွေကိုစောင့်နေပါပီ😁