no

Font
Theme

"မင်းသား၄ကြောင့် လှိုင်းလုံးက ဆက်လက် ကြမ်းနေဆဲပဲ"

မင်းသမီး၏အိမ်တော်သည် နန်းတော်နှင့်အနီးဆုံးရှိ တော်ဝင်နယ်နမိတ်အတွင်းတွင်တည်ရှိသည်။မြေဧရိယာမှာ အတော်ကျယ်ဝန်းပြီး၊ အိမ်တော်နှစ်ဆောင်က အနောက်ဘက်တံခါးအနီးရှိ မြင်းဇောင်းကို ဖုံးကာထားနိုင်သည်။ အိမ်တော်အတွင်းပိုင်းအပြင်အဆင်က အလွန့်အလွန် တန်ဖိုးကြီးကာ အပြင်က ကြည့်လျှင်တောင် ခမ်းနားလှပေ၏။ မင်းသားသွမ့်ကျွမ်းဝမ်နှင့် မင်းသမီးယွဲ့ဟွားတို့က ရှေ့ဆင့်နောက်ဆင့်မွေးဖွားကြသောကြောင့်အိမ်တော်နှစ်ဆောင်က တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး၊ တစ်ဆောင်နှင့်တစ်ဆောင်ကြားတွင် ကြီးမားသည့်တံတားတစ်စင်းဖြင့် သွယ်တန်းထားသည်။

မင်းသမီးယွဲ့ဟွားက ယခင်ဧကရာဇ်၏ အချစ်ဆုံးသမီးမဟုတ်ခဲ့သော်လည်း တော်ဝင်သွေးအပြည့်ပါသည်။ ဧကရာဇ်နှင့် အိမ်ရှေ့ မင်းသားတို့ သေဆုံးပြီးနောက်တွင် လက်ရှိဧကရာဇ်က အိမ်ရှေ့မင်းသားအရိုက်အရာဆက်ခံသည်။ နန်းတက်ပြီးနောက် သူမနှင့် လက်ဆက်လိုက်ရာ မင်းသမီးယွဲ့ဟွားသည် မင်းသမီးအားလုံး၏ ဝါအကြီးဆုံး မင်းသမီးကြီး ဖြစ်လာသည်။

မင်းသမီး၏အိမ်တော်က တုံးလင်အိမ်တော်နှင့်သိပ်မဝေးချေ။ နာရီဝက်အတွင်း လှည်းရထားများက တစ်စီးပြီးတစ်စီးရောက်လာသည်။

ထူးဆန်းသည့်အချက်မှာ ရှေ့ဆုံးမှ ထွက်ခွာသွားသော မြင်းရထားက ပျောက်ဆုံးနေခြင်းဖြစ်သည်။

" တုံးလင်အိမ်တော်သခင်မ မဟုတ်ပေလား? မတွေ့ရတာ အတော်ကြာပါပြီ"

တစ်ဦးပြီး တစ်ဦး ရထားလုံးထဲမှ ထွက်လာကြသည်။ သူတို့ ထွက်လာသည်ကိုမြင်သည်နှင့် အစေခံက ပြုံး၍ အသံကျယ်ကျယ်နှင့်ပြောလိုက်ရာ ဧည့်သည်အားဖိတ်ခေါ်ရန် စောင့်နေကြသည့် မိန်းမပျိုများအားလုံး လှည့်ကြည့်လာကြသည်။ တုံးလင်အိမ်တော်အားယခုလတ်တလော နာမည်ကျော်စော စေသောသူများ ဖြစ်သည်ကြောင့် ဝိုင်းကြည့်ကြခြင်းပင်......

ရှန်မိသားစုမှာ ပတ်ဝန်းကျင်နှင့်အသားကျသူများဖြစ်နေရာ သဘာဝကျစွာပင် လူတိုင်း၏ အာရုံစူးစိုက်ခံရသည်ကို ကြောက်လန့်နေခြင်းမျိုးမဖြစ်ပေ။ တစ်ချိန်က ထိုမျက်လုံးများ၏ အဓိပ္ပာယ်သည် မနာလိုခြင်း၊ တပ်မက်ခြင်းဖြစ်ပြီး .....ဒီနေ့မှာတော့ ထိုမျက်ဝန်းများ၏ အနက်မှာ သူတို့အား လှောင်ပြောင်ခွင့်ရ၍ ကျေနပ်နေဟန်ရှိသည်။ ထိုအကြည့်တွေကိုခံစားမိသော လျိုရှုဟန်တို့မိခင်သုံးဦး မှာ မျက်နှာ မသာမယာနှင့် သည်းမခံနိုင်ဖြစ်လာသည်။ ရှန်ချန်တို့ သခင်မလေး သုံးယောက်သည်လည်း တစ်ခဏအတွင်း ရှက်စိတ်ကြောင့် မျက်နှာရဲလာ၏။

"သခင်မ လက်ထပ်သွားတည်းကနော်"

"အိုး!"

လျိုရှုဟန် တစ်စုံတရာ တုံ့ပြန်ပြောမည်အပြု လှည်းရထားတစ်စီးက လျှပ်တပြက်ရောက်ရှိလာသည်။ထိုလှည်းက တုံးလင်မိသားစုလှည်းတန်း၏ ‌အရှေ့ဆုံးမှာ ရပ်တန့်သွား၏။ ချီယွဲ့ ခုန်ဆင်းလာပြီးခြေနင်းခုံကို နေရာတကျထားကာ လှည်း လိုက်ကာ အားဖွင့်ပေးလျက် ဘေးဖက်တွင် ရပ်နေလိုက်သည်။

ပထမဦးစွာ လူတိုင်း၏မြင်ကွင်းထဲဝင်လာသည်က အနီရောင် တောက်တောက် ထုထည်တစ်ခု...

"လှရက်လိုက်တာ!"

ရှန်လျန် အပြင်ထွက်လိုက်သည်နှင့် လူပေါင်းများစွာရဲ့ အသက်ရှုသံတွေ မတည်မငြိမ်ဖြစ်ကုန်ပြီး အာမေဋိတ်အသံ မထွက်ပဲမနေနိုင်ကြချေ။ ရှန်လျန်၏ အလှတရားက အလွန်ထင်ပေါ်နေရာ လူတိုင်းက အကြည့်မလွှဲနိုင်ကြပေ။ မိန်းမငယ်လေးတွေပင် မျက်နှာနီနီလေးတွေနှင့်လှမ်းကြည့်နေကြသည်။ တစ်ကယ်၍ သူသာ 'ကော' တစ်ယောက်မဟုတ်ပါက များစွာသော သမီးပျိုလေးတွေရဲ့ တိတ်တခိုးကြိုက်ခြင်းကို ခံရနိုင်သည်။

"သူကဇနီးကြီးရဲ့ သားမဟုတ်လား? နယ်စွန်နယ်ဖျားမှာ ကြီးပြင်းလာရတာလို့ကြားထားပေမယ့် သူ့ပုံစံက တော်တော်လေးကွာခြားနေတယ်နော်"

"သူ့အသက်က ခုမှ 15နှစ်ပဲရှိသေးတာမလား ?"

မျိုးရိုးမြင့်မြင့်မွေးလာပြီး အနီရောင်တောက်တောက် ဝတ်ရုံ ဝတ်ထားလည်း အနာဂါတ်မှာ တော်ဝင်မိသားစုထဲတော့ မဝင်နိုင်လောက်ဘူးမလား?

"တုံးလင်အိမ်တော်က တစ်ကယ် မကောင်းဘူး၊ ဇနီးကြီးက သေဆုံးရပြီး သားနှစ်ယောက်မှာ တစ်ယောက်က စစ်ပွဲမှာ၊ တစ်ယောက်က နယ်စွန်နယ်ဖျားအရပ်မှာ ပစ်ထားခံရတယ်၊ သားကြီးရဲ့ အရည်အချင်းကြောင့်မို့လို့သာပေါ့၊ ဆိုးဝါးတဲ့ဘဝကြီးကနေ နည်းနည်းလောက် အသိအမှတ်ပြုခံလိုက်ရတာ"

"လက်ရှိသခင်မ ပုံစံက အဲ့လိုလုပ်မယ်လို့ မထင်ရဘူးနော်၊အဲ့အိမ်က ကိုယ်လုပ်တော်တွေအကုန် ပညာတတ်တွေချည်းပဲကို ၊ ပြီးတော့ အိမ်တော်က ကောလဟာလ သတင်း ဆယ်ခုထွက်ရင် ကိုးခုက အမှားတွေချည်းပဲ၊ တုံးလင်အိမ်တော်ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတာပဲဖြစ်မယ်"

"ဟုတ်လောက်တယ်၊ နင်တို့ ရှန်လျန့်ကိုကြည့်လိုက်ကြ! သူ့မျက်နှာ အဲ့လောက်လှတာ ...ပြောလို့မရဘူး နောက်ကွယ်က ပြဿနာရှာနေတာလည်းဖြစ်နိုင်တယ်၊ မဟုတ်ရင် သူပြန်လာပြီး လဝက်အတွင်းမှာပဲ ဘာလို့ပြဿနာတွေ အများကြီးတက်ရတာလဲ? ဟုတ်တယ်မလား"

"နင်က သူ့မိဘကို မနာလိုနေတာပဲ...သူကအသက် ဆယ့်ငါးနှစ်ပဲရှိသေးတာကို ဓားပြငှားပြီး သူ့ကိုယ်သူဖမ်းခိုင်းရမှာလား? သူတို့အိမ်မှာ လူအဲ့လောက်အများကြီးရှိတာ ၊ရှန်လျန်ကဘာလို့ တစ်ယောက်ထဲပဲပြန်လာရတာလဲ?"

"............"

လျိုရှုဟန်ကိုထောက်ခံတဲ့အမျိုးသမီးအချို့ရယ်၊ ရှန်လျန်ကိုမနာလိုနေတဲ့ အမျိုးသမီးအချို့ရယ်ဟာ ထိုစကားကြောင့်တိတ်ဆိတ်ကုန်ကြသည်။

လူများစွာရဲ့ပါးစပ်ဖျားမှာ ပြောစရာခေါင်းစဉ်က တုံးလင်အိမ်တော်အကြောင်းဖြစ်နေပြီး အတင်းပြောတဲ့တစ်ချို့လူတွေက ရှက်ရွံ့ဖွယ်အခြေအနေကိုရင်ဆိုင်သွားရကာ ၊ ဘာအမူအရာမှမဖော်ပြတဲ့ တစ်ယောက်တည်းသောသူက ရှန်လျန်ပင် ဖြစ်သည်။

ဒီလောက် အတင်းတုပ်တာလေးကတော့ သူ့အရင်ဘဝမှာ အများကြီးကြုံခဲ့ရပြီးဖြစ်သည်။

ယခုအလှူပွဲတွင် လျိုရှုဟန်က သူမရဲ့သဒ္ဒါတရားထက်သန်မှုကိုပြသရန် အပြောအဆို၊ အမူအရာ ထိန်းသိမ်းထား ခဲ့သည် ။

ရှန်ချန်နှင့်အခြားသူများ၏ ဝတ်စားဆင်ယင်မှုမှာ ပွဲတိုးသော်လည်း ရှန်လျန်၏ အလှလောက် တော့မော်မကြွားနေနိုင်ခဲ့.....

"ရှောင်ဝူ... ရှေ့ဆက်မလျှောက်တော့ဘူးလား? ပြီးတော့ ဘာလို့ နောက်ကျမှရောက်လာတာလဲ"

နောက်မှာ လူတွေများလာတာကြောင့် ကျောက်လန်က သူမရဲ့ဇနီးအာဏာလေးထုတ်ပြရန် ကြင်နာသည့်အပြုံးလေးနှင့် ရှေ့တိုးလာသည်။

ရှန်လျန်အား အလေးမထားချင်သော်လည်း လူရှေ့သူရှေ့တွင် ထုတ်ဖော်၍မသင့်ချေ။

ငါ့အ‌ပေါ် ရေဆိုးရေညစ်တွေထပ်လောင်းချချင်နေတယ်ပေါ့လေ?

မိုက်မဲတဲ့ မိခင်တွေကြောင့် ရှန်လျန်မျက်ဝန်းက အလင်းတစ်ချက်လက်သွားပြီး နှုတ်ခမ်းထောင့်စွန်းက အပေါ်သို့တွန့်ကွေးသွားသည်။

"တောင်းပန်ပါတယ် အဒေါ်နှစ်၊ လမ်းတစ်ဝက်ရောက်မှ ကျွန်တော်က ဒီနေ့ အလှူပွဲအတွက် တစ်ခုခု လှူဖို့လိုလို့ပါ၊ ဘာမှ မပါပဲလာရင် အိမ်တော် မျက်နှာပျက်ရပြီး အဖေလည်း ကျွန်တော့ကိုဆူပူမှာပေါ့၊ ဒါကြောင့်ပစ္စည်း သွားဝယ်နေတာပါ"

ရှန်လျန်မှ ယဉ်ယဉ်ကျေးကျေးပြန်ဖြေသည့်အဖြေကြောင့် ကျောက်လန်တို့ မျက်နှာအရောင်တွေပြောင်းကုန်သည်။ သူတို့၏စိတ်ဝိဉာဉ်ပင် ခန္ဓာကိုယ်နဲ့မကပ်တော့ပဲ လွင့်‌ထွက် သွားသည်။ပုံမှန်အားဖြင့် လှူဖွယ်ပစ္စည်း တို့မှာ အိမ်ဦးစီးသည့် ဇနီးသည် တာဝန်ဖြစ်သော်လည်း ရှန်လျန်က သူတို့သားအရင်းမဟုတ်သဖြင့် ပစ္စည်း မရခဲ့ဘူးဆိုလျှင် ဆိုလိုသည့်အဓိပ္ပာယ်မှာ ရှန်လျန်က တုံးလင်အိမ်တော်တွင် အရေးမပါသူဟု ဖော်ပြနေသည်။ လက်ရှိတွင် ယာယီအုပ်ချုပ်နေသော ကျောက်လန်က ဇနီးကြီး၏သားငယ် ကို ဖိနှိပ်နေခဲ့သည်ပေါ့!

အိမ်တိုင်း၏ ဇနီးများက သူတို့မကောင်းလျှင်တောင် ပြင်ပသို့ချမပြပဲ ဂုဏ်သိက္ခာအတွက် အကောင်းဆုံး အရေခွံခြုံထားကြသည်။ လူတိုင်းဂရုစိုက်သည်မှာ အရှက်မကွဲရန်သာ ဖြစ်သည်။

ဇနီးသုံးဦးလုံး၏ မျက်နှာတွေက အကျည်းတန်နေပြီး မျက်နှာ အပျက်ဆုံးသူမှာ လျိုရှုဟန်နှင့်ကျောက်လန်ပင်။ တစ်ဦးက မိထွေး ၊ကျန်တစ်ဦးက လက်ရှိအိမ်တော်ဦးစီးနေသူ ဖြစ်သဖြင့် နှစ်ဦးလုံးတွင် တာဝန်ရှိပေသည်။

"တောင်းပန်ပါတယ်နော် ရှောင်ဝူလေး...အဒေါ့်ကိုအပြစ်မတင်ပါနဲ့၊ အိမ်မှာ ပစ္စည်းအကြီး၊ အသေး အစုံကို တစ်ပတ်လုံး ပြင်ဆင်နေခဲ့တာပါ၊ဒီရက်ထဲ ရှောင်ဝူကို မတွေ့ဖြစ်တာနဲ့ ‌အဒေါ်ပြောဖို့ သတိမေ့သွားတာ၊ ရှောင်ဝူလေးက သတိတရနဲ့ ပစ္စည်းဆောင်လာဖို့တွေးမိလို့တော်သေးတာပေါ့"

ကျောင်လန်က ကိုယ့်ကိုကိုယ်ထိန်းချုပ်ရင်း မပြုံးချင်ပြုံးချင် ပြုံးပြသည်။ သို့သော် အိုးပူပူက လူထုကြားထဲ ပျံ့နှံ့သွားပြီး လူတိုင်းကိုအတွေးပွားစေသည်။

ပင်မခြံဝန်း နဲ့ ကိုယ်လုပ်တော် ခြံဝန်း... ဘယ်ဟာက ပိုအရေးပါသလဲ?

"အပြောလေးကချိုနေတာပဲ၊ ကိုယ့်သမီးရဲ့အလှူပစ္စည်းကျ ဘာလို့မမေ့လိုက်တာလဲ!"

ရှန်လျန်နဲ့အတူလိုက်ပါလာတဲ့ ယောင်းကွမ်က

နှုပ်ခမ်းလှုပ်ရုံ ပြောသဖြင့် အနီးနားကလူတစ်ချို့သာကြားလိုက်နိုင်သည်။ ထိုစကားက ကျောက်လန်ကိုတည့်တည့်မပြောရုံတမယ်ပင်။

ချီယွဲ့၏ ရယ်ချင်စိတ်ကိုထိန်းချုပ်ထားသည့်ပြုံးစိစိ ရုပ်မှာ အလွန်ထူးထူးဆန်းဆန်းဖြစ်သွားရသည်။

"ကျွန်တော်စိတ်ထဲမထားပါဘူး... ကိစ္စအသေးစားလေးပဲကို"

ဖြစ်နိုင်လျှင် ရှန်လျန်လည်းရယ်ချင်နေသည်။ ဖေးယွမ်ရွှင်းက ယောင်းကွမ်ကိုသူ့ဆီပို့လိုက်ခြင်းအား လေးစားမိသွား၏။ဤလူက သူ့ကိုကာကွယ်သည်ထက် ပိုနေမှာ ကိုပင် စိုးရိမ်ရသည်။

" ကျွန်တော်စိုးရိမ်တာဆိုလို့ တစ်ခုလေးပဲ... ကျွန်တော်သုံးလိုက်တဲ့ငွေကို အိမ်ပြန်ရောက်တာနဲ့ အဒေါ် လူလွှတ်ပြီးလာတောင်းခိုင်းမှာပဲစိုးတာ"

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ကျောက်လန် တစ်ကယ်ကိုရူးသွားတော့မည်။ သူ့ကိုလာဆွနေခြင်းအား မတုံ့ပြန်မိစေရန် အတင်းထိန်းချုပ်လိုက်သဖြင့် မျက်နှာပေါ်မှ အပြုံးက သဘာဝဆန်လာသည်။

" ဒါဆို အဒေါ့်ကို ကျေးဇူးတင်ပါတယ်နော်"

ဘယ်သူမှလည်းသူ့ကို အသုံးစရိတ်ငွေ လာမပေးသလို၊ ဒီလိုလုပ်ဖို့လဲ မည်သူမှလာမပြောခဲ့ချေ။

ရှန်လျန် ထီမထီဟန်ပြုံးရင်း အနားတဝိုက်မှ မိသားစုဝင်တွေကိုအထင်သေးစွာ ကြည့်သည်။ လျိုရှုဟန်တို့မှာ ဒေါသထွက်နေသော်လည်း မျက်နှာ ပေါ်တွင် မည်သည့်အမူအရာမှ မပေါ်လွင်စေ ...

ရှန်ချန်က ခေါင်းကိုအသာငုံ့ရင်း အံကြိတ်ထားသည်။ သူမရဲ့ဘေးတွင် အမျိုးသမီးနှင့်သမီးငယ်တွေရှိနေသော်လည်း မည်သူမှ ဖိအားရနေဟန်မပြကြပေ။ လုယန်ရဲ့ အနောက်မှာရှိနေသော ရှန်ချောင်နဲ့ ရှန်ကျင်းတို့နှစ်ဦးမှာ အသက်အားဖြင့်လည်း ငယ်ရွယ်ကြသေးရာ မျက်နှာအမူအရာ သိပ်မကောင်းကြ။

လုယန်ကတော့ နှုတ်ဖွာပြီး သွယ်ဝိုက်မနေပဲ ၊ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောတတ်တဲ့အကျင့်ကြောင့် တော်ရုံတန်ရုံ စကားဝိုင်းတွင် ဝင်မပါတတ်။

"အဲ့တာ ရှန်လျန် မဟုတ်လား?"

မလှမ်းမကမ်း၌ရပ်ထားသော သာမာန်လှည်းတစ်စီးမှ ကြည့်ကောင်းသော လူတစ်ဦးသည် လိုက်ကာအားအသာလှစ်ဟ၍ လူအုပ်အလယ်တွင်ရဲရဲတောက်ရပ်နေသောလူငယ်လေးဆီသို့ စိတ်ဝင်စားသည့်အကြည့် ပို့လိုက်သည်။

"ဟုတ်နေတာပဲ!"

ဖြစ်ရပ်အစအဆုံးမြင်လိုက်ရတဲ့ လျိုဝမ်ကျင်းက စိတ်မသက်သာစွာ ခေါင်းငြိမ့်လိုက်ပြီး ပေါင်ပေါ်က လက်က ကျစ်ကျစ်ပါအောင်လက်သီးဆုပ်လိုက်သည်။

"ရှန်လျန် !"

ထိုကြည့်ကောင်းသောသူ မှာ တစ်ခြားသူတော့မဟုတ်၊ မင်းသား၄ ချင်ယွင်ရှန်း ဖြစ်သည်။

ရှန်လျန့်အားကြည့်နေသော ချင်ယွင်ရှန်း၏ အကြည့်များက တဖြည်းဖြည်း နက်ရှိုင်းကာ သွေးဆူလာသည်။ ရှန်မျိုးနွယ်ရဲ့သား၊ ရှန်တာ့ရဲ့ ညီ၊ ဗိုလ်ချုပ်ဝေရဲ့မြေး... မျိုးရိုးသန့်လွန်းလို့ အားလုံးရဲ့ အာရုံစိုက်ခံနေရသူ ..ဒါပေမယ့်....

"မင်းသား၄က ရှန်လျန်ကို စိတ်ဝင်စား‌လို့လား"

ဘေးဘက်မှ အသက်သုံးဆယ်အရွယ် ပညာရှိနှင့်တူသော လူတစ်ဦးက မေးလိုက်၏။

"မင်းသား၄?"

လျိုဝမ်ကျင်း တုန်လှုပ်သွား၏။ မင်းသား၄က အေးတိအေးစက်နှင့်မို့ သူ့စိတ်ထဲ ဘာတွေး နေကြောင်း ခန့်မှန်းမရချေ။

လိုက်ကာအားပြန်ပိတ်ကာ ချင်ယွင်ရှန်းပြော၏။

"ရှန်လျန်နဲ့လက်ဆက်နိုင်ရင် အကျိုးမြတ်များတယ်၊ ဒါပေမယ့်...."

ချင်ယွင်ရှန်းမျက်မှောင်ကြုံ့ရင်း စိတ်အနှောင့်အယှက်ဖြစ်နေသည်ကိုမြင်ရင် ဘေးဘက်မှ လူက

"ဧကရာဇ်က ခွင့်ပြုမယ် မထင်ဘူး၊ ရှန်လျန်ရဲ့ တစ်ကယ့်နောက်ခံက တုံးလင်အိမ်တော်လည်းမဟုတ်၊ ရှန်တာ့လည်း မဟုတ်ပဲ ဝေမိသားစု ဆိုတော့ ရှန်လျန်နဲ့ လက်ဆက်နိုင်ရင် ဝေမိသားစုနဲ့ချိတ်ဆက်နိုင်ပြီ၊ ‌အလွန်ဆုံး ကျွန်တော်တို့ကို မပတ်သက်ချင်ရင်တောင် အနှောင့်အယှက်ပေးမည်မဟုတ်ဘူး၊ တစ်ကယ့် အတားအဆီးက တစ်ခုတည်းပဲ၊ ဧကရာဇ် က ဘယ်သား‌တော်ကိုမှ နောက်ခံတောင့်မယ့် အနေအထားမျိုး ခွင့်ပြုမှာ မဟုတ်ဘူး၊ အိုင်းယား ...မင်းသား၄ သာ အိမ်ထောင်ပြုလိုက်ရင် ပျိုမဒီတွေ အသည်းကွဲကြတော့မှာပဲ"

ထိုလူက ချင်ယွင်ရှန်းရဲ့ အကြံပေး ယဲ့ထျန်းဖြစ်၏။ ဖုယွင်ရှီးကို မရလိုက်သဖြင့် ယဲ့ထျန်းက ချင်ယွင်ရှန်းရဲ့ ပထမဆုံး အကြံပေးဖြစ်လာသည်။

"ဒါပေမယ့် အကြံပေးယဲ့ .... ဝေမိသားစုက သူ့သား ဝေကျစ်ချန်မသေခင်တည်းက အဆက်သွယ် ဖြတ်လိုက်ပြီလေ၊ ဝေကျစ်ချန်လည်း ဆုံးရော... တစ်မိသားစုလုံး အနောက်တောင်ဒေသက စစ်တပ်ဆီပြောင်းနေလိုက်ကြတာ... ခုနေ ပြန်လာရင်တောင် ရှန်ညီအစ်ကိုတို့ကို အသိအမှတ်ပြုကြပါ့မလား?

ဝိုင်းအဖြေထုတ်နေကြစဉ် လျိုဝမ်ကျင်းလည်း သူ့အတွေးတွေကိုအတင်း ညစ်ထုတ်ပြောလိုက်၏။

ဘာကိစ္စပဲရှိနေပါစေ ချင်ယွင်ရှန်းနဲ့ ရှန်လျန် လက်မထပ်နိုင်အောင် တားရမယ်၊ ရှန်လျန်အင်အားကြီးလာတာနဲ့အမျှ လျိုမိသားစုက အနှေးးနဲ့အမြန် ရှုံးနိမ့်ရမှာကြောင့်ပဲ!

"လျိုသခင်ကြီး စကားက ဘာအဓိပ္ပာယ်လဲ?

အားလုံးလည်း သိတဲ့အတိုင်း ဝေမိသားစုက အရမ်းကာကွယ်တတ်သူတွေဖြစ်လို့ ဝေကျစ်ချန် ကလေး‌မွေးဖွားတဲ့သတင်းကြားပြီးနောက်မှ သူတို့ စောင့်ရှောက်မှု ကနေ လွှတ်ပေးလိုက်တယ်၊သေ ဆုံးသွားပြီဆိုတဲ့သတင်းကြားကြားချင်း ဗိုလ်ချုပ်ဝေက စစ်ပွဲ အနိုင်အရှုံးကိုစိတ်မဝင်စားတော့ပဲ ထားပစ်ခဲ့ပြီး မြို့တော်ဆီ ကသုတ်ကရိုက်ပြန်လာတယ်၊ ကံဆိုးချင်တော့ နောက်ဆုံးအကြိမ်တောင်မြင်ခွင့်မရလိုက်ဘူး၊ ရှန်သခင်မက ဝေကျစ်ချန်ကိုမြှုပ်နှံပြီးသွားပြီ၊ ဝေမိသားစုက ဝေကျစ်ချန်ကို ဘယ်လောက်ပဲ သေခန်းဖြတ်ထားပါစေ... သံယောဇဉ်ကတော့ မပြတ်နိုင်ဘူးလေ၊ ပြီးတော့ သူမွေးထားတာ သမီးတစ်ယောက်မှမပါပဲ သားနှစ်ယောက်ဆိုတော့ သွေးသားရင်းဖြစ်တဲ့

ရှန်လျန်သာ မိသားစုဆီပြန်လာချင်စိတ်ရှိရင် ဝေအိမ်တော်ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိမ့်မယ်၊ ဒါ တွေကို လျိုသခင်ကြီးက ကျွန်‌တော့်

ထက် အသိဆုံးဖြစ်မှာပါ၊ ဒီအကြောင်းထပ်မငြင်းတော့ဘူး"

လျိုဝမ်ကျင်း ဘာလို့ ဆန့်ကျင်ချင်နေလဲဆိုတာ ယဲ့ထျန်းလည်းသဘောပေါက်၏။ သို့ပေမယ့် ဇနီးတစ်ယောက် တော်ကောက်လိုက်ရုံနဲ့ အကျိုးအမြတ်တွေ ရနိုင်မယ်ဆိုရင် သနားကြင်နာမှုတွေ ထုတ်ပြမနေသင့်ဘူး‌လေ ..။

Words 2585

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment