no

Font
Theme

' ဘယ်သူ့လှည့်ကွက် ပိုကောင်း မလဲဆိုတာ မသိနိုင်ဘူး!! '

"အင်း........"

အလင်းရောင်ကြောင့် အိပ်ရာပေါ်မှ ရှန်လျန်သည် မျက်မှောင်ကြုံ့ရင်း အကြောဆန့်လိုက်သည်။ ကိုယ်တစ်ဖက်သို့ စောင်းလိုက်စဉ် လက်မောင်းမှ စူးခနဲ နာကျင်မှုကြောင့်၊ မျက်ဝန်းများကို တဖြည်းဖြည်းဖွင့်လိုက်ရသည်။ရှင်းလင်းစွာပင် အိပ်ယာနိုးကာစမို့ စိတ်ထဲဗလာကျင်းနေကာ မည်သည်မှ မမှတ်မိပဲ စိတ်မရှည်ခြင်းနှင့် စိတ်ရှုပ်ထွေးမှုသာရှိသည်။ ခဏအကြာမှ သူ....လွန်ခဲ့တဲ့ဆယ်နှစ်ကိုပြန်လည်မွေးဖွားခဲ့မှန်းသတိရတော့သည်။

"ကျွတ်...."

အိပ်ရာမှ ထထိုင်လိုက်သဖြင့် စောင်က ခါးထိလျှောကျသွားသည်။ ရှန်လျန်က သူ့ဝတ်ရုံဖြူနဲ့ လက်မောင်းက ဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာက သန့်စင်ထားပြီးသားမို့ ၊တစ်စုံတစ်ယောက်က ပတ်တီး အသစ်လဲပေးထားပုံရသည်။ အနည်းငယ် နာကျင်နေသေး‌သော်လည်း သွေးတိတ်သွားပေပြီ။

မနေ့ညက မိုးကြီးလေကြီးရွာသွန်းပြီး အနာရှိန်နှင့် အဖျားတက်ကာ၊မနိုးတမ်းအိပ်မောကျသွားသည်။ အသက်အားဖြင့် တစ်ဆယ့်ငါးနှစ်မျှသာ ရှိသေးသဖြင့် မျှော်လင့်ထားသည့်အတိုင်း၊ ပြန်ထူထောင်လွယ်သည်။ စိုးရိမ်စရာတစ်ခုသာ ရှိသည်။ ထိုအရာမှာ ရှန် မိသားစုထဲ ဝင်ရောက်လာပြီမို့ ဖိအားများအကြား ရှင်သန်နိုင်ဖို့ ရုန်းကန်ရမှာပဲဖြစ်သည်။

"လျန်လျန်၊ နိုးနေပြီလား?ဘာလို့ ငါတို့ကိုမခေါ်လိုက်တာလဲ"

သူ့လှုပ်ရှားသံကြောင့် ဗန်းတစ်ချပ်နှင့် အခန်းထဲ ဝင်လာသူက ချီယွဲ့ဖြစ်သည်။

သူနှင့်အတူ ရေနွေးတစ်ဖလား သယ်ဆောင်ကာ ချီရွှမ်းလဲ လိုက်ဝင်လာသည်။

"ခုလေးတင် နိုးတာ...ဘယ်အချိန်ရှိပြီလဲ?"

ဒဏ်ရာ မရှိတဲ့လက်က စောင်ကို ဖယ်လိုက်ပြီး ပြတင်းအပြင်ဘက်သို့ကြည့်လိုက်သောအခါ မှောင်ရိပ်သန်းနေသေးသည်။မနက်5နာရီနှင့်7နာရီကြား ဖြစ်မည်ထင်သည်။

"နောက်ဆုံးတော့ အဖျားလဲ ကျသွားပြီ၊ဒဏ်ရာက သွေးထွက်တာလဲ ရပ်သွားပြီ"

ချီယွဲ့က လက်ဆန့်ထုတ်ကာ သူ့နဖူးအား လာစမ်းသပ်ပြီး၊ သက်ပြင်းချနိုင်သွားသည်။

"လျန်လျန် ၊ဒီမှာ မျက်နှာသစ်၊ပလုတ်ကျင်းလိုက်ပါဦး"

"ဟုတ်ပြီ"

ရှန်လျန် နာခံစွာထလိုက်သည်။ အရင်ဘဝမှာ ချီယွဲ့နဲ့ ချီရွှမ်းနှစ်ဉီးလုံး သတ်ခံရပြီးနောက်၊အခြားမည်သူမှ သူ့အားဂရုစိုက်ပေးခြင်းမရှိကြချေ။ အခု ပြန်ဂရုစိုက်ခံရသည့်အခါ၊ ရှန်လျန့်နှလုံးအိမ် အတွင်း ချဉ်စူးနေ‌တော့သည်။သူ့ကိုယ်သူ ကြင်ယာတော်တစ်ပါး ပါဟု မည်သို့ထုတ်ပြောရမည်နည်း၊ မည်သူကရော၊ ယုံမည်နည်း၊ ပြီးလျှင် ယခု သူက ဘာဆိုဘာမှ မဟုတ်သေးပေ။ အောင့်သက်သက်နိုင်ပေမယ့် လက်ရှိ အဆင့် မှာ နေဖို့အပြင် သူ့မှာအခြားရွေးချယ်စရာ မရှိပေ။ နတ်ဘုရားမှသူ့အပေါ် ကြည့်ရှုပေးပြီး ၊ပြန်လာရန် အခွင့်ရေးတစ်ကြိမ်ပေးခဲ့သဖြင့် ၊အရင်ဘဝကသွေးကြွေး၊ အမုန်းတရားများကို ဒီဘဝတွင် လက်စားချေရမည်။ ကြီးမြတ်တဲ့ ချင်တိုင်းပြည်ကို ဆွဲချရမည်ဆိုရင်တောင် သူလက်စားချေချင်သည်။

"လျန်လျန်...အဆင်မပြေ....တာ ရှိလို့လား"

ချီယွဲ့က သူ့အား စိုးရိမ်စွာ ကြည့်နေသည်။မနေ့တည်းက ရှန်လျန် ပြောင်းလဲနေသည်ဟု သူတို့ခံစားရသည်။သို့သော် မည်သည့်နေကာက မတူတော့မှန်း သူတို့လဲ မပြောတတ်ချေ။

"ဟမ်?"

ရှန်လျန် ‌ဦးမော့ကာ နှစ်ယောက်လုံးကိုလက်ယပ်ခေါ်ပြီး ထိုင်ခိုင်းသည်။

"မနေ့က ဘယ်သူမှ လာမနှောင့်ယှက်ဘူးမလား"

လျိုရှုဟန်နဲ့ရှန်ချန်ကို တုံးလင်အိမ်တော်ဝမှာ ရန်စခဲ့တာဆိုတော့ သေချာပေါက် သူ့ကိုအလွတ်ပေးမည်မဟုတ်လောက်။ သူ့ဘက်က ကြမ်းခဲ့လို့များ၊ ခုထိ ဘာမှ မဖြစ်သေးသည်လား၊ လျိုရှုဟန်သာ သတ်ချင်လျှင် ပုရွက်ဆိတ်ကိုဖိလိုက်သကဲ့သို့လွယ်ကူနိုင်သည်။သို့သော် အရင်ဘဝက အတွေ့အကြုံတွေ ကောင်းကောင်းရခဲ့ပြီးပြီမို့၊ သူထပ်သည်းခံနေတော့မည်မဟုတ်ပေ။ အစတည်းက ထိုသူတွေနှင့် ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းရန် မတွေးထားခဲ့ချေ။

"လာမနှောင့်ယှက်ကြဘူး၊တစ်နေ့တာ လိုအပ်တဲ့အရာတွေနဲ့ လစဉ်အသုံးစရိတ်တွေရဖို့ အိမ်တော်ထိန်းနား သွားခဲ့တုန်းက သူမက ရှန်သခင်မကြီးကို အရင်သွားမေးဦးမယ်လို့ ပြောတယ် ၊ နောက်တော့ တောင်းသမျှ အကုန်ပေး လိုက်တယ်"

တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ချီရွှမ်းက ခေါင်းယမ်းသည်။

"အဲ့တာထူးဆန်းတယ် ၊တစ်ညလုံး လျန်လျန်ကလည်းနိုးမလာဘူးဆိုတော့၊ အိမ်တော်ထိန်းဆီ သွားလိုက်တာ၊စားဖိုဆောင်အငယ် ကို ခေတ္တ ဖွင့်ပေးဖို့ပေါ့၊ ဒါပေမယ့် သဘောမတူလောက်ဘူးထင်ထားတာကို စားဖိုဆောင်မှာ လိုအပ်မယ့် အမယ်တွေပါ သူ့ဘာသူ ထုတ်ပေးလာတယ်"

အဲ့တာတင် မကသေး ပဲ ၊အိမ်‌တော် ထိန်းက ဆက်ပြောသည်။ အိမ်ဝန်းထဲမှ ပရိဘောဂ များက အသုံးမပြုသင့်တော့သဖြင့်မကြာခင် အသစ်နှင့် အစားထိုးပေးဦးမည်ဟူ၍။ အိမ်တော်ထိန်းက ရှန်သခင်မကြီး၏လူဖြစ်တာမို့ သူတို့အား ကောင်းကောင်းမွန်မွန်ဆက်ဆံမည်မထင်။ချီယွဲ့တို့နှစ်ဦးသား ခေါင်းချင်းဆိုင်ကာ တစ်ညလုံးအဖြေထုတ်ကြသော်လည်း၊ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ခဲ့ပေ။

"ဟဟဟ...အံ့ဩစရာ မရှိပါဘူး၊လျိုရှုဟန်က ဂုဏ်သတင်းကို အရမ်းအလေးထားတဲ့သူ၊ ငါက ဒီကိုပြန်ရောက်ပြီဆိုတော့ အနှေးနဲ့ အမြန် လူတွေနဲ့ ဆုံတွေ့ရမှာပဲ ၊ငါ့အစ်ကိုကြီးဆိုရင် အရည်ချင်းရှိပြီး အားလုံးက ချီးမွှမ်းရတဲ့သူ၊ ငါ့ကျတော့ တုံးလင်အိမ်တော်က အစေခံလောက်မှ မသားနားရင် လူတွေက ရှန်သခင်မ ကို ဘယ်လိုတွေ အတင်းတုပ်လိမ့်မလဲ? အချိန်တိုအတွင်း ငါ့ကို ကျန်းမာလာအောင် နည်းပေါင်းစုံနဲ့ ဂရုစိုက်လိမ့်မယ် ၊အဲ့ဒီတော့ ဘာမှ အားနာနေစရာမလိုဘူး ၊လိုတာရှိရင် သွားတောင်းဆိုလိုက်ပါ"

လျိုရှုဟန်ရဲ့ ရည်ရွယ်ချက်ကို ရှန်လျန် ရှင်းပြခဲ့သည်။အရင်ဘဝက သူ လှည့်ကွက်ပေါင်းများစွာကိုကြုံဖူးခဲ့ပြီးသည်လေ။  ချင်ယွင်ရှန်းနှင့် လက်ဆက်ပြီးနောက်တွင် မင်းသား၄၏ အနောက်ဆောင် မောင်းမ များ၏ မာယာအထွေထွေ ကို သူ သိမြင်ခဲ့ရပြီးပြီ။

သူဧကရီ ဖြစ်တော့ ကိုယ်ပိုင်နန်းတော်ချီးမြှင့်ခံရ၏။ ကိုယ်လုပ်တော်များ၏ ရည်ရွယ်ချက်ရှိရှိ ချောက်တွန်းမှုများအကြား ၊သူလည်း ရက်စက်တတ်လာသည်။ ထိုလူတွေအပေါ် နားလည်ရန်လည်းမကြိုးစားခဲ့သလို ၊ဂရုလည်း မစိုက်ပါ။ ကြိုတင်ခန့်မှန်းရလျှင် လျိုရှုဟန်က သူ့အားသတ်ရန် ထပ်တစ်ကြိမ် ကြိုးစားလာလိမ့်မည်။ သို့သော် မည်သူကို စေခိုင်းမည်တော့ မသိချေ။ဤတစ်ခေါက်မှာရော? သူမ အောင်မြင်သွားမလား...... မပြောတတ်ချေ။

ဖြစ်နိုင်‌ချေ များကို တွေးဆရင်း ရှန်လျန် လှောင်ပြုံးပြုံးမိ၏။ သူအရင်လို မိုက်ရူးရဲဆန်စွာ ပူးပေါင်းပေးတော့မည်မဟုတ်ပေ။

"ဒါဆို ငါတို့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်စရာမလိုတော့ဘူးပေါ့ ဟုတ်လား!"

ထိုသို့ ရိုးသား ဖြူစင်နေသူလေးက ချီရွှမ်းဖြစ်သည်။ သူ့စကား ကြားပြီး ခေါင်းယမ်းသူက ချီယွဲ့ပင်။

"အပေါ်ယံနဲ့ မဆုံးဖြတ်နဲ့၊ သခင်မက လျန်လျန်ကိုသတ်ချင်နေတာနော်၊ ရွာမှာလောက် တုံးလင်အိမ်တော်က မကောင်းဘူး၊ အနာဂါတ်မှာ မင်းရဲ့ ဦးနှောက်လေး ကိုအလုပ်များများပေးဦး"

"အင်း... ချီယွဲ့ပြောတာမှန်တယ်၊နောက်ကို စကားဆင်ခြင်ပါ့မယ်၊  သူတို့လှည့်ကွက် တွေ ဘယ် လောက်များများထုတ်သုံးဦးမလဲ ငါတို့ မသိဘူး၊  နယ်က လူတွေက ရိုးသားတယ် ၊ဒီကလူတွေ နဲ့များ တစ်ခြားစီပဲ"

ရှန်လျန်ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။ မူလက ချီယွဲ့၏ ကြင်နာ တတ်မှုကို သူစိုးရိမ်မိသော်လည်း ၊ကြည့်ရသည်မှာ မိမိအပေါ် ကောင်းခြင်း၊မကောင်းခြင်းပေါ် မူတည်မည်ထင်၏။ ဤအိမ်တော်မှ လူတွေရဲ့  အတွင်းစိတ်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်ထင်သည်။သို့သော်....

"ပြီးတော့ ,အဲ့လူသတ်သမားတွေက သခင်မကြီးနဲ့ ရှန်ချန်တို့လူတွေ ...မလား?"

ချီရွှမ်းမှ ညီမ ဖြစ်သူအား ဝေဖန်ပြောဆိုနေသော်လည်း အစ်ကိုဖြစ်သူရှန်လျန်က စိတ်မကွက်ပေ။ ထို့အပြင် ဂရုမစိုက်စွာ ပြုံးနေသေးသဖြင့် ရှန်လျန်ရော ချီယွဲ့ပါ ရယ်မိကြသည်။ ချီရွှမ်းအား ယခုလို ဖြူဖြူစင်စင်လေးသာ ဆက်ရှိနေစေချင်ပါသည်။

"လျန်လျန်၊ ဓားပြတွေနဲ့ သခင်မရှန်ကို တစ်ကယ်ပဲ လွှတ်ပေးဖို့ကြံနေတာလား? တစ်ကယ်လို့ တရားရုံးတော်ထိ မသွားတိုင်ရင်လဲ အမတ်ကြီးကိုပြောပြနိုင်တာပဲမလား? ဒီတစ်ခါ သူမ အရမ်းလွန်တယ်၊မင်းရဲ့အသက်ကိုတောင် လိုချင်နေတာလေ"

ချီယွဲ့ မျက်မှောင် ကြုတ်ကာ မနေ့က အကြောင်း ဆက်ပြောသည်။ ရှန်လျန် ခေါင်းယမ်းလိုက်ကာ...

"သူတို့ငါ့အသက်ကို လိုချင်တာမဟုတ်ဘူး၊ ဒီတိုင်း ဓားပြတွေကို ပြန်ပေးဆွဲခိုင်းတာ ပြီးမှ ငါ့ဂုဏ်သတင်းတွေကို တစ်စစီ ဖျက်ဆီးမှာ၊ ငါ့အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာလဲ ငါ့ကြောင့် ပျက်စီးသွားမှာပေါ့"

မင်းသမီးယွဲ့ဟွားရဲ့မြေးလည်း ပြန်ပေးဆွဲခံရပြီး ၊လျိုရှုဟန်ရဲ့ လက်ချက်ပဲ ဆိုတာတော့ ရှန်လျန် သူတို့အား မပြောပြလိုက်ပေ။

"ဒုန်း...!" ဘယ်လိုပဲ ဖြစ်ဖြစ် ချီယွဲ့တို့နှစ်ယောက်ကတော့ ဒေါသထွက်ဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးလုံးက‌လည်း 'ကော' များ ဖြစ်သည်။ 'ကော' တို့၏ ဂုဏ်သိက္ခာ သည်အမျိုးသမီးများနှင့် တူပြီး ပိုလို့တောင် အရေးပါသေးသည်။  ရှန်လျန်ကို ထိခိုက်စေပြီး ရှန်အစ်ကိုကြီး ကိုလည်း အလွှတ်မပေးချေ။ လျိုရှုဟန်..... သူမ က တစ်ကယ့် လူလိမ် အကြီးစားပဲ..။

"လျန်လျန်၊ အမတ်ကြီးဆီ သွားတွေ့ရအောင်"

ရုတ်ချည်းပင် ချီယွဲ့က ရှန်လျန့်လက်အား ဆွဲကိုင်ကာ ထရပ်သည်။ သို့သော် ရှန်လျန်မှ ပြန်ဆွဲထားသည်။

"အမတ်ကြီးကို ဘာအကြောင်းသွားတိုင်မှာလဲ?ဘယ်မလဲ သက်သေက? သူက ငါတို့ကို ယုံတယ်ထားပါတော့၊ ငါ့အတွက် လျိုရှုဟန်ကို အပြစ်ပေးနိုင်မှာလား? ချီယွဲ့ .. တုံးလင် အမတ်ကြီး  အမုန်းဆုံးအရာက ဘာလဲ ဆိုတာ မင်းမေ့သွားပြီလား"

တစ်ခြားသူတွေနှင့် လျိုရှုဟန်က သူ့အား မုန်းနေတယ်ဆိုလျှင် သူနားလည်ပါသည်။သူ့အဖေမှ သူ့အားအလွန်မုန်းတီးနေသည့်အကြောင်းရင်းကိုဖြင့် သူ သဘောမပေါက်ချေ။ ရှန်လျန် မှ ဝမ်းမနည်းပါဟုဆိုလျှင် ညာနေတာပဲဖြစ်မည်။ သို့သော် အရင်ဘဝက သူ့အားသားတစ်ယောက်အဖြစ် မသတ်မှတ်ခဲ့သော ဖခင်ကို ယခု သူသည်လည်း အဖေဟု မတွေးနိုင်တော့ပေ။ ဒီဘဝတွင် ရှန် မျိုးနွယ်အားဖျက်စီးချင်သည့် လူက သူပဲ ဖြစ်သည်။

"အဲ့တာဆို ဒီတိုင်းပဲ ထားလိုက်တော့မို့လားကွာ?"ချီယွဲ့တို့မှာ မျက်ဝန်းအိမ်များနီရဲလာလျက်။ သူတို့ မည်သူ့ကိုမျှ ခွင့်မလွှတ်နိုင်ပေ။ ပြင်းထန်စွာ အံကြိတ်ထားလျက် တွေးမိသည်မှာ... ဘာကြောင့်များ လျန်လျန် ကို ဒီလိုလုပ်ရက်နိုင်ရတာလဲ ဟူ၍။

"ဒီတိုင်း မေ့ပစ်ဖို့တော့ မဖြစ်နိုင်ဘူး၊ စိတ်မပူပါနဲ့၊ ငါ့အပေါ် အကြွေးတင်နေတာတွေကို တဖြည်းဖြည်း ပြန်ယူပြမှာမို့"

မတ်တပ်ထရပ်ကာ ပခုံးပုတ်နှစ်သိမ့်ပေးလိုက်၏။ ထို့နောက် စာရေးခုံမှ စာရွက်နှင့်မှင်တံ ယူကာ ချရေးလိုက်သည်။

'အဆိပ်သခင် ပြန်လည်ပေါ်ထွက်လာပြီးနောက်.... အိပ်မက်ဆိုးကြီးတစ်ခုကို သူဖန်တီးလိမ့်မယ်။ ဝိသမ လောဘသားတွေအားလုံး အဲ့ဒီအိပ်မက်ဆိုးကြီးထဲ အဆုံးအစမဲ့ နှစ်မြှုပ်ခံရလိမ့်မယ်'

"လျန်လျန်၊ ဘာလို့ဒီလိုစာတွေ ရေးနေ...."

သောက်ရမ်း ကြည့်ကောင်းတာပဲ!

စာရွက်အား ငုံ့ကြည့်ကာ ချီရွှမ်းနှင့်ချီယွဲ့တို့ မှာ အံ့ဩမှုများနှင့်။ စာလုံး စုတ်ချက်က တည်ငြိမ်ပြီး ပေါ့ပါးသည်။ ပြတ်ပြတ်သားသားနှင့် ဆွဲဆောင်မှုရှိနေကာ...ထိုစာကြောင်းများသည် နဂါးများ  တိမ်ပေါ် ပျံဝဲနေသကဲ့သို့........။

Words 2028

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment