no

Font
Theme

'ရှန်တာ့ မတော်တဆဖြစ်၊ ရှန်‌ချောင်သေဆုံး'

ထိုညတွင် ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်က ဝတ်စုံမဲ ပြောင်းဝတ်လိုက်သည်။ ထို့နောက် အရိပ်တပ်သားနဲ့ သံမဏိတပ်သားတို့ရဲ့ ကာကွယ်မှုနဲ့အတူ ဖေးယွမ်ရွှင်းက ရှန်လျန့်ခါးကိုထွေးဖက်ပြီး ကျန်းမင်းသား၏ စံအိမ်ဆီ တိတ်တဆိတ်သွားခဲ့ကြသည်။

မင်္ဂလာပွဲက အောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။ စံအိမ်တွင် အစောင့်များစွာရှိမနေ၊ တော်ဝင်မိသားစုဝင်များက မင်္ဂလာဦးညကို သီးသန့်ဖြတ်သန်းချင်သည့် အခြေအနေမျိုး ရှိသောကြောင့်ဖြစ်၏။

"ကျုပ် မမူး~~သေးဘူး"

စံအိမ်တော်၏ ဧည့်ခန်းကျယ်တွင် မူးနေသည့် မင်းသားကျန်းအား ကိုယ်ရံတော်များက တွဲကူပြီး  လာပို့ခြင်းဖြစ်သည်။ ဖေးယွမ်ရွှင်းနဲ့ရှန်လျန်က အစောင့်တွေရန်က ရှောင်ရင်း ခေါင်မိုးပေါ် တက်ပုန်းလိုက်ကြသည်။

ကျန်းမင်းသားမှ မူးမူးရူးရူးနဲ့  အဆောင်သစ်၏တံခါးကိုဆွဲဖွင့်ပြီး အစေခံတွေအားလုံးကို အပြင်မောင်းထုတ်သည်။

"ကျုပ်ရဲ့ သတို့သမီးငယ်လေး၊ မစောင့်နိုင်တော့ဘူးမလား၊ မင်းကိုနာကျင်အောင်လုပ်ဖို့ ကျုပ်လာပြီနော်!"

အုတ်ကြွပ်ပြားတစ်ပေါက်ဖွင့်ထားပြီး ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်တို့ တူတူ ငုံ့ကြည့်လိုက်ကြသည်။ မင်္ဂလာအခန်းသစ်က အနီရောင်အဆောင်အယောင်များအပြင် နဂါးတံဆိပ်ထွင်းထားသော ‌ဖယောင်းတိုင်နီပါ ထွန်းထားသေး၏။ ဖယောင်းတိုင်အရိပ်က ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေသယောင်။

ကုတင်ထောင့်စွန်းမှာ ထိုင်နေတဲ့ ရှန်ချောင်အနား ကျန်းမင်းသားက တိုးကပ်သွားပြီး မင်္ဂလာတုတ်တံနဲ့ ခေါင်းဆောင်းအနီကို မ တင်ဖယ်ရှားလိုက်သည်။

"အားးးးး"

ရှန်ချောင် ကြောက်လန့်တကြားအော်ဟစ်သည်။ တစ်ကိုယ်လုံး ကုတင်ပေါ်တွန်းချခံလိုက်ရပြီး ပိန်သွယ်သွယ် ခန္ဓာကိုယ်က ထိန်းမရစွာ တုန်ရီနေခဲ့သည်။ သူ့အပြုအမူက အရက်ရှိန်တက်နေတဲ့ မင်းသားကျန်းကို ဒေါသထွက်သွားစေသည် ။ လူကို နာကျင်အောင် လုပ်ရတာကြိုက်တဲ့ သူဖြစ်တာကြောင့် ချက်ချင်းပဲ ရှေ့တိုးပြီး ကောင်မရဲ့ ခေါင်းပေါ်က သရဖူကိုဆွဲကာ ပစ်ထုတ်လိုက်သည်။ ပြီးတာနဲ့ ဆံပင်အုံကနေ ဆောင့်ဆွဲပြီး ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲချသည်။

"အားးး မလုပ်ပါနဲ့ နာတယ် နာတယ်"

ရှန်ချောင် နာကျင်စွာ အော်ဟစ် ငိုယိုသည်။ တစ်ချိန်တည်းမှာပဲ ဝမ်းဗိုက်ထဲက အောင့်တက်လာသည်။

"ဖြောင်း"

ကံမကောင်းစွာ မင်းသားက များများစားစား ဂရုစိုက်မနေခဲ့၊ သတို့သမီး၏ ကိုယ်ပေါ် ခွထိုင်ကာ အချက်ပေါင်းများစွာပါးရိုက်နေခဲ့သည်။ အသိဝင်လာချိန် ကြည့်လိုက်တော့ ရှန်ချောင်ရဲ့ မျက်နှာတစ်ခုလုံးက နီရဲယောင်ယမ်းနေလေပြီ။

"ဝူး...ဝူး..."

နောက်ဆုံးတော့ နာခံသွားတဲ့ သူကိုကြည့်ပြီး  မင်းသားကျန်းက သူ့ကိုယ်ပေါ်က ထလိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ဖြင့် ဝတ်ဆင်ထားသမျှ အဝတ်တွေကို အကြမ်းပတမ်းဆွဲဖြဲပစ်လိုက်တော့သည်။

ထိုရင်းနှီးသည့် အပြုအမူကြောင့် ရှန်ချောင့်အား ပြုကျင့်ခံရသည့်ညကို ပြနါအမှတ်ရသွားစေသည်။ နာကျင်မှု‌ဝေဒနာ တွေက လျက်တပြက် သက်သာသွားပြီး စိတ်တွန်း‌အားကြောင့် ခွန်အားတချို့ရှိလာပြီး မဒိန်းကောင်ကို တွန်းထုတ်လိုက်နိုင်သည်။

"နံစော်နေတဲ့ သေနာကောင်၊ အားးးးး ကယ်ကြပါဦး"

ရှန်ချောင်က ကျိန်ဆဲလိုက်ပြီး သတိလက်လွတ်နဲ့ စားပွဲပေါ်က ပန်းကန်ပြားကိုဆွဲယူကာ မျက်နှာတည့်တည့် ပစ်ပေါက်လိုက်သည်။ ပန်းကန်အကွဲကြေတွေက နေရာအနှံ့ပြန့်ကျဲသွားပြီး ထက်ရှသည့် အပိုင်းအစများက မင်းသား၏မျက်နှာကိုထိခိုက်မိပြီး လတ်ဆတ်တဲ့သွေးတွေ စီးကျလာသည်။ ဘာမှ တုံ့ပြန်ချိန် မရခဲ့ပေ။

"ဟားဟားဟား..ဟားဟား သေ‌လိုက်၊ သွားသေလိုက်၊ သေသင့်တဲ့ကောင် ဟားဟားဟား"

‌ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ အလောင်းက ဘယ်သူမှန်း သေချာ ခွဲခြားလိုက်ပြီး ရှန်ချောင် တဖြည်းဖြည်းအပြုံးကြီးကြီးပြုံးကာ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

"ဦးရီးတော်"

အရူးလိုရယ်နေတဲ့ အသံက အစောင့်တွေကို သတိနိုးကြားသွားစေပြီး တံခါးကန်ဖွင့်ကာ ဝင်စစ်ဆေးကြသည်။ ရှန်ချောင်က သွေးတွေ ပေပွနေပြီး သူ့အောက်မှာ ခွထိုင်ထားခဲ့တဲ့သူက ရုပ်တောင် သေချာမပေါ်တော့သဖြင့် အစောင့်တွေအားလုံး တုန်လှုပ်ကုန်သည်။ ခပ်ကြာကြာတွေးတောမနေပဲ ခါးနားက ဆောင် ဓားတွေက်ု ချွင်းခနဲ ထုတ်လိုက်ကြသည်။

"အားးးး"

ရှန်ချောင်ရဲ့ ကိုယ်က ပါးလွှာ ထက်ရှတဲ့ ဓားချောင်းများစွာ တစ်ပြိုင်ထဲ ထိုးစိုက်ခံလိုက်ရပြီး လဲကျသွားခဲ့သည်။ ခေါင်မိုးပေါ်မှ ရှန်လျန်က ပုံမှန်ဆန်စွာ စောင့်ကြည့်နေခဲ့ပြီး တစ်ဖက်လှည့်ကာ ပြောလိုက်သည်။

"ပြန်ရအောင်"

"အွန်း"

လူနှစ်ယောက်လုံး သေသွားပြီဆိုတော့ ဆက်ကြည့်စရာလည်း မရှိတော့ပြီ၊ ဖေးယွမ်ရွှင်းက ရှန်လျန့်ခါးကိုဖက်ပြီး အသာအယာပင် မင်းသားကျန်း၏ စံအိမ်မှ ထွက်လာခဲ့လိုက်သည်။

"ဒီလိုဖြစ်မယ်မှန်း ခန့်မှန်းမိတယ်ပေါ့"

အိမ်ပြန်ရောက်တော့ ဆေးဖက်ဝင်ရေနွေးကြမ်းနှစ်ခွက်ငှဲ့ပြီး ဖေးယွမ်ရွှင်းမေးသည်။ ရှန်လျန်က တစ်ငုံသောက်ကာပြန်ဖြေသည်။

"ရူးသွပ်သွားပါတယ်ဆိုမှတော့ တစ်ခြားဘယ်လိုဖြစ်နိုင်ဦးမှာလဲ၊ နာကျင်အောင် နှိပ်စက်ပြုကျင့်တတ်တဲ့ မင်းသားက အနီးအနားမှာ ကိုယ်ရံတော်တွေကို ထားမှာ မဟုတ်ဘူး၊ မင်္ဂလာဦးညမှာ မင်းသားသာ အမူးလွန်နေမယ်ဆိုရင် ရူးသွပ်နေတဲ့ ရှန်ချောင်က သတ်ရတာလွယ်ကူလိမ့်မယ်၊ တော်ဝင်သွေးကို လုပ်ကြံတဲ့သူက တစ်သက်တကျွန်း ထောင်ဒဏ်ကျရင်ကျ မဟုတ်ရင် လည်ဖြတ်သေဒဏ်ပဲ... ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်လုံး သေမှာပဲ"

ရှန်ချောင်က ဦးရီးတော်ရဲ့ ကြင်ယာတော် ဖြစ်လာတာနဲ့ သေဖို့အချိန်ကျတာပဲ။

"ဧကရာဇ်တော့ ပူဆွေးနေတော့မယ်၊ သူ့ညီက ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲသေသွားရတယ်ဆိုပြီး"

ဖေးယွမ်ရွှင်းတွင် သနားကြင်နာစိတ် စိုးစဉ်းမှ မရှိပါ၊ ဧကရာဇ် ထီးနန်းအရိုက်အရာ စိုးစံစဉ်ကတည်းက သူနဲ့ရင်းနှီးသမျှလူ တစ်ဦးပြီးတစ်ဦး စွပ်စွဲချက်အမျိုးမျိုးနဲ့ ကွပ်မျက်စီရင်ခံခဲ့ရသည်။ လူယုံတော် လည်း အသတ်ခံရသည်။ မိခင်ဖြစ်သူလည်း သေခဲ့ရသည်။ ဖခင်၏ကြင်ယာတော်များလည်း ပါဝင်သည်။ သူကိုယ်တိုင်က မသေရုံတမယ် ထွက်ပြေးခဲ့လို့သာ လွတ်မြောက်လာခဲ့ခြင်းပင်။

"ကံဆိုးလိုက်တာ‌၊ ရှန်ရွေ့ချင်တို့ ဘယ်လောက်တောင် ခံပြင်းနေလိုက်မလဲ"

အရင်ဘဝမှာ သူပဲခံခဲ့ရပြီး ထိုသူတွေက ကောင်းကောင်းမွန်မွန် ရှင်သန်ခဲ့ကြသည်။ ပြန်လည် မွေးဖွားလာရပြီးနောက် သူ့ဘက်က လက်စားပင်မချေရသေး ထိုသူတွေက တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်ယုတ်မာကြသည် ။ကိုယ့်သေတွင်းကိုယ်တူးကြသည်။  သူ့ဘက်က အနှေးနဲ့အမြန် ကျိန်းသေပေါက် လက်စားချေမှာပဲဖြစ်ပြီး နည်းလမ်းက သေခြင်းတရားတစ်ခုသာ။

"ဟုတ်ပါရဲ့၊ ဒါနဲ့ မင်းစစ်ဆေးခိုင်းထားတဲ့ ကိစ္စ သိရပြီတဲ့၊ ကိုယ်တို့ မင်းသားကျန်းရဲ့ စံအိမ်ဆီသွားတုန်း သိတာ"

ဖေးယွမ်ရွှင်း သတိရသွားပြီး အသံနက်နက်ဖြင့် ထျန်းရှုကို ခေါ်လိုက်သည်။

"ဝမ်ဖေး ကျွန်တော်တို့ စုံစမ်းရသလောက်က လျိုဝမ်ကျင်းနဲ့ ချင်ယွင်ရှန်းတို့ ခုမှ သိတာ မဟုတ်ဘူး၊ တခြားသိတဲ့သူ ဘယ်သူမှ မရှိကြဘူး၊ သူများတွေ ပြောတဲ့ ထူးဆန်းတဲ့အချက်တစ်ခုတော့ရှိတယ်၊ လျိုဝမ်ကျင်း အသက် ဆယ်နှစ်လောက်က လျိုရှုဟန်နဲ့တူတူ ပျောက်သွားဖူးတယ်တဲ့၊ တစ်နှစ်နေတော့  ပြန်တွေ့တယ်၊ ဒါပမေယ့် သူတို့မိဘတွေက သေသွားကြပြီ၊ မောင်နှမနှစ် ယောက်ရဲ့ ရုပ်တွေတော့ တူတော့ လျိုမိသားစုဝင်တွေလည်း သံသယ မဝင်ခဲ့ကြဘူး၊

ကျွန်တော် ထင်တာ အဲ့လူတွေက အစစ်မဟုတ်ဘူးထင်တယ်"

ထျန်းရှုက သူ့ကိုယ်ပိုင် အတွေးကိုဝင်ပြောလာသည်။

"ပန်ဝမ်လည်း မင်းနဲ့ အတွေးတူတယ်၊ လျိုဝမ်ကျင်းက အသက်ဆယ်နှစ်၊ လျိုရှုဟန်က သူ့ထက်တစ်နှစ်လောက်ပဲ ငယ်တယ်၊ မောင်နှမနှစ်ယောက်ကို ရုပ်ပြောင်းရုပ်လွှဲ အတတ်နဲ့ ပြင်ထားတာဖြစ်မယ်၊လျိုဝမ်ကျင်းနဲ့ လျိုရှုဟန် အစစ်ဖြစ်ဖို့ ခက်တာမှ မဟုတ်တာ ၊ပန်ဝမ်လည်း ဒီနည်းလမ်းနဲ့ ဧကရာဇ်ဆီကနေ အောင်အောင်မြင်မြင်ပုန်းကွယ်နေနိုင်ခဲ့တာပဲ"

သူ့အတွေ့အကြုံ‌အရ ပ်ိုသေချာနေခဲ့သည်။

"ခုလက်ရှိ ရုပ်က သူတို့အစစ်အမှန်ပဲဖြစ်မယ်၊ရုပ်ပြောင်းရုပ်လွှဲ အတတ်က တစ်ခဏတာ မှတ်မိဖို့ပဲ၊ အစပိုင်းလူတွေယုံသွားရင် နောက်ပိုင်း အလိုက်သင့် ဆက်နေယုံပဲ၊ ဘယ်သူမှလည်း လျိုဝမ်ကျင်းနဲ့ လျိုရှုဟန်အစစ်ကိုသေချာ သိတာမဟုတ်တော့ အတုဆိုတာ လုံးဝ ရိပ်မိကြမှာ မဟုတ်ဘူး"

"မထူးဆန်းတော့ပါဘူး၊ ဒါက ကိုယ့်မျက်နှာ အစစ်ဆိုပေမယ့် ဘယ်သူမှ ထူးဆန်းတယ်လို့မထင်ကြဘူး၊ ငယ်ငယ်က ရုပ်တစ်မျိုးဆိုပေမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်း မျက်နှာက ပြောင်းလဲသွားတာပဲလေ"

ရှန်လျန်လည်း ခေါင်းငြိမ့်၏။

"ဒီကိစ္စ သေချာသလောက်ပဲ ၊ လျိုရှုဟန်နဲ့ လျိုဝမ်ကျင်း က အစစ်မဟုတ်ဘူးဆိုရင် သူတို့က ဘယ်သူတွေလဲ ၊ အစားထိုးတဲ့ထိ လုပ်နိုင်တယ်ဆိုတော့ သာမာန်မဖြစ်နိုင်ဘူး၊

ပျောက်ဆုံးသွားတဲ့ လျိုမောင်နှမနဲ့ တစ်ခုခုဆက်စပ်နေနိုင်တယ်၊ ပညာရှိကြီးက ကိုယ်ပိုင်သားသမီးမရှိလို့ လျိုဝမ်ကျင်းကို အမွေစားအမွေခံ အဖြစ် လက်ခံလိုက်တာ ဖြစ်နိုင်လို့လား၊ သူတို့ကြား တစ်ခုခုရှိရမယ်၊ ပညာရှိကြီးက နန်းတွင်းအရာထမ်းဖြစ်တာကြောင့် အာဏာကြီးကြီးမားမားမရှိလောက်ဘူး၊ ဧကရာဇ်က်ုချုပ်ကိုင်နိုင်မယ့် တစ်ခုခုကို လက်ကိုင်ထားလို့ ပဲဖြစ်မယ်၊ ဒါမှ ချင်ယွင်ရှန်းကို အသုံးချပြီး လျိုဝမ်ကျင်းကို ပံ့ပိုးခိုင်းလို့ရမှာ ၊ ဒါပေမယ့် လျိုဝမ်ကျင်း ဒုက္ခရောက်တော့လည်း ချင်ယွင်ရှန်းက ကယ်တင်ဖို့ ဝင်မပါပြန်ဘူး၊ ဘာကြီးလဲ ?"

လျိုဝမ်ကျင်းတို့မောင်နှမ ဇာတ်လမ်းက အတော်ရှုပ်သည်။ မေးခွန်းပေါင်းများစွာ ထွက်လာသည်။ ကြီးမားတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုရှိမယ်လို့ ရှန်လျန် ခံစားမိနေသည်။

"ပိုပြီး အတွင်းကျကျ စုံစမ်းရမယ်၊ ဖုန်ထူနေတဲ့ အတိတ်ကိုပြန်တူးဆွရတာ မလွယ်မှန်းသိပါတယ်၊ အချိန်တိုအတွင်း ဒီလောက် စုံစမ်းနိင်ခဲ့တာပဲ တော်လှပြီ"

"ဒီအတိုင်းသာဆိုရင် လျိုဝမ်ကျင်းက အသေခံတပ်သားတွေ စုဆောင်းနေလောက်တယ်၊ နောက်ကွယ်က လိုတဲ့ချိန်ထောက်ပံ့ပေးနိုင်ဖို့လေ"

အဲ့လိုဖြစ်နေမလား?

လွဲမှားနေသေးသည်ဟု ရှန်လျန်ခံစားရသည်။ သာမာန် အရာထမ်းတစ်ယောက်က ကိုယ်ခံပညာကျွမ်းကျင်တဲ့ အသေခံစစ်သည်တွေကို ဘယ်လိုလုပ် စုဆောင်းနိုင်မှာလဲ၊ သူတို့အတွက် သုံးစွဲရမယ့် ငွေက နည်းနည်းနောနောမှ မဟုတ်တာ။

"သေသွားတဲ့သူတချို့က ချင်ယွင်ရှန်းရဲ့လူတွေ၊ ကိုယ်ခံပညာ မတတ်တဲ့ မြစ်ကမ်းတစ်ဝိုက်က လူတွေကိုစုဆောင်းထားတာ၊ သူ့ဝှက်ဖဲက တစ်ခြားမင်းသားတွေလောက် မကောင်းပေမယ့် သူ့အင်အားက သူများထက်တော့ မလျော့ဘူး"

ပြန်ဖြေသူက ထျန်းရှုဖြစ်သည်။ လျိုဝမ်ကျင်းနဲ့ ချင်ယွင်ရှန်းတို့ချင်း အဆက်အစပ်ရှိမှန်း မတော်တဆရှာတွေ့ခဲ့မိတာ ဖြစ်သည်။ လျိုအိမ်တော်အပြင်မှာ စောင့်ကြည့်နေကြရင်း ညလယ်ခေါင်မှာ လူတစ်ဦး တိတ်တဆိတ်ထွက်လာတာကိုတွေ့လိုက်ရသည်။ နောက်ယောင်ခံလိုက်ကြည့်တော့ ထိုသူက စတုတ္ထမင်းသား၏စံအိမ်ထဲ ဝင်သွားပြီး ရက်အတော်ကြာအောင် ပြန်ထွက်မလာတော့ချေ။ နောက်ခံကိုစုံစမ်းကြည့်လိုက်မှ သူတို့ကြား လျို့ဝှက်ဆက်သွယ်နိူင်အောင် ထားတဲ့ကြားခံက ရေဘေးဒုက္ခသည်တွေ ဖြစ်နေသည်။

"အဲ့လိုလား?"

ရှန်လျန် ခေါင်းငိုက်စိုက်ကျသွားသည်။ ဘာတစ်ခုမှ သတိမထားမိလောက်အောင် အရင်ဘဝက တုံးအခဲ့သည်။ အရိပ်တပ်တစ်ခုလုံး ပိုင်ဆိုင်ထားတာတောင် ချင်ယွင်ရှန်း ကို အလုံးစုံ အသုံးပြုခွင့်ပေးလိုက်သေး၏။

လေ့ကျန်းတို့၏ စွမ်းရည်ကလည်း သံမဏိတပ်သားတွေနဲ့ ယှဉ်နိုင်သည်။ သေချာပေါက် မဆိုးရွားချေ။

ထိုအကြောင်းတွေးမိတော့ ရှန်လျန် နာကျည်းစွာ မျက်ဝန်းတွေ ပိတ်ထားမိသည်။ သူဘာမှ ဂရုမစိုက်မိခဲ့ဘူး၊ သံသယ မဝင်ခဲ့ဖူးဘူး၊ တစ်ချိန်လုံးဇနီးကောင်းဖြစ်ဖို့ပဲ အာရုံစိုက်နေမိပြီး တစ်နေရာက လွဲနေမှန်းသတိထားမိရင်တောင်  လစ်လျူရှုပြီး ဖယ်ထုတ်ပစ်ခဲ့မိသည်။

"ဘာဖြစ်လို့လဲ"

ငြိမ်ကျသွားတာမြင်တော့ ဖေးယွမ်ရွှင်း စိတ်ပူနေရှာသည်။

"ဘာမှမဖြစ်ပါဘူး၊ ချင်ယွင်ရှန်းက အပေါ်ယံမှာ လျိုဝမ်ကျင်းအပေါ် လက်လျှော့လိုက်ဟန်ဆောင်‌နေပေမယ့် နောက်ကွယ်ကနေ အသေခံလူတွေ စုဆောင်းပြီး တစ်ခုခုလုပ်ဖို့ကြံ‌စည်နေကြတာပေါ့"

ရှန်လျန် သူ့ရဲ့ လွင့်သွားတဲ့ စိတ်ကို ပြန်ထိန်းချုပ်ပြီး ပြောလိုက်သည်။ ထိုစဉ် လေ့ကျန်း ရုတ်တရက် ရောက်လာသည်။ ဘာကြောင့်ရယ်မသိ သူ့ကိုမြင်တော့ မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ အာရုံခံစားမိသည်။

"တစ်ခုခုဖြစ်လို့လား"

ရင်တုန်နေတာကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းလိုက်သည်။ မေးသံကတော့ အနည်းငယ် တုန်ယင်နေဆဲ... ‌လူသေတဲ့အကြောင်းပြောမှာတော့ မဟုတ်ဘူးမလား?

"နယ်စပ်က သတင်းပေးပို့လာပါတယ်၊ အကြီးဆုံးသခင်လေး ချောင်းတိုက်ခံရပါတယ်၊ ရှောင်ယွီက ဒဏ်ရာ ပြင်းထန်ပြီး အကြီးဆုံးသခင်လေးက အဆိပ်မိပြီး သတိလစ်နေပါတယ်၊ ရန်သူတွေက နောက်တကြိမ်လာတိုက်တဲ့အချိန်မှာတော့ ဗိုလ်ကြီးဟော်က တိုက်ထုတ်နိုင်ခဲ့ပါတယ်"

"ဘာ!"

ရှန်လျန် ထိုသတင်းကြားကြားချင်း နေရာက ခုန်ထလိုက်ပြီး ပြင်းပြင်းထန်ထန် စိုးရိမ်တုန်လှုပ်နေသည်။

ဘာကြောင့်လဲ? ဘာလို့လဲ? အစ်ကို့ကို အကောင်းဆုံး ကာကွယ်ပေးခဲ့တာပဲ ၊ဘာလို့ ဒီလိုဖြစ်နေသေးတာလဲ? ဖြစ်မယ့်အရာက တားဆီးလို့မရနိုင်ဘူးလား?မယုံဘူး၊ ချီယွဲ့တောင် အသက်ရှင်‌နိုင်သေးတာပဲလေ၊ အစ်ကိုလည်း သေခြင်းတရားက လွတ်မြောက်နိုင်ရမယ်၊ မရဘူးလို့လာမပြောနဲ့ မယုံဘူး!"

"စိတ်အေးအေးထား"

ဖေးယွမ်ရွှင်းလည်း မျက်နှာ မကောင်း၊ သူ့ကို ထွေးဖက်ပေးပြီး...

"ဘာဖြစ်သွားတာလဲ? ခိုင်ရန်က ဘာလုပ်နေလို့လဲ သတင်းမပို့လာတာ"

လျန်လျန် ရှန်တာ့ဆီ စာကြုံပါးခိုင်းတုန်းက ခိုင်ရန့်ကိုလွှတ်ပြီး လူတချို့ပါ ခေါ်သွားစေခဲ့တယ်၊ ဒုတိယအစ်ကိုနဲ့ ရှန်တာ့ကို မြို့တော် အမြန်ဆုံးပြန်လာဖို့ နောက်ဆုံးတကြိမ်စာပို့တုန်းကလည်း အဆင်မပြေတဲ့ ပြန်စာမျိုး မရခဲ့ဘူး။

"သခင်!"

ထျန်းရှုက ရှက်ရွံ့မှုနဲ့အတူ ဒူးထောက်ရာ လေ့ကျန်းက ကူညီဖြေရှင်းပေးသည်။

"မြို့စားမင်း ထျန်းရှုကို မှားယွင်း အပြစ်တင်နေမိပါပြီ၊ ကျွန်တော်တို့ အရိပ်တပ်သားတွေမှာ အရေးပေါ် အထူးသတင်းပို့ဆောင်ရေးနည်းလမ်းရှိလို့ သံမဏိတပ်သားတွေထက် အနည်းဆုံးနှစ်ဆ ပိုမြန်ပါတယ်၊ မြို့စားမင်းဆီ သတင်းမရောက်သေးတာကပုံမှန်ပါပဲ"

"ကော...ကျွန်တော့အစ်ကို... ယွမ်ရွှင်း ကျွန်တော် အနောက်မြောက်အရပ်ကို အခုသွားမှရမယ်"

ရှန်လျန် အသိဝင်လာပြီး ဖေးယွမ်ရွှင်းလက်မောင်းကို လှုပ်ခါကာ ပြောသည်။ မျက်ရည်တွေလည်း ပါးပြင်တလျှောက် အထိန်းအကွပ်မဲ့ စီးကျလျက်ရှိ၏။ အရင်ဘဝကလို ရှန်တာ့သေဆုံးသွားမှာကို ရှန်လျန် အကြောက်ရွံ့ဆုံးဖြစ်၏။ ထပ်တူညီတဲ့ အဆိပ်မိသည့် သတင်းမျိုးကြားလိုက်ရချိန်မှာ ဖေးယွမ်ရွှင်းသာ မထိန်းထားပေးရင် အရုပ်ကြိုးပျက်လဲကျသွားခဲ့တာ ကြာလေပြီ။

2642 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment