no

Font
Theme

'အဖွားအိုကို စွန့်ပစ်'



"ပိတ်ထား!"


ရှန်တာ့ ဒေါသတကြီးအော်လိုက်သံက မေးခွန်းထုတ်နေသူကို ထိတ်လန့်သွားစေကာ နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်အပြီး ထိုင်ခုံမှာထိုင်ကျသွားစေသည်။ ရှန်တာ့က ဟော်ရယ့်လင် လက်ကိုဆုပ်ကိုင်ကာ ထရပ်လိုက်သည်။ 


"သူက ဟော်ရယ့်လင်ပဲ၊အနောက်မြောက်စစ်တပ်ကို ဦးဆောင်တဲ့စစ်သူကြီးဖြစ်ရုံတင်မက ကျုပ်ရဲ့ အမျိုးသားလည်းဟုတ်တယ်၊ စောနကပဲ အရှင်ဧကရာဇ်က သူ့ကိုမှူးမတ်အဖြစ် ရာထူးတိုးပေးခဲ့တာ၊ ခင်ဗျားက မလေးမစားလုပ်ဝံ့သလား!"



သူတစ်ကယ်စိတ်တိုနေတာဖြစ်သည်။ ညီလေးကိုလည်း အကြီးဆိုတဲ့ဂုဏ်ပုဒ်နဲ့ အနိုင်ကျင့်ပြီး ချစ်ရသူကိုပါ ထိပါးလာရာ မျက်နှာသာဆက်မပေးချင် တော့ပါ။


"ဘယ်လို?"


ဟော်ရယ့်လင်က 'ကော'လား? ရှန်တာ့နဲ့ ထိမ်းမြားထားပြီးပြီလား?


အကြီးအကဲများ၊ရှန်ရွေ့ကျန်းတို့သားအမိအပါအဝင် ရှန်ရွေ့ထင်ပါ မျက်လုံးတွေပြူးကျယ်ကုန်သည်။ ဟော်ရယ့်လင်က ကော ဖြစ်နေမယ်လို့မထင်ထားတဲ့အပြင် ရှန်တာ့နဲ့ လက်တွဲလိမ့်မယ်လို့ တွေးပင် မတွေးကြည့်ဖူးသည့်အရာ။


အထူးသဖြင့် ရှန်ရွေ့ထင်ဆိုလျှင် မြေးလေး၏မိခင်က မည်သူမည်ဝါ မသိ၊မျိုးရိုးမသိခဲ့သော်လည်း စစ်သူကြီး ဟော်ရယ့်လင် ဖြစ်နေသည်။


စစ်နတ်ဘုရားက တစ်ကယ်ပဲ သူ့ရဲ့ချွေးမတဲ့!ယုံကြည်ဖို့ တောင်ခက်တယ်...


"မင်းတို့ မင်းတို့ ဘယ်လိုလုပ်.... ကောက စစ်ထဲဝင်လို့မှမရ..."


ရှန်ရွေ့ကျန်းက ရှန်တာ့နဲ့ ဟော်ရယ့်လင်အား လက်ညိုးတထိုးထိုးလုပ်သည်။ ရယ့်လင်က မျက်မှောင်ကြုံ့လျက် မ


"အရှင်မင်းကြီးကိုယ်တိုင် ခွင့်ပြုပြီးသား၊ အမတ်မင်း ဘွဲ့ချီးမြှင့်တဲ့အပြင် အနောက်မြောက်နယ်မြေမှာ စစ်သည်သုံးသိန်းဦးဆောင်ခွင့်ပါ ပေးခဲ့တယ်၊ ရှန်ရွေ့ကျန်း ...ခင်ဗျားသူ့ကိုလက်ညိုးထိုးပြီး ပြောရလောက်တဲ့ အဆင့်မဟုတ်ဘူးနော်"



"......"



ရှန်တာ့ရဲ့သဘောထားက ပြင်းထန်လှသည်။ ရှိနေသူများပင် မည်သို့တုံ့ပြန်ရမှန်းမသိတော့ချေ။ ဟော်ရယ့်လင်က ဘုရင့်အမိန့်သဝဏ်လွှာကို ဖြည်းဖြည်းချင်း အပေါ်သို့မြောက်ပြလိုက်သည်။ 


"ခန့်အပ်ခံရတဲ့ ဘုရင့်အမိန့်စာကို ဖွင့်ပြပေးရဦးမှာလား"


"မ..မလုပ်ဝံ့ပါဘူး"


ဘုရင့်အာဏာကိုဖီဆန်နိုင်စွမ်းငှာ ဝေးကွာလှသဖြင့် အကြီးအကဲများဆက်လက် မမောက်မာရဲတော့ပါ၊ တစ်မိသားစုထဲ အမတ်၂ဦးပါ်ထွက်ပြီး ၊စစ်သည်အင်အားသုံးသိန်းအပိုင်စားရ‌ထားသေး၏၊ ဒါတင်မက ရှန်လျန်က အနာဂါတ်မြို့စားကတော်ဖြစ်လာလိမ့်ဦးမည်။ အနာဂါတ်က မှန်းဆ၍ပင် မနိုင်တော့။


ရှန်ရွေ့ကျန်း၏သမီး ရှန်ကျင်းက ယခုမှ နဂါးသား တော်လွယ်နိုင်ရန် ကြိုးစားသည့်အဆင့်ပဲရှိသေး၏၊ အကယ်၍ လွယ်နိုင်သည်ထားဦး၊အရေးပေးခံရမည့် သားတော်လွယ်ပေးနိုင်မလား ရှိသေး၏၊ ဒါ့အပြင် ချောချောမွေ့မွေ့ ဖွားမြင်နိုင်မလားကြည့်ရဦးမည်၊ အကြီးအကဲများ၏ အတွေးဉာဏ်ထဲ လျင်မြန်စွာ တွက်ချက်လိုက်ကြသည်။ 


"အဟမ်း..."


အကြီးအကဲက ကျဉ်းကြပ်သည့် လေထုကို ချောင်းဟန့်သံဖြင့် ဖြေ‌ေလျှာ့ရန်ကြိုးစားသည်။ 


"ရွေ့ထင် မင်းတို့ သားအဖတတွေ ဆုံးဖြတ်ပြီးနေမှတော့ လျိုအမျိုးသမီးကြီးကို အိမ်ထောင်စုခွဲထုတ်ဖို့ ကျုပ်တို့တွေ ခွင့်ပြုပေးလိုက်ပါမယ်"


ပြဿနာတစ်စုံတရာ ပေါ်လာရင်တောင် တုံးလင် သခင်ကြီးရဲ့ဆန္ဒဖြစ်တာကြောင့် သူတို့အပေါ်အပြစ်ကျရောက်မှာ မဟုတ်။ 


"ဟာ အဲ့လိုမဆံုးဖြတ်လိုက်ပါနဲ့ဗျာ.. ကျုပ် အိမ်က ထွက်သွားဖို့ဆန္ဒရှိပါတယ်၊ တစ်ကယ်ကတိပေးတယ် ၊ဒီအိမ်ရှေ့ လုံးဝလုံးဝ မလာဘူး စိတ်ချပါ၊ အဲ့ဒီအစား အမေ့ကိုပဲ နေခွင့်ပြုပါ"


ရှန်ရွေ့ကျန်းက လူကိုဆွဲကိုင်လှုပ်ယမ်းကာ အလျင်စလို တောင်းဆိုသည်။ 


အ‌မေသာ စွန့်ပစ်ခံလိုက်ရရင် သူက တဆင့်နိမ့်သွားမှာ၊ ရှန်ရွေ့ထင်ကလည်း ခြူးတစ်ပြားမှ မပေးဘူး၊ နောက်ကို ဘယ်လိုအသက်ဆက်ရှင်ရပါ့မလဲ၊ အိမ်အပြင်ဘက်က လူအုပ်ကြီးရဲ့ပါးစပ်က ကြောက်စရာကောင်းပါဘိသနဲ့! သေအောင်ရိုက်ပြီးမှ မောင်းထုတ်မယ်ဆိုရင်တောင် ဘာမှမရပဲ အိမ်တော်ကနေ မထွက်ပေးနိုင်ဘူး။


"ဘာလို့ သူ့လိုအဆိပ်ပြင်းတဲ့မိန်းမကို ဆက်ထားရမှာလဲ"


အကြီးအကဲက ရပ်တည်မယ့်ဘက်ကိုဆုံးဖြတ်ပြီးတာနဲ့ ရှန်ရွေ့ကျန်းကို မျက်နှာသာမပေးတော့ပါ၊ ရှန်ရွေ့ထင်က တစ်ကယ်ပဲ တုံးလင်အိမ်တော်ကိုဖြိုပစ်လိုက်မယ်လို့ ထုတ်ပြောလာမှာစိုးနေရသည်။ 


"မလုပ်ပါနဲ့ဗျာ.. ကျုပ်တစ်ကယ် တောင်းပန်ပါတယ်၊ အစ်ကိုကြီး ..အစ်ကိုကြီး ကျုပ်တောင်းပန်ပါတယ်... အမေ့ကိုချမ်းသာပေးပါ"



ရှန်ရွေ့ကျန်းက လက်မခံနိုင်စွာ ဒူးထောက်ရင်း အကြိမ်ကြိမ် တောင်းပန်တိုးလျှိုးသည်။ ကံဆိုးတာက အရာအားလုံး နောက်ကျသွားခဲ့ပြီ ‌‌၊ရှန်ရွေ့ထင်အပါအဝင် မည်သူမှ သနားကြင်နာစိတ်မထားတော့ပြီ။ 


"ကျေးဇူးကန်းတဲ့ကောင်တွေ မင်းတို့ မင်းတို့...."


အဖွားအိုက ဒေါသတကြီးဖြင့် ခက်ခက်ခဲခဲ ရွေ့လျားကာ သူတို့ကိုကျိန်ဆဲသည်။ ဘေးမှာရှိနေတဲ့ အခြွေရံချွင်းကျီက တိတ်တဆိတ် ခပ်ဝေးဝေးမှာ သွားရပ်နေလိုက်သည်။ သခင်မကြီးရဲ့လူဆိုပေမယ့် သူမဟာ တုံးလင်အိမ်တော်က အစေခံတစ် ယောက်ဖြစ်၏။ မည်သို့ပင် အဖွားအိုအတွက်စိုးရိမ်ပါစေ သူ့ကိုထိခိုက်လာမှာလည်း ကြောက်သည် လေ။ 


"လာကြ... စာရွက်နဲ့မှင်ယူခဲ့"


ရှန်ရွေ့ထင်၏ ညွှန်ကြားချက်အပြီးဝယ် အဆင်သင့်ပြင်ထားတဲ့ ရှန်ကျီက ချက်ချင်းယူလာပေးသည်။ အကြီးအကဲက ရှေ့တိုးကာ လျိုမိသားစုနဲ့ရှန်မိသားစုက လုံးဝအပြီးသတ်ခွဲခြားလိုက်ပြီဖြစ် ကြောင်း အသေးစိတ်ရေးသားလိုက်သည်။ မှင် ခြောက်သွားစေပြီးမှ ရုံးတော်အတွက် တစ်စောင်နဲ့ ရှန်ရွေ့ထင်တို့အတွက် ရေးထားသောနှစ်စောင်ကို စည်းတံဆိပ်ရိုက်နှိပ်ပြီး အိမ်ထောင်ဦးစီး၏သဘောတူကြောင်း လက်မှတ်ရေးထိုးစေသည်။ 


"ရှန်ကျီ သူတို့ကိုတစ်စောင်ပေးလိုက်"


ရှန်ကျီက မိတ္တူတစ်စောင်ယူကာ မကြည်လင်သော မျက်နှာဖြင့် အဖွားအိုဆီပစ်ပေးလိုက်သည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌


"လျိုအမျိုးသမီးကြီး.. ခင်ဗျားက မိခင်အရင်းမဟုတ်ပေမယ့် သခင်ကြီးက ခင်ဗျားအပေါ် အရမ်းရိုကျိုးခဲ့တာ၊ ဒါကို ဘယ်လိုပြန်ဆက်ဆံပေးခဲ့လဲ ၊မတန်ဘူး တစ်ကယ် မတန်ဘူး"



"ကျုပ်မျက်စိရှေ့က ပျောက်ကွယ်သွားပေး"


ရှန်ရွေ့ထင်က နှုက်ဆက်စကားဆိုပြီး နောက်ကျောပေးလိုက်သည်။နောက်ဆုံးတော့ လျိုအဖွားအို ဆက်လက်မကျိန်ဆဲနိုင်တော့ပဲ စွန့်ပစ်လိုက်တဲ့သက်သေစာရွက်ကိုသာ တွေတွေလေးငေးကြည့်နေတော့သည်။ သူတို့ တစ်ကယ်ပဲ သူ့ကိုစွန့်ပစ်လိုက်တာလား?


"မူရင်း ရေးထားတဲ့စာစောင်ကို ကျုပ်တို့ သိမ်းထားပါမယ်"


အကြီးအကဲက စာရွက်ကို သေချာခေါက်သိမ်းလိုက်သည်။ အတွေးထဲတွင် ရွေ့ထင်က သူ့ရဲ့နဂိုသဘောထားအပေါ် စိတ်မကြည်မသာဖြစ်ခဲ့ရင်တောင် ဧည့်ဝတ်ကျေပွန်ခြင်းအလို့ငှာ နေ့လည်စာ ထမင်းပွဲတည်ခင်းရန် ဖိတ်ကြားလိမ့်မည်ထင်သော်လည်း...


"ကျုပ်လူတွေနဲ့ ပြန်လိုက်ပို့ပါရစေ... ရှန်ကျီ ဧည့်သည်ပို့!"



"......."



လူကြီးရှစ်ဦးလုံး မပြုံးနိုင်တော့ချေ။ ရှန်တာ့ရဲ့ မျက်နှာက သူတို့ထက်မာကျောနေတာကိုမြင်တဲ့အခါမှာတော့ စောဒကမတက်ရဲတော့ပဲ မကျေမချမ်းဖြင့် ပြန်ရန်ပြင်သည်။


"လာကြစမ်း!"


ဧည့်သည်များပြန်သွားသော် ရှန်တာ့က သူ့လူတွေကိုခေါ်လိုက်သည်။ လူအချို့ဝင်ရောက်လာပြီး..


"ဗိုလ်ကြီး!"


"မောင်းထုတ်လိုက်!"


"ဟုတ်!"


အမိန့်နာခံပြီး မျက်တောင်တစ်ချက်ခတ်သည့်အချိန်မှာပဲ အမေရောသားပါ အိမ်ပြင်သို့ဆွဲထုတ်ခံလိုက်ရသည်။ ထိုစဉ် ရှန်လျန်မှ အမြန်လှမ်းပြောလိုက်သည်။ 


"အနောက်တံခါးက ဆွဲထုတ်လိုက်... အဆုံးသတ်ကိုသင်ခန်းစာယူတတ်အောင်လို့ လုယန်‌ေရှ့ သေချာဆွဲထုတ်ပြလိုက်"


"ဟုတ်ကဲ့ ရှန်သခင်လေး"


ဗိုလ်ကြီးရဲ့ တစ်ဦးတည်းသော ချစ်ညီလေးမှန်းသိသည်မို့ ဗိုလ်ကြီး၏စကားတဖွယ် နာခံကြသည်။ အားလုံးထွက်သွားပြီးနောက် ရှန်တာ့က နားမလည်သဖြင့် မေးလာသည်။ 


"သူတို့ကို မသတ်ဘူးလား"


အိမ်ပြင်မှာ လူဒီလောက်များတာ ရှန်ရွေ့ကျန်းနဲ့ အဖွားကြီးတို့ထွက်လာတာမြင်ရင် သေအောင်သမခံရမှာကျိန်းသေတယ်၊ ဒါပေမယ့် လျန်လျန်က ဘာလို့ အနောက်တံခါးကနေ ထွက်သွားစေတာလဲ?



"လွယ်လွယ်လေးသေသွားရင် မတန်လို့... ကော စောင့်ကြည့်ထား... ပွဲကြီးပွဲကောင်းကျန်သေးတယ်"


ရှန်လျန်၏ နှုတ်ခမ်းကော့တက်သွားသည်။ ရှန်ကျင်းသာ သူ့ဖခင်နဲ့ အဖွားက နေ့ချင်းညချင်းဆင်းရဲသွားတာမြင်ရင် ဘယ်လိုတုံ့ပြန်မလဲ၊အသိအမှတ်ရော ပြုပါဦးမလား? လူတစ်ဦးကိုနာကျင် စေချင်ရင် မသိချင်ယောင်ဆောင်တာ အကောင်းဆုံးနည်းလမ်းပဲ၊ နတ်ဆိုးအဖွားကြီးကို ဘယ်သူက ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မတဲ့လဲ။


"တိတိမှာ အကြံနဲ့ကိုး"


ရှန်တာ့က အရိပ်ပြလျှင်အကောင်မြင်သည်။ ဘာဆက်ဖြစ်မလဲ အနည်းနဲ့အများရိပ်မိသည်။ သူ့အနေနဲ့ကျတော့ ရန်သူကို အလွတ်မပေးပဲ အသေသတ်ဖို့သာ အစဉ်ဦးတည်ခဲ့သော်လည်း မမျှော်လင့်ထားစွာရှန်လျန်က ဂရုတစိုက်ဖြင့် စိတ်ရောကိုယ်ပါညှဉ်းဆဲ ရန်စီစဉ်ထားခဲ့သည်။


"နေ့လည်တောင် ရောက်နေပြီ၊ အိမ်ပြန်ကြစို့"



ရှန်လျန်က ဖွဖွပြုံးကာ ပြန်ရန်ပြင်သည်။ ထိုအခါ ရှန်ရွေ့ထင်က...


"တာ့အာ... လျန်လျန်.. ကျစ်ချန် သူ နေကောင်းလား"


ဝေကျစ်ချန်ရဲ့ခွင့်လွှတ်မှုကို မတောင်းဆိုရဲရာ သာ ကြောင်းမာကြောင်း အဝေးမှလှမ်းမေးရုံသာ တတ်နိုင်သည်။ 


ဖခင်နဲ့ ညီလေး၏သဘောထားက သူ့ဆီကူးစက်သွားရာ ရှန်တာ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ 


ရှန်လျန်က ရှန်ရွေ့ထင်ကို တမျိုးတမည်ကြည့်ကာ မရှင်းမလင်းပြန်ဖြေသည်။ 


"ပါပါးရဲ့အဆိပ်က ကုလိုက်နိုင်ပြီ၊ နောက်နှစ်ရက် သုံးရက်ဆို စကားပြောလို့ရပြီ၊ နှစ်ယောက်ကြားကိစ္စမှာ ကျွန်တော်တို့ဝင်ပါမှာမဟုတ်ဘူးဆိုပေမယ့် ပါပါး ဆုံးဖြတ်တဲ့အတိုင်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့လက်ခံမှာ။အဖေလည်း သူ့သ‌ေဘာထားကို လေးစားပေးပါ"


"သူတစ်ကယ် စကားပြောနိုင်ပြီပေါ့"


ရှန်ရွေ့ထင်က ဝေကျစ်ချန်စကားပြောနိုင်ပြီ ဆိုတာနဲ့တင် ပျော်ရွှင်နေသည်။ ကျန်တာကို ဂရုစိုက်ဟန်မတူ။


"အင်း.."


ရှန်လျန်လည်း ဆက်ပြောချင်စိတ်မရှိသဖြင့် ခေါင်းသာငြိမ့်လိုက်သည်။ 



ထပ်မံအတည်ပြုပေးမှုကိုရရှိလိုက်သည့် ရှန်ရွေ့ထင်မှာ မျက်နှာပေါ်ကအပြံုးကို မထိန်းနိုင်တော့။ ထိုခဏ ဟော်ရယ့်လင်ဘက်လှည့်ကာ..


"ဟော်စစ်သူကြီး အဲလေ...ဟော်သားမက် ကျစ်ချန်၊ လျန်လျန်နဲ့ရှန်တာ့တို့ကို စောင့်ရှောက်ပေးပါလို့ အကူအညီတောင်းပါတယ်၊အတိတ်မှာ ငါက ဖခင်ကောင်းမပီသခဲ့ပေမယ့် တာ့အာက ငါနဲ့မတူဘူး... တည်ငြိမ်ပြီး ပိုရင့်ကျက်တဲ့ ကောင်လေး၊ သူမင်းကို ပျော်အောင်ထားပေးမှာသေချာတယ်၊ ခုဆို အိမ်ထောင်ကျပြီးလို့ ချစ်စရာကောင်းတဲ့ ယိုအာလေးကိုလည်း ပိုင်ဆိုင်ခဲ့ကြပြီ ၊မိသားစုသိုက်သိုက်ဝန်းဝန်းနေနိုင်တာ တစ်ကယ်ကောင်းတယ်"


ပုံမှန်ဆိုလျှင် သားမက်ရှေ့မှာ မျက်နှာကြီးရချင်မိလိမ့်မည်။ ယခုတော့ ရှန်ရွေ့ထင်ဟာ အပေါ်ယံ ပကာသနတွေကို ဂရုမစိုက်တော့ပါ၊ ချစ်ဇနီးလေး နေကောင်းသရွေ့၊သားနှစ်ယောက်နဲ့ သားမက်၊‌ေမြးဖြစ်သူတို့ ပျော်ရွှင်နေရုံနဲ့ ဘဝက အဓိပ္ပာယ်ရှိသည်။ 


"ကျွန်တော့်ရွေးချယ်မှုကို ကျွန်တော်လည်းယုံတယ်"


ရှန်ရွေ့ထင်က အဆိုးကြီးလည်းမဟုတ်ပါ၊ သို့သော်ငြား မိသားစုပြဿနာနဲ့တင် လေးစားချင်စရာလူမျိုးမဟုတ်တာကြောင့် ဟော်ရယ့်လင် ယဉ်ကျေးသည့်အပြုအမူဖြင့် ခေါင်းသာငြိမ့်လိုက်သည်။ 


"သွားစို့"


ရှန်တာ့က အနေရခက်ခက်ဖြင့် ရယ့်လင်ကိုဖက်ကာ ပြန်သည်။သူတို့နောက်မှ ရှန်လျန်လိုက်သွားပြီး ဧည့်ခန်းမထဲ ရှန်ရွေ့ထင်တစ်ဦးတည်းထားရစ်ခဲ့လိုက်၏။ 


"ဘာလို့ သူ့စကားသွားနားထောင်နေတာလဲ၊ လာပြီး နောင်တရပြချင်နေတာ..မှားခဲ့သမျှ ခုမှသင်ပုန်းလာ ချေလို့ရမတဲ့လား"


အပြန်လမ်းတွင် ရှန်တာ့က ပွစိပွစိရေရွတ်သည်။ စိတ်ထဲ နည်းနည်းမှမကျေနပ်၊အစပိုင်း သားအဖသံ ယောဇဉ်လေးကျန်ရှိခဲ့သော်လည်း အမှန်တရား ပေါ်ပေါက်လာတဲ့အခါ အမုန်းကြီးမုန်းသွားသည်။ 


"ပြဿနာတိုင်း ဖြေရှင်းတဲ့နည်းရှိစမြဲပဲ၊ ဒီကိစ္စကို ခေါင်းထဲထည့်ပြီးစိတ်ရှုပ်မခံနဲ့ ကော၊ ပါပါးပဲ ဆုံးဖြတ်ပါစေ"


ရှန်လျန် သက်ပြင်းဖွဖွချသည်။ ဖခင်ကို သူတို့ အနေနဲ့ အဆုံးသတ်ချင်တိုင်းသတ်လိုက်လို့ရ၏။ ဒါပေမယ့် သူတို့မလုပ်နိုင်... လူကြီးအချင်းချင်း ဖြေရှင်းကြတာက ပိုကောင်းလိမ့်မည်။ 


"ဟုတ်ပါပြီ"


ရှန်တာ့က စိတ်မကြည်ဆဲ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌ရယ့်လင်က ရယ်လျက် ခေါင်းတခါခါ။ 


"တစ်ကယ်လို့ ပါပါးက ဒီအိမ်မှာဆက်မနေဘူးလို့ ဆုံးဖြတ်ရင် ငါအမွေရထားတဲ့အိမ်မှာ အရင်ပြောင်းနေလို့ရတယ်၊ အနာဂါတ်မှာ လျန်လျန်အိမ်ထောင်ပြုလိုက်ရင် ညီသုံးရဲ့အိမ်က လျန်လျန့်အိမ်ဖြစ်လာမှာပဲလေ"


စိုးရိမ်ရတာ တစ်ခုပဲ ရှိသည်။ ဧကရာဇ်က ဘာကြံစည်ဦးမလဲမသိနိုင်၊ ညီသုံးရဲ့အိမ်က မြို့အရှေ့ဘက်၊ သူ့အိမ်က မြို့အနောက်ဘက်ဆိုတော့ အနည်းငယ်လှမ်းသည်။ 


"အဲ့လိုလုပ်ကြတာ ပေါ့"


ရှန်လျန် သဘောတူသည်။ ထို့နောက်..လေးနက်စွာတိုက်တွန်းလိုက်သည်။ 



"တစ်ကယ်လို့ ဒီမှာဆက်နေဖြစ်ရင်လည်း ကောတို့ အခွင့်အရေးရှာပြီး ဒီအိမ်ကထွက်ဖို့ ကြိုးစားပါ၊အဖွားကြီးကို မောင်းထုတ်တဲ့ကိစ္စနဲ့ လူကြီးတွေက အားမတန်လို့ မာန်လျှော့လိုက်ရတာ၊ တနေ့နေ့ ပြဿနာထပ်ရှာနိုင်တယ်၊ သူတို့ကရှန်မိသားစုကနေဂုတ်သွေးစုပ်ဖို့ပဲ ချောင်းနေတာ၊ တစ်ယောက်မှလူ ကောင်းမပါဘူး၊ အဖွားကြီးက ကျန်းမာရေးလည်း သိပ်မဟန်ဘူး၊ မတော်လို့ သူသေသွားရင် တုံးလင်အိမ်တော်ကတစ်ကျော့ပြန်ပြီး ပြဿနာတက်လာနိုင်တယ်"


"အင်း ကောသိပြီ"


ရှန်တာ့ရဲ့ စိတ်အခြေအနေက ကောင်းမလာပဲ ပိုဆိုးသွားသည်။ ထိုလူကြီးတွေက ရယ့်လင်ကို မထီမဲ့မြင်ပြုပြီး သူ့ညီကိုအနိုင်ကျင့်သည်။ 


ဒီလူတွေကိုပြုတ်အောင် လုပ်ဖို့အခွင့်အရေးရှာရမယ်၊ စောင့်ကြည့်နေလိုက်!


"ဒါနဲ့ ပါပါးကတစ်ကယ် စကားပြောနိုင်ပြီလား"


ရုတ်တရက်ရှန်တာ့ သတိရသွားပြီး အတည်မေးသည်။ 


"အင်း နှစ်ရက်လောက်တော့ ဖြည်းဖြည်းချင်း ပြန် လေ့ကျင့်မှရမယ်၊ သူ့ကိုအရမ်းဖိအားမပေးမိစေနဲ့ဦး၊ဖြည်းဖြည်းချင်းပြောပါစေ၊ ဪ ..အဖိုးတို့ဆီ စာရေးရဦးမယ်၊ နောက်ရက်နည်းနည်းဆို လာလည်မယ့် အကြောင်းလေ... အားလုံး အံ့ဩဝမ်းသာသွား အောင် လုပ်ရမယ် ဟဟ"


"ကောင်းတယ် ကောင်းတယ်"


ညီအစ်ကိုနှစ်ဦးရဲ့ ပျော်ရွှင်စရာစကားဝိုင်းထဲ ရယ့်လင်ဝင်မပါပဲ အသာ နားထောင်နေခဲ့သည်။ လေထုက စိတ်ချမ်းသာစဖွယ်ဖြစ်ကာ တစ်ခါတရံဟာသနှောလျက် မိသားစုခံစားချက်တိုးစေသည်။ 


2567words 

Grape 🍇💜

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment