no

Font
Theme

'ဖုယွင်ရှီး ပြန်ပေးတဲ့ မက်လုံး'

ဟူးးးး ........

သက်ပြင်းမောချကာ

"ကောင်လေး ၊ ဦးလေးရောဂါ ကုလို့ပျောက်နိုင်မယ်လို့ တော့မမျှော်လင့်ထားဘူး၊ ဦးလေးသား ယွင်ရှီး အတွက်ပဲ စိုးရိမ်ရတာ"

ဖုရင်က ..ရှန်လျန်အား မျှော်လင့်တကြီးကြည့်ကာ

"စောနက သားတို့စကားဝိုင်းကို ဦးလေးနားစွန်နားဖျားကြားလိုက်တယ်၊ ရှန်သခင်လေးက တစ်ကယ်ပဲ ဦးလေးရဲ့သားကို ကူညီပေးမှာလား"

သူ့ခန္ဓာ ကိုယ်က ပင်ပန်းနေပြီဆိုပေမယ့် သေရမှာ သူမကြောက်ပေ။ သူ့သားလေးရဲ့ နာမည်ပျက်စာရင်းကို သာ သူမသေခင် ပြန်ပယ်ဖျက်ပေးနိုင်ရင်၊ သူလဲ မသေနိုင်တော့ဘူးထင်တယ်။

"ကျွန်တော် လုံးဝ မနောက်ပြောင်ပါဘူး၊ ရှုရှုကိုယ်တိုင်က လိုက်လိုက်လျောလျော ပူးပေါင်းပေးသရွေ့ ရောဂါကို တကယ်ကုပေးနိုင်ပြီး၊ ၃လ နဲ့ ပျောက်ကင်းသွားလိမ့်မယ်"

ဖခင်ရဲ့ မေတ္တာ တွေကို မြင်တဲ့ အခါ ရှန်လျန်သည် သူ့မှာ အတွေ့အကြုံ မရှိပေမယ့် ယုံကြည်ချက် အပြည့်ရှိလာသည်။

သူ့ဖေဖေသာ သက်ရှိထင်ရှားရှိသေးရင် ရှန်မိသားစုဝင်တွေ ကို သူ့အပေါ်အနိုင်ကျင့်ခွင့် ပေးမှာ မဟုတ်ဘူး။

"ဦးလေးက အရေးမကြီး ပါဘူးသခင်လေးရယ် ၊ ယွမ်ရှီးကိုသာ ကူညီ...."

"အဖေ!"

ဖုယွင်ရှီး ဆက်နားမထောင်နိုင်တော့ပေ။ စကားဖြတ်လိုက်ပြီး ရှန်လျန်ကိုပြောသည်။

"အဖေ့ ရောဂါကိုအဓိက ကုသ ပေးနိုင်ရင် ၊ ကျွန်တော့ နာမည် ဆိုး ကိုမဖျောက်ပေးနိုင်လဲ ရတယ်၊ ဖုယွင်ရှီးရဲ့ အသက်ကို သခင်လေးပိုင်တယ်"

"ကောင်းပြီလေ"

ထပ်တစ်ကြိမ်ပြောရန် သူမတောင်းဆိုတော့ချေ ။

"မင်းမှာ စုတ်တံနဲ့မင်ရည် ရှိလား"

"မစမ်းသပ်တော့ဘူးလား?"

ဆေးစာ ရေးပေးတော့မည်ကိုသိသော အခါ မစစ်ဆေးပဲ တန်းရေးလို့ရပါ့မလားဟု ဖုယွင်ရှီး အံ့ဩမိ၏။

"မလိုဘူး၊ ရှုရှု ရဲ့ရောဂါက သာမာန်ပဲ၊ ဒီနေ့ သူ့ခန္ဓာ ကိုယ်ကို အားဖြည့်ဖို့ ဆေးစာ ရေးပေးလိုက်မယ်၊ နောက်ရက်အနည်းငယ်ကျရင် ပြန်လာ စစ်ဆေးပေးမယ်၊ ဒီရက်ထဲ သေချာ ဂရုစိုက်ထားပေးလိုက်ပါ၊ ၃လ ပြည့်ရင် ရောဂါ အရှင်းပျောက်မှာပါ" ရှန်လျန် ယုံကြည်ချက်ရှိရှိပြောသည်။

"ကောင်းပါပြီ"

တခြားသမားတော်တွေနဲ့ ပြကြည့်သော်လည်း ထူးမခြားနား လာသော ‌သူ့အဖေ ရောဂါကို ရှန်လျန်ကုပေးနိုင်တယ် ဆိုတော့လည်း သူယုံကြည်ရမည်။ စာရွက် စုတ်တံနဲ့ မင်ရည်ကို သွားယူပေးလိုက်သည်။

သူထ ထွက်သွားသည်နှင့် ဖုရင်က တိတ်တိတ်လေး တောင်းဆိုပြန်သည်။

"သခင်လေးရှန်.. ဦးလေး တစ်ကယ် စိတ်ထဲ မထားပါဘူး၊ဒီရောဂါကြီး မကုပေးရင်နေပါ။ ယွင်ရှီးက အရမ်းရိုးသားတဲ့ကလေး ၊သူ စာခိုးချတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဒါကြောင့် သူ့နာမည်ဂုဏ်ကို ပြန်အဖတ်ဆယ်ပေးစေချင်ပါတယ်၊အနာဂါတ်မှာလေ ဦးလေးမရှိတော့ရင် ကျေးဇူးပြုပြီး သူ့ကို တစ်ယောက်ထဲ ပစ်မထားပါနဲ့နော် ၊ကြည့်ရှုစောင့်ရှောက်ပေးပါဦး"

ရှန်သခင်လေးက ရောဂါအကြောင်းနားလည်မယ်လို့ ဖုရင် မယုံပါ။ နောက်ဆုံးအနေနဲ့ သူ့သားအတွက် ရသလောက် သူကြိုးစားပေးသွားရမည်။

"ရှုရှုရဲ့ရောဂါက နှလုံးဆီကို မီးခိုးငွေ့တွေ ရောက်သွားလို့ပါ၊ အချိန်မှီ မကုသရင် ပိုဆိုးလာလိမ့်မယ်၊ ကျွန်တော်ပြောတဲ့အတိုင်း လိုက်နာသရွေ့ ရောဂါက ပြဿနာ မဟုတ်ဘူး၊ အနာဂါတ်မှာ ဖုယွင်ရှီး တစ်ယောက်ထဲ ဖြစ်နေမှာ စိုးရိမ်တယ်မလား၊ အဲ့တာဆို ရှုရှုကပဲ အသက်ရှည်ရှည် နေနိုင်ဖို့ ကြိုးစားကြည့်ပါ၊ သားအဖ တူတူ အကြာကြီး နေနိုင်ဖို့ပေါ့"

သူ့အားလိုက်နှောင့်ယှက်နေသည့်အပေါ် ရှန်လျန်စိတ်အနှောင့်ယှက်မဖြစ်ချေ။၊ သူ့ပုံစံက အများအမြင် အတွေ့အကြုံနုပြီးအသက်ကလည်းငယ်သေးသည်။

"ဒါပေမယ့်..."

"အဖေ၊ ဒီတကြိမ်တော့ ကျွန်တော့စကား နားထောင်ပါတော့နော် စကားဆက်မပြောနဲ့တော့"

ယူလာတဲ့ စုတ်တံ ၊မင်ရည်နဲ့စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီး သူ့ဖေဟာ ဧည့်သည်နဲ့ စကားဆက်ပြောနေမှန်းခန့်မှန်းမိ၏။

သူ့အဖေ လက်ကို သူ့လက်ဖဝါးတစ်ဖက်ထဲ ဆုပ်ထွေးပေးလိုက်ပြီး ရှုပ်ပွနေတဲ့ ဆံသားကို သပ်ချပေးလိုက်တယ်။ မျက်ဝန်းအိမ်ကတော့ အနည်းငယ် ရဲတွတ်နေလေ၏။

"အဖေ... ဒီသားက မသိတတ်တဲ့သူပါ၊ ကျွန်တော့ ကြောင့်မဟုတ်ရင် အဖေ့ရောဂါက ဒီအခြေအနေထိ ပိုဆိုးလာပါ့မလား၊ အဖေသာ သေသွားမယ်ဆိုရင် ကျွန်တော့တစ်ဘဝလုံး ယူကြုံးမရဖြစ်ရလိမ့်မယ်"

"ယွင်ရှီး..."

သူ့သားစကားကြောင့် ဖုရင်မျက်လုံးတွေ စိုစွတ်လာတယ်။

သားအဖနှစ်ယောက် မေတ္တာ အားပြိုင်နေချိန်တွင် ချီယွဲ့က ရှန်လျန် ဆေးစာရေးနိုင်ရန် မင်သွေးပေးသည်။

"ရွှမ်းကော၊ ဒီဆေးတွေကို ၇ရက်အတွင်း ရအောင်ရှာခဲ့ပေးပါ"

"ကောင်းပြီ"

ဆေးစာရရခြင်း ချီရွှမ်း အပြင်သို့ ပြေးထွက်သွားသည်။

"အဖေ၊ အခန်းထဲ ဝင်ပြီး နားတော့လေနော်၊ ကျွန်တော် ရှန်သခင်လေးနဲ့ စကားခဏပြောလိုက်ဦးမယ်"

သူ့အဖေ ချောင်းစဆိုးလာသည်ကိုမြင်သည်နှင့် အခန်းထဲသို့လိုက်ပို့ပေးလိုက်ကာ ရှန်လျန်၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။

"ကျွန်တော် ဘာလုပ်ပေးရမှာလဲ"

"ခုလောလောဆယ်တော့ ဘာမှ လုပ်စရာမရှိသေးဘူး၊ ရှုရှု နေပြန်ကောင်းလာမှ အေးဆေး ပြောကြတာပေါ့၊ ဪ ..တစ်ခုတော့ရှိတယ်

တစ်ကယ်လို့ မင်းသား၄ က မင်းကိုဆက်သွယ်လာရင် လက်လဲ မခံနဲ့ ၊ငြင်းလဲ မငြင်းလိုက်နဲ့၊ ဒီတိုင်း အချိန် ခဏ ဆွဲထားပေး"

"ဘာဖြစ်လို့လဲ?"

တော်ဝင်မင်းသားက ဘာလို့ပါလာရပြန်တာလဲ??

ဖုယွင်ရှီး ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ၊ ရှန်လျန်ဘာတွေးနေမှန်း လိုက်မမှီတော့ပေ။

"ဘာ မှ မဖြစ်ဘူး၊ ငါပြောတဲ့ အတိုင်းပဲ လိုက်လုပ်ပေး၊ မင်းကိုကတိပေးထားတဲ့အရာတွေ အတွက် စိတ်မပူနဲ့ ...သေချာပေါက်ဖြစ်စေရမယ်၊ မင်းဘက်က တော့ ကတိတည်ပါစေ...မဟုတ်ရင်တော့......"

မင်းကို အောင်မြင်တဲ့ထိ ဆွဲတင်ပေးနိုင်သလို ၊အောက်ဆုံးထိလည်း ဆွဲချပစ်နိုင်တယ်!

ဒီစကားကိုတော့ ရှန်လျန် ဆက်မပြောလိုက်ပေမယ့် သူ့မျက်ဝန်းရဲ့ရက်စက်မှုတွေက အထင်းသား ဖော်ပြနေလေတယ်။ဖုယွင်ရှီးက လည်း သဘောပေါက် နားလည် တယ်။

"ယောင်္ကျားကောင်း ဆိုတာ ပြောပြီးသားစကားတည်တယ်၊ ကျွန်တော့အဖေ နေကောင်းသရွေ့ ဘာပဲ လုပ်ခိုင်းလုပ်ခိုင်း ၊ ကျွန်တော်ငြင်းမှာ မဟုတ်ဘူး၊ ဒီ တိုင်းပြည်ကို လိုချင်တယ်ဆိုရင်တောင် ကျွန်တော်က ပူးပေါင်းပေးဦးမှာ"

ဖုယွင်ရှီးက စကားကို အဆုံးထိ ပြောကြည့်လိုက်သည်။ ဒီ သခင်လေးက တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ သူမယုံဘူးလေ၊ စကားနဲ့ အစ်အောက်ကြည့်ရမယ်။

"ဟဟဟ... ဒီတိုင်းပြည်ရော ထီးနန်းကိုရော ငါစိတ်မဝင်စားပါဘူး၊ ငါဖြစ်ချင်တာက အရမ်းရိုးရှင်းတယ်,

မတော်တဆ တိုင်းပြည်က ငါ့လက်ထဲရောက်လာရင်တော့....အဟွန်း ! ...ဖျက်စီးပစ်ဖို့ ဝန်မလေးဘူး ။

ငါ့လူသာ ဖြစ်လာပေး၊ မင်းကို သစ္စာ မဖောက်ပဲ တစ်ဘဝလုံးစာ တာဝန်ယူတယ်

ကုန်ကုန်ပြောမယ်ကွာ.. တစ်ကယ်လို့ ငါဒီတိုင်းပြည်ကို ပျက်စီးအောင်လုပ်ရင်တောင် မင်းကိုဆွဲမထည့်ဘူး"

ရှန်လျန့် အမူအရာက ခန့်မှန်းရခက်ပြီး တစ်ကယ် နားလည်ရန်မလွယ်ကူပေ။ သူ့မျက်ဝန်းကတော့ ဒီလောကကြီးအကြောင်းကို နောကျေနေဟန်။

ဖုယွင်ရှီး သည် သူ့တကိုယ်လုံး ရှိသွေးတွေ ပွက်ပွက်ဆူလာသလို ရဲသွေးမာန် တက်ကြွလာကာ ရှန်သခင်လေး နောက် လိုက်ပါက သူဘယ်တော့မှ နောင်တရလိမ့်မည် မဟုတ်မှန်း ခံစားမိတော့၏။

Words 1301

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment