no

Font
Theme

'ဧည့်သည်တွေ ရောက် လာပြီ'

နှစ်ယောက်သား ခြံဝန်းထဲ ပြန်ရောက်ချိန်မှာတောင် အပြင်သွားတဲ့ချီရွှမ်းက ပြန်ရောက်မလာသေးပေ။ ချီယွဲ့က စောန မေးခွန်းကိုထပ်မေးတာကြောင့် အထူးကိုယ်ရံတော်အကြောင်းနဲ့ ဓားပြ အကြောင်းကို ရှန်လျန်ရှင်းပြလိုက်သည်။ ဖေးယွီအဆောင်မှ လူတွေလည်းသိပ်မကြာခင် ရောက်လာကြသည်။

"ငါးယောက်မြောက်သခင်လေး, သခင်လေးရဲ့အသက်အရွယ်က ဒီလို နီတောက်တောက်ဝတ်ဖို့မလိုက်ဖက်ပါဘူး၊ နည်းနည်း ဖျော့တဲ့အရောင် ရွေးရင်ရော?"

ကိုယ်အတိုင်းယူပြီးနောက် ရှန်လျန်၏ ဝတ်ရုံကိုကြည့်ကာ အပ်ချုပ်သမ က အကြံပေးသည်။

သူမ က မျိုးရိုးကြီး အသိုင်းဝိုင်းများအတွက် ဝတ်ရုံတွေချုပ်လုပ်ပေးခဲ့သည့် အတွေ့အကြုံများအရ စကားအပြောအဆို လည်ဝယ်ကာ သင့်တော်၏၊ မသင့်တော်၏ နားလည်သူဖြစ်သည်။ ဤဝတ်ရုံအရောင်က စိတ်ကျေနပ်ဖွယ်မရှိ။

"မလဲတော့ဘူး၊ ဒီအ‌ရောင် အဆင်ပြေပါတယ်"

သူမ၏ ကြင်နာမှုကို ပြုံးလျက် ငြင်းဆိုကာ သူမ ယူလာပေးသော ထည်ဝါပြီးရိုးရှင်းသည့် ဝတ်ရုံနှစ်စုံကိုလှမ်းယူကြည့်လိုက်သည်။

"ဒီနှစ်စုံအတွက် ဘယ်လောက် ကျမလဲ?"

"ရှင်? ဝတ်ရုံက ပိုးသားဖြစ်ပြီး သခင်လေးရဲ့ ကိုယ်ခန္ဓာ အတိုင်းအတာ အရ နှစ်ထည်ကို ငွေတုံး သုံးဆယ် ကျပါမယ်"

အပ်ချုပ်သမ က ဝတ်ရုံချုပ်ရတော့မှာ ဖြစ်သဖြင့် အပြုံးလေးဖြင့်ဖြေသည်။

"ကျွန်တော့ ဆိုဒ် မဟုတ်ပါဘူး၊ သူ့ ဆိုဒ်ပါ"

"ဘယ်လို!"

လက်ညိုးညွှန်ရာ လိုက်ကြည့်ပြီး အပ်ချုပ်သမ မှာ မည်သို့လုပ်ရမှန်းမသိတော့။

ချီယွဲ့ ကိုယ်၌လည်း ထိတ်လန့်နေသည်။ ငွေ 15 တုံး တန်သော ဝတ်ရုံအား ခန္ဓာကိုယ်ပေါ် သူမည်ကဲ့သို့ ဝတ်ဆင်ရဲမည်နည်း။

"မဖြစ်နိုင်ဘူး လျန်လျန်၊ ပဉ္စမ သခင်လေးရယ် ကျွန်တော်က အစေခံ ပါ ၊ ဒီလိုဈေးကြီးတဲ့ အင်္ကျီကို ဘယ်လိုလုပ်ဝတ်နိုင်ပါ့မလဲ"

"အဲ့ဒါကအဆင်ပြေပါတယ်"

လုပ်ချင်ရာ လုပ်ထားပြီး ၍ ရှန်လျန်ကတော့ ပြုံးကာနေသည်။

"သူ့ဆိုဒ်ကို တိုင်းတာပေးဖို့ ဒီက မိန်းကလေးကို ဒုက္ခပေးရတော့မှာပဲ"

"အိုး..ကောင်းပါပြီ"

အပ်ချုပ်သမ မှာ အလွန်အံ့အားသင့်မိသည်။ သူ့ဘဝတွင် အစေခံအပေါ် ဤသို့ကောင်းသည့်သခင်မျိုး မမြင်ဖူးသေးချေ။ ငွေ 15တုံးက ဈေးပေါသည်မဟုတ်။

"သခင်လေး, ဒီဝတ်ရုံ ကအဆင်ပြေပါ့မလား?"

"ဘာဖြစ်လို့လဲ? ညစ်ပေနေလို့လား အဲ့ဒါဆိုလည်း အသစ်နဲ့ လဲလိုက်လေ"

ဒါကပိုးသားထည်လေးပဲဟာကို ၊ဖြစ်နိုင်ရင် အကောင်းတကာ့ အကောင်းဆုံးကိုသာ ဝတ်စေချင်သည်။ ခုအချိန်က သင့်တော်သည့် အချိန်မဟုတ်သေးလို့သာ။

"ဒါပေမယ့်...."

ချီယွဲ့ကတော့သဘောမတူချင်သေးပေ။ အနည်းငယ်တွေးတောကြည့်ပြီးနောက် ရှန်လျန်နား အသာလေးကပ်ကာ ခပ်တိုးတိုးပြောကြည့်သည်။

"သခင်လေး၊ ကျွန်တော်တို့ ငွေတုံးတွေဘယ်ကရမှာလဲ"

တုံးလင်အိမ်တော်ကပေးတဲ့ တစ်လစာ အသုံးစရိတ်က ငွေတုံး ၂၀ သာ ဖြစ်သည်။လစဉ် ပေးရတဲ့ လစာက သူနဲ့ ချီရွှမ်းတို့ပြီးလျှင် ဒုတိယ အစေခံများဆိုလျှင် ငွေနှစ်တုံးသာရသည်။ သုံးယောက်လုံးပေါင်းရင်တောင် ငွေတုံး ၃၀ မရပေ ။ယခု သူတို့မှာ ငွေ၂၁ တုံးသာ ရှိပြီး အင်္ကျီအတွက် ကျသင့်ငွေပေးချေရန်မဖြစ်နိုင်ပေ။

"ပိုက်ဆံအတွက် မစိုးရိမ်နဲ့၊အင်္ကျီအသစ်ဝတ်ဖို့သာ ပြင်ထားတော့"

ရှန်လျန်က မျက်စိတစ်ဖက်မှိတ်ပြသဖြင့် ချီယွဲ့ ရွေးချယ်စရာမရှိတော့ပဲ သူ့ခန္ဓာကိုယ်အတိုင်း ကိုယူခွင့်ပြုလိုက်ရတော့သည် ။

"သခင်လေး ဘာအရောင်သဘောကျပါလဲ?"

"မီးခိုးရောင်ကို အစင်းကြောင်း ဒီဇိုင်းချုပ်ပေးပါ၊ လိမ္မော်ရောင်သစ်သီး ပုံလေးလည်းပါပါစေ၊ တစ်ထည်ကို ဒီဇိုင်းတစ်မျိုးစီ ချုပ်ပေးပါ၊ ဘောင်းဘီရှည်နဲ့ ကျောက်စိမ်းရောင်ခါးပတ်လည်း ထည့်‌ပေးပါ"

"စုစုပေါင်း လေးစုံပေါ့"

"သခင်လေး!"

အပ်ချုပ်သမ ရော ချီယွဲ့ပါ ကူကယ်ရာမဲ့နေကြသည်။လေးစုံဆိုတော့ ငွေတုံး၆၀၊ အပိုပစ္စည်းတွေပါရင် ငွေတုံး၁၀၀ လောက် သွားမှာပဲ။

"ဒီဝတ်ရုံတွေ အကုန် ကျွန်တော် သီးသန့်မှာတာပါ၊ ငွေတန်းရှင်းပါ့မယ်၊ သခင်မရှန်နား သွားမတောင်းတော့နဲ့၊ပြီးတော့ သူ့ကို တစ်ခွန်းမှ ပြန်မပြောပြပါနဲ့"

" ကျွန်တော့ အတွက်ကတော့ များများချုပ်ပေးလေ ၊ကောင်းလေပဲ၊ အထည်တိုင်း ကျောက်စိမ်းခါးပတ်ပါရမယ်နော်"

".....ကောင်းပါပြီ!"

သူမ ခေါင်းမငြိမ့်ခင်ထိ ‌ကြောင်အနေသေးသည်။ရှန်လျန် သူမဆီအားပေးတာ များနေလေပြီ။

"ဝတ်ရုံတွေပြီးဖို့ ဘယ်နှရက်လောက်ကြာမလဲ"

"၃ရက်အတွင်းပြီးပါတယ် သခင်လေး၊ တစ်ကိုယ်လုံးစာ ချုပ်ရင်တော့ နည်းနည်းကြာပါမယ်"

"ကိစ္စမရှိဘူး၊၃ရက်နေရင် ဖေးယွီအဆောင်ကို ကျွန်တော်သွားလိုက်ပါမယ်၊ ဒါနဲ့စရံပေးထားဖို့လိုလား"

သုံးရက်ခန့်ကြာလျှင် သူ့ကျန်းမာရေးလည်းအတော် ထူထူထောင်ထောင်ရှိလာလောက်ပါပြီ။

"စရံတွေဘာတွေမလိုပါဘူး၊ခွင့်ပြုပါဦး သခင်လေး ကျွန်မ အရင်ပြန်နှင့်ပါမယ်"

ရှန်လျန် ခေါင်းငြိမ့်ပြီး ပြုံးသည်။

"အိုးဟုတ်သားပဲ၊ အလုပ်သွားလုပ်ရဦးမှာပေါ့... ချီယွဲ့ ဧည့်သည်ကိုလိုက်ပို့လိုက်ပါဦး"

အနီရောင်ဝတ်ရုံ ကိုင်ထားတဲ့ ချီယွဲ့က ရှေ့တိုးလာပြီး အပ်ချုပ်သမ ကို ငွေတုံး ပေးလိုက်သည်။ထို့နောက် ခြံဝန်းပြင်သို့ ဦးဆောင် ခေါ်သွားသည်။

"လျန်လျန် ချုပ်တာ အရမ်းများတယ်၊ ငါတို့ အဝတ်သစ်မလိုအပ်ပါဘူး၊ အဲ့ငွေတုံးအများကြီး ဘယ်ကရမှာလဲ?"

ဧည့်သည်ပို့ပြီး ပြန်ရောက်လာတဲ့ ချီယွဲ့က စတင်နားပူနားဆာ လုပ်တော့သည်။ သို့သော်လည်း ရှန်လျန်က စိတ်ထဲ မထည့်ပဲ ဟိုဘက်နားဝင် ဒီဘက်နားထွက် သဘော ထားလိုက်သည်။ အာမခြောက်ပဲ ဆက်ပြောနိုင်စေရန် ရေတစ်ခွက်တောင် ခပ်ပေးလိုက်သေးသည်။

"........"

"ချီယွဲ့ရယ်၊ ငါပြောသလိုသာ လိုက်လုပ်ပါ၊အပြစ်ရှိတယ်လို့မခံစားနဲ့၊ပိုက်ဆံကိစ္စက ငါ့တာဝန်ထားလိုက်"

ရှန်လျန်မှာ ကူကယ်ရာမဲ့စွာ ရယ်မောပြီးချီယွဲ့နှင့်အတူ ထိုင်လိုက်သည်။

ပိုက်ဆံဆိုတာ အရာရာတိုင်း မဟုတ်ပေမယ့် ၊ပိုက်ဆံမရှိလို့လဲ မဖြစ်ချေ။ သူပြန်လာစ ကတည်းက ပိုက်ဆံ ရှာနည်းကိုတွေးထားပြီးဖြစ်သည်။ ငွေ တစ်ရာ နှစ်ရာလောက်ကတော့ စိတ်ထဲ ထည့်မနေ‌ပေ။ သူ့တစ်ဘဝလုံး ဆုံးရှုံးခဲ့ရဖူးပြီးပြီ၊ သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီမို့ ထိူလူတွေ ကိုပြန်ပေးဆပ်ခိုင်းရမည်။

"ဒါပေမယ့်......."

"တော်ပြီ မပြောတော့နဲ့၊ ဧည့်သည်တွေ ရောက်လာပြီ"

ချီယွဲ့မှာ အနည်းငယ် ရှက်ရွံ့နေသဖြင့် ရှန်လျန်က သူ့ခေါင်းကိုကိုင်ကာ ခြံဝန်းပြင်ဘက်သို့လှည့်ပေးလိုက်သည်။ လျိုရှုဟန်နှင့်ရှန်ချန်က မျက်နှာ မသာမယာဖြင့် အစေခံတစ်အုပ်ကို ခေါ်ဆောင်လာကြောင်းတွေ့လိုက်သောအခါ ချီယွဲ့ မှာ ကြောက်လန့်တကြား ထရပ်ရတော့သည်။

ရှန်လျန်က အေးအေးဆေးဆေးပင် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်သည်။ဖြူဖျော့ဖျော့လက်ချောင်းလေးများက ခွက်ကိုစောင်းငှဲ့ကာ နှုတ်ခမ်းဆီ တေ့သည်။သစ်ပင်မှ သစ်ရွက်ကြွေသကဲ့သို့ ၊ခွက်ထဲမှ လက်ဖက်ရည်များ သည် ခံတွင်းထဲသို့ တလိမ့်လိမ့်စီးဆင်းသွားသည်။

Words 1207

Grapes 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment