no

Font
Theme

'အောင်မြင်သော အိမ်ပြန်လမ်း'

" ယွီး...!"

မှောင်မိုက်သောညတွင် လမ်းမကြီးပေါ် ပြေးလွှားနေသော မြင်းရထားက ဝမ်ယွဲ့ဂိတ် မြို့ရိုးရှေ့တွင် ရပ်တန့်လိုက်သည်။မြို့ဝင်ပေါက်က ပိတ်နေတာကြောင့် ရှန်ရွေ့ထင်က အသက်ဆယ့်သုံးနှစ်ရှိပြီဖြစ်တဲ့ ရှန်ကျီ၏သားဖြစ်သူ ရှန်လင်အား ဂိတ်တံခါးသွားခေါက်ကာ ရာထူးတံဆိပ်တုံးပြ‌စေ

သည်။ ဗ်ိုလ်ကြီးလင်းနဲ့ ဟွိုင်ရန်အိမ်တော်မှ အစောင့်တွေက တံဆိပ်တုံးကို ခွဲခြားသိသွားတာနဲ့ မြို့တံခါးက်ုချက်ချင်း ဖွင့်ပေးကာ မြို့ထဲဝင်ခွင့်ပြုသည်။

"ရှန်သခင်ကြီး..ဘယ်လိုအကြောင်းကြောင့် ညနက်မှ ကိုယ်တိုင်ရောက်လာရတာပါလဲ?မဟုတ်မှ အရှင်မင်းမြတ်ဆီကအရေးပေါ် အမိန့် ရောက်လာတာလား?"

ရှန်ရွေ့ထင်က ဝန်မင်းတစ်ပါးဖြစ်တာကြောင့် တာဝန်ဝတ္တရားမရှိပဲ မြို့တော်ကထွက်ခဲရာ အလုပ်ကိစ္စကြောင့် ကိုယ်တိုင်ရောက်လာရသည်ဟု ထင်မှတ်မှားသွားကြသည်။

"ဟွိုင်ရန်လူကြီးမင်း၊ ဗိုလ်ကြီးလင်း"

ရှန်ရွေ့ထင်က နေရခက်စွာနဲ့ နှုတ်ခွန်းဆက်သည်။

"ကျုပ်က အလုပ်ကိစ္စနဲ့ လာတာ မဟုတ်ပါဘူး၊ ဘုန်းတော်ကြီး ဟွေအန်းကိုလာတွေ့တာပါ၊ စီစဉ်ပေးလို့ရမလား မသိဘူး"

တုံးလင်အိမ်တော်၏ အကြောင်းကို ‌မသိသူအတော်ရှားလေသည်။ ရှန်လျန်၏သတင်းက ကျော်ကြားသည့်အပြင် ချင်ဖင်းမြို့စားနှင့် စေ့စပ်ခွင့်ရခဲ့သည်ကိုလည်း သိကြသည်။ သို့ဖြစ်ရာ တုံးလင်လူကြီးမင်းကို ဝိုင်းကာ အာရုံစိုက်မိကြရာ သူ့စကားကိုကြားသည်နှင့်ဘာလုပ်ချင်မှန်းချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။

"ရှန်သခင်ကြီး အဆင်ပြေပါ့မလား ၊ကျုပ်တို့ သွားခေါ်ရင် အနည်းဆုံး ရက်နှစ်ဆယ်လောက်ကြာချင်ကြာမှာ၊ သခင်ကြီးခုလို တိတ်တဆိတ်မြို့ပြင်‌ထွက်လာတာ အရှင်သိရင် မလွယ်လောက်ဘူးနော်"

သူတို့ သုံးဦးလုံးက နန်းတွင်းတစ်ခုထဲက ထိပ်သီးအရာရှိတွေအဖြစ် အမှုထမ်းနေကြပေမယ့် ရင်းရင်းနှီးနှီးတော့ မရှိပါ၊ ထိုသို့ဆိုသော်လည်း ဝမ်ယွဲ့မြို့ဆီ ရုတ်တရက် ရောက်လာသည့်အပေါ် အနည်းနဲ့အများတော့ စိုးရိမ်မိကြသည်။

"ကျုပ်အလျင်လိုနေလို့ပါ"

ရှန်ရွေ့ထင်က အရာရှိနှစ်ဦး၏ နောက်ပြောင်မှုကို စိတ်မဆိုးပါ၊ ထို့အစား ခါးသက်သက် ပြုံးလိုက်သည်။

"ထားလိုက်ပါတော့၊ ကျုပ် လူတစ်‌ေယာက်နဲ့ဟွေအန်ဆရာ‌ေတာ်ဆီ လိုက်ပို့ခိုင်းပါ့မယ်"

လင်းဝေနဲ့ ဟွိုင်ရန်သခင်ကြီးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ အသံတိတ်ဆက်သွယ်သည်။ ထို့နောက် ငယ်သားတစ်ဦး လွှတ်ကာ ရှန်ရွေ့ထင်တို့ကိုဦးဆောင် ခေါ်သွားစေသည်။

"ဒီအချိန်မှာမှ သိတော့ရော ဘာလုပ်လို့ရတော့မှာလဲ"

ညအမှောင်ထဲ ရှန်ရွေ့ထင်တို့ တိုးဝင်ပျောက်ကွယ်သွားတာနဲ့ ဟွိုင်ရန်သခင်ကြီး သက်ပြင်းချလိုက်သည်။ သူသည်လည်း ဗိုလ်လောင်းသင်တန်းအောင်မြင်ထားသူဖြစ်ရာ နယ်ပယ်တူသည့် ဝေမိသားစုနှင့် ဆက်ဆံရေးကောင်းသည်။ သဘာဝကျစွာပင် ဝေကျစ်ထျန်နဲ့ လည်းရင်းနှီးသည် ။ ကျစ်ထျန်က စိတ်ဝင်စားစရာကောင်းသည့်'ကော'တစ်ဦးဖြစ်ကာ တက်ကြွပြီး ဘေးလူတွေကို အဆုံးမရှိတဲ့ ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်သူဖြစ်သည်။ ထိုသို့ ဖူးပွင့်လှပနေသည့် ဘဝက စောစောအဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားလောက်ပေ။

သို့ရာတွင် ကံကောင်းထောက်မ၍ သားချောနှစ်ယောက်အား အမွေချန်ထားပေးနိုင်ခဲ့သည်။ ကံဆိုးစွာနဲ့ သူ့ခင်ပွန်းက မိန်းမမာယာမှာ ညွှတ်ကျပြီး ဘာမှ မမြင်နိုင်ခဲ့။

"တစ်ခါတလေ လူတွေက အမြင်ကျဉ်းတယ်၊ ခုလိုစောစောစီးစီး အမြင်မှန်ရတာကောင်းပါတယ်၊ သက်သေပြဖို့ ပြင်းပြင်းထန်ထန် အားထုတ်ဖို့တော့ လိုလိမ့်ဦးမယ်"

လင်းဝေလည်း သက်ပြင်းမောချ၏။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးထားရတဲ့ အရာရှိဘဝမှာ ကိုယ့်မိသားစုတွင်းပြဿနာ အသေးစိတ်ကို လစ်လျူရှုမိထားတတ်ကြသည်။ အာရုံနည်းနည်းလောက် စိုက်လိုက်ရင် အနောက်ဆောင်ပြဿနာကို ရှာတွေ့မှာပဲ ။

"ဟုတ်ပါ့ ဟုတ်ပါ့"

အချင်းချင်းကြည့်ပြီး သူတို့လည်း ဘာမှ မတတ်နိုင်ကြချေ။ ရှန်ရွေ့ထင်ရဲ့ အကျင့်ကိုက တော်ရုံလက်မခံတတ်ပဲ ခေါင်းမာသည်။ အပြင်လူတွေ ဝင်ဆုံးဖြတ်ရန်မသင့်ချေ။

ဝမ်ယွဲ့မြို့ ရေကြီးသည့်ကိစ္စပြီးနောက် ဘုန်းတော်ကြီး ဟွေအန်းကို သက်ရှိနတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသည်။ သို့ရာတွင် ဟွေအန်းက ကိုယ့်ကိုကိုယ် အလွန်နှိမ့်ချစွာ နေထိုင်တတ်ပြီး သူ့ရဲ့ကျောင်းဆောင်ဟာလည်း ‌မကျယ်ဝန်းပေ။

ရှန်ရွေ့ထင်က အကြောင်းမကြားဘာမကြားနဲ့ ဟွေအန်းဘုန်းတော်ကြီးဆီ ရောက်သွားကာ သူ့အမည်နာမလည်း မပြောပါပဲနဲ့ ဘုန်းတော်ကြီးနဲ့ ဆွေးနွေးစရာကိစ္စရှိသည်ဟုသာ တွင်တွင်ပြောလေသည်။

ကိုရင်ငယ်က ဟွေအန်းဆရာတော်ဆီ ခွင့်‌ပြုချက်ရမှ ရှန်ရွေ့ထင်တို့ကို အခန်းထဲ ခေါ်သွားပေးသည်။

"ဆရာတော်!"

အခန်းက မကျယ်ဝန်းတာမို့ အကြည့်တစ်ချက်ထဲနဲ့ ဟွေအန်းဘုန်းတော်ကြီးကိုတွေ့နိုင်သည်။ ရှန်ရွေ့ထင်က လက်အုပ်ချီကာ နှုတ်ခွန်းဆက်သည်။

ဆရာတော်ဟွေအန်းက တင်ပျဉ်ခွေထိုင်နေသည်။

"ဒကာတို့ ထိုင်ပါ"

ရှန်ရွေ့ထင်က စိတ်ရှုပ်ထွေးနေပြီး ဘယ်ကစပြော၍ပြောရမှန်း မသိဖြစ်နေသည်။ သို့နှင့် ဟွေအန်းဆရာတော်မှ စမေးလိုက်ရသည်။

"ဒကာတို့နှစ်ယောက် ညဘက်ကြီး ရောက်လာတာဆိုတော့ တစ်ခုခုဖြစ်လို့လား"

"ဒါက...."

ရှန်ရွေ့ထင် တွန့်ဆုတ်နေသည်။ ထို့နောက် အိပ်ကပ်ထဲမှ စာရွက် တစ်ရွက်ထုတ်ကာ ဆရာတော်ရှေ့ တွန်းပို့ပေးလိုက်သည်။

"ဆရာတော် ဒီကလေးရဲ့ ဘဝကို ဟောပြောပေးဖို့တောင်းဆိုချင်လို့ပါ"

စာရွက်ပေါ်မှာ ရေးထားသည်က ရှန်လျန်ရဲ့ မွေးသက္ကရာဇ် ဖြစ်သည်။

ဟွေအန်းက စာရွက်ကိုယူကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ ပုတီးစိတ်ရင်း မြတ်ဗုဒ္ဓအား အာရုံပြုဟန် ဆောင်လိုက်သည်။ တစ်ခဏခန့်ကြာသော်...

"ဒီကလေးက အနာဂါတ်မှာ ဘုန်းတန်ခိုးအာနုဘော်ကြီးလိမ့်မယ်၊ ဒါပေ မယ့် သူ့ကံကြမ္မာလမ်းကြောင်းမှာ ပြနေတာက မှားယွင်းစွပ်စွဲခံရတာ၊ သူတစ်ပါးရဲ့ ချောက်ချတာ၊ ဒုက္ခပေးတာ ခံရလိမ့်မယ်၊ ဒါပေမယ့် သူကျော်ဖြတ်နိုင်ခဲ့ပြီးပါပြီ၊လာမယ့် အနာဂါတ်လမ်းကြောင်းက ‌သာယာဖြောင့်ဖြူးသွားပါပြီ၊ စိတ်ပူစရာမရှိတော့ဘူး"

ဟွေအန်းက လူတွေကိုလိမ်ညာတဲ့ နေရာမှာ မျက်တောင်တစ်ချက်ခတ်စရာပင်မလိုချေ။ ညကြီးမိုးချုပ် သူ့ဆီ ပဟေဠိဆန်ဆန်ရောက်လာတယ်၊ တစ်ချက်ကြည့်ရုံနဲ့ သာမာန်ပြည်သူမဟုတ်မှန်း သိနိုင်သည်။ အကြီးအကဲမဟုတ်ရင် လူချမ်းသာပဲဖြစ်လိမ့်မယ်၊ မွေးသက္ကရာဇ် အတိအကျနဲ့ဆိုတော့ သူတို့သိချင်တဲ့သူက ဆွေမျိုးတော်တဲ့သူဖြစ်လိမ့်မယ်၊

တစ်ခုခု ပြဿနာရှိနေလို့ သူ့ဆီလာမေးတာဆိုတော့ အားလုံးကောက်ချက်ချလိုက်ရင် ဟောပြောဖို့ ဘာမှ မခက်ခဲတော့ဘူး။ ရှန်လျန့်ဆီကလည်း ဘာအဆက်အသွယ်မှမရဘူးဆိုတော့ တိုက်ဆိုင်တာဖြစ်လိမ့်မယ်။

"ဆ..ဆရာတော် ဟောတာ အမှန်တွေလား"

ရိပ်မိနေပေမယ့်လည်း အမှန်တရားကို နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတာကြောင့် ရှန်ရွေ့ထင် အကြီးအကျယ် ရှော့ရသွားသည်။ မတ်မတ်ထိုင်နေတဲ့ ပုံစံကနေ ပုံလျက်သားထိုင်ချမိသွားသည်။ အမြင်တွေ ပါ ဝေဝါးလာသည်။ ရှန်ကျီက ထိန်းမပေးလာပြီး...

"သခင်ကြီး စိတ်တင်းထားပါ"

"ဒကာကြီး.. ဆရာတော်က ကျင့်ကြံသူပါ၊ မဟုတ်မမှန်တဲ့စကား မပြောဘူး"

ဟွေအန်းက မွေးသက္ကရာဇ်ကို‌ကြည့်လိုက်ရင်း သူ‌မှန်းတာ မှန်ပြီဖြစ်ကြောင်း ပိုသေချာသွားသည်။

"တပည့်တော်....ဖူး..."

ရှန်လျန်က တည်ငြိမ်နေပေမယ့် သူ့ဘဝက ခယောင်းလမ်းလို ဆိုးရွားလှတယ်၊ ရှန်ရွေ့ထင် ရင်ဘတ်တွေအောင့်လာပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အန်မိသည်။ နောင်တအပြည့်နဲ့ မျက်ရည်တွေစီးကျလာပြီး သတိလစ်မေ့မျောသွားတော့၏။

"သခင်ကြီး..သခင်ကြီး"

ရှန်ကျီ ပျာယာခတ်သွားပြီး သခင်ကြီးကိုခပ်မြန်မြန်ပဲ ဆွဲထူလိုက်သည်။ မသွားခင် ဆရာတော်ကို ဦးညွှတ်နှုတ်ဆက်ခဲ့ရန်လည်း မမေ့။

ထိုနေ့မှာပဲ ရှန်ဟွေးသေဆုံးတဲ့ သတင်းက တုံးလင်အိမ်တော်ဆီ ရောက်လာတယ်၊ ရဲမက်တွေက ရှန်ဟွေးရဲ့အလောင်းကို သယ်လာပြီး မိသားစုဝင်တွေကို မှန်မမှန် အတည်ပြုစေသည်။ ရှန်ရွေ့ချင်က ရှက်လွန်း၍လား၊ ထိုသားအပေါ် ဂရုမစိုက်သည်ပဲလား မသိ ၊ အစေခံတွေကို အခေါင်းတစ်လုံးသွားဝယ်ခိုင်းပြီး သင်္ချိုင်းမှာ တွင်းနက်နက်တူးကာ တစ်ခါတည်း မြှုပ်ရန် အမိန့်ပေးခဲ့သည်။

ဒီကိစ္စက လက်တစ်ချက် လှုပ်ရှားစရာမလိုအောင် လွယ်ကူစွာ ပြီးဆုံးသွားသည်။ တစ်ချိန်တည်းမှာပဲ ရှန်လျန်က ဝမ်ယွဲ့မြို့သတင်းကို သိလိုက်ရသည်။ ရှန်ရွေ့ထင်က တစ်ကယ်ပဲ ဟွေအန်းကိုသွားရှာတာ ဖြစ်ပြီး မေ့လဲ သွားခဲ့သည်ဟူ၏။ ထိုပုံစံနဲ့ပဲ ရှန်ကျီတို့သားအဖရဲ့ အကူအညီနဲ့ တုံးလင်အိမ်ကိုပြန်ရောက်လာသည်။

နောက်တစ်ရက်ရောက်မှ ရှန်ရွေ့ထင် ဖျားနေတယ်ဆိုပြီး တစ်အိမ်လုံး သိသွားသည်။

လူတိုင်း အရှေ့ခြံဝန်းဆီ အပြေးသွားကာ သတင်းသွားမေးပေမယ့် ရှန်ရွေ့ထင်နဲ့ ရှန်လျန်တို့ တစ်ရက်မှ မလာခဲ့ပါ။

ငါးရက်မြောက်ညမှာ ရှန်လျန့်ဆီ သတင်းအသစ် ထပ်ရောက်လာခဲ့သည်။ ရှန်ရွေ့ထင်နဲ့ ရှန်ရွေ့ကျန်းက အမှန်တစ်ကယ် ကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ ချိုင်ကျန်းမြို့ကိုလူလွှတ်ပြီး အဆိပ်တစ်မျိုးကို ဝယ်ပြန်လာ‌စေ သည်။ ထိုအဆိပ်မိသောသူသည် လူမသေပဲ မေ့မျောနေသည့်အနေအထားဖြင့် နေသွားရမည်ဖြစ်သည်။ အဆိပ်ကို သခင်မကြီး သောက်တဲ့ စွပ်ပြုတ်ထဲ ထည့်ခတ်ခဲ့သည် ဟူ၏။

သားအရင်းနှစ်ယောက်က သူ့ကို မသေမရှင် ဖြစ်အောင် လုပ်လိမ့်မယ်လို့ အဖွားအိုက သူ့တစ်ဘဝလုံး စိတ်တောင်ကူးမိမှာ မဟုတ်ဘူး။

ရှန်လျန် ဒီသတင်းကြားတော့ နှာခေါင်းမရှုံ့ပဲ မနေနိုင်၊ ခေါင်းထဲက ထုတ်လိုက်ပြီး ထိုအစား သခင်မကြီး အပါအဝင် ဒုတိယမိသားစု၊ တတိယမိသားစုဝင်အားလုံးကို အချိန်ကိုက် မီးလောင်ရာ လေပင့်ပြီး အဝေးမောင်းထုတ်နိုင်ဖို့ အချိန်ကောင်းကို ရှန်လျန် စောင့်ပြီးရင်းစောင့်ခဲ့သည်။

လတစ်ဝက်ဆိုတဲ့ အချိန်က မျက်တောင် တစ်ခတ်စာအတွင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဖေးယွမ်ရွှင်းနဲ့ တိုင်ပင်ပြီးနောက်ပိုင်း ရှန်လျန်က သူ့ဆုံးဖြတ်ချက်ကို ဖုယွင်ရှီးကိုပဲ တိတ်တဆိတ်တွေ့ဆုံကာ ထုတ်ပြောခဲ့သည်။ ဖုယွင်ရှီးက မယုံရဲစွာနဲ့ ထပ်ကာထပ်ကာ အတည်ပြုမေးမြန်းခဲ့၏။

သို့ပေမယ့် သူ့ဘက်ကလည်း အာမခံချက်တစ်ခုပေးခဲ့သည်။ အနာဂါတ်မှာ သူဘယ်ရာထူးမှာပဲ ရှိနေပါစေ သူက ရှန်လျန့်ဘက်မှာ ထာဝရနေမည်။ ရှန်လျန်ဘာပဲ စေခိုင်းပါစေ သူနောက်တွန့်မည်မဟုတ်ပါဟူ၍။

သူ့ရဲ့စကားကို ရှန်လျန်က မည်သို့မှ မတုံ့ပြန်ပဲ တိတ်ဆိတ်နေခဲ့သည်။ ထိုအာမခံချက်က လက်ရှိအတွက်ပဲ ဖြစ်ပြီး နောင်တစ်ချိန် ပျက်ပြယ်သွားမှာမှန်း သိနေခဲ့သည်။

သူတို့နှစ်ယောက်ကြားက သဘောတူညီချက် ပယ်ဖျက်လိုက်သည်နှင့် ဖုယွင်ရှီးက အရာရှိစာမေးပွဲဝင်ဖြေရန် ဆုံးဖြတ်လိုက်သည်။

ရှဲ့အကြီးအကဲက ဖုယွင်ရှီးကို အလွန် သဘောကျသူဖြစ်ရာ သူစာမေးပွဲပြန်ဖြေမည်ဟု သိရသည်နှင့် သူ့မြေးနဲ့ မိတ်ဆက်ပေးခဲ့ကာ မကြာခဏ ဖိတ်ခေါ်‌တွေ့ဆုံသည်။ ထို့နောက်မှာတော့ ရှဲ့ယန်နဲ့ ဖုယွင်ရှီးတို့ တဖြည်းဖြည်း ရင်းနှီး သွားကြ‌တော့၏။

"ယွင်ရှီး ဒီတစ်ခု မင်းလုပ်ပေးမလား"

ဒီရက်တွေမှာ ရှန်လျန် ဆိုင်ထဲ ဝင်လိုက်တာနဲ့ ဖုယွင်ရှီးကို ‌တန်းတွေ့သည်။ ရှဲ့ယန်နဲ့ သူက စားပွဲမှာ ထိုင်ရင်း တစ်ခုခ လုပ်နေကြပုံပင်။ ရှန်လျန် သိချင်စိတ်ပြင်းပြစွာနဲ့ ရန်ထျန်းယွီနဲ့‌ေဝထန်တို့ကို မေးလိုက်သည်။

"သူတို့ဘယ်‌အခြေအနေရောက်နေပြီလဲ"

"သူဘာပြောတာလဲ"

ရန်ထျန်းယွီက အတော်နားဝေး၏။ ဝေထန်က လက်တစ်ဖက်နဲ့ ပါးစပ်ကိုကာလိုက်ပြီးတီးတိုး ပြောပြ၏။

"ရှဲ့ယန်က ဖုယွင်ရှီးကို အလှူရှင်တွေရဲ့ နာမည် ကူရေးခိုင်းနေတာ..ဟေး.. ရှဲ့ယန်ရဲ့ မျက်နှာ ဒီလောက်ထိ နီနေတာ ငါမမြင်ဖူးဘူး၊ ဒီနေ့တော့ ခဏခဏကိုမြင်နေရတာဟေ့..."

"သွားမနှောင့်ယှက်ကြနဲ့ဦး"

ရှန်လျန်က လှည့်ထွက်သွားပြီး သမားတော်ခုံမှာ ဝင်ထိုင်သည် ။ထို့နောက် ရုတ်တရက်ပြန်လှည့်ကာမေး၏။

"ရှောင်ကျိုး ဘယ်ရောက်နေလဲ "

"အလှူရှင်သွားရှာနေတာထင်တယ်"

"အနောက်ဘက်ဂိတ်ကို သွားတာ"

ရန်ထျန်းယွီက ပြော၏။

"အနောက်ဘက် လား?"

ရှန်လျန် ကြောင်အမ်းသွားပေမယ့် ဒီနေ့မှာပဲ ဗိုလ်ကြီးလင်းလို့သားအဖနဲ့ ဟွိုင်ရန်သခင်ကြီးတို့သားအဖ မြို့တော်ကို တပ်ပြန်ဆုတ်လာတဲ့သတင်းကို ပြန်အမှတ်ရလိုက်သည်။ ရှန်ကျိုး ဘာလို့ပျောက်နေလဲ သူသိသွားပြီ ဖြစ်၏။ ကျင်းရှီယန် ပေါ်လာမယ့်နေရာ ရှန်ကျိုးလဲ ရှိနေလိမ့်မယ်။ ဒီနေ့မှာ ကျင်းရှီယန်က ကြီးမားတဲ့အောင်မြင်မှု ရယူလာနိုင်တာကြောင့် သွားရောက် ဂုဏ်မပြုပေးပဲ နေနိုင်မှာ မဟုတ်။

"ကောင်းလိုက်တာ၊ မင်းတို့သိပြီးပြီလား၊ ဗိုလ်ကြီးလင်းတို့တတွေ ဝမ်ယွဲ့မြို့ကနေ

ကယ်ဆယ်ရေးပြီးစီးလို့ နန်းတော်ပြန်လာကြပြီတဲ့"

သူ့စကားကြောင့် ဝေထန်တို့ တအံ့တဩဖြစ်သွားကြသည်။ဟုတ်သား! ဒီကိစ္စက သတင်းထူးပဲ! မြို့တွင်းမြို့ပြင် လူအကုန်သိကြတယ်။

"သိတယ်သိတယ်၊ ရုတ်တရက် မေ့နေတာ"

တောင်တွေးမြောက်တွေးနဲ့ အလုပ်ရှုပ်နေကြစဉ် ရှန်လျန်က လှည့်သွားပြီဖြစ်၏။ ရန်ထျန်းယွီနဲ့ ဝေထန်တို့ နှုတ်ခမ်းထောင့်စွန်းတွေ ထပ်တူညီစွာ မဲ့ကျသွားသည်။ လျန်လျန် ကသူတို့မြင်ဖူးသမျှ လူတွေထဲမှာ တစ်သီးတသန့်အဆန်ဆုံးဖြစ်ပြီး အတင်းအဖျင်းတွေ သိပ်ဂရုမစိုက်ပဲ လိုတိုရှင်းစကားပြောသည့်သူဖြစ်၏။

ပြီးခဲ့တဲ့ တစ်လလုံး မိုးကြီးလေကြီး ရွာချခြင်းရပ်တန့်သွားပေမယ့် ဗိုလ်ကြီးလင်းနဲ့ ဟွိုင်ရန်လူကြီးမင်းတို့က ချက်ချင်းပြန်မလာသေးပဲ ပြိုလုနီးပါးဖြစ်နေတဲ့ ဝမ်ယွဲ့ဆည်ကာတာကိုပြန်ပြုပြင်ပေးခဲ့သည်။

အချိန်နှစ်လနီးပါးကြာ၍ ပြီးစီးခါနီးပြီဆိုမှ မြို့တော်ပြန်လာခဲ့ကြခြင်းဖြစ်၏။

သဘာဝရေဘေးကပ်ဆိုးကြီးက အမှန်တစ်ကယ် ပြင်းထန်သည်။ ထောင်သောင်းချီသောလူတွေကို အသက်အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့တာကြောင့် ဂိတ်ဝမှာ မနက်အစောကတည်းက ပြည်သူတွေက ကြိုဆိုဂုဏ်ပြုရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ဒေါင်ကောင်းလှသည့် မြင်းပေါ်မှာ ထိုင်လျက် ဦးဆောင်လာသည့် ဟွိုင်ရန်သားအဖနဲ့ ဗိုလ်ကြီးလင်းတို့သားအဖမှာ လွန်စွာ ပင်ပန်းနေသည့်ပုံပင်။ သို့သော်လည်း ပြည်သူများ၏ ချီးမွှမ်း ထောပနာပြုသံများအကြား မကြာခဏဆိုသလို လက်ဝေ့ယမ်းပြကာ အရေးတယူနှုတ်ဆက်သေး၏။

"ကျင်းရှီ သခင်လေး"

အနောက်ဘက် ဂိတ်ဝအနီးနားက သာမာန်လက်ဖက်ရည်ဆိုင်၏ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခန်းတွင် ရှန်ကျိုးက ပြတင်းတံခါးကိုအကျယ်ကြီး ဖွင့်ထားလျက် မဝေးမနီးမှ လာနေသည့် ကျင်းရှီယန်ကို အာရုံစိုက်ကာ ငေးကြည့်နေ၏။ ကျင်းရှီယန်အား မမြင်ရသည့် သုံးလအတွင်း ပြောင်းလဲချက်က အလေးချိန် ကျသွားပြီး ပိုအေးစက်လာဟန်ရှိသည်။ မျက်နှာက ပြုံးနေပေမယ့် ဘာကြောင့်ရယ်မသိ ရှန်ကျိုး၏စိတ်ထဲတွင် ထိုလူက အလွန်ပင်ပန်းနေသည်ဟု ခံစားနေရသည်။

သူလှမ်းကြည့်သည့်နေရာက အလွန်ထင်သာမြင်သာရှိနေ၍လား မပြောတတ်ချေ။လက်ဖက်ရည်ဆိုင်နားကအဖြတ် ရုတ်တရက် ကျင်းရှီယန်မှ အပေါ်မော့ကြည့်လာခဲ့ပြီး မျက်ဝန်းချင်းစုံသွားကြသည်။ တစ်နေ့လုံး ကျင်းရှီယန်အား လက်ထပ်ချင်သည်ဟု အော်ဟစ်နေသည့် ရှန်ကျိုးမှာ မျက်နှာနီနီနဲ့ အောက်ထိုင်ချကာပုန်းလိုက်မိသည်။ တစ်ခဏနေမှ ထကြည့်လိုက်သော်ကံဆိုးစွာနဲ့ ကျင်းရှီယန်၏ နောက်ကျောကိုသာ မြင်နိုင်တော့သည်။

"လင်အန်းအိမ်တော်က ရှန်ကျိုးမလား"

တစ်ချက်တည်းမြင်ရုံနဲ့ ကျင်းရှီယန် ချက်ချင်း မှတ်မိသည်။ ချက်ချင်း ယုန်ကလေးလို ကြောက်လန့်သွားတာကို ပြန်တွေးမိတော့ နာမည်ရေရွတ်ရင်း နှုတ်ခမ်းက မပြုံးပဲ မနေနိုင်၊ ဘေးဘက်က လင်းယွီချိန်က တစ်ယောက်ထဲ စကားပြောနေတဲ့ သူ့ကို အထူးတဆန်းလှည့်ကြည့်လာပြီး..

"ဘာပြောလိုက်တာလဲ"

"ဘာမှ မဟုတ်ဘူး ၊ နန်းတွင်း အတူဝင်မှာလား"

ယုန်ကလေးနဲ့ ကိစ္စကိုခေါင်းထဲကထုတ်လိုက်ပြီး တစ်ဖက်သူကိုမေးသည်။

"မဝင်ရင် အိမ်ပြန်တာကြာပေါ့"

ဧကရာဇ်အိုကြီးက အရမ်းအကြံအစည်ကြီးလွန်းသည်။ လင်းယွီချိန်က ဘုရင်မင်းမြတ်ကိုသဘောမကျပေ။ ထို့အပြင် ပိုပြီး ဒေါသထွက်ရသည့်အကြောင်းမှာ သူကြိတ်ချစ်နေရသည့် ရှန်ကျင်းအား ဧကရာဇ်က ထိမ်းမြားပေးလိုက်သည်ကို သိလိုက်၍ဖြစ်သည်။ ဘာတွေဖြစ်ပျက်ခဲ့တာလည်း စုံစမ်းခိုင်းတော့ ရှန်ကျင်းက စတုတ္ထမင်းသားရဲ့ အိပ်ရာပေါ် တက်ဖို့ ကြိုးစားခဲ့ပြီး ညီအစ်မနှစ်ယောက်တူတူဖြစ်ပျက်ခဲ့တာကိုပါသိလိုက်ရရာ အသည်းဟက်တက်ကွဲသွားရတော့၏။

သုံးယောက်အတူလုပ်သည်ကို မြင်ယောင်မိပြီး မနေနိုင်စွာ ရွံရှာမိကာ နှစ်ပေါင်းများစွာ ကြိုတ်ကြိုက်ခဲ့ရတဲ့ ရှန်ကျင်းအပေါ် စွဲလန်းစိတ်‌ေတွကွယ်ပျောက်သွားတော့သည်။ အဲ့လိုဆိုရင်တောင် မြို့တော်ပြန်ရောက်တာနဲ့ စိတ်အခြေအနေက ဆိုးလာတာကြောင့် နန်းတွင်းကို မကြည်လင်သည့် မျက်နှာဖြင့် ဝင်ရန်မသင့်တော်ချေ။

ကောင်းကင်ရဲ့သားတော်က ကောက်ကျစ်သည်။ ကျင်းရှီယန် ပြုံးမိ၏။ တိုင်းပြည်၏ဖခင်တဖြစ်လဲ ဧကရာဇ်က သားတော်၏သုံးယောက်‌ပေါင်း လုပ်ရပ်ကိုစိတ်မဝင်စားပေ။ ကယ်ဆယ်ရေးလုပ်လာတဲ့ သူတို့ကို ဆုလာဘ်ပေးရန် တွေးရမည့်အစား ပြည်သူတွေ၏ထောက်ခံအားပေးမှု ရသွားမှာကိုပဲ တွေးပူနေရှာသည်။

3066 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment