'ဘယ်လိုနည်းနဲ့ ပြန်ပေးဆပ်မလဲ'
ရှည်လျားတဲ့ ညတာက တဖြည်းဖြည်းကုန်လွန်သွားသည်။ လူတိုင်းကိုယ့်အတွေးနဲ့ကိုယ် အိပ်မပျော်နိုင်ကြသလို သမီးပျိုလေးတွေ ပျောက်နေတာလည်း သတိမထားမိကြပါ၊ တုံမေ့ခြံဝန်းဘက်က အခြေအနေမှာ အတော်လေး ပြင်းထန်သည်။ ရှန်ဟွေးနဲ့ ကျန်းမင်းသားက ဆေးမိပြီး ရှန်သမီးပျိုလေးသုံးဦးနဲ့အတူ လိင်ယစ်မူးနေသည်မှာ အချိန်အတန်ကြာ တောင့်တခဲ့ရသည့်ဆန္ဒများ ပြည့်ဝအောင် အကျိုးရှိရှိ အသုံးချနေသယောင်။
အိပ်မပျော်သည့် ရှန်လျန်လည်း တစ်ဖက်ခန်းမှာ ရေနွေးကြမ်းတစ်ခွက်ပြီး တစ်ခွက်သောက်လျက်ရှိ၏။ ဘေးခန်းက မည်သည့် လှုပ်ရှားမှုပဲ ပြုနေပါစေ မကြားချင်ယောင် ဆောင်ကာ နေသည်။
"ဘယ်အချိန်ရှိပြီလဲ"
အချိန်မည်မျှကြာသွားသည်မသိ ရှန်လျန်က တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
"၂ချက်တီးရှိပါပြီ"
နောက်ဘက်မှာ ရပ်နေဆဲဖြစ်တဲ့ လေ့ကျန်းက အပြင်ဘက် ကောင်းကင်ကိုမော့ကြည့်ပြီး ဖြေသည်။ တစ်နာရီ ထပ်ကုန်သွားပြီဖြစ်၏။
"ကောင်းပြီ၊ ရှန်ဟွေးဆီ သွားမယ်၊ သူဘာလုပ်နေလဲ အသိဝင်အောင် သွားပြောပြကြတာပေါ့"
ရှန်လျန် ထရပ်လိုက်ပြီး အသိမပေးပဲနဲ့ ရှန်ဟွေးရဲ့ အခန်းတံခါးကို ဖွင့်လိုက်သည်။
"ဟင်... ဘာတွေ ဖြစ်ကုန်တာလဲ? ဘာတွေဖြစ်!"
ဆေးအစွမ်းပျယ်သွားတဲ့ ရှန်ဟွေးက အသိဝင်လာပြီး ကုတင်ပေါ်ရှိ ရှန်ကျင်းတို့ကိုမြင်လိုက်ရာ ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။ ကိုယ်လုံးတီး ခန္ဓာကိုယ်အား ဂရုမစိုက်အားပဲ လက်ကခေါင်းကိုကိုင်ထားပြီး ကိုယ့်လုပ်ရပ်ကိုယ် မယုံကြည်နိုင်ဖြစ်နေသည်။ သူဘယ်လိုလုပ် ?ရှန်ချန်နဲ့ ရှန်ကျင်းကရော သူ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ? သူကရော နှစ်ယောက်လုံးကို ဖျက်စီးမိသွားတာလား?
"အဖွားခိုင်းတာ လုပ်ပြီးရင်လည်း အကျိုးဆက်ကို တွက်ဆထားသင့်တယ်၊ ငါဘာမှ မသိဘူးလို့ မင်းတစ်ကယ် ထင်နေတာလား?"
လေ့ကျန်းနဲ့ ယောင်းကွမ်တို့ ဘေးတစ်ဖက်စီ ကာကွယ်လျက် ရှန်လျန် အခန်းထဲ လျှောက်ဝင်လာသည်။
ကုတင်ပေါ် ပိုးလိုးပက်လက် ဖြင့် ကြမ်းရမ်းခံထားရသည့် ခြေရာလက်ရာအပြည့်ဖြစ်နေသော အမျိုးသမီးနှစ်ဦးကို တစ်ချက်ဝေ့ ကြည့်လိုက်ပြီးအခန်းအလယ်က ထိုင်ခုံမှာ ရှန်လျန် ဝင်ထိုင်သည်။ မရှေးမနှောင်းမှာပဲ ရှန်ချန်နဲ့ ရှန်ကျင်းတို့ သတိရလာတော့မယ့် ပုံကြောင့် ရှန်လျန် အချက်ပြလိုက်သည်။ ယောင်းကွမ်ချက်ချင်း ရှေ့တိုးကာ အိပ်ပျော်ကြောကို အသီးသီးဖိနှိပ်လိုက်သည်။
"မင်းပဲ၊ ဟုတ်တယ် နောက်ကွယ်က မင်းလုပ်တာမလား.. ရှန်လျန် မင်းအတော်ရက်စက်တဲ့ကောင်ပဲ၊ သူတို့က ..သူတို့က ငါ့ရဲ့ တစ်ဝမ်းကွဲညီမတွေလေ"
ဂယောင်ခြောက်ခြားနဲ့ သွေးရူးတန်းရမ်းပြောဆိုနေပုံက တုံးအ တဲ့ ဝက်တစ်ကောင်လိုပဲ၊ ရှန်ဟွေးက လက်ရှိသူ့အခြေအနေ ဘယ်လောက်ဆိုးဝါးကြောင်းသိသွားပြီး ဒေါသအလွန် ထွက်ကာ ရှန်လျန့်ဆီ ကမူးရှူးထိုး ပြေးဝင်လာသည်။
လေ့ကျန်းက မြားတစ်စင်းလို အရှိန်နှုန်းဖြင့် ရှန်လျန့်ရှေ့ ပိတ်ကာပေးပြီး ရှန်ဟွေးကို ကန်ချလိုက်သည်။ ကိုယ်ခံပညာလည်း အနည်းငယ်မျှ မတတ်ကျွမ်းသည့်အပြင် အချိန်အတန်ကြာ အမျိုးသမီးများနှင့် အားစိုက်ထုတ်ထားသည်မို့ ကန်ခံလိုက်ရသောအခါ ကြမ်းပြင်ပေါ် နာနာကျင်ကျင်ဖြင့် ခွေခေါက် ပစ်ကျသွားရသည်။ ထိုသို့ဖြစ်နေတာတောင် ဒေါသမျက်လုံးဖြင့် ရှန်လျန့်အား စိုက်ကြည့်နေဆဲ။
ရှန်လျန်ကြောင့် သူ့ ညီမလေးတွေကိုဖျက်ဆီးမိသွားပြီ၊ အနာဂါတ်အစီအစဉ်လည်း ပျက်စီးသွားတဲ့အပြင် သူ့တစ်ဘဝလုံးစာ ရှုံးနိမ့်သွားရပြီ!
ပြင်းထန်တဲ့ အမုန်းတရားကြောင့် ရှန်လျန် စူးစူးစိုက်စိုက် မျက်ဝန်းပင့်ကြည့်လိုက်သည်။
"ငါက ရက်စက်တယ် ဟုတ်လား? မင်းကမှ ရက်စက်တာ!! ဒီမှာ ရှန်ဟွေး မင်းတွေဝေနေတုန်းက ငါမင်းကိုသတိပေးခဲ့တယ်၊ အခွင့်အရေးလည်း ပေးခဲ့တယ်၊ မင်းကျတော့ ငါ့အပေါ် ဘယ်လိုလုပ်ရပ်မျိုးလုပ်ခဲ့လဲ? အဖွားကြီးက ကျောက်လန်ရဲ့ သားအရင်း.. ရှန်ယန်ရဲ့နာမည်ဖယ်ပြီး မင်းကို အိမ်ထောင်စုထဲ တစ်ကယ် ထည့်ပေးမယ်ထင်နေတာလား၊ ရှန်ယန် ဖျက်စီးခံလိုက်ရတာကို အခွင့်ကောင်းယူပြီး ငါ့ကိုအသုံးချရုံနဲ့ မင်းက အမြင့်တက်နိုင်မယ်ထင်တယ်ပေါ့၊ သူတောင်းစားနှစ်ယောက်ကို ငါ့အခန်းထဲ ထည့်ချင်သေးတယ်၊အဟက်! တွေးကြည့်စမ်းပါဦး မင်းထက် ငါကပိုကြင်နာတယ်မလား...မြို့တော်တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ အလှပဂေးတွေနဲ့ တစ်ညတာ ပျော်ပါးခွင့်ပေးခဲ့တာကို...၊ ရှန်ဟွေး မင်းတိုးတက်ချင်တာ မင်းဘာသာကြိုးစားပါ့လား၊ ငါ့ကိုနင်းချတာမျိုးတော့ မလုပ်သင့်ဘူး၊ အဖွားက မင်းကိုတစ်ကယ် တန်ဖိုးထားမယ်ထင်နေတာလား၊ မမိုက်မဲနဲ့၊ အမှုပေါ်ပေါက်သွားရင် အရင်ခံရမှာက မင်း! ပြီးတော့ မင်းက ဒုတိယမိသားစုထဲ တရားဝင် ဖြစ်လာမှာကို ကျောက်လန်က ဒီတိုင်းခွင့်ပြုလိုက်မယ်ထင်နေတာလား၊ ရှန်ရွေ့ချင်လည်း သဘောတူမှာ မဟုတ်ဘူး၊ မင်းတိုးတက်ချင်ရင် မင်းအရည်အချင်းနဲ့ မင်းကြိုးစား၊
လုံလောက်တဲ့ စွမ်းရည်ရှိရင် ဘယ်မျိုးရိုးက အမျိုးသမီးမဆို မင်းဆီရောက်လာလိမ့်မယ်၊ ဒါပေမယ့် အဖွားက နှစ်နှစ်ဆယ်လုံးလုံး မင်းကိုလစ်လျူရှုထားပြီး ခုမှ အဖတ်လုပ်တာကို မင်းက မတွေးတတ်သေးဘူး၊ ငါ့ကို အပြစ်လာမတင်နဲ့၊ မင်းကိုယ်မင်းနဲ့၊ မဟုတ်တဲ့အတွေးတွေ ရိုက်သွင်းပေးတဲ့ အဖွားကိုပဲ အပြစ်တင်လိုက်"
လူတိုင်း အမြင့်တက်လှမ်းချင်တဲ့ရည်မှန်းချက်ကို ရှန်လျန် နားလည်ပေး၍ရ၏။ သို့သော် လူတစ်ယောက်က လမ်းမှန်မလျှောက်ပဲ မိခင်အရင်းကိုစွန့်ပစ်ပြီး၊ ညီအစ်ကိုချင်း ဒုက္ခပေးသည်၊ မိသားစုကိုနင်းခြေပြီးမှ အမြင့်တက်မည်ဆိုလျှင်တော့ သူလုံးဝ ခွင့်မပြုနိုင်၊ထိုသူက တစ်နေ့မှာ ဆိုးဆိုးရွားရွား ပျက်သုန်းသွားရလိမ့်မည်။ သို့ဖြစ်ရာ ယခုကတည်းက အသ်ိဝင်အောင် သင်ခန်းစာပေးထားမှ တော်ကာကျမည်ဖြစ်၏။
"ရှန်လျန်..မင်း!"
ရှန်ဟွေးက ကိုယ်လုံးတီးနဲ့ ကြမ်းပြင်မှာ ခွေခေါက်လဲကျနေရင်း ဒေါသကြောင့်တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေသည်။ မျက်လုံးသွေးကြောက ရဲပတောင်းခတ်ပြီး ရှန်လျန့်အား အရိုးထဲ အသဲထဲထိ မုန်းတီးစွာကြည့်သည်။ သူပိုင်ဆိုင်မယ့်အရာအားလုံးကို ရှန်လျန်က ဖျက်ဆီးပစ်သည်။
"မင်းပြောကြည့်! ရှန်ချန်နဲ့ ရှန်ကျင်းကိုဖျက်ဆီးတဲ့သူက မင်းဆိုတာ လျိုရှုဟန်နဲ့ လုယန်သိသွားရင် သူတို့မင်းကိုဘာလုပ်လောက်လဲ"
ရှန်လျန်က ချေမိုးစွာပြုံးနေပြီး ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားစွာ စောင့်ကြည့်ချင်နေဟန်ရှိ၏။ ခုချိန်ထိ မထနိုင်သေးတဲ့ ရှန်ဟွေးက သတိအနေအထားနဲ့ ခေါင်းထောင်လာသည်။
"ဘာကို ဆိုလိုတာလဲ?"
ဒေါသအစား စိုးထိတ်မှုက အစားထိုးလာသည်။ တစ်ခုခု ဆိုးရွားသည့်အရာ ဖြစ်လာတော့မည်ဟု ရှန်ဟွေး ခံစားနေရ၏။
"ဘာကိုဆိုလိုတာလဲ ဆိုတော့ ...မင်းကိုယ့်ညီမကိုယ် အဓမ္မကျင့်လိုက်တဲ့ ကိစ္စကို ငါက ကူညီပြီးဖုံးကွယ်ပေးထားမယ်လို့ ထင်နေတာလား၊ အတွေးလွန်နေပြီ"
ရှန်လျန် ခပ်ထေ့ထေ့ လှောင်ရယ်လိုက်သည်။
"လျိုရှုဟန်နဲ့ လုယန်က မင်းကို လွယ်လွယ်နဲ့ပေးသေမှာ မဟုတ်ဘူး၊ အရင်ဆုံး မင်းက်ိုချုပ်ထားပြီး ၊ခြေချောင်း၊လက်ချောင်းတွေ တစ်ချောင်းချင်းစီ ဖြတ်တောက်မယ်၊ ကိုယ်လက်အင်္ဂါတွေလည်း အပိုင်းပိုင်းလုပ်ပြီး ဆိုးရွားတဲ့ နာကျင်မှုမျိုးခံစားစေပြီးမှ သွေးထွက်လွန်သေခိုင်းလောက်တယ်၊ မင်းအဖေနဲ့ အဖွား လာကယ်မယ်ထင်နေရင်တော့ အိပ်မက်ထဲမှာပဲရမယ်၊ အားလုံး တူတူပေါင်းပြီး မင်းကို သတ်မသွားတာ ကံကောင်း!"
အမှန်တရားကို ရှန်လျန်သိသလို ရှန်ဟွေးလည်း သိ၏။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး"
လျိုရှုဟန်နဲ့လုယန်ရဲ့နည်းလမ်းကို တွေးမိပြီး ရှန်ဟွေး အသည်းအသန် ခေါင်းယမ်းသည်။ ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ် ဗျာများပြီးနောက်ဆုံး၌ ရင်ကွဲပက်လက် အော်ဟစ်လိုက်တော့သည်။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေသော ရှန်ဟွေးပုံစံက စာနာပေးချင်စရာကောင်းသော်လည်း ရှန်လျန်ဖြစ်စေ၊ ယောင်းကွမ်နှင့် လေ့ကျန်းဖြစ်စေ မည်သူမှ သူ့အတွက် အနည်းငယ်သော်မျှ မသနားပေးကြ။
"ရှန်လျန် ငါ့ကိုကယ်ပါ၊ ကျေးဇူးပြုပြီး ကယ်ပေးပါနော်... နည်းလမ်းတစ်ခုခု ရှိတယ်မို့လား"
ဒုတ်!!
ထိုခဏ ရှန်ဟွေး ငိုကြီးချက်မနှင့် ဒူးထောက်တောင်းပန်သည်။ ရှန်လျန့်ခြေသလုံးကို ဖက်မည်အပြု နောက်တစ်ကြိမ် ကန်ခံရပြန်သည်။
ခန္ဓာကိုယ်က ဘေးဘက်သို့ လဲကျသွားပြီး နာကျင်သော်လည်း အောင့်ခံကာ ကုန်းထသည်။ ရှန်လျန့်အား သွေးရူးသွေးတန်း ကြည့်ရင်း ရှိုက်သံနှင့်ပြောသည် ။
"မင်းငါ့ကိုမကယ်ပေးရင် ငါအဖွားကိုသွားပြောလိုက်မှာ၊ ရှန်လျန် မင်းကိုလည်း အဖွားတို့က လွှတ်ပေးလိမ့်မယ်မထင်နဲ့၊ တူတူသေကြတာပေါ့ ဟားဟားဟား"
"မင်းသေချင်နေရင် ငါဖြည့်ဆည်းပေးလိုက်မယ်"
ရှန်လျန် သူနဲ့စကားပြောချင်စိတ် ကုန်ဆုံးသွားပြီး ထရပ်လိုက်သည်။
"လေ့ကျန်း အပြတ်ရှင်းလိုက်"
"အမိန့်အတိုင်းပါ"
"မလုပ်ပါနဲ့!"
လူသတ်တော့မည့် အရိပ်အယောင်ကြောင့် ရှန်ဟွေး မျက်ရည်စီးကျလျက် တစ်ဖန်ဒူးထောက်အသနားခံသည်။
"မသတ်ပါနဲ့ ရှန်လျန် ငါမှားသွားပါတယ်၊ အသက်ချမ်းသာပေးပါ၊ ငါမသေချင်သေးဘူး၊ မသေချင်ဘူး..."
ပိုပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူက သေရမှာပိုကြောက်သည်။ မတိုင်ခင်က ဟိတ်ကြီးဟန်ကြီးနဲ့အော်ဟစ်ခဲ့သည်ကို မေ့ပြီး လူတိုင်းကစွန့်ပစ်မှာကိုတောင်မမှုပဲ အသက်ရှင်ဖို့ရန်အတွက် အရှုံးမပေးနိုင်ဖြစ်နေ၏။
"အသက်ချမ်းသာပေးရမယ်ပေါ့"
မျက်ခုံးပင့်ပြီး ရှေ့ကလူနဲ့ မျက်လုံးချင်းဆုံနိုင်အောင် ဖနောင့်တင်ထောက်လျက် ထိုင်ချသည်။
"အသက်ချမ်းသာပေးရလောက်တဲ့ အကြောင်းပြချက်လေး ပေးကြည့်! မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ဆပ်ရင်ရပြီဆိုတာ ငါ့ရာဇဝင်မှာမရှိဘူး၊ ငါတို့က အတိတ်မှာရော အနာဂါတ်မှာရော အားနာနေစရာမလိုတဲ့ ဆက်ဆံရေးမျိုးပဲ၊ ဒါကြောင့်လဲ မင်းအလှည့်မှာ တွေဝေမနေပဲ ငါ့က်ိုဒုက္ခပေးဖို့ ရွေးချယ်လိုက်တာ မဟုတ်လား၊ ငါ့အလှည့်ကျတော့ ချမ်းသာပေးရမယ်တဲ့လား"
အရင်ဘဝမှာတော့ ရှန်လျန်က ကြင်နာတတ်တဲ့သူဖြစ်ခဲ့ဖူးပါသည်။ သို့ရာတွင် မိမိကို လှေကားအဖြစ် ချနင်းချင်သူ၊ဒုက္ခပေးချင်သူအတွက်တော့ ကြင်နာမှုတွေ အလကားမပေးလိုက်နိုင်။
"ငါ..ငါ သူလျှို လုပ်ပေးနိုင်တယ်၊ ဖွားဖွားကြီး၊ကျောက်လန်၊ လုယန်တို့ မင်းကို ဘယ်လိုတွေ အနိုင်ကျင့်မလဲ သတင်းယူပေးမယ်၊ မင်းအတွက် ကျွဲလို၊ခွေးလို၊ဝက်လို အစွမ်းကုန် အလုပ်လုပ်ပေးပါ့မယ်၊ ရှန်လျန်...ငါတောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ..."
ရှန်ဟွေးရဲ့ ရင်ဘတ်တစ်ခုလုံး အသက်ရှူမဝအောင် မွန်းကြပ်နေပြီး ခေါင်းပူအောင် တွေးတောလိုက်ပြီးနောက် ကပျာကယာဖြင့် အတတ်နိုင်ဆုံး အလိုက်အထိုက်ပြောပြီး အသက်ချမ်းသာပေးပါရန် တောင်းပန်သည်။
"သူတို့ရဲ့ လုပ်ရပ်ကို ထောက်လှမ်းပေးမလို့လား? လိုလို့လား? မကောင်းတာလုပ်ရင် တစ်နေ့ အမှန်တရားပေါ်ပေါက်လာမှာပဲ၊ မလောဘူး၊ တချို့ကိစ္စမှာ စိတ်ရှည်ရတယ်၊ ပြီးတော့ မင်းဘာသာ ကျွဲဖြစ်ဖြစ် နွားဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ အချိန်မရွေး ငါ့အပေါ် သစ္စာဖောက်သွားနိုင်တဲ့ သူမျိုးကို မြွေပွေးခါးပိုက်ပိုက်ထားရအောင် ငါမတုံးဘူး"
ပြောရင်းဆိုရင်း ရှန်လျန် ထရပ်လိုက်သည်။ သူထွက်သွားတော့မည်ကို မြင်သော် ရှန်ဟွေး ဆောက်တည်ရာမရ ကြောက်ရွံ့သွားပြီး အတင်းဖမ်းဆွဲထားမည်အပြု ရှန်လျန်က မတူမတန်စွာ ပြောသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက ဘာမှ အသုံးမကျတဲ့သူ၊ ငါအသက်ချမ်းသာပေးလို့တော့ရတယ်၊ ပြီးတော့ လျိုရှုဟန်နဲ့ လုယန်တို့ မသိအောင် ဖုံးကွယ်ပေးထားလို့လည်းရတယ်..."
လွှတ်ပေးရန်ဆန္ဒရှိသည်ကို ကြားတော့ ရှန်ဟွေး အလွန်စိတ်အားတက်ကြွလာသည်။ ရှန်လျန်က အထင်သေးသလိုကြည့်လိုက်ပြီး အောက်သို့ ငုံ့ကိုင်းလိုက်သည် ။
"သိပ်အပျော် မစောနဲ့၊ စကားမဆုံးသေးဘူး၊ အသက်ချမ်းသာပေးတယ်ဆိုတာ မင်းကို ကူညီပေးတာ မဟုတ်ဘူး၊ ရှန်ဟွေး မင်းဒီဆေး စားရမယ်"
ပြောပြောဆိုဆို ရှန်လျန်က လက်ဖဝါးဖြန့်ပြီး ဆေးလုံးမဲမဲ ကိုပြ၏။
"အဲ့တာ ဘာဆေးလဲ"
သတိအနေအထားနဲ့ ရှန်ဟွေးက နောက်သို့ ယို့ကာ ကြောက်လန့်တကြားကြည့်၏။ မေးသည့်အသံပင် တုန်ရင်လျက်။
"အရမ်းပြင်းတဲ့ အဆိပ်တစ်မျိုး"
အေးအေးလူလူ ထုတ်ပြောခြင်းက ရှန်ဟွေးကို မေ့လဲ လုမတတ် ထိတ်လန့်စေသည်။ ခေါင်းတခါခါ လည်တခါခါဖြင့် ချက်ချင်း ငြင်းဆန်သည်။
"မစားဘူး၊ မင်းပြောတော့ ချမ်းသာပေးမယ်ဆ်ု၊ ငါမစားဘူး၊ ငါမစား..."
ရှန်လျန် နှာမှုတ်၏။
"စိတ်ပူမနေနဲ့၊ အဆိပ်က စားပြီးတာနဲ့ ချက်ချင်း အစွမ်းမပြဘူး၊ ၇ရက်ကြာတိုင်း ထိန်းဆေးစားရင် ဘာမှ မဖြစ်နိုင်ဘူး၊ မင်းသာ ကောင်းကောင်း နာခံရင် ၊ နောက်ကွယ်ကနေ မဟုတ်တာ မကြံစည်ရင် တစ်နှစ်ပြည့်တာနဲ့ အဆိပ်ဖြေပေးမယ်၊ ဘယ်လိုလဲ"
အဆိပ်နဲ့ ထိန်းချုပ်မထားရင် မကောင်းတဲ့ အကြံအစည် တွေ မလုပ်ဘူးလို့ တပ်အပ် မပြောနိုင်ပေ။
"ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်၊ သေမလား၊ အဆိပ်စားမလား၊ မင်းရွေးလိုက်!"
ရှန်လျန်ထရပ်ပြီး ဆေးလုံးကို လေ့ကျန်းဆီ ပေးခဲ့သည်။ တစ်ကယ်သွားတော့မည်ကိုမြင်သော် ရှန်ဟွေး အမြန် အော်လိုက်သည်။
"စားမယ်၊ ငါစားမယ်"
လက်စားပြန်ချေချင်ရင် တစ်နည်းပဲရှိတယ်၊တစ်နှစ်လောက် ရှန်လျန့်နောက်လိုက်ခွေးလုပ်ပြီး အဆိပ်ဖြေဆေးပြန်စားပြီးတာနဲ့ နောက်နှစ်ကို....
"ဆေးပေးလိုက်! "
ရက်စက်သည့်အငွေ့အသက်က လျှပ်တပြက်ပေါ်ပေါက်လာသည်။ ဘာမှ ထုတ်မပြောပဲ ဆေးလုံးပေးရန်သာ ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
လေ့ကျန်းက တစ်ဖက်လူရဲ့ ပါးစပ်ကိုဆွဲကိုင်ပြီး ဆေးလုံးကို လက်ညိုးနဲ့တောက်ထည့်လိုက်သည်။ ဆေးလုံးက ပါးစပ်ထဲ တည့်တည့်ဝင်သွားပြီး လည်ချောင်းမှ တစ်ဆင့် ဝမ်းဗိုက်ထဲ လျှောဆင်းသွားတော့၏။
"ဘာလုပ်တာလဲ ခင်ဗျား... အု.."
ရှန်လျန်မှ အရိပ်အကဲ ပြသည်နှင့် ယောင်းကွမ်က ရှေ့ထွက်လာသည်ကိုမြင်သော် ရှန်ဟွေး ရင်တုန်သွားသည်။ သို့သော် သူအတွေးလွန်သွားခြင်းသာ၊ ယောင်းကွမ်က သူဆေးသောက်လိုက်တာ သေချာအောင် စစ်ဆေးခြင်း ဖြစ်၏။
"ထျန်းရှု ကျန်တာ ဆက်လုပ်လိုက်တော့၊ အကုန်ရှင်းလိုက်နော်"
"စိတ်ချပါ ဝမ်ဖေး၊ ပြန်နားပါတော့၊ ကျန်တာ ကျွန်တော်တို့တာဝန်ထားပါ"
ထျန်းရှုနှင့် ဘယ်ကပေါ်လာမှန်းးမသိသည့် သံမဏိတပ်သားနှစ်ယောက်က ကုတင်ဘေးဘက်သွားကာ စောင်ယူပြီး ကိုယ်လုံးတီး အမျိုးသမီးနှစ်ဦးကိုထုပ်ပိုးလိုက်သည်။ ပြီးနောက် ပျံ့ကြဲနေသည့် အဝတ်တွေကို ကောက်ယူလက်စဖျာက်ရန်လည်း မမေ့ပါချေ။
"ဟုတ်ပြီ"
ရှန်လျန် စကားနှစ်လုံးထက်ပို မပြောတော့ပဲ လေ့ကျန်းနဲ့အတူ ပြန်လာလိုက်၏။ တစ်နေ့လုံး အလုပ်ရှုပ်နေပြီး နေ့ခင်းကလည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ရေးတမော မအိပ်လိုက်ရသဖြင့် မျက်ခွံက အလွန်အမင်းလေးလံနေသည်။ ဒီည ကောင်းကောင်းမနားပါက မနက်ဖြန်ပွဲကောင်းကောင်း မကြည့်လိုက်ရပဲ နေမည် မဟုတ်ပါလော။
2609 words
Grape 🍇