no

Font
Theme

'အနာဂါတ်မှာ ဖြစ်လာမယ့် ပြဿ နာ တွေကို ကြိုတင်ရှင်းထုတ်မယ်'

အရင်ဘဝ သူ့အသက် ဆယ်နှစ်အရွယ်မတိုင်ခင်က သူ့အစ်ကိုကြီးဖြစ်သူ ရှန်တာ့မှာ ရှန်လျန်အား စာရေးတတ်၊ဖတ်တတ်စေရန် သင်‌ကြားပေးသည်။နောက်ပိုင်းတွင် နယ်ခြားသို့ သွားရပြီး အစေခံများ၏ အနိုင်ကျင့်မှုများကြောင့် သူ့တွင် လက်ရေးလှ လေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။

အသက် ဆယ့်ငါးနှစ် အရွယ်ရောက်လာသောအခါ၊ လက်ရေးမှာ အလွန်ဆိုးရွားနေပြီး ...ထျန်းမန် ကျောင်းသို့ပညာသင်ကြားရန်သွားသည့်အခါ ၊အခြားကျောင်းသားများ၏ လှောင်ရယ်မှုကိုခံခဲ့ရသည်။

သေချာပေါက်ပင်..အချို့လူများ၏ အာဏာပြမှုလည်းခံရသည်။ သူအနိုင်ကျင့်ခံရတိုင်း သခင်မရှန်က နှစ်သိမ့်စကားပြောပေးသည်။ လက်ရေးလှသည်ဖြစ်စေ၊မလှသည်ဖြစ်စေ၊ အရေးမကြီးပေ။ မည်သို့ပင်ဆိုစေ သူက တုံးလင်အိမ်တော်မှ သားတစ်ယောက်ဖြစ်ကြောင်း ပြောသည်။

တစ်စုံတစ်ဦးက လှောင်ပြောင်ရဲပါက သူမဆီ လာတိုင်ခိုင်းသည်။ ထို့ကြောင့် မကြာခဏပင် သခင်မရှန်က သူ့အတွက် ထျန်းမန် ကျောင်းသို့ တရားမျှတမှုယူပေးရန် လာရကာ ၊အမှန်တရားကိုလည်းဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် လျိုရှုဟန်က သူ့အပေါ်ကို ရှန်ရှောင်နဲ့ရှန်ချန်ထက် ပိုကောင်းပေးသည်ဟု သူထင်ခဲ့၏။

ထျန်းမန်ကျောင်းသားများမှာ တော်ဝင်အမျိုးနွယ်ဝင်များနှင့် လူချမ်းသာ အသိုင်းဝိုင်း မှ သားသမီးများသာ တက်သည်။ အားလုံးမှာ ဆယ်ကျော်သက်အရွယ်များ ဖြစ်သဖြင့် အာဏာပြခြင်း၊ ဗိုလ်ကျခြင်း၊ အလေးနက်မထားတတ်ခြင်း စရိုက်တို့ မကုန်ကြသေးချေ။ ထိုသူများက ကျောင်းသို့ လူကြီးခေါ်လာသော သူ့အား မည်သို့ သည်းခံနိုင်မည်နည်း....?? လျိုရှုဟန် ကျောင်းသို့ လာသွားသည့်အကြိမ်တိုင်း.. သူအနိုင်ကျင့်ခံရသည့်အရေတွက် ပိုများလာလေပင်။ အဆုံးသတ်လျှင်တော့ သူက အားလုံး၏ ရန်သူဖြစ်သွားသည်။ သူ့ဘက်က တစ်ခြားသူကို အရင် ရန်စ,စ၊ မစ,စ ..သူသာလျှင် အနိုင်ကျင့်ခံရသည်။

ထိုအချိန်က ရှန်ချန်နှင့် အခြားရှန်မိသားစုဝင် ကလေးတွေ မည်သည့် နေရာသို့ရောက်နေကြသနည်း။ တိတ်တဆိတ် ပုန်းကွယ်ကာ သူ့အားလှောင်ရယ်နေကြခြင်း ပဲ ဖြစ်မည်၊ မှန်သည်မလား?

သူထိုသို့အနိုင်ကျင့်ခံရချိန်တွင် ချင် ယွင်ရှန်း ထွက်ပေါ်လာပြီး ကာကွယ်ပေးသည်။ထို့ကြောင့် ဆယ်နှစ်လုံးလုံး ထိုသူအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်မိပြီး နောက်ဆုံး ကြင်ယာတော်အဆင့်ထိ ရောက်ခဲ့သည်။

အရူးတစ်ယောက်လို အသုံးချခံလိုက်ရတာ ပင်။ ရှန်လျန် သူ့အတိတ်ကိုပြန်လှည့် မကြည့်ရဲအောင် တုံးအ ခဲ့သည်။

"ဟွန်း! နှစ်ကြာကြာ ပစ်ထားတော့ လက်ရေးက မင်းတို့ဆန္ဒ အတိုင်း လှပြီးကြည့်ကောင်းလာတယ်"

"......"

သူတို့ထဲမှာ သုံးနှစ်ကလေး ရှိလို့လား?

ချီယွဲ့က စိတ်ဆိုးတကြီးဖြင့်...

"လျန်လျန်၊ လိမ်မယ်ဆိုလဲ နည်းနည်းပါးပါး အကျိုးကြောင့်သင့်အောင်လိမ်ပေါ့၊ ငါတို့ကို ငတုံးတွေလို မဆက်ဆံလို့ရမလား?"

"ဟုတ်တယ် လျန်လျန်၊ ငါတို့ကို အဲ့လိုမလုပ်လို့ရမလား"

"ဒါက မရိုးသားလို့လား? ဘယ်လိုလုပ် လိမ်တယ် ဖြစ်ရမှာလဲ"

ရှန်လျန် သူတို့ကို ပြုံးပြသည်။

"......."

မင်းရဲ့မျက်နှာကို တစ်ခုခုနဲ့ မအုပ်ထားချင်ဘူးလား? ရှက်လဲ မရှက်တတ်ဘူး။

တိုက်ပွဲ ရှုံးသွားသူမှာ ချီယွဲ့နှင့် ချီရွှမ်းတို့ဖြစ်သည်။ သူတို့မိသားစု ရှန်လျန်က မျက်နှာ အရေထူလို့ပဲလား? ဘာပဲဖြစ်ဖြစ် ခုလို ဆိုတော့ အစ်ကိုကြီး ပြန်လာတဲ့အခါ၊ မျက်နှာချင်းဆိုင်နိုင်ပြီမလား?

"တစ်ခြားသူတွေထက် လျန်လျန့်လက်ရေးက ပိုကောင်းတယ်၊အနာဂါတ်မှာ အစ်ကိုကြီးတွေ့ရင် အရမ်းပျော်နေမှာ"

အစ်ကိုကြီးအကြောင်းတွေးမိသည့်အခါ ချီယွဲ့ အမူအရာမှာပြောင်းလဲသွားသည်။စစ်ပွဲတွင်းမှ ဓားက မျက်စိ မပါသဖြင့်အသက်အာမ ,မခံနိုင်ပေ။ ပထမနှစ်က ရတဲ့ဆုတွေကြည့်ရုံနှင့် သူတို့ထက် ပိုကြိုးစားသည့်သူ ဖြစ်ကြောင်း နားလည်နိုင်ပြီမလား?

သူတို့လောက် မည်သူမှ သိမည်မဟုတ်။ အစ်ကိုကြီးလုပ်သမျှအရာတိုင်းက လျန်လျန့်အတွက်ဖြစ်သည်။ အစ်ကိုကြီးက လျန်လျန့် နောက်ကွယ်က ပံ့ပိုးပေးသည့်သူပင်!

"အစ်ကိုကြီး...."

မျက်နှာပေါ်မှ အပြုံးမှာ ခပ်တောင့်တောင့် ဖြစ်သွားသည်။ရှန်လျန် မိမိကိုယ်ကို သတိမမူမိပဲ ရင်ဘတ် ကိုထုလိုက်သည်။ ရှန်တာ့ အကြောင်းပြောတိုင်း သူ့နှလုံးသားထဲက တစ်ဆစ်ဆစ်ဖြင့် နာကျင်သည်။သူ့အစ်ကိုနှင့်‌ ဝေနယ်မြေက နှလုံးရောဂါဖြစ်စေမည့် အကြောင်းရင်းများပင်။

"ရွှမ်းကော၊ကျွန်တော်နဲ့ ဟယ်ရှန်ခြံဝန်းထဲ မလိုက်ခဲ့တော့နဲ့၊ ဒါကိုအပြင်မှာ နာမည် ချပ်ပြားလုပ်ပြီး ခြံဝန်းပြင်မှာ ချိတ်ဆွဲထားပေးပါ၊အော် ဒါနဲ့ 'ရင်း'လမ်းကြားကိုသွားပြီး 'ဖုယွင်ရှီး'လို့ခေါ်တဲ့ လူအကြောင်း သွားစုံစမ်းပေး၊ သူ့အခြေအနေ အကုန်သိရအောင်လုပ်ခဲ့ပေး"

ရင်ဘတ်ထဲမှ နာကျင်မှုကို ဖြေလျှော့ရင်း ရှန်လျန်က ခြံဝန်းနာမည်ရေးထားသော စာရွက် ကို ကောက်ယူကာ ချီရွှမ်းအား လှမ်းပေးသည်။ 'ဖုယွမ်ရှီး'ဆိုတဲ့သူကို မကြာခင် သူရမှ ဖြစ်မည်။

"ဖုယွင်ရှီး?"

စာရွက်လေးကိုင်ကာ ကြောင်တောင်တောင်ဖြစ်‌နေသူက.. ချီရွှမ်း။ ဖုယွင်ရှီးက ဘယ်သူကြီးလဲ?သူ့သံသယတွေကို တွေ့တဲ့ အခါ ရှန်လျန် ရှင်းပြလာသည်။

"အရမ်းအရေးပါတဲ့လူပဲ၊နောက်မှ ပြောပြမယ်"

"ယွဲ့ကော၊ ရွှမ်းကော တို့က ကျွန်တော်နဲ့ငယ်ငယ်ထဲက တူတူကြီးပြင်းလာကြတာ အစ်ကိုကြီးကို ဒီမှာ ရှာတွေ့တဲ့အချိန်ထိပဲ၊ ရှေ့နှစ်တွေတုန်းက ရွာမှာ နေခဲ့ရတာဆိုတော့ ကျွန်တော့ကြောင့် ဒုက္ခတွေလည်းရောက်ခဲ့ရတယ်၊ကျွန်တော့ကို သခင်လေးတစ်ယောက်လိုမဆက်ဆံပါနဲ့၊ ကျွန်တော်ကလည်း အစ်ကိုရင်းလိုပဲချစ်ခင်တယ် ၊ကာကွယ်ပေး မယ်။ ကျွန်တော့စိတ်ထဲမှာအမြဲတမ်း အစ်ကိုကြီးတွေလို့သဘောထားတယ်"

နှစ်ခါပြန်တွေးတောပြီးနောက် ထိုသူတို့နှင့် ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဆုံးဖြတ်လိုက်သည်။ ချီယွဲ့တို့နှစ်ဦးလည်း တုံးအ သူများမဟုတ်ကြရာ စိတ်ထဲကြည်နူးကာ မျက်ရည်ဝဲလာကြတော့သည်။

' စိတ်ထားကောင်းခြင်းက အမှားတစ်ခု မဟုတ်သော်လည်း ၊တစ်ချို့လူတွေနှင့် မထိုက်တန်ပါ။ အနားမှ လူများ၏အသုံးချခံရကာ မိမိကိုယ်ကို အန္တရာယ်ဖြစ်စေပြီးနာကျင်စေရုံသာရှိမည်။ '

ထို့ကြောင့် စစ်ပွဲတွင် ပြင်ပမှရန်သူများကို မတိုက်ထုတ်မီ အတွင်းရန်သူအား အရင် တိုက်ထုတ်ရမည်ဟု ဆိုကြသည်။ပြင်ပရန်သူထက် အတွင်းလူကို ဖော်ထုတ်စီစဉ်နိုင်ရန် အရေးကြီးသည်။ အင်အား အလုံးရင်း မအုပ်စိုးနိုင်ခင် ဖိနှိပ်ထားရပေမည်။

"ဘာ‌လို့ ဒီအကြောင်းပြောနေကြတာလဲ?အစ်ကိုကြီးက ငါတို့ဆီမှာ ယုံယုံကြည်ကြည်နဲ့ အပ်ထားခဲ့တာ၊ သေချာပေါက် လျန်လျန့်ကို ငါတို့ အမြဲကာကွယ်ပေးမယ်"

သူတို့အားလုံးမှာ မထုတ်ပြောသော်လည်း ညီအစ်ကို ကဲ့သို့ပင်။ ယခု ရှန်လျန် ထုတ်ပြောသည့်အခါတွင်မူ နှစ်ဦးသား အနည်းငယ် ရှက်နေမိသည်။ သူတို့အပေါ် အစေခံလို သဘောမကျတာမျိုးမရှိပဲ ညီအစ်ကိုလိုသာ ဆက်ဆံသည်။ မည်မျှကောင်းသည့် သခင် ပေလဲ?

"ဒီအိမ်တော်မှာ ကျွန်တော်တို့က လူတိုင်းရဲ့ ရန်သူပဲ၊ ဒီပြန်ရောက်ကထဲက သူတို့အပေါ် ကောင်းဖို့ မတွေးထားဖူးဘူး၊ ဘာလို့ဆို သူတို့ကိုယ်၌က ကျွန်တော့ကို ဆွေမျိုးသားချင်းလို မဆက်ဆံပဲ၊ ပူးပေါင်းပြီး အဆုံးထိလှည့်စားကြတယ်။ အစ်ကိုတို့ကသာ ကျွန်တော်ဂရုစိုက်တဲ့သူတွေပါ၊ ကျွန်တော် ဘာလုပ်လုပ် ကျွန်တော့်ဘက်မှာပဲ ရပ်တည်ပေးမည်လို့ မျှော်လင့်တယ်၊ သူများတွေ ဘာပြောပြော၊ ဘာလုပ်လုပ် မယုံပါနဲ့၊ ဒီတိုင်း စိတ်ထဲမှာ အသေမှတ်ထားရမှာက အားလုံးက ရန်သူတွေဆိုတာပဲ!"

သူ့မျက်နှာ အမူအရာမှာ အေးစက်ကာ တည်ကြည်လေးနက်နေသည်။ လှပသော မျက်ဝန်းများမှာ ဓားပါးတစ်လက်ကဲ့သို့စူးရှ ပြတ်သားလျက်၊ လွှမ်းမိုးနိုင်သည့်အရှိန်အဝါများ ထုတ်လွှတ်နေသည်။ချီယွဲ့တို့မှာ ထိတ်လန့် အံ့ဩနေသည်။ တစ်ခဏ အကြာတွင် ချီယွဲ့မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"တုံးလင် အမတ်ကြီးရော ရန်သူပဲလား? ဘာပြောပြော သူက အဖေပဲ မဟုတ်လား၊ ကျားတောင်မှ သူ့သားသူ ပြန်မစား...."

စကားမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီး ဆက်မပြောနိုင်တော့ပေ။သူမှတ်မိသေးသည်။အစေခံများ၏ပြောချက်အရ လျန်လျန် မွေးဖွားပြီးပြီးချင်း သေလုနီးပါးဖြစ်သည်အထိ အမတ်ကြီး၏ စွန့်ပစ်ခြင်းခံရသည်။ ဤ ဆယ်နှစ်လုံးလုံး သူတို့ကသာလျှင် ကြည့်ရှုပေးခဲ့ရသည်။ တိုင်းပြည်အစွန်အဖျားသို့ နှင်ထုတ်ခဲ့စဉ်က အမတ်ကြီးမှာ မိမိ၏သားဖြစ်သူကို အနည်းငယ်မျှ ပင် ရင်ထဲ ဂရုစိုက်မှု မရှိခဲ့သည်အား သူတို့‌မြင်ခဲ့ရသည်။

ဒီနှစ်တွေမှာ နယ်အစွန်အဖျားမှာ နေရသည့် သားဖြစ်သူ ၏အခက်အခဲများအား မသိသည်လော? နယ်မြေ အုပ်ချုပ်သူ အနေဖြင့် ဓားပြတွေရှိမှန်းလည်း မသိသည်လား? သူ့လို လစ်လျူရှုနိုင်ဖို့ တစ်ကယ်မဖြစ်နိုင်စရာပင်။

ချီယွဲ့မှာ အသေးစိတ် ပိုတွေးမိလေ ပို ခံပြင်းလာမိသည်။ ရှင်းရှင်းလင်းလင်းပင် ရှန်လျန်မှာ တုံးလင် အမတ်ကြီး၏ သားအရင်းဖြစ်ပြီး အိမ်တော်၏ သခင်လေး အစစ်ပင်။ ယခုတော့ ရန်သူထက်ပင် ဆိုးဆိုးရွားရွား ဆက်ဆံနေသည်။

အမျိုးအရင်းတောင် ဤသို့ဆက်ဆံသည်။ အပြင်လူဆိုလျှင် ပြောနေရန်ပင်မလိုတော့ပြီ။လျန်လျန်မှာ အားလုံးသိနေပြီး ထုတ်ပြောမည်ဟု မထင်ထားခဲ့.. လုပ်ရပ်များက.ကြက်သီးထဖွယ်ရာ ကောင်းပါဘိ။

"ကျွန်တော်ပြောသလို သဘောမထားနိုင်ရင် ထွက်သွားနိုင်တယ်၊ ဘယ်တော့မှ ကျွန်တော့ရှေ့ ပေါ်လာစရာ မလိုတော့ဘူး"

သူတို့အား လေးလေးနက်‌နက်ကြည့်ကာ မီးစာ ထပ်ထည့်လိုက်သည်။ မျက်ဝန်းများပိတ်လိုက်တော့... မြင်ယောင်လာသည့်မြင်ကွင်းက ချီရွှမ်းအား မသေမချင်းရိုက်သတ်သည့်အဖြစ်ပင်။ ထိုအချိန်က ငိုရုံကလွဲ သူဘာမှ မလုပ်ပေးနိုင်ခဲ့သော်လည်း ယခုကစ၍ ကာကွယ်ပေးမည်။ သို့သော် အချင်းချင်း ပူးပေါင်းဖို့တော့လိုမည်။ ဒုတိယနည်းကတော့ နှင်ထုတ်လိုက်ဖို့ပင်။ သို့မှသာ ကိုယ့်ဘဝကိုယ်ကောင်းမွန်စွာ ဖြတ်သန်းနိုင်သွားကြလိမ့်မည်။

"ဟင့်အင်း!လျန်လျန့် စကား နားထောင်ပါ့မယ်၊ ငါတို့ကို နှင်တော့မထုတ်ပါနဲ့"

ကြားရသည့်စကားကိုပင် ချီရွှမ်း မယုံကြည်နိုင်။ သူတို့နှစ်ဦးလုံးမှာ မိဘမဲ့ များဖြစ်ပြီး ရှန်လျန့်ဆီမှ ထွက်ခွာရရင်တောင် ပြန်စရာ အိမ်မရှိချေ။ အသက်ရှင်ရန်ကြိုးစားရုန်းကန်နေရသည့် အန္တရာယ် အခက်အခဲများ အကြား ရှန်လျန့်ကိုလည်း မထားခဲ့နိုင်ပေ။ ဘယ်လိုများထွက်သွားနိုင်မည်နည်း?

"လျန်လျန် ဖြစ်ချင်တာပြောပါ၊ အစ်ကိုတို့ ကူညီမယ်၊အကုန်လုပ်မယ်၊အဲ့ဒီအစားနောက်ကို နှင်ထုတ်တဲ့ စကားမပြောရဘူး၊ ကောင်းစေချင်လို့ပြောတယ်ဆိုပေမယ့် လည်း အစ်ကိုတို့ ဝမ်းနည်းတယ်၊ ရှန်အိမ် မှာ အစ်ကိုတို့သိတဲ့လူဆိုလို့ အကြီးဆုံးသခင်လေးနဲ့ လျန်လျန်ပဲရှိတာ"

ချီ ယွဲ့တွေးမိသည်။ ဓားပြတွေနဲ့ ကြုံတွေ့ခဲ့ရကတည်းက လျန်လျန်..သိသိသာသာပဲ အသိစိတ်ကပ်နိုင်သွားသည်ကိုတွေ့ရသည်။ ယခုကစပြီး သူတို့ လျန်လျန့်အကြံပေးချက်အတိုင်း လိုက်နာမည်။အကယ်၍ မကူညီနိုင်ရင်တောင် အနှောင့်ယှက်ပေးမည့်သူများမဖြစ်စေရပေ။

ရှန်လျန်က တစ်ကယ်ပဲ သူတို့ကို နှင်ထုတ်ချင်တယ်ဆိုရင်တော့.... ဒီစိတ်ရှုပ်ချင်စရာကောင်းပြီး ညစ်ပတ်အိုး ရုပ်လေးတွေကို ထပ်မမြင်အောင် ဆိုပြီး ထွက်သွားပေးမည်မဟုတ်။

"အိုးး"

"အစ်ကိုတို့ ထွက်မသွားဘူးဆိုရင်လဲ ကျွန်တော်ပြောတာကို သေချာမှတ်ထားပေးပါ၊ တုံးလင်အိမ်တော်က ကျွန်တော်တို့အိမ်မဟုတ်ဘူး၊ဒီမှာ ဘာမိသားစုဝင်မှ မရှိဘူး၊လူတိုင်းက ကျွန်တော့ကို ပျောက်ကွယ်သွားစေချင်ကြတာချည်းပဲ၊ တစ်ချက်လောက်အာရုံမစိုက်လိုက်တာနဲ့ အရိုးတစ်ခြား၊ အသားတစ်ခြား ဖြစ်သွားလိမ့်မယ်၊အနာဂါတ်မှာ ဘာလုပ်လုပ် သတိကပ်ထားရမယ်၊ လူတွေက ကောင်းတယ်လို့ အမြဲမတွေးပါနဲ့၊ ပိုပြုံးပြလေ... နောက်ကျောဓားနဲ့ထိုးလေပဲ"

သူ့အသံက တိုးသော်လည်း စကားလုံးတိုင်းက လေးနက်နေတယ်၊ ထွက်သွားဖို့ဆန္ဒ မရှိမှတော့၊ အများကြီး သင်ယူရပေမည်။

"ကောင်းပါပြီ"

ချီယွဲ့ရော၊ ချီရွှမ်းပါ ခေါင်းငြိမ့်သည်။ ရှန်လျန့်အတွက် ကြိုးစားပေးကြမည်။

အနာဂါတ်တွင် ရှန်မျိုးနွယ်နှင့် အခြားလူများစွာ၏ အိပ်မက်ဆိုးက ဤအခိုက်တန့်လေးမှ စတင်ခဲ့သည်ကို မည်သူမှ မသိရှိကြချေ။

Words 2144

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment