no

Font
Theme

'ဧကရာဇ်၏ သံသယ'


ထိုအချိန် မြို့တော်ဘက်မှာလည်း ရှန်တာ့ရဲ့နာမကျန်းမှုသတင်းနဲ့အတူ ရှန်လျန်က  အနောက်မြောက်အရပ်သို့ ခရီးထွက်သွားကြောင်း သတင်းပျံ့နှံ့သွားသည်။ လူတချို့က ညီအစ်ကိုနှစ်ဉီး၏ ချစ်ခြင်း မေတ္တာကို ချစ်မွှမ်းကြသည်နှင့်အညီ တစ်ဖက်မှာလည်း စစ်မြေပြင်ဆီ သွားရသည်မို့ စိုးရိမ်ပေးကြသည်။ အနောက်မြောက်အရပ်မှာပဲ ရှန်လျန်တို့ညီအစ်ကိုအား တစ်ခါတည်း သေသွားဖို့ ကျိန်စာတိုက်သူ တို့လည်းရှိ၏။ 


ဧကရာဇ် အပါအဝင် လူတော်တော်များများက ဟော်ရယ့်လင်နဲ့  ဖေးယွမ်ရွှင်းကို ဆရာတူညီအစ်ကိုတွေမှန်း မသိကြချေ။  အတွေးထဲတွင် ဟော်ရဲ့လင်က စစ်ဗျူဟာ မည်မျှတော်နေပါစေ တစ်‌ယောက်ထဲ အားနဲ့ စစ်သည်သုံးသိန်းကို မည်သို့မျှ ထိန်းထားနိုင်မည်မဟုတ်ဟု ထင်သည်။ ရှန်လျန်ကလည်း ရှန်တာ့ကို စိတ်ပူ၍သာ စစ်မြေပြင်ဆီ လိုက်သွားခြင်းဖြစ်သည် ။


အမဲလိုက်...သွားမယ်ဆိုတဲ့ ဖေးယွမ်ရွှင်းက ရှန်လျန်နဲ့အတူ အနောက် မြောက်အရပ်ဆီ လိုက်သွားမှာကိုလည်း ဧကရာဇ်က စိုးရိမ် နေသည်။ ထိုသို့ဖြစ်သွားပါက ဖေးယွမ်ရွှင်း၏လက်ထဲတွင် မြေပြင်မှ စစ်သည်အင်အားကိုလည်း စုဆောင်းပြီးသားဖြစ်သွားလိမ့်မည်။ တာ့ချင်ပြည်ထောင်မှာ စစ်အင်အားတစ်ဝက်ကျော် ပိုင်ဆိုင်ပြီး နောက်ခံအနေနဲ့ ဝေမိသားစုပါရှိနေလျှင် တာ့ချင်၏ ထီးနန်းက ဖေးယွမ်ရွှင်းအတွက် ဖြစ်သွားလိမ့်မည်။ 


"ရှာမတွေ့ဘူးလား"


တပ်မှူး လင်းယွီချိန်၏  လျှောက်ထားချက်အရ ဖေးယွမ်ရွှင်းက ဖုန်းမင်တောင်ပေါ် အမဲလိုက်ထွက်သွားခဲ့ပြီး ရှန်လျန်က အနောက်‌မြောက်စစ်နယ်မြေဆီ အလျင်စလို ခရီးနှင်သွားခဲ့သည်ဟုဆို၏။ သို့ဖြစ်ရာ ထိုသတင်းမှန်မမှန် ဧကရာဇ်မှ လူတစ်ချို့ စေလွှတ်ပြီး စစ်ဆေးခိုင်းလိုက်ခြင်းဖြစ်သည်။ 


"အရှင်မင်းကြီး ချမ်းသာ ပေးပါ !"


ကိုယ်ရံ တော်တစ်ဦးက ဒူးထောက်ကာ ခွင့်လွှတ်မှု တောင်းခံသည်။ ဧကရာဇ်က ပို၍မကျေမချမ်းဖြစ်ကာ ဒေါသထွက်လာသည်။ 


"တပ်ဖြန့်လိုက်၊ သူဘယ် ရောက်သွားလဲ ငါ ကိုယ် တော်သိမှရမယ်"


"အမိန့် တော်အတိုင်းပါ"


ကိုယ်ရံတော် ထွက်ခွာသွားပြီး မကြာခင်မှာပင် ရန်အန်းကုန်းကုန်းက လင်းအရာရှိ သားအဖမှ တွေ့ခွင့်တောင်းနေကြောင်း သတင်းပို့သည်။ ထိုအခါမှ ဧကရာဇ်၏ တွန့်ချိုးနေတဲ့ မျက်ခုံးက အနည်းငယ်ပြေ လျော့သွားရသည်။ 


"ဝင်လာစေ"


"ကျွန်တော်မျိုးလင်းဝေ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာ ကျော် ရှည်ပါ စေ၊ ဝမ့်စွေ့ ဝမ့်စွေ့ ဝမ့်ဝမ့် စွေ့"


သားအဖနှစ်ဦးမှ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဂါရဝပြု ဦးညွှတ်လိုက်ကြသည်။ 


"လင်းအရာရှိ  သက်တောင့်သက်တာ နေပါ၊ ထိုင်ပါဦး"


"ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး"


အသီးသီး ကျေးဇူးစကားဆိုကာ သားအဖ နှစ် ယောက် ထိုင်လိုက်ကြသည်။ ဧကရာဇ်က ပြုံး တော််မူလျက် အမေးရှိ၏။ 


"လင်းအရာရှိ .. ဝမ်ယွဲ့မြို့က သဘာဝ ရေဘေးအန္တရာယ်က နေ လွှတ် မြောက်ခဲ့ရတာဟာ အရာရှိရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့်ပဲ၊ အောင်မြင်မှုရှိတာနဲ့ အညီ တစ်ဖက်မှာလည်း လက်လွှတ်ဆူံးရှုံးခဲ့ရတဲ့ အရာတွေ ရှိလေရဲ့၊ ညီတော်က ထင်မှတ်မထားပဲ ဆုံးပါးသွားခဲ့ရသလို ရှန်တာ့က လုပ်ကြံခံရလို့ ခုချိန်ထိ သတိလစ်မေ့မျောနေတယ်တဲ့၊ အကြောင်းအမျိုးမျိုးကြောင့် လင်းအရာရှိကို ဂုဏ်ပြုအခမ်းအနား ကျင်းပဖို့ကိစ္စရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်ရတယ်၊ ချူးလူမျိုးတွေကလည်း အခွင့်ကောင်းရတာနဲ့ အတင်းကျူး ကျော်နေကြတာဆို တော့ တိုင်းပြည် နယ်မြေ မဆုံးရှုံး‌‌ ရေးအတွက် လုံးပန်းနေရတယ်၊ လင်းအရာရှိအပေါ်အကြွေးတင်နေပါပြီ စိတ်မရှိပါနဲ့ "


ဧကရာဇ်က ငြီးငြူလျက် စိတ်အား လျော့စွာ သက်ပြင်းချသည်။ 


"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ တိုင်းပြည်အရေးက ပိုအရေးကြီးတာပါ၊ ကျွန် တော်မျိုး ဒီလိုအချိန်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပ ပေးဖို့ မတောင်းဆိုနိုင်ပါဘူး ခင်ဗျာ၊ အနောက်မြောက်စစ်ပွဲက အရေးကြီးတဲ့ အချိန်အခါကို ရောက်နေပါတယ်၊ ကျွန် တော်မျိုး မကူညီနိုင်ပေမယ့် ဟော်စစ်သူကြီးဆီက ကျွန်တော်မျိုးတို့ပိုင်ဆိုင်တဲ့ နယ် မြေကနေ ရန်သူကို အနိုင်တိုက်ထုတ်လိုက်တဲ့ သတင်းကောင်းကို အမြဲ နားစွင့် လျက်ပါ"


လင်းဝေက လက်သီးစု သဏ္ဍာန်ပြုကာ အလေးအနက် ဆိုသည်။ ဧကရာဇ် မအားလပ်ရတဲ့ အကြောင်းရင်းကို လူတိုင်းသဘောပေါက်ကြပါသည်။ 


"အိမ်း... ကိုယ် တော်ရဲ့ ချင်မြို့တော်မှာ လင်းအရာရှိတစ်ယောက်လုံး ရှိသေးတာပဲ၊ လူမျိုးခြား တွေရဲ့ ကျူးကျော်တာကို ဘာကြောင့်ကြောက် နေရမတဲ့ လဲ"


ဧကရာဇ်က လက်သီးတင်းတင်းဆုပ်ကာ ရာဇမာန်ဟိန်းသည်။ ထို့ နောက် အလေးအနက်ဖြင့် မေးခွန်းသတ်သည်။ 


"ကိုယ် တော် အမှန်အတိုင်း ကြားချင်တယ်၊ လင်းအရာရှိကလည်း တစ်ကယ်တော်တဲ့ စစ်ဗိုလ် တစ်ယောက်ပဲ၊ ဒီတစ်ကြိမ် ချူးနဲ့ စစ်မက်ဖြစ်ပွားတဲ့ပွဲမှာ အနောက်မြောက် စစ်တပ်က နိုင်ခြေ ဘယ်နှရာခိုင်နှုန်း ရှိလဲ"


"ဒါက....."


လင်းဝေ ခေတ္တ တုံ့ဆိုင်း နေပြီးမှ ပြန်ဖြေသည်။ 


"ချူးတိုင်းပြည်မှာ ဟယ့်ချန်ဖုန်းဆိုတဲ့ စစ်ဗိုလ်က ထိပ်တန်းစစ်ဗျူဟာ ကျွမ်းကျင်တဲ့ အရာရှိဖြစ်ပြီး ငယ်စဉ်ကတည်းက ကြုံ တွေ့လာတဲ့ စစ်ပွဲ အတွေ့အကြုံဟာလည်း မရေမတွက်နိုင် အောင် နိုင်ပွဲများလှပါတယ်၊သို့ပေမယ့်လည်း ကျွန်တော်မျိုးတို့ ချင်ပြည် ထောင်မှာ ဟော်စစ်သူကြီးရဲ့ အရည်အချင်း ပေါ်ထွက်လာပြီးတဲ့နောက် ချူးတွေကို ခြေလှမ်းတစ်ဝက်တောင် အဝင်မခံခဲ့ပါဘူး၊ နှစ်နိုင်ငံ စစ်မက်နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်လုံး ဟော်စစ်သူကြီးကသာ အနိုင်ယူနိုင်ခဲ့ပါတယ်၊ လက်ထောက်ရှန်စစ်သူကြီးသာ လုပ်ကြံမခံရဘူးဆိုရင် တတိယအကြိမ် စစ်ပွဲက အကြွင်းမဲ့ နိုင်မှာ သေချာပါတယ်၊ ချူးစစ်သည် တွေ အင်အားအလုံးအရင်းနဲ့ လျှပ်တပြက်ဝင်တိုက်ခဲ့ရင်တောင် ဟော်စစ်သူကြီးရဲ့ ဦးဆောင်မှု အောက်မှာ ရှန်ဗ်ုလ်ကြီးက အင်အားကြီးတဲ့ ကျားတစ်ကောင်ရဲ့ ဗျူဟာ နဲ့ အလွယ်တကူ တိုက်ထုတ်နိုင်မှာပါ၊ ဒီတစ်ခေါက် ချူး တွေရဲ့ ယုတ်မာပက်စက်မှု ကြောင့် အနောက် မြောက်စစ်တပ်ကြီးကို စိတ်ဓာတ် ရေးရာ  ရိုက်ချက်ပြင်းပြင်း ထိသွားစေခဲ့တာကြောင့် ဘယ်ဘက်က နိုင်မလဲဆိုတာ ကျွန်တော်မျိုး အနေနဲ့ ဆုံးဖြတ်ရခက်ခဲပါတယ်၊ အဲ့လို ဆိုရင်တောင် ရှန်ဗ်ုလ်ကြီးက သေခြင်းတရားကို တောင့်ခံနိုင်ပြီး ဟော်စစ်သူကြီးကလည်း ရန်သူတွေ မကျူးကျော်နိုင် အောင် ဆက်လက် ပိတ်ပင် ထားနိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်"


ဧကရာဇ်က ဘာ ကြောင့်သူ့ကို စစ်ပွဲအခြေအနေသုံးသပ်ခိုင်းလဲ မသိပေမယ့် လက်လွှတ်စပယ် မပြောရဲ ချေ။ ထို့အပြင် မည်သူက‌‌ရော ဟော်စစ်သူကြီးရဲ့ စစ်ရေး ကျွမ်းကျင်မှုကို အထင်သေးဝံ့လို့လဲ၊ ဟော်စစ်သူကြီးက ငယ်ရွယ် ပေမယ့် စစ်ဗျူဟာ ကျွမ်းကျင်ပြီး ရှုံးပွဲမရှိ သေး ချေ။ အင်အားချင်းညီသည့် ရန်သူကို တောင် နှစ်ကြိမ်တိုင်တိုင် တားဆီး နိုင်ခဲ့ရာ စစ်နတ်ဘုရားဟူသည့် ဂုဏ်ပုဒ်အတိုင်း အတိအကျပင်ဖြစ်သည်။ ထိုတင်မက စစ်နယ်မြေမှာ ဝေမိသားစုတစ်စုလုံး ရှိနေသေးရာ ရှုံးစရာအကြောင်း မရှိ ပေ။ 


"အိမ်း လင်းအရာရှိ ပြောတာ ဟုတ်ပေတယ်၊ ဒါပေမယ့်လည်း ကိုယ် တော်က စိုးရိမ်...."


ဧကရာဇ်က ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း စကားတစ်ဝက်တပျက် ရပ်သွားကာ ရှေ့မှသားအဖ နှစ်‌ယောက်ရဲ့ ရိုးသားမှုကို အကဲခတ်သည်။ 


"ချင်ပြည်ထောင်က ရေဘေးကြောင့် ဒုက္ခသည်တွေ တိုင်းပြည်တစ်ဝှမ်းအနှံ့အပြား ရှိ နေပြီး စစ်ပွဲပါရှုံးလိုက်ရင် နောက်ငါးနှစ်လောက်ထိ နာလန်ထူနိုင်မှာ မဟုတ်ဘူး၊ ဒါကို အိမ်နီးချင်းတိုင်းပြည်တွေ အကုန်သိလို့ ဒီလိုကျူး ကျော်မှု တွေ ဖြစ်လာတာ၊ က်ိုယ်တာ်တို့ ဒီစစ်ပွဲ နိုင်ကိုနိုင်ရမယ်၊ လုံးဝ ရှုံးလို့မရဘူး၊ဒါ ကြောင့် က်ုယ် တော်က လင်းအရာရှိတို့သားအဖကို အနောက် မြောက်နယ်မြေဆီစေလွှတ်ချင်တယ် ဆိုရင် ဘယ်လို သဘောရလဲ"


"ဟော်စစ်သူကြီးကို စစ်ကူ ပေးဖို့လား အရှင်မင်းကြီး"


လင်းသားအဖ မျက်မှောင်ကြုံ့ကုန်သည်။ 


လင်းယွီချိန် စဉ်းစားသည်။ ဖခင်က ဟော်စစ်သူကြီးနဲ့ တတန်းတည်းတိုက်ရည်ခိုက်ရည် တူသည့် စစ်သူကြီးဖြစ်ပေမယ့် အနောက်မြောက် စစ်သည်တို့အပေါ် လွှမ်းမိုးနိုင်မှုမှာ တော့ ဟော်စစ်သူကြီးက သာပေလိမ့်မည်။ ဧကရာဇ်ရဲ့ စေလွှတ်မှုကြောင့် သွားရခြင်းက တစ်နည်းနည်းနဲ့ ဝင်ရှုပ်သလို ဖြစ်သွားနိုင်သည်။ အရှင်မင်းကြီးက စစ်ပွဲရှုံးမှာ တစ်ကယ် စိုးရိမ်လို့ပဲလား၊ ဟော်ရဲ့လင်ကို မယုံလို့ပဲလား မပြောတတ်ချေ။ 


လင်းဝေ ရော လင်းယွီချိန်ပါ ဧကရာဇ်အား နားမလည်နိုင် တော့ပါ။ အခြေအနေကို သုံးသပ်ကြည့်လိုက်ပြီး လက်ရှိ စစ်မြေပြင် အနေအထားနဲ့ လိုက်လျောညီထွေရှိဖို့ကလည်း မလွယ်ကူသဖြင့် စိတ်မ‌ေပျာ်မရွှင် ဖြစ်သွားကြသည်။ 


"အရှင်မင်းကြီး ကျွန် တော်မျိုး အထင်...."


လင်းဝေက ဧကရာဇ်ရဲ့ တောင်းဆိုချက်ကို ငြင်းဆိုရန် ကြံစည်ပြီး ထရပ်ကာ အရိုအသေပြုသည်။ စကားမဆုံး သေးခင်မှာပဲ.. ဧကရာဇ်က ဖြတ်ပြောခဲ့သည်။ ငြင်းဆန်ရန် အခွင့်အရေး မပေးခဲ့။ 


"ကောင်းပြီ၊ လင်းအရာရှိက သွားဖို့ဆုံးဖြတ်လိုက်ပြီမလား"


လင်းဝေ မျက်ခုံးတွန့်သည်။ ဘုရင့်အမိန့်အား ဖီဆန်ရန် ထပ်တွေးလိုက် သော်လည်း ဧကရာဇ်က ဆက် ပြောလာသည်။ 




"ယွီချိန် ချင်ဖင်းမြို့စားက တစ်ကယ်ပဲ ဖုန်းမင်တောင်ပေါ်မှာ အမဲလိုက်ထွက်မယ်လို့ ပြောခဲ့တာလား၊ နားကြားလွဲတာများ ဖြစ် နေမလား"


ဧကရာဇ်က မေးခွန်း ထုတ်လိုက်သည့်အချိန် လင်းဝေ ရုတ်တရက် တွေးမိသွားသည်။ အဲ့ဒီ နေ့ကတည်းက ရှန်လျန်နဲ့ မြို့စားမင်းက အနောက် မြောက် စစ်နယ်မြေဆီ သွားခဲ့တာ ဖြစ်နေမလား၊ မြို့စားမင်းက ရှန်တာ့တို့ ညီအစ်ကိုနဲ့ ပေါင်းပြီး ထီးနန်းကိုလုမယ်လို့ ဧကရာဇ်က သံသယဝင် နေတာလား၊ဒါကြောင့် သူတို့ဆီက သတင်းယူဖို့ စေလွှတ်ချင်တာ ဖြစ်မယ်လို့ အတွေးပေါက်ခဲ့သွားသည်။ 


လင်းဝေ ဆက်မငြင်းနိုင်တော့ပဲ ဧကရာဇ်ရဲ့ အတွေးကို နားလည်စွာ ငြိမ်ငြိမ် လေးပြန်ထိုင်လိုက်သည်။ ဧကရာဇ်က ထက်မြက်ပြီး စစ်ရေးရာ ကျွမ်းကျင်သူတွေဆို ချီး မြှောက်ရန် အလွန် ကြောက်ရွံ့သည့်သူဖြစ်သည်။ 


"အမှန်တစ်ကယ် အမဲလိုက်ထွက်မယ်လို့ ပြောခဲ့တာပါ ခင်ဗျာ"


လင်းယွီချိန်က မျက်တောင် တစ်ချက်မခတ်ပဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခိုင်ခိုင်မာမာ ဖြေသည်။ ရှန်လျန်က ညတွင်းချင်း ခရီးထွက်သွားတဲ့ သတင်းထွက်လာကတည်းက သူသိလိုက်သည်။ စစ်နယ် မြေက သတင်းကို ခြေမြန် တော်ထက်အရင် သူတို့ကဘယ်လိုသတင်းရလဲ မပြောတတ်ပေမယ့် ဖေးယွမ်ရွှင်းနဲ့ရှန်လျန်က တူတူသွားတဲ့ အမှန်တရားကို သူတစ်‌ေယာက်ထဲသာသိသည် ဖြစ်ရာ မထူးဇာတ်ခင်း၍ ဘူးခံငြင်းရုံသာ ရှိသည်။ ယခုမှ စကားပြောင်း ပြောလျှင် အပြစ်က သူ့ခေါင်းပေါ် ရောက်လာနိုင်သည်။ 


"အဲ့လိုလား၊ ကောင်းပြီ သွားလို့ရပြီ၊ သုံးရက်အတွင်း ခရီးထွက်ဖို့ ပြင်ထားကြ"


ဧကရာဇ်က သူ၏သဘောထားကို ပြတ်ပြတ်သားသား ဖော်ပြပြီး ငြင်းဆန်ရန် ခွင့်မပြုခဲ့ချေ။ 


လင်းဝေတို့သားအဖ အချင်းချင်း ကြည့်ကာ ထပြီး ဂါရဝပြု၍ ထွက်လာခဲ့လိုက်သည်။ 


"ကုန်းကုန်း ခြောက်ယောက်မြောက် သမီးတော်က ဟော်ရဲ့လင်နဲ့အဆင်ပြေ လောက်လား"


စာကြည့်ဆောင်မှာ မည်သူမှ မရှိသည်နှင့် ဧကရာဇ်က မေးလိုက်သည်။ 


ဘေးဘက်မှာ ခစားနေတဲ့ ကုန်းကုန်းက အံ့အားသင့် သွားသည်။ အနည်းငယ် တွေ ဝေ နေပြီးမှ...


"အရှင်မင်းကြီး မင်းသမီးက ခုမှ သက်တော် ဆယ့်သုံးနှစ်သာ ရှိပါသေးတယ်၊နောင် နှစ်နှစ်လောက် စောင့်သင့်ပါတယ်"


လက်ရှိ ဘုရင်လက်ထပ်မှာ ထက်မြက်တဲ့ အရာရှိ တွေ ပေါ်ထွက်လာတာ ကြောင့် မင်းသမီး ငါးဦးက လက်ထပ်ထိမ်းမြားလိုက်ရပြီး ဖြစ်ကာ အငယ်ဆုံးဖြစ်သည့်  ခြောက်ယောက်မြာက် မင်းသမီးကိုပါ မချန်ထားချင် တော့ဘူးထင်၏။ အသက်မပြည့် သေးသည့် မင်းသမီးလေးကို အသက်နှစ်ဆယ့်သုံးနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှိတဲ့ ဟော်စစ်သူကြီးကသာ မငြင်းဆန်လျှင် ခက်ချေ ပြီ။ 


"ဆယ့်သုံးနှစ်ဆိုတာ အရွယ် ရောက် နေပြီ"


ဧကရာဇ်ရဲ့ လေသံ မာထန်လာတာကို သတိပြုမိတာ ကြောင့် ကုန်းကုန်းက အလိုက်သိလျက် စကားဆက်မဆိုရဲတော့ချေ။ 


"အဖေ... ဧကရာဇ်က ဘာလုပ်ဖို့ကြံစည်"


လင်းယွီချိန်က ဘုရင့်စာကြည့် ဆောင်မှ အထွက်စိတ်ထဲ ရှိတာကို အောင့်အီးမထားနိုင် တော့ပဲ ဖခင်ကို ထုတ်မေးသည်။ 


"အပြင် ရောက်မှ ပြောမယ်"


ဖခင်က ဟန့်လိုက်သဖြင့် နှစ်ဦးသား နှုတ်ဆိတ်ပြီး ဆက်လျှောက်ခဲ့ကြသည် ။ လှည်းထဲ ရောက်မှ လင်းယွီချိန်၏ သံသယကို လင်းဝေကအဖြေ ပြန် ပေးသည်။ 


"ဧကရာဇ်က ဟော်ရဲ့လင်ကို မယုံ တော့ဘူး၊ ပြီး တော့ ချင်ဖင်းမြို့စားက စစ်ပွဲကို သွားကူမှာ ကြောက်နေတာလဲ ပါတယ်၊ ငါတို့ကို စေလွှတ်ပြီး ဟော်ရဲ့လင် ရဲ့ ဘေးမှာ သွားနေခိုင်းတဲ့ သဘောက သူကြိုက်တဲ့ အချိန် ရာထူးဖယ်လို့ရတယ်လို့ ချိန်းခြောက်တာ၊ မြို့စားမင်း အနောက် မြောက်အရပ်မှာ ရှိမရှိကိုလည်း စစ်ဆေးချင်လို့ .. တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့၊  အဖေတို့က ကြားထဲက ညှပ်နေတာ"


လင်းဝေ စိတ်ပင်ပန်းစွာ မျက်စိမှိတ်လျက် နောက်မှီထိုင်လိုက်သည်။ ဧကရာဇ်ရဲ့ သဘောထားက ပိုပိုပြီး အကျိုးကြောင်း မဲ့လာတာပဲ၊ မြို့စားမင်းရဲ့ တည်နေရာကို မသင်္ကာတာနဲ့ ပဲလှော်ကြားဆားညှပ် အသုံးချပြီး ဟော်ရဲ့လင်ကိုလည်း တစ်ချိန်တည်းမှာ ဖိနှိပ်ခိုင်း သေး၏။ သူ့အပေါ် သစ္စာရှိလာခဲ့သူတွေကို သူကိုယ်တိုင်က တွန်းထုတ်နေ ခဲ့သည်။ 


သူတို့သားအဖနှစ်ဦး တည်ရှိမှုက ချင်ဖင်းမြို့စားမင်းရဲ့ လမ်းကို သွား နှောင့်ယှက်သလိုဖြစ်ပြီး ဟော်မိသားစုရဲ့ ဒေါသကိုလည်း ဆွမိလိမ့်မည်။ ဧကရာဇ်ရဲ့ အတွေးကျတော့ ရိုးရှင်းသည်။ ဟော်ရဲ့လင်က အနောက်မြောက်အရပ်မှာ တာဝန်ထမ်း ဆောင်ရင်း တစ်နှစ်အတွင်း တပ်မှူးဖြစ်ခဲ့ပြီး သူ၏ဦးဆောင်မှု အောက်မှာ ရှုံးပွဲ မရှိ စစ်ပွဲအောင်နိုင်ခဲ့သဖြင့် ပုန်ကန်မှာ စိုးရိမ်သည်။ 


တစ်ဖက်ကကြည့်ပြန်ရင်လည်း ခေါင်းဆောင် ပြောင်းလိုက်ရင်တောင် စစ်သည် တွေရဲ့ ရင်ထဲ ဟော်စစ်သူကြီးတစ်ဦးတည်းသာ အလေးစားထိုက်ဆုံး ဖြစ်နေမှာပင်။ 


ခေါင်း ဆောင်သစ်က မည်မျှ  တော်ပါ စေ၊ နှစ်အနည်းငယ်ကြာသည်အထိ အလုံးစုံ တာဝန်ယူ ပေးခဲ့ သော ဟော်ရဲ့လင်နဲ့ ယှဉ်၍ မရနိုင်။ တိုင်းတပါး၏ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျူးကျော်ခြင်းအား ကာကွယ်နိုင်သည့် အင်အားကြီးသူက သံသယမရှိ ကိုးကွယ်ခံရလိမ့်မည်။ 


"သူ့ဦး နှောက်က တစ်ခုခု ချို့ယွင်း နေတာလား"


ကိုယ့်ကိုကိုယ်အလွန်ဂုဏ်မောက်လွန်း နေ၍ လင်းယွီချိန် မထိန်းသိမ်းနိုင် တော့စွာ ထုတ်ပြောသည်။ လင်းဝေက သူ့သားဘက် လှည့်ကြည့်ကာ...


"ချင်ဖင်းမြို့စားက တစ်ကယ်ပဲ ဖုန်းမင်တောင်မှာ အမဲလိုက်မယ် ပြောသွားတာလား"


လင်းယွီချိန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ လည်ပင်းနား လက်သည်းနဲ့ ကုပ်လိုက်မိ၏။ 


"အဲ့လို ပြောသွားတာပါဆို ကျွန်တော်က ဧကရာဇ်ကို လိမ်ညာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဝံ့ပါ့မလား"


"ဒီကောင်!"


သူက ကိုယ့်သားအကြောင်း မသိစရာလား?


လင်းဝေက လင်းယွီချိန်ရဲ့ပုံစံကိုကြည့်ရုံနဲ့ တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသည်။သို့သော်ငြား အသေးစိတ် မမေးတော့ပဲနဲ့ တစ်စုံတစ်ရာ ကို တွေးတောနေလိုက်သည်။


"မင်းအဖိုးတော့ အိပ်ရာထဲ လဲတော့မှာပဲ"


"ဗျာ?"


လင်းယွီချိန်က နားမလည်စွာ မေးခွန်းထုတ် သော်လည်း အဖြေပြန်မရခဲ့ ချေ။ လင်းဝေ မျက်စိပြန်မှိတ်ထားလိုက်သည်။ ဧကရာဇ်ပစ်တဲ့ ခဲက ငှက်သုံးကောင်ကို တစ်ချိန်တည်း သတ်ဖို့ ကြံစည်ထားတာပင်။ မြို့စားမင်း၊ ဟော်စစ်သူကြီးနဲ့ အောင်မြင်မှုဂုဏ်ပြုပွဲပင်မလုပ်ရသေးသော လင်းအိမ် တော်ပဲဖြစ်သည်။ 


ယခုအချိန်က နှစ်နိုင်ငံစစ်ဖြစ်ပွား နေတဲ့ အချိန်မို့ ဧကရာဇ်ရဲ့ သေနတ်အဖြစ် ကိုယ့်လူကိုယ် သွားရှုပ်ရမည် မဟုတ်ပဲ ငါးနှစ်၊ ခြောက်နှစ်ခန့် လာရှုပ် နေသည့် ချူးတွေ

ကို အတူတူကန်ထုတ်ရမည့်အချိန်ဖြစ်သည်။ ဧကရာဇ်က တစ်ခြားသူ တွေကို စေလွှတ်တာထက် သူတို့သားအဖကို စေလွှတ်တာလည်း တစ်မျိုး ကောင်းတာပင်။ 



2629 words

🍇 Grape 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment