no

Font
Theme

'ဝေမိသားစုက ရတနာ သုံးပါး'

ပုံမှန် တည်ငြိမ်နေဟန်ရှိတဲ့ တုံးလင်အိမ်တော်က ရှန်လျန်ပြန်ရောက်လာသောအခါ ရေပြင်ပေါ်မှ လှိုင်းကြပ်ခွပ်လေးများသဖွယ် ဂယက်ထကုန်၏။

ရှန်ချန်နှင့် လျိုရှုဟန်တို့ သည် ရှန်လျန်၏ခြံဝန်းမှ ကံကောင်းစွာ လွတ်မြောက်လာသည် ။မျက်နှာပေါ်မှ လက်ဖဝါးရာနှင့် မတိုင်ခင်က ရှက်စရာအဖြစ်အပျက်သည် အစေခံများရဲ့ပါးစပ်ပေါက်အား ပိတ်နိုင်မည်မထင်။ မကြာခင် တစ်အိမ်တော်လုံးသိကုန်တော့မည်။ ဒုတိယ မိသားစု ၊တတိယ မိသားစုပင်မက သခင်မကြီးပါ ကြိတ်ပျော်နေမှာ အသေအချာ။ အခြွေအရံတွေ ပေးပြီး ရှန်လျန်ကို ဂရုစိုက်ခိုင်းကတည်းက လျိုရှုဟန် ရဲ့ပါးကိုဖြတ်ရိုက်ချင်နေမှန်းသိသာသည်။

မည်သို့ပင်ဆိုစေ ရှန်လျန်က မည်သည့် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း အလျဉ်းမပြပေ။ အိမ်ထိန်းမှ စားဖိုဆောင်အတွင်း တစ်ဒုန်းဒုန်း ခုတ်ထစ်ပြနေလျှင်တောင် သူကတော့ခပ်ပြုံးပြုံးနှင့် နေ့စဉ်နေ့တိုင်း အပြင်ဘက်သို့ ဈေးဝယ်ထွက်ရန် ချီယွဲ့ကို စေလွှတ်လေသည်။ ရက်အနည်းငယ်ကြာသည်အထိ ခြံဝန်းထဲမှ တစ်လှမ်းပင်မထွက် ချေ။ သခင်ကြီးရဲ့အမိန့်ကြောင့် မည်သူမှလည်း ပြဿနာလာမရှာရဲချေ။ ထို့ကြောင့် တုံးလင်အိမ်တော်က ယခင်အတိုင်း အေးချမ်းနေတော့သည်။

"လျန်လျန်၊ မင်းရဲ့ဆေးညွှန်းက တော်တော်စွမ်းတာပဲ၊ မျက်နှာ ပေါ် ဘာအမာရွတ်မှ မကျန်ခဲ့ဘူး၊ ပြီးတော့ လက်မောင်းဒဏ်ရာလည်း ပျောက်ခါနီးဖြစ်နေပြီနော်"

ဖေးယွီဆိုင်နှင့်နဲ့ ရက်ချိန်းယူထားတာ သုံးရက်ပြည့်သည့်နေ့ဖြစ်သည်။ ချီယွဲ့က သူ့လက်မောင်းက ပတ်တီးကိုကူညီဖြည်ပေးနေသည်။ ချီရွှမ်းနဲ့ချီယွဲ့တို့နှစ်ဦးသား ဒီရက်တွေအတွင်း အရမ်းခံစားခဲ့ရသည်။

"သေချာပေါက် ဆေးစွမ်းတာပေါ့ ဒါ ဝေမိသားစုရဲ့ လျို့ဝှက်ဆေး‌စပ်နည်းလေ"

မှတ်စုစာအုပ်ကိုချကာ ရှန်လျန် သူ့လက်မောင်းကို ညင်သာစွာ ပွတ်လိုက်သည်။

ဝေမိသားစုတွင် အမွေ သုံးမျိုးရှ်ိသည်။ စစ်ပရိယာယ်ကျမ်း၊ ဆေးကျမ်းနှင့် အဆိပ်ကျမ်း တို့ဖြစ်သည်။ ဒီရတနာ သုံးပါးကို ဝေမိသားစုမှ အစဉ်အဆက် လက်ဆင့်ကမ်း အမွေ ဆက်ခံခဲ့ကြ၏။

ဝေမျိုးရိုးနှင့် ဧကရာဇ် တို့ အတူတကွ

တိုင်းပြည်ဥပဒေကို ရေးဆွဲခဲ့ကြသည်။ ထိုအချိန်က စစ်နတ်ဘုရားဟု ထင်ရှားကျော်ကြားတဲ့ ဗိုလ်ချုပ် ဝေထင် က စစ်ပရိယာယ် စာအုပ်ကို ပြုစုရေးသားထားခြင်းဖြစ်သည်။ထိုစာအုပ်ထဲတွင် ပြီးခဲ့သော တ်ိုက်ပွဲ များ၏ နည်းဗျူဟာများနှင့်တကွ သူ၏ စစ်ပွဲအတွေ့အကြုံများပါ ထည့်သွင်း ရေးသားခဲ့သည်။

ဝေမျိုးရိုးသည် တ်ိုက်ခဲ့သောစစ်ပွဲတိုင်း အရှုံးမရှိသေးပေ။ ကံမကောင်းစွာဖြင့် တော်ဝင်ထီးနန်း ဆက်ခံသူ ပြောင်းလဲသွားပြီးနောက် ထိုဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် ဝေမိသားစုက ပိုကျော်ကြားလေ.....ဧကရာဇ် က စိုးရိမ်လေ ဖြစ်ကာ ဝေမိသားစုကိုဖိနှိပ်ထား ရန်ကြိုးစားတော့သည်။

ဆေးကျမ်းနှင့် အဆိပ်ကျမ်းစာအုပ်မှာ ဗိုလ်ချုပ် ဝေထင်၏ ခင်ပွန်းဖြစ်သူ ကျန်းဟိုင်ရေးသားထားခြင်းဖြစ်သည်။သူက ပြောသေးသည်..ဆေးပညာမှာ သူက ဆရာ တစ်ဆူပင်။ ‌ပညာသင်ကျောင်းနှင့် ဆေးပညာဓာတ်ခွဲခန်းကိုတည်ဆောက်ပြီး တိုင်းပြည်တိုးတက်အောင် လုပ်သည်။ သူ့တွန်းအားကြောင့် ချင်အင်ပါယာသည် အရှိန်ပြင်းပြင်းဖြင့် တည်ငြိမ်လာသည်။

အကယ်၍သာ ဝေထင်နှင့် အရင်မဆုံတွေ့ခဲ့ပါက ချင်ဘုရင်၏ ဇကရီ ဖြစ်သွားလောက်ပြီ။ ချင်ဘုရင်က ကျန်းဟိုင်ကြောင့် ဧကရီ မတင်မြှောက် ရခြင်းအကြောင်းအရင်းကို ချင်တစ်တိုင်းပြည်လုံးမသိကြပေ။

ဝေမိသားစုရဲ့ ရတနာသုံးပါးမှာ ဂုဏ်သတင်းကျော်စော လှပေတယ်။သို့သော် ထိုရတနာသုံးပါးမှ ဆေးကျမ်းနှင့် အဆိပ်ကျမ်း အကြောင်းကိုမူ လူအနည်းငယ်သာ သိသည်။ ဝေမိသားစုပင် နှစ်ပေါင်းများစွာ ကြာသည်အထိ မသေချာ၊ မရေရာ။

ရှန်လျန်မှ အမှတ်မထင် ဖြင့် မွေးဖခင်ဖြစ်သူ ဝေကျစ်ချန် ထားရစ်ခဲ့ပေးသော လျို့ဝှက်သေတ္တာကို ရှာတွေ့ခဲ့သည်။သေတ္တာအားဖွင့်ကြည့်ချိန်နှင့်တိုက်ဆိုင်စွာ ရှန်ချန်က ဝင်ရောက်လာသည်။ညီမငယ်အား မငြင်းနိုင်သဖြင့်နောက်ဆုံးတွင် ထိုဆေးကျမ်းကိုရှန်ချန်အားပေးလိုက်ရသည်။ သူကတော့ ဒုတိယအနေနဲ့ ပုန်းကွယ်နေသော အဆိပ်ကျမ်းကိုယူခဲ့သည်။ အရင်ဘဝမှာသူက အလွန်ကြင်နာ တတ်သူဖြစ်တာကြောင့် အဆိပ်ကျမ်းတစ်ခုလုံး ကြေညက်အောင်သင်ယူခဲ့သော်လည်း တော်ရုံ ထုတ်သုံးခဲ သည်။

လျှို့ဝှက်သေတ္တာ၏ အောက်ခြေတွင် နက်‌မှောင်နေသော သံမဏိတံဆိပ်ပြား တစ်ခုနှင့် ကျန်းဟိုင်၏ လက်ရေးစာတစ်စောင်ပါရှိလေသည်။ ထိုစာထဲ မှာကြားထားသည်က

'ဒီတံဆိပ်ပြားက အရိပ်ကိုယ်ရံတော်အဖွဲ့ကို ဆင့်ခေါ်ပြီး အမိန့်ပေးစေခိုင်းနိုင်တယ်' ဟူ၍။

ဒီတံဆိပ်ပြားလေးက အဲ့လောက်စွမ်းမယ်ဆိုတာ အရင်က သူမယုံကြည်ခဲ့။အမှန်တစ်ကယ်က အစောင့်ရှောက်အဖွဲ့ ဆိုတာ ရှိရော ရှိပါ့မလား ဆိုတာ သူမယုံခဲ့ခြင်းဖြစ်၏။ ကျန်းဟိုင်သေဆုံးပြီး နှစ်ရာချီ နေပြီလေ မည်သူမှ ဒီ လျို့ဝှက်သေတ္တာကိုဖွင့်ပြီး မကြည့်ခဲ့သလို၊ လျို့ဝှက် အဖွဲ့ကိုလည်းမည်သူမှ လက်ဆင့်ကမ်းမယူခဲ့ကြရာ အစောင့်အရှောက်အဖွဲ့က မည်သို့ တည်ရှိဦးမည်နည်း?

အမှန်တရားက နှစ်ရာချီကြာသွားတာတောင် အစောင့်‌အရှောက်အဖွဲ့ က တည်ရှိနေသေးသည်။ ကျန်းဟိုင်သည် ဝေမိသားစု၏ ကြီးမြတ်လှသော ဇနီးတစ်ယောက်ပင်။သူနှင့်ခင်ပွန်းဖြစ်သူ ဝေထင်တို့နှစ်ဦးမှာ ကျော်ကြားတဲ့ ဝေမျိုးရိုးဂုဏ်ကို တည်ထောင်နိုင်ခဲ့ရုံမက နောင်မျိုးဆက်အတွက် ကြိုတင်ကာကွယ်မှုများပြင်ဆင်ပေးခဲ့သည်။

ရှန်လျန့်အရင်ဘဝတုန်းက အလွန်တုံးအကာ မိုက်မဲ ခဲ့သည်။ အယုံကြည်လွန်ပြီး ဝေမိသားစု၏ အမွေပစ္စည်းကို တစ်ပါးသူအား အသုံးပြုခွင့်ပေးခဲ့သည်။

ရှန်လျန်သည် သူ၏ငြိမ်းချမ်းသော နေ့ရက်များကို အကျိုးရှိရှိ အသုံးချကာ လျို့ဝှက်သေတ္တာအား တစ်ကြိမ်ပြန်လည်ရှာဖွေခဲ့သည်။ဒီတစ်ကြိမ်တော့ သူ မရူးမိုက်တော့ပဲ သေတ္တာထဲမှ အရာအားလုံးကို သူ့တစ်ဦးထဲ အတွက်သာ အသုံးပြုတော့မည်။

"သခင်က ဒီလို ပစ္စည်းကောင်းကိုချန်ရစ်ပေးခဲ့မယ်လို့ မထင်ထားမိဘူး၊ တစ်ကယ်လို့သာ ဒီဆေးကျမ်းကို အစထဲက ရခဲ့မယ်ဆိုရင် သူ မသေနိုင်....."

ပြောနေရင်းစကားမှာ ရပ်တန့်သွားသည်။ချီယွဲ့က မျက်လုံးပင့်ကာ ရှန်လျန်အား ဂရုတစိုက် အကဲခတ်လိုက်သည်။ သခင် ဝေကျစ်ချန်က တုံးလင် အမတ်ကြီးရဲ့အသည်းညှာ ဖြစ်သလို အကြီးဆုံးသခင်လေးနဲ့ လျန်လျန့်ရဲ့ ချစ်ရတဲ့ဖေဖေဖြစ်နေသည်လေ။

" ဖြစ်နိုင်ပါတယ်"

ရှန်လျန် မျက်လွှာ ချကာ ထောက်ခံလိုက်သည်။ထို့နောက် ထရပ်ပြီး လျို့ဝှက်သေတ္တာကိုကောက်ယူသည်။ ရှုပ်ထွေးလှတဲ့ တည်ဆောက်ထားပုံကိုဖြတ်ကျော်ပြီး သေတ္တာ ဖွင့်သည်။ တံဆိပ်ပြားကို ထုတ်‌ယူကာ ဆေးကျမ်းနှင့် အဆိပ်ကျမ်းစာအုပ်ကို ပြန်ထည့်သိမ်းလိုက်သည်။

အဆိပ်ကျမ်းကတော့ အရင်ဘဝထဲက သူတတ်မြောက်ပြီးခဲ့ပြီ။ ဆေးကျမ်းက ရှန်ချန်ရသွားတယ်ဆိုပေမယ့် ဒီဘဝမှာတော့ ရစရာ အကြောင်းမရှိ။ ဒီသုံးရက်အတွင်း အဆိပ်ကျမ်း၏ ဗဟုသုတကို မှီး၍ ဆေးကျမ်းကို သူ ‌ချောချော မွေ့မွေ့လေ့လာ နိုင်ခဲ့သည်။ ယနေ့အချိန်မှ စ၍ ဒီစာအုပ်သည် မည်သည့်လူ ‌၏မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာတော့မည်မဟုတ်။

"လျန်လျန်... မြင်းလှည်း ပြင်ဆင်ပြီးပြီ၊ ထွက်ကြတော့မလား"

ချိီရွှမ်း အိမ်ပြင်ဘက်မှလျောက်ဝင်လာ၏။ ရှန်လျန်ရဲ့ အမိန့်အရ သူ ပြင်ပသို့ ပစ္စည်းထွက်ဝယ်ချင်ယောင်ဆောင်ပြီး ဖုယွင်ရှီးကို စောင့်ကြည့်ထားခဲ့သည်။ ယနေ့မှာ ဖေးယွီအဆောက်အဦးဆီသို့ ဝတ်ရုံ တူတူ သွားဝတ်ကြည့်ရန် သေချာ မှာထားခြင်း ကြောင့်သာ မဟုတ်ပါက အစောပိုင်းမှာတင် အပြင်ထွက်သွားနှင့်ပြီဖြစ်သည်။

"သွားကြမယ်"

လျို့ဝှက်သေတ္တာကို ခပ်ဝေးဝေးမှာ ထားလိုက်ပြီး သူ့ဝတ်ရုံအောက်တွင် တံဆိပ်ကို ဝှက်ထားလိုက်ကာ အိမ်ပြင် ထွက်လာသည်။

Words 1380

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment