" လျိုဝမ်ကျင်းကို အနိုင်ကျင့်မယ် "
လျိုရှုဟန်ရဲ့နာမည်ဂုဏ်သတင်းက ပျက်စီးနှင့်ပြီ ဖြစ်သော်လည်း ရေဆိုးရေညစ်တွေ ထပ်မလောင်းထည့်ပါက ပြန်သန့်စင်လာနိုင်သည်။ သူတို့၏ အတိတ်ဆိုးအား လူတွေကို မှတ်မိနေစေရင် သေသွားသည့်တိုင်အောင် သိက္ခာပြန်ဆယ်ဖို့အခွင့်အရေးမရှိနိုင်တော့ပေ။ ဥပမာ လျိုရှုဟန်ဟာ ဓားပြတွေနဲ့ပတ်သက်နေတယ်ဆိုတဲ့သတင်းလိုမျိုး...။ တစ်ကယ်တမ်း ကိစ္စကြီးမဟုတ်သလိုနှင့် တုံးလင်အိမ်တော် က ဇနီး၏ဇာတ်ရှုပ်ကို မိသားစုဝင်တွေသတိမထားမိပါက နောက်ကျောဓားနှင့်ထိုးခံရနိုင်သည်။
"ရှောင်ဝူက ပြောင်းလဲသွားရုံတင်မက စကားအပြောအဆိုလဲ အတော်တိုးတက်လာတာကိုး ၊ ဓားပြတွေက ဒီဦးလေးရယ် ဦးလေးညီမ နဲ့ ဘာမှကိုမသက်ဆိုင်တာပါ၊ သက်သေမရှိပဲ စွပ်စွဲတာ မကောင်းဘူး"
တစ်ခါတည်းအသေသတ်ပစ်ချင်စိတ်ကို ချုပ်တည်းထားရလွန်း၍ လျိုဝမ်ကျင်းသည် စကားကို အံကြိတ်ကာ ပြောနေရသည်။
"ဓားပြ အားလုံးသေသွားပါတယ်ဆိုမှတော့ သက်သေက ဘယ်ရှိပါတော့မလဲ၊ လူကြီမင်းလျိုနဲ့ရှန်သခင်မ ထွက်ဆိုတဲ့စကားပဲ တွေးတောစရာရှိတယ်"
ရှန်လျန်က မတုံးအချေ။ သူ့အတွေးကို တောင်ရောက်မြောက်ရောက်ဖြစ်အောင် လုပ်ပြီးခေါင်းစဉ်ပြောင်းချင်နေသည်လေ။
"ကဲ.. မဖြေရှင်းနိုင်သေးတဲ့ကိစ္စအကြောင်း ထပ်မပြောတော့ဘူး၊ လူကြီးမင်း ကျွန်တော့လှည်းကို စစ်ဆေးချင်နေတုန်းလား?
"........."
တစ်ကယ်၍ ရှာဖွေမိန့်ပါလာလျှင်တောင် လှည်းထဲ သူတို့ဝင်မစစ်ရဲတော့ချေ။ ဒီတစ်ယောက်က ပြောရင်ပြောသည့်အတိုင်း လုပ်မည့်ပုံပင်။
လျိုဝမ်ကျင်းက သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် လက်တစ်ဖက်မြှောက်လိုက်သည်။
"သူတို့ကိုသွားခွင့်ပြုလိုက်"
"ဟုတ်ကဲ့"
အဆုံးမှာတော့ တစ်ဖက်လူက တုံးလင်အိမ်တော်က သခင်လေးဖြစ်နေပြီး သူ့ကိုယ်ရှိန်ကိုယ်ဝါက လူထုကို အတော်လေး ဖိနှိပ်နိုင်လေသည်။ စစ်သည်များက ကြာကြာ ပိတ်ရပ်မနေရဲပဲ အမြန် လမ်းဖယ်ပေးလိုက်ကြသည်။
"ဟဟဟဟဟ လျိုလူကြီးမင်းမှာ အမိန့်စာ မပါလာတော့ ကျွန်တော်တို့နဲ့ တရားရုံးဆီ မလိုက်လာရဲဘူးနေမှာ "
ရှန်လျန်က တောက်ပစွာ ပြုံးပြီး အားလုံးကိုတစ်ချက်ဝေ့ကြည့်ကာ မြင်းလှည်းထဲ ပြန်ဝင်လိုက်သည်။
ရှန်လျန်တို့ ၏ လှည်း မိုးရေထဲ ပျောက်ကွယ်သွားသည့်တိုင်အောင် လျိုဝမ်ကျင်း မလှုပ်မယှက်ရှိနေသည်။ သူ့မျက်နှာသည် ခက်ထန်ကာ သုန်မှုန်နေသဖြင့် စစ်သည်တို့လည်းအနည်းငယ် ကြောက်ရွံ့နေကြသည်။
ရှန်လျန်ရဲ့ စကားအရ ဆိုရင် မနက်ဖြန်ပဲ ဓားပြတွေ ကိစ္စကြောင့် ဧကရာဇ်ဆီကနေ သူ.. စွပ်စွဲ ပြစ်တင်မှုခံရနိုင်ချေရှိတယ်။ အထူးသဖြင့် မင်းသမီးယွဲ့ဟွားနဲ့ မင်းသားသွမ်း က အမှန်တရားဖော်ထုတ်ဖို့ အလျှော့ပေးကြမည့်သူများမဟုတ်ပေ။
"ပြန်ကြစို့"
လက်ဝေ့ယမ်းလိုက်ကာ လျိုဝမ်ကျင်းက မြင်းဇက်ကြောကိုလှည့်လိုက်ပြီး စစ်သည်တို့ကို ဦးဆောင်၍ ခပ်သွက်သွက်ထွက်ခွာသွားသည်။
"လျိုမိသားစုက တစ်ကယ်အရှက်မရှိပါလား ၊ သူများ နာမည်ပျက်အောင် တစ်ကယ် လုပ်ချင်နေတာပဲ၊ ဦးလေး တောင် ဖြစ်ရဲသေးတယ်ဆိုတော့. လုံးဝ မရိုးသားဘူး၊ လျန်လျန် သူ့ကိုဘာလို့လွှတ်ပေးလိုက်တာလဲ?၊ တစ်ခါထဲ ရုံးကိုခေါ်သွားလိုက်ရမှာ၊ သူဘယ်လိုဖြေရှင်းမလဲ ကြည့်ကြသေးတာပေါ့"
ချီယွဲ့က ဒေါသထွက်လွန်း၍ မျက်လုံးတွေပါနီနေသည်။ သူတို့ဖြင့် ဘာမှလည်း မလုပ်ပါပဲနဲ့ မကြာခဏ ထိုမျိုးရိုးက ဘာကြောင့် ဒုက္ခလာပေးနေတာပါလိမ့်?
"သူတို့ကအရှက်မရှိဘူးဆိုလဲ သူတို့အကြောင်း ဘာလို့ပြောနေသေးတာလဲ?"
ရှန်လျန် ခေါင်းအသာ ယမ်းကာ လက်ကိုင်ပဝါ ထုတ်ပြီး သူ့မျက်နှာကို သုတ်ရန် ကမ်းပေးလိုက်သည်။ ချီယွဲ့ကတော့ စိတ်တိုနေဆဲပင်။
"ဒေါသမထွက်သင့်ဘူးလား? သူတို့တစ်ကယ် သိက္ခာ မရှိဘူး"
"ဟုတ်ပါပြီ ဒေါသထွက်မနေပါနဲ့တော့ ၊ အနာဂါတ်မှာ ဒါမျိုးအများကြီးကြုံတွေ့ရဦးမှာ ၊ စိတ်တိုတိုင်း ငိုနေလို့ဘယ်ဖြစ်မလဲ? မျက်လုံးမနာစေနဲ့ ဂရုစိုက်လိုက်ဦး"
သူလည်း ဒေါသမထွက်ပဲ ရှိမလားလေ.. ဒါပေမယ့် စိတ်ထဲကို မထည့်တော့ခြင်းပင်။ စိတ်တိုနေရုံနှင့် အကျိုးမရှိ၊ အကောင်းဆူံးနည်းလမ်းက မြန်မြန်အဆုံးသတ်ပြီး လက်စားချေဖို့ပဲ ဖြစ်သည်။
"လျန်လျန် ဘာလို့သူ့ကိုရုံးတော် မခေါ်သွားလိုက်တာလဲ?"
သူတို့နှစ်ယောက်ထက် ပို ဒေါသထွက်နေသူ ချီရွှမ်းက ရုတ်တရက် လှည်း အပြင်ဘက်မှ မေးလာသည်။ ရှန်လျန် ရယ်လိုက်ပြီးနောက်
"သူ့မှာ အမိန့်စာမပါဘူးလို့ တစ်ကယ်ထင်နေကြတာလား? ထိုက်ရှီအိမ်တော်က ရတနာ ပျောက်သွားတဲ့ ကိစ္စမှာ ဧကရာဇ်ကိုယ်တိုင် မြို့တော်တစ်ခုလုံး ပိုက်စိပ်တိုက် ရှာခိုင်းထားတာ။ သူက ငါတို့ကို မသိချင်ယောင်ဆောင်နေမှတော့ ဘာလို့ သူ့ဇာတ်အတိုင်း မကရမှာလဲ? ပြီးတော့မမေ့နဲ့ဦး ဒီကိုပြန်ရောက်တာမှ ဆယ်ရက်ပဲရှိသေးတယ် ရုံးကို နောက်တစ်ခါထပ်သွားရရင် ပတ်ဝန်းကျင်က ဘာပြောကြမလဲ? ကျွန်တော်က 'ကော ' လဲဖြစ်သေးတယ် နာမည်ပျက်သွားရင် အနာဂါတ်မှာ ဘယ်လို လက်ထပ်လို့ရတော့မှာလဲ၊ အဲ့လိုဆို တုံးလင်အိမ်က လူတွေ အပျော်လွန်ပြီး ထက ကြလိမ့်မယ်"
ပိုအရေးကြီးတာက သူ့နာမည်ပျက်သွားတာနဲ့ ရှန်သခင်ကြီးက တုံးလင်အိမ်တော်နဲ့ သူ့အစ်ကို ရဲ့ သိက္ခာ...ချပါတယ်ဆိုပြီး သူ့ကို ဆင်းရဲတဲ့မိသားစုကလူနဲ့ ပေးစားပစ်မလား ပဲ။
တွေးကြည့်ရုံနဲ့ တင် နာကျင်ရပြီး သူ့စိတ်ကလည်း အေးစက်လာတော့သည်။
" တောင်းပန်ပါတယ် ကျွန်တော်တို့ အတွေးသိမ်သွားတယ်"
အဆုံးမှာ ချီယွဲ့က သူ့ရဲ့စိတ်မြန်လက်မြန်ရှိမှုကို သတိပြုမိသွားပြီး အပြစ်ရှိစိတ်ဝင်သွားလေသည်။ သို့ပေမယ့် ရှန်လျန်က ချက်ချင်းသင်ပြပေးပြီး သူ့ရဲ့ အသိဉာဏ်ကို ကျယ်ပြန့်စေခဲ့တယ်။ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်လာရင် သူက တုံးအ နေပြီး ရှန်လျန်ရဲ့ အနာဂါတ်ကို ဖျက်စီးမိလုနီးပါးဖြစ်ရတယ်၊ အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာ ကို ရောပေါ့။
"မဟုတ်သေးဘူး... လျန်လျန် ပြောသလိုဆိုရင် လျိုဝမ်ကျင်းက အမိန့်စာရှိရက်နဲ့ ဘာလို့ ကျွန်တော်တို့နဲ့ ရုံးတော်မလိုက်တာလဲ?"
ချီရွှမ်းက အမေးရှိတော့ ရှန်လျန် နောက်ကျောမှီချရင်းပြုံးသည်။
"ဘယ်သူသိမှာလဲ? မင်းသမီးယွဲ့ဟွားက ဓားပြတွေကို လွှတ်ပေးဖို့ငြင်းဆန်တော့ သူလည်း စိတ်ရှုပ်သွားတာနေမှာပေါ့"
ရှန်လျန်က အမှန်အတိုင်းမပြောလိုက်ပေ။ လျိုဝမ်ကျင်း ဘာကြောင့် ရုံးတော် မလိုက်ရဲလဲ ဆိုတာ သူသိပေမယ့် သူ့ညီအစ်ကိုတွေကို ပြောပြရန်မလိုအပ်ပေ။
"သူနဲ့တန်တယ်၊ မောင်းထုတ်ဖို့အတော်ပဲဖြစ်သွားတာပေါ့"
အနည်းငယ် ကလေးဆန်နေပေမယ့် ချီရွှမ်းပြောလိုက်တာကြောင့် ထူးဆန်းသည်ဟု မခံစားရတော့ပေ။
"လျန်လျန်...တစ်ကယ်လို့ ခုနပြောလိုက်တဲ့စကားက တုံးလင် သခင်ကြီး နားထဲ ပြန်ရောက်သွာခဲ့ရင်...."
ချီယွဲ့ သူ့ကိုစိုးရိမ်တကြီးကြည့်သည်။ လျန်လျန် ငယ်ငယ်က ဖျားနေတာတောင် နယ်စွန်နယ်ဖျားကိုပို့ပစ်တယ်၊ သူ့အဖေက တရားရုံးတော်မှာဆို အကောင်ကြီးကြီးထဲကတစ်ယောက် ဆိုတော့ သူသာ ဆန္ဒရှိရင် လုပ်နိုင်တာအများကြီး၊ သူက နာနာဘာဝတွေ၊ ကျိန်စာ အဖြစ်ဆိုးတွေကိုအရမ်းယုံကြည်တာ လူတိုင်းသိလေတယ်။ မတော်လို့ ပြည်နှင်ဒဏ်အမိန့်စာက ဟိုး..တော်ဝင်စာကြည့်ဆောင်ကနေ သူတို့အိမ်တော်ထိ ပျံ လာနေဦးမယ်၊ ရွာစွန်မှာ ရှန်လျန် သွားနေရတဲ့အကြောင်းက ကောလဟာလတွေ အများကြီးထွက်ပေမယ့် ဘယ်သူမှ အမှန်အတိုင်းမသိကြသလို ဂရုလဲ မစိုက်ကြချေ။
ဒီနေ့တော့ ရှန်လျန်ကိုယ်တိုင်က သူ့ကိုယ်သူ ကံဆိုးစေတဲ့သူလို့ထုတ်ပြောလိုက်တာဟာ တုံးလင်အိမ်တော်ရဲ့ ကျက်သရေ ကို ဆွဲချသလိုဖြစ်သွားနိုင်ပြီး သခင်ကြီးက ရှန်လျန့်အပေါ် အရမ်းစိတ်ဆိုးသွားနိုင်တယ်။
"အဲ့ဒီတော့... ဘာဖြစ်လဲ?"
တုံးလင်အိမ်တော်က လူအားလုံး သူ့ကိုစိတ်တိုပြီး မုန်းတီးလည်း သူကတော့ အကုန် ထုတ်ပြောပြီးသွားပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့အစ်ကိုကြီးကိုပဲ ရွေးချယ်မယ်၊ တုံးလင်အိမ်တော်မကလို့၊ သူ့အဖေ သခင်ကြီးပဲ ဖြစ်ဖြစ် သူ့ကို ဘာလုပ်နိုင်ဦးမှာလဲလေ?
Words 1467
Grape 🍇