no

Font
Theme

'သန်မာလွန်းတဲ့ ရှန်လျန်'

"ဗိုလ်ကြီးလင်းရဲ့ မြားပစ် ပညာက အံ့မခန်းပါပဲဗျာ!"

ရှန်လျန် ချီးမွမ်းလိုက်ပြီး ပန်းသီးနောက်တစ်လုံး‌ကို ခေါင်းပေါ် တင်လိုက်ပြန်သည်။ လင်းယွီချိန်က စိတ်ရှုပ်ထွေးစွာနဲ့ သူ့ကိုလှမ်းကြည့်ပြီး နောက်တစ်ကြိမ်ပစ်ရန် လေးတင်လိုက်၏။

"အခြေအနေမဟန်ဘူး....."

"အာ...."

"ရှန်လျန်"

ရှန်လျန်၏ တည်ငြိမ်မှုကြောင့်ထင်၏။ လင်းယွီချိန် အာရုံလွင့်ပြီး ဒုတိယမြားကို အလျင်စလို ပစ်လိုက်မိရာ လူများစွာက ထိတ်လန့်တကြား ထရပ်ကုန်ကြ၏။ သို့သော် မြားထိပ်က ရှန်လျန်၏ ပါးပြင်ဘေးနားမှ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ဆံနွယ် အ‌နည်းငယ်ကိုသာ လွှင့်တက်သွားစေခဲ့သဖြင့် လူတိုင်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

လင်းယွီချိန်က ပျာယာခတ်တာ ရပ်တန့်သွားပြီး ချက်ချင်း ထပြေးလာတော့မည့် ဖေးယွမ်ရွှင်း ကမူ စိတ်ပြန်အေးသွား၏။

သူ့ရဲ့ဖီးနစ်မျက်ဝန်းက ကိုယ့်ကိုကိုယ် လောင်းကြေးထပ်နေသော ရှန်လျန့်ပေါ်တွင်သာရှိသည်။

ကောင်လေးက အန္တရာယ် များတဲ့ ပွဲမျိုး ကစားနေတာပဲ...ဒါက အတော်လေး အန္တရာယ်ရှိတယ်။

"နောက်ဆုံးတစ်ချက်ပဲကျန်ပါတယ် ဗိုလ်ကြီးလင်း သေချာ ချိန်ရွယ်သင့်တယ်နော်"

တိတ်ဆိတ်မှုကိုဖြိုခွင်းတဲ့ သူက ရှန်လျန်ပဲဖြစ်နေသည်ကို မည်သူမှ မျှော်လင့်မထား ။ ရှန်လျန်သည် မြားကသူ့အသက်ကိုခြိမ်းခြောက်နေခဲ့တာတောင်မှ ဖြစ်ရပ်အစမှအဆုံးထိ တုန်လှုပ်စိတ်ရှုပ်သွားဖူးခြင်းမရှိခဲ့မှန်း လူတိုင်းက ထိုအခါမှ သတိပြုမိသွားကြ၏။ အကြီးအကဲများနှင့် ရွယ်တူ လူငယ်မျိုးဆက်များကလည်း ရှန်လျန်က စိတ်ခံစားချက်တွေသေဆုံးသွားအောင်၊ မျက်နှာက ဘာအမူအရာမှ မဖော်ပြတတ်အောင် အသက် ဆယ့်ငါးနှစ်ထိ ဘာတွေများတွေ့ကြုံ ဖြတ်သန်းခဲ့ရလဲ ဆိုတာ သိချင်လာမိ၏။

သေခြင်းတရားကိုကြောက်ခြင်းက လူတွေ၏ သဘာဝပင်။သို့သော် ရှန်လျန်က ထိုအခြေခံအသိကို ကျော်လွန်သွားပြီး အလွန်အမင်း တည်ငြိမ်နေသည်။ သူ့ရဲ့ကြောက်ရွံ့မှုကင်းခြင်းက ခန်းမထဲရှိနေတဲ့လူတိုင်းကို ဆွံ့အသွားစေပြီး အံ့ဩတကြီး ကြည့်မိစေသည်။ ထိုအထဲတွင်

လင်းယွီချိန်လည်းအပါအဝင်ဖြစ်သည်။

လင်းယွီချိန်က ငယ်စဉ်ကတည်းက သွေးထွက်သံယို များလှသော စစ်ပွဲအကြား ကြီးပြင်းခဲ့သူဖြစ်ပြီး မြို့တော်ရှိခြံဝန်းများတွင် မိသားစုတိုက်ပွဲတွေကြား အရွယ်ရောက်လာကြတဲ့လူရွယ်တွေနှင့်ယှဉ်လျှင် သူက ပိုတည့်တိုးဆန်ပြီးရိုးရှင်းသည်။ စိတ်နှလုံးက လူတစ်ယောက်ကိုနှစ်သက်လျှင် အဆုံးထိ သဘောကျနှစ်သက်သည်။ ထို့ကြောင့်လည်း ရှန်ကျင်းကိုအကြည့်တစ်ချက်နှင့်သဘောကျမိသွားပြီး မြို့တော်တွင် ကောလဟာလများထွက်ပေါ်မည်ကိုလည်းမစိုးရိမ်ပဲ နှစ်နှစ်တိတိ သူမကို ပိုးပန်းခဲ့သည်။

မည်သို့ပင်ဆိုစေ လင်းယွီချိန်က ကိုယ့်ကိုကိုယ် သန်မာလှပြီဟုထင်နေချိန် ရှန်လျန်၏မတုန်မလှုပ်သော သံမဏိ စိတ်ဓာတ်က အလွန်အံ့ဩစေမိသည်ကအမှန်ပင်။

"ငါမင်းကို တောင်းပန်မှာ မဟုတ်ဘူး"

ဒါပေမယ့် မင်းရဲ့ စိတ်ဓာတ်ကိုတော့ လေးစားမိတာမလို့ မိတ်ရင်းဆွေရင်း အဖြစ်ဆက်ဆံမယ်!

လင်းယွီချိန်သည် အာရုံစိုက်လိုက်ကာ ‌မြားကိုဆွဲတင်လိုက်သည်။ သို့သော် ဒီတစ်ခေါက် မြား၏ဦးတည်ရာက ကောင်းကင်ပေါ်သို့ ဖြစ်နေပြီး အဝေးဆုံးသို့ပျံသန်းထွက်သွားသည်။

အသုံးမကျတဲ့မြားတံ!

အစအဆုံးအကဲခတ်နေတဲ့ရှန်ကျင်းက မည်သို့မှမတတ်နိုင်ပဲ အံကြိတ်ထားရုံသာရှိသည်။ ရှန်

လျန်၏အရိပ်အမြွက် စကားကြောင့် သူမဟာ မပျော်မရွှင် အမူအရာကို အနည်းငယ်သော်မျှ

မျက်နှာပေါ်တွင် မဖော်ပြရဲပါ၊ နာမည်ထုတ်ဖော်ပြောလိုက်ခြင်းမရှိသော်လည်း လူတိုင်းက စစ်ဆေးသည့်အကြည့်တွေပို့လွှတ်လာကြသည်။ အထူးသဖြင့် ဗိုလ်ပါ အိမ်တော်များနဲ့ တတိယကြင်ယာတော်၏အကြည့်က ထက်ရှလှတဲ့ဓားပါးလိုပဲ အချိန်တိုင်း သူမကိုအကဲခတ်နေတာ ခံစားမိသည်။

"မင်းအလှည့်ရောက်ပြီ"

ဘယ်သူတွေ ဘယ်လိုပဲတွေးတွေး လင်းယွီချိန်က လေးနဲ့မြားကို ရှန်လျန့်ဆီ ပေးပြီး သူ့ခေါင်းပေါ်ကပန်းသီးကိုလည်းယူလိုက်သည်။ ထို့နောက် မိမိခေါင်းပေါ် ပန်းသီးကိုနေရာချလိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည်။

"မင်းရဲ့ မြားပစ်ပညာက ဘယ်လိုနေလဲ?"

လူတိုင်း တုန်လှုပ်ကုန်၏။ အစောပိုင်း မှာ ရှန်

လျန်က သေချင်နေတယ်လို့သာ တွေးမိကြပြီး နောက်ကျရင် လင်းယွီချိန်ကို မြားနဲ့ပြန်ချိန်ခွင့်ရှိမှန်း မေ့လျော့နေမိကြသည်။ သူတို့ထင်ထားသလို ရှန်လျန်ရဲ့မြားပစ်စကေးက ဆိုးရွားနေရင် လင်းယွီချိန်က.....

အိုး.. သူတို့အခုမှ သတိထားမိတာလား?

ရှန်လျန့်အပြုံးက ပိုပိုတောက်ပလာသည်။

"ကျွန်တော် အရင်က မြားတစ်ခါမှ မပစ်ဖူးတာပြောဖို့မေ့နေတယ်၊ အခုချိန်ထိ တစ်ကယ့် လေးနဲ့မြားကို မမြင်ဖူးခဲ့ဘူး"

မင်းဒီထက်ပိုပြီး အလေးအနက် ထားပေးနိုင်မလား?

လင်းယွီချိန် ၏ ခေါင်းပေါ်မှ ပန်းသီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တည်ငြိမ်နေတဲ့မျက်နှာအမူအရာဟာလည်း ပြိုပျက်သွားရသည်။ သူအံကြိတ်ထားရင်း

မြားတစ်ခါမှ မပစ်ဖူးဘူးပေါ့? အခုအရွယ်ထိ လေးနဲ့မြားတောင်မမြင်ဖူးဘူးပေါ့? ဒါဆို စောနလေးက မြားပစ်နေတဲ့ ငါက ငပေါကြီးလား?

စိတ်အေးအေးထားပြီး ဆက်မတွေးနိုင်တော့ပါချေ။ ရှန်လျန်က တွင်းနက်နက်တူးပြီး သူခုန်ဆင်းလာမှာကို စောင့်နေခဲ့သည်။

ရှန်လျန် ဒီလောက်ထိ ဉာဏ်ထက်နေမယ်လို့ မထင်မိသည်က အမှန်ပင်။ ဒီပွဲမှာ ထက်မြက်တဲ့သူတွေ အများကြီးရှိပေမယ့် မည်သူမှလည်းသတိ

မထားမိ ပဲ လင်းယွီချိန်၏ သန်မာလွန်းခြင်းနှင့်

ရှန်လျန်၏ အားနည်းပုံရခြင်းကိုသာ အပြစ်တင်နေကြသည်။ ရှန်လျန်၏ မိုက်မဲသည့်အပြုအမူက အားလုံးကိုလွှမ်းမိုးထားရာ သူတို့၏ခွဲခြားဆုံးဖြတ်နိုင်စွမ်းက တိမ်ဖုံးသွားခဲ့ပြီး ရှန်လျန် ဘာတွေးနေလဲ ဆိုတာ သတိမထားမိကြတော့ပေ။

"ဟဟ...."

ခန်းမကြီးကတိတ်ဆိတ်နေပြီး မူလက ရှန်လျန်ကိုစိုးရိမ်နေသူများမှာ ယခုတော့ လင်းယွီချိန်အစား ပူပန်မိသွားသည်။

လင်းယွီချိန်နဲ့ သူ့ဖခင် စစ်သူကြီးရဲ့ ဒေါသကိုကြောက်ပြီး မည်သူကမှဝင်မပြောရဲသလို အသက်ပဲရဲရဲမရှူဝံ့ ကြ ။ သို့သော် ဘယ်သူစရယ်လိုက်သည်မသိ ခန်းမ တစ်ခုလုံး အုံးအုံးကျွက်ကျွက်ရယ်မောကြတော့သည်။

ကိုယ်ပြုသည့်ကံ တစ်ဖန်ပြန်လည်လာချေပြီ။ အမှားတစ်ချက် လုပ်လိုက်တာနှင့် အသက်ငယ်ငယ်နဲ့ သေဆုံးသွားရနိုင်သည်။ သူ့အသက်က ဆယ့်ရှစ်နှစ်သာရှိသေးသည်။

"ဗိုလ်ကြီးလင်း အဆင်သင့်ပဲလား"

ရှန်လျန်က လေးနဲ့မြားကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ထားပြီး စာနာသည့် အသံဖြင့်မေးလာရာ

လင်းယွီချိန် မျက်လုံးမလိမ့်ပဲမနေနိုင် ။

"မင်းတစ်ကယ်ပဲ အရင်က မြားပစ် မလေ့ကျင့်ဖူးဘူးလား"

အသက်ရှင်ချင်စိတ်လေးပြင်းပြလာတာကြောင့် မတတ်နိုင်တော့ပဲ အဖြေရှင်းရှင်းလင်းလင်းသိရအောင် တစ်ခါထပ်မေးလိုက်ရသည်။

"ကျွန်တော့ပုံစံက လေး၊မြား သုံးတတ်မယ့်ပုံပေါ်လို့လား"

ရှန်လျန့် ပုံစံက သဘာဝ ကျလွန်းလို့ ဖော်ပြရန် စကားမရှိတော့ချေ။

လင်းယွီချိန် မျက်မှောင်ကြုံ့လိုက်ပြီး သူ့ခြေတွေမခိုင်တော့သလို ခံစားလိုက်ရ၏။

သူ့ဘဝမှာ စိတ်လှုပ်ရှားစရာတွေ ထပ်ကြုံဖို့ အခွင့်အရေးမရှိတော့ဘူးလားလေ...

"အဟမ်း.."

ရုတ်တရက် လုပ်ချောင်းသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်းက အသံလာရာ ဆီ လှမ်းကြည့်လိုက်ရာ တတိယကြင်ယာတော်မှ ဖြစ်နေသည်။

"ယွီချိန်.. ဒါက ဂိမ်းတစ်ခုပဲလေ.. အရမ်းစိတ်ထဲ မထားပဲ အရှုံးကိုဝန်ခံလိုက်တော့"

ရှန်လျန့်ကို တစ်ကယ် မြားပစ်ခွင့်ပေးလိုက်ရင် စစ်သူကြီးရဲ့အကြီးဆုံးသားက ဘဝကူးသွားလိမ့်မည်။ ထိုသို့သော ရှက်စရာ ကိစ္စအဖြစ်ခံမည့်အစား အရှုံးပေးလိုက်ခြင်းက ပိုသင့်တော်သည် မဟုတ်လော ။ ဗိုလ်ကြီးလင်းက အရှုံးပေးဖို့ဆုံးဖြတ်လိုက်တာကို လူတွေ မကဲ့ရဲ့လောက်ဘူးလို့ ယုံကြည်မိသည်။

လူအများအပြားကလည်း စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြကြသည်။

'လူသတ်လည်း အပြစ်ကလွှတ်တယ်' ဆိုတဲ့စာတန်းက ရှန်လျန်၏နဖူးပေါ်ချိတ်ဆွဲထားတာမလို့ လင်းယွီချိန်၏ကံကြမ္မာကို သူတို့က ပိုလက်မခံနိုင်ကြပေ...

"ဟုတ်သားပဲ ယွီချိန်.. ဒါကစစ်ပွဲမှမဟုတ်တာ အလေးအနက်ကြီး ဘာလို့ စိတ်ထဲ ထားနေမလဲ"

ကြင်ယာတော်ကို အမြဲ ကြောက်ရွံ့တတ်တဲ့ တတိယ မင်းသားက အလျင်အမြန် ထောက်ခံသည်။ ‌သူက နေ့တိုင်းစားဖို့ပဲသိတယ်ဆိုပေမယ့် တုံးအ နေတာမဟုတ်..လက်ရှိအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းသဘောပေါက်ပါသေးသည်။

"တတိယမင်းသားတို့ဇနီးမောင်နှံ ပြောတာ မှန်တယ် ယွီချိန်... ဒီတိုင်း ရေဘေးဒုက္ခအတွက် လှူစရာရှိတာ ပဲလှူလိုက်ပါ"

အစီအစဉ်ကြေငြာသူ မင်းသားသွမ့်ကျွမ်းက ဆုံးဖြတ်ပေးလိုက်သည်။ ရှန်လျန့်ကို ရှုံးကိုမလုပ်နိုင်မှတော့ တစ်နည်းပဲရှိတော့သည်။

သို့သော်...

"ဒါက သိပ်တော့မတရားဘူး ၊ ယွီချိန် လေးတင်ခွင့်ရှိတုန်းက ဘယ်သူမှမကန့်ကွက်ကြပဲ ရှန်လျန်အလှည့်ရောက်မှ ယွီချိန်ကို အရှုံးတန်းပေးလိုက်ဖို့ဝိုင်းပြောကြတယ်"

လူတိုင်းက ကိုယ့် အတွက်ကိုယ်ပဲတွေးကြပေမယ့် ဖေးယွမ်ရွှင်းဆိုတဲ့သူက ကိုယ့်မိသားစုဝင်လေး အနိုင်ကျင့်ခံခဲ့ရတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မလဲ...

"ယွမ်ရွှင်း.. ကိစ္စကြီးအောင်မလုပ်နဲ့တော့"

မင်းသားသွမ့်က မကောင်းသည့်ခံစားချက်တွေရနေပြီး ဤအလှူပွဲကြီးကို အမြန်အဆုံးသတ်ချင်နေလေသည်။

"ဒီမင်းသားပြောတာ မှားလို့လား... ဒီကိစ္စက နန်းတွင်းစစ်မှုထမ်း တစ်ယောက်အနေနဲ့ သူတစ်ပါးအပေါ်အနိုင်ကျင့်အကျိုးအမြတ်ယူလိုက်တာပဲလေ... ကိုယ်တော်ပြောလိုက်မယ် ရှန်လျန်ဆိုတာ ကိုယ်တော် သဘောကျရတဲ့သူပဲ.. သူ့ကိုအနိုင်ကျင့်ချင်ရင် ဒီမင်းသားက ခွင့်ပြုသလား အရင်လာမေးလိုက်"

ကောင်းရော.. ဒီအလှူပွဲက ကယ်တင်လို့မရတော့ဘူး...

ဖေးယွမ်ရွှင်းရဲ့ ကာကွယ်ပေးမှုက လူတိုင်းကို မှင်သက်သွားစေသည်။အဆုံးသတ်မှာ လင်းယွီချိန် က ရှန်လျန့်အပေါ် တစ်ကယ့်အမှားလုပ်မိသွားပြီလား ဟု စိုးရိမ်သွားရ၏။ ခန်းမတစ်ခုလုံးတီးတိုးပြောဆိုနေကြပြီး ရှန်သခင်ကြီးလည်း ခံစားချက်တွေ ရှုပ်ထွေးနေသည်။ သားကြီး ရှန်တာ့က သူအမြဲ ဂုဏ်ယူခဲ့ရတဲ့သား၊ ရှန်လျန်ကျတော့ ဒီနေ့ဖျော်ဖြေခဲ့တာတွေကြောင့် အကျွင်းမဲ့ မျက်နှာရစေခဲ့သည်။ နောက်ဆုံးတော့ ရှန်အဖေရဲ့နှလုံးသားက ပျော့ပျောင်းလာတော့တယ်...

"ယွမ်ရွှင်းက ရှန်လျန်နဲ့ လက်ဆက်ဖို့ဆန္ဒရှိတာလား.. မဟုတ်ရင် လူရှေ့သူရှေ့ ဂုဏ်သရေ အပျက်ခံပြီးဖွင့်ချပြပါ့မလား.. အနာဂါတ်မှာ ဘယ်သူက ရှန်လျန့်ကို လက်ထပ်ရဲတော့မှာလဲ"

လင်းယွီချိန်အတွက် စိုးရိမ်ရင်း တစ်ဖက် ဒီကိစ္စကိုလည်း တော်ဝင်မင်းသားများက ပိုစိုးရိမ်မိကြသည်။ ရှန်လျန်၏ မိသားစုအသိုင်းအဝိုင်းနှင့် အဆင့်အတန်းက ကောင်းသည်။ ဖေးယွမ်ရွင်းကလည်းစစ်တပ်အာဏာကိုကောင်းကောင်းထိန်းချုပ်နိုင်သည်။ သူတို့နှစ်ယောက်ထဲနှင့်တင် တစ်မင်းတည်ထောင်ဖို့ တွေးနိုင်သည်။ သို့သော် သူတို့နှစ်ဦးပေါင်းစည်းဖို့ လုပ်သည်က ဧကရာဇ်ကိုစိန်ခေါ်နေခြင်းပဲ မဟုတ်လား...တစ်ချိန်ကျရင် တော်ဝင်မိသားစုက သူတို့နှစ်ယောက်ရဲ့လောင်းရိပ်အောက်မှာပဲနေခွင့်ရှိတော့မှာလေ...

"ဒီကိစ္စက ကျုပ် တစ်ဦးတည်း ဆုံးဖြတ်လို့မရပါဘူး... ရှန်လျန်ဘက်က ဆန္ဒ ရှိမရှိပဲ ကြည့်ရတော့မယ်.. သူသာ ခေါင်းငြိမ့်ရင် မနက်ဖြန် ကို တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်း သွားတင်တောင်းမှာပါ"

ဖေးယွမ်ရွှင်းက ပခုံးတွန့်ကာပြောလိုက်၏။ သူ့စကားက တစ်ဖက်သတ်ဆန်မနေပဲ ရှန်လျန်၏ သဘောထားဆန္ဒကိုလည်း ဦးစားပေးထားသည်။ ‌ ထို့အပြင် အပျော်စီးလှေပေါ်တွင် ချင်ယွင်ရှန်းအပေါ် ရှန်လျန်၏ တုံ့ပြန်ချက်က အတော်လေး မူမမှန်သည်ကို အကဲခတ်မိသဖြင့် ရေထဲကကယ်တင်ပေးပြီးကတည်းက ရှန်လျန့်အပေါ် သူ့ရဲ့ပိုင်ဆိုင်လိုစိတ်ကြောင့် တစ်နေ့လုံးမပျော်မရွှင် ဖြစ်နေရသည်။ ရှန်လျန့်ကိုပိုင်ဆိုင်ရဖို့ သူ

မစောင့်နိုင်တော့ကြောင်း ရှာတွေ့သွားသည်။

တော်ဝင်မင်းသားများနှင့် မှူးမတ်များ၏အမူအရာက ကြည့်ရဆိုးနေ၏။ မင်းသမီးကြီးပင် သူမ၏ စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရ၏။ ရှန်လျန့်အပေါ် ဖေးယွမ်ရွင်းရဲ့ ဆက်ဆံပုံတွေကို တွေ့ပေမယ့် ခုလို လူရှေ့သူရှေ့ လက်ထပ်ခွင့်တောင်းတာကတော့ မသင့်တော်ချေ။ ပိုအရေးကြီးသည်က တစ်ဦးစီတွင် နောက်ကွယ်က မမြင်နိုင်တဲ့ စွမ်းအားတွေရှိနေပြီး ချင်ဧကရာဇ်ကိုပင် ဂရုမစိုက်ပဲ သူတို့လိုချင်သည်ကို ပြောင်းလဲလုပ်ယူ‌နေသည်။

ချင်ဖင်း မြို့စား ဖေးယွမ်ရွှင်းဆိုတာကလည်း

မြို့တော်မှာ နံပါတ်တစ် အချစ်လူဆိုးလေးဖြစ်နေပေမယ့် ချင်ဧကရာဇ်ရဲ့အဓိက မဏ္ဌိုင် အင်အား 100,000ကို အုပ်ချုပ်နေနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သံမဏိကိုယ်ရံတော်တပ်သာားတွေလည်းရှိသေးသည်။ ဧကရာဇ်ပင် သူ့ကို စကားအပြောအဆို ဆင်ခြင်ရသည်အထိ။ ထိုလို လူက ရှန်လျန့်ကို လူအများရှေ့ လက်ထပ်ခွင့်တောင်းသည် မို့ မနာလို အားကျစေသည်။ သို့သော် လက်ထပ်ခွင့်တောင်းခံရသူ ရှန်လျန်ကို စိတ်ဝင်တစား ကြည့်လိုက်သော် အားလုံးကို စိတ်ပျက်သွားစေသည်။

ဖေးယမ်ရွှင်း၏ လက်ထပ်ခွင့်တောင်းခံရတာတောင်မှ အမူအရာက တစ်ချက်မပြောင်းပဲ မိုးကောင်းကင်ကြီးပြိုကျလာရင်တောင် သူနှင့်မဆိုင်သလို မျက်နှာပေး ဖြစ်နေ၏။

မတိုင်ခင်က လက်ထပ်ခွင့်တောင်းတဲ့စကားတွေ တစ်နေ့လုံးကြားလာရလို့များလား?

သူနဲ့ လက်ထပ်ဖို့ ကြိုပြောထားတဲ့သူရှိလို့များ အခုလို ဘာတုံ့ပြန်တဲ့အမူအရာမှ မရှိတာ ဖြစ်နိုင်လား ...

ဘာလို့သူပဲ ဖြစ်ရတာလဲ?

ရှန်မိသားစု အထူးသဖြင့် ရှန်ရှောင်နဲ့ရှန်ချန်က

ရှန်လျန့်ကို မုန်းတီးစွာကြည့်ကာ မကျေမနပ် ဖြင့် အံကြိတ်ထားကြသည်။

သူမတို့သည် မိသားစုကောင်းမှာ ကြီးပြင်းလာကြသည့် အမျိုးသမီးငယ်များဖြစ်မှန်း ထင်ရှားပြီး ရှန်လျန်မပြန်လာခင်က သူမတို့ရဲ့ အရည်အချင်း ၊အမူအရာတွေက မြို့တော် တစ်ခွင် ကျော်စောကာ တုံးလင်အိမ်တော်လို့ ပြောလိုက်သည်နှင့် သူမတို့ကို မချီးမွှမ်းသူ မရှိခဲ့ချေ။

ရှန်လျန်ပြန်ရောက်လာပြီးနောက်မှာ အရာအားလုံးက မသိမသာ ပြောင်းလဲသွားပြီး ယခုဆို လူတိုင်းက သူမတို့အပြစ်ကျူးလွန်ထားသလို အကြည့်ဖြင့်ကြည့်ကြသည်။ အတိတ်ကသူငယ်ချင်းများစွာ လည်း သူမတို့နဲ့ အပေါင်းသင်းမလုပ်ပဲဝေးဝေးရှောင်ကြ၏။ မျက်နှာလိုမျက်နှာရ မြောက်ပင့်ကြသူများလည်း ခြေရာကောက်မရအောင် ပျောက်ကွယ်သွားကြသည်။ အရေးအကြီးဆုံး ဖြစ်သည့် ဒီနေ့ဆိုလျှင် ထင်ထားသည်နှင့်ဆန့်ကျင်ဘက် ဖြစ်ခဲ့၏။ ပထမဦးစွာ ရှန်ချောင်နဲ့ရှန်ချန် ပေါင်းပြီး ပွဲဖန်တီးခဲ့ပေမယ့် အရှက်ကွဲရသူက သူတို့ပဲဖြစ်ခဲ့သည်။

နောက်တစ်ကြိမ် ကျတော့ ရေထဲတွန်းချဖို့ ရှန်ချောင် ကြံစည်ခဲ့ပေမယ့် သူမကသာ ရေထဲ အတူဆွဲချခံလိုက်ရပြီး ကိစ္စတွေက အစီအစဉ်တကျ ဖြစ်မနေတော့ပေ။ အဆုံးမှာ ရှန်လျန်ကပဲ လူတိုင်းရဲ့ချီးမွှမ်းဩဘာပေးမှုကိုရသွားသည်။ လူကြီးတွေရဲ့ အသိအမှတ်ပြုမှုသာမက ရှန်ကျိုး၊ ရှဲ့ယန်နဲ့ တစ်ခြား လူငယ် မျိုးဆက်လေးတွေ ကလည်း သူနဲ့ခင်မင်ရင်းနှီးသွားပြီး အဆက်အသွယ်တွေ တိုးပွားသွားခဲ့သည် ။ အဲ့ဒါအပြင် တော်ဝင်မင်းသားတွေနဲ့ မှူးမတ်သားတွေကပါ သူ့ကို သဘောတကျရှိနေပြီး ချင်ဖင်းမြို့စား ဖေးယွမ်ရွှင်းဆိုလျှင် လက်ထပ်ခွင့်ပါတောင်းသည်အထိ။

ဘာကြောင့်ရှန်လျန်ဖြစ်ရတာလဲ? အရည်အချင်း ၊ပညာရေး ဘယ်ဘက်ကကြည့်ကြည့် ရှန်လျန်က နိမ့်ကျတယ်မဟုတ်လား.. သူတို့ခက်ခက်ခဲခဲကြိုးစားခဲ့ရတာတွေကို သူကလွယ်လွယ်လေးနဲ့ ရယူသွားခဲ့တယ်တဲ့....

ရှန်မိသားစုဝင် လူငယ်လေးတွေက နားမလည်တော့သဖြင့် လက်ခံလိုက်ရုံသာရှိသည်။ ရှန်လျန့်အပေါ် အမုန်းတရားတွေကတော့ပိုပိုပြီး များလာသည်။ ဆင်ခြင်တုံတရားလေးနဲ့ ချုပ်တည်းထားတာ မဟုတ်လျှင် မကျေနပ်ချက်တွေကို လူရှေ့ဖော်ထုတ်လိုက်မိနိုင်သည်။

Words 2852

Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment