no

Font
Theme

ရှန်လျန်ရဲ့ အပြစ်ပေးမှု

"ကျောက်လန် မင်းကိုနောက်ဆုံးအကြိမ် သတိပေးလိုက်မယ်၊ ဒါက တုံးလင်အိမ်တော်!!အိမ်တော်ရဲ့သခင်က ကျုပ်ပဲ!"

စိတ်တည်ငြိမ်လာတဲ့ရှန်ရွေ့ထင်က စိတ်ပျက်ခြင်းအတိ ခံစားနေရသည်။ ရှန်လျန့်ကို ဆေးခတ်ဖို့ကြံစည်တာတောင် သူ့ကိုဆွဲထည့်လိုက်သေး၏။ ဒီကိစ္စကို ဒီတိုင်းမပြီးလိုက်နိုင်၊ ကျိန်းသေ ထုတ်ဖော်ရမည်။

"ခဲအို..."

တစ်ခါမှ ခုလို မာန်မဲခံရဖူးတာမရှိတော့ အံ့အားတသင့်နဲ့ ရှန်ရွေ့ထင်ကိုကြည့်လိုက်ရာ မျက်လုံးထဲမှာ သူ့ကို စက်ဆုပ်နေဟန်မြင်လိုက်ရသည်။ သန္ဓေမတည်ဆေးအကြောင်း နဲ့ ကောက်ကျစ်တဲ့လှည့်ကွက် တစ်ခုမကျန် စိတ်ရဲ့အနက်ရှိုင်းဆုံးထိ စွဲမြဲမှတ်ထားဟန်ရှိ၏။

သူ့ကို လစ်လျူရှုလိုက်ပြီး ရှန်ရွေ့ထင် ခေါင်းမတ်မတ်ထားကာ သေချာ အာရုံစိုက်လိုက်သည်။

"မင်းသိသမျှ အကုန်ပြောပြ၊ ဘာမှ ချန်မထားနဲ့"

ဒုတိယမိသားစု၊ တတိယမိသားစုအပါအဝင် သခင်မကြီးပါ သူနဲ့သွေးသားမတော်စပ်ပါ။ မွေးစားပေးခဲ့တဲ့ ဖခင် ကျေးဇူးကို သိတတ်ပြီး မဆုံးပါးခင် ဆန္ဒတောင်းဆိုချက်အရ နှစ်ပေါင်းများစွာကြာသည်အထိ မွေးစားအဖေ မိသားစုအား ထောက်ပံ့ပေးခဲ့သည်။ လျိုရှုဟန်နဲ့ အတင်း‌လက်ထပ်ဖို့ တွန်းအားပေးခဲ့တာတောင် မွေးစားမေမေအား အမေရင်းတစ်ယောက်လို မှတ်ယူကာ နာခံခဲ့သေးသည်။

သိတတ်နာခံမှုတွေအားလုံး သဲထဲရေသွန် အရာမထင်သာဖြစ်ခဲ့ရသည်။ ကံဆိုးစေတဲ့မက္ခတ်နဲ့မွေးဖွားလာတယ်ဆိုပြီး ရှန်လျန့်အပေါ်စွပ်စွဲချက်အား လူနှစ်ဦးမှ ဖန်တီးခဲ့သည်ဟု သံသယရှိသော်လည်း အခြားမိသားစုဝင်တွေကပါ ရှန်လျန့်အပေါ် ယုတ်မာစွာ ဆေးခတ်မယ်လို့ မထင်ထားမိခဲ့၊ လျန်အာသာ ကလေး မမွေးပေးနိုင်ရင် သူဘယ်လိုလုပ်တော့မလဲ? 'ကော'အ‌ေနနဲ့ သူ့တစ်ဘဝလုံး ဘယ်လိုနေထိုင်သွားရပါ့မလဲ?

"ဟုတ်ကဲ့ ဦးလေး"

ရှန်ဟွေးက လက်သီးတင်းတင်းဆုပ်ပြီး ကျောက်လန်တို့ကို တစ်ချက် ချောင်းကြည့်လိုက်သေး၏။

"မနေ့ညက ခြေသံကြားလို့ ကျွန်‌ေတာ်လည်း သိချင်စိတ်ဖြစ်ပြီး နောက်ကလိုက်ချောင်းတာ၊ ညီမရှစ်က ရှန်လျန့်အခန်းထဲ ပြေးဝင်သွားတာ တွေ့လိုက်တယ်၊အိမ်မှာဆို ညီမရှစ်နဲ့ ညီသုံးက အမြဲ ကတောက်ကဆဖြစ်တာ အကုန်လုံးလည်း သိနေတာပဲမဟုတ်လား၊ ကျွန်တော်ထင်လိုက်တာ ညီမရှစ်က ပြဿနာလာရှာတာလားပေါ့၊ အဲ့ဒါနဲ့ တားမလို့ အခန်းနား သွားလိုက်မလို့လုပ်တော့ နောက်ထပ်လူတစ်ယောက် ရောက်လာရော၊ အဲ့လူက အဆင့်အတန်းမြင့်မြင့် ဝတ်စားဆင်ယင်ထားတယ်၊ ကျွန်တော် အရင်က သူ့ကိုခဏခဏ အဝေးကနေတွေ့ဖူးပါတယ်၊ သွားစပ်စုမလို့လုပ်‌ေတာ့ ရုတ်တရက် ကျွန်တော့်လည်ဂုတ်က ဆိုးဆိုးရွားရွားနာကျင်ပြီး သတိလစ်သွားတော့တာပဲ၊ ပြန်နိုးလာတော့ မနက်မိုးလင်းနေပြီ"

ဒီစကားတွေက ယောင်းကွမ်သင်ပေးတာဖြစ်သည်။ ထိုအချိန်မှ ရှန်ဟွေးက ရှန်လျန်ရဲ့အင်အား ဘယ်လောက် ကြီးမားတယ်ဆိုတာ သဘောပေါက်သွားခဲ့သည်။ ကြည့်ရတာ ရှန်ချောင်က အမြင့်တက်ဖို့ကြိုးစားတာဖြစ်ပြီး ခုလိုလုပ်ရပ်၏အကျိုးဆက်က သူ့တစ်ဘဝလုံး ပေးဆပ်လိုက်ရတာပဲဖြစ်၏။

"အဲ့တာ ဘယ်သူလဲ"

ရှန်ရွေ့ထင်မျက်လုံးက နက်ရှိုင်းသွားပြီး တခြားလူတွေလည်း နားစွင့်ထားကြသည်။ ရှန်ဟွေးက ကျောက်လန်တို့ကို တစ်ချက် ဝေ့ကြည့်ပြီး ခေါင်းငုံ့ထားကာ ပြော၏။

"ကျန်းမင်းသားပါ"

"ဘာပြောတယ်!"

"မဟုတ်ဘူး၊ အား.... မဟုတ်ဘူးလို့"

ရှန်ရွေ့ထင် ထိုစကားကြားတာနဲ့ ထခုန်မိသလို လူတိုင်း မယုံကြည်နိုင်‌စွာ မျက်လုံးပြူးကုန်သည်။ ရှန်ချောင်က တစ်ခုခုတွေးတောနေပုံရပြီး အရူးလို ‌စူးစူးဝါးဝါး အော်ဟစ်ပြန်သည်။ ဒီက်စ္စကမှ အမှန်တရားဟု ဝန်ခံနေသယောင်။

"ရှန်ဟွေး နင်မဟုတ်တာ ပြောရဲတယ်၊ ငါနင့်ကို တစ်စစီလုပ်ပစ်မယ်"

သမီးက ရူးနှမ်းနှမ်းအပြုအမူလုပ်လာပြန်သဖြင့် ကျောက်လန် အမြန်ဖမ်းဆွဲထားရသည်။

ယောင်းကွမ်က ရှန်ဟွေးရှေ့မှာ ရပ်ကာကာကွယ်သည်။ ရှန်ဟွေးက သေချာ ရှင်းပြသည်။

"ကျွန်တော် မလိမ်ဘူး၊ အမေမယုံရင် ကျွန်တော့်ဂုတ်ပိုးကိုကြည့်ကြည့်၊ ခုချိန်ထိ အရာထင်နေတုန်း၊ အဲ့လူက မင်းသားကျန်းဆိုတာ ကျိန်းသေတယ်၊ကျွန်တော့မျက်စိနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ၊ သူက ရှန်လျန့်အခန်းထဲကို ညီမရှစ် နောက် လိုက်ဝင်သွားတာ"

"မကောင်းတဲ့ကောင်!"

"တော်တော့ ‌ကျောက်လန် ၊မင်းဒီလိုဆက်ပြီး ပမာမခန့် လုပ်နေမယ်ဆိုရင် မိသားစုအပြစ်ဒဏ်ပေးမှ ကျုပ်ကို အပြစ်မတင်လေနဲ့"

ရှန်ရွေ့ထင် သည်းမခံနိုင်ဖြစ်လာသည်။ ကျောက်လန်ကို ငြိမ်ဆေးကျွေးလိုက်ပြီး အရူးလို ခေါင်းတခါခါ လည်တခါခါ အော်ဟစ်နေသည့် ရှန်ချောင်ကိုလည်း လစ်လျူရှုကာ ရှန်ကျီကို မျက်ရိပ်ပြလိုက်သည်။ အခြွေရံရှန်ကျီက သဘောပေါက်သည်။ ရှန်ဟွေးရဲ့ လည်ဂုတ်ကို သွားရောက်စစ်ဆေး၏။

"သခင်ကြီး.. သုံးယောက်မြောက်သခင်လေး ရဲ့ လည်ဂုတ်က တစ်ကယ်ပဲ နီရဲရောင်ကိုင်းနေပါတယ်၊ ကြည့်ရတာ လက်ကိုင်ဓားရိုးနဲ့ အရိုက်ခံလိုက်ရတာဖြစ်နိုင်တယ်"

"ဘုန်း!"

ကျောက်လန် ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် ကျသွားသည်။ ကျန်းမင်းသားလား ၊တစ်ကယ်ပဲ ကျန်းမင်းသားပေါ့၊ သနားဖို့ကောင်းလိုက်တဲ့ သမီးလေး တဏှာရူးနှာဘူးထတဲ့ မင်းသားရဲ့ အဓမ္မကျင့်တာ ခံလိုက်ရရှာတယ်။

"မင်းမှာ ဘာပြောစရာကျန်သေးလဲ"

ရှန်လျန် လုပ်တာလို့ ပြောဦးမလား? ရှန်ရွေ့ထင် ဟားတိုက်လှောင်ရယ်ချင်သည်။သက်သေက ဒီလောက် ခိုင်မာနေတာ ရှန်လျန်လို့ စွပ်စွဲချင်သေးလား?

တစ်ကယ်လည်း မပြောရဲကြတော့ပါ၊ရှန်ရွေ့ချင် နာနာကျင်ကျင်နဲ့ မျက်လုံးမှိတ်ထားသည်။ မင်းသားထဲမှာ ကျန်းမင်းသားက မစားကောင်းတဲ့ အသီးပဲ။

"မဟုတ်ဘူး၊ သူမဟုတ်ပါဘူးဆို၊ အဲ့လူမဟုတ်ဘူး၊ ချင်ဖင်းမြို့စားမင်းလုပ်တာ၊ မြို့စားမင်း ငါနဲ့အိပ်တာ"

ဒီအခြေအနေတောင်ရောက်နေပြီ၊ ရှန်ချောင်က မြို့စားမင်းလို့ တသွင်သွင် ပြောနေတုန်း၊ ရှန်လျန်က ထူးမခြားနားစွာ ကြည့်လိုက်ပြီး အနားတိုးကပ်သွားတယ်။

"နင်... ဘာလုပ်မလို့လဲ"

"ဖြောင်း! ဖြောင်း!"

ကြမ်းပြင်မှာ ကြောင်အမ်းအမ်းထိုင်ချလျက်ရှိတဲ့ ကျောက်လန်က သူ့ကိုမြင်တာနဲ့ သမီးကိုအမြန်ပြေးဖက်လိုက်တယ်၊ မေးခွန်းတောင်မဆုံးသေး.. ရှန်လျန်က နှစ်ချက်ဆင့် ပါးချလိုက်သည်။

"ချင်ဖင်းမြို့စားမင်းနဲ့ မင်းနဲ့ တန်လို့လား၊ ရှန်ချောင် ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့၊ တော်ဝင်မိသားစုရဲ့ အသရေတော်ကို ညှိုးနွမ်းအောင် လုပ်ရင် အပြစ်ဒဏ်က ထောင်ဒဏ်ပဲ၊ ‌မသန့်စင်တော့တဲ့ အမျိုးသမီးလေး.. အကျဉ်းထောင်က မင်းကိုကြိုဆိုနေတယ်နော်"

ရှန်လျန် ‌ခံစားချက်မဲ့စွာပြောပြီး ‌တစ်ဖက်လှည့်ကာ ပုံမှန်လေသံဖြင့် အမိန့်ပေး၏။

"လာကြစမ်း အစောင့်တွေ"

"ဟုတ်ကဲ့"

ဘာကိစ္စတွေ ဖြစ်ခဲ့မှန်း မသိသော်လည်း မိသားစုဝင်ဖြစ်တဲ့ ရှန်လျန့်အမိန့်ကို နာခံလိုက်ကြသည်။ ရှန်ရွေ့ထင် မတားတာကိုမြင်တော့ အစောင့်တွေဟာ တုံ့ဆိုင်းမနေပဲ နာခံလိုက်ကြသည်။ နောက်နာရီဝက်ခန့်ကြာသောအခါ အရှေ့ဆောင်ရဲ့ခြံဝန်းမှာ လူစည်ကားနေပြီး ပို၍ပို၍ လူထူထပ်လာသည်။ တုံးလင်အိမ်တော်က လူခွေးမကျန်လူစုလိုက်ကြသည်မှာ မည်သည့်ခြံဝန်းမှမကျန်စေ။

"ဘဏ္ဍာထိန်း ဘယ်မှာလဲ"

ထိုလူက တုန်တုန်ရီရီနဲ့ ရှန်လျန့်နားရောက်လာသည်။ရှေ့တစ်‌ခါကလို ပမာမခန့် ထပ်မပြုရဲတော့ပါ။

ရှန်လျန် အလေးမထားဟန် တစ်ချက်ကြည့်သည်။ ထို့နောက် အခြွေရံနှစ်ယောက်ကို လက်ညှိုးထိုးပြကာ ဘဏ္ဍာထိန်းမှ အပြစ်ပေးစေသည်။

"ဆွဲထုတ်ပြီး မသေမချင်းကြိမ်နဲ့ရိုက်စမ်း"

"မလုပ်ပါနဲ့ ပဉ္စမသခင်လေး ကျွန်မတို့မှားမှန်းသိပါပြီ၊ အသက်ချမ်းသာပေးပါ၊ ဒီက အစေခံ မှားမှန်း သဘောပေါက်ပါပြီ၊ ချမ်းသာပေးပါ သခင်လေး! သခင်လေး အသက်ချမ်းသာပေးပါ၊ သခင်လေး....သခင်လေး...."

ကြိမ်နဲ့ရိုက်ဖို့ ပြော‌တာနဲ့ လိမ်ညာပြောတဲ့အခြွေရံနှစ်ယောက်ရဲ့ မျက်နှာက ချက်ချင်းဖြူရော်သွားကာ မြေပြင်ပေါ်ဝပ်တွားပြီး အသက်ချမ်းသာပေးရန် အသည်းအသန် တောင်းပန်သည်။ သူတို့ရဲ့ ငိုယိုသံက အခန်းကျယ်ထဲ ဝရုန်းသုန်းကားဖြစ်နေတာကြောင့် ဘာမှ မသိသေးတဲ့ အစေခံတွေက အထူးအဆန်းလှမ်းကြည့်နေကြသည်။

ရှန်လျန်က မိသားစုအရေးဖြေရှင်းဖို့ ယာယီတာဝန်ယူထားတဲ့စွင်းကျင့်ကိုကျော်ပြီး ရှန်ချောင်ရဲ့ အနီးကပ် အခြွေရံနှစ်ယောက်ကို အပြစ်ပေးသည်။ ပုံမှန်အခြေအနေမှာတောင် အိမ်တော်ကိုရောင်းစားခံရတဲ့ အစေခံတွေ ပြဿနာလုပ်လျှင် တိုက်ရိုက် သတ်ပစ်ခွင့်ရှိသည်ဖြစ်ရာ တော်ဝင်မိသားစုဝင်ဆိုလျှင် အာဏာပိုရှိသည်က အမှန်။

"အစောကတည်းက ငါသတိပေးခဲ့ပြီးသား၊ မင်းတို့ လိမ်ညာပြီး ဝန်ခံမယ်ဆိုရင် အနိမ့်ဆုံးအပြစ်က သေဒဏ်‌ပဲလို့... ဆွဲထုတ်သွားကြ"

"ဟုတ်ကဲ့"

ရှန်ရွေ့ထင် မျက်မှောင်ကြုံ့သွားတာတောင် ရှန်လျန်က နောက်တွန့်သွားခြင်းမရှိရာ အိမ်တော်ထိန်းလည်း တုံ့ဆိုင်းမနေရဲပဲ လက်ဟန်ပြကာ အခြွေရံနှစ်ယောက်ကို ခြံဝန်းထဲ ဆွဲထုတ်စေသည်။

"မလုပ်ပါနဲ့၊ မမလေး ကယ်ပါ၊ သခင်မ ကယ်ပါဦး"

"ဝူး.... သခင်လေး အသက်ချမ်းသာပေးပါ၊ဒီက အစေခံ မှားမှန်း သိပါပြီ"

အော်ဟစ် ငိုယိုကာ မည်မျှပင် အသနားခံစေကာမူ ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်ခံလိုက်ရသည်သာ၊ သူတို့အတွက် နဂိုက ကာကွယ်ပေးသည့်ရှန်ချောင်ဟာလည်း အဓမ္မကျင့်သွားသူက မင်းသားကျန်းမှန်း ဖော်ထုတ်ခံလိုက်ရပြီးနောက်မှာ ဘယ်လိုလုပ် တစ်ပါးသူရဲ့သေခြင်းရှင်ခြင်းကို အာရုံစိုက်နိုင်တော့မည်လဲ၊ ကျောက်လန် ဆိုရင်လည်း သမီးအတွက် စိုးရိမ်‌နေတာကြောင့် တခြားသူကိုကာကွယ်မပေးနိုင်ပါ။

"သခင်လေး အသက်ချမ်းသာပေးပါ"

မျက်ရည်တွေ စီးကျနေသော်လည်း ရှန်လျန့်တွင် သနားကြင်နာစိတ် အနည်းငယ်မှ မရှိ၊ ခွင့်လွှတ်ပေးလိုက်လျှင် သူ့လူက သူများ စွပ်စွဲတာ ခံနေရမှာလား၊ ယွမ်ရွှင်းရဲ့လူတွေက ယွမ်ရွှင်း အရှေ့ဆောင်မှာ တစ်ညလုံးရှိနေတာ အတည်ပြုသက်သေပြပေးနိုင်တယ်၊ဒါကိုမလောက်လေးမလောက်စား လူတွေက သူ့အပိုင်လူကို လာထိရဲတယ်၊ သူတို့ဖြစ်ချင်သလို ဖေးယွမ်ရွှင်းက ရှန်ချောင်နဲ့ လက်ထပ်လိုက်ရမှာလား? မဖြစ်နိုင်ဘူး၊ ဒီတော့ ဒီအစေခံနှစ်‌ေယာက်ကို လုံးဝ အသက်ချမ်းသာမပေးနိုင်။

"လူတိုင်း မျက်စိဖွင့်ပြီး သေချာကြည့်ထားကြ၊ ကိုယ့်သခင်ကို လိမ်ညာလှည့်စားရင် ဒီလိုအပြစ်ခံရမယ်၊ ဘယ်သူက တုံးလင်အိမ်တော်ရဲ့ သခင်အစစ်လဲဆိုတာ ခေါင်းထဲ မြဲမြဲ ထည့်ထားကြ၊ အနာဂါတ်မှာ အပြစ်လုပ်မယ်ဆိုရင် ခုလိုမျိုး တုတ်နဲ့ သေတဲ့အထိ ရိုက်ခံရမယ်၊ လုံးဝ ချမ်းသာပေးမှာ မဟုတ်ဘူး! ရိုက်ကြစမ်း!"

"ဟုတ်ကဲ့!"

"ဖြောင်း! ဖြောင်း!ဘုန်း!"

"အားးးးးးးးး"

ရှန်လျန့်အမိန့်သံအဆုံး အားသန်တဲ့ လက်မောင်းက ထူထဲတဲ့ တုတ်တံနဲ့ မိန်းကလေးနှစ်ဦးကိုရိုက်နှက်တာကြောင့် နာနာကျင်ကျင် အော်ဟစ်သံ ထွက်ပေါ်လာရသည်။ စုဝေးကာရပ်ကြည့်နေတဲ့ အစေခံတွေလည်း အကုန်ကြောက်ရွံ့ကုန်သည်။ လျိုရှုဟန်မတိုင်မီ သခင်မတွေ ဟာ နာမည်ကောင်းထိန်းသိမ်းရန် အလို့ငှာ အပြစ်ပေးရန် လူသတ်မည်ဆိုရင်တောင် အဆိပ်တိုက်ပြီး သေခိုင်းလိုက်ကြသည်သာ၊ ကျောက်လန်နဲ့ စွင်းကျင့်တို့အာဏာထိန်းသက်တမ်းက တိုတာကြောင့် တုံးလင်အိမ်တော်မှာ ယခုလို ပြင်းထန်စွာ အရေးယူတာမျိုး မရှိရာ ဤမြင်ကွင်းမျိုး မည်သူမှ မမြင်ဖူးခဲ့။

"အား.... သခင်လေး ချမ်းသာပေးပါ"

"အားးးးးးးး"

အခြွေရံရဲ့ခန္ဓာကိုယ်က သွေးတွေ ဖုံးလွှမ်းကုန်သလို ရိုက်နှက်နေတဲ့သူတွေလည်း သွေးတွေစင်ကုန်သည်။ အချို့အစေခံများက မကြည့်ရဲတော့တာကြောင့် မျက်လုံးမှိတ်ထားကြသော်လည်း နားက ရှင်းရှင်းလင်းလင်းကြားနေရရာ အတွေးထဲ ကြောက်စရာမြင်ကွင်းကို မြင်ယောင်မိကြသည်။

တစ်ဖက်မှာတော့ အစအဆုံး ကြည့်ရှုနေတဲ့ ရှန်လျန်သာ မျက်နှာထား မပြောင်းလဲတာဖြစ်သည်။ ထိုအခြင်းအရာကိုမြင်သော် အစေခံတွေရဲ့ စိတ်ထဲ အကြီးအကျယ် တုန်လှုပ်သွားကြပြီး နှလုံးသားအောက်ခြေထိ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည် ။

ယနေ့ချိန်မှ စ ပဉ္စမသခင်လေးအား အပြစ်လုံးဝ လုပ်မိ၍ မရဟူ၍၊ မျက်နှာသာ မပေးခံရဆုံးသူက ကြောက်စရာအကောင်းဆုံး ဖြစ်ပုံရသည်။

အရင်ဘဝ၌ ရှန်လျန်က ကြင်ယာတော်အဖြစ် ခြောက်နှစ် ခစားခဲ့ပြီး ၊ဧကရီအဖြစ် နှစ်နှစ် ခစားခဲ့သည့် သက်တမ်းတစ်လျှောက် မည်မျှကြင်နာ နူးညံ့သည့် စိတ်ထားရှိခဲ့သလဲဆိုတာ မည်သူမှ မသိခဲ့တော့ချေ။ သူ့ရှေ့တည့်တည့်မှာ ချီရွှမ်း သေအောင် ရိုက်ခံလိုက်ရတာတောင် ဒီလူတွေကို ပြန်အပြစ်ပေးဖို့ မလုပ်ခဲ့၊ တော်ဝင်မောင်းမဆောင်ရဲ့ လှည့်ကွက်တွေ မြင်ခါမှ လွတ်နေတဲ့ အပိုင်းတွေကို သင်ယူခဲ့ခြင်းဖြစ်သည်။

‌ဆိုရလျှင် သခင်ကသာ သူ့ခွေးနှင့် သက်ဆိုင်သည် မဟုတ်လား၊ ရှန်လျန်ကရှန်ချောင်ရဲ့ အခြွေရံနှစ်ယောက်ကို တိုက်ရိုက် သတ်ပစ်တာကြောင့် ဒုတိယမိသားစုကိုမျက်နှာပျက်စေသည့်အပြင် လူပါကယ်ခွင့် မရတာကြောင့် ဒေါသူပုန်ထနေကြသည်။

မေ့မျောနေတဲ့ သခင်မကြီး အမြန်သတိရလာစေဖို့ မျှော်လင့်နေကြသည်။ သခင်မကြီး ညွန်ကြားသမျှကို ရှန်ရွေ့ထင် မနာခံပဲနေရဲလားကြည့်ချင်သေး၏။ ထိုအခါမှ ပြဿနာရှာရဲတဲ့သူကို ငြိမ်ဝပ်ပိပြားအောင် လုပ်ခိုင်းပစ်မည်။

"ဂျွတ်!"

"ခွပ်!"

"အား....."

အရိုးကျိုးသံကြီး ထွက်ပေါ်လာတာကြောင့် အခြွေရံနှစ်ယောက်ရဲ့ အသည်းခိုက်မတတ် ‌အာခေါင်ခြစ်အော်လိုက်ကြသည်။ ရိုက်နှက် အပြစ်ပေးနေတဲ့ ငယ်သားတွေက ရပ်တန့်လိုက်ကြပြီး ဘာဆက်လုပ်ရမှန်း မသိစွာ ရှန်လျန့်ကိုလှမ်းကြည့်ကြသည်။

"ဘာလဲ? အတူတူရိုက်ခံချင်လို့လား"

ရှန်လျန့်ရဲ့ လေသံက ရေခဲရိုက်သလိုအေးစက်မာကြောနေသည်။ တုတ်တံနဲ့ အချက်ပေါင်းများစွာဆက်လက် ရိုက်နှက်ခံရသည့်အတွက် ကျောရိုးများကျိုးကုန်ပြီး ခါးတစ်ဝိုက်နဲ့ တင်ပါးဆိုရင် သွေးသံတရဲရဲနဲ့ အသားလှန်ပြီး စုတ်ပြတ်နေကာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ခွဲခြား၍ပင်မရနိုင်တော့။

"သခင်လေး သူတို့အသက်မရှူတော့ပါဘူး"

အခြွေရံနှစ်ယောက်က ရိုက်သတ်ခံရပြီး သေသွားတာ‌ အတည်ပြုပြီးနောက် အိမ်တော်ထိန်းက ရှန်လျန့်ဆီ အသံတုန်တုန်နဲ့ သတင်းပို့၏။ ရှန်လျန့်အပေါ် လျှော့မတွက်ရဲသည့်အပြင် ကြောက်ရွံ့မိ၏။ အခြွေရံနှစ်ယောက်က သေတဲ့အထိ ရိုက်သတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းဟာဆိုရင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းပြတ်ထွက်သွားတာကြောင့် မြင်ရသူတိူင်းအဖို့ မျက်မှောင်ကြုံမိစေပြီး စက်ဆုပ်အော့အန်ချင်စရာမြင်ကွင်းပင်။

" အမှိုက်တွေ သွားလွှင့်ပစ်လိုက်"

"ဟုတ်ကဲ့"

သမရိုးကျ အမိန့်ပေးပြီးတာနဲ့ ရှန်လျန်လှည့်ထွက်ခဲ့သည်။ ကြောက်လန့်နေကြတဲ့ အသံတွေကြောင့်လား၊ သေဆုံးသွားတဲ့ အခြွေရံနှစ်ယောက်ရဲ့ နာကျင်ခံစားရတဲ့ မြင်ကွင်းကြောင့်လားမပြောတတ်... ကျောက်လန်ရဲ့လက်မောင်းထဲ မှီကာ တုန်ရီနေသည့် ရှန်ချောင်သည် သူ့ကို မတော်မတရားပြုကျင့်ခဲ့သူက ဖေးယွမ်ရွှင်းဖြစ်ကြောင်း ထပ်ပြီး မအော်လာတော့ချေ။

"သခင်ကြီး ကိစ္စတွေက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ဘူးဆိုမှတော့ အရင်ပြန်နှင့်ပါမယ်"

လူတိုင်းကိုဝေ့ကြည့်လိုက်ပြီးနောက် ရှန်ရွေ့ထင်ဆီမှာ အကြည့်ရပ်ကာ နှုတ်ဆက်စကား ရိုးရှင်းစွာ ပြောလိုက်သည်။

"နေဦး"

ရှန်ရွေ့ထင်က အလျင်စလို ဟန့်တားလိုက်သော်လည်း တစ်ကယ်တမ်း ဘာပြောရမယ် မသိဖြစ်‌နေသည်။

ရှန်လျန်က သူ့ဟန့်တားသံကြောင့် ခေတ္တရပ်တန့်လိုက်သော်လည်း တစ်ဖက်သူက ဘာမှ ပြောမလာတာကြောင့် ကိုယ့်လူကိုယ်ခေါ်ကာ ပင်မခြံဝန်းထဲကထွက်သွားလိုက်သည်။ ‌ခြံဝန်းထဲက မြေပြင်ပေါ်မှာ အကွက်လိုက်ကျန်နေသေးတဲ့ သွေးတွေကသာ ဒီ‌နေရာမှာ ခြောက်ချားစရာကောင်းတဲ့ တစ်ခုခု ဖြစ်ပျက်ခဲ့မှန်း သိနိုင်သည်။

"အမေသတိရလာရင် ဒုတိယနဲ့ တတိယမိသားစုကို အိမ်ထောင်စုဇယားထဲက ထုတ်မယ်"

"ဘယ်လို?"

အချိန်အတန်ကြာမှ ရှန်ကျီရဲ့အကူအညီနဲ့ ရှန်ရွေ့ထင် ထရပ်လိုက်သည်။ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းက သူပြောတာကြားတော့ တပြိုင်တည်း အာမေဋိတ်သံထွက်ကျလာသည်။ ပြူးကျယ်နေတဲ့ မျက်လုံးများက မယုံကြည်ခြင်းများနဲ့၊ မိသားစုခွဲထွက်ရမှာလား? ဘယ်လို လုပ်ရက်တာလဲ? သူတို့သာ ခွဲထွက်လိုက်ရင်... မဖြစ်ဘူး.. အိမ်ထောင်စုဇယားထဲက ခွဲထုတ်ခွင့်မပြုနိုင်ဘူး။

"ပြန်နားတော့မယ်၊ ကျန်တာ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့"

ကျန်သူတွေ ဘယ်လိုတွေးနေပါစေ ရှန်ရွေ့ထင် နားထောင်ပေးရန် အစီအစဉ်မရှိတော့ပါ၊ မိသားစုခွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ကျိန်းသေ ပြောခဲ့တဲ့အတိုင်း လုပ်တော့မှာပဲဖြစ်သည်။

2888words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
BiBi26

1 year ago

အားရလိုက်တာနော် .. ရှန်ချောင်တယောက်ကျန်သေးတာပဲ 😁