no

Font
Theme

'ရန်သူတပ်ကို တိုက်ဖို့ အစီအစဉ်ချ'


ဖေးယွမ်ရွှင်းအား တစ်ချိန်လုံး စောင့်ကြည့်နေသူမှာ ဧကရာဇ် အပြင် နောက်တစ်ယောက်ရှိသေး၏။ ချင်ယွင်ရှန်းဖြစ်၏။ ရှန်လျန် အနောက်မြောက် စစ်နယ်မြေဆီ သွားသည်ဟု သတင်းကြားကြားချင်း ညမှာပဲ လူလွှတ်ပြီး ဖေးယွမ်ရွှင်း၏တည်နေရာကို စုံစမ်းစေခဲ့သည်။

ရှန်လျန်နဲ့ မြို့စားမင်းတို့ကြား ဆက်ဆံ‌ေရးတိုးတက်လာမှာကို လုံးဝမလိုလားပေ။ ဒီတစ်ကြိမ် ရှန်လျန်သာ အသိအမှတ်ပြုလိုက်ပါက သူ့အတွက်အခွင့်အရေး ရဖို့မဖြစ်နိုင်တော့ပါ။ မဖြစ်ဖြစ်တဲ့ နည်းနဲ့တားဆီးပြီး လူကို အပိုင်သိမ်းရမည်။ နှလုံးသားကတော့ အတူနေတာကြာရင် သံယောဇဉ်ဖြစ်သွားမှာပါပဲလေ။

"စတုတ္ထမင်းသား .. လျိုဝမ်ကျင်း ပြန်ရောက်နေပါပြီ"

ချင်ယွင်ရှန်း အိမ်တော်ထဲ ရောက်ရောက်ချင်း ရဲ့ထျန်းက သတင်းပို့သည်။

"သူဘယ်မှာလဲ"

ရှန်တာ့ကို အဆိပ်ခတ်ပြီး သတ်ချင်တဲ့သူက လျိုဝမ်ကျင်းဆိုတာ ရှန်လျန် သိသွားရင်တောင် သူခိုင်းတာမှန်း ဘယ်တော့မှ ဖော်ထုတ်နိုင်မှာမဟုတ်ဘူး၊ ရှန်တာ့က တိုင်းပြည်အတွက် အသက်စွန့် တိုက်ခိုက်ပေးနေတယ်ဆိုကတည်းက သူ့လိုမင်းသားတစ်ပါးက အန္တရာယ်ပြုဖို့ ဖြစ်မှမဖြစ်နိုင်ပဲ။

ချင်ယွင်ရှန်းအတွက်တော့ ညှာတာခြင်းဆိုတာ ရှန်လျန်အတွက်ပဲရှိရင်ရှိမယ်၊ မိသားစုနဲ့ လားလားမျှ မသက်ဆိုင်။

"စာကြည့်ဆောင်ထဲ စောင့်နေပါတယ်"

"ကောင်းပြီ"

ချင်ယွင်ရှန်းက စာကြည့်ဆောင်ဘက် ခြေဦးလှည့်လိုက်သည်။ အစောပိုင်းကတည်းက စောင့်နှင့်နေတဲ့ လျိုဝမ်ကျင်းက သူ့ကိုမြင်တာနဲ့ ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုသည်။

"စတုတ္ထမင်းသားကို ဂါရဝပြုပါတယ်"

"သေချာ အဆုံးသတ်ခဲ့လား"

တန်ဖိုးကြီး ထိုင်ခုံမှာ ထိုင်လိုက်ပြီးနောက် မေးသည်။ လျိုဝမ်ကျင်းက ထရပ်လိုက်ပြီး ပြန်ဖြေသည်။

"ကျုပ်ပစ်လွှတ်တဲ့အဆိပ်မြားက ရှန်တာ့ကို သေချာပေါက်ထိသွားပါတယ်၊ ပြီးတာနဲ့ ဒဏ်ရာရသွားတဲ့သတင်းကို ဟယ့်ချန်ဖုန်းဆီ သတင်းလွှင့်လိုက်တော့ ချက်ချင်းပဲ တပ်စုပြီး စစ်ချီနေပါပြီ၊ ဟော်ရဲ့လင်က စစ်ကိုဦးစားပေးရမှာပဲဆိုတော့ ရှန်တာ့ သေက်ိုသေမှာပါ၊ ရှန်တာ့ သေရင် ရှန်လျန်ဆ်ိုတဲ့ကောင်ကို ဘာကြောက်နေစရာမှ မလိုတော့ဘူး၊ သူနယ်စပ်ကို အမြန်သွားတော့ရော ဘာလုပ်ပေးနိုင်မှာမို့လဲ၊ ချင်ဖင်းမြို့စားလိုက်သွားရင်လည်း မကယ်နိုင်တာက မကယ်နိုင်တာပဲ"

"ဒါပေမယ့် ဒီမင်းသားက ရှန်တာ့သေသွားပြီဆိုတဲ့သတင်းကို ခုထိ မကြားမိသေးဘူးနော်"

ချင်ယွင်ရှန်း မျက်လုံးတွေ မှေးကျဉ်းထားရင်း အတွေးနက်နေသည်။ သေချာတဲ့သတင်း မကြားသရွေ့ စိတ်အေးနိုင်မှာ မဟုတ်။

"နယ်စပ်နဲ့ မြို့တော်က မိုင်ထောင်ချီဝေးတော့ သတင်းက လမ်းမှာ ရောက်နေလောက်ပါပြီ"

လျိုဝမ်ကျင်း အလိုမကျစွာ မျက်မှောင်ကြုံ့လျက် ဖြေသည်။

ရှန်တာ့ မေ့မျောသွားချိန် သူ့အားကာကွယ်ပေးမယ့်သူတွေ ရုတ်တရက်ထွက်ပေါ်မလာခဲ့ဘူးဆိုရင် ဓားနဲ့ အသေထိုးသတ်ခဲ့လိုက်ပြီးဖြစ်သည်။ ပြီးရင် ရှန်တာ့ စစ်ပွဲမှာ ကျရှုံးသွားခဲ့ပြီ ဆိုပြီး သတင်းဆိုးထွက်နေပြီပင်။

"ဘာပဲဖြစ်ဖြစ် လျိုလူကြီးမင်း ခဏရှောင်နေလိုက်ပါ၊ ရှန်တာ့ မသေခဲ့ရင် ခင်ဗျား ဖော်ထုတ်ခံရနိုင်တယ်"

ချင်ယွင်ရှန်းက လေးနက်စွာ သတိပေးသည်။ သူ့ကိုတော့ သက်သေလက်ဆုပ်လက်ကိုင် ပြစရာမရှိပဲ စွပ်စွဲရဲမှာ မဟုတ်ပေမယ့် လျိုဝမ်ကျင်း၏အခြေအနေကမတူပေ။ ရှန်တာ့မပြောနှင့်၊ ရှန်လျန်ပင်  တိုက်ရိုက်သတ်ခိုင်း၍ရသည်။

"အသိပေးတဲ့အတွက် ကျေးဇူးပါ စတုတ္တမင်းသား၊ ကျုပ် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါ့မယ်"

ကျေးဇူးတင်စွာ ခါးကိုင်းဂါရဝပြုလိုက်ပြီး မျက်လုံးပင့်ကာ အရှင့်သားကို မော်ကြည့်သည်။

"အရှင့်သား ကျုပ်ကြားမိတာ တူမလေး ရှန်ချန်က...."

"  ဒီမင်းသားရဲ့ မောင်းမဆောင်ကိစ္စမှာ လျိုလူကြီးမင်း ဘယ်အချိန်က ဝင်စွက်ဖက်ခွင့် ရှိသွားတာလဲ"

ချင်ယွင်ရှန်းရဲ့မျက်နှာထားက ပြောင်းလဲသွားကာ အကြည့်တွေ အေးစက်လျက်။

"စတုတ္ထမင်းသား ချမ်းသာ ပေးပါ"

လျိုဝမ်ကျင်း ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း ဒူး ထောက်လိုက်သည်။ တူမလေးက အရှင့်သားရဲ့ မောင်းမ‌ေဆာင်ထဲ ဝင်နိုင်ပေမယ့် နာမည်ဆိုးနဲ့ရောက်သွားတာကြောင့် အရှင့်သားက ဒေါသထွက် နေသည်။ သူ့မျက်နှာရှိတာတောင်  ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဂုဏ်ယူစရာကိစ္စ မဟုတ်သဖြင့် မျှော်လင့်ထားသလောက် မျက်နှာသာ မရခဲ့။

"လျိုလူကြီးမင်း ဒီမင်းသားရဲ့ မောင်းမ‌‌ဆောင်အ ကြောင်း တွေးပူနေမယ့်အစား ညီလာခံပြန်တက်ခွင့်ရအောင် ကြိုးစားနေသင့်တယ်၊ မိဖုရား‌ေခါင်လည်း နတ်ရွာစံသွားပြီဆိုတော့ ရုံးတော်က အရင်လောက် မတင်းကြပ်တော့ဘူး၊ ခုချိန်က ပြန်အလုပ်လုပ်ဖို့ အချိန်ကောင်းပဲ၊ အနောက် မြောက်စစ်နယ် မြေက အပြောင်းအလဲ ဖြစ်ပြီး ရှန်တာ့ အသက်ရှင်လျက် ပြန်လာနိုင်ရင်တောင် ကြွက်စုတ်တစ်ကောင်လို ရိုက်ချခံရမှာကို ခင်ဗျား ကြောက်နေစရာမလိုဘူး"

ပြောပြီးတာနဲ့ ချင်ယွင်ရှန်း လက်ဝေ့ယမ်းကာ ထွက်သွားစေသည်။

"ဟုတ်ကဲ့ ခွင့်ပြုပါဦးခင်ဗျာ"

လျိုဝမ်ကျင်း ဆက်လက် မနေဝံ့တော့ပဲ နှုတ်ဆက်ကာ ထွက်ခဲ့သည်။ တံခါးအပြင်မှာ စောင့်နေတဲ့ ရဲ့ထျန်းက အထဲဝင်လာပြီး ...

"စတုတ္ထမင်းသားလေး.. ဒီလျိုဝမ်ကျင်းက ကြာ လေ ကြာလေ စည်းကျော်လာလေပဲ၊ အရှင့်သားက သူ့ကို အသိအမှတ်ပြုမယ်လို့ စိတ်ကူးယဉ်နေပုံပဲ"

"တစ်ကယ်လို့ ရှန်တာ့ မသေခဲ့ရင် သူ့ကိုနောက်ကွယ်က စောင့်ရှောက်ပေးနေတဲ့ တပ်ဖွဲ့အကြောင်းရအောင် စုံစမ်းခဲ့"

"အမိန့်အတိုင်းပါ!"

ချင်ယွင်ရှန်းသည် လျိုဝမ်ကျင်းအား တမင်သက်သက် ဖိနှိပ်တာ မဟုတ်ပါ၊ ခိုင်းလိုက်တဲ့ ကိစ္စပင် အောင်မြင်အောင် မလုပ်နိုင်သည့်သူက ရာရာစစ တော်ဝင်မင်းသားတစ်ပါး၏ ကိုယ်လုပ် တော်အကြောင်း နှုတ်ဟရဲ၏။ ကြီးကြီးမားမားမစွမ်းဆောင်နိုင်မှတော့ အသုံးချခံရမှာမဆန်းတော့။

ရဲ့ထျန်းက ဘာမှတ်ချက်မှ မပြုပါ၊ စိတ်ထဲ လျိုဝမ်ကျင်း ဒီတစ်ကြိမ်တော့ အရှင့်သားရဲ့သည်းခံနိုင်စွမ်းအတိုင်းအတာ ကျော်သည်အထိ စမ်းသပ်လိုက်မိပြီဟုသာ တွေးမိ၏။

တင်းအန်းမြို့မှာတော့ လက်ရှိ ရှန်တာ့အတွက် အကြီးမားဆုံးရန်သူကို ပြောပါဆိုလျှင် တုံ့ဆိုင်းမှုမရှိ စကားသုံးလုံးဖြင့် ဖေးယွမ်ရွှင်းဟု တိုက်ရိုက် ဖော်ပြလိုက်မည်။ သို့ပေမယ့် ချစ်ရတဲ့ သားငယ် လေးကို ဖေးယွမ်ရွှင်းက ထိန်းမနိုင်ဖြစ်ခဲ့ရပြီး ရှန်လျန့် အုပ်ထိန်းမှုအောက် ရောက်သွားခဲ့ရတဲ့ အကြောင်းကြားတော့ ရှန်တာ့ ဝမ်းသာလွန်းလို့ ထကချင်သည်အထိ။

ဖေးယွမ်ရွှင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အလွန်မျက်နှာ ပြောင်သေးသည်။ မြို့တော်ပြန်ရောက်တာနဲ့ ကလေးပြန်ခေါ်သွားဖို့ သတိပေးကာ သူ့ကိုယ်သူ သူစိမ်းဟုမသတ်မှတ်ပဲ အိမ်သူအား ထပ်မံ နှောင့်ယှက်ခွင့်မပြုကြောင်း ပြောဆိုခဲ့သည်။

ဟော်ရဲ့လင်နဲ့ ရှန်လျန်ကတော့ ယောက်ဖအချင်းချင်းကိုက် နေကြတာကို ဒီတိုင်းကြည့်ပြီး မသိကျိုးကျွံပြုထားလိုက်ကြသည်။

"ဟုတ်သားပဲ၊ မင်းတို့ ဒီကိုရောက်တော့ ဘယ်သူက ယိုအာကို စောင့်ရှောက်မှာလဲ"

ဟော်ရဲ့လင်က အခုမှ အဓိက အရေးကြီးတဲ့အချက်ကို သတိရသွားခဲ့သည်။

"မရီး စိတ်အေးအေးထားပါ၊ ကျွန်တော့ ခြံဝန်းထဲမှာ သက်တော်စောင့် အများကြီး ထားခဲ့ပါတယ်၊ အိမ်မှာ ကျန်နေခဲ့သူအားလုံးကလည်း စိတ်ချရသူတွေပါ၊

တစ်ပတ် နေလို့မှ ကျွန်တော် ပြန်မရောက် သေးရင် အကုန်သိသွားကြမှာလေ ၊ အဲ့ဒိီအချိန် တချို့လူတွေက အာဏာသံုးပြီး ပြဿနာရှာဖို့ လာတာမျိုး ဖြစ်မှာ စိုးလို့ သခင်ကြီးကို အကျိုးအကြောင်း ပြောပြခဲ့တယ်၊ သူက ကျွန်တော့်ကိုသာ အရေးမလုပ်တာ ၊တာ့ကောကိုကျတော့ မတူဘူး၊ ယိုအာက သားအရင်းမှန်း သိတာနဲ့ အစွမ်းကုန်ကာကွယ်မယ်လို့ ကတိပေးထားတယ်၊ တော်ရုံကိစ္စမရှိပဲ မြို့တော်ကနေ လုံးဝ ခွာမှာ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ် မြန်မြန်ပြန်ဖို့ ကြိုးစားရမယ်"

ဟော်ရဲ့လင် စိုးရိမ်သွားသည်။ ရှန်ရွေ့ထင်က ဘယ်လိုလူမျိုးလဲဆိုတာ သူတို့အသိဆုံးပဲ၊ အဖိုးတန်သားလေးကို ထိုလိုလူ၏လက်ထဲ စိတ်ချလက်ချ မထည့်နိုင်။

ဖေးယွမ်ရွှင်းနှင့် စကားပြောနေသော ရှန်တာ့က မျက်မှောင်ကြုံ့ရင်း..

"ချူးတွေကို အပြည့်အဝ အနိုင်မပိုင်း နိုင်မချင်း၊ ငါတို့မြေကို မကျူးကျော်ရဲတော့အောင် တိုက်ထုတ်နိုင်တဲ့အထိ အရင်ကြိုးစားရမယ်၊ အသက်တစ်ချောင်းနဲ့ စစ်သည်တစ်ရာကို လဲလို့မရဘူး၊ ပေါ့ပေါ့လေး လုပ်ခဲ့ပြီး မြို့တော်အမြန်ပြန်လို့မဖြစ်ဘူး"

ရှန်တာ့က လူတိုင်းကို လေး‌ေလးနက်နက်ကြည့်ပြီးဆက်ပြောသည်။

"ဒီလိုလုပ်တာ အကောင်းဆုံးနည်းလမ်းပဲ၊ ငါသေပြီလို့ သတင်းလွှင့်လိုက်၊ ရယ့်လင်က အချစ်နာကျပြီး အိပ်ရာထဲ ဘုန်းဘုန်းလဲနေတယ်ပေါ့၊ အဲ့ဒီသတင်းကိုသာ သူတို့ယုံကြည်ရင် သေချာပေါက် ဝင်တိုက်လိမ့်မယ်၊ ငါတို့စစ်တပ်နှစ်ကြောင်းခွဲမယ်၊ တစ်ကြောင်းက ခေါင်းပိုင်းကို ဦးတည်တိုက်မယ်၊ ငါတို့ဘက်က အင်အားလျော့တဲ့ပုံစံပေါက်အောင် နေရမယ် ၊ရယ့်လင်က သေချာ သရုပ်ဆောင် ၊မပေါ်စေနဲ့ ၊ နှစ်ဖက် တိုက်ပွဲစပြီဆိုတာနဲ့ ခေါင်းပိုင်းကိုတိုက်ခိုက်မယ့် တပ်ဖွဲ့ခွဲက ဗျူဟာစမယ်၊ စစ်သူကြီးကိုသတ်ပြီး စစ်ပွဲကို အဆုံးသတ်ကြတာပေါ့"

ဗျူဟာကတော့ ကောင်းပါရဲ့ ၊ခက်တာက ဟယ့်ချန်ဖုန်းက ယှဉ်တိုက်လို့မလွယ်သည့်သူပင်။

ဟော်ရဲ့လင်က မေးပွတ်ရင်းစဉ်းစား နေသည်။ ရုတ်တရက် ဖေးယွမ်ရွှင်းဘက်လှည့်ကာ..

"ထျန်းဟိုင်နဲ့ ထျန်းချွမ်ကို နှစ်ဖက်တိုက်ပွဲမှာ ဦးဆောင်ခိုင်းလိုက်၊ ငါက တပ်ဖွဲ့ခွဲနဲ့အတူ ပတ်ပြီး အနောက်ဝင်တိုက်မယ်"

ထျန်းဟိုင်နဲ့ ထျန်းချွမ်တို့က ဖေးယွမ်ရွှင်း ပြီးရင် အတော်ဆုံး ကိုယ်ရံတော်နှစ်‌ေယာက်ပင်။ တိုက်ခိုက်ရေးမှာ တစ်ဖက်ကမ်းခတ်ထူးချွန်သလို စစ်ဗိုလ်အရည်အချင်းနှင့်လည်း ပြည့်စုံကြသည်။ နည်းနည်း။စွန့်စားရာရောက်ပေမယ့် သူတို့သာ ဦးဆောင်မယ်ဆိုရင် စိတ်အေးအေးထားနိုင်လိမ့်မည်။

"သူတို့ကို တိုက်ခိုင်းတာက ပြဿနာ မဟုတ်ဘူး၊ မင်းတို့က ချူးပြည်နယ်အစပ်ထိ သွားရမှာနော် မေ့နေတာလား ? ရန်သူက တပ်ကူတောင်းလို့ရတယ် မင်းတို့ ကြားညှပ်သွားလိမ့်မယ်"

ဖေးယွမ်ရွှင်းက လစ်ဟာနေတဲ့ အပိုင်းကို ထောက်ပြသည်။ ဘယ်စစ်တပ်မှ မြို့တော်ကို ဟောင်းလောင်းဖြစ်အောင် ထားခဲ့မှာမဟုတ်ချေ။ မြို့တော်ကို စောင့်ရှောက်ဖို့ ထက်မြက်တဲ့ ဗိုလ်တစ် ယောက် ရှိနေမှာ သေချာသည်။ဟယ့်ချန်ဖုန်းကို အလစ်ဝင်တိုက်မယ့် ကိစ္စမှာလည်း လွယ်ကူမည်တော့ မဟုတ်၊ ရန်သူက ကြိုတင်ပြင်ဆင်ထားတာလည်း ရှိနိုင်သည်။

"ငါစိုးရိမ်နေတာလည်း အဲ့တာပဲ၊ ငါတို့ဗျူဟာက ပြီးပြည့်စုံ နေတာ မဟုတ်တော့ "

ဟော်ရဲ့လင်နဲ့ ရှန်တာ့ တို့ အချင်းချင်း ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ထိုစဉ် ရှန်လျန်မှ ဝင် ပြောလာသည်။

"ဒါဆိုရင် မြို့ထဲ ကျန်နေတဲ့ တပ်ကူကို ကျွန်တော် တားထားရင် ရော?"

အရင်ဘဝမှာ စစ်ပွဲကိုတွေ့ကြုံခဲ့ဖူးတယ်ဆို ပေမယ့် ကိုယ်တိုင်ပါဝင်ခဲ့ဖူးတာမျိုး မဟုတ်သည့်အပြင် ရှန်လျန်ကိုယ်တိုင်က ထက်မြက် နေရင်‌ တောင် စစ်မြေပြင်နဲ့ပတ်သက်လျှင်တော့ အတော်လေး အစိမ်းသက်သက်ဖြစ်နေသည်။

"ကျောက်ချင်ကို တားမလို့လား"

ရှန်လျန်က ကျောက်ချင်ကို လုပ်ကြံဖို့ စေလွှတ်လိုက်မှန်း ဖေးယွမ်ရွှင်း သတိရသွားသည်။ မျက်ခုံးပင့်လျက်....

"ကျောက်ချင်က ဒီအချိန်ဆို နယ်စပ်မှာ ကြို စောင့်နေ လောက်တယ်"

"ရတယ်... အချိန်ပဲ အချက်ပြလိုက်... ချူးနဲ့ စတိုက်ပြီဆိုတာနဲ့ တစ်ပြိုင်ထဲ ကျောက်ချင်ကို လုပ်ကြံမယ်၊ မြို့က ခုခံမှုမဲ့သွားရင် တိုက်ပွဲက အလိုလို နိုင်မှာ မလား"

ကျန်းမာ ရေး‌ေဆးဝါးသုံးစွဲသူရဲ့ ခြေလှမ်းကို မျက်ခြေမပြတ်စောင့် ‌‌‌‌‌ကြည့်ရန်ကား ခက်ခဲလှသည် မဟုတ်။ စောစာ သေတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မည်။ ကျောက်ချင်ရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသားပင်။

"ကောင်းပြီ၊ ငါလည်း ဟယ့်ချန်ဖုန်းနဲ့ စစ်ပွဲနှစ်ကြိမ် နွှဲဖူးတယ်၊ ဒီလူက အတော်စေ့စပ်တဲ့သူ၊ ဒါပေမယ့် ဘယ်လောက်တော်နေပါ စေ၊ လောင်ကုန်းဆုံးတဲ့သတင်းကြားတာနဲ့ စုံစမ်းနေမယ့်အစား သေချာပေါက် အမြန် စစ်ချီမှာပဲ၊ ငါက သူ့ကိုကိုင်တွယ်မယ်၊ ထျန်းဟိုင်တို့က ရှေ့တန်းကို တိုက်၊ မတ်လေးက တပ်ကူကို ထိန်းထားရင် ဒီတိုက်ပွဲ နိုင်ကို နိုင်တယ်"

ဟော်ရဲ့လင်က ဆက်ပြောသည်။

"ဒါဆို စလိုက်ကြရအောင်၊ မရီး ...တာ့ကော အသည်းအသန် ဖြစ်နေတယ်လို့ သတင်းလွှင့်လိုက်တော့၊ မနက်ဖြန် မနက်ကျရင် သေတဲ့ သတင်းနဲ့မရီးက အိပ်ရာထဲလဲတဲ့ သတင်း ထပ်လွှင့်၊ မြို့တံခါးမှာ အလံဖြူ ယာယီ ထောင်ထားရင် အကောင်းဆုံး အယောင်ပြတာပဲ၊ ကျန်တာ ကျွန် တော့်တာဝန်ထား"

"သေချာပြီ နော်"

ဟော်ရဲ့လင်က အနည်းငယ် တုံ့ဆိုင်း နေမိသည်။ ရှန်လျန်က ပြုံးယောင်သန်းလျက်..

"မရီး... ကျွန်တော့်လူတွေကလည်း ယုံကြည်စိတ်ချလို့ ရပါတယ်"

"တာ့ ကောက ကောင်းကောင်း အနားယူလိုက်ပါဦး၊ ကျွန်တော် ရှောင်ယွီ့ဆီ သွားကြည့်လိုက်ဦးမယ်"

ပြောပြီးတာနဲ့ ရှန်လျန် ထရပ်လိုက်သည်ကိုမြင်သော် ဖေးယွမ်ရွှင်းက ဆွေ့ခနဲ ပွေ့ချီလိုက်သည်။ ထို့နောက် ရှန်တာ့၏ရေရွတ်သံကို ကြားရသည်အထိ မစောင့်တော့ပဲ အပြင်ထွက်ခဲ့သည်။

"မျက်စိကို နှောက်နေတာပဲ"

အတော်ကြာမှ ရှန်တာ့တုံ့ပြန်သည်။ အနည်းငယ် စိတ်အားငယ်နေပုံလည်း ရ၏။

"လျန်လျန်က သူ့ကိုယ်သူ ရပ်တည်နိုင်ပြီ၊ သူငယ်ငယ်တုန်းက ဒီလို မဟုတ်ဘူး၊ စိတ်ချမ်းချမ်းသာသာ နေရရင်ပဲ ဟုတ်နေပါပြီ၊ ဒါပေမယ့် သူ့အစ်ကိုကြီးအပေါ် မမှီခိုချင် တော့ဘူးလား"

"ဉာဏ်ကောင်းပြီး သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိတဲ့သူဆိုတော့ မှီခိုချင်ဦးမယ်လို့ထင်လား"

ဟော်ရယ့်လင် က ခင်ပွန်းကိုလှည့်ကြည့်ရင်း မေးခွန်းထုတ်သည်။ ရှန်တာ့က သူ့ရှေ့မှာဆို ဘာမှ မဖုံးကွယ်တတ်ပါ၊ စိတ်မ ကောင်း ဖြစ်နေတဲ့မျက်နှာနဲ့ ခေါင်းငိုက်စိုက်ချရင်း ဆိုသည်။

"လျန်လျန်က ငါ့ကိုမလိုအပ်တော့ဘူးထင်တယ်"

"အာ...အဲ့လိုတော့ ဘယ်ဟုတ်မလဲ"

ဟော်ရယ့်လင် ခေါင်းကိုက်သွားသည်။ လောင်ကုန်းက ရုတ်တရက်ကြီး ငတုံးတစ်ယောက် ဖြစ်သွားတယ်၊ မျက်စိတစ်မှိတ်အတွင်း အချစ်ရူးလို သဝန်တို နေတာ၊ လျန်လျန်က ကြီးနေပြီ... အစ်ကိုတစ်‌ေယာက်ကို ဘယ်လိုလုပ် တွယ်ကပ်နေပါတော့မလဲ?

2500words

🍇 Grape 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment