no

Font
Theme

'ဝေမိသားစု'


ချင်ပြည်ထောင်၏ ဧရိယာနယ်နမိတ်က အလွန်ကျယ်ပြောလှ၏။ အနောက်မြောက် စစ်ဖြစ်ပွားရာနယ်စပ်နှင့် မိုင်ထောင်ချီဝေးလံလှသည်။ သံမဏိတပ်သားများနဲ့ အရိပ်တပ်သားများက မြို့တော်မှ သံသယကင်းကင်းဖြင့်ထွက်ခွာလာပြီးသည့်နောက် လမ်းကြောင်းသုံးခုခွဲလိုက်ကြသည်။ အသီးသီးက အနောက်မြောက်စစ်နယ်မြေနှင့် ဆန့်ကျင်ဘက်အရပ်သို့ ထွက်သွားကြသည်။ 


ဖေးယွမ်ရွှင်း၊ရှန်လျန်၊ ထျန်းရှု၊လေ့ကျန်းနဲ့ လူတစ်စုကတော့ အတူတကွ တစ်လမ်းတည်းသွားကြသည်။ နေ့နေ့ညည မိုင်ပေါင်းမည်မျှ ခရီးပြင်းနှင်ခဲ့သည် မသိ...မြင်းများ မည်မျှ သေခဲ့ပြီးသည် မသိ လေးရက်မြောက်နေ့မှာတော့ ခရီးစဉ်၏သုံးပုံနှစ်ပုံရောက်ခဲ့ပြီဖြစ်သည်။ 


"အဆင်ပြေရဲ့လား"


စမ်းချောင်းနား အဖြတ် ဖေးယွမ်ရွှင်းက ခရီးတစ်ထောက်နားရန် အချက်ပြလိုက်ပြီး ရှန်လျန့်ကို မြင်းပေါ်က ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။ မြင်းခုန်မှုကြောင့် ရှန်လျန်၏ ခြေနှစ်ဖက်က ရိုက်ခတ်ပွန်းပဲ့ ဒဏ်ရာရကုန်ရာ ဖေးယွမ်ရွှင်းမှာ စိတ်သောကရောက်ရတော့သည်။ တစ်ညလောက်နားလိုက်ပါဟု ဖြောင်းဖျသော်လည်း ချစ်ရသူက ဆန္ဒမရှိသဖြင့် အနားယူသည့် အချိန်ခဏတဖြုတ်လောက်မှာပင် ဆေးလိမ်းပေးနိုင်သည်။ 



"အဆင်ပြေသွားမှာပါ နှစ်ရက်လောက်ဆို ရောက်တော့မယ်မလား ၊သိပ်မှမလိုတော့ပဲ"


ထျန်းရှုနဲ့ တခြားသူတွေက စားစရာ သွားရှာကြစဉ် သူတို့နှစ်ယောက်ထဲသာ ကျန်မှ ရှန်လျန်က သက်တောင့်သက်သာ နေလိုက်သည်။ ရှက်မနေတော့ပဲ ဘောင်းဘီကို နှစ်ချက် သုံးချက်နဲ့ ဆွဲချွတ်ပစ်လိုက်သည်။ ထို့နောက် ပေါင်တွင်းသားနှစ်ဖက်က ဒဏ်ရာက်ို မြင်ရရန်ဖြည်းဖြည်းချင်း ပေါင်ကားပြလိုက်သည်။ ဒဏ်ရာက တစ်ကျောလုံး ဖြစ်နေပြီး နီရဲ‌ယောင်ယမ်း ကာ သွေး‌ပင်စို့နေသည်။ ဖေးယွမ်ရွှင်းက ဒဏ်ရာကို စေ့စေ့စပ်စပ် အကြိမ်ကြိမ် ကြည့်ရှုပေးနေရင်း ဓားထိုးခံရသလ်ို ရင်ထဲက နာကျင် ခံစား နေရသည်။ 


"ဘာမှမဖြစ်ပါဘူးဆို၊ ပုံစံကသာ ကြည့်ရဆိုးနေတာ၊ ခဏနေ လေ့ကျန်းတို့ပြန်ရောက်လာတော့မယ်၊ ဆေးအရင်ထည့်ပေးဦး"


ယွမ်ရွှင်းရဲ့ စိတ်ပူပေးနေတဲ့ မျက်နှာကြောင့် နာကျင်မှုက သက်သာသွားရသည်။ တစ်ကယ်တော့ ထိုဒဏ်ရာက အစ်ကိုကြီးကို ဘယ်တော့မှ မမြင်ရတော့ဘူးဆိုတဲ့အချက်နဲ့ ယှဉ်လို့ကိုမရနိုင်။ 


"ဟုတ်ပါပြီ ခုတော့ သန့်ရှင်းရေးအရင်လုပ်ပေးမယ်"


သူ့အား အချိန်ကြာကြာ စူးစူးနစ်နစ် ကြည့်နေပြီးမှ ဖေးယွမ်ရွှင်းက သန့်စင်တဲ့အစကိုရေစွတ်ပြီး ရှန်လျန်၏ဒဏ်ရာတစ်ဝိုက်အား ဂရုတစိုက်သုတ်ပေးသည်။ အစဖြူဖြူက ချက်ချင်းလိုလို အနီရောင် ပြောင်းသွားသဖြင့် စမ်းချောင်းမှာသွားဆေးရသည်။ ထိုသို့ လေးကြိမ်ခန့် သွားလိုက်လာလိုက် လုပ်ပြီးနောက် ဒဏ်ရာက သန့်စင်သွားတော့သည်။ 



ဖေးယွမ်ရွှင်းက မည်မျှ ကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်နေပါစေ သူ့ခြေထောက်ကြားမှာ ခေါင်းစိုက်ပြီး ဒဏ်ရာကို ညင်ညင်သာသာ လေမှုတ်ပေးနေခဲ့သည်။ အနာပေါ် လေအေးဖြတ်တိုက်ခံလိုက်ရတဲ့ ခံစားချက်ကြောင့် ရှန်လျန် နေလို့ကောင်းစွာဖြင့် ညည်းညူလိုက်မိသေး၏။ မသိလျှင် နှစ်ယောက်ကြားလေထုက ဟိုလိုလို ဒီလိုလို။ ထုတ်ပြောလို့မသင့်တဲ့ လူကြီးကိစ္စတွေ လုပ်ချင်ရင်‌ေတာင် မလုပ်သင့်မှန်းတော့ သိကြသေး၏။ 


"အာ့..."


ဒဏ်ရာနား စိုစွတ်နေတဲ့ရေတွေကို ခြောက်အောင်မှုတ်လိုက်ပြီးနောက် ဖေးယွမ်ရွှင်းက ဆေးမှုန့်ယူကာ လိမ်းပေးသည်။ အနာစပ်သဖြင့် ရှန်လျန်‌ေချွးပြန်ရင်း အသံထွက်မိသွားသည်။ ဒါပေမယ့်လည်း သူ့ထက် ဖေးယွမ်ရွှင်းက ပိုနာနေသယောင်။ 



"အရမ်းနာလား"


ရေနွေးတစ်အိုးဆူချိန်စာလောက် ကြာသော် ဖေးယွမ်ရွှင်း ဆေးလိမ်းလို့ပြီးသွားသည်။ ဘောင်းဘီပြန်ဆွဲတင်ပေးပြီး သူကိုယ်တိုင်က မတ်မတ်ထိုင်ကာ ရှန်လျန့်ကို ပေါင်ပေါ်ခေါင်းအုံးစေသည်။ 


"လျန်လျန် ဒီတစ်ခါပဲ ၊နောက်တစ်ခါ ဒီလို ထပ်မဖြစ်ရဘူး"


ညီအစ်ကိုချင်း ငါးနှစ်ကြာမတွေ့ရတာရယ်၊ အရမ်းစိုးရိမ်နေတာရယ်ကြောင့်သာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး နောင်ကို ယခုလိုထိခိုက်ဒဏ်ရာရစေတဲ့အဖြစ်မျိုး ထပ်အဖြစ်မခံနိုင်ပါ။ 


"ဟုတ်ပါပြီဗျ"


ပေါင်ကိုခေါင်းအုံးလုပ်အိပ်ရင်း ရှန်လျန်‌အပြုံးလေးနှင့်ခေါင်းငြိမ့်၏။ သူ မပြောရင်တောင် ဒီလိုထပ်မဖြစ်ချင်တော့ပါ။ 


"တရေးမှေးလိုက်၊ စားစရာရောက်လာရင် ကိုယ် နိုးပေးမယ်"


လက်ချောင်းရှည်သွယ်သွယ်က ရှုပ်ထွေးနေတဲ့ချစ်ရသူရဲ့ဆံနွယ်ကို ရှင်းလင်းအောင် သပ်တင်ပေးနေသည်။ 


ဒီတစ်ခေါက်ခရီးစဉ်က ဖေးယွမ်ရွှင်းကို စိတ်မချမ်းသာစေဘူးဆိုတာ ရှန်လျန် သဘောပေါက်တာကြောင့် မျက်စိမှိတ်ပြီး နာနာခံခံလေးအိပ်လိုက်သည်။ 


သူပြန်နိုးလာတော့ တစ်နာရီနီးပါးကြာသွားပြီဖြစ်ပြီး ထျန်းရှုတို့ပြင်ဆင်ထားတဲ့ အစားအစာပင် ကျက်နေပြီဖြစ်၏။ 



"ဘယ်လောက် ဝေးသေးလဲ"


ဖေးယွမ်ရွှင်း ပေးတဲ့ ကြက်ပေါင်ကိုကိုက်ရင်း ရှန်လျန် မေးလိုက်သည်။ 


"မိုင်တစ်ထောင်လောက် ကျန်ဦးမယ်၊ ကိစ္စအထွေအထူးမရှိရင် မနက်ဖြန် မနက်ရောက်နိုင်တယ်"


အနောက်မြောက်စစ်မြေပြင်က မြို့တော်နှင့် မိုင်ငါးထောင်ကွာဝေးရာ မိုင်တစ်ထောင်ကျန်သေးသည်ဆိုလျှင် ခရီးစဉ်၏ သုံးပုံနှစ်ပုံတော့ ကျိုးပြီဖြစ်၏။ 


"အွန်း.. သိပ်မလိုတော့ဘူးပဲ၊ အဲ့တာဆို စားပြီးတာနဲ့ ထွက်ကြရအောင်"


ခေါင်းငြိမ့်လိုက်ပြီး ရှန်လျန် ကြက်ပေါင်ကို နှစ်လုတ်ထဲနဲ့ အပြတ်ရှင်းလိုက်သည်။ ဖေးယွမ်ရွှင်းက ခေါင်းခါယမ်းလျက် ရေယူပေးသည်။ 


"အလောတကြီးမစားနဲ့၊ဖြည်းဖြည်း... မဟုတ်ရင် ခန္ဓာကိုယ်အာဟာရမပြည့်ပဲ အိပ်ရာထဲလဲသွားလိမ့်မယ်"


"အွန်း အွန်း"



ရှန်လျန် အလွယ်တကူ‌ သဘောတူသော်လည်း အပြုအမူကတော့တခြားစီပင်။ ခပ်သွက်သွက်စားပြီးသည်နှင့် လေးဆယ့်ငါးမိနစ်အကြာတွင် ခရီးစထွက်ကြသည်။ ဒါဇင်ချီသော မြင်းများကတစ်ပြိုင်တည်းစတင် ပြေးလွှားကြရာ မြေပြင်က ဖုန်တထောင်းထောင်းထလျက် ကျန်ခဲ့သည်။ 


သို့နှင့် ခရီးဆက်လာကြရာဝယ် များမကြာခင်အချိန်၌ လူအုပ်စုတစ်စုနှင့် ထိပ်တိုက်တိုးသည်။ ထိုသူတို့ပုံစံက ရှန်လျန့်လို နေ့နေ့ညည ခရီးပြင်းနှင်လာသူတွေ မဟုတ်သည့်အပြင် ၊ဟုတ်သည်ဆိုရင်‌ တောင် လူအများစုက လှည်းရထားလုံးထဲ စီးနင်းလိုက်ပါလာကြရာ ရှန်လျန့်ထက် မျက်နှာအခြေအနေများစွာကောင်းမွန်လေသည်။ 


"ယွီး!"


မြင်းတပ်စုနှစ်ခုတွေ့ဆုံရာဝယ် နှစ်ဖက်လုံးက တစ်ချိန်တည်း ရပ်တန့်လိုက်ကြသည်။ တစ်ဖက်မြင်းတပ်၏အရှေ့ဘက် အလယ်မှ ဦးဆောင်လာသော သက်လတ်ပိုင်းရွယ် လူကြီးကိုရှန်လျန် မြင်သည်နှင့် မျက်ရည်စီးကျလာတော့၏။ 



"ဦးလေး"


ဟုတ်ပါ၏။ ဒီလူစုက သံတမန်နဲ့အတူပြန်လာတဲ့ ဝေမိသားစုဖြစ်၏။ ရှေ့ကဦးဆောင်လာတဲ့ သက်လတ်ပိုင်းလူကြီးက တပ်ချုပ်ကြီး ဝေကျစ်ဟိုင်ဖြစ်သည်။ ရှန်လျန်နှင့် ဦးလေးတော်စပ်၏။ 


"မင်း....က လျန်လျန်?"


ဝေကျစ်ဟိုင် ပထမတော့ မယုံကြည်နိုင်ဖြစ်နေသည်။ စစချင်း ရှန်လျန့်ကိုတွေ့တော့ လွန်ခဲ့တဲ့ဆယ်နှစ်က ဆုံးပါးသွားပြီဖြစ်တဲ့ ညီလို့ ထင်မှတ်မှားသွားခဲ့သော်လည်း သတိနှင့်ဆင်ခြင်လိုက်ပြီးနောက် မြင်းပေါ်က အလျင်စလိုဆင်းလာသည်။ ရှန်လျန်က မျက်ရည်တွေသုတ်လိုက်ပြီး ဖေးယွမ်ရွှင်းကူညီတာကိုတောင် မစောင့်နိုင်စွာ မြင်းပေါ်က ခုန်ချတော့သည်။ 


"ဦးလေး!"


ရှန်လျန်က ဝေမိသားစုနဲ့တစ်ခါမှ မတွေ့ဖူးပေမယ့် သိနေခဲ့သည်။ သူ့ရင်ထဲ ထိန်းချုပ်မထားနိုင်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ 



"ဖြည်းဖြည်းဆင်း"


သူခုန်ချတာမြင်တော့ ဖေးယွမ်ရွှင်းက အမြန်ဆွဲဖမ်းလိုက်ချင်ပေမယ့် အနီးရောက်လာတဲ့ ဝေကျစ်ဟိုင်က လက်ဦးသွားခဲ့သည်။ 


"လျန်လျန် ဟုတ်တာ်မလား၊ ကြည့်စမ်း အဖေနဲ့တစ်ထေရာထဲ"


ဝေကျစ်ဟိုင် ပြောမပြတတ်လောက်အောင် အံ့ဩပီတိဖြစ်နေသည်။ ညီငယ်ရဲ့သားနှစ်ယောက်လုံးကို စစ်မြေပြင်မှာ တွေ့ရမယ်လို့ တစ်ခါမှ မထင်ထားမိခဲ့။ 


"ဟုတ် ...ကျွန်တော်က လျန်လျန်လေ ဦးလေး... ကျွန်တော်က လျန်လျန်ပါ"


သက်ရှိထင်ရှားရှိနေတဲ့ ဦးလေးကိုကြည့်လေကြည့်လေ ရှန်လျန် စိတ်လှုပ်ရှားလေဖြစ်၏။ ဦးလေးကိုပြေးဖက်လိုက်ပြီး မျက်ရည်အိုင်အဖြစ်သွန်ချသည်။ ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်၊ ဦးလေးက တစ်ကယ် အသက်ရှင်သေးတာ အမှန်ပင်။ 


"လိမ်မာတဲ့ကလေး!"


တစ်ခါမှမဆုံဖူးတဲ့တူလေးက သူ့အပေါ် ခုလိုမှီခိုလာတော့ ဝေကျစ်ဟိုင် အရမ်းပျော်နေမိသည်။ တူဝရီးနှစ်ဦး အချင်းချင်း ခပ်တင်းတင်းဖက်ထားကြသည်။ 



"ဦးလေး..."


ယခုအချိန်မှာ ရှန်လျန်က မြို့တော်တစ်ခွင် နာမည်ကျော်ကြားတဲ့ အလှလေးမဟုတ်တော့ပဲ စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် ငိုနေတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးဖြစ်သည်။ တစ်ခါမှ မမြင်ဖူးတဲ့ ရှန်လျန်ရဲ့အားနည်းတဲ့တစ်ဖက်ခြမ်းကို ဖေးယွမ်ရွှင်းအပါအဝင် ထျန်းရှု၊လေ့ကျန်းတို့လည်း အံ့ဩတကြီးဖြစ်သွားကြသည်။ နောက်တခဏအတွင်းမှာပဲ လူတိုင်းဆီကို အပျော်တွေ ကူးစက်သွားခဲ့သည်။ 


"ကျစ်ဟိုင် ရှေ့က ဘယ်သူလဲ"


နောက်ဘက် လှည်းရထားတွင်းမှ အသံကြောင့် တူဝရီးနှစ်ဦး ဖက်လျက်သား လှည့်ကြည့်လိုက်ကြသည်။ ရှန်လျန်၏မျက်ရည်တွေက စီးဆင်းနေရာမှ ရပ်တန့်သွားသယောင်၊ယခုကြားလိုက်ရတဲ့ ဩဇာတိက္ကမနဲ့ပြည့်စုံတဲ့အသံက သေချာပေါက် မှားယွင်းစရာမရှိချေ။ 


"ဖေဖေ၊ အဖေ၊ လောင်အာ့နဲ့လောင်စန်း ဒီမှာ ဘယ်သူလဲ လာကြည့်ကြဦး"


ဝေကျစ်ဟိုင်က ရှန်လျန့်ပခုံးကိုဖက်ကာ ကျယ်ကျယ်လောင်လောင်အော်ပြောသည်။ မြင်းတွေ ရှေ့တိုးလာသလို လှည်းလိုက်ကာလည်း ပွင့်လာသည်။ 



အထဲမှာ ထိုင်နေသူနှစ်ဦးမှာ တစ်ဦးကအသက်ခြောက်ဆယ်ခန့်၊ တစ်ဦးက ငါးဆယ်ခန့်၊ တစ်ဦးက အရပ်မြင့်ဟန်ရှိပြီး ကျန်တစ်ဦးက ပိန်ပါးသည် ။ နှစ်ဦးလုံးကို သက်ရှိထက်ရှားမြင်လိုက်ရရာ ရှန်လျန် ထပ်မံ ထိန်းချုပ်မထားနိုင်တော့ပဲ မျက်ရည်သွန်ဖြိုးမိ၏။ 


"သူက..."


လူအိုနှစ်ယောက်က ရှန်လျန့်ကိုတွေ့တာနဲ့ တုန်တုန်ရီရီဖြစ်လာသည်။ လျန်လျန်က ဝေကျစ်ထျန် ရဲ့ ငယ်ရုပ်နဲ့ချွတ်စွပ်ကိုတူ၏။ မည်မျှ ဂုဏ်သရေရှိကြီးမြတ်သည့် လူကြီးမင်းတွေဖြစ်နေပါစေ ယခုအချိန်မှာတော့ အိ‌‌န္ဒြေသိက္ခာတစ်ခွဲသားနဲ့ထိုင်မနေနိုင်။ 


ဦးလေးရဲ့ရင်ခွင်ထဲကနေခွာပြီး ဖိုးဖိုးတို့ရှေ့ ရှန်လျန် ဒူးထောက်ချလိုက်သည်။ 


"ဖိုးဖိုးနဲ့ အဖိုး ကို ရှန်လျန်က ဂါရဝပြုပါတယ်"


ရှန်လျန် သုံးကြိမ်တိုင် မျက်ရည်ဝေ့လျက် ကန်တော့သည်။အရင်ဘဝက ဒီလူတွေကို သေစေခဲ့သည်ဖြစ်ရာ အကြွေးများစွာတင်နေသည်။ 



"ကောင်းလိုက်တာ၊ ကိစ္စကောင်းပဲ"


‌ဝေဖိုးဖိုးက ပီတိဖြာနေသည်။ သူလည်းပဲ ရှန်လျန့်ကို ချစ်ခင်စွာ မျက်ရည်‌တွေနဲ့ ဖက်လိုက်သည်။ သားလေးယောက် မွေးဖွားခဲ့ပြီး အငယ်ဆုံးတစ်ယောက်ပဲ 'ကော'ဖြစ်ခဲ့ရာ ငယ်စဉ်ကတည်းက တစ်အိမ်လုံးက ဝိုင်း၍ဖူးဖူးမှုတ်ထားခဲ့သည်။ ကောင်းပေ့‌ညွန့်ပေ့ဆိုတာမှ ဆင်ပေးခဲ့သည်။ မျှော်လင့်မထားစွာ အငယ်ဆုံးလေးက အသက်နှစ်ဆယ်ထဲနဲ့ ဘဝဆုံးခဲ့ရသည်။ ဂြိုလ်ဆိုးဝင်တဲ့နှစ်လို့ပြောရမလား ... ‌ထိုနှစ်က ဝေကျစ်ထျန်သည် နေထိုင်မကောင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့သလို၊ ဝေမိသားစုလည်း အနောက်တောင်နယ်စပ်ကို စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုသို့မဟုတ်ပါက လျန်လျန့်ကို တုံးလင်အိမ်တော်မှာ လုံးဝ ထားမှာ မဟုတ်ချေ။ 


"အဖိုး..."


ရှန်လျန့်ရင်ထဲ မချိတင်ကဲဖြစ်ပြီး ငိုပြီးရင်းငိုသည်။ 


"မင်းကဘာလို့ ဒီရောက်နေတာလဲ၊ လျန်လျန်နဲ့ လက်မထပ်ရသေးဘူးမလား၊ ဘာလို့ အနားမှာ ဝေ့လည်ကြောင်ပတ် လာလုပ်နေတာလဲ"



အဖိုးဝေက စိတ်နည်းနည်းတည်ငြိမ်သွားတာနဲ့ ဖေးယွမ်ရွှင်းကို မကြည်ကြည့် ကြည့်သည်။ ဧကရာဇ်ကိုယ်တိုင် လက်ထပ်ခွင့်ပြုထားမှန်း မသိခြင်းမဟုတ်၊ ဒီလက်ထပ်ပွဲကို သူတို့ဘယ်လောက်ထိ သဘောမတူချင်မှန်း သူတို့ကိုယ်တိုင်သာသိ၏။ 


ဖေးယွမ်ရွှင်းဆိုတာ ဘယ်လိုလူစားမို့လဲ?လျန်လျန်ကို သူ့အရှုပ်ထဲ ဆွဲသွင်း‌ချင်နေသေး၏။ 


"ဗိုလ်ချုပ်ကြီးဝေ"


ဖေးယွမ်ရွှင်း တလေးတစားနဲ့ ဂါရဝပြုနှုတ်ဆက်သည်။ သူ့ရှေ့ကလူမှာ ချင်ပြည်ထောင်ရဲ့ အစစ်အမှန်ကာကွယ်ရေးဦးစီးချုပ်ကြီး ဖြစ်လေသည်။အင်အားကြီး အိမ်နီးချင်းတိုင်းပြည်တွေတောင် လာမကျူးကျော်ရဲသည်အထိ ကြောက်ရွံ့ရသူဖြစ်၏။ ဒါကြောင့်လည်း ချင်ပြည်ထောင်မှာ ဝေမိသားစုက ထိပ်တန်းသန်မာသည့်မိသားစု ဖြစ်နေရခြင်းပင်။ 


"ခေါင်းမာတဲ့ကောင်၊ ငါ့မြေးကိုလိုချင်ရင် ငါတို့မိသားစုကိုအရင် ကျော်ဖြတ်နိုင်အောင် ကြိုးစား"


ဗိုလ်ချုပ်ကြီးဝေရဲ့ဦးဆောင်မှုနဲ့ သားသုံးယောက်လုံး တန်းစီပိတ်ရပ်နေကြသည်။ 



"ဟုတ်တယ်၊ ငါတို့ကိုအရင် ကျော်ဖြတ်ရမယ်"


သုံးယောက်လုံး သံယောင်လိုက် ပြောသည်။ အများဆုံးရှိလှ သူ့ထက် ဆယ်နှစ်ဝန်းကျင်ပဲ အသက်ကြီးကြလိမ့်မည်။ 


စည်းလုံးလှသည့်မိသားစုကိုကြည့်ရင်း ဖေးယွမ်ရွှင်း ခေါင်းကိုက်သွားသည်။ သူလည်းပဲ အင်အားကြီး စစ်တပ်ရှိနေတာတောင် လျန်လျန့်ကို လက်ထပ်ဖို့ မအောင်မြင်သေးပေ၊ ထို့အပြင် ဝေမိသားစုရဲ့ ရန်သူပါဖြစ်သွားသေး၏။ 


ထိုစဉ် အသက် ဆယ့်ခုနစ်နှစ် ၊ဆယ့်ရှစ်နှစ်သာရှိဦးမည့်မိန်းမစိုးငယ်က ဝေမိသားစု၏စကားဝိုင်းကို ဝင်ဖျက်သည်။ 


"ဗိုလ်ချုပ်ကြီးဝေ ခင်ဗျ.. အရှင့်သားက ဘာလို့ ခရီးရပ်သွားတာလဲ မေးခိုင်းလိုက်ပါတယ်"


အဖိုးဝေက စိတ်မရှည်စွာ ဖြေသည်။ 


"ကျစ်ဟိုင် သူ့ကိုသွားရှင်းပြလိုက်၊ ခဏအနားယူကြမယ်လို့"


"ဟုတ်"


ဝေကျစ်ဟိုင် ချက်ချင်းလှည့်ထွက်သွားသည်။ ဖိုးဖိုးဝေနဲ့ရှန်လျန်တို့ မြေးအဖိုးက တစ်ယောက်လက် တစ်ယောက်တင်းတင်း ဆုပ်ကိုင်ထားကြကာ မည်သူကမှ လွှတ်ရန်ဆန္ဒမရှိကြပေ။ 



"ကြီး ကြီးနေပြီ ၊ခုအရွယ်ထိ ငိုတုန်း! မရှက်ဘူးလား"


အဖိုးဝေက တဗျစ်တောက်တောက် ပြောပေမယ့် သူ့မျက်လုံးလည်း မိသားစုနည်းတူ နီရဲလာသည်။ 


"ဘာလို့ ဒီအထိ လျှောက်ပြေး‌လာတာလဲ"


မိသားစုချင်းပြန်တွေ့တာ ကောင်းတဲ့ကိစ္စဆိုပေမယ့် ဘာကပြဿနာလဲ?


"အဖိုး! "


နှုတ်မချိုပေမယ့် စိတ်ထားကပျော့ပြောင်းသူဆိုတာသိနေရာ ရှန်လျန်ဟာ ဖိုးဖိုးရဲ့လက်ကိုဖြုတ်ပြီး အဖိုးရဲ့အင်္ကျီအနားကို သွားဆွဲသည်။ 


"ကျွန်တော် အနောက်မြောက်နယ်စပ်ကစစ်မြေပြင်ကိုသွားမလို့၊ တာ့ကော လေ... သူ"


စကားဆုံးအောင်ပင်မပြောနိုင် အားကိုးရာရှိတော့ ဝမ်းနည်းစိတ်ကရင်ထဲဆို့တက်လာသည်။ 



 ရှန်လျန့်ပုံစံကြောင့် ဝေဖိုးဖိုးနှစ်ဦးက အမြန်ရှေ့တိုးလာပြီး ပခုံးပုတ်ပေးသည်။ 


"ငို..ဘာင်ိုစရာရှိလို့လဲ? ဘာကြောက်ရာရှိလို့လဲ"


"မင့်အဖိုးကိုလစ်လျူရှုလိုက်၊ သူက စကားအရမ်းများတယ်"


ဆူငေါက်နေသော်လည်း မျက်လုံးတွေနီနေတဲ့ ဝေမိသားစုကို ဖေးယွမ်ရွှင်း အထူးတဆန်းကြည့်နေမိသည်။ ဝေမိသားစုက မြေးတွေကို တုန်နေအောင်ချစ်မှာဆိုတဲ့ ကောလဟာလက အမှန်ဖြစ်ပုံရသည်။ 


2590 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
BiBi26

1 year ago

ဖတ်မဝဘူး😭 အပိုင်း ၇၀၀ ကို တော်”စောင့်ဖတ်ရမှာပဲ 🥹