no

Font
Theme

သူပြောလိုက်မှ နဂိုက သတိမထားမိတဲ့သူအကုန် ဝေကျစ်ချန်ဆီ လှမ်းကြည့်လိုက်ကြသည်။ ဝေကျစ်ချန်က စကားမပြာနိုင်တော့ဘူးလား? စကားမပြောဖြစ်တာ နှစ်တွေ ကြာသွားလို့လား?ဒါမှမဟုတ် တစ်ယောက်ယောက်က....တွေးရင်းတွေးရင်း လျိုရှုဟန်ဘက် ဖြတ်ခနဲ လှည့်ကြည့်ကြသည်။ ဖြူဖတ်ဖြူလျော်မျက်နှာနဲ့ လျိုရှုဟန်က အဲ့လောက်ရက်စက်တာလား?


"သခင်ကြီးရဲ့ ချစ်လှစွာသော ဇနီးက အဆိပ်ခတ်လို့ စကားမပြောနိုင်တော့တာ"


ရှန်လျန်ရဲ့ စကားတစ်လုံးချင်းစီကို လူသတ်ချင်ဟန်ဖြင့် ဖိပြောသည်။ ရှန်ရွေ့ထင် ခြေဖျားမှ ဆံပင် မွေးထိ ကြက်သီးမွေးညင်းထသွားသည်။ 


"‌‌‌‌‌‌‌ထပ်...ထပ်ပြောပါဦး... ခုနကစကားကို နောက်တစ်ခါ ပြန်ပြောပြပါဦး"



ရှန်ရွေ့ထင်က အငယ်ဆုံးသားကို တောင်းပန်မတတ် မေးသည်။ ဝေကျစ်ချန်က ဘယ်လိုလုပ် ဒီလိုဖြစ်ရမှာလဲ? ရှန်လျန် လိမ်နေတာ... လိမ်တာပဲ ဖြစ်ရမယ်!


"အဟင်း!"


ကယောင်ခြောက်ခြားရုပ်ကို မြင်တော့ ရှန်လျန်ဝမ်းနည်း‌ေနရင်းက လှောင်ရယ်လိုက်သည်။


"ရှန်ရွေ့ထင်ခင်ဗျ.. လျိုရှုဟန်ဆိုတဲ့မိန်းမက ပါပါး ကို သေလုနီးပါးလုပ်ကြံပြီး ထင်းထားတဲ့ အခန်းမှာ နှစ်ပေါင်းများစွာ ဖွက်ထားတာနော်... သူ မလုပ်ရဲတာ ဘာရှိမလဲ၊တစ်ခါတည်း ပြောပြလိုက်မယ်၊ သူက ပါပါးကိုအဆိပ်ခပ်ပြီးစကားမပြောနိုင်အောင် လုပ်ရုံမက ခြေလက်တွေပါ ချိုးထားတယ်၊ ဆယ့်ငါးနှစ်လုံးလုံး မှောင်မဲပြီး အခန်းကျဉ်းကျဉ်းထဲမှာ ချုပ်ခံခဲ့ရတာ၊ နေ့တိုင်းနေ့တိုင်း သူ့ရဲ့တ‌ေန့တာက ပြောင်းလဲခဲ့တာ မရှိပေမယ့် ခင်ဗျားကျတော့ရော? နောက်မိန်းမ ယူချင်တာနဲ့ ဝေ မိသားစုနဲ့ အဆက်အသွယ်တောင် ဖြတ်လိုက်သေးတယ်၊ ခင်ဗျားရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်၊ ခင်ဗျားသာ လုပ်သမျှ ငြိမ်မခံဘူးဆိုရင် ဟိုအဖွားကြီးကလည်း ခင်ဗျားကိုဖိနှိပ်ထားလို့မရသလို မယားငယ်ကလည်း သူများနေရာ လုနိုင်မှာ မဟုတ်ဘူး၊ပြီး တော့ ပါပါးလည်း ဒီလောက်ထိ ဒုက္ခခံစားစရာ မလိုဘူး၊ရှန်ရွေ့ထင် ! ပါပါး ဒီနေ့ ဒီလို ဖြစ်နေတာ ခင်ဗျားမှာ တာဝန်အပြည့်အဝရှိတယ်!!"



ရှန်လျန်က လက်ညိုးငေါက်ငေါက် ထိုးပြီး ခပ်ကြမ်းကြမ်း ပြောသည်။ စကားတစ်လုံးချင်းစီက ထက်ရှပြီး ရှန်ရွေ့ထင်ရဲ့ နှလုံးသားတည့်တည့်ဆီ ဖောက်ဝင်သွားခဲ့သည်။ 


"မဖြစ်ရဘူး၊ မဟုတ်ဘူး၊ ငါ ငါ အဲ့လိုမဖြစ်စေချင်ခဲ့... ဖွီး!"


"သခင်ကြီး!"


ရှန်ရွေ့ထင်က မျက်ရည်ရွှဲလျက်ခေါင်းတခါခါ၊ နောက်ဆုံး မခံနိုင်တော့သည့်အလား သွေးအန်သည်။ အိမ်ထိန်းရှန်ကျီက ယိုင်ထိုးနေတဲ့ သူ့ကို အမြန်တွဲကူပြီး ပင်မဆောင်ဆီ ခေါ်သွားသည်။ သူ့သားဘက်လှည့်ပြီး အရှေ့ဆောင်မှ သခင်ကြီးရဲ့ ဆေး သွားယူခိုင်းရန်လည်း မမေ့ခဲ့။ 



"ဟူး..."


ဝေကျစ်ချန်က တစ်ကြိမ် ချစ်ခဲ့ဖူးတဲ့ လူကို လှည့်မကြည့်ပဲ သားထွေးကိုသာ စိုးရိမ်စွာ ကြည့်သည်။ ရှန်လျန်က ဖေးယွမ်ရွှင်းရဲ့လက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ပါပါးကို ကြင်နာစွာပြုံးပြသည်။ 


"ပါပါး ဘာမှ မဖြစ်ဘူး၊ ကျွန်တော့်အတွက် အဖေဆိုတာ မရှိတော့တာကြာပြီ၊ပါပါးကို ဒီလိုဖြစ်အောင်လုပ်ပြီး သူကျ တခြားမိန်းမနဲ့ သွားချစ်နေတယ်၊ ဒါကို လွယ်လွယ်နဲ့ အဆုံးသတ်သွားရင် ဘယ်တန်မလဲ"


"အင်း အင်း"


ဝေကျစ်ချန်က သဘောတူသည်။ ထို့နောက် လျိုရှုဟန်ဘက် စူးရဲစွာကြည့်သည်။ ရှန်လျန်လည်း ပါပါးရဲ့ အကြည့်နောက်လိုက်ကာ စိုက်ကြည့်သည်။ ထိုအခိုက်အတန့်၌ သားအမိနှစ်ယောက် ဓားဆွဲပြီး ပြေးခုတ်ချင်စိတ်ဖြစ်ခဲ့သည်။ ထိုစဉ် ခြေမြန်တော်က အပြေးလေးရောက်လာပြီး သတင်းပို့သည်။ 


"အကြီးဆုံးသခင်လေး၊ ပဉ္စမ သခင်လေး... ဗိုလ်ချုပ်ဝေမိသားစုနဲ့ လျိုမိသားစု ဒီကိုလာနေပါပြီ"


"ဟမ်?"


ဝေမိသားစု...


ဝေကျစ်ချန် တောင့်ခဲသွားသည်။ သူ့အဖေတို့ ရောက်လာပြီလား?


တစ်ဖက်မှာတော့ သူ့အဖိုးနဲ့ဦးလေးရောက်လာသည့်အတွက် ရှန်ရှောင်၏ တင်းကြပ်နေခဲ့သော စိတ်က အတန်ငယ် လျော့ပါးသွားခဲ့သည်။ သူမသိလိုက်သည်က ရှန်လျန်၏ပါးလျသည့်နှုတ်ခမ်းက အရမ်း‌ေလှာင်ရယ်ချင် နေဟန်ဖြင့် အပေါ်သို့ ကွေးတက်သွားခဲ့တာပဲ ဖြစ်၏။ လျိုဝမ်ကျင်း ရောက်လာတော့ရော အဆုံးသတ်ကောင်းမှာတဲ့လား၊ ဘာတွေမျှော်လင့်နေတာလဲ!


"ကောင်းတယ်၊ လာပါစေ၊ ပင်မ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြံဝန်းဆီ အကုန် ခေါ်ခဲ့"


ရှန်တာ့မျက်နှာ မည်းပုပ်နေသည်၊ လျုိဝမ်ကျင်းတို့သားအဖ လျုိရှုဟန်ကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်မလဲ ဆိုတာ ကြည့်ချင်စမ်းပါဘိ။


"ဟုတ်"


သတင်းပို့သူက အခြေအနေကို မသိပေမယ့် ကြီးမားတဲ့ ကိစ္စ တစ်ခုခု ဖြစ်နေမှန်း ရိပ်စားမိလိုက်သည်။ အပိုစကား မဆိုတော့ပဲ လှည့်ကာ ခပ်သုတ်သုတ် ထွက်သွားသည်။ 



"သူတို့သားအမိကို ခေါ်ခဲ့၊ ခုခံရင် ခြေလက်တွေ ချိုးပစ်!"


"ဟုတ်ကဲ့!"


ရှန်တာ့က ရက်စက်တဲ့ အမိန့်တစ်ခု ချန်ခဲ့ကာ ဟော်ရဲ့လင်တို့နဲ့ ပင်မဆောင်ဆီ ဦးတည်သည်။ ရှန်လျန်က မသွားခင် ရှန်ရွေ့ကျန်းတို့လင်မယားကိုကြည့်ကာ ...


"သူတို့ကိုလည်း ခေါ်ခဲ့"


"မဟုတ်ဘူး၊ ရှန်လျန် ဦးလေးတို့က မရီးရဲ့လုပ်ရပ်နဲ့ ဘာမှ မပတ်သက်ဘူးလေ၊ ဦးလေးတို့က အပြစ်ကင်း..."


ရှန်ရွေ့ကျန်းက လျိုရှုဟန်နဲ့ ရုတ်တရက်ကြီးဆက်ဆံရေးဖြတ်တောက်ချင်သော်လည်း ကံမ ကောင်းစွာနဲ့ ရှန်လျန်က အဖတ်မလုပ်တော့ပဲ ဖေးယွမ်ရွှင်းနဲ့ အတူထွက်သွားခဲ့သည်။ စစ်သည်တို့လည်း အမိန့်အတိုင်း လျိုရှုဟန်တို့သားအမိနဲ့ ရှန်ရွေ့ကျန်းတို့လင်မယားကို ပင်မခြံဝန်းဆီ ဆွဲခေါ်ခဲ့ကြသည်။ အိမ်တော်သခင်မ နေထိုင်ရာနေရာဖြစ်သဖြင့် အသုံးအဆောင်၊ပရိဘောဂအပြင် ခြံဝိုင်းတစ်ခုလုံးက တန်ဖိုးကြီးပစ္စည်းများနဲ့ပြည့်နေပြီး တောက်ပကာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက နေရာလိုမျိုး။ သို့ပေမယ့် အခုချိန်မှာ ဒါတွေကို ဘယ်သူကမှ ငေးမကြည့်အား၊ လူတိုင်းရင်ထဲ တင်းကြပ်ကာ စိုးရိမ်မှုအဖုံဖုံဖြင့်။ 


ဝေမိသားစုနဲ့ လျိုဝမ်ကျင်းသားအဖတို့ ရောက်လာကြသည်။ စောင့်ကြပ်နေတဲ့ စစ်သည်တွေက ဘာအမူအရာမှမပြသော်လည်း ထိုသူတွေ အနီးရောက်လာလေ အသက်ပြင်းပြင်းရှူမိလေဖြစ်ကာ စိတ်လှုပ်ရှား‌ေနကြသည်။ ပွဲကြီးကြီး ကြည့်ရတော့မည်။ 





 လူကြီးတွေ အိမ်ဝိုင်းထဲ ဝင်လာသည်ကိုမြင်သော် စစ်သည်တွေဟာ အနက်ရောင်ဝတ်ရုံ ၊အနက်ရောင် မျက်နှာဖုံးတပ်ကာ အနေအထားပြောင်းလဲလိုက်ကြသည်။ သူတို့ကိုကြည့်ရုံနဲ့ တာ့ချင်တပြည်လုံးမှာ ယခုလိုပုံစံ ဝတ်ဆင်သူတွေက ချင်ဖင်းမြို့စားမင်း၏ အစောင့်အကြပ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တပ်သားမှန်း သိနိုင်သည်။ 


ရှေ့တည့်တည့်မှာ ရုတ်တရက်ကြီး လေးနက်သွားတဲ့ တပ်သားတွေကို ဝေမိသားစုနဲ့ လျိုဝမ်ကျင်းတို့ သတိမထားမိပဲ မနေ။ လျိုဝမ်ကျင်း စိတ်လေးသွားသည်။ လာခဲ့မိတာပင် နောင်တရချင်သည်။ သို့သော် ဝေမိသားစုရဲ့မျက်နှာက သူနဲ့ ထူးမခြားနား၊ မူပျက်နေသည်။ နူးညံ့ကြင်နာတတ်တဲ့ ဝေသခင်မဆိုရင် မျက်နှာထားတည်တည်နှင့်။ 


"တာ့အာ..ကျစ်..ကျစ်ချန်မဟုတ်လား"


ဝေဖိုးဖိုးနှစ်ဦးက အိမ်ထဲ ရောက်တာနဲ့အခြေအနေ တွေကို မစူးစမ်းဖြစ်ပဲ တာ့အာနာမည်ကို ထိပ်ဆုံး ခေါ်သည်။ ပြီးနောက် ထိုင်ခုံကြီးမှာ ဖြူလျော်လျက်ထိုင်နေသူကိုတွေ့မှ လင်လင်နှစ်ဦး တောင့်ခဲလျက် ကြက်သေသေနေမိ၏။ 



သားဖြစ်သူ၏ နာမည်ကို တုန်တုန်ရီရီဖြင့် ခေါ်လျက် မျက်ရည်ကျချင်တာတောင် မျက်တောင်တချက် မခတ်ရဲခဲ့၊ အကြည့်နှစ်ခုက ဝေကျစ်ချန်ကို ပြိုင်တူ ကြည့်နေကြသည်။ သူတို့အမြင် မမှားနိုင်ပါဘူး၊ဒါ သူတို့သားငယ်လေး မဟုတ်လား?


"ဝူး....."


ဝေကျစ်ချန်က မိဘနှစ်ပါးကိုမြင်တာနဲ့ မျက်ရည် တွေ မထိန်းနိုင်၊မိဘတွေနဲ့ ပြန်တွေ့ရမယ်လို့ နဂိုက မထင်ထားခဲ့ပေမယ့် အခုလို ပြန်တွေ့ခ်ျန်မှာတော့ တွေးမိတာ တစ်ခုပဲ ရှိသည် ။ သူသာ နဂိုထဲက မိဘစကားနားထောင်ခဲ့ပြီး ရှန်ရွေ့ထင်နဲ့ မယူခဲ့ဘူးဆိုရင် သူ့မိဘတွေက နယ်စပ်မှာ သွားနေရမှာ မဟုတ်သလို သူ့သားနှစ်ယောက်လဲ ဒုက္ခခံစားရမှာ မဟုတ်ဘူး၊ မိသားစုအတွက် စိတ်မကောင်းကြီးစွာ ဖြစ်မိသည်။ 


"သား လေး"


ဘာတွေ ဖြစ်နေမှန်းမသိပေမယ့် ဒီလူက သူတို့သားဆိုတာ သေချာသည်။ ဝေသခင်မ ထပ်ပြီး မတုံ့ဆိုင်းတော့ပဲ အပြေးသွားဖက်သည်။ 



"ညီလေး!"


ညီအစ်ကို သုံးယောက်လည်း မျက်လုံးပြူးလျက် ယုံရခက်ခက်။ သေသွားတာ ဆယ့်ငါးနှစ်ရှိပြီလို့ တွေးထားတဲ့ ညီလေးက သက်ရှိထင်ရှား ရှိနေသည်။ အိပ်မက်ပင် မမက်ဖူးခဲ့။ 


"သား၊ ငါ့သား!"


ဗိုလ်ချုပ်ဝေက အကျယ်ကြီး ခေါ်ပြီး ပြေးဖက်သည်။ ဝေညီအစ်ကို တွေက မျက်လုံးနီလျက် ဝမ်းသာကြသည်။ 


"ဝါး.."


ကျစ်ချန်က မိဘတွေကို အသံပြုပြီး ခေါင်းမှီထားရုံသာ ကြိုဆိုနိုင်ရှာသည်။အဖေ မခေါ်နိုင်သလို ပြန်လည် ပွေ့ဖက်ခြင်းလည်း မလုပ်နိုင်။ 


"ကျစ်ချန်"


"ညီလေးရာ!"


ဗိုလ်ချုပ်ဝေက ဇနီးနဲ့သားကို ဆွဲဖက်ကာထားသည်။ ညီအစ်ကိုတွေလည်း ကြည့်မနေနိုင်တော့ပဲ ပြေးဖက်လာသည်။ အတူလိုက်လာတဲ့ တူလေး တွေက ဒေါသအကြီးအကျယ်ထွက် နေသည်။ ဖခင်များမှ ဆုံးသွားတဲ့ ဦးလေးငယ်အကြောင်း ငယ်စဉ်ကတည်းက အမြဲ ပြောပြလို့ ရင်းနှီးနေခဲ့ပြီး ယခုလိုအခြေအနေနဲ့ တွေ့လိုက်ရတော့ တစ်ခုခုလွှဲမှားနေမှန်းသိလိုက်သည်။ 



ဝေမိသားစုဝင်အနေနဲ့ ရန်သူကို ခွင့်လွှတ်ပေးရိုးထုံးစံ မရှိ။


ဘယ်လိုလုပ်? ဝေကျစ်ချန်က အသက်ရှင် နေတာလဲ?


လျိုဝမ်ကျင်းက နေရာမှာတင် ရပ်နေသည်။ ဝေမိသားစုက စည်းစည်းလုံးလုံးနဲ့ ငိုနေကြသည်ကို နောက်ဘက်မှ ကြည့်ရင်း ဘာဆက်လုပ်ရမှန်းမသိ၊ ဝေကျစ်ချန်က မသေဘူးဆိုရင် ဒီကိစ္စက... တစ်ချိန်တည်း လျိုရှုဟန်ဘက်ကြည့်လိုက်တော့ သွေးမရှိ တော့တဲ့ မျက်နှာနဲ့ တုန်ယင်နေသူကို တွေ့လိုက်ရသည်။ ညီမဘက် အမြဲ ကာပေးခဲ့တဲ့ လျိုဝမ်ကျင်းဟာ ဒီတကြိမ်မှာ ကျိန်ဆဲမိသွားသည်။


‌သေစမ်း! ဒီကောင်မ ဘာလုပ်ခဲ့တာလဲ! နှစ်အကြာကြီး ကိစ္စများစွာကို လျှို့ဝှက်စီမံ‌ေပးခဲ့ပေမယ့် သူ့ညီမ ဝေကျစ်ချန်ကို ဖွက်ထားတဲ့ကိစ္စ‌ေတာ့ မသိခဲ့တာ အမှန်။ 


တသက်လုံး ‌‌‌‌‌‌‌‌‌ဒီတိုင်းနေနိုင်သွားမယ်ထင်နေတာလား?ရှန်တာ့ရှာတွေ့တဲ့အချိန်ထိ ထိုင်စောင့်နေတာလား?ဝေမိသားစုရှိနေမှတော့ ကိုင်တွယ်လို့ မရတော့ဘူး၊သွားပြီပေါ့!



လျိုဝမ်ကျင်းနဲ့ ဖခင်က စိတ်ရှုပ်ထွေးနေသည် ။နှုတ်ကထုတ်မေးစရာမလ်ု ‌‌‌‌‌‌‌အောင် ဒီကိစ္စက်ု အစပျိုးတဲ့တရားခံအား တန်းဖမ်းမိသည်။ ဖြစ်နိုင်တာ.....


"ဖိုးဖိုး၊ ဦးလေး "


မြေခွေးမကြောက်တဲ့ ဝက်တစ်အုပ်လို ရှန်ရှောင်က အပျော်ကြီး ပျော်လျက် ခေါ်သည်။ အသံကျယ်ကျယ် ကြောင့် ဝေမိသားစုက ဝမ်းနည်းဝမ်းသာ စိတ်ခံစားချက်မှ ရုန်းထွက်နိုင်သွားသည်။ လျိုရှုဟန်နဲ့ ရှန်မိသားစုရှေ့ ငိုနေရာက စူးစူးရဲရဲစိုက်ကြည့်ပေးလိုက်တော့ ကြည့်ခံရသူတွေ ဦးရေပြားထုံကျင်သည်ထိ အေးစက်ခြင်းတွေ ခံစားမိကြ၏။ 


"အဖေ၊ အစ်ကို"


ဝေကျစ်ချန် ကယ်ခံရပြီးကတည်းက ကူကယ်ရာမဲ့ နေတဲ့ လျိုရှုဟန်က ဝမ်းသာလျက် မိသားစုဆီ အပြေးသွားသည်။ လျိုဖခင်က မျက်မှောင်ကြုံ့လိုက်ရာ လျိုဝမ်ကျင်းက ရှေ့တက်ပြီး ညီမကို ဖမ်းဆွဲထားလိုက်ရသည်။ လျိုရှုဟန်က အစ်ကို့ကိုဖက်ပြီး ငိုယ်ိုတောင်းပန်သည်။ 




"အစ်ကို ညီမနဲ့ ရှောင်အာကို ကယ်ပေးပါနော် အစ်ကို..."


ဝေကျစ်ချန်ကိစ္စ ပေါ်သွားပြီ၊ရှန်တာ့နဲ့ ရှန်လျန်က လွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူမသေချင် သေးဘူး၊ သူ့သားလည်းရှိ သေးတယ်၊ ဒီအိမ်က ထွက်သွားဆိုလည်းရတယ်၊ သခင်မလည်း မဖြစ်ချင်တော့ပါဘူး။


"ရှုဟန်"


လျိုဝမ်ကျင်းက စိတ်ဒုန်းဒုန်းချလျက် ညီမ လက်မောင်းကို ဖျစ်ညှစ်သည်။ အခုချိန်မှာ မိသားစုနဲ့ အဆက်အသွယ် ဘယ်လိုဖြတ်သင့်သလဲ ဆိုတာပဲ စဉ်းစားနေသင့်တာ။ရှိသမျှ ဘုရားဆင်းကယ်ရင်တောင် မလွှတ်နိုင်ဘူး။


"အစ်ကို"


လျိုရှုဟန် ခေါင်းမော့ပြီး ကြည့်လိုက်တော့ အစ်ကိုရဲ့အကြည့်တွေကို မြင်လိုက်ရာ သူတို့သားအမိကို စွန့်ပစ်တော့မည်မှန်းသိလိုက်သည်။ 


"ရှန်အမတ်ကြီး၊ ရှန်သခင်လေး.. ကျုပ်တို့ နောက်ကျမှ လာနှောင့်ယှက်ရလို့ အားနာပါတယ်"


လျိုဖခင်က အပြုံးတစ်ခု တပ်ဆင်လျက် ရှေ့တက်ကာ တုံဏှာဘာဝေ ထိုင်နေတဲ့ ရှန်အမတ်ကြီးကို နှုတ်ခွန်းဆက်သည်။ လျိုဝမ်ကျင်းလည်း ဖခင်နည်းတူ လိုက်နှုတ်ဆက်သည်။ 


"မနှောင့်ယှက်မိပါဘူး၊ လျိုသခင်ကြီးတို့လာတာ အချိန်ကိုက်ပဲ၊ မဟုတ်ရင်တောင် လူ‌လွှတ်ပြီး ဖိတ်ခေါ်ခိုင်းရဦးမှာ"


ရှန်တာ့က ခပ်ထေ့ထေ့ ‌‌‌‌‌‌‌‌‌ဆိုသည်။ ရှန်လျန်က အစ်ကိုနဲ့ အတူ ရပ်နေသည်။ ဟော်ရဲ့လင်နဲ့ ဖေးယွမ်ရွှင်းက ထိုင်ခုံမှာ ထိုင်ရင်း ပွဲကြည့်သည်။ 


"တိုက်ဆိုင်သွားတာပါ၊ ဒါနဲ့ကျုပ်ကြားတာ ရှန်သခင်လေး ဟိုတလောက အဆိပ်နဲ့လုပ်ကြံခံရတာဆို၊ အခု ကောင်းသွားပြီလား၊ကျုပ် စိုးရိမ်လို့ပါ"


"အကြံပေးပုဂ္ဂိုလ်က လူတွေကို မပျော်ရွှင်အောင် လုပ်တတ်တာပဲ၊ ဘယ်လိုလုပ် ဒီလို မေးခွန်းမျိုး မေးရတာလဲ"




အကြံပေးအမတ်ကြီးက အပြုံးမပျက်အောင် ထိန်းထားသည်။ လက်ရှိမှာသူ့လက်ထဲ အာဏာမရှိ၊ နန်းတွင်းညီလာခံမှာသာ အကွက်ရွှေ့နိုင်သည့် သူ့အတွက် မျက်နှာမပျက်အောင် ထိန်းထားရုံသာ တတ်နိုင်သည်။ 


"အကြံပေးအမတ်ကြီး စိုးရိမ်မှပဲ ကျွန်တော် တစ်ခု သတိရတယ်၊ ကျွန်တော် အဆိပ်မြှားနဲ့ပစ်ခံရတဲ့ နေ့ကလေ လျိုတပ်မှူးနဲ့တူတဲ့လုပ်ကြံသူကို တွေ့မိလိုက်တယ်"


ရှန်တာ့က လျိုဝမ်ကျင်းကို အဓ်ပ္ပာယ် ပါပါကြည့်သည်။ လျိုဝမ်ကျင်းရဲ့မျက်နှာ ဖြည်းဖြည်းချင်းပျက်ယွင်းလာတာကို ကြည့်ရင်း အရသာခံသည်။ 


"နှမျောစရာ ဗျာ... မျက်နှာအုပ်ထားတော့ သေချာ မတွေ့လိုက်ပါဘူး"


"ဪ...အင်း ဟုတ်ပ ဟဟဟ"


အခုမှရင်ဘက်ထဲက အလုံးကြီးကျသွားသည့်အလား လျို သားအဖ ခြောက်ကပ်ကပ်ရယ်သည်။ 




"လျိုတပ်မှူး... အိမ်တော်ရဲ့ တရားဝင်ဇနီးကို လုပ်ကြံပြီး ချုပ်နှောင်ထားတဲ့အပြစ်က မသေးဘူးနော်၊ ဒီလိုအဆိပ်ပြင်းတဲ့ မိန်းမကို ကျုပ်တို့ဆီ လွှဲပေးလိုက်"


ရှန်တာ့က ဟန်ဆောင်အပြုံးကို ရုတ်ချည်း ရပ်တန့်လိုက်သည်။ မောင်နှမနှစ်ယောက်ထံ စူးစူးရဲရဲ ကြည့်ကာ အပြစ်သားကို တောင်းသည်။တစ်ကယ်တမ်း လျိုရှုဟန်ကို ချက်ချင်းသတ်ပစ်မယ်ဆိုရင်တောင် အပြစ်ကလုံလောက်နေပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် တရားဝင်ဇနီးအဖြစ် တစ်ခါမှလည်း မသတ်မှတ်ခဲ့ဖူးပါ။ 


လျိုရှုဟန်က မယားငယ် ပဲ!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment