no

Font
Theme

' အလွန် ရက်စက်သော သူတွေ'

ရေနွေးကြမ်း ကမ်းပြီး ခွင့်လွှတ်မှုတောင်းခံတာဟာ သမားရိုးကျ အပြုအမူဆိုပေမယ့် ရှန်လျန်နဲ့ ရှန်ချောင်တို့အတွက်က လုံးဝ သာမာန်ဆန်မနေပေ။ ရှန်ရှောင်နဲ့ ရှန်ချန်တောင် ဒီကိစ္စက တစ်ခုခုမှားနေမှန်းသိသည်။

ရှန်ရှောင်၊ ရှန်ချန်နဲ့ တတိယဇနီးက ဘာမှ ဝင်မပြောပေမယ့် ဘာအကွက်ရွှေ့ချင်နေလဲဆိုတာ

ရှန်လျန် မသိပဲနေပါ့မလား.. နောက်မှာ ရပ်နေတဲ့ ချီယွဲ့ကတော့ စိတ်ပူလို့သေတော့မည်။ ဖိအားတွေအောက်မှာ ရှန်လျန်တစ်ကယ်ပဲ ဤပြဿနာရေနွေးခွက်ကို လှမ်းယူပြီး ကျရှုံးသွားတော့လေမလား...

"မတော်တဆဆို‌မှတော့ ဘာလို့ တောင်းပန်ဖို့လိုနေသေးတာလဲ"

ရှန်လျန် အကုန်လုံးကို ဝေ့ဝဲကြည့်လိုက်၏။

ရှန်လျန်က အကုန်လုံးကိုကြိုမမြင်နိုင်တာကြောင့် ပြင်ဆင်ထားခဲ့လေသည်။ ကျောက်လန်က ခပ်သွက်သွက်တုံ့ပြန်၏။

"မတော်တဆဆိုပေမယ့် ချောင်အာက သားကို ရေထဲ တွန်းချမိတာပဲလေ.. သူ့အပြုအမူကို တာဝန်ယူရမှာပေါ့...

" ခုလည်း ချောင်အာက သူ့အမှားသူ သိနေပါပြီ.. ညီမလေးက်ိုကြည့်ပါဦး..ဒီဆယ်ရက်အတွင်း ကိုယ် အလေးချိန် ကျသွားလိုက်တာ.. အမေဖြစ်တဲ့ ဒေါ်လေးလည်း စိတ်မချမ်းမြေ့ရပါဘူးကွယ်"

ပြောလည်းပြောရင်း မျက်ရည်စီးကြောင်းနှစ်ခုက ပဉ္စလက်ဆန်စွာကျဆင်းလာ၏။

ရှန်ချောင်က အပြစ်ရှိစိတ်ကြောင့် ကိုယ်အလေးချိန်ကျတယ်ပေါ့ ဟုတ်လား! ပြစ်ဒဏ်ခံရမှာ ကြောက်လို့မဟုတ်ဘူးလား!

ဒီမိသားစုက တစ်ကယ်တော့ ဘာအရည်အချင်းမှ မရှိတာ မဟုတ်ဘူး၊ သူတို့မှာ ပေါက်ပန်းလေးဆယ်တွေပြောတတ်တဲ့စွမ်းရည် ရှိတယ်...

"ရှောင်ဝူ...ချောင်အာအပေါ် အာဃာတတွေ ထားနေတုန်းလား.. ဒါကြောင့် သူတောင်းပန်တာကို လက်မခံတာလား"

လုယန်က စကားလုံးအချို့နဲ့ ပါးပါးလေး သွေးထိုးလိုက်တော့ လူများစွာ၏မျက်နှာတွေ မည်းမှောင်ကုန်၏။

ရှန်လျန်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး

"ကြည့်ရတာ ဒီလက်ဖက်ရည်ခွက်ကိုယူရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးထင်တယ်"

ရှန်လျန် ခေါင်းငုံ့ကာ လက်ဖက်ရည်ခွက်ကိုကြည့်လိုက်၏။ ဒီခွက်ထဲ အဆိပ်ခတ်လောက်တဲ့ထိတော့ မမိုက်မဲလောက်ဟု ထင်ပေမယ့် ရေနွေးခွက်က တစ်ခုခုလွဲနေတာတော့သေချာသည်။ မဟုတ်ရင် ခုလောက် ထိ တွန်းအားပေးနေပါ့မလား?

"ဝူကော!"

ဒုတ်!

ရှန်ချောင် အံကြိတ်ကာ ဒူးထောက်လိုက်၏။ အစီအစဉ်ထဲမှာ ဒီအကွက်မပါတာကြောင့် လူတိုင်း အံ့အားသင့်ကာကြည့်နေကြ၏။ အမှားကိုဝန်ခံပြီး မတော်တဆဖြစ်ခဲ့တဲ့ကိစ္စပါဆိုပြီး လျှောချလိုက်ရုံလေးကို ဘယ်လိုလုပ် ရှန်ချောင်အား ဒူးထောက်ခိုင်းရမည်လဲ....

"ဝူကော.. ညီမလေးတစ်ကယ် နောင်တရပါပြီ ဟင့်...အင့် ညီမလေးကို ခွင့်လွှတ်ပေးလို့ရမလား"

‌သူ့ကိုမော့ကြည့်ကာ ရှန်ချောင်ရှိုက်ကြီးတငင်ငိုသည်။

ရေနွေးခွက်ကို ရှန်လျန် လက်ခံယူလိုက်ကာ

"ညီမရှစ် ထတော့... နင်ဆက်ပြီးဒူးထောက်နေဦးမယ်ဆိုရင်... ဒီအစ်ကိုက အနိုင်ကျင့်တယ်လို့ထင်နေကြဦးမယ်"

အနိုင်ကျင့်နေတာပဲမဟုတ်လား?

ကျောက်လန်တို့လူစုက စိတ်ထဲ ပြန်ပြောလိုက်ကြပေမယ့် တစ်ကယ်တမ်း အပြင်ထုတ်မပြောရဲကြ။

"ကျေးဇူးတင်ပါတယ် ဝူကော"

နောက်ဆုံးတော့ လက်ဖက်ရည်ခွက်ကို လက်ခံသွားပြီမလို့ ရှန်ချောင်က အစေခံရဲ့အကူအညီနဲ့ထ ရပ်လိုက်၏။ ချက်ချင်းတော့ သွားပြန်မထိုင်သေးပဲ ရှန်လျန့်ကို မျက်ရည် ဝဲဝဲနှင့် ကြည့်နေ၏။

လူတိုင်းရဲ့အကြည့်အောက်မှာ ရေနွေးကြမ်းခွက်ကို နှုတ်ခမ်းနားတေ့လိုက်သည် ။လက်ဖက်ခြောက်က ရေနွေးပေါ် ပေါ်လောပေါ်နေ၏။ ရှန်လျန် မျက်လုံးမှိတ်ကာ အနံ့ရှူကြည့်လိုက်တော့ ဆေးပညာတတ်ကျွမ်းတဲ့ သူ့အဖို့ အနံ့တစ်ခုခုကို တန်းရလိုက်သည်။

"မိုးမကျခင်ဆွတ်တဲ့ လက်ဖက်ပဲ.. တော်တော်အရည်အသွေး ကောင်းတယ်"

မျက်ဝန်းပြန်ဖွင့်လိုက်ချိန်တွင် မည်သည့်မူမမှန်မှုမှ မတွေ့လိုက်ပုံကြောင့် လူတစ်ချို့မှာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။ အကာအကွယ် လျှော့ချလိုက်သည့်အချိန် မည်သူမှ သတိမထားမိလိုက်သည့်အရာမှာ ရှန်လျန့်အကြည့်တွေထဲက နက်ရှိုင်းသည့် အေးစက်စက်အငွေ့အသက်ပင် ဖြစ်၏။ ထို့နောက် မည်သူမှ သတိမထားမိခင် ခြေရာလက်ရာပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

"ချောင်အာရဲ့ တောင်းပန်တဲ့ လက်ဖက်ရည်က ဒီလို အရည်အသွေးကောင်းမှ ဖြစ်မှာပေါ့"

ဘာမှ သတိမထားမိသရွေ့ ကျောက်လန် အပြုံးကြီးကြီးပြုံးကာ မြောက်ပင့်နေ၏။

"အဲ့လိုလား"

ပျင်းပျင်းရိရိနှင့် မျက်လုံးပင့်ကြည့်လိုက်ပြီး ရေနွေးကြမ်းကို ‌မော့သောက်လိုက်၏။ သူ့ရဲ့လည်စလုတ်က လှုပ်ရှားသွားတာကြောင့် သောက်ချလိုက်သည်ကို မြင်ပြီး ဒုတိယနဲ့ တတိယ ဇနီးသည်တို့က ကြိတ်ပျော်သွားကြ၏။ လူတွေသာ မရှိနေရင် ထခုန်ပြီး ပတ်ကမိလိမ့်ဦးမည်။

"ညီမရှစ် ပြောစရာ ရှိသေးလား"

ရေနွေးကြမ်းကို ဘေးဘက်ချလိုက်ပြီး အရူးတစ်ယောက်လို မတ်တပ်ရပ်နေသေးတဲ့ ရှန်ချောင်ကို ကြည့်လိုက်၏။

"မရှိတော့ပါဘူး ဝူကောက အကောင်းဆုံးပဲ"

ပြီးပြည့်စုံအောင် ဖြည့်စွက်စကားပြောသွားသေးသည်။

"ဟဟ"

ရှန်လျန်ပြုံးကာ အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်၏။

"ဖွားဖွားရော တစ်ခြားမှာကြားချင်တာ ရှိသေးလားဗျ... ကျွန်တော် ထွက်လာတာ ကြာပြီဆိုတော့ ယိုအာ ငိုနေမှာ စိုးရတယ်"

"တစ်ကယ်ပဲ သားအရင်းလို ပျိုးထောင်နေတာပဲ... ပြန်ပြီး လုပ်စရာရှိတာ လုပ်ပါ.. ဖွားဖွားဆီလည်း သူ့ကိုခေါ်ပြီး မကြာမကြာ လာတွေ့ဦးနော်"

ရည်ရွယ်ချက် အောင်မြင်သွားပြီမလို့ ဖွားဖွားက စိတ်ကြည်နေကာ ရှန်လျန့်ကို ဆက်နေရန် ဆွဲမထားတော့ချေ။

"ဒါဆို မြေးငယ် အရင်ပြန်နှင့်ပါ့မယ်"

ရှန်လျန် ထရပ်လိုက်ပြီး ဂါရဝပြုလိုက်၏။ တစ်ခြားသူတွေကိုတော့ နှုတ်ဆက်မနေပဲ ချီယွဲ့ကိုခေါ်ကာ တစ်ခါတည်း လှည့်ပြန်ခဲ့လိုက်သည်။

"သခင်လေး... "

"ပြန်ရောက်မှ ပြောမယ်"

ဘေးချင်းယှဉ် လမ်းလျှောက်နေစဉ် ရှန်လျန် ချက်ချင်းငွေအပ်ကို ဆွဲထုတ်ကာ ခန္ဓာကိုယ်မှာ ထိုးစိုက်လိုက်သဖြင့် ချီယွဲ့တုန်လှုပ်သွားပြီး မျက်နှာ အမူအရာပြောင်းသွားသည်။ သို့သော်

ရှန်လျန်က ဟန်မပျက်နေစေကာ စိတ်ကိုထိန်းချုပ်ခိုင်းထားသည်။ သူတို့ ဟယ်ရှန်းခြံပြင်ကို မရောက်သေးတာကြောင့် ဘာလုပ်လုပ် စောင့်ကြည့်နေမယ့် သခင်မကြီးရဲ့မျက်လုံးတွေ ရှိ၏။

"လျန်လျန် ဘယ်လိုဖြစ်တာလဲ... အဲဒီခွက်က တစ်ကယ်ပဲ အဆိပ်ခတ်ထားတာလား"

အတင်းထိန်းချုပ် သည်းခံပြီး နောက်ဆုံး ကျုံးလင်ခြံဝန်းနား ရောက်သည်နှင့် ချီယွဲ့ဆက်သည်းမခံနိုင်တော့ပဲမေးလိုက်၏။ ရေနွေးကြမ်းခွက်ကို ဘေးမှာ ချလိုက်ကတည်းက စိတ်ရှုပ်ထွေးနေခဲ့တာ... ရှန်လျန့်ပုံစံက ဘာမှ မဖြစ်တာကြောင့် စိတ်နည်းနည်းအေးခဲ့ပေမယ့် တစ်ကယ်က သူထင်သလို မဟုတ်နေခဲ့... ရှန်လျန်က ကိုယ်တိုင် ငွေအပ်စိုက်နေခဲ့ရတာတဲ့လား?

"ဖွီး... အဟွတ် ဟွတ်!"

"လျန်လျန်!"

ရှန်လျန် ခေါင်းခါကာ ကျုံးလင်ခြံဝန်းထဲ အမြန်ဝင်လိုက်၏။ သူသောက်လိုက်တဲ့ လက်ဖက်ရည်အား ပြန်အန်ထုတ်တာ ကို ပြင်ပက မည်သူမှ တွေ့သွား၍ မဖြစ်ဘူးလေ... ချီယွဲ့ အမြန် ပဲ နောက်ကျောကို ပုတ်ပေးလာ၏။

"ရပြီ... အခုအဆင်ပြေပြီ"

ရှန်လျန် ချောင်းဆိုးရပ်သွားပြီး ချီယွဲ့ကို တားကာ ဆေးလုံးအား ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် အေးစက်စက်လေတွေ ဖြန့်ကျက်သွားပြီးနောက် အံကြိတ်လိုက်၏။

"ဆိုတော့...ဒါကြောင့်ကိုး!"

အရင်ဘဝက ဒီအရာကိုသောက်လိုက်မိပြီး

ရလာဒ်က သူ့တစ်ဘဝလုံးကို စုတ်ပြတ်သတ်သွားစေသည်။

တစ်ကယ်တော့ အဆိပ်မဟုတ်ပဲ ရေနွေးကြမ်းထဲ ခတ်ထားတာက ဆေးတစ်မျိုးပဲ.... သူ့ရဲ့အာနိသင်က တစ်သက်လုံး ဘယ်တော့မှ ကလေးမရနိုင်တာပဲ ဖြစ်သည်။

"ဘာပြောတာလဲ... လက်ဖက်ရည်ထဲ တစ်ကယ်ပဲ ဘာတွေ ထည့်ထားတာလဲ "

ရှန်လျန့်ပုံစံက မူမမှန်တာကြောင့် ချီယွဲ့ ၏ မေးမြန်းသံက ပိုပိုခက်ထန်လာသည်။။

"သူတို့ သန္ဓေမတည်ဆေး ခတ်ထားတာ"

"ဘယ်လို!"

ချီယွဲ့တုံ့ပြန်သံက အလွန်ကျယ်၏။ သန္ဓေမတည်

ဆေး....

သူတို့ လျန်လျန့်အပေါ် ဒီလိုမျိုး.... လျန်လျန်က လက်တောင်မထပ်ရသေးဘူးလေ! သူတို့ လျန်လျန့် တစ်ဘဝလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ!

"ဘာလို့ ငိုနေတာလဲ? ခုပဲ ထွေးထုတ်လိုက်ပြီဟာကို"

ချီယွဲ့ မျက်နှာပေါ်က မျက်ရည်တွေကို တွေ့တော့ ရှန်လျန်ရဲ့ အေးစက်စက်အရှိန်အဝါတွေ ပျောက်ကွယ်သွားခဲ့ပေမယ့် ရင်ဘတ်ထဲက အမုန်းတရားတွေတော့ အနည်းငယ်မှ အနည်မထိုင်သွားပါ ချေ။ ဒီဆေးကြောင့် သူ့ဘဝတစ်ဝက်လုံး အထီးကျန်စွာ ရှင်သန်ခဲ့ရပြီး ဝေမိသားစုကိုပင် မျက်နှာ မပြရဲခဲ့။ ကိုယ်တိုင်က သားသမီးလိုချင်ပေမယ့် ဆန္ဒမပြည့်ခဲ့ရာ ကောတွေဟာ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲသည်ဟု မူလက တွေးထင်ခဲ့သည်။ ထို့အပြင်

ချင်ယွင်ရှန်းကလည်း သူနဲ့ တစ်အိပ်ရာထဲ နေခဲသည်လေ... အဲ့ဒီအချိန်က သူတော်တော် တုံးခဲ့တာပဲ...

"ရင်တစ်ကယ် ကွဲတယ်.… သူတို့တော်တော် လွန်တာပဲ"

တော်ရုံမငိုဖူးတဲ့ ချီယွဲ့မှာ မျက်ရည်တွေ သုတ်မကုန်နိုင်ဖြစ်နေသည်။ သန္ဓေမတည်‌ဆေးက ကောတစ်ယောက်ကို တစ်ဘဝလုံး ကိုယ်ဝန်မဆောင်နိုင်အောင် တားထားမှာ ဖြစ်လို့ ကလေးမရရင် လူတွေ အထင်သေးမယ်... နာမည်ပျက်မယ်... လျန်လျန့်ကို တစ်ကယ် သေစေချင်ကြတာပဲ... ဒါဘယ်လို မိသားစုလဲ?

"တစ်ကယ် လွန်လွန်းတယ်"

ရှန်လျန် အေးစက်စက် ရယ်သည်။

သူတို့ခြံဝန်းထဲ ဝင်လာသည်ကို မြင်တာနဲ့ ဖုရင်က ကလေးလေးကို ချီကာ အနားရောက်လာ၏။

"လျန်လျန်..."

ဟင်? ဘာတွေဖြစ်ခဲ့တာလဲ? ချီယွဲ့ဘာလို့ငိုနေတာလဲ?

"ယွဲ့ကောပဲ ရှင်းပြပေးလိုက်ပါ"

ရှန်လျန် ဒီအကြောင်းကို ထပ်မပြောချင်တော့ပေ။ ကလေးကို လက်လွှဲယူလိုက်ပြီး

"ယိုအာ.. ရှုရှုနဲ့ ယိုအာ တူတူဆော့ကြမယ်နော်"

"ဘာတွေ ဖြစ်ခဲ့တာလဲ ပြောစမ်းပါ"

ရှန်လျန့်ကို သံသယနဲ့ကြည့်ပြီး ဖုရင် စိုးရိမ်တကြီးမေး၏။

"အဖွားကြီးနဲ့ တစ်ခြားလူတွေက...."

ချီယွဲ့ ဖြစ်ပျက်သမျှကို ပြန်ပြောင်းပြောပြသည်။

ဖုရင် မျက်နှာ ရုတ်ချည်း မည်းမှောင် သွားကာ

"ယုတ်မာလိုက်ကြတဲ့ဟာတွေ!"

ဒီသန္ဓေမတည်ဆေးကို သူကိုယ်တိုင်လည်း ကြုံခဲ့ရပြီး အဲ့ဆေးဟာ အတွင်းပိုင်းထိခိုက်မမှုဖြစ်သည်။ သူ့လိုမျိုး လျန်လျန်လည်း ကြုံရမယ်လို့ တစ်ခါမှ တွေးမထားခဲ့မိသဖြင့် မုန်းတီးလွန်းလို့ ဖုရင် လက်သီးဆုပ်ကာ ရှန်လျန့်အစား ထိုလူတွေကို အသက်ဆက်ရှင်ခွင့်မပေးနိုင်။

"လျန်လျန်... ဒီက်စ္စက သည်းခံနေလို့မရဘူး.. သခင်ကြီးက်ုသွားပြောရအောင်"

ချီယွဲ့က မျက်လုံးနီနီနဲ့ လာပြော၏။ သေမလောက်အောင် မုန်းနေလည်း ထိုလူတွေကို ဓားချက်ပေါင်း ထောင်ချီ ထိုးကာ သွားသတ်နိုင်စွမ်း သူတို့မှာ မရှိ၊ လျန်လျန်က ဘာအမှားလုပ်ထားမိလို့လဲ... ခုလို ဆက်ဆံကြတာ! လုပ်ရဲလိုက်ကြတဲ့သူတွေ!

"သွားပြောမယ် ဟုတ်လား? ဘယ်မလဲ သက်သေ"

ရှန်လျန် ခေါင်းခါရင်း ကလေးကို ချီကာ အခန်းတွင်း ပတ်လျှောက်နေ၏။ ချီယွဲ့က နားမလည်နိုင်တော့ပဲ

"ဒါဆို ဒီလိုပဲ လွှတ်ထားပေးတော့မှာလား? သခင်ကြီးရှိနေတုန်းက ဘာလို့ တစ်ခါတည်း

မပြောတာလဲ... ရေနွေးကြမ်းသက်သေလည်း တစ်ခါတည်းပြနိုင်တာပဲကို"

"အာ... မင်းကတော့"

သူ့ရဲ့ပျာယာခတ်မှုနှင့်ယှဉ်ရင် ဖုရင်က ပိုနားလည်၏။ ရှန်လျန်က

"ဦးလေးဖုပဲ ရှင်းပြပေးလိုက်ပါ"

"သခင်ကြီးကို သူတို့ဖိတ်ခေါ်ရဲမှတော့ အားလုံး ကြိုပြင်ဆင်ထားပြီးပြီပေါ့... ဘာနည်းလမ်းသုံးသုံး ခွက်ထဲကဆေးကို ရှာနိင်ကြမှာ မဟုတ်ဘူး... ရှာဖို့လည်းခက်တယ်... ရှန်ချောင် တောင်းပန်တဲ့အနေနဲ့ ပေးတဲ့ခွက်မလို့လေ... တစ်ကယ်လို့ ဆေးခွက်ကို ငြင်းပယ်ခဲ့ရင်လည်း အဖေနဲ့သားကြားဆက်ဆံရေးကို ပိုဆိုးသွားစေမယ်... ဘယ်လမ်းရွေးရွေး သူတို့အတွက် မြတ်တယ်"

လက်သီးဆုပ်ထားဆဲ ဖုရင်က အေးစက်တဲ့လေသံနဲ့ပြော၏။ ထိုလူတွေက အရှက်မရှိသည့်အပြင် ယုတ်မာကြသေးသည်။ လျန်လျန့်ကို ဘယ်သူထင်လို့လဲ? သွေးချောင်းစီးရမယ့်သူတွေက ထိုအယုတ်တမာတွေပဲ ဖြစ်လိမ့်မည်။

"......."

ချီယွဲ့မျက်ရည်တွေက တလဟော စီးလာပြန်ရာ ရှန်လျန်လည်း ဘာမှ မတတ်နိုင်ချေ။

"ကောင်းပြီ မျက်ရည်ဆိုတာ လူတွေအတွက် အဖိုးအတန်ဆုံး ရတနာပဲ... အလွယ်တကူ မကျစေနဲ့ ၊ သူတို့တောင် ယုတ်မာနိုင်သေးတာ... ကျွန်တော်တို့လည်း ယုတ်မာတတ်တာပေါ့! ဒီကိစ္စက ရှန်ရုထင်သိသွားလည်း ဘာမှ မထူးဘူး ၊ ဆူပူရုံပဲရှိမှာ... သူ့ဇနီးတွေ ၊သားသမီးတွေကို ကျွန်တော့အတွက် မောင်းထုတ်ပေးမယ်လို့များထင်နေတာလား? "

ရှန်လျန် လက်တစ်ဖက်တည်းနဲ့ ပခုံးကိုပုတ်ပေးကာ နှစ်သိမ့်၏။ ကိုယ်တိုင်ကလည်း ချီယွဲ့လို ခံစားနေရကာ အပြုံးက မျက်လုံးထဲ မရောက်ပေ။ အရင်ဘဝနဲ့ ယခုဘဝပါ အမုန်းတရားတွေ ထပ်ပေါင်းလာတာမလို့ ထိုလူတွေကို ဒီတိုင်းလွှတ်ပေးလိုက်ရင် အလွန် ထူးဆန်းသွားလိမ့်မည်။

"လျန်လျန် ဘာလုပ်ဖို့ တွေးထားလဲ? ရှန်ချောင်ကိုလည်း အဲ့ဒီသန္ဓေမတည်ဆေး ပြန်ခတ်မလား"

သည်းခံနိုင်သည့် အတိုင်းအတာ ကျော်သွားတာ

မလို့ ဖုရင်လည်း မပြောစဖူး ပြောလာသည်။

"ဟဟ သန္ဓေ မတည်ဆေး... ကျွန်တော် အဲ့လောက် မယုတ်မာပါဘူး"

ဖုရင်နဲ့ ချီယွဲ့တို့ ဇဝေဇဝါဖြစ်နေသော်လည်း ရှန်လျန်က အဓိပ္ပာယ်ပါပါပြုံးပြီး ဘာမှမရှင်းပြပဲ

ထိုအစားရှန်ယိုလေးကို စနောက်၏၊ အတူကစားပေး၏။ နမ်းရှုံ့၏၊ ဖက်ပွေ့ထား၏။ ကလေးငယ်ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ဆည်လည်းသံလေးက ခြံဝန်းထောင့်တိုင်း ထိ ကြားရ၏။

"လျန်လျန်"

ချီယွဲ့မှာ အနားသွားမယူနိုင်သေးပဲ ထပ်ပြောချင်နေသေးရာ ဖုရင်က အနားသွားကာ ပခုံးကိုဖိချလိုက်ရသည်။ ထို့နောက် ချီယွဲ့၏ အကြည့်တွေကိုမြင်ပြီး ခေါင်းယမ်းပြလိုက်သည်။

"မသွားနဲ့၊ လျန်လျန်ကရော ဒေါသမထွက်ပဲနေပါ့မလား... ငါတို့တောင် ဒေါသထွက်နေတာ သူဆို မဖြစ်ပဲနေမလား... လျန်လျန်က သူ့ကို အနိုင်လာကျင့်တဲ့သူဆို လက်စားမချေပဲ မနေဘူး.... သူ့မှာ တွေးထားတာလေး ရှိမှာပဲ... ငါတို့က အနှောင့်ယှက်မပေးမိဖို့ပဲ လိုတယ် "

အချိန်တန်ရင် လျန်လျန် ကိုယ်တိုင်ပြောပြလာမှာပဲ ဖြစ်ကာ ရှန်လျန်နဲ့ ရက်အတန်ကြာ တစ်အိမ်ထဲ နေခဲ့ရသဖြင့် ရှန်လျန့်အကြောင်း ယေဘုယျ နားလည်နေပေပြီ။ ယခု ဘာမှ ထုတ်မပြောသေးဘူးဆိုတော့ အချိန်မကျသေးလို့ပဲ ဖြစ်လိမ့်မည်။

Words 2614

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment