'တစ်ယောက်မှ ပြေးမလွှတ်ဘူး'
"ပါပါး စိတ်မပူနဲ့ ကျွန်တော်တို့ဘယ်သူ့ကိုမှ အလွှတ်မပေးဘူး"
မပြောပြနိုင်၊မရေးနိုင်လည်း ကိစ္စမရှိပါ။
ရှန်လျန်က ပါပါးနားသွားပြီး ကြင်နာစွာဖက်ကာ နှစ်သိမ့်၏။ ဝေကျစ်ချန် စိတ်ပြန်ငြိမ်သွား၏။ မျက်ဝန်းအစုံမှာတော့ လျိုရှုဟန်အား မုန်းတီးနာကျည်းခြင်းအပြည့်။
ရှန်လျန်ပါပါးကို လွှတ်ပေးလိုက်ကာ လျိုရှုဟန် ရှေ့ လျှောက်သွားလိုက်သည်။
"သခင်မကြီးက အကုန်လုပ်ခဲ့တာပေါ့၊ ကောင်းပြီလေ ဟုတ်မဟုတ် သူ့ဆီ သွားမေးကြတာပေါ့"
"လာကြ... ဟယ်ရှန်းခြံဝန်းဆီသွားပြီး သခင်မကြီးကို သယ်ခေါ်လာခဲ့၊ အလုပ်သမားတွေလည်း မကျန်ခဲ့စေနဲ့ အကုန်ကြိုးတုတ်ခေါ်ခဲ့"
အိပ်ရာမှာ အကြာကြီးအိပ်နေရတာ တော်ရောပေါ့ ၊ထချိန်တန်ပြီ။
"ဟုတ်ကဲ့"
"ခဏနေကြပါဦး!"
လေ့ကျန်းက အမိန့်နာခံသည်။ရှန်ရွေ့ကျန်း မနေနိုင် တော့ပဲ..
"ပဉ္စမတူလေး.. အမေက မေ့မျှောနေတာ၊ မလှုပ်ရှားနိုင်ဘူး၊ အသက်လည်းကြီးလှပါပြီ၊ သူ့ကိုလွှတ်ထားလိုက်ပါတော့လား၊ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်၊ အမေက မရီးအပေါ် ဒီလောက်ကောင်းတာ၊ သူတို့ချင်း မတည့်ကြဘူးဆိုရင်တောင် မရီးကို ဒီလိုလုပ်ခိုင်းမှာတော့ မဟုတ်လောက်ဘူး၊ သူ့ဘာသူ လီဆယ် ပြောတာပဲ ဖြစ်လိမ့်မယ်"
ရှန်လျန်ရဲ့ ဆေးပညာက တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လွန်းလို့ ကြောက်ေနရသည်။ မတော်လို့ ဆေးကုသနိုင်သွားရင် သူနဲ့ ဒုတိယအစ်ကိုကမိခင်ရင်းကို ဆေးခတ်တဲ့ကိစ္စ ပေါ်သွားနိုင်သည်။ အမေမှ သူတို့ကို သေအောင်ကန်လေမလား၊ ရှန်ရွေ့ထင် အရင်သတ်တာပဲ ခံရမလား၊ ဘာပဲဖြစ်ဖြစ် ဒီအိမ်မှာ ဆက်နေခွင့်မရနိုင်တော့ပါ။
"ဘာလို့ တားနေတာလဲ? ဘာလဲ ရှန်ရွေ့ထင် အာဏာပြန်လွှမ်းမိုးနိုင်မှာ စိုးနေတာလား?ကျွန် တော့်အဖေက ဝေအိမ်တော်ကဆိုတော့... အစပိုင်းေဝမိသားစုက သားမက်အဖြစ်လက်မခံနိုင်ရင်ေတာင် နောက်ပိုင်းအဆင်ပြေသွားရင် ခင်ဗျား အာဏာရဖို့ မလွယ်တော့ဘူးမဟုတ်လား? ကျွန် တော့်ကို တားဖို့မကြိုးစားနဲ့ ၊ခင်ဗျားတို့ ဘာပဲ လုပ်ထားလုပ်ထား ကျွန်တော်ရအောင်ေဖာ်ထုတ်ပြမယ်၊ ပါပါးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သူတိုင်း ဘယ်သူမှ ပြေးမလွှတ်စေရဘူး"
ရှန်လျန်က အားလုံး ထွင်းဖောက်မြင်ရသလို နက်နက်ရှိုင်းရှိုင်းကြည့်သည်။ကလဲ့စားချေခံရမယ့်အချိန်မှ ထွက်ပြေးဖို့ကြံစည်လို့ ဘယ်ရမလဲ ။
"မင်း....မင်း..."
ရှန်ရွေ့ကျန်း လမ်းပိတ်ရပ်ထားရင်း မျက်နှာနီရဲတက်လာသည်။ ထိုးထားသည့်လက်ညိုးက တဆတ်ဆတ်တုန်လျက်ရှိ၏။ အတိတ်မှာ ဝါရင့်အကြီးတစ်ဦးအနေနဲ့ ဖိနှိပ်လို့ရခဲ့သော်လည်း ယခုမူ ယုံကြည်ချက်များ ပျောက်ဆုံးသွားလေပြီ။
"ဘာလုပ်နေတာလဲ သွားခေါ်ခဲ့ကြ!"
"ဟုတ်!"
ရှန်လျန်က ပြတ်သားတဲ့ အမိန့်ပေးသည်။ လေ့ကျန်းနာခံလျက် လုပ်ဆောင်ရန် ချက်ချင်း ထွက်သွား၏။ အဖွားအိုအား ခေါ်လာတဲ့အချိန်ထိ ရှန်လျန်က ထိုင်စောင့်ရင်းအချိန်မဖြုန်းပါ။ ထင်းသို လှောင်ခန်း၌ အစောင့်တာဝန်ထမ်းသည့် အစေခံအို ကို ခေါ်လာစေသည်။
"ဝရူး..."
ဝေကျစ်ချန်က ထိုသူကို တွေ့တော့ ပြောပြချင်သည့်စကားများစွာ ရှိသည့်နှယ် စိတ်လှုပ်ရှားနေသည်။ သူ့မှာ အသံမထွက်နိုင်သဖြင့် အားလုံး၏အတွေးတွင် ဤအစေခံက အနိုင်ကျင့်သူထဲက တစ်ဦးဖြစ်မယ်လို့ ထင်လိုက်ကြသည်။
ရှန်ကျီမှ ရုတ်တရက်....
"အဲ့တာ ဖွားယန် မဟုတ်လား?အရင်က သခင်မရဲ့ အိမ်ထိန်းလေ"
"ဘာ?"
ရှန်တာ့ အံ့အားသင့်သွား၏။ ရှန်လျန်လည်း မျက်ခုံးပင့်လိုက်မိသည်။
'ပါပါးရဲ့လူဖြစ်ခဲ့ဖူးတာလား၊ အဒေါ်ကြီးက ပါပါးကိုနှစ်ပေါင်းများစွာကြာတာတောင် စောင့်ရှောက် ပေးနေခဲ့တာလား'
ရှန်ကျီ ထင်တာ မမှားပေ။ လျိုရှုဟန်က တုန်လှုပ်သွားပေမယ့် ထိုအဖွားက မကြောက်မရွံ့ ခေါင်း မော်ကြည့်လာသည်။
"ရှန်ဦးဦး လူမမှားတာ သေချာတယ်နော်?"
ရှန်လျန်၏ အမေးတွင် ရှန်ကျီက သေချာဟန်ဖြင့် ခေါင်းငြိမ့်၏။
"လုံးဝမမှားဘူး၊ သူပဲ၊ သခင်မ လက်ထပ်ပြီးခါစ ဒီအိမ်ရောက်တော့ ခစားတဲ့ အစေခံနည်းနေမှာစိုးလို့ သခင်ကြီးက အစေခံရှာခိုင်းတာ၊ စစချင်း ဦးလေးက 'ကော'တစ်ယောက်ကို ရှာပေးခဲ့ပေမယ့် သူကနှစ်နှစ်လောက်ပဲ အလုပ်လုပ်ပြီး ရောဂါနဲ့ ဆုံးသွားတယ်၊သူမဆုံးခင် သူ့ညီမကို အလုပ်သွင်းပေးခဲ့တာ၊ဦးလေးလူမမှားတာ သေချာတယ်"
သခင်မ သေဆုံးစဉ်ကအဖြစ်အပျက်ကို စုံစမ်းရန်အလို့ငှာ အိမ်တော်ထိန်းကို နေရာအနှံ့ရှာခဲ့သော်လည်း လုံးဝမတွေ့ခဲ့ပါ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ အနီးကပ် နေသူကသာ အသိဆုံးမဟုတ်ပါလား၊ ဘယ်မှာမှ မတွေ့ခဲ့ပေမယ့် ဒီအိမ်ဝ်ုင်းထဲမှာပဲ ရှိနေမယ်လို့ မထင်ခဲ့ရိုးအမှန်။ ဒါပေမယ့် ရုပ်ရည်ကို အလင်းရောင်ထဲမှာ မကြည့်မိရင်တော့ လစ်လျူရှုမိလိမ့်မည်ထင်သည်။
"ကဲ... ဒီလောက်နှစ်အကြာကြီး တိတ်တိတ်လေး ပုန်းကွယ်နေတဲ့ ရည်ရွယ်ချက်ကို ရှင်းပြချိန်တန်ပြီ နော်... ကိုယ့်ဘာသာ ပြောမလား၊ ကျွန်တော်မေးတာဖြေမလား"
ရှန်လျန်က အနားတိုးကပ်ကာ အကဲခတ်ရင်းမေးသည်။ အဖွားယန်က စိတ်လှုပ်ရှားလာပြီး ရှန်လျန့်ကို အရ်ုအသေပေး၏။
"သခင်လေး အသက်ချမ်းသာပေးပါ၊ဒီအစေခံအိုက သခင်မဆီမှာ အလုပ်အကျွေးပြုခဲ့သူပါ၊ သခင်မကြီးက သခင်မကိုဖမ်းဆီးခဲ့တာပါ၊ ကျွန်မက နှစ်အကြာကြီး စောင့်ရှောက်ခဲ့....အား...."
စကားမဆုံးသေးခင် သေးငယ်ကာချွန်ထက်လှတဲ့ ဓားတိုတစ်ချောင်းက အဖွားအိုရဲ့ လက်မောင်းတစ် နေရာသို့ ထိုးစိုက်နေခဲ့သည်။ အဖွားယန်မှာ နာကျင်စွာဖြင့် မြေပြင်ပေါ် လူးလိမ့်နေသည်။
"ထပ်ပြောမယ်၊ အမှန်တိုင်းရှင်းပြမလား၊ ကျွန် တော် မေးခွန်းမေးရမလား"
"နာတယ် နာတယ်....အား.."
ရှန်လျန် ဓားပြန်သိမ်းသည်။ ဆွဲထုတ်လိုက်သည့် နေရာက သွေးတွေ ပန်းထွက်လာသဖြင့် အဖွားယန်က လန့်ပြီး အော်ပြန်သည်။
"ရှန်လျန် တော်တော့ အဲ့လောက် ဖိအားပေးနေရင် သူအမှန်အတိုင်း ပြောရဲပါဦးမလား၊ ခုန စကားနဲ့တင် အမှန်တရားပေါ်နေပြီ၊ ငါ့ကို အတင်း မစွပ်စွဲနဲ့"
လျိုရှုဟန် ဝင်ပါရတော့သည်။ ရှန်လျန် ဆက်ပြီး လုပ်နေရင် အဖွားကြီးအနာမခံနိုင်တော့ပဲ ထုတ်ပြောလိုက်ရင် သူ့ဘဝတစ်ကယ် ဆုံးပြီပင်။
"အစေခံအတွက် စိတ်မကောင်း ဖြစ်နေတာလား"
ရှန်လျန် က သွေးပေနေတဲ့ ဓားတိုကို ကိုင်ထားရင်း
"ကောင်းပြီလေ...သူ့အစား ခင်ဗျား အထိုးခံမလား"
လျိုရှုဟန် အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်သ့်ု ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ရှန်လျန်က နောက်တစ်စက္ကန့်အတွင်း အဖွားယန်ကို ထိုးသလို သူ့က်ိုလည်း ထိုးမယ့်ပုံ။
"လာကြစမ်း၊ သူ့ကို ချုပ်ထားကြ၊ငါလုပ်ရဲလား သူသိချင်နေတော့ လုပ်ပြရတာပေါ့"
"ဟုတ်"
ရှောင်ယွီနဲ့ကျန်းဟိုင်က လှစ်ခနဲ လျိုရှုဟန် ဘေး ရောက်သွားသည်။
"အစ်ကို ၊ညီမကို ကယ်ပါဦး"
"ရှန်လျန် တော်တော့၊ ရှုဟန် ပြောပြီးပြီပဲ၊ အားလုံးက သခင်မကြီးလုပ်တာတဲ့၊ သူက ခိုင်းလို့လုပ်ခဲ့ရရုံပဲ လေ၊မင်း အရမ်းတရားလွန်နေပြီ"
လျိုရှုဟန်က လျိုဝမ်ကျင်း နောက်မှာ ပုန်း နေသည်။ အစ်ကိုဖြစ်သူကလည်း ညီမဘက်က အခိုင်အမာ ရပ်တည်ပေးသည်။
"ဟမ်? တရားလွန်တယ် ပေါ့"
ရှန်လျန် ထေ့ငေါ့၏။
"ကျွန်တော့်ဘက်က လွန်တာ ခင်ဗျားညီမလောက် ဆိုးပါ့မလား၊ လျိုဝမ်ကျင်း ခင်ဗျားကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး"
"မင်း!"
"ဆွဲခေါ်ခဲ့ကြ"
"မလှုပ်နိုင်အောင် ချုပ်ထား!"
အနိုင်ကျင့်တယ်လို့ ထင်ရင် ဖြစ်အောင်လုပ် ပေးလိုက်မည်။ ရှန်လျန့်အမိန့်အောက်ဝယ် ရှောင်ယွီနဲ့ ကျန်းဟိုင်တို့ ဖြတ်ကနဲ ရှေ့တ်ုး၏။ လျိုဝမ်ကျင်းမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်လာသဖြင့် ဓားရှည် ဆွဲထုတ်လိုက် ေတာ့၏။ ရှောင်ယွီတစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ကျန်းဟိုင်က အနောက်ဘက်ပတ်ကာ လျိုရှုဟန်ကိုဖမ်းချုပ်သည်။
"လွှတ်ပေး.....အား..."
လျိုရှုဟန် ကြောက်လန့်တကြား အော်သဖြင့် လျိုဝမ်ကျင်း ရုတ်ချည်း လေချွန်လိုက်သည်။ ပုန်းကွယ်နေတဲ့ လုပ်ကြံသူတွေ ဆယ်ယောက်ကျော် ပေါ်ထွက်လာသည်။ ထိုလူတွေ ထွက်ပေါ်လာတာနဲ့ ရှန်လျန့်ကိုအနီးကပ်ကာကွယ်ပေးနေတဲ့ ယွမ်ရှောင်းက လက်ဖျောက်တီးလိုက်သည်။ အရိပ်တပ်သားတွေ ရိပ်ခနဲ ပေါ်လာပြီး လုပ်ကြံသူတွေကို ဝိုင်းကာ တခဏအတွင်း ဖမ်းဆီးလိုက်ရာ အကြံပေးအမတ်ခမျာ ထိတ်လန့်ပြီးရင်း ထိတ်လန့် နေရေတာ့၏။
"အကြံပေးအမတ် ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်လေ.. ..လိမ်လိမ်မာမာနဲ့ ထိုင်နေမှာ၊ လျှောက်လုပ်ရင် တုံးလင်အိမ်တော်ထဲက မထွက်ရတော့ပဲနေမှာပေါ့ "
ဘယ်အချိန်ကတည်းက အနားရှိနေလည်းမသိ ရှန်တာ့က သူ့ပခုံးကိုပုတ်ကာပုတ်ကာ
ခနဲ့၏။
"ရှန်တာ့...အမှန်တရား ပေါ်လာတဲ့အချိန် မင်းဒီစကား ပြန်ပြောနိုင်ပါစေ၊ ဒီကိစ္စကိုငါ့သမီး တစ်ကယ် လုပ်ခဲ့ရိုးမှန်ရင် ငါလုံးဝ မကာကွယ်ပေးဘူး၊ အဲ့ဒီအခါ မင်းသတ်ချင်တယ်ဆို သဘောပဲ"
ဧကရာဇ်အနီး သုံးနှစ်ခန့် နေထိုင်ခဲ့ပြီး နန်းတွင်းညီလာခံ၏ နှစ်ရှည်မြေခွေးအိုဖြစ်ခဲ့သူအဖို့ ဒေါသကို ဖိနှိပ်ထားနိုင်ခဲ့သည်။ အမှန်တရားကိုသိရင် လျိုရှုဟန်ကို ပေးဖို့ ဝန်လေးနေမှာမဟုတ်ကြောင်း အပျော့ဆွဲလိုက်ရသည်။ ဒါက လက်တလော အကောင်းဆုံး ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
"မဟုတ်တာ လုပ်ခဲ့တာက ငြင်းလို့မရဘူး၊ လျိုရှုဟန်က ကိုယ့်ေနရာနဲ့ မရောင့်ရဲနိုင်ပဲ ပါပါး နေရာလုတာက လုတာပဲလေ"
ရှန်လျန်က ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောသည်။ လျိုမိသားစုက လူရည်လည်သည်။ အမှန်တရားပေါ်တာက နောက်မှ ၊လူကိုကယ်ထုတ်သွားချင်တာက အရင် ၊အပြစ်က သူများပေါ်ပုံချချင်သေး။
"ကလောက်!"
"အား!!!"
ရှန်တာ့ စကားဆုံးတာနဲ့ အရိုးကျိုးသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ လျိုဝမ်ကျင်းရဲ့ အော်သံကြောင့် လူတိုင်း ကြည့်လိုက်ကြသည်။ ရှောင်ယွီမှ ဓားရှည်ကိုလုနိုင်ပြီး လျိုဝမ်ကျင်းကို ထောက်ကာ ရွယ်ထားသည်။ လျိုဝမ်ကျင်းက ဒူး ထောက်လျက်ရှိပြီး ညာခြေမှာ ဒူးဆစ်ကနေ အပြင်သို့ ထွက်နေသည်။ ရှောင်ယွီက ခြေထောက် ချိုးပစ်လိုက်တာဖြစ်မည်။
"ဝမ်ကျင်း"
"အစ်ကို!"
"ဦးလေး"
အကြံပေးအမတ်၊လျိုရှုဟန်နဲ့ ရှန်ရှောင်တို့ အရမ်းလန့်သွားကြသည်။ ရုန်းကန်ရင်း ရှေ့တက်ချင်တာ တောင် ချုပ်ခံထားရလို့ မရွေ့နိုင်။
ကောင်းတယ်!!
ရှောင်ယွီအား ရှန်လျန် တိတ်တဆိတ်ချီးကျူးလိုက်ပြီး ယွမ်ရှောင်းကို သူ့ရှေ့မှ ဖယ်စေသည်။
"လျိုတပ်မှူး ဒီနေ့ဟာ တုံးလင်အိမ်တော်နဲ့ အတွင်းရေးက်စ္စ ဖြေရှင်းတဲ့ နေ့ပဲ၊ အကြီးအကဲ နာမည်သုံးပြီး ခင်ဗျား ဝင်ပါသင့်တဲ့ နေရာ မဟုတ်ဘူး၊ ကျွန် တော် ကိုင်တွယ်ရမယ့်ကိစ္စတွေ ရှိသေးတယ်၊ ခင်ဗျား ဘေးဖယ်နေပါ"
"ရှန်လျန် မင်း!"
လျိုဝမ်ကျင်း အံတင်းတင်းကြိတ်ထားရသည်။ ချွေးစေးပြန်လျက် ရှန်လျန့်အား အဆိပ်ပြင်းသည့် သတ္တဝါလို ကြောက်မက်ဖွယ်စိုက်ကြည့်သည်။
"ဒါပေမယ့် ကျွန်တော့်လူတွေက သခင်မကြီးကို ခေါ်လာတဲ့အခ်ျန် လျိုတပ်မှူးက ဘာဖြေရှင်းချက်တွေ ပေးဦးမလဲ သ်ချင်မိသေးရဲ့၊ လျိုရှုဟန်ကို ကာကွယ်ဖို့ ဆက်ပြီး ခေါင်းမာနေဦးမလား၊ဝန်မခံပဲ ပြဿနာ ထပ်ရှာမလား အရမ်းသိချင်တယ်၊ တစ်ကယ်ဆို သခင်မကြီးလည်း လျိုမိသားစုဝင်အရင်းဖြစ်ရဲ့နဲ့"
သူ့အပေါ် အပြစ်ပုံချချင် သေးတာလား?
လျိုဝမ်ကျင်း ဒေါသချောင်းချောင်းထွက်လျက် ရှန်လျန့်အား အရှင်လတ်လတ် အရေခွံဆုတ်ချင် နေသည်။
လျိုရှုဟန်က သူ့အစ်ကို ဇာတ်နာနေသည်ကို ကြည့်ကာ ခဏ ငြိမ်သွားသော်လည်း ဘယ်တော့မှ ဝန်ခံလို့ မဖြစ်တာ သဘောပေါက်သွားခဲ့သလို တဖက်မှာလည်း မတွေးခဲ့ဖူးသည့် နှိက်စက်ခြင်းမျိုးက သူ့အား စောင့်ကြိုနေမည်ကို မသိရှာ။
"သခင်ကြီး ကျွန်မ မလုပ်ဘူး ၊ကျွန်မ တစ်ကယ်မလုပ်ဘူး ယုံပါ"
လျ်ုရှုဟန်က ရှန်လျန့်ကို မကြည့်ရဲပဲ ခင်ပွန်းဆီ တိုးလျှိုးတောင်းပန်သည်။ မြေပြင်မှာ ဝပ်တွားမတတ် တောင်းပန်သဖြင့် ရှန်ရှောင်က ဆွဲတားပြီး ဒေါသနှင့်ဆ်ုသည်။
"အဖေ ! အဖေ ဘာလို့ အမေ့ပေါ် ဒီလောက်ရက်စက်ရတာလဲ၊ အဖေ မချစ်ခဲ့ဘူးဆိုရင်တောင် အတိတ်က လင်မယားဖြစ်ခဲ့တာလေး ပြန်တွေးကြည့်ပါဦး ၊ဒီတိုင်းကြည့်မနေသင့်ပါဘူး"
ရှန်ရွေ့ထင် မတုံ့ပြန်ရသေးခင် ရှန်လျန်က မဲ့ပြုံးပြုံး၏။
"လွန်ခဲ့တဲ့ နှစ်တစ်ရာက တစ်ညတာကို ပြန်တမ်းတချင်နေသေးတယ်၊ရယ်ရတယ်...ရှန်ရှောင်၊မင်းအဲ့လောက်သတိရချင်နေရင်လည်း အကျဉ်းထောင်ထဲမှာ မင်းနဲ့ပျော်ပါးခဲ့တဲ့ ခင်ပွန်းတွေကို ခေါ်ပေးရမလား? သူတို့နဲ့ နောက်တစ်ညလောက် အတူ ဖြတ်သန်းလိုက်လေ မဟုတ်သေးဘူး...လူများရင် ရက်နည်းနည်းကြာသွားနိုင်တယ်၊ လူတိုင်းကို မင်းရဲ့ စိတ်ရင်းလေးနဲ့ သေချာပြုစုပေးဖို့ မမေ့နဲ့နော်"
"ရှန်လျန် ဆက်မပြောနဲ့တော့!"
ရှန်ရှောင်ရဲ့ ယုံကြည်ချက်ပြည့်နေတဲ့ စိတ်ကတစစီကွဲကြေ သွားခဲ့သည်။
အလွန်ရုန့်ရင်းကြမ်းတမ်း စက်ဆုပ်ဖွယ် ကောင်း သော မြင်ကွင်းများက မျက်စိထဲ ပြန်မြင်ယောင်လာကာ အတင်းမေ့ထားရသော ရှန်ရှောင်က ဆက်ပြီးမထိန်းချုပ်ထားနိုင်တော့ပါ၊ လည်ချောင်း တစ်လျှောက် နေရခက်စွာ တစ်စုံတခုက ဆန်တက်လာပြီးနောက် မြေပြင်မှာ အန်ချလိုက်ရတော့၏။
"ရှန်လျန် မကောင်းဆိုးဝါး၊ နင့်ကို ငါသတ်မယ်!"
သားရဲ့ ရှက်ဖွယ်လိင်ပိုင်းဆ်ုင်ရာ စော်ကားခံရတဲ့ကိစ္စကို ဘာမှ မဟုတ်သလို ထုတ်ဖော်ပြော
ဆိုခံရတာကြောင့် လျိုရှုဟန် ဝုန်းဒ်ုင်းကြဲ ရုန်းကန်ရင်း ကြုံးဝါးသည်။ ကျန်းဟိုင်က သေချာချုပ်ထားသဖြင့် လေသာရှိပြီး အဖြစ် မလုပ်နိုင်ရှာ၊ မလွှတ်ပေးမချင်း လွှတ်မြောက်နိုင်ေတာ့မှာလည်းမဟုတ်။