" မြို့စားနဲ့ ပူးပေါင်းခြင်း "
ဖေးယွမ်ရွင်းရဲ့ စကားနောက်ကွယ်က ဘာကိုဆိုလိုမှန်း၊ ဘာကိုစိုးရိမ်နေမှန်း.. ရှန်လျန် သဘောပေါက်သည်။ သို့သော် ပြုံးလိုက်ရုံသာ တတ်နိုင်ပြီး...
"တစ်ချို့ကိစ္စက ရှောင်ချင်ပါတယ်ဆိုရင်တောင် ရှောင်လို့မရတာတွေ ရှိတယ်၊ မြို့စားအရှင်က ကျွန်တော့ကိုကာကွယ်ဖို့ လူလွှတ်ထားကတည်းက ဒီအကြောင်းကိုသိပြီးဖြစ်မှာပဲ၊ ပြန်မတိုက်ခိုက်ရင် တစ်စုံတစ်ယောက်ရဲ့ဘဝက နစ်နာသွားရလိမ့်မယ်။ ကျွန်တော့် အားနည်းချက်နဲ့ တစ်ခြားမပြည့်စုံမှုတွေကြောင့် အပြစ်မရှိသူတွေ သေဆုံးမှာကိုပဲ ကျွန်တော် စိတ်ပူတယ်"
အရင်ဘဝက အတွေ့အကြုံတွေဟာ သင်ခန်းစာပင် ၊ ဒီအချိန်မှာ ကိုယ်ရံတော်အကြောင်း ထုတ်ဖော်လိုက်ဖို့ မစိုးရိမ်တော့ချေ။
"မင်းမှာ တော်ဝင်မိသားစုနဲ့ ဘာရန်ညှိုးရှိထားလဲ?"
ရှန်လျန်အား စူးစူးစိုက်စိုက်ကြည့်ကာ လေးလေးနက်နက်မေးလိုက်သည်။ ပုံမှန်ဆိုလျှင် သူက စပ်စုတတ်သောသည့်သူမဟုတ်သော်လည်း ရှန်လျန်၏ လျှို့ဝှက်ချက်တွေအားလုံးကို သိချင်စိတ်ဖြစ်မိသည်။
"တစ်ကယ်လို့ 'သွေးကြွေးဆိုတာ သွေးနဲ့ပဲပြန်ဆပ်ကြေး' လို့ ပြောရင် အရှင်လက်ခံလား?"
အတိတ်က သူမည်မျှ မိုက်မဲ ခဲ့ကြောင်း၊ ချင်ယွင်ရှန်းနဲ့ အခြားသူများကို ဘယ်လောက်ထိ မုန်းတီးကြောင်း စသဖြင့် အတိတ်ကနာကျင်စရာတွေကို ပြန်မြင်ယောင်လာစေသည်။
အဲ့ဒီ ခေါင်းစဉ်ဟာ ရှန်လျန်အတွက် စိတ်ထိခိုက်လွယ်တဲ့အကြောင်းအရာမှန်း ဖေးယွမ်ရွှင်း မသိပေ။
"လက် ခံ တယ်!"
"အာ..?"
ရှန်လျန်မှာ စိတ်လွတ်နေပြီး ပြတ်ပြတ်သားသား မကြားလိုက်ရသဖြင့် ဖေးယွမ်ရွှင်းက ရုတ်တရက် စားပွဲ ကိုကျော်လိုက်ကာ ရှန်လျန်၏ခေါင်းကို ထိလိုက်သည်။
"ကျုပ် အဲ့အယူအဆ ကိုလက်ခံတယ်၊ လူတစ်ယောက်က အတွေ့အကြုံမရှိဘူးဆိုရင်တောင် တိတ်တိတ်လေးမနေပဲ မင်းလို ပြန်ခုခံသင့်တယ်၊ အဲ့လိုပြောမှပဲ တစ်ခုခုကိုသတိရသွားပြီ၊ ကျုပ် မွေးထားတဲ့ ကျားသစ်ပေါက်လေးရှိတယ် ၊အခွင့်ကြုံရင် မင်းကိုပြမယ်"
"ကျွန်တော်..... ဂုဏ်ယူသင့်လား?"
တစ်ကယ်တော့ မြို့စားလက်ခံတယ်လို့ မထင်ထားမိသဖြင့် ခံစားချက်ကြောင့် တုန်ရီနေတဲ့ သူ့အသံကိုကြိုးစားထိန်းချုပ်ကာ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။
" မင်း အဆင်ပြေရဲ့လား? ကျုပ်က အရိုင်းဆန်မှန်း လူတိုင်းသိထားကြတယ် ၊ မင်းနဲ့ယှဉ်ရင်တော့ ကျားသစ်ကမှ ဂုဏ်ယူရမှာပေါ့"
အရှင့်သားမှာ ဂုဏ်မြောက်နေဟန် ကြောင့် ရှန်လျန် သူ့မျက်လုံးကို လိမ့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးသည်။
"အဲ့လိုဆိုလည်း ကျေးဇူးတင်ရမှာပေါ့ "
"ဟားဟားဟား ဟား"
ဖေးယွမ်ရွှင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှန်လျန်နှင့် စကားပြောတိုင်း သူ့တွင် စိတ်အခြေအနေကောင်း ရှိသည်။ ဖြစ်နိုင်ရင် သူ့ကြင်ယာတော်အဖြစ် အမှန်တစ်ကယ် လက်ထပ်ယူချင်မိသည်။
"ဘာပဲဖြစ်ဖြစ် မြို့စားမင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဘယ်စကားကိုပြောသင့်လဲ၊ မပြောသင့်လဲ ၊ဘယ်သူ့ကိုပဲပြောသင့်လဲဆိုတာ သဘောပေါက်ပါတယ်၊ အားလုံးကို သေချာမှတ်ထားပါ့မယ်"
ရှန်လျန်ဒီစကားကို လေးလေးနက်နက် ပြောလိုက်သည်။
"အင်း.. မင်းလည်း ကိုယ့်အတွေးနဲ့ကိုယ် ရှိမယ်ဆိုတာ ကိုယ်တော် သိပါတယ်၊ ဒါပေမယ့် ကျင်းရှီရန် ကိစ္စမှာတော့ ကိုယ်တော် မင်းအပေါ် အကြွေးတင်သွားပြီ၊ လျန်လျန်... မင်း ကိုယ်တော်နဲ့ ပူးပေါင်းချင်လား?"
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေးယွမ်ရွှင်း အတော်သိချင်စိတ်ဖြစ်မိသည်။ ဘယ်က ဘယ်လို စုံစမ်းလာလဲ မသိပေမယ့် သူ့အကြောင်းကို ရှန်လျန်က အတိအကျ သိနေသည်။ သူက 'ကော 'တစ်ယောက်ဖြစ်ပြီး လက်ရှိအခြေအနေက အဆင်မပြေနေသဖြင့် သူတို့ချင်းသာ ပူးပေါင်းလိုက်ပါက သူ့အနေနှင့် ထုတ်ဖော်သင့်တာလဲ ထုတ်ဖော်လို့ရသွားမည်ဖြစ်ကာ ပန်းတိုင်သို့ အလွယ်တကူလှမ်းနိုင်လိမ့်မည်။ ဘာလို့ဆို သူတို့၏ ရန်သူက အတူတူ ဖြစ်သောကြောင့် ပင်။
"ပူးပေါင်းမယ်?"
ရှန်လျန် မျက်မှောင်ကြုံ့ကာ မျက်တောင်ကိုအောက်စိုက်ရင်း တွေးသည်။ ဖေးယွမ်ရွှင်းနဲ့သာ ပူးပေါင်းလိုက်နိုင်ရင် ကိစ္စတော်တော်များများကနေ သူလွတ်နိုင်တယ်။
ဒါပေမယ့် ဒီလူက ယုံရလို့လား?
တစ်ချို့ကိစ္စတွေကို ပေးသိလို့ရပေမယ့် တစ်ချို့ကျတော့.....
သူ့အရင်ဘဝက ယုံလွယ်ခဲ့တာကြောင့် အဆုံးသတ်မလှခဲ့သဖြင့် ယခုလို သံသယ ထားတာကို အပြစ်တင်လို့မရပေ။ အသက်က ထပ်ခါထပ်ခါ ပြန်မရှင်နိုင်သဖြင့် ဒီတစ်ခေါက်တော့ ခြေလှမ်းမှားလို့ မဖြစ်ချေ။
ဖေးယွမ်ရွှင်းက ဘယ်လောက်တော်လို့လဲ?
အကြည့်တစ်ချက်နဲ့ သူဘာတွေးနေမှန်း ဖေးယွမ်ရွှင်း သဘောပေါက်သည်။
"အဖြေမြန်မြန်မပေးလဲရတယ်၊ အေးဆေး စဉ်းစားလိုက်ဦးပေါ့၊ ဒါနဲ့ မင်းသမီးယွဲ့ဟွားရဲ့ အလှူပွဲကို မင်းသွားတက်မှာမလား?"
"အာ? အရှင်သိပြီးသားကို ဘာလို့မေးနေသေးတာလဲ"
ရှန်လျန် ပက်ခနဲ ပြန်ဖြေသည်။ သူ့ကိုစောင့်ကြည့်ဖို့လူတောင်လွှတ်ထားပြီးတာတောင် ရိုးရှင်းတဲ့ မေးခွန်းတွေဆက်မေးနေသေးတယ်။
"ဟဟဟ..ဒီ ဝံပုလွေ ဖြူလေးကတော့!ကျုပ်က သူတို့ကို လိုက်စောင့်ရှောက်ခိုင်းရုံ
ပါ"
သူများက တကူးတက သူ့အားစောင့်ရှောက်ချင်လျှင်တောင် ရှန်လျန်ကတော့ သူများရဲ့ ကာကွယ်ပေးမှုကို ခံယူရန်ဆန္ဒမရှိသဖြင့် စိတ်ရှုပ်မိသည်။
"အရှင်ရော ဖိတ်စာ ရလား?"
ဘာမှ မသိချင်သော်လည်း ရှန်လျန် အောင့်အီးကာ မေးလိုက်ပါသည်။
"မင်းသမီးယွဲ့ဟွားက ကိုယ့် အဒေါ်လေ၊ ဖိတ်စာ သေချာပေါက်ရတာပေါ့"
ယခင်ချင်ဖင်းမြို့စားအား ထိန်းချုပ်ထားနိုင်ရန်အတွက် ဧကရာဇ်က သူ့သမီးတော်နဲ့ လက်ဆက်စေချင်သည်။ သို့သော် မြို့စားက သူမကို စုံမက်ခြင်းမရှိရာ မင်းသမီးလည်း အခြားတစ်ယောက်နဲ့ အောင်သွယ်ပေးလိုက်သည်။ မည်သူကသိမည်နည်း ထိုနှစ်ဦးသားက ချစ်ကျွမ်းဝင်သွားပြီး လက်ထပ်လိုက်ကြရာ ဧကရာဇ်မှာ ဒေါသူပုန်ထလေတော့သည်။ မည်မျှပင် မျက်နှာသာပေးမခံရသူဖြစ်စေဦးတော့..သူမဟာ ယခင်ချင်ဖင်းမြို့စား၏တရားဝင် ဇနီးဖြစ်သွားပြီး မင်းသမီးယွဲ့ဟွား၏ ညီမ ဖြစ်နေဆဲပင်။
"မင်းသမီးယွဲ့ဟွားရဲ့ တူ မဟုတ်ခဲ့ရင်ရော? အရှင် ဖိတ်စာရမှာပဲလား"
"အို....?"
ဖေးယွမ်ရွှင်း မျက်ခုံးပင့်မိ၏။ ရှန်လျန်က မျက်တောင်ခတ်လိုက်ကာ ရွတ်နောက်နောက်လေသံဖြင့်
"ချင်ဖင်းမြို့စားအိမ်တော် က ချူးတစ်ပြားမှ မရှိပဲနဲ့"
သဘဝကပ်ဘေး အလှူပွဲ အမည်ခံပြီး ချင်ဖင်းမြို့စားရဲ့နာမည်ကို မေ့သွားရန် မဖြစ်တန်ကောင်း ။
"ဟဟဟဟ..."
ဖေးယွမ်ရွှင်း ကဆိုလိုချင်သည်ကို သဘောပေါက်ပြီး ရယ်သည်။ ကောင်ငယ်လေးက သူ့ကို စနောက်နေသည်ပဲ ၊ ဘယ်လောက်ကောင်းလိုက်သလဲလေ ...။
Words 1142
🍇 Grape