no

Font
Theme

'Chapter.29

Rebirth of poisonous of male empress

ခြံဝန်းထဲ စုပြုံပြီး ရောက်လာကြပြန်ပြီ'

တုံးလင်အိမ်‌တော်၏ မေကွေ့ ခြံဝန်းတွင်ဖြစ်သည်။

"သခင်မလေး... ပဉ္စမသခင်လေးငယ်ပြန်ရောက်ပြီလို့ကြားပါတယ်"

အစေခံလေးက အလျင်စလိုပြေးဝင်လာကာ ဒူးထောက်သည်။

စောင်းတီးလေ့ကျင့်နေသော ရှန်ချန်က လေ့ကျင့်တာရပ်လိုက်ရင်း

"ဘာသခင်လေးလဲ? ကောင်မ! သခင်လေး

က ဒီအိမ်တော်မှာ ငါ့အစ်ကိုတစ်ယောက်ပဲရှိတယ်"

"......."

စကားပြောမှားသွားတဲ့ အစေခံမ လေးဟာ သူ့ခေါင်းကို အောက်ထိ ငုံ့ထားလျက် လက်နှစ်ယောက်ချင်းပွတ်နေမိ၏။

"အဲ့တော့ ဒီသခင်မလေး ပေးတဲ့ လက်ဆောင်ကို သူတွေ့ပြီးပြီလား"

ရှန်ချန် စိတ်ကောင်းဝင်နေပြီး နည်းနည်းမှ ရှက်စိတ်မဝင်ပေ။ ဘေးရှိအခြားအစေခံ က သူမအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။

"သခင်မလေး ..လက်ဖက်ရည်ပါ"

"အဲ့တာက....."

အစေခံမ လေးမှာ တစ်စုံတစ်ခုကို ပြောချင်နေပေမယ့် တိတ်ဆိတ်နေသည်။ထိုအချိန်မှာပဲ အစေခံတစ်ယောက် အမြန်ပြေးလာကာ ဒူးထောက်ပြန်သဖြင့် ရှန်ချန်မှာ စိတ်မရှည် လာတော့ပေ။

"ဒါက ဖို့ရို့ဖားယားနဲ့ ဘာဖြစ်လာပြန်တာလဲ၊ လုကျစ်"

"မကောင်းတော့ဘူးသခင်မလေး၊ ပဉ္စမ သခင်လေးက သူ့အစေခံကို ဟယ်ရှန်းခြံဝန်းထဲစေလွှတ်ပြီး သခင်မကြီးကို သွားခေါ်နေပါတယ်"

"ဘာပြောတယ်!"

ရှန်ချန် ထရပ်လိုက်သည်။ သူမမျက်ဝန်းက အံ့အားသင့်ပြီး ပြူးကျယ်လျက်။

ပထမ အစေခံမှပြောသည်။

"သူက သခင်မကြီးကိုတိုင်ပြောဖို့လုပ်နေတာပါ ၊သခင်မလေး မြန်မြန် သခင်မဆီ သွားရအောင်"

"ဘာ? သူ့အိမ်ကို ဖျက်စီးတာ ငါမှန်း သူသိလို့လား?"

အနည်းငယ် ထိတ်လန့်ပြီးနောက် ရှန်ချန် စိတ်အေးသွားတယ်၊ တုံးလင်အိမ်တော်မှာ ချီယွဲ့နဲ့ ချီရွှမ်းက လွဲပြီးရှန်လျန့်စကား ကို ဘယ်သူယုံမှာတဲ့လဲ၊ သခင်မကြီးကိုတိုင်ပြောတော့ရော? ဘယ်အစေခံက သူမကို သစ္စာ ဖောက်ရဲလဲ? ဘယ်သူမှ အပြစ်မတင်ရဲမှတော့ ရှန်လျန်ပဲ သနားစရာ ဖြစ်မှာ ... ဒါသိပ်ကောင်းတယ်။

"ဒါပေမယ့် သခင်မ ကို ဒီအကြောင်း ပြောပြရအောင်လေ"

သူမထက် အသက်နှစ်နှစ်ကြီးတဲ့ လုကျစ်က မျက်မှောင်ကြုံ့ထားမိ၏။ ဒီကိစ္စ ရိုးရှင်းမယ်လို့ သူမ တော့မထင်ပေ။ ပုံမှန်အခြေအနေဆိုလျှင် သခင်မ သို့မဟုတ် တုံးလင် အမတ်ကြီးကိုဆီ လာပြောသင့်သည်မလား၊ ဒါပေမယ့်ပဉ္စမ သခင်လေးက သခင်မကြီးထိ တိုက်ရိုက်သွားသည်ဆိုတော့ တစ်ခုခုပဲ ။

"ဘာအကြောင်း ပြောမလို့လဲ? ဘာမဟုတ်တဲ့

ကျိစ်စလေးကိုမြား... သှားရအောငျ ၊ စိတျလှုပျရှားစရာလေးတှေ သှားကွညျ့မယျ"

အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်လို့ သူမကိုယ်သူမ ယုံကြည်ချက်ရှိသည်။ လုကျစ်ရဲ့စကားကို အရေးမလုပ်ပဲ ရှန်လျန်ရဲ့ တုံးအ,‌ ပုံကို သွားကြည့်ဖို့ပဲ စိတ်လှုပ်ရှားနေသည်။

လုကျစ်၊ ဟုန်မေ့နဲ့ နောက်အစေခံမလေး တို့ဟာ တစ်ဦးကိုတစ်ဦး ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ရှန်လျန့်ခြံဝန်းက ပြန်ရောက်လာပြီးနောက် ပိုင်း သခင်မလေးဟာ အာဃာတတွေ ထားနေပြီး ဖျောင်းဖျလည်းနားမဝင်ချေ။

သခင်မလေး ဘာလို့ နားမလည်ရသေးတာလဲ? ပဉ္စမ သခင်လေးပုံစံက အနိုင်ကျင့်လို့လွယ်သလိုနဲ့ တစ်ကယ်တမ်းဘယ်သူကပဲ အနိုင်ကျင့်ခံနေရသလဲလေ?

ရှန်လျန်က တုံးလင်အိမ် ပြန်ရောက်တာနဲ့ သခင်မကြီးကို သူ့ခြံဝန်းအထိ ဖိတ်ခေါ်လိုက်တယ် ဆိုတဲ့ သတင်းက တုံးလင် အိမ်တော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ လျိုရှုဟန်လဲ သတင်းကြောင့် ခပ်သွက်သွက် ပြန်လာခဲ့ရတယ်၊ ဒုတိယနဲ့ တတိယ မိသားစုကလည်း ဒီလို ပွဲကောင်းကောင်းကို ဘယ်လက်လွှတ်ခံမလဲ? ဇနီး သုံးဦးလုံးဟာ ရှန်လျန့်ခြံဝန်းရှေ့ကို တစ်ချိန်တည်း ရောက်လာကြတယ်။

သူတို့ရောက်တဲ့အချိန်မှာ သခင်မကြီးကတော့ ကြိုရောက်နေနှင့်ပြီ။

"ဖွားဖွား!"

ချီယွဲ့နဲ့အတူ ခြံရှေ့ ထွက်စောင့်နေတဲ့ ရှန်လျန်က တစ်ခြားသူတွေကို လစ်လျုရှုပြီး ဝေါယာဉ်ထဲက ထွက်လာတဲ့ သခင်မကြီးကို နှုတ်ဆက်လိုက်တယ်။

"ဘာလို့ အလောတကြီးရှာနေတာလဲ၊ ဖေးယွီအဝတ်ဆိုင်မှာ အဝတ်သွားယူတယ်လို့ ရှောင်ချောင်ဆီက သတင်းကြားထားပြီးပြီ"

အိမ်ပြင်ထွက်တဲ့ ကိစ္စကို အစောတည်းက ရှန်ချောင် ပြောပြလို့သိပြီးပြီ၊ ဘာလို့ရှန်လျန်က လူလွှတ်ပြီး လာတွေ့ခိုင်းနေတာလဲ? ရှန်လျန်က အသုံးဝင်တဲ့သူ ဖြစ်နေပေမယ့်လည်း အဖွားအို ဒေါသအနည်းငယ် ထွက်နေလေတယ်။

"ဖွားဖွား...."

ဖွားဖွားဆီက စိတ်မရှည် ဒေါသဟန်ကြောင့်ထင်သည်။ ရှန်လျန်ခေါင်းမော့လိုက်သောအခါ မျက်ဝန်းအိမ်မှ မျက်ရည်ဥများ ပေါက်ခနဲ ကျဆင်းလာသည်မှာ နာကျင်ခံစားနေရဟန်ဖြင့် ။

လူတိုင်းကြောင်အ သွားကြသည်။သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ ဆိုတာ နားမလည်ကြချေ။

"ဘာလို့ ငိုရတာလဲကွယ်"

အဖွားအို မှာ လေသံ ပျော့သွားတော့သည်။ ကျောက်လန်က ရုတ်တရက် သူနဲ့ တူတူပူးပေါင်းပေးလာသည်။

"ရှောင်ဝူ ဘာဖြစ်တာလဲ? ဘယ်သူ အနိုင်ကျင့်တာလဲ"

"သူ့ကိုအနိုင်ကျင့်တဲ့သူ မရှိရင် ခုလိုငိုနေပါ့မလား?"

လုယန်ကလဲ အလျင်အမြန် ဝင်ပြောရင်း အကြည့် တွေက လျိုရှုဟန်၏ အရုပ်ဆိုးနေသော မျက်နှာကို ခနဲ့နေသည်။

"ရှောင်ဝူ... မငိုတော့နဲ့၊ ဆက်ငိုရင် အမေက တစ်ကယ်ပဲ အနိုင်ကျင့်နေတယ်လို့ သူများ ထင်သွားတော့မယ်၊ ဘာဖြစ်တာလဲ ဆိုတာ အမေ့ကိုပြောပြ"

အမျိုးသမီးနှစ်ဦးကို လစ်လျူရှုကာ ရှန်လျန့်ဆီ တိုးကပ်သွားလိုက်ပြီး လက်ပင့်မြောက်ကာ မျက်ရည်တွေကို သုတ်ပေးရန်ပြုသည်။သို့သော် ရှန်လျန်က ရှောင်ပြီး သူမကို သဘောမကျဟန် စိုက်ကြည့်၏။

လျိုရှုဟန် သည် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။

'မကောင်းဆိုးဝါးလေး ပြဿနာ ရှာ ပြန်ပြီ'

သို့သော် အပြုံးကတော့ ဆက်လက်ဆင်မြန်းထားဆဲပင်။

ဖြစ်ပျက်သမျှ ကို လူအားလုံးက ဖျာခင်းကာ ပွဲကြည့်နေကြသည် ။ ရှန်ချောင်ရဲ့ မကျေနပ်ချက်တွေက ရှန်လျန်ကြောင့်ဖြစ်တာ ဆိုတာ သူတို့မေ့တော့မလို့၊ ပထမ မိသားစု ချကြရင် သူတို့အကျိုးအမြတ်ရနိုင်တယ်။

"အစ်ကို , ရှင်...."

"ပါးစပ်ပိတ်ထားစမ်း!"

ရှန်လျန့်ဆီက ငြင်းခံလိုက်ရတဲ့ သူမ အမေကို ကူညီဖို့ရန် ရှန်ချန် ရှေ့တိုးလာသည်။သို့သော် စကားဆုံးအောင်ပင်မပြောရသေးပဲ အမေ့ဆီမှ ဆူခံလိုက်ရသည်။

သားအမိနှစ်ယောက်လုံး၏ မျက်နှာမဲများကို

လစ်လျူရှုကာ သခင်မကြီးကို ရှန်လျန် တည်ငြိမ်စွာပြောလိုက်သည်။

"ဖွားဖွား ကျေးဇူးပြုပြီး ကျွန်တော့နောက် လိုက်လာပေးပါ"

"ဟင်?"

အဖွားအိုက မျက်မှောင်ကြုံ့သွားပေမယ့် မငြင်းလိုက်ပေ။ ခြံဝန်းထဲ လိုက်ဝင်လာပြီး၊ အခြားသူများလည်း သခင်မကြီးနောက်လိုက်ဝင်ကြသည်။

Words 1194

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment