no

Font
Theme

'အမှန်တရားက ပေါ်ထွက်လာစမြဲ'


"တစ်ခုခုသိထားတာ ရှိလား"

ဖခင်၏ သေဆုံးခြင်းက အမှန်ဟုတ်မဟုတ် မေးခံလိုက်ရသဖြင့် ရှန်လျန် ခေါင်းရှုပ်သွားသည်။ ကျန်းဟိုင်က ဘာလို့ ဒီလိုမေးခွန်းမျိုး မေးတာလဲ?

"ဟုတ်ကဲ့"

ကျန်းဟိုင်က လက်သီးစုကာ အရိုအသေ ပေးလျက်ပြန်ဖြေသည်။

"သခင် ကျွန်‌ေတာ်တို့ ပြောချင်တဲ့ နံပါတ်၂အချက်က ဒီလိုပါ၊ အဲ့ဒီနှစ်က တုံးလင်သခင်မ သေဆုံးရတဲ့အကြောင်းအရင်းကို သိတဲ့သူမှန်သမျှ ဘာကြောင့်ရယ်မသိ အသက်ရှင်ကျန်သူမရှိပါဘူး၊ သခင့်ကို အမည်ခံ စောင့်ရှောက်ပေးတဲ့ လူတွေလည်း နောက်ပိုင်းမှာ အကုန် မောင်းထုတ်ခံလိုက်ရပါတယ်၊ ဆက်စုံစမ်းရင်းနဲ့ ပိုပြီး မသင်္ကာစရာ အချက်တွေ တွေ့လာတယ်၊

သခင်မွေးတဲ့နေ့က သခင်မဟာ သွေးထွက်လွန်ပြီး ဆုံးတယ်လို့ ဆိုပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ‌ေန့မှာပဲ အမွှာကလေးနှစ်ဦးကို မမွေးနိုင်လို့ ဆုံးသွားတဲ့ အမျိုးသားတစ်ဦးရှိခဲ့ပါတယ်၊ အဲ့ဒီအမျိုးသားမိသားစုက ဆင်းရဲချို့တဲ့တဲ့ အပြင် ကလေးရဖို့ ခက်ခဲခဲ့တယ်တဲ့၊ ကံကောင်းပြီး အမွှာလေးရခါမှ မမွေးနိုင်ပဲ ဆုံးသွားရတယ်လို့ ရွာသား‌ေတွဆီကသိရပါတယ် ၊ အဲ့ဒီညမှာပဲ မိသားစုက ချက်ချင်းမြှုပ်ပြီး အဝေးပြောင်းသွားကြတယ်၊

တချို့ကတော့ သူတို့ဟာ မြို့တော်မှာ ပြောင်းနေကြတယ်လို့ဆိုတယ်၊ တချို့ကျတော့လည်း ကိုယ်ဝန်သည် သေဆုံးတာကြောင့် အပြစ်‌ေပးခံမှာစိုးလို့ နေရာ ပြောင်းသွားတယ်တို့ အမျိုးမျိုး ပြောကြတာပေါ့၊ ဒါကအဓိက မကျပါဘူး၊ အဓိက ကျတဲ့ အချက်က အဲ့ဒီ လူသေမြှုပ်တဲ့ညမှာပဲ ရထားလုံးတစီးက အနောက်‌ေဆာင်ထဲ ဝင်သွားတယ်လို့ သတင်းရခဲ့တာပါ၊ ရထားလုံးရဲ့ပုံစံအရ တုံးလင်အိမ်တော်က ဆိုတာ သေချာပါတယ်၊ ကျောက်မိသားစုနဲ့ လုမိသားစုက အရာမဝင်သေးတာကြာင့် ဒီကိစ္စက လျိုမိသားစုနဲ့ သက်ဆိုင်နေမှာ အသေအချာပါပဲ"

ကျန်းဟိုင်က အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးမှ ဆက်ပြောသည်။

"ကျွန်တော့်အထင်အရ တုံးလင်သခင်မ အဲ့ဒီနှစ်က မဆုံးပါးခဲ့ဘူးလို့ ထင်တယ်၊ ရှန်ဗိုလ်ကြီးခင်ဗျ လျိုမိသားစုက တုံးလင်သခင်ကြီး ပြန်အလာကို မစောင့်ပဲ သခင်မရဲ့အလောင်းကို အလောတကြီး မြှုပ်နှံပစ်ခဲ့တယ်မလား၊ အဲ့ဒီအလောင်းက ပြန်တူးဆွခံလိုက်ရတဲ့ ကိုယ်ဝန်သည်ရဲ့ အလောင်း ဖြစ်နိုင်တယ်၊ မြန်မြန်မမြှုပ်ရင် တုံးလင်သခင်ကြီး သိသွားပြီး သူတို့ လုပ်ကြံတာပါ ပေါ်သွားနိုင်တယ်လေ၊ အဲ့ဒါဆိုရှင်းရခက်ပြီ"

"တောက်!"

ရှန်တာ့ မတ်မတ်ပင် မရပ်နိုင်တော့ပဲ အား‌ေလျာ့စွာ ထိုင်ခုံပေါ်ပုံခနဲ ထိုင်ချသည်။ ဟော်ရယ့်လင်က ဘေးမှ အသာ လိုက်ထိန်းမ ပေးသည်။ တဖက်မှာလည်း ရှန်လျန့်ဆီကနေ လူသတ်ချင်သည့် အရှိန်အဝါတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ် နေသည် ။ဖေးယွမ်ရွှင်းမှ သူ့အား စိုးရိမ်ပြီး ပခုံးကို ထိန်းကိုင်ကာ ..

"လျန်လျန် စိတ်ကို အတတ်နိုင်ဆုံး‌ေလျှာ့ထား"

" ယွမ်ရှောင်း ခုချက်ချင်း အဖေ့မြေပုံ သွားတူး"

ရှန်လျန်က ဒေါသကြောင့် လက်တွေ တဆတ်ဆတ်တုန်နေပြီး ဖေးယွမ်ရွှင်းကိုပါ အကပ်မခံချေ။ ကျန်းဟိုင် ရဲ့ အထင်သာ မှန်ကန်ခဲ့မယ်ဆိုရင် သူ့အဖေက အခု ဘယ်မှာလဲ၊ အသက်ရှင်နေတုန်းလား၊ ဘယ်လိုမျိုးရှင်သန်နေခဲ့ရရှာ မလဲ၊ လျိုရှုဟန်နဲ့ အဖွားကြီးက ဒီလောက် ယုတ်မာ ကောက်ကျစ်တာ သတ်ပစ်ဖို့တောင် ဝန်မလေးကြဘူး၊  ပါပါး အရမ်းကြောက်နေခဲ့ရမှာပဲ။

ရှန်လျန်ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။ အတွေးနဲ့တင် သည်းမခံနိုင်သည်အထိ ရင်နာရသည်။

"အမိန့်အတိုင်းပါ"

ယွမ်ရှောင်း ဦးညွှတ်ပြီး‌ေနာက် ရှောင်ယွီကို တစ်ချက်ကြည့်ကာ တာဝန်လုပ်ဆောင်ရန် ထွက်သွားသည်။

"လျန်လျန် ပါပါးက အခုထိ အသက်ရှင်နေတာလား"

ရှန်တာ့မျက်ဝန်းတွေ နီရဲနေပြီး အသံပါတုန် နေသည်။ သူတွေးသလို ညီလေးလည်း တွေးနေမှာ သေချာသည်။ အာဏာတိုက်ပွဲကြားမှာ အထိနာခဲ့ရတာမို့ ရင်ထုမနာဖြစ်နေမိသည်။

"ကော"

ရှန်လျန့် မျက်ရည်တွေ အလိုလို စီးကျလာသည်။ ဖခင်အသက်ရှိနေခြင်းက သူတို့ကို ဝမ်းနည်းစေသလို ရင်ကျိုးမတတ်ခံစားရစေသည်။

"ခဏလေး... လျိုရှုဟန်ရဲ့ အိမ်ဝန်းထဲမှာ လျို့ဝှက်ဝင်ပေါက်တစ်ခုရှိတယ်မလား၊ အဲ့ဒီက ထွက်လာ‌ေတာ့ အရမ်းပီတိဖြစ်နေတယ်လို့ ကြားလိုက်တယ်"

ဖေးယွမ်ရွှင်းလည်း ညီအစ်ကိုနှစ်ဦးခံစား‌ေနရတာကို သိပေမယ့် နှစ်သိမ့်စကား ရှာမတွေ့ခဲ့ချေ။ ထိုအစား မရှင်းသေးသည့် သံသယကို ဆက်မေးသည်။ လေ့ကျန်းက တုံ့ပြန်သည် ။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း သခင်မက လျိုရှုဟန်ရဲ့ လျို့ဝှက်အခန်းထဲမှာ ပိတ်လှောင်ခံထားရမယ်လို့ ထင်ပါတယ်"

ဒါကြောင့်ပဲ သခင့်ဆီ မျက်နှာ မကောင်းစွာနဲ့ သတင်းလာ ပေးရတာပဲဖြစ်သည်။ အဖြစ်မှန်ကို ခန့်မှန်းမိမှတော့ ဒီလောက်ကြီးတဲ့ ကိစ္စက ပြောမှ ဖြစ်မှာ မို့ပင်။ ခန့်မှန်းတာမှန်ရင် သခင်တော့ မြေလှန်ပစ်‌ေလာက်သည်။

"ဖြစ်နိုင်တယ်၊ သတင်းစကား ကြားတဲ့‌ေန့မှာပဲ အခန်းထဲ ဝင်သွားတယ်၊ ပြီးတော့ အရမ်း ပျော်ပြီး ပြန်ထွက်လာတယ်ဆို‌ေတာ့၊ ဒီလောက်နှစ်တွေ အကြာကြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရက်စက်တဲ့ လုပ်ရပ်တွေ လုပ်တာ မိုးနတ်မင်းက အပြစ် ပေးမှာ တစ်ကယ် မကြောက်ဘူးပဲ"

ဟော်ရယ့်လင်က ရှန်တာ့လက်ကို ဆုပ်ကိုင်ထား ပေးရင်း ဒေါသဖြစ်လျက် ဆိုသည်။ မိန်းမ တွေရဲ့ မနာလိုစိတ်က ကြောက်စရာကောင်းလိုက်တာ၊ လျိုရှုဟန်က သူများရဲ့ ယောင်္ကျားကိုလုပြီး သူတပါးရဲ့  အ‌ပျော်ကိုနင်းခြေကာ နှိပ်စက်ရင်း ကဲ့ရဲ့လှောင်ပြောင်ရတဲ့ဘဝမှာ ပျော်ရွှင်နေခဲ့တယ်"

"လျို!ရှု!ဟန်!!"

"ခွမ်း!"

ရှန်တာ့ အံကြိတ်ပြီး နာမည်တလုံးချင်းစီ နက်နက်နဲနဲ ခေါ်ဆိုကာ ဘေးစားပွဲမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်ဖက်ရည်ခွက်ကို လက်ထဲမှာတင် ခြေမွပစ်သည်။

ပါးပါး!!

သူ့အစ်ကိုနဲ့ယှဉ်ရင် ရှန်လျန်က ခေါင်းမော့၊ မျက်စိမှိတ်လိုက်သည်။ နာကျင်မှု၊ ဝမ်းနည်းမှု၊ ဆို့နင့်မှု၊ ခံပြင်းမှု ၊ဒေါသဖြစ်မှု အမျိုးမျိုးသော ခံစားချက်များရောပြွန်းကာ မျက်ရည်စီးကျလာသည်။ ဖေးယွမ်ရွှင်းမှာ မနေနိုင်စွာ တင်းတင်းကြပ်ကြပ် ဖက်ထားကာ နှစ်သိမ့်ပေးသည်။

အမှန်တရားကို သိလိုက်ရခြင်းက ပိုပြီး နာကျင်စရာ ကောင်းသည်။ သူတို့ထင်တာ အကုန်လုံးမှန်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင်  ဒီ့ထက် ပိုပြီး မယုံကြည်နိုင်ဖြစ်ရဦးမှာပင်။

"ယွမ်ရှောင်း သေချာ နားထောင်! မြွေကို မခြောက်လှန့်မိစေနဲ့၊ သူလျို့ဝှက်အခန်းထဲ တစ်ခုခုသွားလုပ်နိုင်ချေရှိရင် နည်းလမ်းရှာပြီး ရအောင်တားထား၊မြို့တော် ပြန်ရောက်တာနဲ့ ဖုံးကွယ်ထားသမျှ အကုန်‌ေဖာ်မယ်"

တင်းမာနေတဲ့ လေထုကြား အချိန်မည်မျှ ကြာသွားသည်မသိ ရှန်လျန် မျက်ဝန်း‌‌မှိတ်ထားသည်အား ဖွင့်လိုက်သည်။ မျက်ရည်စ ခိုတွဲနေတဲ့ မျက်ဝန်းတစုံမှာ အေးစက်ခြင်းအတိ။

' လျိုရှုဟန် ခင်ဗျားကြီး ဘာမှ ထပ်လုပ်ဖို့ စိတ်မကူးနဲ့၊ ထပ်လုပ်လို့ကတော့ သေတာထက် ပိုဆိုးတဲ့ အဖြစ်မျိုးနဲ့ ထားထားမယ်'

"ဟုတ်ကဲ့"

လေ့ကျန်းက သူ့အားစိတ်ပူစွာ လှမ်းကြည့် နေသည်။ လျန်လျန် ဒီထက်ပိုပြီး သည်းခံတော့မှာ မဟုတ်မှန်း သိလိုက်ကြ၏။

သို့ပေတည့် ရှန်လျန်က လူတိုင်းအံ့အားသင့်စေ လောက်အောင် တည်ငြိမ်နေခဲ့သည်။ ငယ်သားတွေကို ကိုယ်စီတာဝန်ပေးပြီး နောက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး ထိုင်ခုံမှာ သိမ်မွေ့စွာ ထိုင်သည်။

"တတိယ အချက်က ဘာလဲ"

ရှန်လျန်က သာမာန်ထက် တည်ငြိမ်တာ မဟုတ်ပဲထို့ထက် စက်ဆုပ်ဖွယ် ဖြစ်ရပ်များကို အတိတ်ကကြုံတွေ့ခဲ့ဖူး၍ ဖြစ်သည်။ ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ဖို့သာလျှင် စိတ်ကို အေး‌ေအးထား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြင်းဖြစ်၏။

"နေဦး!"

ဖေးယွမ်ရွှင်းက လေ့ကျန်းကို တားဆီးလိုက်သည်။ ဆိုးရွားတဲ့ကိစ္စရပ်ကို ဆက်တိုက် ဖြေရှင်းရမည့် ရှန်လျန့်အတွက် စိုးရိမ်ခဲ့‌ေသာ်လည်း ရှန်လျန်က ခပ်ဖျော့ဖျော့ ပြုံးလျက်....

"အဆင်ပြေပါတယ်၊ ဒီထက်ဆိုးတာတောင် ကျွန် တော် ကြုံဖူးတယ်၊ သူတို့ဘာလုပ်မလဲဆိုတာ ခန့်မှန်းကြည့်လို့ တောင်ရတယ်၊ဥပမာ ကျွန်တော့်ကို သူများပေါင်ကြားထဲထည့်ဖို့ ကြိုးစားကြသလိုပေါ့"

မကြားဝံ့မနာသာ စကားလုံးဖြင့် ရှန်လျန်က သူ့အဖြစ်အပျက်သူ ပြန်ပြောပြနေရတာကြောင့်  ဘာမှ မခံစားရသလို ပြုံးရယ်နေတာထက် ငိုပြတာကမှ ဟုတ်ဦးမည်။

"လျန်လျန် သူတို့ မင်းအပေါ် ဘယ်လို လုပ်ရက်ကြတာလဲ"

ရှန်တာ့က ဝုန်းခနဲ သူ့ရှေ့ရောက်လာပြီး လက်မောင်းကိုဆုပ်ကိုင်ကာ အားပေးသည်။

မျက်ဝန်းက သွေးကြောတွေ ထင်းကနဲ ရဲတောက် နေပြီး ဘာတွေ ကြုံခဲ့ရလဲဆိုတာ ဆက်မမေးရက်ခဲ့၊ အတိတ်က ဒဏ်ရာကို ဆွမိမှာလည်း စိုးရိမ်နေမိသည်။ အတိတ်ကို မေ့ပြီး ဒီနေ့ကစ... အစ်ကိုဖြစ်တဲ့သူက ကာကွယ်ပေးတော့မည်။ ညီငယ်ကို တစ်ဘဝလုံး လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ နေရတဲ့ သူ ဖြစ်စေချင်သည်။ ဖြစ်အောင်လုပ်ပေးလို့ရတဲ့ စွမ်းအားလည်း သူ့မှာ ရှိနေပြီပင်။ အဲ့လိုဆိုရင် တောင် ရှန်လျန့်အတိတ်ဆိုးမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ နားထောင်ရုံနဲ့ ရင်နာရမယ်ဆိုရင်လည်း သူက တော့ သိချင်နေတုန်းပင်။

"ပြီးခဲ့ပြီးတဲ့ ကိစ္စတွေပါပဲ၊ ကော..ရှေ့လျှောက် ကျွန်တော်တို့ အေး‌ေအးချမ်းချမ်း နေရတော့မှာပါ၊ အတိတ်ကလို အနိုင်ကျင့်ခံရမယ့်အဖြစ်မျိုး ထပ်ရှိတော့မှာ မဟုတ်ဘူး"

"လျန်လျန်ရာ..."

ရှန်တာ့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်လျက်။

"အဲ့တာဆိုလည်း ပြုံးမနေနဲ့၊ ငိုစရာရှိ ငိုချလိုက်၊ အစ်ကိုတစ်‌ေယာက်လုံး ဒီမှာ ရှိတယ်၊ ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး"

တိတိရဲ့ အပြုံးတွေက အတိတ်တွင်  အလွန့်အလွန် ယုတ်မာ‌ေကာက်ကျစ်သည်ကို ကြုံဖူးဟန်တူ၏။ ရှန်တာ့ ဆက်မတွေးမိစေရန် ကိုယ့်ကိုကိုယ် တွန်းအားပေးလိုက်ရသည်။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှန်လျန်က ခေါင်းခါလိုက်သည်။

"ငိုသင့်သလောက် ငိုခဲ့ပြီးပြီမို့ ထပ်မငိုတော့ဘူး ကော...ကျွန်တော်အဆင်ပြေတယ်...တကယ်ပါ"

".........."

ရှန်လျန်က‌‌ တည်ငြိမ် လေလေ ရှန်တာ့အတွက် နေရထိုင်ရခက်လေပင်။  ဟော်ရယ့်လင် မနေသာတော့ပဲ အလကားသက်သက် ဖိအားသွားမပေးမိစေရန် ခင်ပွန်းအား ဆွဲတားထားလိုက်ရတော့၏။ ရှန်လျန်က ခံနိုင်ရည်ရှိတယ်ဆိုတာ ကောင်းတဲ့အချက်ပဲ မဟုတ်လား.. အတိတ်ကို မပြောင်းလဲနိုင်တော့ပေမယ့် အနာဂါတ်မှာ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ဘဝကို စိတ်ကြိုက်လမ်းဖောက်နိုင်ပြီပဲဖြစ်သည်။

"ကိုယ်လည်း စိတ်မကောင်းဖြစ်လွန်းလို့ သေမတတ်ပဲ"

ရှန်တာ့အနားမှာ မရှိတော့တာနဲ့ ဖေးယွမ်ရွှင်းက ရှန်လျန့် ခါးကိုဖက်ကာ နားနားကပ်ပြောသည်။

"ဖြစ်သင့်တာပဲလေ.. ခင်ဗျားက ကျွန်တော့ ခင်ပွန်းဖြစ်နေပြီဟာကို"

"ဟင်!"

သူ့မှာ ရင်ထဲ စို့နင့်သည့် ခံစားချက်ရှိတာကိုပဲ ဂုဏ်ယူရတော့မလိုလို၊ ဘာပဲဖြစ်ဖြစ် လျန်လျန့်ကို ဒုက္ခပေးတဲ့သူအကုန်လုံးကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး!!

"ကျွန်တော်အဆင်ပြေတယ် ဟုတ်ပြီလား"

ခါးနားက လက်ကို ပြန်လည် အုပ်ကိုင်ပြီး နှစ်သိမ့် ပေးရင်း တဖက်မှ စိုးရိမ်နေကြတဲ့ လေ့ကျန်း၊ကျန်း‌ဟိုင်တို့ဘက် လှည့်ရပ်လိုက်သည်။ နာနာကျင်ကျင်နဲ့ သေဆုံးခဲ့ရတဲ့ အချိန်နဲ့စာရင် ခုက ဘာမှမပြောပ လောက်ပေ။

"နယ်စပ်သတင်းရပြီး သုံးရက်အကြာမှာ စုံစမ်းရခဲ့တဲ့အချက်အလက်ပါ၊ လျိုဝမ်ကျင်းနဲ့ လျိုရှုဟန်က လျိုအိမ်ရဲ့ မျိုးဆက်အရင်း မဟုတ်ပါဘူး၊ လင်ပါ သားသမီး တွေပါ၊ ဇာတိ နယ်က အမျိုးသမီးနဲ့ အိမ်ထောင်ကျဖူးပါတယ်၊ နှစ်ကြာမှ လျိုသခင်မနဲ့အကြောင်းပါပြီး အိမ်ကြီးရှင်ဖြစ်သွားတာပါတဲ့၊ ဧကရာဇ်က  လျိုမိသားစုမဟုတ်တဲ့သူတို့ကိုဖိအားပေးမှာ စိုးတာကြောင့် လျိုဝမ်ကျင်းက ထိုက်ရှီအိမ်တော်ထဲ ရအောင် ဝင်တယ်၊ လျိုရှုဟန်ကလည်း တုံးလင်အိမ်တော်မှာ အရေးပေး မခံရတော့တဲ့အချိန်ကတည်းက ရှန်ရှောင်ကို ခေါ်ပြီး ထိုက်ရှီအိမ်တော်ဆီ ခဏခဏဆွေပြမျိုးပြ သွားလုပ်တယ်လို့ သိရပါတယ် သခင်"

ထိုက်ရှီအိမ်တော်ရဲ့ အမျိုးတွေပေါ့လေ?

ရှန်လျန် စိတ်ထဲမှ လှောင်လိုက်သည်။ ထိုက်ရှီအိမ် တော်သား ဖြစ်သွားတာနဲ့ သူက ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေပုံပဲ?

"တစ်ကယ်လို့ ပါးပါးက သက်ရှိထင်ရှားရှိနေသေးရင်၊ လျိုရှုဟန်က လျို့ဝှက်ခန်းထဲ ဖမ်းချုပ်ထားတာ မှန်ရင် ဘယ်သူ့ ဆွေမျိုးဖြစ်ဖြစ် ဧကရာဇ်က သတ်မိန့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စီရင်မှာပဲ  "

ရှန်တာ့က အံကြိတ်လျက် ဆိုသည်။ မျိုးရိုးမြင့် အဆင့်အတန်းရှိ သူဖြစ်သော်လည်း နှစ်ပေါင်းများစွာ စစ်ဗိုလ်တာဝန်ထမ်းဆောင်ခဲ့သူမို့ ပြတ်သားရက်စက်သင့်သည့် နေရာမှာလည်း လိုအပ်ချက် မရှိနေ။

"မတ်လေး တင်းအန်းမြို့ဆီ လာလိုက်တာနဲ့ လမ်းခရီးသုံးရက်အတွင်း မြို့တော်မှာ အတော်ဂယက်ရိုက်သွားတာပဲ၊ ဪ ဟုတ်သား... ဟယ့်ချင်ဖုန်း စစ်ရှုံးပြီး ချူးပြည်နယ်ကို ထွက်ပြေးသွားတဲ့သတင်းလည်း ရောက်လာတယ်၊ သူတို့မှာ စစ်သည်အလုံအလောက် မရှိတော့တာကြောင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ငါတို့တိုင်းပြည်ကို နှစ်အတော်ကြာ ကျူးကျော်ရဲမှာ မဟုတ်ဘူး၊ သုံးရက် ...မဟုတ်ဘူး၊ တစ်ရက်အတွင်း မြို့တော်ပြန်ဖို့ စီစဉ်လိုက်မယ်"

ရှန်လျန်က စစ်မြေပြင်မှာ နေလာတဲ့သူ့လို မဟုတ်တာကြောင့် အိမ်ပြန်ချင်နေလောက်သည်။

"ကောင်းပါပြီ ၊လေ့ကျန်း မင်းတို့လည်း အဆင်သင့်လုပ်ထားလိုက်ကြတော့ ၊မနက်ဖြန်မနက် ထွက်ကြတာ ပေါ့"

ဟော်ရယ့်လင်က တစ်ရက်လို့ ပြောရင် တစ်ရက်အတွင်း သေချာသည်။ လေကြီးတတ်သူမဟုတ်တာ ကြောင့် ရှန်လျန်လည်း ငယ်သားတွေကို တဆင့်မှာကြားလိုက်သည်။

"ဟုတ်ကဲ့" ‌‌

လေ့ကျန်းနဲ့ ကျန်းဟိုင် တို့ ထွက်ခွာသွားသည်။ ရှန်လျန့်မျက်ဝန်းအိမ်က တည်ငြိမ် နေသည်။ အနက်ရှိုင်းဆုံးထိ အကဲခတ်ကြည့်မည်ဆိုပါက မုန်တိုင်းမလာခင် လေပြည်တိုက်ခတ်နေမှန်း မြင်ရလိမ့်မည်။

2436 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment