no

Font
Theme

'သတင်းကြောင့် သွေးအန်ကြရပြီ'

အကျဉ်းထောင်၏အတွင်းဆုံး အခန်းထဲတွင် အချိန်2နာရီ ကြာသွားမှသာ ကိစ္စများရပ်တန့်သွားခဲ့သည် ။ ရာဇဝတ်သားတွေက ကိုယ်လုံးတီးဖြင့် လဲလျောင်းအနားယူနေကြပြီး မျက်နှာက နီစွေးရောင်သန်းနေကြသည်။ အချိန်နှစ်နာရီလုံးလုံး ပြုကျင့်ခံခဲ့ရသည့် ရှန်ရှောင်နှင့် ရှန်ယန်တို့မှာ အခန်းထောင့်တွင် အရုပ်ကြိုးပျက် ဖြစ်ကာ ပူးကပ်နေကြပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း စေးကပ်ကပ်အရည်များ ပေကျံလျက်ရှိ၏။

"သူတို့ကိုဆွဲထုတ်ခဲ့၊ သမားတော်ခေါ်ပြီး ကြည့်ခိုင်းလိုက်၊ မသေသွားစေနဲ့"

မင်းသားသွမ့်၏အသံ ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် သံတိုင်တံခါးပွင့်သွားခဲ့သည်။ ရဲမက်များက ရှန်ရှောင်တို့ကို တရွတ်တိုက် ‌ဆွဲထုတ်လာသည်။ လူငယ်နှစ်ဦးက ခက်ခက်ခက်ခဲခဲ အသက်ရှူနေရပြီး ဆွဲခေါ်ရာနောက် မလှုက်မယှက် ပါလာကြ၏။ လမ်းတစ်လျှောက်မှာတော့ စအိုမှထွက်ကျလာသော သွေးစီးကြောင်းများဖြစ်ပေါ်နေလျက်။

"သမားတော် ‌ပင့်လိုက်ရင်တော့ ဒီကိစ္စက ဖုံးကွယ်ထားလို့ရတော့မှာ မဟုတ်ဘူးဗျ"

ဒီသတင်းသာ ရှန်ရွေ့ထင် နားထဲ ပေါက်ကြားသွားသည့်အချိန်၌ ထိုလူ ဘာဆက်လုပ်လေမလဲ?

"ကိုယ်တော်က ဒီကိစ္စကို ဘယ်သူမှ မသိလိုက်မှာပဲ စိုးရိမ်တာ"

လုပ်ရဲသည်ဆိုကတည်းက ခံရဲ၏။ ဦးရီး‌တော်ဖြစ်သည့် အရှင်မင်းကြီးအား သူ မကြောက်ရွံ့သလို ဦးရီးတော်လည်း ဤကိစ္စအား သိနေခဲ့ပါ၏။ မတော်လို့ အပြစ်ပေးခံထိမည်ဆိုရင်လည်း ကျေကျေနပ်နပ် နောင်တမရပဲ အပြစ်ခံယူမည် ဖြစ်၏။ လျိုဝမ်ကျင်းတို့မောင်နှမက သူနဲ့လာညှိရဲမှတော့ အကျိုးဆက်ကိုရင်ဆိုင်ဖို့ပြင်ထားသင့်တာပင်။

နောက်တစ်ရက်ရောက်သော် တုံးလင်အမတ်ကြီး၏ ဒုတိယမြောက်သားနှင့် တူလေး ရှန်ယန်က လာဘ်ထိုးသည့်အမှုဖြင့် အဖမ်းခံရသည့် သတင်းက ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းပျံ့သွသည်နှင့် နောက်ဆက်တွဲ သတင်းသစ် ထွက်ပေါ်လာသည်။

သခင်လေးနှစ်ပါးက ယောင်္ကျားပေါင်းများစွာ၏ပြုကျင့်ခြင်းခံလိုက်ရသည့်ကိစ္စက အင်ပါယာမြို့တော်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။ထိုသတင်းက တုံးလင်အိမ်တော်သို့ရောက်သွားသောအခါ လျိုရှုဟန်သည် ရပ်တန့်နေလျက် စိတ်လွတ်သွားပြီး သခင်မကြီးမှာမူ သွေးတပွက်အန်လိုက်ရသည်။ ကျောက်လန်တို့ ဇနီးမောင်နှံလည်း ကြောင်ငေးနေမိပြီးနောက်တွင် တုံးလင်တစ်အိမ်လုံး ဗြောင်းဆန်သွားတော့သည်။

"ကျွတ်..ကျွတ်..ကျွတ် အမတ်ကြီးရဲ့ သားက အမျိုးသမီးအဖြစ် အုပ်စုလိုက်ပြုကျင့်ခံရပြီး သွေးအိုင်ထဲ ဖြူဖျော့နေလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး၊ လျန်လျန် ... သခင်မကြီးရဲ့ ကျန်းမာရေးအခြေအနေ သိပ်မဟန်ဘူးလို့ကြားတယ်၊ ခုချိန်ထိ သတိမလည်လာသေးလို့ အမတ်ကြီးက ဟယ်ရှန်းခြံဝန်းဆီ သွားကြည့်‌ ပေးနေတယ်၊ သူသေတော့မယ်ထင်တယ်"

ယောင်းကွမ်က ကျုံးလင်ခြံဝန်းထဲက အိမ်ဧည့်ခန်းကျယ်မှာ ထိုင်ကာ ပန်းသီးဝါး‌နေရင်းပြောလာသည်။

ယခင်ရက်က ယောင်းကွမ်သည် မြို့စားမင်းဆီ ပြန်ကာ တစ်လုံးမကျန်အစီရင်ခံသည်။ ထို့နောက်သူ့ကို ရှန်လျန့်ဆီ ပြန်လွှတ်လိုက်၏။ သို့နှင့် နောက်တနေ့ရောက်သော် သတင်းကချက်ချင်းပျံ့နှံ့သွားသဖြင့် မြို့စားမင်း၏လက်ချက်လား မပြောတတ်ပေ။ ရှန်‌ေရှာင်နဲ့ ရှန်ရန်တို့ကို ကုသ‌ေပးသည့် တော်ဝင်သမားတော် ရန်ဟဲထန်မှ ဖြစ်စဉ်ကို ကြားသိခဲ့ဟန်တူ၏။

"သူ့ကို မသေခိုင်းနဲ့ဦး၊ တစ်ကယ်ကြီး သေသွားရင် တစ်နှစ်လောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စောင့်ထိန်းရမှာ၊ မင်းတို့ မြို့စားမင်းက ငါ့ကို စောင့်ဖို့ စိတ်သိပ်ရှည်မယ် မထင်ဘူး"

ရှန်လျန်က ပြောလိုက်ရင်းနှင့် ‌လေ့ကျန်း တကူးတက ယူလာသည့် ပုခက်ထဲကို တူလေးအား ထည့်ထားလိုက်သည်။

မြင်နေကျက အငြိမ်လွှဲပေးသည့် ပုခက်များ ဖြစ်သော်လည်း ယခု လေ့ကျန်း ယူလာသည့် ပုခက်က လှည်းဘီးပါသည်။ ဘီးကြောင့် ကြိုက်သည့်နေရာသို့ ရွေ့လျားသွားနိုင်၏။

လှည်းပုခက်၏ ပုံသဏ္ဍာန်မှာ ကလေးဝင်ထိုင်လိုက်သည်နှင့် ကလေး၏ရှေ့၌ အရုပ်ငယ်များချိတ်ဆွဲထားသည်ကို မြင်ရလိမ့်မည်။‌ေရှ့တိုးနောက်ဆုတ် လှည်းဘီးရွေ့သည်နှင့် ကလေးထိုင်ပုခက်က အသံမြည်လာမည် ဖြစ်သည်။

ဒီလို ပုခက်မျိုးက ကျန်းဟိုင်လက်ထပ်ကတည်းက ရှိခဲ့ပြီး လေ့ကျန်းပြောပုံအရ အရိပ်တပ်သားတိုင်းနှင့် ရင်းနှီးပြီး ဖြစ်သည်ဟူ၏။

ယခုလို ပုခက်မျိုးက သူလာခဲ့သည့် ကမ္ဘာ၌ သာမာန်ပုခက်မျိုးသာ ဖြစ်သည်ဟုလည်း ကျန်းဟိုင်က ပြောဖူး၏။ ထို ကမ္ဘာ၌ ဧကရာဇ်အုပ်စိုးသော ဘုရင်စနစ်မရှိပဲ လူတိုင်းတွင် တန်းတူအခွင့်အရေးရှိသည်၊ ၊ထို့အပြင် အစားအသောက်၊ အဝတ်အထည် စသော လူသုံးကုန်များရနိုင်ဖို့ လူတိုင်း အလုပ်လုပ်ကြရ၏။

လေ့ကျန်းက ကျန်းဟိုင် အကြောင်း ပြောပြသည်ကို ရှန်လျန် ကြားသော် စိတ်ထဲ မနာလိုဖြစ်မိသွားသည်။ သူသာ လူမှုအဖွဲ့အစည်း ကောင်းကောင်းမှာ မွေးဖွားလာခဲ့ရင် ချစ်ခံနေရမှာပင်၊ စိတ်မချမ်းသာစရာများလည်း မရှိခဲ့လောက်ပေ။

"ဟုတ်တယ်၊ ဆွေမျိုးက တော်နေတော့လဲ"

ယောင်းကွမ် အလျန်အမြန်ပဲ သတိပြုမိသွားသည်။ သခင်မကြီးက ရှန်လျန်ရဲ့ အဖွားတော်စပ်နေသေး ရာ မတော်လို့ သေဆုံးသွားပါကလျန်လျန်က တစ်နှစ်လုံးလုံး စောင့်ထိန်းရပေတော့မည်။ ဧကရာဇ်ကလည်း အခွင့်အရေးချောင်းနေသည်မို့ ဝမ်းနည်းခြင်းအခမ်းအနား ပြီးပါက လျန်လျန်ဟာ မြို့စားမင်းနဲ့ လက်ဆက်ဖို့ အလွန်ခက်ခဲသွားနိုင်သည်။

"ကိစ္စတွေက ထင်သလောက် မလွယ်ဘူး၊ လျန်လျန့်ကို ခက်ခဲအောင် မလုပ်ကြနဲ့၊ သခင်မကြီး တစ်ကယ် မသေဖို့ကို ဝိုင်းဆုတောင်းကြဦး"

ဖုရင်က ငိုရခက် ရယ်ရခက်ဖြစ်နေသည်။ ဝမ်းနည်းခြင်း အခမ်းအနားက တစ်ကယ် ရှောင်လွှဲရန် မဖြစ်နိုင်။

"ဟွန့်! လွယ်လွယ်သေခွင့်ပေးလိုက်ရင် မတန်တော့ဘူး"

ယောင်းကွမ်က အေးစက်စက် ပြောလိုက်သည့်အချိန်တွင် ရုတ်တရက် ပြတင်းပေါက်မှ လေ့ကျန်းခုန်ဝင်လာပြီး ရှန်လျန့်အနား သို့ကပ်ကာ ခပ်တိုးတိုးပြော၏။

"သခင် ကွေချန်ဘုန်းတော်ကြီး ပျံလွန်တော်မူသွားပါပြီ"

"ဘာ!"

ရှန်လျန် မျက်မှောင်ကြုံ့လိုက်သည်။

ဖုရင်လည်း သတိထားမိသွားကာ သူတို့စကားဝိုင်းအား မနှောင့်ယှက်မိစေရန် ရှန်ယို၏ပုခက်လှည်းအား ခပ်လှမ်းလှမ်းဆွဲလိုက်သည်။

ချီယွဲ့နဲ့ ချီရွှမ်းလည်း အသံ ကြားပြီး အနီးတိုးကပ်လာကြသည်။

ယောင်းကွမ်က ခေတ္တ တုံ့ဆိုင်းသွားပြီး ချက်ချင်းဒေါသထွက်လာသည်။

"ခင်ဗျား ဘာတွေ လုပ်နေတာလဲ? ဘယ်လိုလုပ် သူက သေတဲ့အထိ ဖြစ်သွားရတာလဲ? ဒီလိုဖြစ်မယ်မှန်း သိရင် ငါ့လူတွေနဲ့ အစားထိုးလိုက်ရမှာ"

သူကျုံးလင်ခြံဝန်းဆီ ပြန်မလာခင်ရှေ့တရက်တည်းက လေ့ကျန်းဟာ သူ့လူတွေနဲ့ ပိုင်ယွင်ဘုရားရှိခိုးကျောင်းကို သွားနှင့်ပြီးပြီဖြစ်လို့ လေ့ကျန်းတို့ထက် ဘယ်သူက ဦးသွားနိုင်လို့လဲ? သူတို့ ဘာကြောင့်ရှုံးနိမ့်ခဲ့တာလဲ?

"တစ်ယောက်ယောက်က ကျွန်တော်တို့ထက် အရင်ရောက်နှင့်ပြီးပါပြီ၊ ကျွန်တော်တို့အမြန်သွားကြည့်လိုက်တော့ ကွေချန်ရဲ့အလောင်းက အေးစက်နေပြီ၊ သတ်သွားတဲ့သူက ကိုယ်ခံပညာကောင်းကောင်း သင်ကြားပြီး အသေခံတပ်သားလို ပျိုးထောင်ခံရဖူးတဲ့ပုံစံမျိုး မဟုတ်ဘူး၊သူ့သခင်ကို ကျွန်တော်တို့ အမြန်ဆုံးစုံစမ်းနေပါပြီ၊သခင်.. ဒီတစ်ကြိမ်တော့ ကျွန်တော်တို့အမှားပါ တောင်းပန်ပါတယ်"

လေ့ကျန်းက ယောင်းကွမ်ရဲ့စကားကို ပြန်လည် မချေပပဲ တိတ်တဆိတ်ငြိမ်ခံနေ၏။ သူသာ ရန်သူရဲ့ လုပ်နိုင်စွမ်းကို လျှော့မတွက် ခဲ့ရင် ဒီလိုအဆုံး သတ်ရမှာ မဟုတ်ချေ ။

"မင်းရဲ့ အပြစ် မဟုတ်ပါဘူး၊ သူတို့ ဒီလောက်ထိ အဆက်အသွယ် မြန်မယ်လို့ ငါ ထင်မထားခဲ့မိလို့၊ ဒီသတင်းကိုရှန်ရွေ့ထင် သိအောင် နည်းလမ်းရှာလိုက်၊ မဟုတ်ရင် ငါက ဘုန်းကြီးကို သတ်တယ်လို့ တစ်ဖက်သတ် ထင်ခံနေရဦးမယ်"

ရှန်လျန် ခေါင်းခါလျက် မျက်နှာက အေးတိအေးစက်ဖြစ်သွားသည်။ ထို့နောက်ယောင်းကွမ်ဘက် လှည့်ကာ အမိန့်တစ်ခုပေးလိုက်သည်။

"မင်းတို့သခင်ဆီ သတင်းသွားပို့ပေး၊ ခုချက်ချင်းပဲ ဝမ်ယွဲ့မြို့ကို လူလွှတ်ပြီးဟွေအန်းကို သေချာ ကာကွယ်ပေးဖို့ပြောလိုက်၊နောက်ကျသွားရင် သူ့ကို သတ်ဖို့အခွင့်အရေး ရသွားလိမ့်မယ်"

ကွေချန်က သေပြီဆိုတော့ ဘာသက်သေမှ မကျန်တော့ဘူး၊ အဆုံးမှာတော့ ရှန်လျန်က နက္ခတ်ဆိုးနဲ့ မွေးဖွားလာတာ မဟုတ်မှန်း သက်သေမပြနိုင်သေးပေ။ သို့ရာတွင် ဝှက်ဖဲ ဟွေအန်း ရှိနေသေးရာ သူ့နှုတ်မှ ထွက်သည့်စကားသည်လည်း အနည်းငယ် အသုံးဝင်နိုင်၏။

"ဟုတ်ကဲ့"

လေ့ကျန်းနဲ့ ယောင်းကွမ်က တစ်ပြိုင်နက် တုံ့ပြန်ဖြေလိုက်ပြီး တာဝန်အသီးသီးအား ထမ်းရွက်ရန် ထွက်ခွာသွားကြသည်။

ရက်အနည်းငယ် ကြာသွားပြီးနောက် တုံးလင်အိမ်တော်က ဗရုတ်သုတ်ခ နိုင်နေဆဲပင်။ သခင်မကြီးက မေ့မျှောနေရာမှ ပြန်နိုးလာပြီး ရှန်ရွေ့ထင်ကို ဆူဆဲ နိုင်သွားသည်။ ရှန်ရွေ့ထင်လည်း ချက်ချင်း နန်းတော်သို့အခစားဝင်ကာ အရှင်မင်းကြီးအား အသနားခံ‌တောင်းဆိုသည်။

ကံမကောင်းစွာနှင့် ဧကရာဇ်က ရှန်ရှောင်တို့ကို လွှတ်ပေးရန် ငြင်းဆိုလိုက်သည်။ ထို့ကြောင့် လျိုရှုဟန်နှင့် ဒုတိယမိသားစုမှာ တစ်နေကုန် ငိုယိုလျက်ရှိရာ တုံးလင်အိမ်တော်မှာ ငြိမ်းချမ်းသည့် အချိန်အခါ အတွင်း မကျရောက်နေပါ။

ရှန်ရွေ့ထင်လည်း ရွေးချယ်စရာမရှိပဲ နန်း‌တွင်းသို့ တစ်ဖန် အခစားပြန်ဝင်လိုက်ရသည်။ ဧကရာဇ်၏စိတ်အား မည်သည့်နည်းဖြင့် ဖြောင်းဖျနိုင်ခဲ့သည်မသိ၊ ရှန်ရှောင်နှင့် ရှန်ယန့်ကို နောက်ဆုံးတော့ လွှတ်ပေးလိုက်ပြီး တုံးလင်အိမ်သို့ ပြန်ခွင့်ပြုလိုက်သည်။ သို့ရာတွင် ပြစ်ဒဏ်အား စီရင်ရာ၌ ပူးပေါင်းပါဝင်ဖို့လိုကြောင်း ထပ်လောင်း သတိပေးခဲ့၏။

ကံ‌မကောင်းစွာပင်... ရှန်ရှောင်တို့အား ခေါ်ရန် အကျဉ်းထောင်သို့ သွားသည့်အခါ၌ ဖုယွင်ရှီး ဦးဆောင်သော လူငယ်စာသင်သားများ က အပေါက်ဝတွင် ပိတ်ရပ်နေသည်နှင့် ကြုံလိုက်ရသည်။

လူအုပ်ကြီးက အမှုထမ်းစာမေးပွဲမှာ မတရား စွပ်စွဲ ပယ်ချခံခဲ့ရသည့် သူတွေချည်းဖြစ်သည်။ ပြစ်ဒဏ်စီရင်ရာ၌ မင်းမှုထမ်းအကြီးအကဲ၏ သားသမီးဆိုတိုင်း မျက်နှာသာပေးခြင်းမျိုး မပြုလုပ်ပါရန် သံပြိုင်ဟစ်ကြွေးဆန္ဒပြနေခြင်းကြောင့် ဧကရာဇ်အား အတွေးပြောင်းသွားစေပြီး ရှန်ရှောင်တို့ကို အကျဉ်းခန်းတွင်သာ ဆက်ထားရန် အမိန့်ချမှတ်လိုက်ရသည်။

"ဟဟ.. ဖုယွင်ရှီးကို လွယ်လွယ်နဲ့ ကျော်ဖြတ်လို့ဘယ်ရမလဲ"

ဒီရက်ပိုင်း အိမ်တွင်းအောင်းနေတဲ့ ရှန်လျန်က ဒီသတင်းကြားတော့ မနေနိုင်စွာ ရယ်မိသည်။

ဖုရင်က ခေါင်းတခါခါနှင့် ဘေးဘက်မှာ ရပ်နေပြီး...

"အဲ့ဒီကောင်လေးက အရမ်းခေါင်းမာတယ်၊ စာမေးပွဲကိစ္စနဲ့ သူ့ဘဝဖျက်စီးခံလိုက်ရပြီး ခုမှ ခေါင်းပြန်ထောင်နိုင်တာလေ၊ ဘာမှ မလုပ်ဘဲ ငြိမ်ခံနေတာကမှ ထူးဆန်းဦးမယ်"

ကိစ္စတွေ ရှုပ်ထွေးကတည်းက တစ်နေ့မှာ ခုလို ဖြစ်လာမယ်မှန်း ဖုရင် ခန့်မှန်းမိခဲ့ပါ၏။

"ဘာပဲဖြစ်ဖြစ် ဖုယွင်ရှီးကို ကူညီပေးမယ့်သူ ရှိလို့ပေါ့၊ မဟုတ်ရင် လူအုပ်ကြီး ခေါ်ပြီး အမတ်ကြီးရဲ့လမ်းကိုပိတ်နိုင်ပါ့မလားလေ? အဲ့လောက် စာသင်သားတွေ အများကြီး ဘယ်ကရှာလာတာပါလိမ့်"

ဖုယွင်ရှီးရဲ့နာမည်ဂုဏ်ကို ပြန်အဖတ်ဆယ်လိုက်နိုင်ရင်တောင် လူစုလူဝေးကို စည်းရုံးနိုင်ဖို့ရာ အင်အား မတောင့်ချေ။ သူထင်တာ မမှားရင် နောက်ကွယ်က မီးရှို့တဲ့လူဟာ မင်းသားသွမ့်ပဲ ဖြစ်လိမ့်မည်။

"ဟူး... ယွင်ရှီး ဆန္ဒပြတဲ့ထဲ ဝင်မပါရင် ကောင်းမယ်"

ရှန်လျန်၏ ထောက်ပြမှုကြောင့် ဖုရင် ရင်လေးသွားကာ မျက်နှာတွင် စိုးရိမ်ပူပန်သည့် အကြည့်ထင်ဟပ်လာသည်။

ရှန်လျန်က တစ်ခဏခန့်တွေးလိုက်ပြီး...

"ဦးလေးဖု သူ့ကို စိတ်ပူရင် အိမ်ပြန်ကြည့်လိုက်ပါလား"

ဖုယွင်ရှီးက သူကိုယ်တိုင်အတွက်သာမက ရှန်လျန့်အတွက်ပါ လုပ်ပေးနေမှန်း ခန့်မှန်းမိ၏။နှစ်ယောက်သား အဆက်အသွယ် သိပ်မရှိပေမယ့် ဖုယွင်ရှီးက ဉာဏ်ပညာထက်မြက်ရာ တုံးလင်အိမ်တော်၌ ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်နေရသော သူ့ဘဝကို သိနေပါလိမ့်မည်။

"ဟင်?"

ရှန်လျန် က ခုလို အကြံမျိုး ပေးလာမယ်လို့ ဖုရင် ထင်မထားမိသဖြင့် ကြောင်အမ်းသွားပြီးနောက် အကြံပေးချက်ကို ငြင်းဆန်လိုက်သည်။

"ထားလိုက်ပါတော့၊ သူ့ကို စောင့်ရှောက်ဖို့ လူလွှတ်ပေးထားတာပဲ၊ ဘာမှ မဖြစ်လောက်ပါဘူး၊ ရှန်မိသားစုကလည်း ဦးလေးတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြတာ၊ မတော်လို့ပေါ်သွားရင် လျန်လျန် ပြဿနာတက်လိမ့်မယ်၊ ပြီးတော့ ဦးလေးက သခင်ငယ်လေးကိုလည်း စောင့်ရှောက်ပေးရဦးမယ်လေ"

ဖခင်ဆိုတော့ သားဖြစ်သူကို စိုးရိမ်တာပေါ့၊ ဒါပေမယ့် လည်း အခုက အချိန်ကောင်း မဟုတ်မှန်း ဖုရင် သိပါသည်။

"ဘာမှ မဖြစ်ပါဘူး၊ လေ့ကျန်းနဲ့ အတူသွားပေါ့၊ သူက ဆေးပညာလည်း တတ်တော့ ဦးလေးဖု ရဲ့ကျန်းမာရေးအတွက် စိတ်ချရတယ်၊ အိမ်ပြန်ပြီး အရင်လို ပြန်နေပေါ့၊ ဒီကိုပြန်လာမှ ပုံစံပြန်ပြောင်းလို့ရတယ်... ဘာပြဿနာမှ မတက်ဘူး၊ ဖုယွင်ရှီးနဲ့လည်း မဆုံတာ ကြာလှပြီမို့လား၊ အိမ်ပြန်ပြီး သူ့ကိုသွားကြည့်လိုက်ပါ"

အရိပ်တပ်သားတွေက ဆေးပညာတတ်ကျွမ်းသည့် အပြင် လေ့ကျန်း ကိုယ်တိုင် စောင့်ရှောက်ပေးမှတော့ ပုံစံမှန် မပေါ်ပေါက်နိုင်ပါ။

"အဲ့ဒါဆိုလည်း..."

ဖုရင်က တွန့်ဆုတ်နေသေး၏။

လေ့ကျန်းက အခန်းထဲ အချိန်ကိုက် ဝင်လာကာ..

"ပြန်လိုက်ပါ ဦးလေးဖု၊ ကျွန်တော် မနက်ဖြန်မနက်ကို အိမ်တော် အပြင် ခေါ်ထုတ်သွားပေးမယ်၊ အပြင်ရောက်မှ ပုံစံပြောင်းပြီး အိမ်ပြန်ပေါ့၊ နေ့ခင်းကျရင် ဆုံမှတ် နေရာကို ကျွန်တော် ပြန်လာကြိုပေးမယ်၊ ဘယ်သူမှ မသိနိုင်ပါဘူး"

"ကောင်းပါပြီ ဒါဆိုရင် လေ့ကျန်းကို ဦးလေး ဒုက္ခပေးမိပြီ"

တစ်ဖက်လူက ပြောလာမှတော့ ဖုရင်လည်း ရှန်လျန်ရဲ့ စေတနာကို လက်ခံလိုက်သည်။ ထိုအချိန်မှ သခင်ငယ်‌လေးက ရှန်လျန်ဆီရောက်နေမှန်း သတိထားမိသွား၏။ ဒီအချိန်အတွင်း စိတ်လွတ်နေမိသည့် သူ့အဖြစ်ကြောင့် အနေရခက်သွားသည်။

လျန်လျန်က အမြဲတမ်း ယခုလိုပင်။ ဖာသိဖာသာ မသိသလိုနှင့် တစ်ကယ်တမ်း သူ့စိတ်ထဲ မှာအားလံုးကို အရမ်းဂရုစိုက်ပြီး တုံ့ပြန်ကျေးဇူးမျိုးလည်း တောင်းဆိုတတ်သူမဟုတ်ပါ။

"လျန်လျန်.. အစ်ကို သူ့ကိုပွေ့လိုက်မယ်"

ချီယွဲ့က အနားရောက်လာပြီး ရှန်လျန် ဘာမှ မပြောရသေးခင် ရှန်ယိုလေးကို ပွေ့ခေါ်ရန်ပြင်၏။ သို့သော် ကလေးငယ်၏လက်သီးဆုပ်က ရှန်လျန်၏လည်တိုင်ကို တင်းတင်း‌ဖက်ပွေ့ထားပြီး မျက်လုံးဝိုင်းဝိုင်းကြီးကြီးလေးက ချီယွဲ့အား သတိအပြည့်ဖြင့် ကြည့်နေ၏။

သူ့ပုံစံကြောင့် ရှန်လျန်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး ဖင်တုံးလုံးလုံးလေးအား ဖတ်ကနဲ ရိုက်ကာ ဆုံးမ၏။

"ဘိုးဘေးလေး.. ဦးဦးချီယွဲ့က မင်းကို ပွေ့ချီချင်လို့လေ.. သူကလူဆိုးမှ မဟုတ်တာ.. ဘာတွေ သတိထားနေတာလဲ"

"အာ.....အာ"

ရှန်လျန်၏ စကားကို နားလည်သယောင်နှင့် ခပ်တင်းတင်း ဖက်ထားသည့် လက်က အနည်းငယ် ပြေလျော့သွားပြီး အသံပြုလိုက်သေးသည်။ ကောင်ငယ်လေးက လက်တောက်လောက်နဲ့ မာယာတွေ သိပ်များသည်။

"ရက်စက်လိုက်တာ ၊ ယိုယိုလေးကို နေ့တိုင်းထိန်းကျောင်းပေးတဲ့ ဦးဦး‌လေ မမှတ်မိဘူးပေါ့!

ချီယွဲ့က ရှန်ယို့ပါးဖောင်းဖောင်းလေးကို အသာညှစ်လိုက်သည်။ သူနဲ့အတူ နေ့တိုင်းရှိနေသော်လည်း ရှင်းရှင်းလင်းလင်းပင် ရှန်ယိုက ရှန်လျန့်ကိုသာ အချစ်ဆုံးဖြစ်၏။

"အာ..."

ရှန်ယိုလေးက အတော် ဉာဏ်ကောင်း၏။ ချီယွဲ့ထိုသို့ပြောလာသည်နှင့် လက်သေးသေးလေးကို ဆန့်တန်းပေးလာပုံမှာ ဦးဦး၏ ဒေါသပြေပျောက်ရန် နှစ်သိမ့်ချော့မော့ပေးချင်ဟန်ရှိ၏။

"အာ...အာ"

"ဟားဟား"

ချီယွဲ့လက်မောင်းထဲ တစ်ခဏခန့်နေပေးပြီးနောက် ရှန်ယိုက ရှန်လျန့်ဆီ ကူးသွားပြန်သည်။

ရှန်လျန်မှာ မတတ်နိုင်စွာနဲ့ ရယ်မောမိ၏။

တတ်လည်းတတ်နိုင်တဲ့ ကောင်ငယ်လေး!!

2749 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment