no

Font
Theme

'အောင်ပွဲခံ'


"နိုင်ပြီ!"


"စစ်ပွဲ နိုင်ပြီ!"


ခြေမြန်တော်က ယူဇနာရှစ်ရာအကွာအဝေးမှ လျင်မြန်စွာ ပြန်လာခဲ့ပြီး မြို့ဂိတ်တံခါးနား မရောက်ခင်ကတည်းက ကျယ်လောင်စွာ ဝမ်းသာအားရ ကြွေးကြော်လာခဲ့သည်။ စစ်ပွဲနိုင်ပြီ ဆိုသည့်စကားလံုးလေးလုံးက မ်ြု့ဝင်ဂိတ်တံခါးမှ ရွှေနန်းတော်ထိ တဆင့်တဆင့် လျင်မြန်စွာ ပေါက်ကြားသွားခဲ့သည်။ ဧကရာဇ်က ထိုသတင်းကြားသည်နှင့် ညီလာခံ ကျင်းပရန် လူစုဝေးဖို့ ချက်ချင်းအ ကြောင်းကြားခိုင်းလိုက်သည်။ 


သို့နှင့် ဟော်စစ်သူကြီး၏သတင်းစာလွှာအား ကျောထက်မှာ သယ်ပိုးလာသည့် ခြေမြန်တော်စစ်သည်က ညီလာခံအတွင်း ဝင်ရောက်လာသည်။ စာလွှာအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးထက် မြောက်၍ ဧကရာဇ်ကိုဂါရဝပြုသည်။ 


"စစ်ပွဲနိုင်ကြောင်း ဟော်စစ်သူကြီးဆီမှ စာလွှာပါးလာပါတယ် အရှင်မင်းကြီး "


စစ်သည်က ဒူးထောက်လျက် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ စာလွှာအား အမြင့်ဆုံး မတင်ထားသည်။


ညီလာခံတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်တဆိတ်နေသည်။ ဧကရာဇ်၏အကြည့်အား နားလည်စွာဖြင့် ရန်အန်းကုန်းကုန်းက စာလွှာအား သွားယူလာသည်။ ဧကရာဇ်က ဖွင့်ဖတ်ရင်း မျက်ဝန်းအကြည့်များက အရောင်အမျိုးမျိုး ပြောင်းပြီးမှ ရုတ်တရက် စိတ်နှလုံးတော် ရွှင်လန်းဟန်ဖြင့်....


"အိမ်း ကောင်းပေစွ! ကိုယ်တော့် တာ့ချင်ပြည်ရဲ့ စစ်နတ်ဘုရားလို့ ခေါ်ထိုက်ပါပေတယ်"


"ဂုဏ်ယူဝမ်းမြောက်လှကြောင်းပါ ၊အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"


စစ်ပွဲနိုင်သည့် သတင်း သေချာသည်နှင့် အရာထမ်း၊အမှုထမ်းအားလုံး ဒူး‌ေထာက်ကာ တညီတညွတ်တည်း ကြွေးကြော်ဂုဏ်ပြုသည်။ သက်တော်ရာကျော်ရှည်ပါစေရန် ဆုတောင်းသံက ညီလာခံတစ်ခုလုံးဟိန်းထလျက်။


( Tn.ဪ တစ်ကယ်တမ်း သက်စွန့်ဆံဖျားကြိုးစားရသူကို အဖက်လည်း မလုပ်ကြပါလားနော် ၊ ဘုရင်စနစ်! အာဏာရှင်စနစ်)


"စာလွှာထဲမှာ ရေးထားတာက ရှန်တာ့က အဆိပ်နဲ့ လုပ်ကြံခံရတယ်၊‌ေဟာ်စစ်သူကြီး တစ်ယောက်ထဲ စစ်ပွဲကို တောင့်ခံထားပြီး၊ ရှန်ဗိုလ်မှူး သက်သာလာပြီးနောက်မှာ ချူးစစ်တပ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို စစ်ကြောင်းနှစ်ကြောင်းခွဲလိုက်ပြီး အရှေ့အ နောက် ညှပ်တိုက်ဖို့ ဗျူဟာချတယ်၊ တစ်ကြောင်းက ချူးနယ်စပ်မှာ စောင့်ကြပ်နေတဲ့ ကာကွယ်ရေးမှူး ကျောက်ချင်ကို လုပ်ကြံဖို့စေလွှတ်တာ အောင်မြင်တဲ့အတွက် ‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ချူးစစ်တပ်ကို နှစ်ဖက်ညှပ်တိုက်နိုင်ခဲ့တယ်၊ စစ်သည်တစ်သိန်းဦးဆောင်လာတဲ့ စစ်သူကြီးဟယ့်ချန်ဖုန်းက စစ်သည်ငါးသောင်းထက်မနည်း ဆုံးရှုံးလိုက်ရပြီး အရှက်တကွဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ်၊ နှစ်အနည်းငယ်နဲ့ နာလန်ထဖို့ မလွယ်တဲ့အတွက် အနောက်‌ေမြာက်နယ်စပ်က အေးချမ်းတဲ့ကာလကို ရောက်သွားပြီလို့ ရေးထားတာပဲ"


ဧကရာဇ်က စာလွှာထဲက အကြောင်းအရာကို ပြန်‌‌ပြောပြခြင်းပင်။ မင်းမှုထမ်းတွေ တဖန် ဒူး‌‌ ထောက်ကာ အရှင်မင်းကြီး သက်တော်ရှည်ပါစေ ကြောင်း ဆုတောင်းကြပြန်သည်။ ဧကရာဇ်အတွက် ဂုဏ်တော်ကို ချီးမွှမ်းနေရင်း ညီလာခံပြန်တက်ခွင့်ရပြီဖြစ်တဲ့ လျိုဝမ်ကျင်းရဲ့မျက်နှာက အတော်လေး အကျဉ်းကြပ်ထဲ ရောက်နေပုံပင်။ ရှန်တာ့ မသေဘူးဆိုတော့ လုပ်ကြံသူကို ဟော်ရယ့်လင် ခြေရာခံနိုင်လိမ့်မည်။ရင်တုန်ပန်းတုန်ဖြစ်ပြီး ခက်ခက်ခဲခဲနှင့် တံတွေးမျိုချမိ၏။ 


ထပ်တူညီစွာ ချင်ယွင်ရှန်းတွင်လည်း သက်ရောက်မှုရှိသည်။ မျက်နှာပေါ်မှာ ထူးခြားသည့် အမူအရာမ ပေါ်စေပဲ အပြုံးလေးချိတ်ဆွဲထားသည်။ 


တုံးလင်အိမ်တော်တွင်....


"ဘာပြောလိုက်တယ်?"


 ရှန်တာ့ မသေသေးဟု သတင်းကြားလာတဲ့ ရှန်ရှောင်သည် လျိုရှုဟန်ဆီ ပြန်ပြောပြရန် အိမ်သို့အပြေးပြန်သည်။ လျိုရှုဟန်က ထိတ်လန့်တကြား ထခုန်ပြီး မျက်နှာက မယုံကြည်နိုင်ဟန်.....


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းဦးလေးကိုယ်တိုင် ငါ့ကို ပြောပြတာ! ရှန်တာ့ မသေတာ ဟုတ်လို့လား?"


"မသေရုံတင် ဘယ်ကမလဲ၊ စစ်ပွဲလည်း နိုင်တယ်၊ နောက်နှစ်နှစ်၊ သံုးနှစ်လာက် နယ်စပ်မှာ ငြိမ်းချမ်းနိုင်တယ်တဲ့၊ ဧကရာဇ်လည်း အရမ်းဝမ်းသာနေတယ်၊ အိမ်ကို ဆုလာဘ်တွေ ပို့ပေးဖို့ ပြင်တောင်ပြင်ပြီးပြီထင်တယ်"


ရှန်ရှောင်က မျက်နှာပျက်ပျက်နဲ့ လက်သီးသာ တင်းတင်းဆုပ်ထားမိသည်။ ရှန်တာ့ မသေရင် သူတို့စီစဉ်ထားတာတွေ ပျက်ကုန်မှာပေါ့၊ ရှန်တာ့က ကလေးအရွယ်လည်း မဟုတ်တော့ဘူး၊ ခုနေ မြို့တော် ပြန်ရောက်ရင် အမွေဆက်ဆံသူဖြစ်သွားမှာ၊ ရှန်လျန်ကလည်း သူ့အစ်ကိုကို ထောက်ပံ့ပေးမှာ သေချာတယ်....


"မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး"



လျိုရှုဟန် ရူးသွပ်စွာ ခေါင်းခါယမ်းရင်း အားပြတ်လျက် ထိုင်ခုံပေါ် ထိုင်ကျသွားသည်။ ရှန်တာ့ သေပြီထင်ပြီး စိတ်ကူးနဲ့ ပျော်ရွှင်မှုကြား လက်ပစ်ကူးနေခဲ့ရာမှ ရုတ်တရက်ကြီး သခင်လေး နေရာအား သူ့သားက ဖယ်ပေးရတော့မည်။ သူလည်း ဘာထူးလဲ... အစ်ကိုကျေးဇူးနဲ့ နာမည်ဂုဏ်သတင်း‌‌ရပြီး တုံးလင်အိမ်တော်မှာ အာဏာပြန်ရခါနီးဖြစ်နေပြီ၊အဲ့လိုအချိန်မှာမှ သတင်း ရောက်လာရတယ်လို့၊ ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်ပြီ၊ လောကကြီးရဲ့ရက်စက်မှုကို လက်မခံနိုင်ဘူး၊ လက်မခံနိုင်ဘူး။


"အမေ ယုံတာ မယုံတာက နောက်မှ၊ ခုအရေးကြီးဆုံးက ဦးလေးနဲ့ အဖိုးကိုသွားရှာပြီး ဘာဆက်လုပ်ရမလဲ တိုင်ပင်သင့်တယ်၊ ဟိုညီအစ်ကိုတွေ ပြန်ရောက်ရင် ကျွန်‌ေတာ်တို့အတွက် နေရာမရှိ‌ေတာ့မှာပဲ စိုးရိမ်တယ်"


 ရှန်တာ့ဆိုတာ ငယ်ငယ်ကလို အနိုင်ကျင့်လို့လွယ်တဲ့သူ မဟုတ်တော့သည်အား ဝန်မခံချင်ရင်‌တေင် ဝန်ခံရမှာပင်။


"ငါ့သားပြောတာ မှန်တယ်၊ အမေ ခုပဲ သွားလိုက်မယ်"


လျိုရှုဟန် အသိဝင်လာပြီး ကမှူးရှူးထိုးပြေးထွက်သွားသည်။ ရှန်ရှောင်လည်း အမြန် လိုက်သွားသည်။ သားအမိနှစ်ယောက် ထိုအိမ်ကနေ ပျာယီးပျာယာ ထွက်သွားစဉ် တစ်နာရီနီးပါး အိမ်‌ေခါင်မိုးပေါ် ထိုင်နားထောင်နေတဲ့ ယွမ်ရှောင်းက ပြုံးလိုက်သည်။ တခြားသူတွေကို ဆက်လက် စောင့်ကြည့်ထားစေလိုက်သည်။ ကျန်တာက သခင် ပြန်ရောက်မှ ဆက်စီစဉ်မည်။


"သခင်ကြီး ဂုဏ်ယူပါတယ်၊ အကြီးဆုံးသခင်လေး ကျန်းမာပါတယ်၊ စစ်ပွဲလည်း အနိုင်ရပြီး မကြာခင် ပဉ္စမသခင်လေးနဲ့အတူ ပြန်လာမှာပါ"


အရှေ့ဆောင်တွင် သတင်းရလာတဲ့ ရှန်ကျီက ဝမ်းသာစွာပြုံးလျက် သခင်ကြီးဆီ သတင်းစကားသွား‌ေပြာသည်။ ဆယ်ရက်ခန့်ကြိုးစားအားထုတ်ပြီး နောက် သခင်ငယ်လေးက အရင်လောက် မချေမိုးတော့ပေ။ သခင်ကြီး၏ ကျန်းမာရေးလည်း ကောင်းသထက် ကောင်းလာသည်။ 


လျိုရှုဟန်တို့မောင်နှမ သူများမိသားစုမှာ မျက်နှာသွားလုပ်တုန်းက ရှန်ရွေ့ထင်ကို သေလောက်အောင် ဒေါသထွက်စေခဲ့ပေမယ့်လည်း ၊ သူကျ တော့ မနေ့က ဝေမိသားစုကို မျက်နှာပူပူနဲ့ သွားတွေ့ဖြစ်ခဲ့သည်။ သားနှစ်ယောက် ‌‌‌ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကပဲ သူ့အတွက် ပျော်ရွှင်မှုဖြစ် စေသည်။ 


"ကောင်းလိုက်တယ်၊ ကောင်းတယ် ဟေ့၊ တာ့အာရဲ့အခန်းကို သေချာရှင်းထားလိုက်၊ သူပြန်လာရင် ကျုပ်နဲ့ တစ်ခွက်‌အတူ သောက်ခိုင်းရမယ်"


ရှန်ရွေ့ထင် အပျော်ကြီး ပျော်နေသဖြင့် မနေ့က တွေ့ဆုံမှုမှာ ဝေမိသားစုဆီက လစ်လျူရှုခံလိုက်ရတာကိုပင် မေ့သွားသည်။ ထို့နောက် အပြင်ထွက်ရန် ဟန်ပြင်နေသဖြင့် ရှန်ကျီမှ နားမလည်စွာ မေး ‌‌‌‌‌‌‌‌‌‌‌‌‌လိုက်သည်။ 


"သခင်ကြီး ဘယ်သွားမလို့လဲ"


"ဘယ်သွားရမလဲ၊ ငါ့မြေးလေးကို သွား ပြောပြမလို့လေ... သူ့အဖေ ပြန်လာပြီလို့"


ရှန်ရွေ့ထင်၏ အဓိပ္ပာယ်ရှိတဲ့ စကားကြောင့် ရှန်ကျီလည်း ပြုံးလျက် နောက်မှလိုက်သွားသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တုံးလင်အိမ်တော်က အရင်လို အသက်ဝင်လာတော့မယ်နဲ့ တူပါရဲ့။


တုံးလင်အိမ်တော်က အသက်ဝင်လာမှာ မှန်ပေမယ့် ကောင်းသော အသက်ဝင်ခြင်း ‌‌‌‌မျိုး မဟုတ်ချေ။ 


စစ်ပွဲ အောင်နိုင်သည့် သတင်းက လူအတော်များများ၏ စိတ်ဝင်စားမှုကို လွှမ်းမိုးနိုင်ခဲ့သလို 

ရှန်တာ့ ၊ဟော်ရယ့်လင်အပြင် ရှေ့နှစ်ရက်က ပြန်ရောက်လာသည့် ဝေမိသားစုတို့၏ တည်ရှိမှုမှာလည်း လူများစွာအား ခေါင်းခဲစေခဲ့သည်။ 


"ငြိမ်ငြိမ် ထိုင် နေစမ်းပါ"


ဝေသခင်ကြီးမှာ မြို့တော်ပြန်ရောက်သည်နှင့် တုံးလင်အိမ်တော် အကြောင်း ချက်ချင်းစုံစမ်းသည်။ နှစ်ရက်အတွင်း နားနဲ့ မဆံ့အောင် ကြားလိုက်ရသည့် သတင်းတွေက ကောင်းတာ တစ်ခုမှ မပါ။ ဝေသခင်ကြီး ဒေါသထွက်လွန်းလို့ တုံးလင်အိမ်တာ်ကို သွားဖြိုပစ်ရန် တကဲကဲ ဖြစ်နေသည်။ အမြဲ အေးချမ်းသည့်အပြုံးလေးနဲ့ ရှိတတ်သည့် ဝေသခင်မဆိုလည်း ရှားရှားပါးပါး မျက်နှာတည်နေသည်။ သူတို့ရဲ့ နောက်ဆုံးမျိုးဆက်တွေအနိုင်ကျင့်ခံရခြင်းသည် ဝေမိသားစုကို တိုက်ခိုက်ခြင်းပဲဖြစ်သည်။ တစ်မိသားစုလုံး အံတကြိတ်ကြိတ်နှင့် ဒေါသထွက်နေရသည်။


"ကျုပ် အဲ့ဒီ အမတ်ကောင်ရဲ့အိမ်ကို တစစီလုပ်ပလိုက်ချင်ပြီ"


သခင်ကြီးက လက်သီးလက်မောင်းတန်းလျက် ...သား ‌ေတွလည်း ငြိမ်ငြိမ်မထိုင်နေနိုင်၊ ဝေသခင်မက ထိန်းပေးနေရသည်။ 


"ဘာလဲ? တားချင် သေးတာလား? ရှန်ရွေ့ထင်က ငါ့သားကို နာကျင်စေရုံတင်မက ငါ့မြေး တွေကိုပါ ဒီလိုဆက်ဆံရဲတယ် ၊အဲ့ဒီခွေးကောင်ကို ဒီနေ့ သတ်ကိုသတ်မှ ရမယ်"


စစ်နယ်မြေမှာ အခြေချနေသူအဖို့ ဒေါသထွက်လာခြင်းက သာမန်လူများနှင့်မတူအောင် အရှိန်အဝါပြင်းလှသည်။ သို့သော်လည်း ဝေသခင်မက ဇနီးအနေဖြင့် ပေါင်းသင်းလာသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်တာကြောင့် မဖြုံပါချေ။ 


"အလျင်မလိုနဲ့ဦး၊ ကလေးတွေ ပြန်ရောက်တဲ့အထိ စောင့်ရမယ် လေ"


ဝေသခင်မကြီးက အေးအေးဆေးဆေးရှင်းပြသည်။ 


"ကလေး တွေ ပြန်လာလို့က တော့ ကျုပ် ရှန်ရွေ့ထင်ကို အဝီစိရောက်အောင် မြှုပ်ပစ်မယ်၊ ဘာလဲ ဒါ.... တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ ပါးစပ်နဲ့ ဆုံးမလို့ မရတဲ့ကောင်၊ မြေးတွေကို အနိုင်ကျင့်ရဲတယ်၊ ကျုပ်လုံးဝ ခွင့်မလွှတ်ဘူး"


အတိတ်မှာတုန်းက ဝေသခင်ကြီးက ယခုနှင့်မတူစွာ စိတ်အေးအေးထားနိုင်သည်။ အနောက်တောင်နယ်စပ်မှာ တိုင်းပြည်ကို တစ်ပါးသူတွေ မကျူးကျော်အောင် ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ သားဖြစ်သူ၏အမြင်ကို ယုံကြည်ပေးခဲ့ပြီး ရှန်ရွေ့ထင်ကိုယ်တိုင်ကလည်း အပြောကောင်းသူဖြစ်ရာ ရှန်တာ့နဲ့ ရှန်လျန့်အ‌ေကြာင်း မစုံစမ်းဖြစ်ခဲ့၊ နှစ်ပေါင်းများစွာတိုင် သံသယမဝင်မိခဲ့၊ ရှန်တာ့ အနောက်‌ေမြာက် နယ်စပ်မှာ တိုက်ပွဲအောင်နိုင်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နာမည်ရလာတော့ သူတို့ ဝေသွေးအပြည့်ပါလို့ အားရဝမ်းသာဖြစ်ခဲ့ရတာ၊ ဘယ်ဟုတ်မလဲ ရှန်ရွေ့ထင် အနိုင်ကျင့်လို့ သူ့မြေးက ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး စစ်ထဲ ဝင်သွားခဲ့ရတာ၊ တော်တော် ခံပြင်းစရာ ကောင်းလိုက်လေခြင်း!! ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌


ဝေမိသားစုဆိုတာ မျိုးရိုးအစဉ်အဆက် နှစ်ပေါင်း သုံးရာကျော်တိုင် ချင်ပြည်ထောင်အပေါ် တာဝန်သိတတ်ခဲ့တဲ့ စစ်မှုထမ်း မိသားစုဝင်ဖြစ်ခဲ့သည်။ အနိုင်ကျင့်ခံရဖို့ ထိုက်တန်ပါ၏လော။ 


"ညီလေးက လူကိုပဲ ကြည့်ခဲ့တာကိုး၊ အဖေရဲ့ ကံကောင်းမှုနဲ့ ယှဉ်ရင် ရှန်မိသားစုကတစ်ကယ် စုတ်ပြတ်တဲ့ အသိုက်ပဲ၊ ဘာကောင်းတာမှ မရှိဘူး"


ဦးလေး အကြီးဆုံးဖြစ်သူမှာ ဆုံးပါးသွားတဲ့ ညီလေးကို ပထမဆုံးအကြိမ် ဆူပူမိသည်။ 


ဦးလေးနှစ်‌ ဝေကျစ်ရွှင်းသည်လည်း တပ်မှူး တစ် ယောက်ပေမို့ သူ၏ဒေါသက ဝေကျစ်ဟိုင်ထက် မလျော့ပေ။ 


"ငါတို့မိသားစုကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြတာ "


ဦးလေးသုံး ဝေကျစ်ကျွင်းက ထေ့ငေါ့သည်။ အဖိုးနဲ့ ဦးလေးတို့ သားအဖ လေးယောက်က တသွေးထဲစီးဆင်းနေကြရာ တလေသံထဲ ထွက်သည်က မဆန်း။ စစ်မှုထမ်းအသိုင်းအဝိုင်းကဖြစ်သည်မို့ စိတ်ဓာတ်ပြတ်သားမှုမှာလည်း သူမတူအောင် ခိုင်မာလှသည်။ တော်ရုံသွားရှုပ်သင့်သည့် လူစားမျိုးမဟုတ်ချေ။ 


"ကဲကဲ အားလုံး စိတ်ကိုလျှော့ထားဦး" 


ဒေါသတကြီးမတ်တပ်ရပ်‌လျက်ရှိသော ခင်ပွန်းကိုဆွဲထားလျက်က ဖိုးဖိုးဝေသည် သားသုံးယောက်ကို စိုက်ကြည့်‌‌ကာ သတိပေးလိုက်သည်။ 


"လျန်လျန် ရော၊ တာ့အာရော မြို့တော်မှာ မရှိတဲ့အချိန် ငါတို့က သူများအိမ်ကိုအလျင်စလို သွားဖျက်စီးရင် လျန်လျန်တို့ရဲ့ နာမည်ဂုဏ်သတင်းပျက်သွားမှာ စိုးရတယ်၊ လနည်းနည်းလောက် ဆက်သည်းခံလိုက်ဦး၊ လျန်လျန် အကုန်လုံးကို စီစဉ်ထားပြီး‌ေလာက်ပြီ၊လဝက်အတွင်း သူတို့လည်း ပြန်ရောက်တော့မှာ၊ အဲ့ဒီအခါမှ ဘာဆက်လုပ်မလဲဆိုတာ ကလေးတွေနဲ့ တိုင်ပင်ကြည့်ကြတာပေါ့"


သားအငယ်ဆုံးက အနိုင်ကျင့်ခံရတုန်းကရော ဖခင်တစ်ဦးအနေနဲ့ စိတ်မတိုပဲဘယ်ရှိပါ့မလဲ..မြေးတွေမှာ တူညီတဲ့ ဖြစ်ရပ်တွေ ရှိလာတော့ ဝုန်းဒိုင်းကြဲချင်တာပေါ့၊ ဒါပေမယ့် ရှန်လျန့်သဘောထားက်ုသိလိုက်ရတဲ့အချိန်မှာ အခါကောင်းကိုစောင့်သင့်ကြောင်း သိလိုက်သည်။ ထို့ကြောင့် မိသားစုဝင် တွေကို တားမြစ်လိုက်တာပဲဖြစ်သည်။ 


မြို့တော်ပြန် ရောက်ကတည်းက စုံစမ်းခဲ့မှုအရ ရှန်လျန်ရဲ့ လက်စားချေမှု ဗျူဟာကို ခံစားမိသဖြင့် ဝင်ရှုပ်ရန် မသင့်‌ကြောင်း တွေးမိသည်။ နောက်ထပ် ဆယ်ရက် ဆယ့်ငါးရက်ခန့် စောင့်ဆိုင်းလိုက်လည်း နစ်နာစရာမှ မရှိတာလေ.....


"မင်းစိုးရိမ်လွန်နေတာပါ၊ ငါလည်း မြေးအတွက် စိတ်မကောင်းလွန်းလို့ ဒီလိုပြောတာ၊ တစ်ကယ် သွားမလုပ်ပါဘူး"


အဖိုးဝေက မပျော်မရွှင်ဖြစ်လျက် ရှင်းပြသည်။ 


"အဖေကြီးက ဒေါသထွက်ပြ‌‌နေတာကိုး... တစ်ကယ်လုပ်မယ် ထင်သွားတာပေါ့၊ မင်းနေပြည်တော်ကစစ်မြေပြင်လောက် မလွတ်လပ်ဘူးလေ"


ဖိုးဖိုးဝေ သက်ပြင်းချသည်။ အနောက်တောင် နယ်စပ်မှာ နေထိုင်စဉ်က ကိုယ့်ခြေကိုယ့်လက်မို့ အာခံသူလည်း မရှိသလို စိတ်တိုင်းကျ ပေါက်ကွဲလို့ရသည်။ သို့သော် မြို့တော်မှာတော့ သူတို့အထက်မှာ တော်ဝင်မိသားစုဝင်တွေ ရှိသေး၏။ ဦးညွှတ်ကာ နှိမ့်ချရဦးမှာပင်။ 


"ဟမ့်!"


အဖိုးဝေက နှာမှုတ်သည်။လွန်လေပြီးသော ဧကရာဇ်မင်းကို သတိရမိပါရဲ့၊ ပြည်သူတွေအပေါ် ဆွေမျိုးအရင်းပမာ ချစ်ခင်မြှောက်စားတတ်ပြီး အိမ်ရှေ့စံမင်းသားမှာလည်း အရည်အချင်းပြည့်ဝသူဖြစ်သည်။ တာ့ချင်က ဘာကြောင့် ဒီလို ပျက်စီးသွားရတာလဲ?လက်ရှိ ဘုရင်မှာ တိုင်းပြည်အတွက် သက်စွန့်ပေးနေသော စစ်သူကြီးများကို မနာလို မရှုစိမ့်ကာ အထူးသဖြင့် ဝေမိသားစုအပေါ် ပိုပြီးမျက်မုန်းကျိုးနေပုံရသည်။ အစွမ်းအစ ရှိလေလေ နန်းသိမ်းခံရမှာ ကြောက်လေ ဖြစ်နေပုံပင်။ သူတို့သာ အစထဲက နန်းသိမ်းချင်လျှင် လက်ရှိ ဧကရာဇ်က ပလ္လင်ပေါ်ထိုင်ပြီး အာဏာပြနေနိုင်ပါ့မလားလေ....။


စိတ်မချမ်းသာလို့ မြို့တော် ပြန်မလာတာကို ဧကရာဇ်က သဘောကျနေပြီး ကိုယ်ချင်းမစာတတ်သလို၊ တိုင်းပြည်တွင်း ရှုပ်ထွေးအောင်လုပ်လျှင် ပလ္လင်က နေရာမြဲမယ်လို့များ ဧကရာဇ်က တွေးထားရော့သလားမပြောတတ်။ 


" အဖေ၊ အစ်ကို၊ညီလေး ဖေဖေပြောတာ အ‌‌ကျိုးကြောင်းသင့်တယ်၊ တူလေး‌တွေ ပြန်လာတဲ့အချိန်ထိ စောင့်ကြရအောင်"


ဝေကျစ်ရွှင်းက အစဉ်အမြဲ ဆင်ခြင်တုံတရားပိုများလေသည်။ အချင်းများနေရာမှ ဖြစ်သင့်သည်ကို တွေးကာ ထိန်းညှိပေးတတ်လေသည် ။


ညီအစ်ကိုတွေ နာခံစွာ ခေါင်းငြိမ့်ကြပြီး ဖခင်မှာ ဒေါသဖြစ်လျက်နဲ့ပဲ...


"ဟိုကောင် အိမ်ရှေ့ထပ်ရောက်လာရင် အဖေ့ကို အရင်လာခေါ်... ကြားလား!"


"ဟုတ်ကဲ့!"


ဝေသခင်မက ထိုင်ခုံမှာ ထိုင်ရင်း ပြောစရာမဲ့လျက် ခေါင်းတခါခါရှိနေသော်လည်း နှုတ်ခမ်းက ယောင် ယောင်လေးပြုံ

းသည်။ မိသားစုကိုကြည့်ရင်း သားထွေးကိုလည်း သတိရမိ၏။ 


'ကျစ်ချန်က အပြစ်ကင်းရဲ့သားနဲ့ မတရား သေဆုံးသွားခဲ့ရရှာတယ်၊ ခုနေ သားငယ်သာ ရှိ‌‌ရင်....'

2629 words

🍇 Grape 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment